Friday, November 16, 2007

အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေး၏ ရင်တွင်းဖြစ် ကဗျာ

အမေ့ရင်ထဲမှာ
သြော်….
အစကတော့ အားငယ်မိ
သားကြီးက အချုပ်ထဲမှာ
ချွေးမကလည်း အိမ်မပြန်ရဲ
သားကြီးရဲ့ သမီးလေး သုံးယောက်ကလည်း
လူမမယ်လေးတွေ
အဝေးမှာ မိမဲ့ ဖမဲ့နဲ့
သူတို့ချည်း ကျန်ခဲ့။

သားဦးဇင်းနဲ့ ခင်ပွန်းက ပြေးနေရ
ကျန်မိသားစုက
အထိတ်ထိတ် အလန့်လန့် နေရတဲ့အထဲ
သူတို့တွေအတွက် သောကရောက်ရတာက ရင်နဲ့အမျှ
မျက်ရည်ပေါက်ပေါက် ကျမိပါရဲ့
အရေးထဲ အလုပ်ပျက် အကိုင်ပျက်နဲ့
စားဝတ်နေရေးက တမျိုး။

ဟော… အခုတော့
ဦးဂမ္ဘီရ ဖမ်းမိပြီ…တဲ့
ဖခင်ကတော့ ဘယ်မှာတဲ့လဲ
မပဋာလက်သစ်တမျှ
ဘယ်လို ဖြေရပါ့
ဒီဒုက္ခတွေ
ဒီသောကတွေ
ဘယ်သူများ ကယ်နိုင်ပါ့မလဲ
သြော်…မဟုတ်သေးဘူးလေ
ငါ့မှာ သားအရှင် ဂမ္ဘီရတွေ
အောင်ကျော်တွေ
သြော် အများကြီးပါလေ….

ဘယ်သူတွေပါလိမ့်
သူတို့ သူတို့လေးတွေ
ငါ့မှာ သားတွေ အများကြီးမှ အများကြီး
သမီးတွေရောတောင် ပါလိုက်သေး
ငါ့မှာ မိသားစု အများကြီးရှိတယ်။
ငါ့မှာ အသိုင်းအ၀ိုင်း အများကြီးရှိတယ်။
ငါ အားမငယ်တော့ဘူး
ဂုဏ်တောင် ယူရအုံးမှာ။

ငါ မျက်ရည်ကျတာကြောင့် ရှက်မိပါရဲ့
အဓိက က
ခင်ပွန်းဖြစ်သူနဲ့
သားတို့ သမီးတို့တတွေ
ကျန်းမာစေဖို့
အမြန်လွတ်မြောက်စေဖို့
သားတို့ သမီးတို့ရဲ့ အမေ
ဆုတောင်းလိုက်ပါရဲ့။

ပိုက်ဆံတော့ဖြင့် မချမ်းသာပါဘူး
ဒါပေမယ့်
ခုနေများ
သိန်းထောင်ချီ ပေးမယ်ဆိုလည်း မလိုချင်
စိန်တွေ ရွှေတွေ ပုံပြီး ပေးမယ်ဆိုလည်း မမက်ပေါင်
ခင်ပွန်းဖြစ်သူနဲ့
သားကြီး သားလတ်
သားသမီးများ အားလုံးအားလုံး
လွတ်မြောက်စေချင်တာက
အမေ့ရဲ့ အလိုချင်ဆုံးဆု
အမေ၏ ချစ်ခြင်းကြောင့်
အမေ၏ မေတ္တာကြောင့်
သားတို့ သမီးတို့
စိတ်ချမ်းသာမှု ရကြပါစေ။
အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေသတည်း။ ။

2 comments:

Unknown said...

Wow! This poem is really touching and powerful. It makes me very sad too. It is about a good-hearted mother's expressions, feelings, love and wishes for freedom for all Burmese people, not only for her son. Thanks for sharing and posting this poem.
May all beings be free!!

Unknown said...

အမေသို့
အမေ့ရင်တွင်းနာကို သား(တို့)ခံစားတယ်။ နာကျင်တယ်။
လူမသမာတွေအတွက် သားတို့တတွေ ရန်သူစစ်စစ် ဖြစ်ရပါစေ့မယ် အမေ။

အမေအောင်ပွဲကို မြင်နိုင်ဖို့ ကျန်းမာအောင်တတ်နိုင်သလောက် ကြိုးစားနေပါ အမေ။

လူမသမာတွေအတွက်
ရန်သူ