Saturday, November 17, 2007

လျှပ်တစ်ပြက်

လျှပ်တစ်ပြက်
တော်ကီ

ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင့်ကိုယ် မင်းလိမ်၊ ခွေးငပိန်လို
ချေးပုံကို လျက်၊ မာနတက်ရင်း
သတင်းသမား၊ ဟုတ်လိုငြားနှင့်
သခင့် မအား၊ လျက်ဖား ငုံစုတ်
ကြွက်စုတ်ဖြစ်စေ ၀က်ဖြစ်စေ။

မင်း၏ သခင်၊ မျောက်ဝံ အခွက်
ခွေးလျက် ချေးပုံ၊ ယင်အုံ နံစော်
ရပ်ကျော် ရွာကြား၊ လူ့ငနွားကို
ခစား ဒူးတုတ်၊ ကျွန်ယုတ် ငမိုက်
ခွေးတသိုက်လည်း၊ အမဲလုံးမိ
ရွစိစိလှုပ်၊ ဇီဝိန်ချုပ်ချိန်
ဆည်းဆာမှိန်မှာ၊ ငါစိတ်မကောင်း
မျှဝေကြောင်းလေ၊ တောင်းဆုချွေ။ ။

တော်ကီ

1 comment:

Thiha Kyaw Zaw said...

အောင်ကြီးဆိုတာမမေ့ပြစ်သင့်တဲ့၊
သမိုင်းမှာမှတ်တမ်းတင်ရမယ့်သူတစ်ယောက်ပါ၊
ဗမာပြည်ဒီမိုကရေစီဆိတ်သုံးအောင်လုပ်ခဲ့တဲ့သူတစ်ယောက်၊
ဦးနေဝင်းကအသွားစေခိုင်းသူဆိုရင်
အောင်ကြီးကမြှားပြစ်ခဲ့သူတစ်ယောက်....