Saturday, November 17, 2007

မဖြူဖြူသင်း၏ဖခင် ဦးလှထွန်း ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းမှတ်တမ်း

ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်

မဖြူဖြူသင်းနှင့် မိဘနှစ်ပါး (အလယ်ပုံ)
အေအိုင်ဒီအက်စ် ဝေဒနာသည်များနှင့် မဖြူဖြူသင်း၏ လှုပ်ရှားမှု ပုံရိပ်များ
မြန်မာနိုင်ငံမှ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များအား မေတ္တာ၊ စေတနာဖြင့် ပြုစုစောင့် ရှောက် ကူညီမှုများ ပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်း၏ မွေးသဖခင် ကျေးဇူးရှင် ဦးလှထွန်း (အသက် - ၆၈နှစ်) သည် နိုဝင်ဘာလ (၁၆)ရက်နေ့ စနေနေ့ ည (၁၀)နာရီက အောင်ရတနာ ဆေးကုခန်းတွင် လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို နိုဝင်ဘာလ (၂၀)ရက် အင်္ဂါနေ့တွင် ရေးဝေးသုဿာန်သို့ ပို့ဆောင် သင်္ဂြုံဟ်မည်ဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့် အတူ သားသမီးများ ဖြစ်ကြသည့် မစပယ်ဦး၊ မဖြူဖြူသင်း၊ မမာလာထွန်းနှင့် မောင်မောင်မျိုးတို့ သားသမီး (၄)ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ မဖြူဖြူသင်းသည် ဖခင်ကွယ်လွန်ချိန်တွင် နအဖ စစ်အာဏာရှင်များ၏ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးနေမှုမှ လွတ်မြောက်အောင် ရှောင်တိမ်း နေရသည့်အတွက် ဖခင်၏ ဈာပနသို့ လာရောက်နိုင်ခြင်း မရှိသော်လည်း ဖခင်ကွယ်လွန်ကြောင်းကိုမူ မဖြူဖြူသင်း သိရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဈာပနအခမ်းအနား ပြင်ဆင်မှုကို မဖြူဖြူသင်းနှင့် အတူ အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ပြုစုစောင့်ရှောက် ပေးနေသည့် ကိုသန်းထိုက်အောင်၊ ကိုရာဇာနှင့် ကိုအောင်ထွန်းတို့က ဦးစီးဦးရွက်ပြု လုပ်ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်အပေါ် အစ္စလာမ်လူငယ်များအဖွဲ့ထောက်ခံ

နအဖနှင့် တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
သတင်း-မိုးမခ

အပြည့်အစုံသို့...

အိုင်အယ်လ်အိုနှင့် နအဖ ထပ်ဆင့် သဘောတူညီချက်ကို ဖြန့်ချိမှုဖြင့် အဖမ်းခံရ သည့် ကိုသန့်စင်ဦးနှင့် လူငယ် (၃)ဦး ဖြန့်ဝေခဲ့သည့် စာရွက်စာတမ်းများ

ပေးပို့သူ-မဆုမွန်

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ကိုသန့်စင်ဦးနဲ့ လူငယ်သုံးဦးဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချူပ်ရဲ့ အလုပ်သမား ရပိုင်ခွင့်ဆိုင်ရာ ဥပဒေတွေ၊ အခွင့်အရေးတွေ ရေးသားထားတဲ့ စာရွက် စာတမ်းတွေကို နိုဝင်ဘာလ ၁၃ရက်နေ့ နေ့လည် ၁၁နာရီက သီရီမင်္ဂလာဈေး အတွင်းမှာ ဖြန့်ဝေနေတုန်း ရဲအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်၊၊

အပြည့်အစုံသို့...

နအဖစစ်ဘီလူးတို့၏ အလိုတော်ရိ ကြခတ်ဝိုင်းဆရာတော်၏ ပုံရိပ်

မြန်မာနိုင်ငံ တ၀န်းလုံး ငြိမ်းချမ်းစွာ လမ်းလျှောက် မေတ္တာသုတ်ရွတ်ဖတ် သရဇ္ဈာယ် လာကြသော ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများစွာကို ဖမ်းဆီးညှင်းပန်း နှိပ်စက်ခြင်း၊ မျက်ရည်ယိုဗုံး ခွဲ၍ လူစုခွဲခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အရှင်လတ်လတ် ရိုက်နှက် မီးရှို့ခြင်း၊ ထောင်သွင်း အကျဉ်းချခြင်း၊ ကဘော်ချိုင့်ဝှမ်း ဘ၀သစ် စခန်းသို့ ပို့ဆောင်ခြင်း၊ ဆေးဝါး အစားအသောက် မပြည့်စုံ ရာသီဥတု ပြင်းထန်သဖြင့် ငှက်ဖျားမိ၍ သေကြေ ပျက်စီးခြင်း၊ ကြက်၊ ၀က်၊ ခွေး၊ နွား စသည်သတ်သကဲ့သို့ ရဟန်းရှင်လူ ပြည်သူများကို အနုအကြမ်း နည်းမျိုးစုံဖြင့် “လူသားချင်း စာနာထောက် ထားခြင်း” ကင်းမဲ့စွာ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းခြင်း၊ ဇာတ်တူသား စားခြင်း စသည်ဖြင့် လောက၀တ်၊ ဓမ္မ၀တ် ချွတ်ယွင်းစွာ “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်” ဟူသော အရာမရှိ၊ နီးသော အကြောင်း၊ ဝေးသော အကြောင်း၊ အကျိုးရှိ၊ အကျိုးမဲ့၊ အပြစ်ရှိ၊ အပြစ်မဲ့၊ ကောင်းသော အလုပ်၊ မကောင်းသော အလုပ်ဟူသော စဉ်းစားဆင်ခြင် တွေးတောမှု အသိဥာဏ် ကင်းမဲ့သော နလပိန်းတုံး လူဆိုးလူမိုက်၊ လူရမ်းကား အုပ်စု၊ ဘာသာမဲ့ လူတန်းစား၊ ယုံကြည်မှုဗလာ နအဖစစ်ဘီလူးတို့အား အမျိုးဘာသာ၊ သာသနာတရပ်လုံး ပျက်သုဉ်း၊ ဆိတ်သုဉ်း ပျက်စီးအောင် အသိဥာဏ် တထွာလောက်ကယ်နှင့် အကြံပြု အားပေး တိုက်တွန်း ချီးမြှောက်ခဲ့သော ပုဂ္ဂိုလ်မှာ ပဲခူးမြို့၊ ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော် ဦးဇောတိပါလ ဖြစ်ပါသည်။ တနည်းဆိုရသော် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ပြည်သားများကို သတ်ဖြတ်ရန် အကြံပြုခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်၏ ဘ၀ပုံရိပ်အကြောင်း တစိတ်တပိုင်း
နအဖ အလိုတော်ရိ၊ စွမ်းအားရှင် ဖြစ်လာမည့် ဦးဇောတိပါလကို ပဲခူးတိုင်း၊ က၀မြို့နယ်၊ နိဗ္ဗာန်ရွာတွင် အဘ ဦးဘိုးသုံ၊ အမိ ဒေါ်အုန်းပွင့် တို့မှ ၁၂၈၃-ခုနှစ်၊ နယုန်လဆန်း (၂)ရက်၊ အင်္ဂါနေ့ နံနက် (၈)နာရီ အချိန်တွင် မြန်မာပြည် ရဟန်းရှင်လူ ပြည်သူပြည်သား ကံဆိုးမိုးမှောင် ကြရောက်ရန်အတွက် ကမ္ဘာလောကကြီးသို့ မွေးဖွား ရောက်ရှိလာသည်။
ထိုပုဂ္ဂိုလ်၏ မွေးချင်းများမှာ-မခင်ညွန့်၊ မောင်ပု၊ မောင်အောင်သိန်း၊ မောင်ဟန်၊ မောင်ကြာခိုင်၊ မောင်အေးမောင်၊ မခင်မြင့်၊ မောင်ရွှေ၊ မောင်ကျော်တင်တို့ ဖြစ်ပါသည်။ မွေးချင်း ညီအစ်ကို မောင်နှမ (၉)ယောက် အနက် (၅)ယောက်မြောက် ဖြစ်ပါသည်။ ငယ်မည်မှာ မောင်ကြာခိုင် ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ် မွေးဖွားစဉ်အခါက မိဘနှစ်ပါးမှာ သားငယ်၏ မျက်နှာကို တစေ့စေ့ ကြည့်ရှု၍ ရှုမ၀နိုင် ဖြစ်ခဲ့ရ၏။ သားနှင့် ပတ်သက်၍လည်း မျှော်လင့်ချက် များစွာထားခဲ့၏။ ထိုကြောင့် သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ထိုသူသည် မမျှော်လင့်ဘဲ နအဖ အလိုတော်ရိ ရဟန်းရှင်လူ ပြည်သူလူထုကို သတ်ရန် စေခိုင်းသော ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့ချေ၏။ ငယ်စဉ်က မိဘနှစ်ပါးက ပျော်ရွှင်မဆုံး တပြုံးပြုံး ကြည့်ရှုခဲ့ရသော မျက်နှာသည် ယခုတော့ ရဟန်းရှင်လူ ပြည်သူလူထုတို့၏ အကျည်းတန်ဆုံး၊ အရက်စက်ဆုံး၊ အရုပ်အဆိုးဆုံး၊ မြင်ရကြားရသူတိုင်း ကြောက်မက်ဖွယ်ရာ သရဲတစ္ဆေကဲ့သို့ ဖြစ်လာပါတော့သည်။ မိဘနှစ်ပါး၏ မျှော်လင့်ချက်သည်ကား တက်တက်စင် လွဲခဲ့ပါတော့သည်။

အထက်ပါ ဖော်ပြခဲ့သော အရာသည် ကြခတ်ဝိုင်းကျောင်း ဆရာတော်၏ အတ္ထုပ္ပတ္တိနှင့် သူ၏ ဘ၀ပုံရိပ် တစိတ်တပိုင်း ဖြစ်ပါသည်။
(မှတ်ချက် = ဤကဲ့သို့ ဖော်ပြခြင်းသည် သံဃာအချင်းချင်း သွေးခွဲခြင်း မဟုတ်၊ အဟုတ်ကို အဟုတ်အတိုင်း၊ အမှန်ကို အမှန်အတိုင်း သိစေလို၍ ဖော်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည်ကား ဒီမိုကရေစီ ရရှိရေးနှင့် နအဖစစ်ခွေးများ ပြုတ်ကျရေးသာ ဖြစ်ပါသည်။ နအဖစစ်ခွေးများ၏ စိတ်သည် ပုတ်သင်ညိုကဲ့သို့ အရောင်အမျိုးမျိုး ပြောင်းလွဲတတ်ပါ၏။ ယခုတမျိုး၊ နောင်တမျိုး လုပ်တတ်၏။ သံဃာအချင်းချင်း၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးနိုင်၏။ သူတို့အလို မလိုက်လျှင် မြတ်သည် မမြတ်သည်၊ ပညာတတ်သည် မတတ်သည်၊ ဂုဏ်သိက္ခာ ရှိသည် မရှိသည်ကို မကြည့်၊ အချိန်မရွေး မည်သူ့ကိုမဆို ဒုက္ခပေးနိုင်၏။)
(ပညာရှိ လူမိုက်၊ စရိုက်ကျင့်ဆိုး၊ ထိုလူမျိုးကား၊ ပြစ်ကျိုး မသိ၊ ပြုမိပြုရာ၊ ပြုတတ်စွာ၏။ မဃဒေ၀လင်္ကာ)

(သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ ဘလော့ဂ်မှ ယူပါသည်)

အပြည့်အစုံသို့...

လျှပ်တစ်ပြက်

လျှပ်တစ်ပြက်
တော်ကီ

ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင့်ကိုယ် မင်းလိမ်၊ ခွေးငပိန်လို
ချေးပုံကို လျက်၊ မာနတက်ရင်း
သတင်းသမား၊ ဟုတ်လိုငြားနှင့်
သခင့် မအား၊ လျက်ဖား ငုံစုတ်
ကြွက်စုတ်ဖြစ်စေ ၀က်ဖြစ်စေ။

မင်း၏ သခင်၊ မျောက်ဝံ အခွက်
ခွေးလျက် ချေးပုံ၊ ယင်အုံ နံစော်
ရပ်ကျော် ရွာကြား၊ လူ့ငနွားကို
ခစား ဒူးတုတ်၊ ကျွန်ယုတ် ငမိုက်
ခွေးတသိုက်လည်း၊ အမဲလုံးမိ
ရွစိစိလှုပ်၊ ဇီဝိန်ချုပ်ချိန်
ဆည်းဆာမှိန်မှာ၊ ငါစိတ်မကောင်း
မျှဝေကြောင်းလေ၊ တောင်းဆုချွေ။ ။

တော်ကီ

အပြည့်အစုံသို့...

မွန်ပြည်သစ်ပါတီ၏ သဘောထား

အပြည့်အစုံသို့...

တွယ်ရာမဲ့ ရှင်သန်ရစ်ကြသူများ

သန်းမြင့်အောင်

(စာရေးဆရာမ သန်းမြင့်အောင်သည် စက်တင်ဘာအရေးတော်ပုံအပြီး ဖမ်းဆီးထိန်းသိမ်းခံရာမှ ပြန်လည် လွတ်မြောက် လာသည့် နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူး ဖြစ်ပါသည်။ ဤ၀တ္ထုသည် စာပေစိစစ်ရေးမှ ဖြုတ်ပယ်ခြင်း ခံရသည့် ၀တ္ထုတိုဖြစ်ပါသည်၊)

အပြည့်အစုံသို့...

အကြံပြုပေးစာ (၁၇-၁၁-၀၇)

Hello!!! Dr.Lun Swe,
I am sorry that i cannot give enough strategies for Burma to overcome these juntas. but i know that we, burmese really need a good leader and i don't think that we should rely on internal people (people in Burma) to strike back immediately. It seems like everything has come back to normal which people don't like. I think this also goes well with you too. I am sure. We want some commotions within the country. What we can do from outside is that we must motivate people in Burma to make continous demonstrations to always remind people how cruel our government is and this time, the leader should not be the one in Burma, rather it should be from outside. We now know that whatever people do, juntas will kill all those who dare to confront them. By confronting them, we are just going into the gellows by ourselves. But where are we getting those weapons that we all are talking about? i don't know since i am not from politics. Those from politics will know but not me. So the best leader should be a person who understand the politics well enough to attack those juntas and gather Burmese from all over the world. I am sure that financial support will always be there for those who are going to attack the government.
Sandar Win

အပြည့်အစုံသို့...

Friday, November 16, 2007

အုတ်တချပ် သဲတပွင့်လား၊ မစင်ပုံထဲက ပြောင်းဖူးစေ့ခြောက်များလား …

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

နိုင်ငံတကာ သတင်းဌာနများမှ ဖော်ပြနေသည့် မြန်မာစစ်အာဏာရှင်၏ နေ့စဉ်လုပ်ရပ်များ၊ အာဆီယံအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံပွဲမှ မြန်မာကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်များနှင့် အာဆီယံ အဖွဲ့ကြီးမှ မြန်မာစစ်အာဏာရှင် တောင်းဆိုသော နားလည်မှုအား ရရှိပြီးဖြစ်ကြောင်း၊ ပိတ်ဆို့မှု လုပ်မည် မဟုတ်ကြောင်း များအား ဖတ်လိုက်ရသည်။

ကုလသမဂ္ဂမှ ဆရာသမား တဆူကလည်း မြန်မာပြည်တွင် စစ်အစိုးရ အစီအစဉ်ဖြင့် အကန့်အသတ်များကြားမှ ထောင်များ၊ ဘုန်းကြီးကျောင်းများသို့ သွားနေဆဲ။ အားလုံး သိထားဖို့က န.အ.ဖ သည် drama queens များဖြစ်သည်။ စင်ပေါ်ပြကွက်များဖြင့် ကမ္ဘာနှင့် ပြည်သူကို မျက်စိလှည့်ရန် ကြိုးစား လုပ်ဆောင်နေသည်။ ကမ္ဘာကို မျက်စိလှည့်သည်မှာ သိပ်ပြဿနာ မဟုတ်။ လူထုကြီးကို မျက်စိ လှည့်သည်မှာလည်း သိပ်ကိစ္စမရှိ။ အဘယ်ကြောင့်မူ ..လူထုကြီး တရပ်လုံးက သိပြီးသား န.အ.ဖ အကြောင်း။ တကယ့် ပြဿနာက စစ်တပ်အောက်ခြေထု။ ဗိုလ်မှူးကြီးများ အဆင့်မှစ မနေ့ကမှ သင်တန်းပြီးသော လူမမယ် ခေါင်းတုံးဆံတောက် နို့နံ့မစင်သော စစ်သားလေးများအထိက သူတို့ အတွက် ပြဿနာ ဖြစ်လာလိမ့်မည်။

အဖမ်းအဆီးများ မရပ်။ မတရား ပြစ်ဒဏ်ပေး စီရင်မှုများက မပြတ်သကဲ့သို့ န.အ.ဖ ဘက်မှ လူထုအား နှိမ်နင်း ဖြိုခွဲရေး လုပ်ငန်းများအတွက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေကာ တဘက်မှလည်း နိုင်ငံရေး စကားပြောမည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုများ လုပ်မည်ဟု အသံကောင်း ဟစ်နေငြား ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ကြောင်း စာတန်းများအား ကိုယ်ကျိုးမစွန့်နိုင်သော အပစ်အခတ်ရပ်ဆဲ အဖွဲ့များအား ဖိအားပေး လက်မှတ် ထိုးခိုင်းကာ ဖော်ပြနေ၏။

န.အ.ဖ သည် မည်သည့် အခြေခံဥပဒေကိုမှ လက်ခံကျင့်သုံး လိုက်နာသော အစိုးရတစ်ရပ် မဟုတ်။ Constitutional law, civil law, criminal law, military law, common law ဘာဥပဒေကိုမှ လိုက်နာသော အဖွဲ့အစည်းတရပ် မဟုတ်… ဥပဒေမပြောနှင့် လူမှုကျင့်ဝတ်ပင် ဒေ၀ါလီ ခံထားရသည့်သူများ ဖြစ်သည်။

ညာလုံး ဖျန်းလုံး လှိမ့်လုံးများဖြင့် လူထုအား ဓားမိုး လိမ်ညာ ယုတ်ကန်းတတ်သည့် လုပ်နည်းမှလွဲ၍ မည်သည့် ဥပဒေကိုမှ မလိုက်နာသော သူများက ဒီမိုကရေစီစနစ်တခုကို ဦးဆောင် ချီတက်မည် ဆိုသည်ကို ခပ်တည်တည် အသံကောင်း ဟစ်ခြင်းမှာ ‘အပြောက ရွှေမန်း၊ ကတော့ ချိုမိုင်မိုင်’ ဆိုသည့် စကားအား အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ဓားပြရုပ်ဖြင့် အခြောက်လုပ်ရပ်ကို သေနတ်ကြီးခါးထိုး တင်ပါးကြီး လိမ်ကောက် လိမ်ကောက် လမ်းလျှောက်ကာ ကင်မရာကြီးများရှေ့တွင် အာတတ်ကြသည့် သူတို့ ဓမ္မတာအတိုင်း လုပ်ရိုးလုပ်စဉ်တခုကို လုပ်နေခြင်းသာ ဖြစ်သည်ထက် ပိုမိုမျှော်လင့်ချက် ထားစရာ အကြောင်းမရှိ။

တကယ်တမ်းတွင် န.အ.ဖ သည် အားလုံး သိကြသည့်အတိုင်း ပြည်သူက အသာတကြည် လိုက်လိုက်လျောလျော ကြည်ဖြူစွာ တင်မြှောက်ထားသော အစိုးရတရပ် မဟုတ် ။ တကယ်တမ်း ပြည်သူ တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များကိုသာ ထောင်ချဖမ်းဆီး လုပ်ကြံ တောထုတ်ပြီး ပြည်သူနှင့် တိုင်းပြည်အကျိုးကို စစ်မှန်စွာ လိုလားသော လူပုဂ္ဂိုလ်များဖြင့် အဖွဲ့အစည်းများအားလည်း အလားတူ ယုတ်မာပက်စက်လျက် ပြည်သူကို စစ်ဖိနပ်အောက်တွင် ပြားပြားဝပ် လည်မျိုနင်းထားသော လက်နက်ကိုင်ထားသည့် အတွေးအခေါ် ပျက်နေသော အင်အားစုကြီးကို ဘိုကျခိုင်းစေ အသုံးချနေသော သက်ကြားအို မြက်နုကြိုက် တစုသာ ဖြစ်သည်။

န.အ.ဖ အထက်ပိုင်း မြက်နုကြိုက် အုပ်စု၏ တပ်မတော်တွင်း သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင်လည်း ကိုယ်ကျိုးစွန့်မှု တပ်မှူးကောင်း ပီသမှုဆိုသည်မှာ ချစ်တီးမယားငယ် ပေါက်ဖော်ပျော်တော်ဆက် ဂျပန်အလိုတော်ရိ နောက်မိန်းမ ဇာဘော်လီမှ တွယ်ချိတ်လောက်တောင် ခိုင်မာ ထင်ရှားမှု မရှိခဲ့ကြ။ ခေတ်အဆက်ဆက်မှသည် ဘိုနေ၀င်းခေတ် မ.ဆ.လ ပါတီနှင့် အလွမ်းသင့်လျှင် ပါတီကောင်စီဝင် တပ်မတော်အရာရှိ ဖြစ်လျှင်၊ တပ်မှူးအဆင့်ဆင့် ခိုင်းသမျှ ဆီပုလင်း ခါးချိတ်ကာ မငြီးငြူစတမ်း ငယ်ကျွန်တကောင်ကဲ့သို့ အရှက်မဲ့ မာနမဲ့ သိက္ခာမဲ့ လုပ်တတ်လျှင် သီရိပျံချီမှစ၍ လဒဖြုတ်ချထိ ရတတ်သည့် ဘွဲ့နာမများ နာမည်ရှေ့တွင် တပ်ကာ စပ်ဖြဲဖြဲ တလှည့် မောက်မောက်မာမာ တခါဖြင့် အောက်ခြေထုအား ဆက်ဆံတတ်သော သူများ …။

တပ်မှူးအားလုံးကို ခေါ်ကာ ကက်ဘိနက်တွင်(ပြီးလျှင် တယောက်အိပ် သေတ္တာလေးများထဲတွင် ဖြစ်မည်) မအေနှမ သေနေသော အဖွားကိုပါ ဖော်ပြီး ပါးစပ်ဖြင့် အရသာခံ ကာမဒါန ပြုတတ်သည့် လူယုတ်များ.. ကိုယ်ကျင့်သိက္ခာ တပဲသားမှ မရှိ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်လိုက်တာကလည်း သူ့အပြင် တော်သလင်းလ တလလုံး လှောင်အိမ်ထဲ အထည့်ခံရသည့် ခွေးမ လမ်းသလားချင်သည့် တအီအီ လျှာတွဲလောင်း ဖြစ်မှုကပင် မမီသည့်သူက အိပ်ယာထတော့ မနက်ဆယ်နာရီ … မယားပါ သားများ သမီးများ၏ တရားဝင် တရားမ၀င် မ၀င့်တ၀င် တိုးလိုးတစ်လစ် အပ်ချမတ်ချ ခိုးလိုးခုလု ဗြုတ်စဗြင်းတောင်း လင်ကြီးလင်ငယ် လင်လတ်လင်ထွေးတို့ အားလုံး ချမ်းသာရေးလောက်သာ မြင်လိုသည့် သူများက စစ်မှန်ငြိမ်းချမ်း သွေးစည်းသော ဒီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်တိုးပွား ချမ်းသာဂုဏ်မြင့်ရေးအတွက် တမျိုးသားလုံးအား ဦးဆောင်မည် ဆိုသည်မှာကတော့ သုံးလုံးထီ နံပတ်တွက်တာကမှ အချီကြီး လွဲနိုင်ပါသည်။ တွက်စရာမလိုပဲ သိပြီးသားဖြစ်သော အဖြေ။ ဒီတော့ ကျနော်တို့ ဟုတ်လေနိုးနဲ့ တွေဝေနေကြမလား ….။

ပြည်သူ့အကျိုး လိုလားသော မည်သူမဆို မည်သည့် အဖွဲ့အစည်းမဆို စည်းရုံးသွေးစည်းရေး အမြင်ရှိရှိ တိုက်ပွဲပုံသဏ္ဍာန် ပေါင်းစုံဖြင့် န.အ.ဖ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူတွင်းမှ တိုးတက်သော အတွေးအခေါ် ရှိသည့်ဘက်အား အပြည့်အ၀ ကူညီပံ့ပိုးကာ ရေသာခို သံယောင်လိုက် န.အ.ဖအကြိုက် စာတမ်းထုတ် ဆရာကြီး လုပ်နေသော သူများအားလည်း ပြတ်သားစွာ ကြံ့ဖွတ်အလံအောက်မှ ခွပ်ဒေါင်း မဟုတ်သည့် ခွေးသေကောင်ပုတ် လုသော လဒငတ်များဟု နားလည် စည်းဖြတ်ဖို့လိုပါသည်။

ပြည်တွင်းနိုင်ငံရေး လေထုတွင် န.အ.ဖ အမြင်မှန် ရလာသည်။ ၄င်းတို့ တကယ်ပင် ပြည်သူအတွက် လုပ်တော့မည် ဆိုသော အမြင်များ ဖြစ်နေသည့် အတွက်လည်း တခုသိရှိထားဖို့ လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့မျက်နှာ ထောက်ထားကာ န.အ.ဖရယ် သချိင်္ုင်းကုန်းလည်း ခြေစုံပစ်နေပါပြီ သံဝေဂ ရတန်ကောင်းရဲ့ဟု ဆိုသည့် အနေအထားဖြင့် ပြောဆိုခဲ့သည်မှာ ထင်ရှားပါသည်။ န.အ.ဖ သည် သချိင်္ုင်းခြေစုံပစ်နေသည်ဟု သူတို့ကိုယ်သူတို့ သံသယ ဖြစ်လာလျှင် သင်္ချုံင်းကုန်းကိုပင် ချရောင်းကာ ဖျောက်ဖျက်ပစ်ပြီး သက်ဆိုး မရှည်ရှည်အောင် နေတတ်ကြသည့် သူများဖြစ်သည်ကိုတော့ သတိချပ်သင့်၏။

န.အ.ဖ ၏ ၀ယ်ယူခံထားရသော အစကတည်းက လိုင်းကြောင်၊ လမ်းမရှိ ဦးတည်ရာမဲ့၊ ပေါက်ပန်းလေးဆယ်၊ အလှုအိမ် ဖိနပ်ခိုး၊ ကျောင်းကောင်စီ ဘုရားပန်းဖိုးဖြောင်၊ ကြက်ခြေနီ ပါရာစီတမော့ရောင်း၊ မ.ဆ.လခေတ် လမ်းစဉ်လူငယ် လူထွက်များ၏ ကျောင်းသားခေါင်းဆောင် ယောင်ယောင်၊ လူငယ်ခေါင်းဆောင် ယောင်ယောင်၊ ယောင်ခြောက်ဆယ် ဖိုးတွမ်တီးများအား ၀ိုင်းဝန်းရှောင်ကျဉ်ကြရင်း ပြည်သူ့အားကို ကျစ်လျစ်စွာ စုစည်းကာ ဖြစ်ပေါ်လာမည့် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး တရပ်အတွက် ညီညွတ်စွာ ပြင်ဆင်ကြရတော့မည်မှာ စက္ကန့်နှင့်အမျှ…။

ပြည်ပ အင်အားစုများ အတွင်းမှ စီးပွားရေး စနစ်သည်သာ ပဓာန စီးပွားရေး အောင်မြင်လျှင် အရာရာ အဆင်ပြေ သွားလိမ့်မည်ဆိုသော ရွှေဥာဏ်တော် လက်တသစ်ဖြင့် ဘိုလိုတတ်မှ တိုင်းပြည်ချစ်သည် ယူဆသော သူများအားလည်း တမတ်တန် ဆုံးမစာနှစ်ခုကို သတိတရ ရွတ်ပြလိုပါသည်။ ‘မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့’၊ ‘အားနာလို့ မပြောတာ အ တယ်မထင်နဲ့’ ဟု။

ဒီတော့ ပြောလိုသည်မှာ ကိုယ့်ဖက်က န.အ.ဖ ၏ လုပ်ကွက်များအား ခရေစေ့တွင်းကျ သိထားသည်နှင့် အညီ Roadmap ကို သံယောင်လိုက် နေကြမည့်အစား ဟုတ်နိုးနိုး ဆင့်ဟိုဒင်း အောင်နက်မျှော် သွားရေ တမြားမြား လုပ်နေမည့်အစား ခုန်ဟပ်ကြပါဟုလည်း မပြောလိုပါ…။ ကိုယ်လုပ်ရမည့် အလုပ်အား ပြတ်သားစွာ တတ်စွမ်းသမျှ ၀ိုင်းဝန်း လုပ်ဆောင်ရင်း အုပ်ကလေး တစ်ချပ် သဲကလေး တပွင့် ဖြစ်ခွင့်ကို လိပ်ပြာသန့်စွာ မြတ်နိုး ချီတက်ကြသင့်ပါသည်ဟု….။

ပြည်သူ့အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့အာဏာ ပြည်သူသာပိုင်သည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

အပြည့်အစုံသို့...

ဆိတ်ဘို တရား

ဆိတ်ဘို တရား
တော်ကီ

ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်း၏ မယား၊ တင်ရင်ထွားအား
စိန်သား စုပုံ၊ ရွှေဖြင့် ငုံထား
လာဘ်ယူစားကာ၊ သာသနာ ဖျက်
မင်းပက်စက်ကြောင်း၊ တိုက်တသောင်းက
ကြားကြ မြင်သိ၊ ငါရှက်မိ။

သံဃာကို သတ်၊ အရပ်ကို ဖျက်
မာန်စွယ်တက် ရိုင်း၊ အမိုက်လှိုင်းတွေ
ဆူဝေ ဖျက်ဆီး၊ ရမက်မီး တောက်
နောက်မကျခင်၊ ငါ့ညီ ပြင်စေ
ဆုချွေ တောင်းရင်း၊ လမ်းချင်း မတူ
ဗိုက်ပူ ဆီရစ်၊ မင်းလို စစ်သည်
ကြာကူလီလည်း၊ ငရဲ ဇောက်ထိုး
သောက်ကျိုးနည်းချိန်၊ ဆည်းဆာမှိန်မှာ
ကိန်ကိန် အော်မြည်၊ ကြောက်ပါပြီဟု
အတုအယောင်၊ လူဟန်ဆောင်ရေး
မတွေးလေနှင့်။

ယူနီဖောင်းဝတ်၊ ငချွတ်ပိန်ညောင်
အောင်သောင်း သမီး၊ အု ထားပြီးလည်း
ရင်ထဲ ကျိတ်ပိုး၊ ဆိတ်သိုး မုန်ယို
ဆင်လို ကြံစ၊ အမြန် ခွရေး
မိုက်သွေးတွေ ကြွ၊ နာခံပြရင်း
မင့်ကိုမင်းတော့၊ ဟုတ်လှပေါ့။

တနေ့သားလျှင်၊ နာကျင်သူများ
ခံစား ပေါက်ကွဲ၊ ဓားဆွဲ တုတ်ဆွဲ
တော်လှန်ပွဲ စ၊ ပြန်၍ ချလျှင်
ပြေးဖို့ ပြင်ထား၊ မြေသား မရှိ
ထောင်၏ အနံ့၊ ကြိုး၏ အတွေ့
ခွေပျော့မေ့လည်း၊ သတ္တိနည်းကြောင်း
သက်သေကောင်းပြ၊ မကြောက်ကြစေ
ဆုတောင်းနေမယ် ကောင်းစေကွယ်။ ။

တော်ကီ

အပြည့်အစုံသို့...

Political Development in Burma

By: Aung Lynn Htut

I assumed duties as General Staff Officer (Second Grade) with the military intelligence at the Defense Headquarter (War Office) under the close supervision of Senior General Than Shwe from May 1992 through September 1999.

During that tenure, I was assigned to assume duties to help bring about peace through negotiation with the ethnic armed groups; to coordinate and facilitate matters, as necessary, between the government and the ethic armed groups that have reached peace agreement with the government; to coordinate and facilitate matters relating to drug control between groups and agencies inside and outside of Burma.

In the process, I have had the liberty and opportunity to observe and learn, thanks essentially to my friends and colleagues at the Defense Headquarters (War Office), the conniving ways of Senior General Than Shwe against the citizens of Burma and other nations of the world.

To cite an illustration, in a nutshell, with regard to domestic issues, there was a popular talk among the military community about what was enunciated by Senior General Than Shwe himself, at one of the four monthly meeting held at the War Office, to military and civilian leaders. He said: “Don’t even spare the residual quarter!”

What he was trying to say he was, in effect, giving official orders to military leaders to even kill off the unborn child within the womb of the mother when they have to kill the innocent civilians.

By virtue of this verbal order, civilians who did not follow the orders of the military were put to death in Shan, Karen and Mon states and in the Tanyinthaye (Tennassarim) Division.

As an offshoot of this verbal order, untoward effects resulted in the form of force labor, human rights violations and rape perpetrated by some of the military because officers and soldiers in the front lines simply took for granted that they were given a green light by the Commander-in-Chief Senior General Than Shwe himself to do such things.

Again, Senior General Than Shwe, on his way to the passing out parade (graduation ceremony) of the Defense Services Academy, in April 1996, told senior military leaders accompanying him that, if the army needs more soldiers, the military leaders should recruit children. That triggered this process of recruiting child soldiers in Burma.

As far as foreign affairs are concerned, to put it in a nutshell, Senior General Than Shwe always inculcated hate-America sentiments among the members of the military. In 1992, he told explicitly that the US citizens at the embassy in Rangoon should be killed if the United States attacks Burma.

He also used to often say at the Defense Headquarters that Burma does not need to be afraid of the United States, if only she has the nuclear capability like North Korea and that Cuba, in point of fact, could afford to care less of America. The senior military officers took his words as policy guidance.

On the issue of drugs, Senior General Than Shwe’s mantra has always been ‘narcotics harm no Burmese. Drugs harm only the United States and Thailand. So let the Americans and Thai die!”

Globalization makes it impossible for any country to stay entirely isolated. Advanced communication systems enable individuals and countries alike to get in touch and share with each other, within seconds, useful information. Nation competitively strives for development. Thanks to globalization many countries are now treading towards democracy. In today’s world, dignity of human being has enhanced and people have come to value the essence of democracy like freedom of speech, press, religion and individual expression.

On the contrary, the Burmese Military Regime has talked the talk but has not yet walked the walk, as far as democracy is concerned. In reality, it is still embedded in a dictatorship. Prior to the 1990 election, I, personally, thought that the military regime would go for democracy in Burma. However, after the elections, we lost faith in the military regime leaders ever since they refused to hand over power.

Again, in 1993, the so-called National Convention was convened. The National League for Democracy walked out in 1996 claiming undemocratic practices at the convention. And the Burmese Military Regime began to adopt a dictatorship along the lines of North Korea and Cuba. Within Burma, civilians, especially in areas where there are ethnic armed groups, have fallen victims to forced labor, rape and forced relocation.

It is my firm belief that, under the circumstances, Burma cannot become a democracy as long as the regime led by Senior- General Than Shwe remains in power. Democracy is possible only when unity can be forged among the military and all the political groups inside and outside the country.

Therefore I believe that Burma can become a developed democratic state when all the freedoms of speech, the press, religion and expression flower in accordance with the law. To achieve that it is the vital for National League for Democracy and Ethnic Political parties, Ethnic Insurgent groups that have reached peace agreement with the regime, individuals and groups working for national good and the ruling military enter into a dialogue and find a solution.

Aung Lynn Htut
Former Military Intelligence Officer and Charge‘d Affairs
Washington D.C

အပြည့်အစုံသို့...

အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေး၏ ရင်တွင်းဖြစ် ကဗျာ

အမေ့ရင်ထဲမှာ
သြော်….
အစကတော့ အားငယ်မိ
သားကြီးက အချုပ်ထဲမှာ
ချွေးမကလည်း အိမ်မပြန်ရဲ
သားကြီးရဲ့ သမီးလေး သုံးယောက်ကလည်း
လူမမယ်လေးတွေ
အဝေးမှာ မိမဲ့ ဖမဲ့နဲ့
သူတို့ချည်း ကျန်ခဲ့။

သားဦးဇင်းနဲ့ ခင်ပွန်းက ပြေးနေရ
ကျန်မိသားစုက
အထိတ်ထိတ် အလန့်လန့် နေရတဲ့အထဲ
သူတို့တွေအတွက် သောကရောက်ရတာက ရင်နဲ့အမျှ
မျက်ရည်ပေါက်ပေါက် ကျမိပါရဲ့
အရေးထဲ အလုပ်ပျက် အကိုင်ပျက်နဲ့
စားဝတ်နေရေးက တမျိုး။

ဟော… အခုတော့
ဦးဂမ္ဘီရ ဖမ်းမိပြီ…တဲ့
ဖခင်ကတော့ ဘယ်မှာတဲ့လဲ
မပဋာလက်သစ်တမျှ
ဘယ်လို ဖြေရပါ့
ဒီဒုက္ခတွေ
ဒီသောကတွေ
ဘယ်သူများ ကယ်နိုင်ပါ့မလဲ
သြော်…မဟုတ်သေးဘူးလေ
ငါ့မှာ သားအရှင် ဂမ္ဘီရတွေ
အောင်ကျော်တွေ
သြော် အများကြီးပါလေ….

ဘယ်သူတွေပါလိမ့်
သူတို့ သူတို့လေးတွေ
ငါ့မှာ သားတွေ အများကြီးမှ အများကြီး
သမီးတွေရောတောင် ပါလိုက်သေး
ငါ့မှာ မိသားစု အများကြီးရှိတယ်။
ငါ့မှာ အသိုင်းအ၀ိုင်း အများကြီးရှိတယ်။
ငါ အားမငယ်တော့ဘူး
ဂုဏ်တောင် ယူရအုံးမှာ။

ငါ မျက်ရည်ကျတာကြောင့် ရှက်မိပါရဲ့
အဓိက က
ခင်ပွန်းဖြစ်သူနဲ့
သားတို့ သမီးတို့တတွေ
ကျန်းမာစေဖို့
အမြန်လွတ်မြောက်စေဖို့
သားတို့ သမီးတို့ရဲ့ အမေ
ဆုတောင်းလိုက်ပါရဲ့။

ပိုက်ဆံတော့ဖြင့် မချမ်းသာပါဘူး
ဒါပေမယ့်
ခုနေများ
သိန်းထောင်ချီ ပေးမယ်ဆိုလည်း မလိုချင်
စိန်တွေ ရွှေတွေ ပုံပြီး ပေးမယ်ဆိုလည်း မမက်ပေါင်
ခင်ပွန်းဖြစ်သူနဲ့
သားကြီး သားလတ်
သားသမီးများ အားလုံးအားလုံး
လွတ်မြောက်စေချင်တာက
အမေ့ရဲ့ အလိုချင်ဆုံးဆု
အမေ၏ ချစ်ခြင်းကြောင့်
အမေ၏ မေတ္တာကြောင့်
သားတို့ သမီးတို့
စိတ်ချမ်းသာမှု ရကြပါစေ။
အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေသတည်း။ ။

အပြည့်အစုံသို့...

Thursday, November 15, 2007

မြင့်ဆွေ(သံတော်ဆင့်)နဲ့ အပေါင်းအပါတို့အား ရှင်းမှ ရတော့မည်

ဖောက်ပြန်သူ ရှင်းလင်းရေးအဖွဲ့

မြင့်ဆွေဆိုတဲ့ အဆင့်မရှိတဲ့ ကောင်ဟာ ငါတို့က အဆင့်မတူလို့ ဥပေက္ခာ ပြုထားတာကို အခွင့်ကောင်းယူ သတင်းသမား အရေခြုံ၊ သူများထက် ထူးချင်ပြီး နဖူးမှာ ဂျိုပေါက်ချင်တဲ့ သောက်တလွဲ အတွေးအခေါ်တွေနဲ့  နိုင်ငံရေးမှာ လက်ဦးမှုရယူလိုတဲ့ တထွာတမိုက် ဦးနှောက်နဲ့ စိတ်ကြီးဝင်နေတဲ့ ကောင်တွေကို မျောက်လိုပြ နအဖက အဲဒီကောင်တွေကို လိုသလို အသုံးချနိုင်ရအောင် ဖောက်ပြန်ရေးသမား ၈၈-ကျောင်းသား အမည်ခံတွေကို ပွဲစားလုပ် နေပြန်တယ်။

နဂိုမူလ ဇစ်မြစ်ကိုက အမျိုးမစစ် အမြစ်မတွယ်တဲ့ ကောင်၊ ထိုင်းမှာလည်း သူ့ကိုယ်သူ အန်အယ်လ်ဒီဆိုပြီး ကြွေးကြော်၊ ဘယ်သူ့ကိုမဆို နောက်ကွယ်က အကောက်ကြံစည် တတ်တဲ့ကောင်။ အရင်တုန်းက ယူအန်မှာ ဘာသာပြန် လုပ်ခဲ့တဲ့ ကိုကျော်ဆွေ (ကရင်အမျိုးသား) ကနေဒါ ထွက်မယ့် နေ့မှာ မနီလွိုင်မှာ အတင်းတွေပြော အပုပ်ချ သူခိုးလိုလိုတောင် စွပ်စွဲခဲ့သေးတယ် ။ အဲဒီလို သပ်လျှိုပြီး ကျောင်းသားတွေထဲ အထင်မှားအောင် သူများကို သိက္ခာချခဲ့တဲ့ ကောင်။

ဒီမိုကရေစီရေး အကြောင်းပြပြီး မြန်မာပြည်က ဆွေစဉ်မျိုးဆက် ခေါ်ထုတ် ကနေဒါကို ရောက်အောင်ခေါ် အခွင့်အရေး ယူခဲ့တဲ့ မျက်နှာပြောင် သူလျှို၊ တဆက်တည်း ပြောချင်တာက စာဖတ်သူများ ခွင့်လွှတ်စေချင်တယ်။ အဖေမြင့်ဆွေ (ဂျပု)က ပြည်သူကို ဖောက်ပြန်သလို သမီး … … ကလည်း ဖောက်ပြန်လိုက်တာ ဘန်ကောက်မှာ ဗွက်ပါထတဲ့ အထိပဲ။ ယောင်္ကျားလေးတွေကို ကာမနဲ့ဆွယ် ငွေကို ချူတယ်လေ။ နောက်ဆုံး ဦးလေးဖြစ်သူနဲ့ပါ … … ။ ကဲ … အမျိုး ဘယ်လောက် ကောင်းသလဲ ဆိုတာ။

၂၀၀၁ခုနှစ် အမေရိကန်နိုင်ငံ အင်ဒီယာနာ တက္ကသိုလ်မှာ လုပ်တဲ့ ပထမဆုံး နိုင်ငံတကာ မြန်မာကျောင်းသားများ ညီလာခံမှာ ကနေဒါက ခွေးကတက် ရောင်နီနဲ့ အတူပါလာပြီး သူ့ဘီလူးရုပ်ကို စပြီး ပြတော့တာပဲ။ စီးပွားရေးအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်တဲ့ အဆိုကို တရားဝင် တင်ခဲ့တယ်။ နောက်ပြီး သံတော်ဆင့် သတင်းစာဟူ၍ သတင်းသမား အယောင်ဆောင်လုပ်ပြီး တော်လှန်ရေးရေချိန် ကျဆင်းလာမှုပေါ် အခွင်းကောင်းယူပြီး ဟိုလိုလို ဒီလိုလို တွေဝေစေလိုသည့် အတွေးအခေါ်များ စာများ ဖြန့်ဝေခဲ့သည်။

ယခု နောက်ပိုင်းတွင်ကား ပြောင်ပြောင်တင်းတင်း ရန်သူ၏ မိုးလုံးပြည့်မုသား ပြည်ပ ၀ါဒဖြန့်ချိရေးအား တရားဝင်ပင် ကနေဒါနိုင်ငံတွင် အခြေစိုက်ပြီး ဆောင်ရွက်နေပါသည်။ သူ့ရဲ့ ၀ါဒဖြန့်ချိရေးက တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ ထိုးဖေါက်လို့ မရတဲ့အခါ အခုမှ သံဃာတွေကို ထိလို့ နိုင်ငံရေး မျက်စိပွင့်လာတဲ့ အယ်လ်အေလိုမြို့ နိုင်ငံရေး မျိုးဆက်သစ်တွေ စုတဲ့နေရာမှာ ၀င်ထိုးဖေါက်တယ်။ အဲဒီ အယ်လ်အေမှာက သူကိုယ်တိုင် ၀င်မရတော့ ကျောင်းသား တော်လှန်ရေးမှာ ခေါင်းဆောင်တဦး ဖြစ်ခဲ့ဘူးတဲ့ ကိုသီရိညွန့်ရဲ့ အကို ရူးကြောင်ကြောင် စစ်သားရူး ဇာဏီညွန့်ကို အသုံးချပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေ၊ ပြည်သူတွေနဲ့ တိုင်းပြည်ကို စော်ကား၊ စက်တင်ဘာ သံဃာ ခေါင်းဆောင်ကို စော်ကား၊ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ စကားလုံးတွေနဲ့ ဝေဆာနေတဲ့ သံတော်ဆင့် သတင်းစာကို ဖြန့်ဝေ နေပြန်ပါတယ်။

ကျုပ်တို့က အရေးမပါဘူးလို့ ထင်တဲ့ ခွေးက ကျုပ်တို့ကြားမှာ အမြီးမထောင်ရဲပေမယ့် တော်လှန်ရေးကို မဖြတ်သန်းဘူးတဲ့ လူတွေနေတဲ့ နယ်သစ်မြေသစ်မှာ အန္တရာယ်ရှိပါတယ်။ ကဲ … ဒီတော့ ကျုပ်တို့အတွက် အန္တရယ် မရှိပေမယ့် ပြည်သူတွေနဲ့ တိုင်းပြည်အပေါ် အန္တရာယ်ရှိနေတဲ့ ဒီမြင့်ဆွေ ခွေးကောင်နဲ့ အဖွဲ့ကို အပြတ်ရှင်းရမယ်။ သနားစရာ မရှိဘူး။ ရန်သူကို ထောက်ခံသူ၊ ရန်သူနဲ့ ပတ်သက်သူ မှန်သမျှ ရန်သူသာ ဖြစ်တယ်။ တာဝန်သိတဲ့ တော်လှန်ရေးသမား မှန်သမျှ ကြုံကြိုက်ရင် သင့်တော်သလို အရေးယူဖို့လည်း ဆော်သြပါတယ် ။

မြင့်ဆွေလို ကောင်မျိုးတွေအပြင် ဆွမ်းတော်တင်တာ ခွေးဝင်စားချင်တဲ့ ဦးနုနာမည်ကို အသုံးချပြီး အင်တာနက်ပေါ်မှာ ပေါက်ပန်းလေးဆယ် ပြောနေတဲ့ စောက်ရူး ဗိုလ်အောင်ဒင်နဲ့အဖွဲ့ကိုလည်း ကျပ်ကျပ် သတိထားကြပါ။

ဖောက်ပြန်သူ ရှင်းလင်းရေးအဖွဲ့

အပြည့်အစုံသို့...

ဒေဝေါကြီး၊ ဖိလစ်ပီးတကောင်၊ ဗမာလိုမပြောတတ်သည့် အငတ်ကြီးနှင့် လူ့ဗာ လနံများ …

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

လ.ဝ
စာအမှတ်။ ။ ၁
နေ့စွဲ (ညဆွဲတာ န.အ.ဖ)

တကယ် တိုက်ခိုက်နေသူများအား ခပ်တည်တည် အာခြင်း (စည်းရုံးရေး စည်းကမ်း မေလျော့စွာဖြင့်…)

ငယ်ငယ်တုန်းက တခုခုကို ပူဆာ၍ မရလျှင် အာပြဲအောင် ငိုတော့ အဘတို့ အမတို့က ဒေဝေါကြီးဖြင့် ခြောက်လေ့ရှိသည်…. ထိုသို့ ခြောက်လှန့်လိုက်လျှင်တော့…. သားသား ကြောက်ကြောက် … တခါတည်း အငိုတိတ် အဘနဲ့ အမကြားထဲ ပြေးဝင်ကာ ဘောင်းဘီတိုလေး ဆွဲတင်လျက် သနပ်ခါး အဖွေးသားပေါ်က မျက်ရည်ကြောင်းများဖြင့်... နှပ်တရှုံ့ရှုံ့… မျက်လုံးလေးများ ပေကလပ် ပေကလပ် … ဒါပေမယ့် လိုချင်တာလေးကိုတော့ စိတ်ထဲကမမေ့… နေနှင့်ဦးပေါ့ ဒေဝေါကြီးရင် ဒင်း… နောက်တခါမလာမှ ထပ်ပူဆာမပေါ့...။

အဲဒီတုန်းက ကလေးစိတ်ဖြင့်...။ နောက်တော့လည်း တဖြေးဖြေး သိလာသလိုလို ဒေဝေါကြီးကပဲ အမြဲတမ်း အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက် တဲပဲ ထိုးနေသလိုလို၊ ဘာဖြစ်လို့ပဲ ငိုငို ဒေဝေါကြီး ဆိုတာနှင့်ပင် အမြဲတမ်း ဖြဲခြောက်တာ ခံခဲ့ရပြီး အငိုတိတ် မျက်လုံးလေးများ ကလယ်ကလယ်..။
တဖြေးဖြေးဖြင့် မူလတန်း ကျောင်းသားလေးဘ၀ ရောက်လာ၏။ မူလတန်း ကျောင်းသားဘ၀ ရောက်လာတော့ ဒေဝေါကြီးဆိုတာကိုတော့ သိပ်မကြောက်တော့…။

အဘတို့ အမတို့ရဲ့ ဒေဝေါကတော့ အခုလူလတ်ပိုင်း တော်တော် ၀င်လာသည်အထိ တခါမှ လာရောက် ပြသနာ မရှာခဲ့ပါ … ဘယ်ရှာမတုန်း လဗျာ … တကယ်မှ မရှိတဲ့ အရာကြီးပဲ…။

ခုတော့ တဖန်တွေ့ရပြန်ပြီ။ နေရာတကာ နိုင်ငံခြားလာပြီး အာစိရန် (အာစီယံမဟုတ်ပါ) ကာကွဲရေးဝန်ကြီးတွေ တေ့တဲ့ပွဲမှာ (တွေ့တဲ့ပွဲ မဟုတ်ပါ) နယ်ချဲ့…တိုင်းတပါးရန်…အကြောင်း န.အ.ဖ က ငကြောင်က ပြောသွားပြန်သည်။ နင့်မေကလွှား နယ်ချဲ့တိုင်းတပါးရန်… တောသွားပြော တောင်ကောက်ရိုးပုံဘေး မူးနေတဲ့ ကာလသားက တံပြာနဲ့ ရိုက်ပြီး လေးဂွနဲ့ ပစ်လွှတ်လိုက်မှာကို ကြောက်နေတဲ့ ကောင်တွေက ပြည်သူကို နယ်ချဲ့ကျူးကျော်မှုဆိုတဲ့ ဒေဝေါနဲ့ ခြောက်နေပြန်ပြီ။ သူတို့ ကိုယ်တိုင်ကတော့ ဒေဝေါမဟုတ်တဲ့ ပြည်သူကို ကြောက်ကန်ကန်ပြီး ပုခက်ထဲက ကျယ်ကျယ်ငိုတဲ့ ကလေးတောင် လည်မြိုညှစ်သတ်ဖို့ ၀န်မလေး…။

အခုလည်း ဆက်လက် ဖမ်းဆီးနေဆဲ…။ သတ်ဖြတ် လုပ်ကြံဖို့ အစီအစဉ်တွေကလည်း ဆက်လက်ရှိနေဆဲ။ စောင့်လိုက်ရတဲ့ ဂမ်ဖလားကြီးရဲ့ တင်ပြချက်… ကျေးဇူးတင်မိတာတော့ အလကားဖြစ်သည် မပြောလိုပါ။ သို့သော် န.အ.ဖ သက်ကြားအို တို့ဂမ်ဖလားကြီးထဲ ကျင်ငယ်စွန့် ပေးလိုက်သည်ကိုတော့ သူ၏လေသံကို ကြည့်ခြင်းဖြင့် သိလိုက်ရပါသည်။

ဒီလိုနှင့်…ပိန္နဲရိုးကြီးကိုလည်း လှည်းဝန်ရိုးကြီးလုပ်ပြီး ပြန်လွှတ်လိုက်ဦးမှာပဲဆိုတာ သေချာလွန်းလှသည်။
မျှော်တော်ဇောဖြင့် ပေါ့ပေါ့နေ ပေါ့ပေါ့စား ချောင်သလို နေသာသလို ရှင်သန်ရင်း ဇာတိမာန်တွေ မြှင့်တင်နေကြမည် ဆိုလျှင်ဖြင့် နောင်နှစ်ငါးဆယ်တွင် မြန်မာဆိုသည်မှာ သူငယ်တန်း စာအုပ်ထဲမှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရုပ်ပုံများအဖြစ်သာ နောက်မျိုးဆက်တို့ သိရမည့်အဖြစ်သို့ ရောက်လုလု ဖြစ်သွားလိမ့်မည်မှာ မလွဲဧကန်ပါ။

ထို့အတူ သိုးဆောင်းလိုတွေ လူကြားထဲပြောကာ မြန်မာလိုတောင် မိန့်ခွန်းပြောရမှာသိပ်အဆင်မပြေ တော့သဖြင့် ဘိလပ်လို ပြောခွင့်ပေးပါရန် လကွက်စ်(not request) လုပ်သော လူကျီးမင်း တယောက်ကဲ့သို့လည်းကောင်း၊ ဘန်ကောက်မြို့ စားသောက်ဆိုင် တဆိုင်တွင် မြန်မာလို ပြောဆိုဆွေးနွေး စားသောက်နေသော လူတစုအား စားပွဲထိုးလေးက ‘အကိုတို့က မြန်မာတွေလားခင်ဗျာ ဆိုသည့် မေးခွန်းအား။ ချက်ခြင်း ယောနိဖြင့်တူသော မျက်ခွက်ဖြင့် … နိုး နိုး… ၀ီအာ ဖိလစ်ပီး’ ဟု ဗြောင်ညာသော သူများလည်း နိုင်ငံတကာ လေထုကို ရှူရှိုက်ကာ ၀မ်းသာဆာလောင် စိတ်ကူးယဉ် နေသာသလို နေကြရင်ဖြင့်… ၀ီ အာ ချိုင်းနီးစ် ဟု နောင်တချိန်တွင် မြန်မာပြည်တွင်းမှ နောက်မျိုးဆက်များက သူတို့ ကိုယ်သူတို့ မိတ်ဆက်ပေးကြမည်ကို မြင်ယောင်ပါသေးသည်။

နိဂုံးချုပ်ချက် အနေဖြင့် စေ့ဆော် တိုက်တွန်းလိုသည်မှာ ကျနော်တို့တိုင်းပြည် အခြေအနေသည် တော်လှန်ရေး တရပ်သို့ ရှေးရှုနေပါသည်။ ဆွေးနွေးရေး စားပွဲဝိုင်းသို့ သွားရောက်ရန် နှစ်ငါးဆယ်ပတ်လုံး တောတွင်းအဖွဲ့တို့ အမြဲ အခါအခွင့်သင့်တိုင်း ကြိုးစားသကဲ့သို့ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ တောရောမြို့ပါ နိုင်ငံတကာမကျန် ရှိသမျှ ဒီမိုကရေစီကို စစ်မှန်စွာလိုလားသော ပြည်သူနှင့် အင်အားစုတိုင်းက လိုလားပါသည်။ သို့သော် လမ်းပြမြေပုံအရဖြစ်မှ ဖြစ်မည်ဆိုသည့် ငါ့မယား ငါကြောက် ငါ့ဖင်ပဲ ပေါက်ပေါက် … ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုသည့် စစ်အာဏာရှင်ညဉ်ဆိုးအား မပြင်လျှင် နောက်ကျည်ဖြင့် အောက်ပြည် မျှော်လေတိုင်းဝေး ဖြစ်ရမည် ဖြစ်သည်လည်း တမုံ့ …။

ပြည်သူ့အရေးတော်ပုံအောင်ရမည်။
ပြည်သူ့အာဏာပြည်သူသာပိုင်သည်။
လ.ဝ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

အပြည့်အစုံသို့...

Wednesday, November 14, 2007

အာလောကရဲ့ ကာတွန်းအတွေး (၁၄-၁၁-၂၀၀၇)

အပြည့်အစုံသို့...

သံဃာ့ကိုယ်စားလှယ်အဖွဲ့ ဥက္ကဌ အရှင်ဦးကောဝိဒမှ ဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ (၁၄-၁၁-၂၀၀၇)

ဓမ္မနဲ့ အဓမ္မဘလော့ဂ်မှ ယူပါသည်

အပြည့်အစုံသို့...

နအဖ ၀န်ကြီးချုပ်သစ် သိန်းစိန်ကို ဗီယက်နမ်က မြန်မာအလံ ဇောက်ထိုးနဲ့ ကြို

အပြည့်အစုံသို့...

နောက်ဆုံးပေါ် ရောဂါ

နောက်ဆုံးပေါ် ရောဂါ
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

ဒီရောဂါဟာ
ကုရာနတ္ထိ ဆေးမရှိ။

ဒီရောဂါဟာ
မြန်မာပြည်ကလွဲလို့
ကမ္ဘာမှာ မရှိသေးဘူး။

ဒီရောဂါဟာ
လွှတ်ထားရင်
ကမ်းကုန်အောင် ရက်စက်တယ်။

ဒါပေမယ့်
ဒီရောဂါမှာ
လူတွေကို ကြောက်တဲ့ရောဂါ
ဝင်နေတာ ကြာပြီ။

ဒီရောဂါဟာ
ကြောက်ကန်ကန်ပြီး
မြင်မြင်ရာ အကြမ်းဖက်တော့တာပဲ။

ကျနော်တို့
ဒီရောဂါမရဖို့
သေနတ်ပြောင်းတွေကို
ကွန်ဒုံးစွပ်မှ ဖြစ်တော့မယ်။ ။

အောင်ဝေး
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

အပြည့်အစုံသို့...

ကျောင်းသားတပ်မတော် (ABSDF)သို့ အကြံပြုစာတမ်း


(ငုရင်ပြင် ၀က်ဘ်ဆိုက်မှ ရယူပါသည်)

အပြည့်အစုံသို့...

ဆန်ဖရန်စစ္စကိုမှ ထူးဆန်းသော စာတစောင်

သူတို့ကို သပိတ်မှောက်ကြစို့တဲ့

အပြည့်အစုံသို့...

Tuesday, November 13, 2007

အကယ်၍

အကယ်၍
ရုဒ်ရပ်ဒ်ကစ်ပလင်း
ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်….

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..

ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။

ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”

If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING
(1865 – 1936)

အပြည့်အစုံသို့...

အမျက်ဖြေလင်္ကာသစ်

အမျက်ဖြေလင်္ကာသစ်
ဒေါင်းတမန်

သူတည်း တယောက်
ကောင်းဖို့ ရောက်မူ
သူအများမှာ၊ ပျက်လင့်ကာသာ
မဆုံးပါတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာအား
မလွတ်စတမ်း၊ သူစွဲလမ်းကာ
တဏှာဖက်နေ၊ မက်မပြေရှာ
တသက်လျာတည်း။

ကြင်နာမထား၊ သံဃာအားသတ်
အမိုက်ဇာတ်လည်း၊ မလွတ်ကြမ္မာ
ရှိလိမ့်မှာကို၊ သိကိုသိလျက်
မျက်စိမှိတ်ရမ်း၊ ဆိုးသွမ်းတတ်သည်
မကျွတ်နိုင်စွာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏
ဤဘုံဘ၀၊ ဆပ်ခဲ့ရသည့်
သံသရာကြွေး၊ ကုန်နှင့်သေးလော့
သူ့အကြွေးမူ၊ တုံ့မယူလို
လူဖြစ်သမျှ၊ ဘ၀ဆက်တိုင်း
ထိုလူရိုင်းနှင့်၊ မဆုံခွင့်သာ
ဦးတင်ပါသည်
သစ္စာဆုတောင်း ပြည့်စေသတည်း။ ။

ဒေါင်းတမန်

အပြည့်အစုံသို့...

Spray Campaign ကို နအဖက လိုက်ဖျက်သော်လည်း ရှိနေဆဲ

ပေးပို့သူ - မဆုမွန်
နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က တော်လှန်ရေးပန်းခြံ အနီးရှိ နံရံတခုမှာ Spray နဲ့ရေးခဲ့တဲ့ "လူသတ်အစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားနေရာကို အာဏာပိုင်တွေက ဆေးပြန် သုတ်ထားပေမယ့် မူလစာလုံးတွေ ကတော့ မြင်နေရဆဲ ဖြစ်ပါတယ်။

အမေရိကန်ကို နအဖတို့ ကြောက်ကန်ကန်နေပုံအား ရှုမြင်ရတဲ့ မြင်ကွင်းတခု
ဒီပဲယင်း လူသတ်ကောင် စိုးဝင်းကို သူ့မိသားစုက လွမ်းတတဲ့ တလပြည့် သတင်းစာကြော်ငြာ

အပြည့်အစုံသို့...

ကြိုးကျစ်သူများ

ကြိုးကျစ်သူများ
ကိုမွှေး

စောင့်နေမယ် ဆိုရင်တော့
စောင့်မျှော်ခြင်း ကြိုးတွေ
ကိုယ်စီ ကျစ်ရင်း
လည်ပင်းတွေ မျှော်တမော့မော့
……………………
…………………………
နေစောင်းတော့မယ် ကိုရင် …။

ဗေသိုဗင်ရဲ့ တေးသွားတွေ
သကြား အုပ်ထားတဲ့
ယာယီ ဖျားနာပျောက်ဆေးတွေ
လှိုင်းတို လှိုင်းရှည်
လိပ်ပြာမလုံတဲ့ တုန်ခါနှုန်းတွေ
အလျင်စလို ချီးကျူးမှုတွေ
ဥပေက္ခာတရား ငါးဆယ်သားနဲ့
ကိုးမားဝေဒနာသည် တယောက်လို
နေလိုနေကြရဲ့ …။

ဆရာမောင်ဆေးနီမှုန့်လေး တထုပ်
ကွမ်းရွက်ပုံလေး တအုပ်တောင်
မသုံးဆောင်နိုင်သူများ ဖျားနာနေဆဲမှာ …
ဗျစ်ရေတွေ သောက်သုံး
စိန်ရောင်တွေ မှုန်းလို့
တပြည်လုံး ချရောင်း
မိုးကောင်းလို့ တာကျိုးသူတွေ
အကျိုးအပဲ့ အညှီအဟောက်တွေကြား
အတ္တတွေ ဆံစထိနစ်လို့
ခမ်းနားနေဆဲ …။

သမီးလေး ရေတိမ်နစ်
သားလေး ရှင်မပြုခင် စစ်သားဖြစ်
ကံကိုပဲ အပြစ်ပုံလာလိုက်တာ
နေစောင်းလာပြီ ကိုရင်ရေ….
စောင့်မျှော်ခြင်း ကြိုးခွေတွေလည်း
တရစ်ချင်း…
ဟောဒီ လည်ပင်းတွေမှာ…။

ကိုမွှေး

အပြည့်အစုံသို့...

Monday, November 12, 2007

လေးစားလို့ပါ ဆရာ

အဟိ

လွတ်မြောက်နယ်မြေကို အဟိရောက်မလာသေးခင်က အခု ဒီဗွီဘီ အသံလွှင့်ဌာနကနေ ‘ပြောပြရင် ဒေါပွမှာ လား’ ဆောင်းပါးကဏ္ဍကို အပတ်စဉ် တင်ဆက်ပြီး နအဖ စစ်ရာဇ၀တ်ကောင်တွေကို လမ်းမှန်ရောက်အောင် သွန်သင်ပေးနေတဲ့ ဆရာနေဇော်နိုင်က ဘော်ဒါအပေါင်းအသင်းတွေကြားမှာ ပွဲထိန်းရာထူးကို ရထားသူပါတဲ့။ လွတ်မြောက်နယ်မြေမှာ လုပ်တဲ့ သာရေးနာရေး၊ ပွဲလမ်းသဘင်မှန်သမျှ ဆရာနေဇော်နိုင်ပါမှ ပွဲစည်ပါသတဲ့။ ပြောရမယ်ဆိုရင် ဘယ်ပွဲမှာမဆို ဆရာနေဇော်နိုင် မိုက်ကိုင်လိုက်ပြီ ဆိုတာနဲ့ ရှေ့က လူအားလုံးဟာ ရယ်ရွှင်မဆုံး တပြုံးပြုံး ဖြစ်ကြရပါသတဲ့။

အဲဒီမြင်ကွင်းတွေကို အဟိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မတွေ့လိုက်ရပေမယ့် အကြားနဲ့တင် ယုံကြည်ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ တိုက်ပွဲဝင်နေစဉ် ကာလကတည်းက တနေ့တနေ့ စာပေသမား အများစုဆုံတဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ဆရာနေဇော်နိုင်တယောက် ၀ိုင်းအတော်များများကို ထိန်းထားတာ အဟိတွေ့ခဲ့ဖူးလို့ပါ။ မဂ္ဂဇင်းတစောင်မှာ ပါတဲ့ ‘သီချင်းများနဲ့ စိတ်ခြေရာကဏ္ဍ’ နဲ့ပတ်သက်ပြီး အဟိနဲ့ ဆရာနေဇော်နိုင် အချိန်အတော်များများ တွဲခဲ့ဖူးတော့ ဆရာနေဇော်နိုင်ရဲ့ ဟာသဥာဏ်တွေကို အဟိကောင်းကောင်း သိနေတာပေါ့။ ဒါပေမယ့် အခုအထိ အဟိကို ဖုန်းနဲ့တဖုံ အီးမေးလ်နဲ့ တနည်း အဆက်အသွယ် မလုပ်ပုံထောက်တော့ မြန်မာပြည်မှာတုန်းက အဟိဆီက သူချေးသွားတဲ့ အကြွေးတွေကို လှမ်းတောင်းမှာ စိုးလို့ပဲ ထင်မိရဲ့ … အဟိ။

အလကား နောက်တာပါ။ ပြောချင်တာက ဆရာနေဇော်နိုင် ဟာသဥာဏ်ရွှင်တဲ့ အကြောင်းပါ။ ဒါပေမယ့် ဟာသဥာဏ်ရွှင်တဲ့ ဆရာနေဇော်နိုင် တယောက် ဟောသလောက် ခရီးမရောက်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြချင်လို့ပါ။ တခါသားမှာ လွတ်မြောက်နယ်မြေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ စာပေဟောပြောပွဲ တခုလုပ်ပါသတဲ့။ ပွဲကို ဦးဆောင်စီစဉ်သူက သင့်ရဲဘော်မဂ္ဂဇင်း ထုတ်ဝေသူ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ဥက္ကဌ ရဲဘော်ကိုသံဒုတ် ဖြစ်ပါသတဲ့။ အဲဒီဟောပြောပွဲမှာ နားထောင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဗဟုသုတလည်းရ ဟာဒယလည်း ရွှင်ရအောင် ဆရာနေဇော်နိုင်က သူအလှည့်မှာ ဟာသတွေနှောပြီး ဟောပြောပါသတဲ့။

ဒါပေမယ့် ဆရာနေဇော်နိုင် ဘယ်လိုပဲ အရွှန်းဖောက်ဖောက် နားထောင်နေတဲ့ အလုပ်သမား ပရိသတ်တွေက လုံးဝမ ရယ်ကြဘဲ ငြိမ်ငြိမ်ကလေးသာ နားထောင်နေကြပါသတဲ့။ ကြာတော့ စင်ပေါ်မှာ ဟောနေတဲ့ ဆရာနေဇော်နိုင် တယောက် စင်အောက်က မိတ်ဆွေစာရေးဆရာတွေကို ငဲ့စောင်းကြည့်လိုက် ဆက်ဟောလိုက်နဲ့ ချွေးတွေပြန်လာသတဲ့။ နားထောင်တဲ့ အလုပ်သမားတွေ ရယ်လာအောင် ပျက်လုံးကို ရှေ့ကပဲ ဖြုတ်ချဖြုတ်ချ၊ အလယ်ကပဲ ဖြုတ်ချဖြုတ်ချ၊ နောက်ဆုံးပိတ်ကျမှ ဖြုတ်ချဖြုတ်ချ အလုပ်သမားတွေက လုံးဝမရယ်ပဲ ဆိတ်ဆိတ်သာငြိမ်ပြီး နားထောင်နေကြပါသတဲ့။ တနာရီကျော်ကြာ ဟောပြီးတဲ့အခါ စင်အောက်ကို ပြန်ဆင်းလာပြီး ဘော်ဒါစာရေးဆရာတွေ ရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူပါသတဲ့။ အပွဲပွဲ နွှဲလာသမျှ ဒီတချီတော့ ကွဲပါပြီ ဆိုပြီးတော့ပေါ့။

ပွဲပြီးတဲ့အခါ အလုပ်သမကလေးတွေက ဆရာနေဇော်နိုင်ဟောတာ အရမ်းကောင်းတာပဲဆိုပြီး အော်တို အော်ရှည်တွေ ထိုးခိုင်းဖို့ ရောက်လာကြပါသတဲ့။ အဲဒီမှာ ကျွဲမြီးတိုနေတဲ့ ဆရာနေဇော်နိုင်က သူဟောတာကို ကြိုက်တယ်ဆိုပြီး သူဒီလောက် ရယ်စရာတွေ ပြောတာကို ညည်းတို့က ဘာလို့ မရယ်ကြတာလဲ၊ ဟောတဲ့သူက ဖတ်ဖတ်ကို မောရောလို့ ဆီးပြီး ပြောသတဲ့။ အဲဒီမှာ အော်တိုအော်ရှည်တွေ ကိုင်ထားတဲ့ အလုပ်သမကလေးတွေရဲ့ အဖြေစကားကြောင့် ဆရာနေဇော်နိုင် တယောက် ကျွဲမြီး ပြန်ရှည်ခဲ့ရပါသတဲ့။

စာပေ၀ါသနာရှင် အလုပ်သမားလေးတွေ သံပြိုင်ပြောလိုက်တဲ့ အဖြေကတော့ ‘သမီးတို့က ဆရာဟောတာကို အရမ်း သဘောကျတာ၊ ဒါပေမယ့် မရယ်ရဲဘူး၊ သမီးတို့ဆရာ ဦးသံဒုတ်က ဒီနေ့ လာဟောမယ့် ဆရာတွေက နိုင်ငံကျော် ကဗျာဆရာ၊ စာရေးဆရာတွေ၊ မင်းတို့ လေးလေးစားစား ဆက်ဆံကြ၊ ဟောနေတုန်း ရယ်တာ မောတာတွေ ပြောင်တာ ပျက်တာတွေ မလုပ်ကြနဲ့လို့ မှာထားလို့ပါဆရာ’ တဲ့။

(ဆရာမောင်လွမ်းဏီ(မင်းဘူး)ရဲ့ ပြောပြချက်ကို ဆင့်ပွားတင်ဆက်ပါသည်။)

အဟိ

အပြည့်အစုံသို့...

ရန်သူ၊ မိတ်ဆွေ၊ ဂျာဒူးဝါလားများနှင့် လွတ်မြောက်ရေး တိုက်ပွဲအတွက် ပြင် ဆင်ရေး

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ကုလသမဂ္ဂက ပိန္နဲရိုးလည်း မြန်မာပြည် ရောက်လာပြန်ပြီ တခေါက်။ စက်တင်ဘာလမှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားတွေ ရက်စက်ယုတ်မာစွာ သတ်ဖြတ် နှိမ်နင်း ခံရမှုကို စစ်ဆေးဖို့ဆိုပဲ…။
သူကလည်း သူသွားလည်ချင်တဲ့ (စစ်ဆေးမည် ဆိုခြင်းထက် လည်ပတ် စုပ်သတ် လမ်းလျှောက်ရမည့် အဖြစ်။ ဘာကြောင့်ဆို န.အ.ဖ က ပြင်ပြီးသား လိမ်ဖို့ညာဖို့) ထောင်များနှင့် စစ်ကြောရေး အချုပ်ခန်းများ စာရင်းကိုလည်း သူက ပြုစုပြီး န.အ.ဖ ကို တင်ပြလိုက်ပါသတဲ့။

သူ့ ခရီးစဉ်ကို သေချာ အပ်ချမတ်ချ သတင်းထောက်တွေကို မပြောပေမယ့် … ပဲခူးက ဘုန်းကြီးကျောင်း တကျောင်းကို သွားမယ် ဆိုတာကိုတော့ သံတမန်ကြီးက ပြောတယ်ဆိုပဲ။ ပဲခူးဘူတာမှာ သူခိုးလူညာတွေနဲ့ တွေ့ရင် ဒင်းဘယ်လိုများ လုပ်ပါ့…။ တွေးမိတာပါ … ကိုယ့်ဟာကိုယ်…။

သင်္ခါရ သဘောကို စောကြောရင်း သတင်းလေးတွေကို စာကြည့်မျက်မှန်လေး တပ်ကာ ကြည့်လိုက်တော့ …
၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ ကတော့ သူတို့သဘောထားကို ပြတ်သားစွာ တင်ပြလိုက်တာကိုလည်း ကြားလိုက်ရသည်။ ဦးဘမြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဗန်းမော်မြို့ နယ်ကို ထောင်နှစ်နှစ်ချ …။
မျက်နှာဖုံးမှာတော့ ဒေါ်စု ပုံကြီးဖော်ပြ၊ အတွင်းထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တွယ်ဆဲ တွယ်မြဲ..။

ကုလသမဂ္ဂက ဂန်ဖလားကြီး တယောက်ကတော့ လုပ်နိုင်တာလေးတွေ သူ့အကန့်အသတ်ထဲက လုပ်ပေးသွားရှာသည်။ ထိုအတွက်လည်း အသားကုန် ပစ္စလက်ခတ် ကျေးဇူးတင်ပါသည်။

ဒေါ်စုကတော့ တိုင်းပြည်အတွက် မျှော်လင့်ချက် ကြီးမားစွာဖြင့် န.အ.ဖ တကယ်ပင် အမျိုးသား သွေးစည်းညီညွတ်ရေးအား ဆောင်ရွက်မည်ဟု အကောင်းမြင် ပြောကြားသွားခဲ့သည့် အပေါ်တော့ ပြည်သူနှင့် ပြည်သူ့ဘက်တော်သား အင်အားစု အားလုံးအနေဖြင့် ပြတ်ပြတ်ထင်ထင် နားလည်မည်ဟု မျှော်လင့်၏။

ဆွေးနွေးမှု တခုအတွက် ဒေါ်စုဖက်က ကြိုဆို လမ်းဖွင့်ပေးရုံမက ပြည်သူ့ရန်သူသည် ဒီတခါ ကျည်တောက်စွပ်စရာ မလိုတော့ဘဲ ဖြောင့်မတ်တော့မည်ဟု ယုံကြည်သည်ဟုပင် သဘောရသည့် အနေအထားဖြင့် ပြောသွားခဲ့ပေပြီ။

ကဲ… န.အ.ဖ ထဲက အစိတ်အပိုင်းအချို့…။ အသင်တို့ ဘဇာလုပ်ကြမည်နည်း။ Roadmap ကြီး ဖြန့်ပြီး ပျော်ပွဲစားဖို့ ပြင်ဆင်နေဆဲလား သို့မဟုတ် ဒီအကွေ့မှာ ဒီတက်နဲ့ လှော်ဖို့ သင်တို့၏ နာမည်ကျော်ကြား လူကြိုက်မရှိသော ဘဘကြီးများ၏ ဆက်လက် မိုက်မဲမှုကို ဘိုင်စကုတ်မင်းသား လူမင်းဆိုသော ဆရာလေး အနစ်နာခံသလို ဆက်လက် အနစ်နာခံသွားမည်လား …(ရွံချာကြီး တွေးမိတော့)။

ဗေဒင်မေးနေလျှင် ဆန်ကုန်ပါဦးမည်။ န.အ.ဖ သည် ၄င်းတို့၏ ညဉ်နှင့် စရိုက်ဆိုးအား စွန့်လွှတ်မည် မဟုတ်ပါ။ သွားလေသူ ဘိုခင်ညွန့် လက်ထက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပတ်အခတ် ရပ်ဆဲရေး (ရပ်စဲရေး မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အပစ်အခတ် ရပ်ထားသော်လည်း အဆဲမရပ် သဘောထား မပြောင်း ဓားမြှောင်ဝှက်ကာ ပြုံးပြနေသောကြောင့် ဖြစ်သည်) လုပ်ထားသည် ဆိုသော်လည်း ၄င်းတို့ ကကလှမ်း၊ ကကကြည်းနှင့် တပ်ရင်းတပ်ဖွဲ့တို့၏ စကားပြောစက်များတွင် သောင်းကျန်းသူဟုပင် ဆက်လက် သုံးစွဲနေကာ လုပ်ကြံ သတ်ဖြတ်မှုများ ပြုလုပ်ခြင်းအား မရပ်ခဲ့။ အဖွဲ့အစည်းများ ပြိုကွဲအောင် ဖြိုခွဲခြင်းအား အချိန်ပိုဆင်းကာ လုပ်ဆောင်ခဲ့သော တကယ့်လက်တွေ့ သာဓကများ ရှိခဲ့သည် ။ ဘိုနေ၀င်း ခေတ်ကတည်းက ယင်းအကျင့် အမူဖြင့် …။ စစ်အာဏာရှင်သည် ယခုတခါလည်း မစင်မကြိုက် ခွေးမိုက် ဇာတ်ခင်းကာ မှန်ကန်သော ပွင့်လင်း စေတနာပါသော အမျိုးသား သွေးစည်းညီညွတ်ရေး ဒီမိုကရေစီရေး တန်းတူရေး အတွက် တခွင်တပြင် အားလုံးသော ပါတီအဖွဲ့အစည်း အင်အားစုများ တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င် အားလုံးသော တိုင်းချစ်ပြည်ချစ်များဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရဲပါသလား။

ဘိုခင်ညွန့် ခေတ်ကောင်းစဉ် စီးပွားရေးတွေ ဘာတွေလုပ်၊ ၈၈ပြီးတော့ … ဟိုဆန့်ကျင်ရေး ဒီဆန့်ကျင်ရေး ဟိုဒင်းဟိုဝါ ဆန့်ကျင်ရေး ပါတီထောင်ကာ လုပ်စားခဲ့သော အင်္ဂလိပ်ခေတ် ဗျူရိုကရက်၏ သားဆိုး မြေးမိုက်ကြီး ကဲ့သို့သောသူနှင့်အတူ … လူငယ်လေးတွေကို မာမီက မာမီက ဟုဆိုတာ မီမီ….မီမီမီဟု ခေါ်လျှင် လာတတ်သည့် ဟာကြီးအား ရက်ရက်ရောရော ကျွေးမွေး လှူဒါန်းတတ်သည့် နာမည်ကြီး တလွဲဆံပင်ကောင်းပေါက် မိန်းမကြီးနှင့် အဖွဲ့ကလည်း သူမအဖေ တပ်မတော်နှင့် နသားပါယား လုပ်ခဲ့သကဲ့သို့ လုပ်ရန် ကော်မတီများ အပြင်တွင် ထထောင်ကာ အသင့်ဖြစ်နေသည်ကိုလည်း စိတ်ပျက်စွာ တွေ့မြင်နေရ၏။

ဒေါ်စုနှင့်တကွ တကယ်စွန့်လွှတ် တိုင်းပြည်ချစ်သူများ ကတော့ဖြင့် မလွတ်သေး..။ ထပ်မံတောင် ထောင်ချ ခံနေရသေးသည်။ ကိုးဆူကပ် ဆရာလေသံဖြင့် နောက်ဆုံး ဂြိုလ်မင်းများအား မ ရင်း ပြောလိုသည်မှာကား
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲပြီးကတည်းက အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ် အဆက်ဆက် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူများမှသည် ယခုပြီးခဲ့သော စက်တင်ဘာ၂၀၀၇ လွတ်မြောက်ရေး တိုက်ပွဲအထိ ကျဆုံးခဲ့သော သူများ၏ စွန့်လွှတ်မှုကို ထောက်ထားငဲ့ညှာကြရင်း ယခုဖြစ်ပေါ်နေသော ဆွေးနွေးရေး လေထုနှင့် အခြေအနေများအား စောင့်ကြည့်သကဲ့သို့ တော်လှန်ရေး တစ်ရပ်အတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ပြည်သူ့ အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့အာဏာ ပြည်သူသာပိုင်သည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

စာကြွင်း ။ ။ ဒေါင်းတမန်ရေးသော ဆောင်းပါး (ကွန်မြူနစ်နှင့် စစ်အာဏာရှင် ဘယ်သူဆိုးသနည်း) ထဲမှ သခင်သန်းထွန်း ပြောသည်ဆိုသော အချက်အား ရှင်းလင်းစေရန် ပြောပြခဲ့ပါဦးမည်။ တကယ့် အဖြစ်မှန်မှာ ဟံသာဝတီ သတင်းစာတွင် ကာတွန်းသန်းကြွယ် ရေးခဲ့သော လေးကွက် ကာတွန်းလေးတွင် သခင်ဘသိန်းတင်နှင့် သခင်သန်းထွန်း ဘီအက်စ်အေ မော်တော်ဆိုင်ကယ်ကြီးစီးကာ ရွှေတိဂုံဘေးမှ ဖြတ်သွားရင်း ပြောခဲ့သည့် ကာတွန်းတခုသာ ဖြစ်ပါသည်။ တကယ်တမ်းတွင်တော့ ဒေါ်အောင်ဆန်းစုကြည်၏ ဦးကြီးဖြစ်သည့် သခင်သန်းထွန်း မပြောခဲ့ပါ။ ထိုခေတ်အခါက အမြင်မတူလျှင် နိုင်ငံရေး အသေသတ်တတ်သည့် အာဏာရ ဒိုဘာမင်တစု၏ ၀ါဒဖြန့်ချိရေးသာ ဖြစ်ပါသည်။ သိလိုပါက ယခု အယ်လ်ဇေးရှင်းများ၏ ပိဋကတ်တိုက်များတွင် ပြန်လည်ရှာဖွေလျှင် ရနိုင်ပါသေးသည်။

အပြည့်အစုံသို့...

လစ်ဟာနေသေးသော ကွက်လပ်လေးတခု

ဒေါင်းတမန်

(၁)

ဖြစ်လာနိုင်ပါ့မလားဟု ကျနော်တို့ မချင့်မရဲ စောင့်ကြည့်နေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား ဆွေးနွေးပွဲ တဖြည်းဖြည်း အစပျိုးလာသည်ကို မြင်ရသောအခါ အကောင်းမြင်စိတ်ဖြင့် ပီတိဖြစ်ရပါသည်။
ယခုတခေါက် ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ယခင်ကထက် အသီးသီး အလျှော့ပေး၍ ပြေလည်မှု လမ်းကြောင်းပေါ် ရောက်နိုင်ကြလိမ့်မည်ဟု ထင်မြင်မိပါသည်။

အဘယ်ကြောင့်ဆိုသော် နအဖသည် မည်မျှပင် ဟန်ကိုယ့်ဖို့ လုပ်နေပါစေ။ စက်တင်ဘာ အရေးအခင်းတွင် အဘယ်မျှ အထိနာခဲ့သည်ကို သူတို့ကိုယ်တိုင် အမှန်တကယ် ရိပ်စားမိနေပြီဟု ယူဆမိသောကြောင့် ဖြစ်ပါသည်။ သူ့အနေနှင့် ယခင်လောက် သဘောထား တင်းမာဖို့ မဖြစ်နိုင်စေသည့် အချက်များက ရှိနေပါသည်။

(က) သံဃာများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ရခြင်းသည် သမိုင်းတွင် အဆိုးဝါးဆုံး အမည်းစက်ကြီး ဖြစ်ခဲ့ရပြီး၊ သူတို့ အသွင်ပြောင်းပြီး ကချင်နေသော နိုင်ငံရေး ဇာတ်ခုံပေါ် ဘယ်တော့မှ မတက်နိုင် လောက်အောင် နာမည် ပျက်ခဲ့ရခြင်း။
(ခ) တိုင်းပြည် စီးပွားရေး ကောင်းလာလျှင် ပြည်သူတွေက သူတို့ကို ထောက်ခံ လာမည်ဟု မျှော်လင့်လျက် ကြိုးစား ကြည့်ရင်းမှာပင် အခြေအနေ ပိုပိုဆိုးလာခြင်း။
(ဂ) သူတို့ အတင်း စင်ပေါ်တင်နေသော ကြံ့ဖွံ့အသင်းကြီးကလည်း စည်ရုံးမှု ညံ့ဖျင်းကြောင်း ထောက်ခံပွဲများကို အဓမ္မ တက်ခိုင်းနေရခြင်းက သက်သေပြနေခြင်း။ အသင်းဝင် အင်အားဆိုသည်မှာ စာရင်းပေါ်တွင်သာ ရှိပြီး ၄င်းတို့ကို အမာခံ ထောက်ခံမည့်သူများ မဟုတ်ခြင်း။

အထက်ပါ အချက်များကို ထောက်ရှု၍လျှင် နအဖ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံ သဘောတူညီမှုမပါပဲ လမ်းညွှန်မြေပုံကို ဆက်ပြီး အကောင်အထည်ဖော်လျှင် အချည်းအနှီးသာ ဖြစ်မည်ကို တွေ့ရပါမည်။ သူတို့၏ ဖွဲ့စည်းပုံကို ဇွတ်အတင်း လူထုကို ချပြလျှင်လည်း လူထုက ကန့်ကွက်မဲပေးကာ တာဝန်ကျေပြဦး မည်သာဖြစ်ပါသည်။ နအဖ သည်လည်း ပြည်သူ မကြည်ဖြူသော ရွံကြောက်ကြီးဖြစ်သော အစိုးရအဖြစ်သာ သေနတ်မိုးပြီး ဆက်အုပ်ချုပ်ဖို့ ကြိုးစားရတော့မည် ဖြစ်ပါသည်။
ထို့ကြောင့်လည်း ယခုဆွေးနွေးပွဲသည် အဖြေတခု ထွက်သည်အထိ ဖြစ်နိုင်လိမ့်မည်ဟု ထင်မြင်မိခြင်း ဖြစ်ပါသည်။

(၂)

ကျနော်၏ နောက်အမြင်တခုမှာ …

နအဖသည် ၈၈မျိုးဆက် ကျောင်းသားများအား ဆက်လက် ဖမ်းဆီးထားပြီး စက်တင်ဘာ အရေးအခင်းကို မီးမွှေးသူများဟု အညှိုးကြီး နေမည့်အစား ၄င်းတို့အား ၀င်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် လေးစားစရာ အကောင်းဆုံး၊ အရည်အချင်း အရှိဆုံး၊ လူထုထောက်ခံမှု အရှိဆုံး အဖွဲ့ဖြစ်သောကြောင့် ဖြစ်ပါသည်။

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး အစရှိသော လူငယ်ခေါင်းဆောင်များသည် နောင်တခေတ်အတွက် မျိုးဆက်သစ်များအဖြစ် ပြည်သူတွေရင်ထဲ အတိုင်းအတာ တခုအထိ ရောက်နေပြီဆိုသည်ကို နအဖ အနေနှင့် လက်ခံသင့်ပါပြီ။ သူတို့ကိုလည်း ဒီမိုကရေစီအရေး ၀င်ဆွေးနွေးခွင့် ပေးသင့်ကြောင်း တိုက်တွန်း လိုက်ရပေသည်။

ဒေါင်းတမန်

အပြည့်အစုံသို့...

Sunday, November 11, 2007

ထောင်ဝင်စာ

ထောင်ဝင်စာ
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်းတနေရာ)

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကောင်းကင်တနန်း
ကျောင်းသင်္ခမ်းမှာ
ဒေါင်းအဆင်ဆန်းတွေနဲ့
ပ၀ါအလံ ထူရမယ်။

တုတ်ရရ၊ ခဲရရ
လှံရရ၊ ဓားရရ
ရသမျှနဲ့
တရားမမျှတတဲ့
နအဖကို
ထထကြွကြွ
‘ချဟ … ချဟ’ လို့
ရှုတ်ချကြ ဖြုတ်ချရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

အတိတ်ပုံလွှာ
ရာဇ၀င်မှာ
‘အင်္ဂလိပ်အခက်၊ ဗမာ့အချက်’ တဲ့
နိမိတ်ကြုံလာ
မကြာခင်ဟာ
နအဖအခက် ပြည်သူ့အချက် ပေါ့
သပိတ်အစုံမှာ
သူပုန်ထရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

သံဃာတွေ၊ ကျောင်းသားတွေ
ပြည်သူတွေကို
ငပေငတေစိတ်နဲ့
မသေတသေ ပိတ်ပြီး
အသေအကျေ နှိပ်တဲ့
ကလေကချေ ပလိပ် သန်းရွှေ
အသံလွင့်သွားအောင်
အထွေထွေ သပိတ်စခန်းတွေ
အမြန်ဖွင့်ထားရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဒဏ်ရာစိုစို
ခန္ဓာကိုယ်မှာ
ညိုပုပ်ရောင်ရမ်းပစေ
မငိုမလှုပ်
မပြိုမဆုတ်နဲ့
ဗိုလ်ချုပ်အောင်ဆန်းတွေ မွေးရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

စစ်ကျွန်
ခေတ်အလွန်မှာ
နွံနစ်နေတဲ့
မြစ်ကိုလည်း သွန်ပစ်ရမယ်
သွန်တဲ့အထဲ
လက်ကိုင်တုတ် စစ်သားနဲ့ ရဲ
ထောင်ဝန်ထမ်းတွေလည်း ပါတယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကြံ့ဖွတ်တွေ
လန့်ကျွတ်နေအောင်
အမြဲကြိမ်းမောင်းပြီး
စွမ်းအားရှင်တွေ
လမ်းသလားရင်လေ
အမြဲ ဗိန်းမောင်းတီး
တောထုတ်နေရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘုရားရုပ်တု ဖြိုတဲ့
အာဖဂန်က တာလီဘန်တွေ
ဘုရားရိုက်လို့ သေတယ်
မြန်မာပြည်က
သံဃာသတ်တဲ့ ငနွားသန်းရွှေ
ဘုရားလည်း ရိုက်
ပြည်သူလည်း ရိုက်လို့ သေရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘယ်ကလေး မေးမေး
သွေးကြွေးမှာ ဆွေးနွေးစရာ
အကြောင်းမရှိ
ဒေါင်းအမိ သိပါစေ။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။ ။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
၅-၁၀-၂၀၀၇

အပြည့်အစုံသို့...

အကြံပြုစာ (၁၁-၁၁-၂၀၀၇)

လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနှင့် ကျနော့်အမြင်
ငြိမ်းချမ်း(မျိုးဆက်သစ်)

စက်တင်ဘာ သံဃာထု ဦးဆောင်တဲ့ လူထုရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအပြီး လက်ရှိ အခြေအနေအရ နိုင်ငံတကာ ဖိအားကြောင့် သော်လည်းကောင်း၊ တိုင်းပြည်အတွင်း တပ်မတော်အတွင်း မကျေနပ်မှုများကြောင့် သော်လည်းကောင်း နအဖ စစ်အုပ်စုအနေနဲ့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ပြယုဂ်တစ်ခုအနေနဲ့ ဖြစ်စေ သူတို့ တခုခုကို လုပ်ပြရတော့မယ်။ လုပ်ပြဖို့ လမ်းစခင်းထားကြောင်း ပြသရမယ်။ သူတို့ခင်းတဲ့ လမ်းကို သူတို့က လျှောက်ချင်မှလည်း လျှောက်မယ်။ လုပ်နေကျအတိုင်း အချိန်ဆွဲပြီး လျှောက်ချင်လည်း လျှောက်မယ်။ ဒီလိုနဲ့ နိုင်ငံတကာ၊ ပြည်တွင်းက ပြည်သူလူထုကို အချိန်ဆွဲပြီး သွေးအေးအောင် ထုံးစံအတိုင်း လုပ်ချင်လည်း လုပ်မယ်။

ဒါကို ဒေါ်အောင်ဆန်းစုကြည်လည်း ရိပ်မိပုံ သိပုံပေါ်တယ်။ ဒါကြောင့် သူမရဲ့ ကြေညာချက်မှာ အချိန်ကို ထည့်ပြီး ပြောထားတာကို သတိထားမိပါတယ်။ ဒါဆိုရင် ကျနော်တို့က ဒီအချိန်မှာ ဘာလုပ်ကြမလဲ။ ဒီလမ်းကို သူတို့ မလျှာက်လျှောက်အောင် နည်းအမျိုးမျိုးနဲ့ တွန်းအားပေးရပါမယ်။ သူတို့(နအဖစစ်ခေါင်းဆောင်တွေ)ကို ဒီလမ်းပေါ်မှာ ရောက်လာအောင် ကျုံးသွင်းရမယ်လို့ ကျနော်မြင်မိပါတယ်။ ဒီလို ကျူံးသွင်းတဲ့ အချိန်မှာ ပြည်သူလူထုအား၊ နိုင်ငံတကာအား ၂ မျိုးစလုံးလိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီတွေ့ဆုံပွဲ (တနည်း နအဖရဲ့ အစီအစဉ်)ကို ထောက်ခံကြောင်း ကြိုဆိုကြောင်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖေါ်သင့်ပါတယ်။

သူသူကိုယ်ကိုယ် မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကို ဘယ်သူမှ မခံချင်ကြပါဘူး။ အားလုံးက သူတို့ကို ရွံမုန်းပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်တော့ ဒီလို မခံချင်စိတ်တွေနဲ့ ဆန့်ကျင်ပြီး လုပ်နေမယ်ဆိုရင် သူတို့ကို ရှုတ်ချတဲ့ ဆန္ဒပြမှုတွေ လုပ်နေမယ်ဆိုရင် (မှတ်ချက် ။ ။ ဖမ်းဆီးသူများ လွှတ်ပေးရေးကတော့ တမျိုးပေါ့
ဒါကတော့ တောင်းရပါမယ်)၊ ပုဂ္ဂိုလ်အလိုက် အဖွဲ့အစည်းလိုက် သူတို့(နအဖ)ကို ဂုဏ်သိက္ခာကျစေမယ့် လှုံ့ဆော်မှုတွေ လုပ်နေမယ်ဆိုရင် အောင်မြင်မှုက လမ်းချော်သွားနိုင်ပါတယ်။

ဒီလို နအဖ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို ထောက်ခံကြိုဆိုကြောင်း ရဟန်းပြည်သူများက ပြသလိုက်ရင် သူတို့ကို ဆန့်ကျင်ရာလည်း မရောက်သလို ဒေါ်စုကိုလည်း ထောက်ခံရာ ရောက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ အတုအယောင် အမျိုးသားညီလာခံ ထောက်ခံပွဲက အလိုလို မှေးမှိန်သွားမယ်။ ဒါကြောင့် အခုအချိန်မှာ ဒါကို ထောက်ခံကြောင်း တိုင်းရင်းသား ခေါင်းဆောင်အားလုံးကလည်း ကြိုဆိုရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်မှာ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးက ထောက်ခံဖို့ ဒီအားတွေကို ပေးကြဖို့ ပါဝင်ပါတယ်။ ဒီအချိန်က ရန်သူကို ပူးသတ်ရမယ့် အချိန်လို့ မြင်ပါတယ်။

လက်ရှိ အခြေအနေတွင် နအဖကို အထိရောက်ဆုံး ဖိအားပေးနိုင်မည့် အစီအစဉ်မှာ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုကြောင်းနဲ့ နအဖရဲ့ ပထမ ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ကို ထောက်ခံကြောင်း လူထုလှုပ်ရှားမှု ဖေါ်ဆောင်ဖို့ပဲ ဖြစ်တယ်လို့ မြင်မိပါတယ်။ လက်ခံကြမယ်ဆိုရင် နည်းလမ်းရှာကြံပြီး အကောင်အထည်ဖေါ် ဆောင်ရွက်ကြပါစို့။

မကြာခင် မြန်မာပြည် လွတ်လပ်ရမည်။ အရေးတော်ပုံ အောင်ရမည်။

ငြိမ်းချမ်း(မျိုးဆက်သစ်)

အပြည့်အစုံသို့...

ဆန့်ကျင်ဖက်

ဒေါင်းတမန်
(၃)

သမီးလေးရေ …
ခုအခါ
နို့ဆာလို့ ငိုနေရပေမယ့်
နောင်ခါမှာ ဒါ ဂုဏ်ယူစရာ ဖြစ်လာမကွဲ့
သမီးရဲ့မေမေ မနီလာသိန်းအတွက်
လွမ်းရေးခက်ခက်ရက်များ
ကမ္ဗည်းထိုးထား လိုက်ပါကွယ်။

ဆန္ဒပြသူ လူအုပ်အကြား
အမေပျောက် အရှာသွားတဲ့
မမီးမီးရဲ့ သားငယ်လေး
ပူဆွေးမှု အခုပင်လယ်ဝေပေမယ့်
အမေအတွက်
ဂုဏ်တက်စရာ အနာဂတ်
ရက်မြတ်များပဲ ကြုံစေကွယ်။

(၄)

ခုအခါတော့
လိုလေသေးမရှိ ပြည့်စုံ
ရွှေဘုံရွှေနန်း
စံမြန်းခွင့် ရနေတဲ့
ဘေဘီသန္တာရွှေလေးရေ ...

မင်းလေးရဲ့ဘ၀မှာ
ငွေကြေးချမ်းသာရုံနဲ့
ပျော်နိုင်ပါတော့မတဲ့လား။

စက်ဆုပ်ဖွယ် အပြည့်နဲ့
မင်းအဖိုးရဲ့ သမိုင်းကြောင်း
ပြန်ပြောင်း ပြောကြတိုင်းမှာ
သိမ်ငယ်စရာပဲ ကောင်းတော့မယ်။

ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့
ဦးစောရဲ့ သားစဉ်မြေးဆက်
ဂုဏ်ပျက်ခဲ့ရသလို ...

သာသနာကို လုပ်ကြံခဲ့တဲ့
မင်းအဖိုးရဲ့ အမည်းစက်အတွက်
မင်းတသက် အရှက်ရနေတော့မှာ
သနားမိပါရဲ့ကွယ်။ ။

ဒေါင်းတမန်

အပြည့်အစုံသို့...

သတ္တမအကြိမ်မြောက် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေး ဘာသာ ပေါင်းစုံ အပတ်စဉ် ၀တ်ပြုဆုတောင်းပွဲကို မယ်တော်ဆေးခန်း၌ ကျင်းပပြုလုပ်

ဆုတောင်းပွဲသို့ ဆေးခန်း မိသားစုဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက် ဆုတောင်းခဲ့ကြပါတယ်။ ဆုတောင်းပွဲ အခမ်းအနားကို မနက် ၉ နာရီမှ ၁၀း၃၀နာရီ အထိ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆုတောင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၁၃ ဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်တွေကို ဖတ်ကြားခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင် အမှာစကား ပြောကြားနေစဉ်

အပြည့်အစုံသို့...