Showing posts with label နှိုးဆော်ချက်. Show all posts
Showing posts with label နှိုးဆော်ချက်. Show all posts

Sunday, November 29, 2020

ပြည်သူ့အတွက် ''ပြည်သူ့ဟစ်တိုင်''

စည်းကမ်းချက်များ ။ ။ မည်သူမဆို ဤ "ပြည်သူ့ဟစ်တိုင်'' တွင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ တွေ့ရှိပါက သက်ဆိုင်ရာ စာသားများ၊ link များကို ပယ်ဖျက်ခြင်း၊ IP Address များကို ပိတ်ပင်ခြင်းများဖြင့် အရေးယူမှု ပြုလုပ်ပါမည်။ အရေးယူခံရမှုများအတွက် ဖြေရှင်းချက်ပေးမည်မဟုတ်ပါ။ အခါအားလျော်စွာ စည်းကမ်းချက်အသစ်များကို ထပ်မံထုတ်ပြန်ပါမည်။ (မိမိ ရင်ဖွင့်ချင်သည်များကို ရေးသားပြီးပါက Post ကို နှိပ်ပြီးလျှင် Refresh လုပ်၍ ဖတ်ရှုပါ။)

အပြည့်အစုံသို့...

Monday, January 25, 2016

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်များသို့ ပေါ့ပေါ့ပါးပါး အကြံပြုချက်

ပြည်သူလူထုအပေါ် အပြစ်ကျူးလွန်ခဲ့သူတွေလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတောင် နောက်ကြောင်းပြန် အရေးမယူဖို့ ဇွတ်အတင်း ရေးဆွဲပြဌာန်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အပေါင်းအပါ စစ်ခေါင်းဆောင်တွေအားလုံးကို ကျနော့်အနေနဲ့ စေတနာရှေ့ထား အကြံပြုချင်တာလေး ရှိပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေအားလုံး အသေဖြောင့်ပြီး ကျန်ခဲ့မယ့် သားစဉ်မြေးဆက်တွေရဲ့ နောင်ရေးအတွက်လည်း စိတ်အေးရအောင်၊ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကိုလည်း ညင်ညင်သာသာ ဖြေရှင်းနိုင်ပြီး တိုင်းရင်းသားပြည်သူတွေအားလုံး ကောင်းမွန်တဲ့ အနာဂတ်ဆီကို ညီတူညာတူ ချီတက်နိုင်အောင်လို့ပါ။

အကြံပြုချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ သူ့ပါတီကို မီးသေအောင်လုပ်နိုင်တဲ့ သြဇာအရှိန်အ၀ါနဲ့ အာဏာပါဝါလေးရှိတုန်း တနည်းပြောရရင် ဟောက်အား၊ ငေါက်အားလေးရှိတုန်း လာမယ့် NLD စစ်တပိုင်းအစိုးရလက်ထက်မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေအားလုံး အလွန်ချိုသာမယ့်ဈေးနှုန်းနဲ့ အရေးယူ အပြစ်ပေးတာကို ခပ်မြန်မြန် ခံယူလိုက်စေချင်တာပါပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ချင်ဇောကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်စေတနာအရဆို သစ်ခိုးထုတ်တဲ့ တရုတ်သစ်ခုတ်သမားတွေကို ဦးသိန်းစိန် ပြန်လွှတ်ပေးလိုက်သလိုတောင် စစ်ခေါင်းဆောင်တွေ ကံကောင်းနိုင်ပါတယ်။

အဲဒီလို စံနမူနာပြ အပြစ်ပေး အရေးယူခံပြီးလို့ အပြစ်တွေ ဆေးကြောပြီးသွားတဲ့အခါမှာ ပြည်သူလူထုကို ၀န်ချတောင်းပန်၊ မတော်မတရား ပိုင်ဆိုင်ထားတာတွေကို NLD စစ်တပိုင်းအစိုးရ ခွင့်ပြုသလောက် ယူပြီး ကျန်တာကို ပြည်သူ့ဘဏ္ဍာအဖြစ် ပြန်အပ်လိုက်မယ်ဆိုရင် NLD စစ်တပိုင်းအစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်ရတာလည်း အဆင်ပြေ၊ ဒေါ်အောင်ဆန်းစုကြည် တဖွဖွပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စ အကောင်အထည်ဖော်ရတာလည်း အဆင်ပြေ၊ စစ်ခေါင်းဆောင်တွေအားလုံးလည်း အသေဖြောင့်ပြီး သားစဉ်မြေးဆက်တွေရဲ့ နောင်ရေးအတွက်ပါ စိတ်အေးနိုင်မှာဖြစ်ပါတယ်။

အဲ့ဒါအပြင် စစ်တပ်ကို စစ်တပ်လျားဆီ ပြန်ပို့ရမယ့်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုကိစ္စတွေကို ဆောင်ရွက်ရာမှာ NLD စစ်တပိုင်းအစိုးရအဖွဲ့အတွက် ပိုမိုလွယ်ကူချောမွေ့စေပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဌာန်းရေးအတွက်လည်း လမ်းပွင့်သွားစေမယ်လို့ ထင်ပါတယ်။

အဲဒါဆိုရင် တိုင်းသူပြည်သားတွေလည်း ၀မ်းသာ၊ စစ်ခေါင်းဆောင်တွေအားလုံးလည်း လန်းဖြာပြီး စစ်ခေါင်းဆောင်တွေအနေနဲ့ မသေခင် လူတောသူတောထဲမှာ စိုးရိမ်ကြောင့်ကြမှုကင်းစွာ လူပီပီသသ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားလာနိုင်ကြမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းကာ လာမယ့် စစ်တပိုင်းလွှတ်တော်သစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်သင့်တာတွေကို ပြင်ဆင်ပြီး NLD စစ်တပိုင်းအစိုးရလက်ထက်မှာ အရေးယူ အပြစ်ပေးတာကို ခပ်မြန်မြန်ခံယူကြဖို့ စေတနာရှေ့ထား အကြံပြုလိုက်ရပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၂၅ နာရီ
၂၅ ဇန်န၀ါရီ ၂၀၁၆

အပြည့်အစုံသို့...

Monday, November 9, 2015

ရွေးကောက်ပွဲကော်မရှင် ဘယ်လိုမျက်လှည့်ပြနိုင်သလဲ

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို စောနိုင်သမျှ စောစီးစွာ မကြေညာဘဲ အချိန်ဆွဲနေတဲ့အပေါ် ကျနော် စဉ်းစားမိတဲ့အချက်က မြို့နယ်တိုင်းမှာ ကြိုတင်မဲရောပြီး၊ မဲရေတွက်ပြီးလို့ အနိုင်အရှုံးစာရင်းကို အကြမ်းဖျင်း သိရပြီးနောက်ပိုင်း ကိုတင်အေးတို့ကော်မရှင် မျက်လှည့်ပြနိုင်တဲ့အကွက်ပါ။ ဘယ်လိုအကွက်လဲဆိုတော့ …

(၁) ပထမအချက်အနေနဲ့ မြို့နယ်တွေမှာ မဲရေတွက်ပြီးသော်ငြား ရေတွက်ပြီးသား မဲပုံးတွေကို လေ့လာစောင့်ကြည့်သူတွေ၊ ပြည်သူတွေက သိမ်းဆည်းခွင့်ရတာမဟုတ်ဘဲ ကော်မရှင်လက်ထဲမှာသာ သိမ်းဆည်းထားတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ လေ့လာစောင့်ကြည့်သူတွေနဲ့ ပြည်သူတွေလက်ထဲမှာ အကြမ်းဖျင်း ထွက်ပေါ်လာတဲ့ အနိုင်အရှုံးစာရင်းကိုသာ ကိုင်စွဲထားနိုင်တာကို သတိပြုရပါမယ်။

(၂) ဒုတိယအချက်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်က ကြားသိဖတ်ရှုရတဲ့ မဲပြားတွေ အပိုရိုက်ထားတယ် ဆိုတဲ့ သတင်းအချက်အလက်ကို သတိမမေ့ဖို့ လိုပါတယ်။ မြို့နယ်တိုင်းအတွက် အပိုရိုက်ထားတဲ့ မဲပြားတွေနဲ့ ကော်မရှင်က မျက်လှည့်ပြနိုင်တဲ့ အနေအထားရှိပါတယ်။ ဘယ်လိုမျက်လှည့်ပြနိုင်တဲ့ အနေအထားရှိတာလဲဆိုတော့ ရေတွက်ပြီးသား NLD ရထားတဲ့ ခိုင်လုံမဲတွေနေရာမှာ အပိုရိုက်ထားတဲ့ မဲပြားတွေနဲ့ လုပ်ထားတဲ့ NLD ပယ်မဲတွေကို လိုသလောက် လဲလှယ်ရောမွှေပြီး မီဒီယာတွေ၊ လေ့လာစောင့်ကြည့်သူတွေရှေ့မှောက်မှာ ဒုတိယအကြိမ် ပြန်ပြီး မဲရေတွက်ပြမယ့် မျက်လှည့်ပြကွက်ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၉ ရက် ညနေ ၃ နာရီမှာ ဖွင့်လှစ်မယ်ဆိုတဲ့ ရွေးကောက်ပွဲရလဒ်တွေ ကြေညာမယ့် မီဒီယာစင်တာကြီးမှာ မကြာမီရက်တွေအတွင်း မီဒီယာတွေနဲ့ လေ့လာစောင့်ကြည့်လိုသူတွေကို နေ့စဉ်ရက်ဆက် ဖိတ်ကြားပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီအစဉ်အရဖြစ်စေ၊ အရှုံးစာရင်း ကြိုသိထားတဲ့ ကြံ့ခိုင်ရေးနဲ့ အခြားပါတီကိုယ်စားလှယ်တွေက ကွန်ပလိန့်တက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်စေ ဒုတိယအကြိမ် စိမ်ပြေနပြေ မဲပြန်ရေတွက်ပြပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာကို မျက်လှည့်ပြနိုင်တဲ့အနေအထား ရှိကောင်းရှိနိုင်တယ်လို့ ထင်မြင်မိကြောင်း ကျနော် စဉ်းစားမိတဲ့အချက်ကို စေတနာရှေ့ထား တင်ပြလိုက်ရပါတယ်။ ဖြစ်နိုင်မဖြစ်နိုင် ၀ိုင်းဝန်းစဉ်းစားကြည့်ကြပါကုန် …။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
၉ နိုဝင်ဘာ ၂၀၁၅

အပြည့်အစုံသို့...

Saturday, September 20, 2014

သိပ်စဉ်းစားစရာကောင်းနေပါပြီ

ရဲဘော်ကျော်ကိုကို
၁၉-၉-၂၀၁၄
(Rahul Kyaw Ko Ko's Status Update)

နေရာတိုင်းမှာ ကျောင်းသားထုကို အရှုပ်အထွေးတွေဖြစ်အောင် တမင်ဖန်တီးနေသလို ဖြစ်နေပါပြီ။

ပထမဆုံး ရဲဘော်ကောင်းထက်ကျော်ကို ရိုက်ပြီး ဖမ်းစဉ်ကတည်းက ဗကသအပါအ၀င် ကျောင်းသားတွေရဲ့အား ဘယ်လောက်ရှိသလဲ စမ်းကြည့်လိုက်ကြတယ်။

ရဲဘော်ကောင်းထက်ကျော်အရေးနဲ့ လယ်သမားအရေးထဲ ပါဝင်ဆောင်ရွက်တဲ့ ဗဟိုလုပ်ငန်းကော်မတီ နှစ်ယောက်ကို တရားစွဲပါတယ်။

ပညာရေးဥပဒေမူကြမ်း တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသားတွေကို ဖမ်းဖို့ အကွက်ဆင်ပြီးဖြစ်တယ်။

စာမေးပွဲတွေဖြေလို့ ကျောင်းသားအင်အား မလှုပ်မရှက် ဖြစ်ချိန်ကျမှ လေးလလောက် လွှတ်ထားတဲ့ ရဲဘော်ဖြူနှင်းထွေးကို အငိုက်ဖမ်းပြီး ဖမ်းလိုက်တယ်။

စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေကို အနားမပေးဘဲ တမင်ရှုပ်ထွေးအောင် စာမေးပွဲအဖြေလွှာတွေ ရေထဲမျှောပြီး ဆွပေးနေတယ်။

နောက်ဆုံးကြားရသလောက် ကျောင်းတိုင်းမှာ စာမေးပွဲဖြေခွင့် ပိတ်ခံရတဲ့ ကျာင်းသား ပျှမ်းမျှ ၂၅ ယောက်လောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ စာမေးပွဲခန်းထဲက မောင်းထုတ်ခံရတဲ့ ကျောင်းသားတစ်ယောက် ရွှေဘိုမှာ ဆေးသောက်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံလိုက်သတဲ့။

ဒီတော့ ရဲဘော်တို့ ရှေ့ဆက်ရမယ့်လမ်းကို ရှင်းရှင်းမြင်အောင် ကြည့်ကြဖို့တော့ လိုနေပါပြီ။ ယုတ်မာတဲ့ စစ်အာဏာရှင်တွေဟာ ၂၀၁၅ မှာ သူတို့ လွတ်လွတ်လပ်လပ် မဟုတ်တာ လုပ်ရဖို့ ကန့်ကွက်လှုပ်ရှားဖို့ အလားအလာရှိသူတွေကို ဖမ်းဆီးထောင်ချဖို့ ပြင်နေပြီ ဆိုတာ မြင်ကြရတော့မယ်။ အရိုးအရင်းလိုက်ကောက်ပြီး ကိုက်ဖို့ချောင်းနေတဲ့ ဖောက်ပြန်သော နိုင်ငံရေးအင်အားတချို့ ကတော့ တို့ဘက်မှာရှိမှာ မဟုတ်ဘူး။ နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်ဖို့ အချိန်ရောက်ပြီ။ တိုးတက်သောနိုင်ငံရေးအင်အားစုများနဲ့ မဟာမိတ်ဖွဲ့ကြ။

တိုက်ပွဲကို တိုက်တတ်ဖို့၊ တိုက်တိုင်းအောင်ဖို့နဲ့ တိုက်ပွဲဝင်ရဲဘော်အားသစ်တွေ တိုးပွားလာဖို့ မဟာဗျူဟာတွေ ချမှတ်အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ။

ဗကသ၊ တကသ စတာတွေ မပြောဘဲ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အောက်ကို ငါတို့နဲ့အတူ လာပြီး ရပ်တည်ကြ။ ဒါပဲ။

ရဲဘော်ကျော်ကိုကို

အပြည့်အစုံသို့...

Monday, December 16, 2013

အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တော့လေမလား ...

အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တော့လေမလား ...

သာယာဝတီ ဟောပြောပွဲအကြောင်း ဖတ်ရ ကြားရတာ မကြာမီက ထိုင်းဆန္ဒပြခေါင်းဆောင် “ဆူသက်သောင်းစုဘန်” ထုံး နှလုံးမူပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို ဦးဆောင်မှုပေးတော့လေမလား ...။

ဒီတခါ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တတိုင်းတပြည်လုံး ဒေါ်အောင်ဆန်းစုကြည် နောက်လိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုရင် ကာ/ချုပ်နဲ့ ရဲချုပ်တို့ကလည်း ထိုင်းက ကာ/ချုပ်နဲ့ ရဲချုပ်တို့ ထုံး နှလုံးမူပြီး နာမည်ကောင်းယူဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုသူ နေပြည်တော် အသိုင်းအ၀ိုင်းက အတိအကျ ဆိုနေပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင်ဆိုသူတွေလည်း ဆိုးရော့စ်နဲ့ ကြိုးလျော့မနေကြဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးရဲ့ စစ်ကြောင်းတွေကို စနစ်တကျ ဦးဆောင်မှုပေးဖို့ တိုက်တွန်းလိုပါတယ်။

ပြည်လုံးကျွတ် ဆန္ဒပြမယ့်ရက်က ၂၀၁၄ ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) ဒါမှမဟုတ် ဖေဖော်ဝါရီလ ၁၃ ရက် (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဆိုရင် အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

Thursday, December 5, 2013

ဆွေးနွေးဘက်တွေ ဖင်ကြွလာစေရေး ...

“ဆွေးနွေးဘက်တွေ ဖင်ကြွလာစေရေး ...”

ဆွေးနွေးဘက်တွေက သာမန်လွှတ်တော်အမတ်တယောက်အဖြစ်သာ သဘောထားတော့တဲ့အချိန်မှ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတော့ အားပျော့သလိုဖြစ်ပြီး တဘက်လူတွေက ဆွေးနွေးဖို့အရေး အင်တင်တင် လုပ်နေတော့တာပေါ့ (တကယ်ဆို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမ၀င်ခင်၊ NLD ပါတီမှတ်ပုံပြန်မတင်ခင်၊ တဘက်လူတွေ ကိုယ့်ကို အလေးထား လန့်ကျွတ်နေချိန်က အခုလို တောင်းဆိုခဲ့ရင် ဘယ်လောက်လှခဲ့လေမလဲ)။

အခုတော့ တဘက်လူတွေ အင်တင်တင် ဆက်မလုပ်ရဲအောင် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သာမန်လွှတ်တော်အမတ်တယောက် မဟုတ်ကြောင်း၊ နောက်မှာ လူထုရှိတဲ့ လူထုခေါင်းဆောင်ပီသကြောင်း အားအင်တွေ ထုတ်ပြဖို့ပဲ ရှိတော့သပေါ့။ ဒါမှ အင်တင်တင် လုပ်နေတဲ့ ဆွေးနွေးဘက်တွေ ဖင်ကြွလာပေမပေါ့။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

Saturday, September 15, 2012

ဒို့တာဝန် အရေးသုံးပါး

ဒို့တာဝန် အရေးသုံးပါး

၁။ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကို ကြိုးကိုင်ခြယ်လှယ်ပြီး တရားဥပေဒစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဟန့်တားနှောင့်ယှက်မှုပြုနေတဲ့ …

- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး

၂။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများ၊ လယ်ယာမြေများနဲ့ မြန်မာ့မြေပေါ်မြေအောက်သယံဇာတတွေကို အတင်းအဓမ္မ သိမ်းပိုက်လုယူ လက်ဝါးကြီးအုပ် မောင်ပိုင်စီးပြီး လက်တဆုပ်စာ စစ်အာဏာရှင်တစုအကျိုးအတွက် စီးပွားရှာနေတဲ့ …

- မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး

၃။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်အရေးအတွက် ဒီမိုကရေစီစံချိန် စံညွှန်းများနဲ့ မကိုက်ညီတဲ့ …

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး … ဒို့အရေး

အပြည့်အစုံသို့...

Monday, October 10, 2011

Saturday, August 13, 2011

ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာတည်ဆောက်ခြင်း

Damming the Irrawaddy - Burmese

အပြည့်အစုံသို့...

Friday, August 12, 2011

ဒေါ်အောင်ဆန်းစုကြည်၏ “ဧရာဝတီအတွက် ပန်ကြားချက်” (အပြည့်အစုံ)

NLD on Irrawaddy

အပြည့်အစုံသို့...

Wednesday, August 3, 2011

“အမျိုးသားရေးတာဝန်ကို ရဲဝံ့စွာ ထမ်းဆောင်ကြ” နှိုးဆော်စာ

(ပြည်တွင်းမှ ရဲဘော်များ ပေးပို့သည်)
National Duty

အပြည့်အစုံသို့...

Sunday, June 26, 2011

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် နေမင်းထွန်း၏ တိုက်တွန်းနှိုးဆော် ချက်

ပေးပို့ - ရဲဘော်ကျော်သန်း
အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ကာကွယ်စောင့်ရှောက်ပေးကြပါရန် ကျနော် နေမင်းထွန်းမှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျာ ...။ မြန်မာပြည်တွင်းသို့ သေနတ်လက်ကိုင်ဖုန်းအမျိုးစား ဟမ်းဖုန်းများ တိတ်တဆိတ် ၀င်ရောက်နေပါ တယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ် စထွက်မယ့် အချိန်နဲ့ လုံးဝတိုက်ဆိုင်နေပါသဖြင့် မိမိတို့အနေနဲ့ မိမိတို့ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအား အုပ်တချပ် သဲတပွင့်အနေဖြင့် ကာကွယ်စောင့်ရှောက်ပေးကြပါရန်။

အပြည့်အစုံသို့...

Wednesday, March 30, 2011

မဂ္ဂဇင်းအယ်ဒီတာ၊ စာရေးဆရာကြီး နတ်နွယ် ဆေးရုံတက်နေသည်

မဂ္ဂဇင်းအယ်ဒီတာ၊ စာရေးဆရာကြီး နတ်နွယ်သည် အသည်းအသန် နာမကျန်းဖြစ်ကာ မြောက်ဥက္ကလာဆေး ရုံကြီး၊ သီတာဆောင်တွင် ဆေးကုသမှုခံယူနေရပါသည်။ ဆရာကြီး၏ စာပေကျေးဇူးများကို အောက်မေ့သတိ ရသူများအနေဖြင့် လိုအပ်နေသော ဆေးကုသမှုစရိတ်အတွက် မိမိတို့ တတ်အားသရွေ့ ပေးပို့ကူညီလိုပါက အောက်ပါလိပ်စာသို့ အလျင်အမြန် ဆက်သွယ်ကူညီနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ကိုငွေဇော်နွယ်
အမှတ် ၂၃၈၊ မဟာဆွေလမ်း
၄၈ ရပ်ကွက်၊ မြောက်ဒဂုံ။
(ဖြိုးစံပယ် ကားမှတ်တိုင်)

ဆရာကြီး နတ်နွယ်၏ ဖြတ်သန်းမှု ကိုယ်ရေးအကျဉ်း

ကလောင်အမည်ခွဲများ

မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ။

ကိုယ်ရေးဖြစ်စဉ်

စာရေးဆရာ နတ်နွယ်ကို အဘ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံတို့မှ ၁၉၃၃ ခု နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ အ မည်ရင်း လှမြင့် ဖြစ်ပြီး ငယ်စဉ်က မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသ နာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။

စုံထောက်မဂ္ဂဇင်း အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ အမျိုးသား သတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ မိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်နှင့် နွယ်နီမဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ (၂၈) ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍတွင် ‘ကျောင်းသူမ’ ကဗျာဖြင့် စာပေလောကသို့ ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ အမြောက်အမြား ရေးခဲ့ပြီး လုံးချင်းဝတ္ထုနှင့် ဘာသာပြန် လုံးချင်းဝတ္ထုများလည်း (၁ဝဝ) ကျော် ရေးသားခဲ့ သည်။

‘မိုးဇော်ဟိန်း’ အမည်ဖြင့်လည်း ဘာသာပြန် လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ မင်းကျော်နှင့်တွဲပြီး ‘မလိခ’ ကလောင်အမည်ဖြင့် မြန်မာဝတ္ထုအညွှန်းများ ရေးသားခဲ့သည်။

ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များ

1. ကုဋေကုဋာ သိန်းသန်း တန်တော့တယ် - ၁၉၉၇ ခုနှစ်
2. ကုသိုလ်တပဲ ငရဲတပိသာ - ၁၉၆၉ ခုနှစ်
3. ကေသရာဇာ - ၁၉၇၄ ခုနှစ်
4. ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် - ၁၉၆ဝ ခုနှစ် (Round The World in Eighty Days)
5. ကမ္ဘာမြေအနှံ့ - ၁၉၆၁ ခုနှစ်
6. ကမ္ဘာရန် - ၁၉၆၈ ခုနှစ်
7. ကမ္ဘာ့ဝတ္ထုအညွှန်း - ၁၉၉၆ ခုနှစ်
8. ကျွန်မအသက် သပြေခက် - ၁၉၇၄ ခုနှစ်
9. ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ - ၁၉၇၅ ခုနှစ်
10. ကျော်ဇေယျနှင့် သံကွန်ချာ ခုနစ်ထပ် - ၁၉၇၅ ခုနှစ်
11. ကျောက်ဘီလူး - ၁၉၆၄ ခုနှစ်
12. ချစ်သူနှင့် တခဏ၊ မုန်းသူနှင့် တဘဝ - ၁၉၇၃ ခုနှစ်
13. ချစ်သူရှိသောမြို့ - ၁၉၆ဝ ပြည့်နှစ်
14. ချစ်သောကြောင့် - ၁၉၅၆ ခုနှစ်
15. ဂါမဏိ - ၁၉၇၈ ခုနှစ်
16. ငြမ်း - ၁၉၇၈ ခုနှစ်
17. ငွေလကိုမြင် ကြယ်စင်မဟုတ်ဘူး - ၁၉၇၈ ခုနှစ်
18. စိတ်ထဲမှာ တကမ္ဘာ - ၁၉၇၄ ခုနှစ်
19. စိန်ခေါ်ပွဲ - ၁၉၈၇ ခုနှစ်
20. ဇော်မိုးဟိန်းနှင့် နန်းသက်မွန် ကျောက်ရုပ် - ၁၉၈၁ ခုနှစ်
21. ဇော်မိုးဟိန်းနှင့် သိန်းလေးဆယ် မာယာ - ၁၉၈၂ ခုနှစ်
22. ဇာတ်သမအလယ် - ၁၉၆၁ ခုနှစ်
23. ညဈေးတန်းအစ - ၁၉၆၁ ခုနှစ်
24. ညီအစ်မများနှင့် လူစိမ်းများ - ၁၉၈၂ ခုနှစ်
25. တကွေ့တော့ တွေ့ကြဦးမည် - ၁၉၆၆ ခုနှစ်
26. တခိုင်နန်းမို့ လွမ်းလဲ့ရည် - ၁၉၇၈ ခုနှစ်
27. တဆယ် (၁ဝ) (နတ်နွယ်၊ မိုးဝေ) - ၁၉၆၄ ခုနှစ်
28. တနေ့မဟုတ် တနေ့ - ၁၉၆၅ ခုနှစ်
29. တပင်ကို နှစ်ပင်ယှက်တယ် - ၁၉၇၄ ခုနှစ်
30. တမင်သက်သက် - ၁၉၆၁ ခုနှစ်
31. တဝဲလည်လည် - ၁၉၆၁ ခုနှစ်
32. တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ - ၁၉၆၇ ခုနှစ်
33. တဖန်ပြန်၍ မနိုးသော ဝေဒနာ (Coma) - ၁၉၈၃ ခုနှစ်
34. တယောက်က မာယာ - ၁၉၇၃ ခုနှစ်
35. တိတ်တဆိတ် - ၁၉၆၁ ခုနှစ်
36. တိမ်စွယ်မှာ ကွယ်သောနေ - ၁၉၈၁ ခုနှစ်
37. ဒက်ဇယ်လာ - ၁၉၈၇ ခုနှစ်
38. ဒဏ္ဍာရီ - ၁၉၇၈ ခုနှစ်
39. နေကန့်လန့်ကာ လပဝါ - ၁၉၇၅ ခုနှစ်
40. နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ - ၁၉၇၆ ခုနှစ်
41. နန္ဒဝန်သို့အပြန် - ၁၉၇၂ ခုနှစ်
42. နန်းစံပယ်နှင့် တယောက်ပြီးတယောက် - ၁၉၇၂ ခုနှစ်
43. နန်းသက်မွန်နှင့် မျက်နှာစိမ်းများ - ၁၉၇၃ ခုနှစ်
44. နွဲ့ဝါ - ၁၉၇၆ ခုနှစ်
45. နှမထွေးမယ့်ကို လိုလျှင် - ၁၉၆၁ ခုနှစ်
46. နှစ်ကြီးသမား - ၁၉၅၇ ခုနှစ်
47. နွယ်နီနိုင်ငံတကာ အဘိဓာန် - ၁၉၉၄ ခုနှစ်
48. နွယ်နီအာရှ နှစ်ချုပ် (၁၉၉၄) - ၁၉၉၄ ခုနှစ်
49. နွယ်နီအာရှ နှစ်ချုပ် (၁၉၉၅) - ၁၉၉၅ ခုနှစ်
50. ပေါက်ပင်ကစိမ်း ကျေးကစိမ်း - ၁၉၇၉ ခုနှစ်
51. ပဉ္စမံအသည်း ပဉ္စလက်အပြုံး - ၁၉၇၉ ခုနှစ်
52. ပုဏ္ဏက - ၁၉၈ဝ ပြည့်နှစ်
53. ပြာပြာညိုရောင် မှိုင်းလဲ့လဲ့ - ၁၉၇၅ ခုနှစ်
54. ဘဝဟူသည် (My Life) - ၁၉၉၁ ခုနှစ်
55. ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ - ၁၉၇၇ ခုနှစ်
56. မကွယ်သောနေ့က ကြွေသောပန်း - ၁၉၈၄ ခုနှစ်
57. မနေ့တနေ့က ရွာတဲ့မိုး
58. မပြီးဆုံးသေးသောည - ၁၉၇၅ ခုနှစ်
59. မသန္တာ မသိပါ - ၁၉၇၃ ခုနှစ်
60. မီးခိုးမဆုံး မိုးမဆုံး - ၁၉၆၇ ခုနှစ်
61. မိုးညဖြူဖြူ - ၁၉၆၂ ခုနှစ်
62. မိုးထဲလေထဲ - ၁၉၅၄ ခုနှစ်
63. မိုးဖြူမစဲ မိုးမည်းမရွာ - ၁၉၇၉ ခုနှစ်
64. မိုးမှာစနေ လေမှာရာဟု - ၁၉၇၅ ခုနှစ်
65. မောင်နှင့်သာအတူ - ၁၉၆၁ ခုနှစ်
66. မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့ - ၁၉၇၃ ခုနှစ်
67. မျက်ဝါးထင်ထင် - ၁၉၅၆ ခုနှစ်
68. မုန်းပင်အောက်မှာ ချစ်သူရှာ - ၁၉၇၆ ခုနှစ်
69. မျက်တောင်ကော့နဲ့ မျက်ထားညို - ၁၉၇၂ ခုနှစ်
70. မျက်နှာမှာအပြုံး မျက်လုံးမှာ ဒေါသ - ၁၉၇၃ ခုနှစ်
71. မြသဇင် - ၁၉၆၆ ခုနှစ်
72. မြေအောက်သဇင် - ၁၉၅၉ ခုနှစ်
73. မြန်မာပြည်မြောက်ပိုင်း (အတွဲ - ၁) - ၁၉၆၆ ခုနှစ်
74. မြန်မာပြည်မြောက်ပိုင်း (အတွဲ - ၂) - ၁၉၆၇ ခုနှစ်
75. မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း (Diary) - ၁၉၆၂ ခုနှစ်
76. ယုဇနမာလာ - ၁၉၈ဝ ပြည့်နှစ်
77. ရတနာလိုဏ်ဂူ - ၁၉၆ဝ ပြည့်နှစ်
78. ရာမည - ၁၉၇၈ ခုနှစ်
79. ရောမက မိန်းမပျက် (Woman of Rome) - ၁၉၆၄ ခုနှစ်
80. ရန်သူတရာ မိတ်ဆွေတယောက် - ၁၉၇၃ ခုနှစ်
81. ရှက်စဖွယ် (Shame) - ၁၉၆၁ ခုနှစ်
82. ရွှေနှင့်ယိုးမှား ပန်းစကား - ၁၉၇ဝ ပြည့်နှစ်
83. ရွှေဖလားနှင့် မိုးခါးရေ - ၁၉၆၁ ခုနှစ်
84. လကွယ်နေ့ည - ၁၉၆၈ ခုနှစ်
85. လေကစား ကြွားတလူလူဝေ - ၁၉၇၇ ခုနှစ်
86. လင်းအရုဏ်ဦး - ၁၉၈၅ ခုနှစ်
87. ဝင်္ကပါ - ၁၉၆၃ ခုနှစ်
88. သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် - ၁၉၇၂ ခုနှစ်
89. သစ်တုံးမှန်လျှင် ဆန်လိမ့်မည် - ၁၉၈၂ ခုနှစ်
90. သည်ခေတ်နှင့် သည်မောင်နှမများ - ၁၉၇၂ ခုနှစ်
91. သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် - ၁၉၈၃ ခုနှစ်
92. သန္တာကျွန်း (Coral Island) - ၁၉၆ဝ ပြည့်နှစ်
93. သိင်္ဂီတဝက် ရွှေတဝက် - ၁၉၇၄ ခုနှစ်
94. သုံးနှစ်သုံးမိုး (Three Years) - ၁၉၉ဝ ပြည့်နှစ်
95. အကွေ့တထောင်
96. အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ-တွဲ) - ၁၉၈၉ ခုနှစ်
97. အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ဒု-တွဲ) - ၁၉၈၉ ခုနှစ်
98. အနီးအဝေး အနိမ့်အမြင့် - ၁၉၆၅ ခုနှစ်
99. အနောက်မိုးကုပ်စက်ဝိုင်း - ၁၉၆ဝ ပြည့်နှစ်
100. အပျံသင်စ - ၁၉၆ဝ ပြည့်နှစ်
101. အပြာ - ၁၉၅၆ ခုနှစ်
102. အပြာနှင့် အဝါ - ၁၉၇၁ ခုနှစ်
103. အပြာ အဝါ - ၁၉၆၇ ခုနှစ်
104. အပြင်မှာငွေလ ရင်ထဲမှာ နေဆယ်စင်း - ၁၉၈၃ ခုနှစ်
105. အဖြူရောင် သစ္စာပန်းတပွင့် (ပထမတွဲ) - ၁၉၈၈ ခုနှစ်
106. အဖြူရောင် သစ္စာပန်းတပွင့် (ဒုတိယတွဲ) - ၁၉၈၈ ခုနှစ်
107. အများနှင့်တယောက် (Fever) - ၁၉၈၃ ခုနှစ်
108. အဝါ - ၁၉၆ဝ ပြည့်နှစ်
109. အရိပ်သုံးပါး နားမလည် -၁၉၈ဝ ပြည့်နှစ်
110. အရုပ်နဂါး အရုပ်ကျား - ၁၉၇၄ ခုနှစ်
111. အရှေ့စူးစူး အနောက်ယွန်းယွန်း - ၁၉၆၉ ခုနှစ်
112. အရှေ့မိုးကောင်းကင် အမှတ် (၁) - ၁၉၆၅ ခုနှစ် (Baltic Skies)
113. အရှေ့မိုးကောင်းကင် အမှတ် (၂) - ၁၉၆၅ ခုနှစ် (Baltic Skies)
114. အလည်လာတဲ့ မိန်းကလေးရယ် - ၁၉၇၄ ခုနှစ်
115. အလွမ်း၏ အလွမ်း - ၁၉၈၁ ခုနှစ်
116. အဏ္ဏဝါပြင်မှာ ထင်သောလ - ၁၉၈၁ ခုနှစ်
117. ဣန္ဒာနီလာ သန္တာပုလဲ - ၁၉၇၇ ခုနှစ်
118. အုံးအုံးကျွက်ကျွက် - ၁၉၆၅ ခုနှစ်
119. တံခွန်တိုင် မောင်နှမများ - ၁၉၇၂ ခုနှစ်

(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)

အပြည့်အစုံသို့...

Tuesday, March 29, 2011

စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း

Military Intervention Petition

အပြည့်အစုံသို့...

Monday, February 28, 2011

Just Do It စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်ရန် တော်လှန်ရေးမီဒီ ယာ (၃) ခုသို့ သီးသန့်အသိပေးခြင်း

ရဟန်းရှင်လူ မိဘပြည်သူ တပ်မတော်သားများနှင့် လူငယ်ကျောင်းသားကျောင်းသူများခင်ဗျား...

မြန်မာနိုင်ငံ၏ စစ်အာဏာရှင် သန်းရွှေနှင့် ၎င်း၏ လက်တစ်ဆုပ်စာ အာဏာရှင် စစ်ဗိုလ်ချုပ်တစ်စုအား ဖယ် ရှားနိုင်ရန်အတွက် ယခုအချိန်သည် အချိန်ကောင်းအခါကောင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း နေထိုင်သူအပေါင်းတို့ စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ရန် ပြင်ဆင်ကြ။
ယခုအချိန်ထက် ပိုကောင်းသော အချိန်မရှိ၊ အာဏာရှင်လက်အောက်မှ ပြည်သူများ အာဏာရှင်ကို ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ပြည်သူများ မျက်မြင်တွေ့ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင်ကို ဖယ်ရှားနိုင်ရန် ယခုပင် ချက်ချင်းစကြလော့။
 
အာဏာရှင်ကို ဖယ်ရှားရန်အတွက် JUST DO IT လှုပ်ရှားမှုတွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT သည် သင်ကိုယ်တိုင်ဖြစ်သည်။ ပထမခြေလှမ်းအနေဖြင့် “JUST DO IT” ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာ တွင် ကပ်ထားနိုင်သည်။ သင့်သူ့ငယ်ချင်းတစ်ယောက်ထံကိုလည်း အီးမေးလ်ပို့နိုင်သည်။ ကိုယ်တိုင်ရေးထား သော စာအား သင့်မိတ်ဆွေကို ပေးနိုင်သည်။ သင်၏ Facebook စာမျက်နှာတွင် ရေးသားထားနိုင်သည်။
အာဏာရှင်ကို ဖယ်ရှားရန် ယခုပင် ချက်ချင်း စတင်ကြလော့။

အရေးတော်ပုံ အောင်ရမည် ...
အရေးတော်ပုံ အောင်ရမည် ... ...
အရေးတော်ပုံ အောင်ရမည် ... ... ...

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500

အပြည့်အစုံသို့...