Friday, November 16, 2007
ဆိတ်ဘို တရား
ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်း၏ မယား၊ တင်ရင်ထွားအား
စိန်သား စုပုံ၊ ရွှေဖြင့် ငုံထား
လာဘ်ယူစားကာ၊ သာသနာ ဖျက်
မင်းပက်စက်ကြောင်း၊ တိုက်တသောင်းက
ကြားကြ မြင်သိ၊ ငါရှက်မိ။
သံဃာကို သတ်၊ အရပ်ကို ဖျက်
မာန်စွယ်တက် ရိုင်း၊ အမိုက်လှိုင်းတွေ
ဆူဝေ ဖျက်ဆီး၊ ရမက်မီး တောက်
နောက်မကျခင်၊ ငါ့ညီ ပြင်စေ
ဆုချွေ တောင်းရင်း၊ လမ်းချင်း မတူ
ဗိုက်ပူ ဆီရစ်၊ မင်းလို စစ်သည်
ကြာကူလီလည်း၊ ငရဲ ဇောက်ထိုး
သောက်ကျိုးနည်းချိန်၊ ဆည်းဆာမှိန်မှာ
ကိန်ကိန် အော်မြည်၊ ကြောက်ပါပြီဟု
အတုအယောင်၊ လူဟန်ဆောင်ရေး
မတွေးလေနှင့်။
ယူနီဖောင်းဝတ်၊ ငချွတ်ပိန်ညောင်
အောင်သောင်း သမီး၊ အု ထားပြီးလည်း
ရင်ထဲ ကျိတ်ပိုး၊ ဆိတ်သိုး မုန်ယို
ဆင်လို ကြံစ၊ အမြန် ခွရေး
မိုက်သွေးတွေ ကြွ၊ နာခံပြရင်း
မင့်ကိုမင်းတော့၊ ဟုတ်လှပေါ့။
တနေ့သားလျှင်၊ နာကျင်သူများ
ခံစား ပေါက်ကွဲ၊ ဓားဆွဲ တုတ်ဆွဲ
တော်လှန်ပွဲ စ၊ ပြန်၍ ချလျှင်
ပြေးဖို့ ပြင်ထား၊ မြေသား မရှိ
ထောင်၏ အနံ့၊ ကြိုး၏ အတွေ့
ခွေပျော့မေ့လည်း၊ သတ္တိနည်းကြောင်း
သက်သေကောင်းပြ၊ မကြောက်ကြစေ
ဆုတောင်းနေမယ် ကောင်းစေကွယ်။ ။
တော်ကီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment