ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်
မဖြူဖြူသင်းနှင့် မိဘနှစ်ပါး (အလယ်ပုံ) အေအိုင်ဒီအက်စ် ဝေဒနာသည်များနှင့် မဖြူဖြူသင်း၏ လှုပ်ရှားမှု ပုံရိပ်များ မြန်မာနိုင်ငံမှ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များအား မေတ္တာ၊ စေတနာဖြင့် ပြုစုစောင့် ရှောက် ကူညီမှုများ ပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်း၏ မွေးသဖခင် ကျေးဇူးရှင် ဦးလှထွန်း (အသက် - ၆၈နှစ်) သည် နိုဝင်ဘာလ (၁၆)ရက်နေ့ စနေနေ့ ည (၁၀)နာရီက အောင်ရတနာ ဆေးကုခန်းတွင် လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို နိုဝင်ဘာလ (၂၀)ရက် အင်္ဂါနေ့တွင် ရေးဝေးသုဿာန်သို့ ပို့ဆောင် သင်္ဂြုံဟ်မည်ဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့် အတူ သားသမီးများ ဖြစ်ကြသည့် မစပယ်ဦး၊ မဖြူဖြူသင်း၊ မမာလာထွန်းနှင့် မောင်မောင်မျိုးတို့ သားသမီး (၄)ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ မဖြူဖြူသင်းသည် ဖခင်ကွယ်လွန်ချိန်တွင် နအဖ စစ်အာဏာရှင်များ၏ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးနေမှုမှ လွတ်မြောက်အောင် ရှောင်တိမ်း နေရသည့်အတွက် ဖခင်၏ ဈာပနသို့ လာရောက်နိုင်ခြင်း မရှိသော်လည်း ဖခင်ကွယ်လွန်ကြောင်းကိုမူ မဖြူဖြူသင်း သိရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဈာပနအခမ်းအနား ပြင်ဆင်မှုကို မဖြူဖြူသင်းနှင့် အတူ အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ပြုစုစောင့်ရှောက် ပေးနေသည့် ကိုသန်းထိုက်အောင်၊ ကိုရာဇာနှင့် ကိုအောင်ထွန်းတို့က ဦးစီးဦးရွက်ပြု လုပ်ဆောင်ပေးနေကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်အပေါ် အစ္စလာမ်လူငယ်များအဖွဲ့ထောက်ခံ
နအဖနှင့် တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံသတင်း-မိုးမခ
1 comment:
So the junta will only listen to China!?? How disgusting. They might even consider selling half of the country to China as they may be even tighter financially with all new sanctions being imposed from around the world. I think China might guarantee them a place to hide when the junta are defeated by people's power in the near future.
Post a Comment