တုတ်ကြီး (ခေတ္တ တာဝတိံသာ)
လ.ဝ
စာအမှတ်။ ။ ၁
နေ့စွဲ (ညဆွဲတာ န.အ.ဖ)
တကယ် တိုက်ခိုက်နေသူများအား ခပ်တည်တည် အာခြင်း (စည်းရုံးရေး စည်းကမ်း မေလျော့စွာဖြင့်…)
ငယ်ငယ်တုန်းက တခုခုကို ပူဆာ၍ မရလျှင် အာပြဲအောင် ငိုတော့ အဘတို့ အမတို့က ဒေဝေါကြီးဖြင့် ခြောက်လေ့ရှိသည်…. ထိုသို့ ခြောက်လှန့်လိုက်လျှင်တော့…. သားသား ကြောက်ကြောက် … တခါတည်း အငိုတိတ် အဘနဲ့ အမကြားထဲ ပြေးဝင်ကာ ဘောင်းဘီတိုလေး ဆွဲတင်လျက် သနပ်ခါး အဖွေးသားပေါ်က မျက်ရည်ကြောင်းများဖြင့်... နှပ်တရှုံ့ရှုံ့… မျက်လုံးလေးများ ပေကလပ် ပေကလပ် … ဒါပေမယ့် လိုချင်တာလေးကိုတော့ စိတ်ထဲကမမေ့… နေနှင့်ဦးပေါ့ ဒေဝေါကြီးရင် ဒင်း… နောက်တခါမလာမှ ထပ်ပူဆာမပေါ့...။
အဲဒီတုန်းက ကလေးစိတ်ဖြင့်...။ နောက်တော့လည်း တဖြေးဖြေး သိလာသလိုလို ဒေဝေါကြီးကပဲ အမြဲတမ်း အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက် တဲပဲ ထိုးနေသလိုလို၊ ဘာဖြစ်လို့ပဲ ငိုငို ဒေဝေါကြီး ဆိုတာနှင့်ပင် အမြဲတမ်း ဖြဲခြောက်တာ ခံခဲ့ရပြီး အငိုတိတ် မျက်လုံးလေးများ ကလယ်ကလယ်..။
တဖြေးဖြေးဖြင့် မူလတန်း ကျောင်းသားလေးဘ၀ ရောက်လာ၏။ မူလတန်း ကျောင်းသားဘ၀ ရောက်လာတော့ ဒေဝေါကြီးဆိုတာကိုတော့ သိပ်မကြောက်တော့…။
အဘတို့ အမတို့ရဲ့ ဒေဝေါကတော့ အခုလူလတ်ပိုင်း တော်တော် ၀င်လာသည်အထိ တခါမှ လာရောက် ပြသနာ မရှာခဲ့ပါ … ဘယ်ရှာမတုန်း လဗျာ … တကယ်မှ မရှိတဲ့ အရာကြီးပဲ…။
ခုတော့ တဖန်တွေ့ရပြန်ပြီ။ နေရာတကာ နိုင်ငံခြားလာပြီး အာစိရန် (အာစီယံမဟုတ်ပါ) ကာကွဲရေးဝန်ကြီးတွေ တေ့တဲ့ပွဲမှာ (တွေ့တဲ့ပွဲ မဟုတ်ပါ) နယ်ချဲ့…တိုင်းတပါးရန်…အကြောင်း န.အ.ဖ က ငကြောင်က ပြောသွားပြန်သည်။ နင့်မေကလွှား နယ်ချဲ့တိုင်းတပါးရန်… တောသွားပြော တောင်ကောက်ရိုးပုံဘေး မူးနေတဲ့ ကာလသားက တံပြာနဲ့ ရိုက်ပြီး လေးဂွနဲ့ ပစ်လွှတ်လိုက်မှာကို ကြောက်နေတဲ့ ကောင်တွေက ပြည်သူကို နယ်ချဲ့ကျူးကျော်မှုဆိုတဲ့ ဒေဝေါနဲ့ ခြောက်နေပြန်ပြီ။ သူတို့ ကိုယ်တိုင်ကတော့ ဒေဝေါမဟုတ်တဲ့ ပြည်သူကို ကြောက်ကန်ကန်ပြီး ပုခက်ထဲက ကျယ်ကျယ်ငိုတဲ့ ကလေးတောင် လည်မြိုညှစ်သတ်ဖို့ ၀န်မလေး…။
အခုလည်း ဆက်လက် ဖမ်းဆီးနေဆဲ…။ သတ်ဖြတ် လုပ်ကြံဖို့ အစီအစဉ်တွေကလည်း ဆက်လက်ရှိနေဆဲ။ စောင့်လိုက်ရတဲ့ ဂမ်ဖလားကြီးရဲ့ တင်ပြချက်… ကျေးဇူးတင်မိတာတော့ အလကားဖြစ်သည် မပြောလိုပါ။ သို့သော် န.အ.ဖ သက်ကြားအို တို့ဂမ်ဖလားကြီးထဲ ကျင်ငယ်စွန့် ပေးလိုက်သည်ကိုတော့ သူ၏လေသံကို ကြည့်ခြင်းဖြင့် သိလိုက်ရပါသည်။
ဒီလိုနှင့်…ပိန္နဲရိုးကြီးကိုလည်း လှည်းဝန်ရိုးကြီးလုပ်ပြီး ပြန်လွှတ်လိုက်ဦးမှာပဲဆိုတာ သေချာလွန်းလှသည်။
မျှော်တော်ဇောဖြင့် ပေါ့ပေါ့နေ ပေါ့ပေါ့စား ချောင်သလို နေသာသလို ရှင်သန်ရင်း ဇာတိမာန်တွေ မြှင့်တင်နေကြမည် ဆိုလျှင်ဖြင့် နောင်နှစ်ငါးဆယ်တွင် မြန်မာဆိုသည်မှာ သူငယ်တန်း စာအုပ်ထဲမှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရုပ်ပုံများအဖြစ်သာ နောက်မျိုးဆက်တို့ သိရမည့်အဖြစ်သို့ ရောက်လုလု ဖြစ်သွားလိမ့်မည်မှာ မလွဲဧကန်ပါ။
ထို့အတူ သိုးဆောင်းလိုတွေ လူကြားထဲပြောကာ မြန်မာလိုတောင် မိန့်ခွန်းပြောရမှာသိပ်အဆင်မပြေ တော့သဖြင့် ဘိလပ်လို ပြောခွင့်ပေးပါရန် လကွက်စ်(not request) လုပ်သော လူကျီးမင်း တယောက်ကဲ့သို့လည်းကောင်း၊ ဘန်ကောက်မြို့ စားသောက်ဆိုင် တဆိုင်တွင် မြန်မာလို ပြောဆိုဆွေးနွေး စားသောက်နေသော လူတစုအား စားပွဲထိုးလေးက ‘အကိုတို့က မြန်မာတွေလားခင်ဗျာ ဆိုသည့် မေးခွန်းအား။ ချက်ခြင်း ယောနိဖြင့်တူသော မျက်ခွက်ဖြင့် … နိုး နိုး… ၀ီအာ ဖိလစ်ပီး’ ဟု ဗြောင်ညာသော သူများလည်း နိုင်ငံတကာ လေထုကို ရှူရှိုက်ကာ ၀မ်းသာဆာလောင် စိတ်ကူးယဉ် နေသာသလို နေကြရင်ဖြင့်… ၀ီ အာ ချိုင်းနီးစ် ဟု နောင်တချိန်တွင် မြန်မာပြည်တွင်းမှ နောက်မျိုးဆက်များက သူတို့ ကိုယ်သူတို့ မိတ်ဆက်ပေးကြမည်ကို မြင်ယောင်ပါသေးသည်။
နိဂုံးချုပ်ချက် အနေဖြင့် စေ့ဆော် တိုက်တွန်းလိုသည်မှာ ကျနော်တို့တိုင်းပြည် အခြေအနေသည် တော်လှန်ရေး တရပ်သို့ ရှေးရှုနေပါသည်။ ဆွေးနွေးရေး စားပွဲဝိုင်းသို့ သွားရောက်ရန် နှစ်ငါးဆယ်ပတ်လုံး တောတွင်းအဖွဲ့တို့ အမြဲ အခါအခွင့်သင့်တိုင်း ကြိုးစားသကဲ့သို့ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ တောရောမြို့ပါ နိုင်ငံတကာမကျန် ရှိသမျှ ဒီမိုကရေစီကို စစ်မှန်စွာလိုလားသော ပြည်သူနှင့် အင်အားစုတိုင်းက လိုလားပါသည်။ သို့သော် လမ်းပြမြေပုံအရဖြစ်မှ ဖြစ်မည်ဆိုသည့် ငါ့မယား ငါကြောက် ငါ့ဖင်ပဲ ပေါက်ပေါက် … ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုသည့် စစ်အာဏာရှင်ညဉ်ဆိုးအား မပြင်လျှင် နောက်ကျည်ဖြင့် အောက်ပြည် မျှော်လေတိုင်းဝေး ဖြစ်ရမည် ဖြစ်သည်လည်း တမုံ့ …။
ပြည်သူ့အရေးတော်ပုံအောင်ရမည်။
ပြည်သူ့အာဏာပြည်သူသာပိုင်သည်။
လ.ဝ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
Thursday, November 15, 2007
ဒေဝေါကြီး၊ ဖိလစ်ပီးတကောင်၊ ဗမာလိုမပြောတတ်သည့် အငတ်ကြီးနှင့် လူ့ဗာ လနံများ …
Subscribe to:
Post Comments (Atom)
No comments:
Post a Comment