Saturday, November 10, 2007

မြေခွေးတအုပ်၊ ကြံစုပ်သူများ၊ ပုဏ္ဏားခြောက်ယောက်နှင့် ငြိမ်းချမ်းရေး နတ်သ မီး၏ အမိမြေ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

အရေးကြီးပြီ ညီနောင်အပေါင်းတို့ … သွေးစည်းကာ ညီစေ ညီကြစို့ … ငါတို့ ရဲ့ သမိုင်းတခေတ်ကို … ငါတို့ သွေးနဲ့ ရေးခဲ့သည် … သွေးသစ္စာလည်း ပြုခဲ့သည် …။

ကိုမွန်းအောင် ဆိုခဲ့သောသီချင်း “ငြိမ်းချမ်းရေးတိုက်ပွဲ” အခွေထဲက …။ မ.က.ဒ.တ မှ ထုတ်ဝေသော သီချင်း …။

ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည် …။
နှစ်ငါးဆယ် လွတ်မြောက်ရေးတိုက်ပွဲ နှစ်နှစ်ဆယ် တော်လှန်ရေးတိုက်ပွဲ … ။ နာမည်မျိုးစုံ ပြောင်းကာ နည်းမျိုးစုံဖြင့် နိင်ငံတော် အာဏာအား အဓမ္မ လုယူထားသော စစ်အာဏာရှင် …။ ဖက်ပေါင်းစုံမှ လိမ်ညာနည်း ပေါင်းစုံသုံးကာ ရိုးဖြောင့်သော ပြည်သူ့ဘက်တော်သား ပြည်သူယုံသော ခေါင်းဆောင်များ အဖွဲ့အစည်းများကို လှည့်ဖြား၊ ၀ယ်ယူ၊ ဖျက်ဆီး၊ သုတ်သင်၊ သတ်ဖြတ်၊ ဖျောက်ဖျက်ရာတွင် ကျွမ်းကျင်သော စစ်အာဏာရှင်နှင့် ၄င်း၏ စစ်ယန္တယား စစ်အုပ်စု…။

တဖက်က ဘ၀ပေး အသက်ပေး သွေးရင်းကာ တိုက်ပွဲဝင်နေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် မြေပေါ်မြေအောက် နိုင်ငံရေးအင်အားစုများ …၊ ပြည်ပရောက် တိုင်းချစ်ပြည်ချစ်များ …။

ကျနော်တို့ သတိရှိဖို့ လိုပါသည်။ ပြင်ဆင်မှု ရှိဖို့လိုပါသည်။ ယခုလက်ရှိ ဖြစ်ပေါ်နေသော တိုင်းပြည် အခြေအနေသည်ကား ကျွန်စုပ်ထားသော သရက်စိ ပေါ်လစ်ရှ်ဘူးထဲ ပြုတ်ကျသည့် အနေအထား …။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ သုံးဦးသော ပုဂ္ဂိုလ်တို့ ခေတ္တတွေ့ဆုံကာ ထွက်ပေါ်လာသော အခြေအနေ သတင်းများအား အားရကျေနပ်လိုက ကျေနပ်ကြပါ။ သို့သော်ငြား မိမိတို့ ပြင်ဆင်မှုနှင့် ပန်းတိုင်များအား လျှော့မချဖို့ အင်မတန် အရေးကြီးလှပါသည်။

ဦးလွင်၊ ဦးအောင်ရွှေ၊ ဦးညွန့်ဝေ တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ရပ်လုံးနှင့် လူထု၏ ဆန္ဒ၊ လူထု၏ ပကတိ အခြေအနေကို ထင်ဟပ် ကိုယ်စားပြုနိုင်သည့် အခြေအနေ အရည်အချင်း နောက်ခံသမိုင်းနှင့် သတ္တိ တကယ်ရှိကြပါသလား…။ ဒေါ်အောင်ဆန်းစုကြည်ကို မလိမ့်တပတ် မလုပ်ဟု သခင်ယေရှုလည်း မပြောနိုင်၊ ဂေါတမမြတ်စွာလည်း ဗျာဒိတ်မပေးခဲ့…၊ အလ္လာရှင်မြတ်လည်း ကိုရမ်ကျမ်းထဲ ထည့်မရေးခဲ့သလို ညာကြမည့် သူများလားဟုလည်း မပြောနိုင်ပါ …။

အရေးကြီးပြီ ညီနောင် အပေါင်းတို့ …။
သက်ဆိုင်သူများ …
ကိုယ့်သမိုင်း ကိုယ်ရေးတာကွ ဟုဆိုကာ ကလောင်တံကြီး ထမ်းလျက် ဦးအောင်ရေးမည် ဆိုလျှင်တော့ ကိုယ်ပဲဖတ်ပြီး ကိုယ်သေလျှင် နိဌိတံသွားမည် ဖြစ်သည်ကိုလည်း သတိချပ်သင့် ကြသကဲ့သို့ န.အ.ဖ၏ ကောက်ကျစ်သော နည်းနာများဖြင့် သူတို့သေတွင်း သူတို့ကွေ့ရှောင်ရန် ကြိုးစားချက်အား ကျနော်တို့ ပြတ်သား ရှင်းလင်းစွာ မြင်နိုင်လျက် ပြည်သူတို့၏ စစ်မှန်သော လွတ်မြောက်ရေး တိုက်ပွဲတရပ်အတွက် အားမွေး လေ့လာ ညီညွတ်ရေး တည်ဆောက် အတွေးအခေါ် တရပ်ခိုင်မာစေရန် သတိရှိရှိ ခေါင်းအေးအေး အသင့်အနေအထား ရှိနေကြဖို့ လိုအပ်လှကြောင်း အားလုံးလည်း တွေးမိပြီး ဖြစ်သည်ဟု ယူဆပါသည်။

အဘယ်ကြောင့်ဆိုသော် တိုင်းပြည်တပြည် နိုင်ငံတော်တစ်ခု၏ သမိုင်းသည်ကား တဦးကောင်း တယောက်ကောင်း တဖွဲ့ကောင်းဖြင့် ပြောင်းနိုင်သည် မဟုတ်။ စစ်မှန် ထက်မြက် တည်ကြည်သော ခေါင်းဆောင်များသည် နောက်ကျော ဓားတန်းလန်း ဖြစ်နေတတ်ကြသည်ကို ၀မ်းနည်းစွာ လူသားသမိုင်းတွင် ရှိခဲ့သည်ကို ကြားနာ မှတ်သားခဲ့ရဖူး၏။

မြတ်ဘုရားသည်ပင် သင်္ကန်းဝတ်ထားသော ဒေ၀ဒတ်အား ဆက်ဆံ ပတ်သက်ခဲ့ရဖူးကြောင်း… ဘုရားမဖြစ်မီ ဘ၀ အဆက်ဆက်တွင်လည်း ဒေ၀ဒတ်မျောက်ကြောင့် ခါးကျိုးခဲ့ရသော အဖြစ်အား … မြန်မာနိုင်ငံသူ နိုင်ငံသားတို့နှင့် ဗုဒ္ဓစာပေ(ထေရ၀ါဒ)ကို လေ့လာသူများ မှတ်မိကြပါလိမ့်မည်…။

နိဂုံးချုပ် မေတ္တာရပ်ခံ လိုသည်မှာကား …
ညီနောင်အပေါင်းတို့ တိုင်းချစ်ပြည်ချစ် အပေါင်းတို့ …
မြေခွေး သုတ်သင်ရေးအတွက် ပြင်ဆင်ကြရင်း ‘မွေးဌာနီ’ သီချင်းဖြင့် စိတ်ကူးယဉ်မှုများအား ဆန်းစစ်ကြပါစို့ …။

ပြည်သူ့အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့အာဏာ ပြည်သူသာပိုင်သည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

အပြည့်အစုံသို့...

ကွန်မြူနစ်နဲ့ စစ်အာဏာရှင် ဘယ်သူ ပိုဆိုးသနည်း

ဒေါင်းတမန်
သရုပ်ဖော် - ပန်းချီတင်ကိုကိုဦး

စစ်အစိုးရ နှစ်ဆက်၏ ၄၅နှစ်ကြာ သမိုင်းကြောင်းကို ပြန်လှည့်ကြည့်လိုက်လျှင် ၄င်းတို့ ပစ်မှတ်ထားသော အဓိက ရန်သူမှာ ကွန်မြူနစ်များ ဖြစ်နေသည်ကို တွေ့ရသည်။

အမှန်ဆိုရလျှင် ကွန်မြူနစ်ပါတီသည် ၈၈ အရေးအခင်းပြီး နောက်တွင် ပါတီ မည်ကာမတ္တမျှသာ ရှိတော့သော်လည်း စစ်အစိုးရ အနေနှင့်မူ ၄င်းတို့ကို ဆန့်ကျင်နေသော ဒီမိုကရေစီ အင်အားစုများကို ကွန်မြူနစ် ယူဂျီများဟု မျက်စိမှိတ် စွပ်စွဲလို့ ကောင်းနေတုန်း ဖြစ်သည်ကို တွေ့ရသည်။

စစ်အာဏာရှင် အစိုးရ၏ သက်တမ်း တလျှောက်တွင် ကွန်မြူနစ်များ၏ မကောင်းကြောင်းများကို ရှာဖွေ၍ အကြိမ်ကြိမ် အဖန်ဖန် ရေးသား ဟောပြောပြီး ၀ါဒဖြန့်ချိရေး တိုက်ပွဲကို စွဲစွဲမြဲမြဲ လုပ်လာခဲ့သည်ကို တွေ့ရပါ သည်။ ကွန်မြူနစ်ရန်မှ ကာကွယ်ခြင်းသည်ပင်လျှင် တိုင်းပြည်ကို အန္တရာယ်ဆိုးမှ ကယ်တင်သည့် သမိုင်းပေး တာဝန် ဖြစ်သယောင် ပဏာယူနေကျလည်း ဖြစ်သည်။

၎င်းတို့၏ ကွန်မြူနစ်များ အပေါ် အပုပ်ချ စွပ်စွဲခဲ့သော အချက်များကို ကြည့်လျှင် အောက်ပါတို့ကို တွေ့ရပါလိမ့်မည်။

(၁) ကွန်မြူနစ်များသည် ဘာသာမဲ့များဖြစ်သည်။ (သို့သော် သူတို့သည် မည်သည့် ဘာသာကိုမျှ လူသိထင်ရှား ကျူးလွန် စော်ကားခြင်း မရှိခဲ့ပါ။)

(၂) သခင်သန်းထွန်းက ရွှေတိဂုံဘုရားမှ ရွှေသင်္ကန်းများကိုခွာ၍ အရည်ကျိုပစ်ပြီး နိုင်ငံတည်ဆောက် ရမည်ဟု ကြုံးဝါးခဲ့သည်ဟု ဆိုပါသည်။ (တဆင့် စကားသာ ကြားရခြင်း ဖြစ်သည်။ ခိုင်မာသော အထောက်အထား မရှိပါ။)

(၃) ယဉ်ကျေးမှု တော်လှန်ရေး၏ ဂယက်ဖြစ်သော ဖြုတ်ထုတ်သတ် အရေးအခင်းတွင် အချင်းချင်း ၀ါးရင်းတုတ်များနှင့် ရိုက်သတ်သည်အထိ ရက်စက်ကြမ်းကြုတ်မှုများ ရှိခဲ့သည် ဆိုသည်။

(၄) ခေါင်းဆောင်များ အရည်အချင်း မရှိခြင်း ဥပမာအဖြစ်၊ အရင်းကျယ်ပြီး အဖျားရှူးသော လမ်းများ တည်ဆောက် ရမည်ဟု စာအုပ်ထဲမှ ဓာတ်ပုံကို ပုံတူကူးချသည့် အဖြစ်အပျက်ကို မရိုးနိုင်အောင် ပြောခဲ့ကြသည်။

ထိုအချက်များနှင့်ပင် နအဖ အစိုးရကို ချိန်ထိုး ကြည့်ကြစို့။

(၁) နအဖ စစ်ခေါင်းဆောင် များသည် ဗုဒ္ဓဘာသာဝင်များဟု ဟန်ဆောင် ထားကြသည်။ ဘုရားတည်ခြင်း၊ အလှူအတန်း ပြုခြင်းတို့ကို တွင်တွင်ကြီးလုပ်၊ ရှိုးထုတ်ကြသည်။ (သို့သော် မိမိအာဏာကို ထိပါးလာသောအခါ သံဃာကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီး၊ သာသနာတော်ကို ညှိုနွမ်းအောင် လုပ်ရက်ခဲ့သည်မှာ ဖျက်မရသော သက်သေ အထောက်အထားများ ကျန်လေပြီ။)

(၂) နအဖ အစိုးရသည် ရွှေတိဂုံဘုရားကို မောင်ပိုင်စီးကာ အများပြည်သူ လွတ်လွတ်လပ်လပ် တက်ရောက် ကြည်ညိုခွင့်ကို ပိတ်ပင်သည်။

(၃) နအဖ သည် လက်နက်မပါသော လူထုကို အနီးကပ် ပစ်သတ်ရုံသာမက။ မသေသေးသော သူကိုပင် မီးသင်္ဂြုံဟ်စက်ထဲ ထည့်ခိုင်းသည်အထိ ရက်စက်ပါပေသည်။

(၄) ၄င်းတို၌ အရည်အချင်း မရှိပုံကို အထူးတလည် ပြောဖို့မလိုပါ။ ၄င်းတို့ လက်ထက်မှာ သယံဇာတ ကြွယ်ဝသော၊ လူ့အရင်းအမြစ် တောင့်တင်းသော ကျနော်တို့ တိုင်းပြည် ဖြူကာပြာကာ ကျသွားသည်ကိုသာ ကြည့်လိုက်ကြပါတော့။ (အကောင်းဆုံး ဥပမာကို ပြောရရင်တော့ PH7 ထက်များတဲ့ ရေကို ထုတ်ခိုင်းတဲ့ ခေါင်းဆောင်ကြီးကို ပြရမှာပဲ။)

နိဂုံးအနေနဲ့ ပြောရရင် ကျနော် ကွန်မြူနစ် မဟုတ်ပါခင်ဗျား။ နအဖနှင့် ဗကပ ဘယ်သူ ပိုဆိုးသလဲဆိုတဲ့ မေးခွန်းလေး ခေါင်းထဲဝင်လာလို့ ယှဉ်ထိုးကြည့်မိခြင်း ဖြစ်ပါသည်။
မိတ်ဆွေများကော ဘယ်လို ယူဆပါသလဲ။

ဒေါင်းတမန်

အပြည့်အစုံသို့...

ကျွဲပါးစောင်းတီး

ပေးပို့သူ - သန့်စင်ဦး

အပြည့်အစုံသို့...

Friday, November 9, 2007

နအဖ ဒေါက်တိုင်တွေကို ဖြို၊ တရုတ် အိုလံပစ်ကို သပိတ်မှောက်

ဒေါက်တာလွဏ်းဆွေ

စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံ ကတော့ နအဖ စစ်ခွေးဘီလူးတွေရဲ့ လူမဆန်တဲ့ နှိပ်ကွပ် နှိမ်နင်းမှုတွေ ကြောင့် အခိုက်အတန့်အားဖြင့် ရပ်တန့် ငြိမ်သက်သွားသလို ဖြစ်နေပါတယ်။ ဒါပေမယ့် အပြီးတိုင် ရပ်တန့် ငြိမ်သက် သွားတယ်လို့တော့ တပ်အပ် ပြောလို့မရပါဘူး။ အကြောင်းကတော့ အခု ရပ်တန့် ငြိမ်သက်သွားတဲ့ အခြေအနေက ၁၉၈၈ စက်တင်ဘာ (၁၈)ရက်မှာ န၀တစစ်အုပ်စု အာဏာသိမ်းပြီး ပစ်ခတ်ဖြိုခွင်း ခဲ့စဉ်တုန်းက ငြိမ်သက် သွားခြင်းမျိုးနဲ့ မတူလို့ပါပဲ။

၁၉၈၈ စက်တင်ဘာတုန်းက အာဏာသိမ်းပြီး တက်လာတဲ့ န၀တ စစ်အုပ်စုအနေနဲ့ ဆန္ဒပြပွဲတွေကို ပစ်ခတ် နှိမ်နင်းပြီး နောက်ပိုင်းမှာ (ဟုတ်တာ မဟုတ်တာ အပထား) ပြည်သူလူထုကို မျှော်လင့်ချက်တွေနဲ့ ချွေးသိပ်ပြီး ငြိမ်သက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ န၀တဟာ မဆလ အရေခြုံ စစ်အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရ တရပ်ပဲမို့ လူထုအနေနဲ့ လုံးဝ မနှစ်မြို့တာကတော့ အမှန်ပါ။ ဒါပေမယ့် ဘယ်လို အပြောင်းအလဲတွေများ လုပ်ပေးလေမလဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ငြိမ်သက်သွားတာ ဖြစ်ပါတယ်။

အာဏာသိမ်း န၀တစစ်အုပ်စုက ပြည်သူတွေ အပေါ် ဘယ်လို မျှော်လင့်ချက်တွေ ပေးခဲ့တာလဲဆိုတော့ …
(၁) နိုင်ငံရဲ့ စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးပုံစံ ပြောင်းလဲ ကျင့်သုံးမယ်လို့ ကြေညာခြင်း
(၂) နိုင်ငံရေး ပါတီများကို လွတ်လပ်စွာ မှတ်ပုံတင် ဖွဲ့စည်းခွင့်ပေးခြင်း
(၃) တနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးပြီး အနိုင်ရတဲ့ ပါတီကို အာဏာလွှဲကာ စစ်တန်းလျားကို ပြန်မယ်လို့ ကတိက၀တ် ပြုခြင်း
… စတဲ့ မျှော်လင့်ချက်တွေ ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို ကြေညာပြီး အာဏာသိမ်း ခဲ့တာဆိုတော့ ပြည်သူ လူထုကလည်း ဟုတ်လေနိုးနိုး ဆိုတဲ့ စောင့်စားမှုတွေနဲ့ ငြိမ်သက်သွားခဲ့တာ ဖြစ်ပါတယ်။

အခု စက်တင်ဘာ အရေးတော်ပုံကို ပစ်ခတ်နှိမ်နင်းပြီး နောက်ပိုင်း ငြိမ်သက်သွားပုံ ကတော့ ၈၈ တုန်းက ပစ် ခတ်နှိမ်နင်းပြီး နောက်ပိုင်း ငြိမ်သက်သွားသလိုမျိုး မဟုတ်ပါဘူး။ ပြည်သူလူထု အနေနဲ့ အမှန်တကယ် ငြိမ်သက်သွားပြီလို့ကို ပြောလို့မရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုအနေအထားက ပစ်ခတ် နှိမ်နင်းပြီး နောက်ပိုင်း လူထုလိုလားတဲ့ အစိုးရသစ်တရပ် ပေါ်ထွန်းမလာတဲ့အပြင် လူထု မုန်းတီးစက်ဆုပ်တဲ့ နအဖစစ်အစိုးရပဲ ဆက်လက် တည်ရှိနေတာက လူထုကို အကြီးအကျယ် ဒေါသဖြစ်နေစေလို့ပါပဲ။ အဲသလို လက်ရှိ စစ်အုပ်စုအပေါ် လူထုက အော့နှလုံးနာ ရွံရှာ မုန်းတီးနေတဲ့ အကြောင်းတရားတွေထဲမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထား ကိုးကွယ်ဆည်း ကပ်တဲ့ ရတနာသုံးပါးထဲက တပါးဖြစ်တဲ့ ရဟန်းသံဃာတွေကို ရိုက်နှက်ဖမ်းဆီး ညဉ်းပန်းနှိပ်စက် ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ လူမဆန်တဲ့ လုပ်ရပ်က အဓိက အကြောင်းတရား ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အဲဒီလူမဆန်လုပ်ရပ်ဟာ အဆိုးဝါးဆုံးနဲ့ ခွင့်မလွှတ်နိုင်ဆုံး ပြစ်မှုကြီးအဖြစ် မြန်မာပြည်သူတွေရဲ့ ရင်ထဲကို ဆူးကြီးကြီးတချောင်း စူးဝင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ နအဖ စစ်အုပ်စုအနေနဲ့ ဒေါသအမျက် ချောင်းချောင်း ထွက်နေတဲ့ ပြည်သူလူထု ရင်ထဲက မကျေနပ်မှု ဆိုတဲ့ ဧရာမ အစိုင်အခဲကြီးကို ပြေပျောက်အောင် ဖြေရှင်းဖို့ မကြိုးစားဘဲ (ကြိုးစားလည်း မြန်မာပြည်သူ လူထုက ဘယ်သောအခါမှ ခွင့်လွှတ်တော့မှာ မဟုတ်ပါဘူး) ဘယ်လို လှန့်လုံး လိမ်လုံး ညာလုံးတွေနဲ့ လှည့်စားဦးမလဲ၊ အဲဒီလို လိမ်ညာဖို့လည်း အခွင့်အရေး ရပါတော့ဦးမလား ဆိုတာတွေဟာ အတော် စိတ်ဝင်စားဖို့ ကောင်းတဲ့ မေး ခွန်းတွေပါ။ နအဖ စစ်အုပ်စုဆိုတာ န၀တကို အရေခွံလဲပြီး အုပ်ချုပ်နေတဲ့ စစ်အုပ်စုပဲဖြစ်လို့ အမည်နာမတွေ ဘယ်လိုပဲ ပြောင်းပြောင်း လူလိမ်တွေ အဖြစ်ပဲ အားလုံးက သိနေကြတာပါ။ ကုလားကြီးနဲ့ အရာကြီးလို အခေါ်အဝေါ်ပဲ ကွာသွားတာပါ။ ၁၉နှစ်ကျော် ကာလတလျှောက်လုံး ပြည်တွင်းကိုရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ မျက်နှာပြောင်ပြောင်နဲ့ အမျိုးမျိုး လှည့်စား အချိန်ဆွဲပြီး အရှက်မရှိ အုပ်ချုပ်နေတဲ့ သူတွေမို့ လူလိမ်တွေလို့ ပြောရတာ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်အုပ်စုအပေါ် အယုံအကြည် အကင်းမဲ့ဆုံး အချက်ကတော့ သူတို့ကိုယ်တိုင် ကမ္ဘာသိ ဦးစီး ကျင်းပပေးခဲ့တဲ့ ၁၉၉၀ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်မပေးဘဲ မျက်နှာပြောင်တိုက် အုပ်ချုပ်နေတာကိုပါ။ ဒါ့အပြင် စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကို အပြစ်မဲ့ ဖမ်းဆီးထောင်ချတဲ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဒီပဲယင်း လူသတ်ပွဲကြီးနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာတွေဟာ လူထုရဲ့ အယုံအကြည်ကင်းမဲ့မှုကို တိုးပြီး ခံယူရရှိစေခဲ့တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ အဲသလို အနေအထားမျိုးမှာ သူတို့ ဇွတ်တရွတ် ကျင်းပပြုလုပ်နေတဲ့ အတုအယောင် အမျိုးသားညီလာခံနဲ့ လမ်းပြမြေပုံ (၇)ချက်ကို လူထုက လုံးဝ အယုံအကြည် မရှိခြင်းဟာ ထူးဆန်းတဲ့အချက် မဟုတ်တော့ပေဘူးပေါ့။

အဲသလို အယုံအကြည်ကင်းမဲ့မှု ဂိတ်ဆုံးနေတဲ့အချိန်မှာ အခုလို ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်း စီးတန်း လှည့်လည်ကြတဲ့ အပြစ်မဲ့ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီး ညဉ်းပန်း နှိပ်စက် ပစ်ခတ် သတ်ဖြတ် လိုက်တာဟာ စစ်အုပ်စုနဲ့ ပြည်သူအကြား ရန်ငါစည်းကို အပြတ်ခြားလိုက်သလို ဖြစ်သွားခဲ့ပါတော့တယ်။

ဒီစက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံမှာ ၈၈နဲ့မတူ တမူထူးခြားတာက အင်တာနက် ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုတွေရဲ့ ကောင်းကျိုးကြောင့် နအဖစစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို နေ့ချင်းညချင်း နိုင်ငံတကာက သိအောင် အသေးစိတ် မှတ်တမ်းတင် ဖွင့်ချနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေကြောင့်ပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး မြန်မာနိုင်ငံ အကြောင်း ဆွေးနွေးရ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မူလသတ်မှတ်ထားတဲ့ အချိန်ဇယားထက် စောပြီး မြန်မာနိုင်ငံကို အရေးပေါ် စေလွှတ်ရ ဆိုတာမျိုးတွေ ဖြစ်လာခဲ့ရတာပါ။

အဲဒီ အထောက်အထား တွေကြောင့်ပဲ စစ်အုပ်စုအနေနဲ့ နိုင်ငံတကာကို ဆက်ပြီး လိမ်ညာလှည့်ဖျားဖို့ မ ဖြစ်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့တာပါ။ အခုဆိုရင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပါမယ်ဆိုတဲ့ လေသံတွေတောင် စစ်အုပ်စုဘက်က ဟလာရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးစရာ အကြောင်းလုံးဝမရှိဘူးလို့ တလျှောက်လုံး အပေါ်စီးက ပြောကြားခဲ့တဲ့ စစ်အုပ်စုအနေနဲ့ ဖိအားတွေ ပိုပိုများလာတဲ့ အတွက် အသက်ရှူချောင်အောင် ထွက်ပေါက်ရှာလာတဲ့ သဘောလို့ ယူဆရပါတယ်။ အခုဆိုရင် အမေရိကန်၊ အီးယူ၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု တွေကလည်း ပိုမိုပြင်းထန် လာတဲ့အတွက် နအဖစစ် အုပ်စုရဲ့ ရပ်တည်ရေးဟာ ပိုလို့ အကျပ်အတည်း ဆိုက်လာတာကို တွေ့နေရပါပြီ။

ဒါပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံ တချို့ကတော့ စစ်အုပ်စုအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး လူမဆန်တဲ့ စစ်အုပ်စုနဲ့ အပြုသဘော ဆက်ဆံလိုတဲ့ အရိပ်အယောင်တွေ ပြောဆိုနေတာကို တွေ့ နေရဆဲ ဖြစ်ပါတယ်။ အဆိုးဆုံး ကတော့ တရုတ်အစိုးရပါပဲ။ တရုတ်အစိုးရဟာ မြန်မာပြည်အရေးကို ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်လို့ တလျှောက်လုံး ပြောဆိုရင်း သူချည်းပဲ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ကာ စစ်အုပ်စုကို ကျောထောက်နောက်ခံ ပြုနေတာ အထင်အရှား တွေ့နေရပါတယ်။ ဒါဟာ မြန်မာပြည် အရေးအပေါ် စေတနာ မမှန်တဲ့ တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ လိုအပ်နေတယ် ဆိုတာကို ပြဆိုနေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် လူမဆန်တဲ့ စစ်အုပ်စုကို အထောက်အကူ ပြုနေတဲ့ တရုတ်အစိုးကို အရှက်တကွဲ အကျိုးနည်းစေမယ့် အကြောင်းတရား ကလည်း ထင်ထင်ရှားရှား တွေ့မြင်နေရပါပြီ။ ဒါကတော့ ၂၀၀၈ခုနှစ်မှာ ကျင်းပမယ့် ပီကင်းအို လံပစ် ပွဲတော်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ တက်ညီလက်ညီ ၀ိုင်းဝန်း သပိတ်မှောက်အောင် လုပ်ဆောင်ကြဖို့ပါပဲ။ ဖြစ်နိုင်ရင် နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေနဲ့ နအဖသံရုံးတွေရှေ့မှာ တပတ်တခါလောက် သွားပြီး အင်တိုက်အားတိုက် သပိတ်မှောက် ဆန္ဒပြကြရမှာ ဖြစ်ပါတယ်။ ဒါမှ လူမဆန်တဲ့ စစ်အုပ်စုအပေါ် တရုတ်အစိုးရရဲ့ အထောက်အကူ ပြုနေမှုတွေ လျော့ပါးပြီး စစ်အုပ်စုကို တရုတ်က ဖိအား ပိုပေးလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ အင်အားစုတွေ တက်ညီလက်ညီ လုပ်ဆောင်ရမယ့် ထိရောက်တဲ့ တိုက်ကွက်တခု ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ ဖိအားကလည်း တိုးမြင့်လာမှာ ဖြစ်တဲ့အတွက် လိမ်ဖို့ အချိန်ဆွဲဖို့ ကြိုးစားချင်နေသေးတဲ့ စစ်အုပ်စုအနေနဲ့ ဘေးကျပ်နံကျပ်ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဈေးမဆစ်ဘဲ တွေ့ဆုံဆွေးနွေးရမယ့် အခြေအနေကို မလွဲမသွေ ဆိုက်ရောက်လာမှာပါ။ ဒါပေမယ့် ဒီအခြေအနေတွေကို ပြည်တွင်းက ပြည်သူလူထုအနေနဲ့ လက်ပိုက်ပြီး စောင့်စားနေလို့ မရပါဘူး။ ပြည်တွင်းမှာလည်း လူတဦးချင်း၊ တဖွဲ့ချင်းအလိုက် စစ်အုပ်စုကို ကျားကန်ပေးနေတဲ့ နအဖ လက်ကိုင်တုတ် စစ်သား၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ သတင်းပေးတွေကို ကိုယ့်ရှိသမျှ အကြံဥာဏ်၊ ကိုယ့်ရှိသမျှ အင်အားနဲ့ အလစ်အငိုက် ဖြိုချတာတွေ၊ အခွင့်အရေးရရင် ရသလို အလစ်အငိုက် ဆန္ဒပြ သပိတ်မှောက်တာတွေ လုပ်ဆောင်ပြီး စစ်အုပ်စုကို ဆက်လက် ဖိအားပေးနေဖို့ လိုပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ ၂၀၀၇- စက်တင်ဘာ အရေးတော်ပုံရဲ့ အားပြင်းတဲ့ ထိုးနှက်ချက်ကြောင့် မြန်မာ ပြည်ကို ၄၅နှစ်ကျော် ခြေကုပ် ဖက်တွယ်နေခဲ့တဲ့ စစ်အာဏာရှင် သစ်မြစ်ဆွေးကြီးဟာ အပေါ်ကို သိသိသာသာ ကြွတက်လာပါပြီ။ အဲဒီကတဆင့် မကြာမတင်မှာ ဗုံးဗုံးလဲပြိုတဲ့ အခြေအနေ ရောက်အောင် …
(၁) ပြည်တွင်းမှာရှိတဲ့ နအဖ ဒေါက်တိုင်တွေကို ဖြိုချမှု၊ အလစ်အငိုက် သပိတ်မှောက် ဆန္ဒပြမှု
(၂) နိုင်ငံတကာ ဖိအားတွေ တိုးသထက် တိုးအောင် ၀ိုင်းဝန်း အထောက်အကူပြုမှု
(၃) စစ်အုပ်စုကို ကျားကန် ပေးနေတဲ့ တရုတ်အစိုးရ အရှက်တကွဲ အကျိုးနည်းစေဖို့ ၂၀၀၈ ပီကင်းအိုလံပစ်ကို တကမ္ဘာလုံးက သပိတ်မှောက်အောင် တက်ညီလက်ညီ ကြိုးပမ်းမှု … စတဲ့ အင်အားတွေနဲ့ အပြီးတိုင် တွန်းလှဲ ဖြိုချပစ်ရမှာဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

(ယနေ့ ၉-၁၁-၂၀၀၇နေ့ထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါး ဖြစ်ပါသည်)

အပြည့်အစုံသို့...

မေဃ၀တီ၊ ကြခတ်ဝိုင်းနှင့် မင်းခရဟန်း၊ ကမ်းနားသစ်ပင်

ဒေါင်းတမန်

(၁)

မြန်မာစာပေတွင် မင်းခယောက်ျား ဟူသော စကားသာ ရှိခဲ့ပေသည်။ ယခုမှ မင်းခရဟန်း ဟူသော စကားကို တီထွင်ရမည့် အခြေအနေမျိုး ဆိုက်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ကြခတ်ဝိုင်း ဆရာတော် ကဲ့သို့သော နအဖ မင်းတရားကြီး အကျိုးအတွက်ဆိုလျှင် ရွပ်ရွပ်ချွံချွံ နာမည်ပင် သေသေ အမှုတော် ထမ်းရွက်မည့် ဆရာတော်ကြီးများ အကြောင်းကို ကြားနေ ဖတ်နေရသောကြောင့် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ရာဇ၀င်တွင် အုပ်စိုးသူ မင်းအပေါ် သြဇာညောင်းသော သာသနာပိုင်များ၊ မင်းဆရာများ အကြောင်းသာ ဖတ်ဖူးခဲ့ပါသည်။ ဘုရင်၏ အမိန့်ကို နာခံခဲ့ ၊ ခိုင်းဖတ်ဖြစ်ခဲ့ရသော ဆရာတော်ကြီးများ အကြောင်း ကိုမူ မမှတ်သားမိခဲ့ဖူးပါ။ ယခုမူ ရာဇ၀င်တွင် စာတင်လောက်စရာ အာဏာရှင်များ၏ လက်ညှိုးထောင် ခေါင်းညိတ် ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုတာ ပေါ်ထွက်လာခဲ့ပါပြီ။

အကြင်မင်းမှုထမ်း တဦးသည် အမှုတော်ကို ဦးဆွေးဆံမြည့် သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့လျှင် မင်းဖြစ်သူက မြှောက်စား၍ မင်းစိုးရာဇာအပါး အနီးကပ် ခစားခွင့် ရတော့သည်။ ထိုသူအား မင်းခယောင်္ကျားဟု ခေါ်ကြလေသည်။ အနှီကဲ့သို့ မင်းအပါး ခစားနေသည်မှာ ရဟန်းတော်များ ဖြစ်သည်ကို ယခုလို တွေ့မြင်ကြရသောအခါ မင်းခရဟန်း ဟုသာ ဆိုထိုက်လှပေစွ။

စက်တင်ဘာ သပိတ်မှောက် ကံဆောင်ပွဲကြီးတွင် အနှီရဟန်းတို့သည် ရဟန်းဘ၀ တလျှောက်လုံး မိမိတို့ကို ဆွမ်းကပ်ခဲ့သော ဒကာပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှု၍ အာဏာရှင်များ ဘက်သို့လိုက်ကာ ရုပ်သေးရုပ်ပမာ အသုံးတော်ခံ ပါလေသည်။ ဘ၀တူ ဘုရားသားတော် ရဟန်းများ သွေးမြေကျရသည်ကိုပင် ကန့်ကွက် ဖြောင်းဖျရမှန်း သတိမရဘဲ မျက်စိမှိတ်၊ ပါးစပ်ပိတ် နေနိုင်ရက်ပါပေသည်။

နီးရာဓားကို ကြောက်ရသောကြောင့် အာဏာရှင်များ အငြိုအငြင်ကို မခံရဲခြင်းပေလောဟု ဖေးဖေးမမ တွေးဆ ကြည့်မိသော်လည်း ထိုအချက် တခုတည်းကြောင့်ဟု ဆို၍ မရစကောင်းချေ။ ကြခတ်ဝိုင်း အပါအ၀င် အလိုတော်ရိ ဆရာတော်ကြီးများတွင် ထောက်ထားစရာ အခြားကိစ္စများလည်း ရှိနေနိုင်ပါသည်။ ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုလျှင် ဘဏ်တွင် အပ်နှံထားမိသော ငွေသိန်းပေါင်း ၃၇၀၀၀ကျော် (နအဖ ငြိုငြင်လျှင်) ဆုံးရှုံးမည့် ကိစ္စမျိုး ပူပင်ကောင်း ပူပင်ပါလိမ့်မည်။

အခြား ဆရာတော်ကြီးများ ဆိုလျှင်လည်း နာယက ရာထူးများမှ လျောကျမည့်အရေး
တွေးပူကောင်း ပူပေလိမ့်မည်။ သို့မဟုတ် နအဖတွင် ဆရာတော်ကြီးများကို အိတ်ထဲ အပိုင်ထည့်ထား နိုင်လောက်အောင် အကျပ်ကိုင် ထားနိုင်သည့် ကျွန်တော်တို့ မသိသော အောက်လမ်းနည်းများလည်း ရှိနေနိုင်ပါသည်။

မည်သို့သော အကြောင်းကြောင့်ပင် ဖြစ်စေ ထိုဆရာတော်ကြီးများ ကလည်း ကိုယ့်လမ်းကို ကိုယ်ရွေးသွားကြပါသည်။ နောင်တွင်သာ မိမိတို့ တာဝန်မကျေခဲ့မှုကြောင့် မိမိတို့၏ ရဟန်းငယ်သားများ ခိုမှီရာမဲ့ ဖြစ်ခဲ့ရခြင်း၊ ကျောင်းများ ဖျက်ဆီးခံခဲ့ရခြင်း၊ ဘာသာ၊ သာသနာ အစော်ကား ခံခဲ့ရခြင်းတွေ အားလုံးအတွက် နောင်တမရကြပါစေနဲ့ ဟုသာ ကျနော်တို့ ဆုတောင်းကြရန် ရှိပါသည်။

(၂)

ထိုသို့သော မင်းဆရာများ၏ ကံကြမ္မာအကြောင်း ဆက်ပြီး တင်ပြ လိုပါသေးသည်။

တခါက ဗိုလ်ချုပ်ခင်ညွန့် ကိုးကွယ်ခဲ့သော မေဃ၀တီ အမည်ရှိ ဆရာတော်ကြီး တပါး ရှိခဲ့ဖူးပါသည်။ ထိုဆရာတော်ကြီးသည် အင်းအိုင်လက်ဖွဲ့ အစီအရင် အင်မတန် တော်သည်ဟု နာမည်ကြီးပါသည်။ ယခင်က သင်္ကန်းကျွန်းတွင် မထင်မရှား သီတင်းသုံးခဲ့ရသော ထိုဘုန်းကြီးမှာ သူပေးခဲ့သော အစီအရင်တခု အပေါက်အလမ်း တည့်သွားသောကြောင့် ဗိုလ်ချုပ်ခင်ညွန့်က မြှောက်စားသည်တွင် ဗွီအိုင်ပီဘုန်းကြီး နေ့ချင်းညချင်း ဖြစ်သွားပါတော့သည်။

ထို့နောက် မေဃ၀တီ ကျောင်းလည်း ခမ်းနားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့် ပတ်သက်လိုသူများကလည်း အခွင့်အရေး ရလိုရငြား ဘုန်းကြီးကျောင်းသို့ ၀င်ထွက်ကြသည်။ ထိုကျောင်းဝင်း အတွင်းတွင် လာသမျှ ဧည့်သည်မပြောနှင့် ကပ္ပိယ လက်ထဲတွင်ကအစ လက်ကိုင်ဖုန်း ရှိသည်။ လာသမျှ ဧည့်သည်အားလုံးကို နေ့တိုင်း သတ်သတ်လွတ်ထမင်း ကျွေးနိုင်သည်။ ဆရာတော်ကြီးကလည်း သူဘုန်းတန်ခိုး ကြီးလာသလို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေဖို့ သူစွမ်းသလောက် အစီအရင်တွေ ဆက်လုပ်ပေးနေခဲ့တာပါပဲ။

သူတို့ တန်ခိုးမှိန်ချိန် ရောက်လာတော့ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင် သုံး၊ လေး ရက် အလိုမှာ ဆရာတော်ကြီး နှလုံးသွေးကြော ပိတ်တယ်လို့ ဆိုပါတယ်။ အိပ်ရာထဲ ဘုံးဘုံးလဲပါတယ်။ သတင်းမေး လာကြသူတွေ ဆိုတာ ကျောင်းနဲ့ အပြည့်ပါပဲ။ ဆရာတော်ကြီး မီးစာကုန်လို့ပဲ ခင်ညွန့်ရဲ့ ဘုန်းကံပျောက်သလား မဆိုနိုင်ဘူး။ နောက်သုံးလေးရက် အကြာမှာ ခင်ညွန့် ပြုတ်ပါတယ်။ ခင်ညွန့်လည်း ပြုတ်ရော ဆရာတော်ကြီး အနားမှာ ၀ိုင်းနေခဲ့တဲ့ ဒကာတွေလည်း ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပါပဲ။ ခြွေရံသင်းပင်းနဲ့ နေ ရတာ သာယာနေတတ်တဲ့ ဆရာတော်တွေအတွက် ဆိုရင်တော့ အကြီးအကျယ် သံဝေဂစရာပါ။

ဆရာတော်ကြီးကတော့ ခဏတဖြုတ်တော့ ထူထောင် လာပါသေးတယ်။ ဒါပေမယ့် တပည့်အတွက် စိတ်ထိခိုက်လို့ပဲ ရောဂါထပ်ဖောက် သွားသလား၊ တပည့်နဲ့ ကံကြမ္မာတူပဲ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် နှိပ်ကွပ်ခြင်း ခံရမှာကိုပဲ လန့်သွားလို့လား မဆိုနိုင်ဘူး။ နောက်လေးငါးရက် အကြာမှာ ပျံလွန် တော်မူသွားပါတယ်။ ဘုန်းကြီးပျံပွဲကိုတောင် နအဖက အကြီးအကျယ် လုပ်ခွင့်မပေးလို့ အကျဉ်းရုံး လုပ်ခဲ့ရပါတယ်။

(၃)

မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင် … တဲ့။
မင်းဧကရာဇ်အပါး ခစားတဲ့ အစေအပါး ကျွန်ယုံတွေရဲ့ ဘ၀ဟာ ခိုင်မြဲလေ့ မရှိပါဘူး။
အဲဒီလိုပဲ မင်းခရဟန်း … တဲ့
ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ကြပါစို့လား ခင်ဗျာ …။

ဒေါင်းတမန်

အပြည့်အစုံသို့...

လားပေါင်းများစွာနှင့် မြည်းမိုက်တစု

တုတ်ကြီး(ခေတ္တ တာဝတိံသာ)

လူထုနဲ့ ကုလသမဂ္ဂကို ချွေသိပ်တာလား တပ်မတော်ကို ချွေသိပ်တာလား ….။

ကုလသမဂ္ဂပြောတဲ့ တွေ့ဆုံဆွေးနွေးရေး … ။
န.အ.ဖ ဖန်တီးယူနေတဲ့လမ်း…။ ပြည်သူလူထုရဲ့ ပကတိ နေ့စဉ်ဘ၀ ...။ အဖမ်းဆီးခံ တိုင်းချစ်ပြည်ချစ်များ ...။
စစ်အာဏာရှင် အဆက်ဆက် ပုခုံးပြောင်း သတ်ဖြတ်ယုတ်မာမှုများ …။

ဆိုကြပါစို့ ..။ တွေ့ကြမယ် … ဘယ်လို အခြေအနေမျိုးပေါ် အခြေခံပြီး တွေ့ကြမှာလဲ ...။
အဖမ်းဆီး ခံနေရဆဲ အခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည်က န.အ.ဖ လာစေဆို လာလိုက် ပြန်စေဆို ပြန်ပြီး ဆက်လက်ပြီး အဖမ်းခံလိုက် အနေအထားနဲ့လား …။

ပါတီခေါင်းဆောင် တစ်ဦးအနေဖြင့် သူမ၏ ပါတီမှ သဘောထား တစ်စုံတစ်ရာအပေါ် သူမအနေဖြင့် ဘယ်မျှလောက်အထိ တီးမိခေါက်မိ ထဲထဲဝင်ဝင် သိခွင့်ရပြီး ဖြစ်ပါသနည်း။ ပြည်သူ့မျက်နှာ ငဲ့ကွက်ပြီးသာ တွေ့ဖို့အတွက် အကြမ်းဖျင်း သဘောတူလိုက် ရသလား …။
အဲသလို တွေ့ဆုံမှုကိုရော real time မှာ ပြည်သူနဲ့ ကမ္ဘာကို ပေးသိဖို့ န.အ.ဖ သတ္တိ ရှိပါသလား …။
ကျန်သည့် ပါတီအဖွဲ့ အစည်းများ။ တောတွင်း လက်နက်ကိုင် အင်အားစုများကို ဖိတ်ခေါ်ဆွေးနွေးသည် ဆိုသည့်အဆင့် … အဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်များ ရဟန်းသံဃာများကို အသာထားလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
ထောင်သွင်း အကျဉ်းချ ခံနေရသော ဗဟိုအဆင့် တိုင်းအဆင့် ပြည်နယ်အဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ပါတီဝင်များကိုရော
န.အ.ဖ လွှတ်ပေးလိုက်ပြီလား..။

ဓားမိုး သေနတ်တေ့ပြီး တံခါးပိတ်လျက် တပ်မတော် ပြည်သူနှင့် ကမ္ဘာကြီးအား ခပ်တည်တည် လိမ်လည်ရေးအတွက် န.အ.ဖ ၏ ပြင်ဆင်ချက်များဖြင့် Roadmap အား အတည်ဖြစ်အောင် ဘက်ပေါင်းစုံက န.အ.ဖ အနေဖြင့် တကယ် ပြင်ဆင်ပြီးပြီလား …။

န.အ.ဖ အနေဖြင့် ကမ္ဘာကို လှည့်လို့ ရကောင်း ရပါလိမ့်မည်။ တပ်မတော်မှ အစိတ်အပိုင်း တချို့ကို လှည့်လို့ ရကောင်း ရပါလိမ့်မည်။ သို့သော် ပြည်သူနှင့် ပြည်သူ့အတွက် ဘ၀ပေး အသက်ပေး တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ လူမသိသူမသိ အညတရ တိုင်းချစ်ပြည်ချစ် လူကြီးလူငယ် အရွယ်ဟူသမျှဖြင့် သံဃာတော်တို့အား အပ်ချလောင်း အော် … ပုဝါနက်လေးဖြန့် လဒပေါက်လေး တစ်ကောင် လက်ထဲ ကိုင်ပြကာ … ဆက်လက် လိမ်ညာနေရန် ဆိုသည်ကား စိတ်ကူး မယဉ်ပါလေနှင့် …။

ပြည်သူလူထုကြီး တရပ်လုံးနှင့် ပြည်သူလူထုကို ချစ်မြတ်နိုး ယုံကြည်သည့် တပ်မတော်အတွင်း အစိတ်အပိုင်းများ အပါအ၀င် မည်သည့် အင်အားစုမဆို (အချောင်သမားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များအား တဂိုဏ်းထဲ ထားပါသဖြင့် ၄င်းတို့အား ထည့်မပြောတော့ပါ) မိမိတို့၏ တိုင်းပြည်နှင့် လူမျိုး ဇာတိမာန် ဂုဏ်သိက္ခာနှင့် အနာဂတ် ကောင်းမွန် သာယာမှုအတွက်
မျက်ခြေမပြတ် လေ့လာမှုရှိရှိ စောင့်ကြည့်ကာ လိုအပ်လာလျှင် လက်ဦးမှုရှိရှိ အလုပ်သဘောအရ ပြတ်သားစွာ ဆောင်ရွက်နိုင်ရေး အတွက် သတိအသင့်ရှိကြပါဟု နိဂုန်းချုပ်အနေဖြင့် သတိပေး မေတ္တာရပ်ခံ အပ်ပါသည်။

ပြည်သူ့အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့အာဏာ ပြည်သူသာပိုင်သည်။

တုတ်ကြီး(ခေတ္တ တာဝတိံသာ)

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂန်ဘာရီ တွေ့ဆုံ

သတင်း - ဧရာဝတီ (၈-၁၁-၂၀၀၇)
ကုလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ၎င်း၏ ခရီးစဉ် ပြီးဆုံးသည့် ယနေ့ မပြန်ခင် နာရီပိုင်းအလိုတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။
စစ်အစိုးရ၏ အကျယ်ချုပ် ချထားသော နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံပေးရန် အာဏာပိုင်များက ကားသုံးစီးဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် အစိုးရ ဧည့်ဂေဟာသို့လာရောက် ခေါ်ဆောင်သွားခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အတည်ပြုကြောင်း အေပီ သတင်းက ရေးသားသည်။
၎င်းတို့ ၂ ဦး အချိန် ၁ နာရီခန့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြန်ပို့ခဲ့ပြီး မစ္စတာ ဂန်ဘာရီမှာမူ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက် ထွက်ခွာသွားကြောင်း၊ ဆွေးနွေးမှု အသေးစိတ်ကို မသိရှိရကြောင်း သတင်းက ဖော်ပြသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း မစ္စတာဂန်ဘာရီသည် အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညွန့်ဝေတို့ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
လွန်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအား စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲမှုများ အပြီး စက်တင်ဘာ လကုန်ပိုင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ရောက်ရှိလာသော မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ၂ ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီး ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။
မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ၅ ရက်ကြာခရီးစဉ် ပြီးဆုံးချိန်အထိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
မစ္စတာ ဂန်ဘာရီသည် ယခင်တခေါက် မြန်မာနိုင်ငံမှ ပြန်သွားပြီးနောက် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲမှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြချက်ကို မကြာသေးခင်က မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဝေဖန်ပြောကြားသည်။
နိုင်ငံတကာက စိုးရိမ်နေသော ရှေ့မတိုး နောက်မဆုတ်သာ မြန်မာ့နိုင်ငံရေး ပြေလည်ရေးအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ယခုက စတင်စီစဉ်ရန် မစ္စတာ ဂန်ဘာရီက ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း အကြံပြုခဲ့ ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လွန်ခဲ့သော စက်တင်ဘာလ အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲပြီးနောက် မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံကို လာရောက်ခြင်း၏ မူလ ရည်ရွယ်ချက်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး ရန်ဖြစ်သည်။
ကုလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာဂန်ဘာရီ၏ ယခုခရီးစဉ်တွင် တိုးတက်မှု နည်းပါးသည့် အတွက် စိုးရိမ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ဖော် ပြောကြားထားသည်။
မစ္စတာ ဂန်ဘာရီသည် ယခုခရီးစဉ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတွင် တွေ့ဆုံကာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများ လူမှုရေး အသင်းအဖွဲ့များနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံခဲ့သည်။

Statement by Mr. Gambari on behalf of Daw Aung San Suu Kyi
8 November 2007

As you know, I have just completed a mission to Myanmar from 3 to 8 November, where I met today with Daw Aung San Suu Kyi. In my capacity as Special Adviser to the Secretary-General for Myanmar, I was authorized by Daw Aung San Suu Kyi to make the following statement on
her behalf:

• I wish to thank all those who have stood by my side all this time, both inside and outside my country. I am also grateful to the Secretary-General of the United Nations, Mr. Ban Ki-moon, for his unwavering support for the cause of national reconciliation, democracy and human rights in my country.

• I welcome the appointment on 8 October of Minister Aung Kyi as Minister for Relations. Our first meeting on 25 October was constructive and I look forward to further regular discussions. I
expect that this phase of preliminary consultations will conclude soon so that a meaningful and timebound dialogue with the SPDC leadership can start as early as possible.

• In the interest of the nation, I stand ready to cooperate with the Government in order to make this process of dialogue a success and welcome the necessary good offices role of the United Nations to help facilitate our efforts in this regard.

• In full awareness of the essential role of political parties in democratic societies, in deep appreciation of the sacrifices of the members of my party and in my position as General Secretary, I will be guided by the policies and wishes of the National League for Democracy. However, in this time of vital need for democratic solidarity and national unity, it is my duty to give constant and serious considerations to the interests and opinions of as broad a range of political organizations and forces as possible, in particular those of our ethnic nationality races.

• To that end, I am committed to pursue the path of dialogue constructively and invite the Government and all relevant parties to join me in this spirit.

• I believe that stability, prosperity and democracy for my country, living at peace with itself and with full respect for human rights, offers the best prospect for my country to fully contribute to the development and stability of the region in close partnership with its neighbours and fellow ASEAN members, and to play a positive role as a respected member of the international community.

I am now scheduled to return to New York to brief the Secretary-General on all the aspects of my mission. I will therefore not be able to take any questions at this time.

ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မစ္စတာ ဂမ်ဘာရီ၏ ထုတ်ပြန်ကြေညာချက်
ဘာသာပြန် - mizzima (၈-၁၁-၂၀၀၇)

သင်တို့အားလုံး သိရှိသည့်အတိုင်း ကျွန်ုပ်သည် မြန်မာပြည် ခရီးစဉ်ကို ၃ ရက် နိုဝင်ဘာမှ ၈ ရက် နိုဝင်ဘာအထိ သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ပင် တွေ့ဆုံခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး အရာရှိ အနေဖြင့် အောက်ဖေါ်ပြပါ ထုတ်ပြန် ကျေညာချက်ကို သူမ၏ကိုယ်စား ထုတ်ပြန် ကျေညာပေးရန် ဒေါ်အောင်ဆန်းစုကြည်က အခွင့်အာဏာ ပေးအပ်ခဲ့ပါသည်။
• ကျမ၏ နံဘေးတွင် အစဉ်အမြဲ ရည်တည်ပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မိတ်ဆွေအားလုံးကို အထူးပင် ကျေးဇူး ဥပက္ကာရ တင်ရှိပါသည်။ ကျမတို့နိုင်ငံ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တို့အတွက် မဆုတ်မနစ် ရပ်တည် ထောက်ခံ ပေးခဲ့သည့် အတွက်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုလည်း အထူးပင် ကျေးဇူး ဥပက္ကာရ တင်ရှိပါသည်။
• အောက်တိုဘာလ ၈ ရက်နေ့တွင် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်ထားပေးခဲ့ခြင်းကိုလည်း ကျမ ကြိုဆိုပါသည်။ ၂၅ ရက်နေ့ အောက်တိုဘာတွင် ပထမဆုံးအကြိမ် ကျမတို့ တွေ့ဆုံခဲ့မှုသည် အပြုသဘော ဆောင်ပြီး နောက်ထပ် ပုံမှန် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ကျမ မျှော်လင့်ပါသည်။ ဤပဏာမအဆင့် ဆွေးနွေးညှိနှိုင်းမှုသည် မကြာမီ အချိန်အတွင်း ပြီးဆုံး၍ နအဖ ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ရှိ၍ အချိန် ကန့်သတ်ချက်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများကို စောနိုင်သမျှ စောစီးစွာ စတင်နိုင်လိမ့်မည် ဟုလည်း မျှော်လင့်ပါသည်။
• တိုင်းပြည်၏ အကျိုးစီးပွားကို ထောက်ထား၍ ဤတွေ့ဆုံ ဆွေးနွေးမှုဖြစ်စဉ် အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမ အသင့် ရှိပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ကျမတို့၏ ကြိုးပမ်းမှု များကို လွယ်ကူ ချောမွေ့စေရန် ကူညီ ဆောင်ရွက် ပေးနေသည့် ကုလသမဂ္ဂ၏ လိုအပ်သော သြဇာ အရှိန်အဝါ အခန်းကဏ္ဍကိုလည်း ကြိုဆိုပါသည်။
• ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် ဒီမိုကရေစီ ပါတီများ၏ မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍကို ကောင်းစွာ နားလည် သဘောပေါက်သည့် အတွက်ကြောင့်၊ ကျမတို့ ပါတီဝင်များ၏ စွန့်လွှတ် အနစ်နာ ခံခဲ့ရမှုများကို နက်ရှိုင်းစွာ နားလည် သဘောပေါက်ခြင်းကြောင့်၊ အထွေထွေ အတွင်းရေးမှူး တဦးအနေဖြင့်‚ ကျမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများ၊ ဆန္ဒများ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေးကို အထူးတလည် လိုအပ်နေသည့် အခါသမယတွင် အခြား နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒသဘောထားများ၊ အထူးသဖြင့် ကျွန်ုပ်တို့၏ တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒ သဘောထားများကို တတ်နိုင်သမျှ ကျယ်ပြန့်စွာ အစဉ်တစိုက် အလေးအနက် ထည့်သွင်းစဉ်းစားရန် ကျမတွင် တာဝန် ရှိပါသည်။
• ဤရည်မှန်းချက် အောင်မြင် ပေါက်ရောက်စေရန်အတွက်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတိုင်း သွားရန် ကျမ ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့ပါ၍ အစိုးရနှင့်တကွ အခြား ဆက်စပ် ပတ်သက်သူအားလုံးကို ဤစိတ်ဓာတ်အတိုင်း ကျမနှင့် လက်တွဲ ဆောင်ရွက်ပါရန် ဖိတ်ကြားအပ်ပါသည်။
• ကျမတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုနှင့် ဒီမိုကရေစီ တည်ရှိမှုတို့သည်‚၊ လူ့အခွင့်အရေး ကို အပြည့်အဝ လေးစားလိုက်နာပြီး တိုင်းပြည်တွင်းတွင် ငြိမ်းချမ်း သာယာစွာ ရှိမှုသည်၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အကောင်းဆုံးသော မျှော်လင့်ချက်ကို ပေးအပ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့ ဖြစ်စေရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့်‚၊ အာဆီယံ အဖွဲ့ဝင် အခြားနိုင်ငံများနှင့်‚ နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လူသူလေးစားခံရသော အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပြသနိုင်မည် ဖြစ်ပါသည်။
ကျနော်သည် ယခုအခါ နယူးယောက်မြို့သို့ ပြန်ပြီး ကျွန်ုပ် ခရီးစဉ်၏ အကြောင်းအရာ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ အထွေထွေ အတွင်းရေးမှူးချုပ်ကို အစီရင်ခံရန် စီစဉ်ထားပါသည်။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၏ မေးခွန်းများကို ဖြေဆိုနိုင်မည် မဟုတ်သေးပါ။

အပြည့်အစုံသို့...

Thursday, November 8, 2007

“အောင်ဝေး စစ်တမ်း” နှင့် ပတ်သက်၍ …

လူတင့် (၈ ၊ ၁၁ ၊ ၀၇)

ဝေဖန်တဲ့ အလုပ်ကို မလုပ်ဖြစ်တာရဲ့ အကြောင်းရင်းကို စိစစ်ကြည့်မိတဲ့အခါ ဥပက္ခာပြုတတ်တဲ့ အကျင့်ကို ကိုယ့်ကိုယ်မှာ ပြန်တွေ့မိတယ်။ ဒီအကျင့်ကို ကောင်းမကောင်း ဆန်းစစ်တော့လည်း ကောင်းတဲ့ နေရာရှိသလို မကောင်းတဲ့ နေရာတွေလည်း ရှိနေတာ တွေ့ရပြန်တယ်။ အခုလို နိုင်ငံရေးအရ သေရေး ရှင်ရေးတမျှ အရေးကြီးနေတဲ့ အချိန်မှာ ဘုန်းကြီးတွေက အစ အသေအကျေခံပြီး စစ်အာဏာရှင် နအဖကို ဆန့်ကျင် အံတုနေချိန်မှာ ဥပက္ခာတရားဟာ ပိုလို့တောင် မထားသင့်ဘူးလို့ ယူဆပြီး “အောင်ဝေး စစ်တမ်း” ကို အမြင်ဖလှယ်တဲ့ သဘောအနေနဲ့ ဒီစာတမ်းကို ရေးဖြစ်ပါတယ်။

“အောင်ဝေး စစ်တမ်း”ဟာ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ သူတွေကို အားပေးချင်တဲ့ စေတနာက “တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာ သိမ်းပိုက်ရေး လမ်းစဉ်” လို့ ခေါင်းစဉ် တပ်ထားတာကပဲ သိသာနေပါတယ်။ စိတ်ဓါတ်ကို မြှင့်တင်ဖို့ “တနှစ်” ဆိုတာကိုလည်း ဖေါ်ပြပေးထားပါတယ်။ ဒီအတွက် သူ့စေတနာကို ကျနော်တို့ ကျေဇူးတင်ရပါလိမ့်မယ်။

ဒီနေရာမှာ ကြားဖူးထားတဲ့ “စစ်အနိုင်တိုက်ရေး အာဏာသိမ်းရေး ” ဆိုတာနဲ့ နှိုင်းယှဉ်မိတော့ “စစ်” ဆိုတာ မပါတာကို တွေ့နိုင်ပါတယ်။ ဒီအတွက် သူ့မှာ အကြောင်းတွေ ရှိပါလိမ့်မယ်။ စစ်တပ်မရှိလို့ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်တပ် မရှိလို့၊ သေနတ် မရှိလို့၊ စစ်သား မရှိလို့ ဆိုရင်တော့ စစ်တပ် ရှိအောင၊် စစ်သား ရှိအောင်၊ သေနတ်ရှိအောင် လုပ်ရပါလိမ့်မယ်။ ကျနော်တို့ ဒီနေ့ကြုံနေရတာ ဒီပြဿနာပါပဲ။ ပြဿနာရဲ့ အစက စစ်တပ် တကယ် လိုချင်သလား ဆိုတာကို ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ ကျနော်ကတော့ လိုချင်တယ်။ မရှိရှိအောင် လုပ်ရမယ်။ “ခင်ဗျားမှာ နေရာရှိလို့လား၊ ကျွေးထားနိုင်လို့လား” လို့ မေးမှာ သိပြီးသားပါ။ ကျနော်ကလည်း “လီနင်တို့၊ အရာတိုလာ ခိုမီနီ တို့ကကော ကျွေးနိုင်လို့ စစ်တပ်နဲ့ အာဏာသိမ်း နိုင်ကြတာလား”လို့ ပြန်မေးကြည့်ချင် ပါတယ်။

ကျနော်တို့ စစ်တပ် လိုပါတယ်။ ပြည်သူ့ဘက်က ရပ်မယ့် စစ်တပ်ကို ရှာရမယ်။ မမြင်သာတဲ့ စစ်တပ်ဖြစ်ရင်လည်း ဖြစ်မှာပဲ။ စစ်တပ်တော့ မရှိရှိအောင် လုပ်ရလိမ့်မယ်။ ဒီနေ့ နအဖနဲ့ မြန်မာပြည်က ပြည်သူတွေ စစ်ဖြစ်နေတာပါ။ ဒါကြောင့် “စစ်” အနိုင်တိုက်ရေးပဲ။ ဒါကြောင့် ပြည်သူ့ဘက်က ရပ်မယ့် စစ်တပ် လိုကိုလိုအပ်တယ်။
ဒီနေရာမှာလည်း စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်ဘူး ဆိုသူတွေ ရှိနေတတ်တယ်။ လူထုက အသင့် မဖြစ်သေးဘူးလို့ ဆိုသူက ဆိုမယ်။ လူမှုအဖွဲ့အစည်းတွေက စရမယ်ဆိုတာတွေလည်း ရှိမယ်။ ဒါကတော့ သူ့ဒီမိုကရေစီ၊ ကိုယ့်ဒီမိုကရေစီပဲ။ လက်တွေ့ အခြေအနေနဲ့ ပြည်သူတွေက အဆုံးအဖြတ် ပေးသွားမှာပါ။

Revolution - Resistance ဆိုတဲ့ စကားကို ဗမာလို ပြန်ရင် “ခုခံကာကွယ်တော်လှန်ရေး” လို့ ပြန်ရမယ် ယူဆတယ်။ ကျနော်က “တော်လှန်ရေးဟာ ထိုးစစ်ပဲ။ ကာကွယ်တာ မပြောနဲ့။ ခံစစ်သက်သက်တောင် မဟုတ်ရဘူးလို့ ယူဆပါတယ်။ ကျနော်တို့ဘက်က လူတွေ ဘာကြောင့် တော်လှန်ရေးကို ချွေချွေတာတာ လုပ်ချင်နေကြတာလဲ ဆိုတာလည်း ကျနော် စိတ်မကောင်းခြင်း တခုပါပဲ။ အခုလည်း မူလပြည့်စုံပြီးသား Revolution ဆိုတာ ရှိရက်နဲ့ ဘာကြောင့် Resistance ထည့်ချုပ်ထားရမှာလဲ။ မလိုအပ်ပါဘူး။
“သားသုံးသား” ဆိုတဲ့ စကား ဒီနေ့ တော်တော် ခေတ်စားနေတာကို သတိပြုမိပါတယ်။ ဒါဟာ တဘောင်လိုလို နမိတ်လိုလို စကားမျိုးပါ။ စကားလုံးကို ရှေးရိုးစွဲ ၀ါဒီတွေက သုံးပြီး အောက်လမ်းနည်းနဲ့ စည်းရုံးလှုပ်ဆော်တာသာ ဖြစ်ပါတယ်။ ဘာကြောင့် ဆင်းရဲသားတို့ ထောင်သားတို့ ဆိုတဲ့ “သား” တွေကိုတော့ မထည့်ကြတာလဲ ကျနော် တွေးမိတယ်။

တော်လှန်ရေးရဲ့ အဓိက ကျောရိုးလို့ သတ်မှတ်ခံထားရတဲ့ အလုပ်သမား၊ လယ်သမားတွေကိုရော ကျနော်တို့ မေ့ထား သင့်သလား။ လူတန်းစား အမြင်ကို ကျနော်တို့ တင်သင့်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အခွင့်ထူးခံ ရက်ရက်စက်စက် ဖိနှိပ်သွေးစုတ်တဲ့ လူတန်းစားပါ။ တခြားလူတွေက ယေဘုယျအားဖြင့် ဖိနှိပ်ခံတွေပဲ။ ကျနော်တို့နဲ့ အကျယ်အပြန့် လက်တွဲနိုင်တဲ့ လူတွေ များလှပါတယ်။ ကျနော်တို့ရဲ့ စည်းရုံးရေး အမြင်တော့ ကျယ်ဖို့ လိုပါလိမ့်မယ်။

စေ့စပ်အဖွဲ့တွေနဲ့ ပတ်သက်လို့ သဘောထားဟာ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေအတွင်း သဘောထား အမျိုးမျိုး ရှိကြတယ်။ DAB ရန်သူနဲ့ စေ့စပ်တဲ့ အဖွဲကို ထုတ်ပစ်ပေမယ့် NDF က မထုတ်ဘူး။ ကျနော့်အနေနဲ့ ရန်သူနဲ့ ဒီအချိန်မှာ ဘယ်လိုအဖွဲ့ပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် စေ့စပ်တာဟာ ပြည်သူကို သစ္စာဖောက်တယ်လို့ပဲ သဘောပေါက်တယ်။ ဒေါ်စုတွေ့တာကရောလို့ မေးရင် သူက ထားရာနေရ ပို့ရာသွားရတဲ့ အကျဉ်းသားဘ၀ပဲ။ ကျနော်တို့က အများကြီး နေသာပါတယ်။ စေ့စပ်အဖွဲ့ကို စည်းရုံးရေးနည်းနာက သပ်သပ် ဖြစ်ရပါမယ်။
“အောင်ဝေး စစ်တမ်း” ဟာ အနိုင်တိုက်ရေးလို့ ခေါင်းစဉ်တပ်ပေမယ့် အကျဉ်းသား လွှတ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးလမ်းကိုပဲ ဦးတည်ထားတာကြောင့် အခုပိတ်မိနေတဲ့ နိုင်ငံရေးလမ်းကြောင်း အတိုင်းပဲ ဖြစ်နေတော့တယ်။ ဆွေးနွေးရေး အလုပ်အတွက် ကျနော်တို့ နှစ်ပေါင်းမည်မျှ စောင့်ခဲ့ရပြီလဲ။ ဆွေးနွေးရေးဟာ တော်လှန်ရေး မဟုတ်ပါဘူး။

ခေါင်းစဉ်မှာ “အာဏာသိမ်းပိုက်ရေး” လို့ ဆိုထားပေမယ့် နအဖစစ်အာဏာရှင် ဖြုတ်ချရေး မဟုတ်ဘဲ နအဖနဲ့ ညှိနှိုင်းပြီး တွဲလုပ်ရေးသာ ဖြစ်နေပါတယ်။ စကားလုံးအရသာ ရှုပ်ထွေးစေတာပါပဲ။ တိုက်ပွဲဦးဆောင်မှုကို “တိုက်ပွဲဦးဆောင်မည့် Soldiers - led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။” လို့ ဆိုထားတော့ စစ်သားတွေက ဦဆောင်ကြမည်လို့ ဆိုနိုင်ဖို့ စစ်တပ်ကို လှုပ်ရှားမှုထဲ ပါလာအောင်ပင် မည်သို့လုပ်ရမည်လဲ မဆိုထားဘဲ ထိုင်၍ မျှော်လင့်နေရမလို ဖြစ်နေတာကလည်း တော်လှန်ရေးအမြင်ကို ရှုပ်ထွေးစေနိုင်ပါတယ်။

“စစ်တပ်အပေါ် နားလည်မှု ပေးရမည်” ဆိုတာကလည်း စစ်တပ်မှာ ခေါင်းမာဂိုဏ်း ဆိုတာရှိတယ်။ သူတို့နဲ့ ပတ် သက်ပြီး သဘောထား ချထားရမယ်၊ မခွဲခြားဘဲ နားလည်မှု ယူရုံနဲ့ ရနိုင်စရာ မရှိနိုင်ဘူး။ “သုံးပွင့်ဆိုင်” ဆွေနွေးပွဲတွေ ခေါ်ဖို့ ဒုတိယအဆင့်မှာ ဖေါ်ပြထားပေမယ့် နိဂုံးပိုင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရန်သူနဲ့ မစေ့စပ် မကြေအေးစတမ်း” လို့ ရေးထားပြန်တော့ “အောင်ဝေး စစ်တမ်း”ဟာ ရှေ့နောက်မညီသလို လက်တွေ့ ကျင့်သုံးဖို့ ခက်နေလိမ့်မယ်။

နယ်စပ်ဒေသရှိ အဖွဲ့အစည်းတွေကို တန်းစီ ရေးပြထားပေမယ့် အများအပြား ကျန်နေပါတယ်။ ထပ်နေပါတယ်။ ရေးလို့ မစုံနိုင်တာကိုက ဒီနေ့ ပြန့်ကျဲနေတဲ့ လှုပ်ရှားမှုကို ထင်ဟပ် နေတာပါ။ ဒီအစုအဖွဲ့တွေ “ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန် ညီညွတ်နေဖို့ပင်” ဆိုရင် ကျနော်တို့ လှုပ်ရှားမှုတွေ ပြောင်းလဲမှုတွေ လိုပါတယ်။ ဒီအတွက်လည်း ပင်ပန်း အနစ်ခံစရာတွေ ရှိလာနိုင်ပါတယ်။ ဒီအတွက် ပြင်ဆင်ထားရပါလိမ့်မယ်။
ဒီတော့ “အောင်ဝေး စစ်တမ်း” ဟာ လက်တွေ့နယ်ပယ်နဲ့ ကွာလှမ်းနေပြီး စိတ်ကူးပေါ်မှာ အခြေခံနေတာကို သိသာနေပါတယ်။

ဒီအတွက် အကြံပြုရမယ်ဆိုရင် တော်လှန်ရေး အဖွဲ့အစည်းတခုထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပြီး နိုင်ငံရေးလမ်းစဉ် ပေါ်လစီတွေကို ပြုပြင်နိုင်အောင်ကြိုးပမ်းရင် တော်လှန်ရေးကို တစုံတရာ အရှိန်မြှင့်တင် နိုင်ပါလိမ့်မယ်လို့ ယူဆပါကြောင်း ရေးသားအပ်ပါတယ်။

လူတင့်
(၈ ၊ ၁၁ ၊ ၀၇)

အပြည့်အစုံသို့...

လူကြိုက်အနည်းဆုံးကောင်
ဒေါင်းတမန်

သူဟာ
မောင်ချောနွယ်ရဲ့
လူကြိုက်နည်းတဲ့ကောင်
မဟုတ်ပါဘူး။

သူဟာ
မောင်ချောနွယ်ရဲ့
လူကြိုက်နည်းတဲ့ကောင်ထက်တောင်
လူကြိုက်နည်းခံရတဲ့
လူကြိုက်အနည်းဆုံးကောင်ဖြစ်ရဲ့။

သူ့အဖြစ်က
အထာမကျတဲ့ စရိုက်တွေနဲ့
ကျနော်တို့ရဲ့ ကဗျာဆရာလို
သွေးရိုးသားရိုး
အဖိုးမထိုက်
လူကြိုက်နည်း ခံရတာမဟုတ်။

သူဟာ
လူကြိုက်အနည်းဆုံး ဖြစ်လောက်အောင်
ဘ၀ကို အမိုက်ဇာတ်ကခဲ့
သမိုင်းကို အမှားနဲ့ရေးခဲ့
နောက်ပြီး …
ငါတို့တွေရဲ့ အနာဂတ်ကို
သူ့အတ္တအတွက် စတေးဆဲ။

နာဠာဂီရိဆင်သော်မှ
မြတ်စွာဘုရား တရားအပြမှာ
အရက်အမူးပြေ ရှိခိုးရှာလေတယ်။

သူ့မိုက်ချက် ကမ်းကုန်ပုံက
တရားပြတဲ့ သံဃာများ
သွားလေရော့ လဟယ်
မဖွယ်မရာလုပ်ပုံက မကြုံစဖူး
အာဏာအမူးက မပြေနိုင်တယ်။

“ရာမ
မင်းက သေနတ်ကိုင်ရရင် သွေးပြောင်းတယ်”
သူဟာ
အဲဒီ ဗိုလ်အောင်ဒင် ဇာတ်ဝင်ခန်းကို
လူကြမ်းနေရာက အကြိမ်ကြိမ် သရုပ်ဆောင်မြဲ။

ငါ့ကို ချစ်တဲ့သူဟာ
ဘောလုံးတသင်းစာလောက်မှ ရှိရဲ့လား
မစဉ်းစားတော့ပါဘူး … တဲ့
သူဟာ တခါတခါ
အဲဒီ မောင်ချောနွယ်ကဗျာ ရွတ်တတ်နေမြဲ။

ဒါပေမယ့်
သူ့ရဲ့ လူကြိုက်နည်းတဲ့ အဖြစ်ကို
တခါတခါ ရှက်သလို ဖြစ်တတ်သေး
ဆိုတော့
သူ့ကို မကြိုက်သူများမှ အပ
ကျန် တကမ္ဘာလုံးက သူ့ကို ကြိုက်ကြသယောင်
ဟန်ဆောင်လည်း ပြောတတ်သေးရဲ့။

သူ့ကို မြင်တိုင်းမှာ
(မောင်ခင်သာရဲ့ …)
ကဗျာတပိုင်းတစကိုပဲ
အမြဲသတိရနေမိပါရဲ့။

“မျက်စိကို မှိတ်
ပိတ်အော်နေတုန်းမှာ
ပြုံးကြည့်နေသူတွေကို မမြင်လိုက်သူဟာ
ဘယ်သူလဲ” … တဲ့။

ဒေါင်းတမန်

အပြည့်အစုံသို့...

သနားစရာ နွားသတ္တ၀ါ ကျော်ဆန်း တော်ရမ်းတွေ ပြောလိုက်ပုံက …

မနှင်းစု
ဂမ်ဘာရီက ပထမအခေါက် မြန်မာပြည်က အပြန်မှာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွင်း သံဃာ လူထု ဆန္ဒပြမှု၊ အကြမ်းဖက် နှိမ်နှင်းမှု၊ ဆင်းရဲမွဲတေမှု၊ သူကြားသိ တွေ့ကြုံရသမျှကို အားလုံးရဲ့ ရှေ့မှောက်မှာ အရှိအတိုင်း အစီရင်ခံတယ်။ အဖွဲ့ဝင် ၁၅နိုင်ငံ စလုံးက ဂမ်ဘာရီရဲ့  ဆောင်ရွက် ချက်တွေကို အသိအမှတ်ပြု ထောက်ခံတယ်။ တရုတ်၊ ကုလား၊ ရုရှားလည်း ပါတယ်လေ။ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျတို့က သူတို့ တနိုင်ငံချင်းစီ စီးပွားရေး ထပ်မံ ပိတ်ဆို့တယ်။ (ဆိုကြပါစို့ ဥပမာ ဈေးထဲမှာ အပေါက်ဆိုးတဲ့ ဈေးသည်ကို ကျမ မ၀ယ်ဘူး။ ရပ်ကွက်ထဲက လူမိုက်ကို ကျမ မပေါင်းဘူး)။ သူ့ကိုယ်ပိုင် မူဝါဒနဲ့ သူဆောင်ရွက်တာပဲ။ ကိုယ်ဘာသာကိုယ် တော်တယ် တတ်တယ် ထင်ရင်လည်း နအဖ စစ်အုပ်စုဝင်တွေ အနေနဲ့ ကိုယ့်ဘာသာကိုယ် ဘယ်သူ့မှ မစောင့်ဘဲ စီးပွားရေး လုပ်ကြပါလား။ ခုတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းတို့ ရန်ကုန်တိုင်း လောက်တောင် မရှိတဲ့ စင်င်္ကာပူတို့လို နိုင်ငံတွေကို တနေ့တနေ့ ထွက်ပြေးလာနေတဲ့ စီးပွားရေးနဲ့ ပညာရေး ဒုက္ခသည်တွေ ဆိုတာ များမှများပါ။

ဒါကို ကျော်ဆန်းဆိုတဲ့ ဘာမှန်းညာမှန်း မသိတဲ့ကောင်က ဂမ်ဘာရီကို "ခင်ဗျား အစီရင်ခံ ပြီးကာမှ ပိုတောင် ဆိုးနေတာ ခင်ဗျား မဟုတ်တာလုပ်လို့ဘဲ" ဆိုပြီး ပြောနေပြန်သေး။ ဂမ်ဘာရီရဲ့ တာဝန်ကိုလည်း နားမလည်ဘူး ။ ဂမ်ဘာရီကို ဘာကိစ္စနဲ့ ဘယ်သူက လွှတ်လိုက်တယ်ဆိုတာကော နအဖ သိရဲ့ လား မသိ။ ဘာဆိုဘာမှ မသိတဲ့ သနားစရာ နွားသတ္တ၀ါ ပါလားလို့ပဲ တွေးမိတယ်။ ငါ့စကား နွားရ သူ့ရဲ့ တသက်လုံး ပြောနေကျ သူပိုင် မီဒီယာက ပြောသလို ပြောနေတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် ပြင်သစ် ရောချလိုက် စွပ်စွဲလိုက် ။ ဒီလောက် သတ္တိကောင်းနေမှတော့ အမေရိကန်လို့ ဗြောင်ပဲ ပြောလိုက်ပါတော့လား။ ဘင်လာဒင်တို့ အမာဒီနိဂျက်တို့လို …။
အင်း … နအဖ ကတော့ ခြေလှမ်းတွေ မှားပြီးရင်း မှားရင်းပေါ့.. ကောင်းပါတယ် .. များများ မှားလေ ဇာတ်သိမ်းကာနီးလေ ဖြစ်လာမှာ ဆိုတော့ …။
အဆင်းမှာ ဘီးတပ်ပေးကြပါစို့ …။

မနှင်းစု

အပြည့်အစုံသို့...

အန်အယ်လ်ဒီ ခေါင်းဆောင် ၃ ဦး ဂန်ဘာရီနှင့်တွေ့

သတင်း - ဧရာဝတီ (၈-၁၁-၂၀၀၇)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံရန် ယနေ့ နံနက်ပိုင်းက နေပြည်တော်မြို့သစ်သို့ ထွက်ခွာသွားကြောင်း အန်အယ်လ်ဒီ ပါတီက အတည်ပြု ပြောဆိုသည်။
အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညွန့်ဝေတို့ ၃ ဦး ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ယနေ့တွေ့ဆုံရန် အစီအစဉ် ရှိသည်။
မစ္စတာ ဂန်ဘာရီသည် ယခုလ ၃ ရက်နေ့က မြန်မာ့နိုင်ငံရေး ပြဿနာများ ကြားဝင် ဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ခရီးစဉ်ကို စတင်ခဲ့ပြီး ယနေ့ ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂရုံးက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်တို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
၎င်းအပြင် မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလ ၆ ရက်နေ့တွင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့အား နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနရုံးများတွင် တွေ့ဆုံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဗိုလ်မှူးချုပ် ကျော်ဆန်းသည် မစ္စတာ ဂန်ဘာရီအား မြန်မာနိုင်ငံမှ
ပြန်သွားအပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ပိုမိုတိုးမြင့်လာသည့်အပြင် ယခင်က ပိတ်ဆို့မှုတွင် မပါဝင်ခဲ့သည့် သြစတေးလျနိုင်ငံလည်း ပါဝင်လာကြောင်းတို့ကို ဝေဖန်ပြောဆိုကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့
သတင်း - မဇ္ဈိမ (၈-၁၁-၂၀၀၇)

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။
ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။
“အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။
အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း ကိုယ်တိုင် မြင်တွေ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
ယမန်နေ့က တောင်ဥက္ကလာ မြို့နယ်တွင်လည်း အမှတ် ၂ စက်မှုဝန်ကြီးပိုင် တာယာစက်ရုံနှင့် စက်မှုဇုံ အုတ်တံတိုင်းများတွင် စစ်အစိုးရ ဆန့်ကျင်ရေး အနီရောင် စာတန်းများကို မှုတ်ဆေးဘူးဖြင့် ပက်ဖြန်း ရေးသားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တဦးကလည်း ယခုလို ပြောသည်။
“စက်မှုဇုံ ခြံစည်းရုံး အုတ်တံတိုင်းတွေပေါ်မှာနဲ့ လူတွေရှင်းနေတဲ့ လမ်းဘေး အုတ်တံတိုင်းတွေပေါ်မှာ ‘ဘုရားသားတော် သတ်တဲ့ စစ်အာဏာရှင် ... ကျဆုံးပါစေ’၊ ‘သံဃာတော် သတ်တဲ့ မိစ္ဆာတွေ ... ကျဆုံးပါစေ’၊ ‘သန်းရွှေ ... လူသတ်သမား၊ လူလိမ် လူညာကြီး’ အဲဒါတွေ ရေးထားတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လည်း ယမန်နေ့က စစ်အစိုးရ ဆန့်ကျင်ရေး စာတန်းများနှင့် လူထု လှုံ့ဆော်စာများကို မကြာသေးခင် ရက်ပိုင်းအတွင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ နေအိမ် ခြံစည်းရိုးများ၊ ဓာတ်တိုင်များပေါ်တွင် လိုက်ကပ်နေကြောင်း သိရသည်။
အလားတူပင် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တွင် စတင် ဖွဲ့စည်းခဲ့သည့် မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတို ပါဝင်သည့် ကပ်ခွါစာရွက်များကို အဖွဲ့ ဖွဲ့စည်းပြီး တပတ်ခန့်အကြာမှ စတင်ကာ ရန်ကုန်မြို့ရှိ ယုဇန ပလာဇာ၊ တေးဂီတပွဲများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲခြင်း၊ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ယခုလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ အမည်ရှိ အဖွဲ့ကလည်း နအဖ သတင်းစာများကို အမှိုက်ပုံများ၊ လမ်းမများပေါ်သို့ လွှင့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သည့်အပြင် ရန်ကုန်တိုင်း အတွင်းရှိ ကျောက်မြောင်း၊ တာမွေနှင့် လှည်းတန်း မြို့နယ်တွင် လူငယ်များက နအဖ သတင်းစာများကို လမ်းမအထက် လွှင့်ပစ်ကြသလို မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ လိုက်လံ ကပ်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောဆိုကြသည်။
ယခု လဆန်းတွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒ ထုတ်ဖော်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ဒီကနေ့ မနက် (၇)နာရီမှာလည်း ပိုစတာ ကမ်ပိန်း လုပ်ပြန်ပြီ (၈-၁၁-၂၀၀၇)
ပေးပို့သူ - မဆုမွန်

ဒီကနေ့ နိုဝင်ဘာ (၈)ရက်နေ့ မနက်စောစောမှာ ငွေကြာယံ ကျောင်းတိုက်အနီး အုတ်တံတိုင်းတခုမှာ
အသင့် ရေးထားပြီးသား အ၀တ်ပိုစတာ တခုကို လူငယ်တွေက ချိတ်ဆွဲ ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ မိနစ်ပိုင်း အတွင်းမှာပဲ ကြံ့ဖွံ့အဖွဲ့ဝင် တစ်ဦးက အဲဒီပိတ်စကို လာရောက် ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။
ပိတ်စမှာ ရေးထားတဲ့ လှုံ့ဆော်စာတွေကတော့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” “စစ်အာဏာရှင် လူသတ်သမား အလိုမရှိ” ဆိုတဲ့ စာသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က Spray Campaign လုပ်ပြီး ရေးခဲ့တဲ့ စက်မှုဝန်ကြီးဌာနတွေရဲ့ အုတ်နံရံတွေကိုလည်း ထုံးအဖြူတွေ ပြန်သုတ်ထားတာ တွေ့ရတယ်လို့ မျက်မြင်သင်သေတွေက ပြောပြပါတယ်။

အပြည့်အစုံသို့...

စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန်အတွက် ပြည်သူများအား တပ်လှန့်သတိပေးခြင်း

အောင်မြင့်

မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများခင်ဗျား …

ကုလ ကိုယ်စားလှယ် ဂန်ဘာရီ အနေဖြင့် ယနေ့အထိ သန်းရွှေကို တွေ့ခွင့်မရသေးပါ။ ယင်းမှာ မိမိတို့ ကြိုတင် တွက်ဆထားသလိုပါပဲ။ ယခုအခါ သန်းရွှေတို့ အုပ်စု၏ ကမ္ဘာကို လိမ်ညာ ကြိုးပမ်းချက်များ ဘူးပေါ်သလို ပေါ်ရန် နီးစပ်လာပါပြီ။

ဂန်ဘာရီက သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲတွင် သူပါဝင်၍ သုံးပွင့်ဆိုင် ဆွေးနွေးရန် ကမ်းလှမ်းသော်လည်း စစ်အစိုးရက ပယ်ချခဲ့ပေသည်။ ပယ်ချပေမပေါ့။ သူတို့အတွက် ပြောချင်တိုင်း ပြောနိုင်ရန် သက်သေ မရှိစေချင်သည်က အကြောင်းရင်းတည်း။ သက်သေရှိလျှင် လိမ်ရခက်သည် မဟုတ်လော။

ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်း တဖြေးဖြေး မှေးမှိန် လာနေပါပြီ။ အဖြူအမည်း သဲကွဲစွာသိရပြီးလျှင် ငြိမ်းချမ်းစွာ ဆွေးနွေးရေး လမ်းစဉ်ကို စွန့်လွှတ်ရန် မှတပါး အခြားမရှိပြီ။
မြန်မာပြည်ကြီး သန်းရွှေကျွန်ဘ၀မှ လွတ်မြောက်ရန် ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။

မိမိ၏ ကိုယ်ပိုင် သုံးသပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁) ပြည်တွင်းက ကျွန်စနစ် ဆန့်ကျင်ရေး အုပ်စုများ ဆက်လက်၍ လျှို့ဝှက်စွာ တိုက်ပွဲဝင်ကြပါ။ မိမိတို့၏ ကျရောက်လာမည့် အန္တရယ်များအား သတိထား တိမ်းရှောင်ရန် အတွဲလိုက်သော်၎င်း တစ်ဦးချင်းသော်၎င်း ဆက်လက်၍ ဆန့်ကျင် လှုပ်ရှားကြပါ။
၂) ပြည်တွင်းမှ သံဃာတော်များ လမ်းပေါ်တွင် ဆန္ဒပြမှုများ ယာယီ ရပ်တန့်ကြပါ။ စစ်မှုထမ်းများ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် လူဆိုးဂိုဏ်းဝင်များအပေါ် သပိတ်မှောက် ကံဆောင်မှုကို ဆက်လက် တိုးမြှင့်ကြပါ။
၃ ) NLD ပါတီသည် ယခု စက္ကူကျားရုပ်သဖွယ် ဖြစ်နေသော်လည်း တရားဝင် ပါတီတစ်ရပ် အုပ်စုအနေဖြင့် ဆက်လက် ရပ်တည်ရန် လိုအပ်ပါသည်။ သို့သော် ပြည်သူတွေ စိတ်ပျက်စရာ ကြေညာချက် ထုတ်ပြန်မှု များကိုတော့ ချင့်ချင့်ချိန်ချိန် ထုတ်ပြန်ရန် လိုအပ်ပါသည်။
၎ )နယ်စပ်ရှိ လက်နက်ကိုင် တပ်ဖွဲ့ များဖြစ်သော ကရင်၊ ကယား၊ ကချင်၊ ရှမ်း နှင့် ABSDF တို့ ပေါင်းစည်းပြီး လက်နက်ကိုင် တပ်ဦးဖွဲ့ စည်းရန် လိုအပ်လာပါပြီ။ အဓိက ဦးတည်ချက်မှာ မြန်မာနိုင်ငံနှင့် နိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး ဦးတည်သင့်ပါပြီ။
၅) ပြည်တွင်းရှိ နယ်စပ်ဒေသ အချို့ တွင် လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့များ စတင် ဖွဲ့စည်းသင့်ပါပြီ။ ယင်းတို့မှ ကြံဖွတ်၊ စွမ်းအားရှင်စသည့် လူဆိုးဂိုဏ်းများအား စတင် ဆုံးမသုတ်သင်ရန် အချိန်တန်ပါပြီ။ ယင်းနောက် ဗျူဟာမြောက်သည့် မြို့တမြို့နှစ်မြို့ စသည်ဖြင့် ထိုးစစ်ဆင် သိမ်းပိုက်၍ ခြေကုပ်စခန်း စတင် ယူရန် အချိန်တန်ပါပြီ။
၆) ပြည်တွင်းရှိ အကန့်အသတ်ဖြင့် လှုပ်ရှားရသူများ အနေဖြင့် ဒီမိုကရေစီ အင်အားစုများအား ထောက်လှမ်းရေး သတင်းထောက်ပံ့ခြင်း၊ ငွေပေးထောက်ပံ့ခြင်းနှင့် လက်နက်များ ရနိုင်ရန် နည်းလမ်းရှာခြင်းဖြင့် ကူညီကြပါရန် တိုက်တွန်းလိုပါသည်။
၇) ပြည်ပအင်အားစုများက အဓိက ငွေကြေး ထောက်ပံ့ကြရန် လိုပါသည်။ ပြည်တွင်း အင်အားစု များကို လိုအပ်သည့် ငွေကြေးနှင့် အဓိက လက်နက်များ ထောက်ပံ့ကြရန် စီစဉ်ကြပါ။
ဂ) ပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များက နိုင်ငံတကာ ဆက်သွယ်ရေး လမ်းကြောင်းများတွင် ပါဝင်လှုပ်ရှားကြရန် လိုအပ်ပါသည်။
၉) ပြည်ပ အဝေးရောက် အစိုးရအဖွဲ့အနေနဲ့ ယခုထက် ပိုလက်တွေ့ကျကျ ပါဝင်ပူးပေါင်း လှုပ်ရှား၍ အဖြေတစ်ရပ် ထွက်လာရန် ပြသင့်ပါပြီ။
၁၀) တပ်မတော် အတွင်းရှိ ပြည်သူတွေကို စာနာနားလည်သော အချို့ သော တပ်မတော်သားများ သာသနာကို စောင့်ရှောက်လိုသော သူများက စစ်ခေါင်းဆောင်တွေကို အခွင့်သာသည်နှင့် လုပ်ကြံရန် ကြိုးစားကြပါ။ ယင်းသည် သွေးထွက်သံယိုမှု အနည်းဆုံး ဖြစ်ပါလိမ့်မည်။
၁၁) ပြည်သူ တစ်ရပ်လုံးတို့သည် မိမိတို့ ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင် ကြရပါလိမ့်မည်။ ရရာလက်နက်များ စွဲကိုင်ရန် အာဏာရှင် စစ်အုပ်စုကို မကြာမီ တိုက်ပွဲဝင်နိုင်ရန် ဓားသွေး လှံဆေး ပြုကြရန် ကြိုတင်ပြင်ဆင် ထားကြစေလိုပါသည်။
အားလုံး ရရာလက်နက်ဖြင့် စတင် တော်လှန်ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

အောင်မြင့်

အပြည့်အစုံသို့...

Wednesday, November 7, 2007

ပဲခူးကြခတ်ဝိုင်းဆရာတော်ကို ပဲခူးမြို့ခံတွေ သပိတ်မှောက် (၆-၁၁-၂၀၀၇)

ကြခတ်ဝိုင်း ဆရာတော်နဲ့ ကျောင်းတိုက်က သံဃာတွေကို
ပဲခူးမြို့ခံတွေ သပိတ်မှောက်

ပေးပို့သူ - မဆုမွန်

ပဲခူးမြို့ပေါ်က ရပ်ကွက်တွေရဲ့ လမ်းတိုင်း လမ်းတိုင်းမှာ “သားသုံးသား”ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းဖို့ နအဖစစ်အစိုးရ ၀န်ကြီးတွေကို အခါတော်ပေးခဲ့တဲ့ သာသနာဖျက် ကြခတ်ဝိုင်း ဆရာတော်နဲ့ ကျောင်းတိုက်က သံဃာတွေကို ပဲခူးမြို့ခံ ပြည်သူတွေက သပိတ်မှောက်တဲ့ အနေနဲ့ “ကြခတ်ဝိုင်း ကျောင်းတိုက်က သံဃာတော်တွေကို ဆွမ်းမလောင်းပါ” ဆိုတဲ့ စာတန်းတွေ နေရာအနှံ့ ကပ်ထားကြောင်း ပဲခူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်၊၊

စစ်အစိုးရကို ထောက်ခံပြီး ပတ္တနိက္ကုဇ္စုန ကံဆောင်ခြင်း မလုပ်တဲ့အတွက် ကြခတ်ဝိုင်း ကျောင်းတိုက် ဆရာတော်နဲ့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတွေကို ပဲခူးမြို့ခံတွေက အခုလို ဆွမ်းကပ်လှူခြင်း မပြုတော့ကြောင်း ကြေငြာပြီး သပိတ်မှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်၊၊

ကြခတ်ဝိုင်း ဆရာတော်ကလည်း ပဲခူးမြို့သူမြို့သားတွေရဲ့ ဆွမ်းမကပ်လှူခြင်းအပေါ် တုန့်ပြန်တဲ့ အနေနဲ့ သူပိုင် ငွေစာရင်း ရှင်းတမ်းတခု ထုတ်ပြန်ပြီး ပဲခူးမြို့ခံတွေရဲ့ သပိတ်မှောက်မှုကို ချက်ခြင်း တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်၊၊ ကြခတ်ဝိုင်း ဆရာတော်ရဲ့ ကြေညာချက်ထဲမှာ ဒကာ၊ ဒကာမတွေ ဆွမ်းမကပ်လည်း ကျောင်းတိုက်မှာ ငွေသိန်းထောင်နဲ့ချီ ရှိတဲ့အတွက် ဆွမ်းမရှားကြောင်း တုန့်ပြန် ရေးသားတာကို တွေ့ရပါတယ်၊၊

ကြခတ်ဝိုင်း ဆရာတော်ရဲ့ ဘွဲ အမည် အပြည့်အစုံကို ကြေညာချက် ရှေ့ပိုင်းမှာ ရေးသား ဖော်ပြထားပါတယ်၊၊ ငွေစာရင်းရှင်းတမ်းမှာ ငါလိမ္မာတာ ငါဖို့ ၊ ငါချွေတာ ငါဖို့၊ ငါကြိုးစားတာ ငါဖို့ ဆိုတဲ့ မူအတိုင်း သွားနေတဲ့ ကြခတ်ဝိုင်း ဆရာတော်ဟာ ပျံလွန်ဖို့ (၁၄)လ လိုသေးတယ်လို့လည်း ဖော်ပြထားပါတယ်၊၊

ကျောင်းထိုင်သက် ၅၉နှစ်ရှိတဲ့ ဆရာတော်ရဲ့ ငွေစုနှစ် အနှစ် ၃၀ ပြည့်ပြီဖြစ်ကြောင်း ငွေပင်ငွေရင်း စုငွေပေါင်း သိန်းပေါင်း သုံးသောင်းနဲ့ ခုနှစ်ထောင် ရှိနေတဲ့အတွက် ဆွမ်းကွမ်းကိစ္စ ပူစရာ မရှိကြောင်း ဖော်ပြထားပါတယ်၊၊
လက်ရှိ စာချသံဃာ အပါးတစ်ထောင်ကျော်ကို ကျွေးမွေးတဲ့ နေရာမှာ ၀အောင် ကျွေး၊ လှအောင် ပေး၊ တတ်အောင် သင်၏၊ ငြိမ်အောင် အုပ်တယ်လို့ ပါရှိပါတယ်၊၊

အခုလို တုန့်ပြန်ရေးသား ကြေညာထားတဲ့ ကြခတ်ဝိုင်း ဆရာတော်ရဲ့ ငွေစာရင်းရှင်းတမ်း ကြေညာချက်ကို ဖတ်ရတဲ့ ပဲခူးမြို့ ခံတွေကလည်း ကြခတ်ဝိုင်း ကျောင်းတိုက် သံဃာတွေကို ဆွမ်းမလောင်းလှူရေး ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်၊၊

ပဲခူးမြို့ ကြခတ်ဝိုင်း ဆရာတော်ရဲ့ နှစ်စဉ် ပြုလုပ်နေကျ ပ၀ါရဏာပွဲအတွက် မြို့ခံပြည်သူတွေက လုံးဝ ၀င်မကူကြတဲ့အတွက် တပ်မ(၇၇)က စစ်သားတွေက ဦးဆောင်ပြုလုပ် ပေးခဲ့ရကြောင်းလည်း မြို့ခံတွေက ပြောကြပါတယ်၊၊
ကြခတ်ဝိုင်းဆရာတော်ရဲ့ ကြေညာချက် အပြည့်အစုံ

အပြည့်အစုံသို့...

တောင်ဥက္ကလာပတွင် ဒီကနေ့မနက် (၆)နာရီ၌ Spray Campaign လုပ်ဆောင် (၇-၁၁-၂၀၀၇)

ပေးပို့သူ - မဆုမွန်

ဒီကနေ့ နိုဝင်ဘာ (၇)ရက်နေ့ မနက် (၆)နာရီက တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ အမှတ် (၂)စက်မှုဝန်ကြီး ဌာနပိုင် တာယာစက်ရုံ တရုံရဲ့ အုတ်တံတိုင်း နံရံမှာ “ဘုရား သားတော် သတ်တဲ့ စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာသားတွေကို ကျောင်းသား လူငယ်တွေက မှုတ်ဆေး အနီတွေနဲ့ ပက်ဖျန်ပြီး Spray Campaign တခု လုပ်ဆောင် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ မနက် (၆)နာရီခွဲ လောက်မှာတော့ အဆိုပါ ကျောင်းသားတွေဟာ လေးထောင့်ကန်လမ်း တာမွေလေး ဂုံးတံတားအနီးမှာ ရှိတဲ့ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် သကြားလုံးစက်ရုံရဲ့ အုတ်တံတိုင်း နံရံပေါ်မှာ “ရဟန်းရှင်လူ ကျောင်းသားပြည်သူ ချက်ချင်းလွှတ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး Spray Campaign တခု ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

အပြည့်အစုံသို့...

POET THIT KAUNG EAIN MONOLOGUE

ကျွန်းရွက်များအကြောင်း အောက့်မေ့မှု
သစ်ကောင်းအိမ်

ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့် ပါးနေတဲ့
ပြားချပ်ချပ် ဖိနပ်တရံပေါ် ရပ်ရင်း
ငါ … ဆွေးနေမိရဲ့ ။

မျက်ရစ်မပါတဲ့ အချစ်နဲ့ 
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော် မလုပ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါး တိုင်းပြည်ရဲ့  အသွေးအသား
မပြစ်မှားမိစေနဲ့။

သမိုင်းဆိုတာ
သားကြောဖြတ်လို့ ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့  “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့ လက်ခမောင်းခတ်ခဲ့ပြီ
“ပုရွက်ဆိတ်တွေရဲ့ ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ ဘုံဝါဒ … ကျဆုံးပါစေ”

တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်
(၀၇၊ ၁၁၊ ၂၀၀၇)


ဆောင်းသစ်ပင်
သစ်ကောင်းအိမ်

ဆံပင်ရှည် ဖြတ်လိုက်တယ်
ကိုယ်ပေါ်က သစ်ရွက်တွေ
တပင်လုံး လှုပ်ခါချလိုက်တယ်။

ပိတောက်သစ်ပွင့်ဖို့
အမြစ်
မြေမှာ
စွဲတယ် … ။ ။

သစ်ကောင်းအိမ်
(၀၇၊ နိုဝင်ဘာ၊ ၂၀၀၇)


ရွှေဝါရောင် စပါးတွေ ရင့်မှည့်နေပြီ ညီမလေး
သစ်ကောင်းအိမ်

ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ၀ပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန် … ယူသန်..” လို့ အော်မယ်

မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘော မပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီ မ၀တ်ဘဲ
ရေနစ်နေတဲ့ ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက် ကွင်းပြင်မှာတော့
ရွှေဝါရောင် စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး ။ ။

သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)


သားပျောက်တေး
သစ်ကောင်းအိမ်

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့ သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက် ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကို နောက်တထပ် တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)


စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး
သစ်ကောင်းအိမ်

ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်

သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်

ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး

ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ

နောက်ကျောက ဓားနဲ့
ကျောခိုင်း ရပ်ခဲ့တယ်

အနီးကြီး နီးဖို့
အဝေးကြီး အဝေးကြီး ဝေးခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)


ငွေကြာယံ
သစ်ကောင်းအိမ်

သရဏဂုံကို
သရဏဂုံ ပြန်တင်နေရတဲ့ခေတ်

ဒေါင်းသင်္ကန်းတွေနဲ့
သူပုန်အလံကို ဥုံခံကာ လွှင့်ကြ

အစွယ်ဖွေးဖွေး စစ်ခွေးအုပ်ကြား
အောင်ခြင်းကိုးပါး မြတ်တရားနဲ့ 
ဗုဒ္ဓပွင့်တော်မူခဲ့ပြီ … ။

သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)


သေစာရှင်စာ
သစ်ကောင်းအိမ်

နိုင်ငံကူးလက်မှတ် မရှိဘူး
ဘ၀ကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေး တစွဲပါပဲ

သီတင်းကျွတ် လပြည့်ည ကောင်းကင်မှာ
မီးပုံးပျံတွေ မြင်မှ
ဘယ်တုံးကမှ မှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့
ပီကာဆို လွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့

တရား...တရားဆိုလား
ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်

ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ

ဟဲလို.....
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။

သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)


ရွှေဝါရောင် ဥဒါန်း
သစ်ကောင်းအိမ်

သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟောဒီကာလ ဟက်တက်ကြီးထဲ
အလွန်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့် ဂူစတီနာ

မီးသင်္ဂြုံဟ်စက် တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်စက် လောင်ကျွမ်းကြ

ဒါ … နှင်းဆီရောင် အလှတရားလား
စုန်းမအိုရဲ့ မြည်တွန် တောက်တီးသံတွေလား
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား

ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့

ဝါးလုံးဆွေးကို အလံထောင်လို့
မိစာက ဟားတိုက်ရယ်နေရဲ့

ငါတို့ဖိနပ်သာ ငါတို့သေနတ်ဖြစ်တယ်

သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မရှိတော့ပါ ။ ။

သစ်ကောင်းအိမ်
(၁၁၊၁၀၊၂၀၀၇)


ဗျာဒိတ်
သစ်ကောင်းအိမ်

ကျနော်တို့ မျိုးဆက်တုန်းက…ဗျာ
လူရည်ချွန် နို့မှုန့်ဗူးနဲ့ စခဲ့ရတဲ့ ဘ၀တွေပေါ့
ကျနော့် ပါးစပ်က စညှော်တာဗျ
အဲဒီလိုလည်း မဆိုလိုပါဘူး

စကြာဝဠာ ထိပ်မှာ
စကြ်ာတံဆိပ် အလံတော်က
ညှော်တယ်

ခံတွင်းပျက်ရင်း မိုးစင်စင်လင်းခဲ့
ကိုယ်ကျင်း ကိုယ်တူးပြီး
မိုးစုန်းစုန်းချုပ်ခဲ့

ပါရီ မီးလောင်ပြီလား…
မဟာရန်ကုန်မြို့ကြီးကတော့
ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်လို့
အခေါင်းထဲမှာ အလောင်းမရှိတော့

ညတာရှည်တယ်
နာတာရှည်တယ်
ကမ္ဘာမကြေသီချင်းကို ဘာသိဘာသာ ဆိုမိတယ်
ရိုးတွင်းချဉ်ဆီထိအောင် လောင်ရဲ့
ဆောင်းကြမ်းမွှန်းတဲ့ဓားချက်တွေအောက်မှာ
အဖေ့လက်နဲ့ မွှေးတဲ့ ဆောင်းမီးပုံလေး
ငါ့ကိုပြန်ပေး..
အမေ့ပုခက်ထဲက သားချော့တေးတွေ
ငါ့ကိုပြန်ပေး..
အဖြူအစိမ်းဝတ်စုံနဲ့
ကမ္ဘောဇ လွယ်အိတ်ကလေးကိုလည်း
ငါ့ကိုပြန်ပေး..

ကဲကွယ်..
ဘာဆိုဘာမှ ပြန်ပေးမနေပါနဲ့တော့
ဟောဟို့ တောင်စွယ်မှာ
တို့အမုန်းနဲ့ နေလုံး လုံးလုံး ကွယ်ရမယ် ။ ။

သစ်ကောင်းအိမ်
(၂၄၊ ၁၂၊ ၂၀၀၆)

(ကဗျာများကို မေငြိမ်းနှင့် ဆုံဆည်းရာ ဘလော့ဂ်များမှ ယူပါသည်)

အပြည့်အစုံသို့...

Tuesday, November 6, 2007

အောင်ဝေးစစ်တမ်း

အောင်ဝေး စစ်တမ်း
(တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ်)
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
နိဒါန်း

ဤစစ်တမ်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကဗျာဆရာတဦး၏ အကြံပြုစာတမ်း ဖြစ်သည်။ ဤစာတမ်းတွင် ကာယကံရှင်က သူ၏ ပုဂ္ဂလိက အမြင်ကို ဓမ္မဓိဌာန်ကျကျ ကြိုးစား တင်ပြထားပါသည်။ ထို့ကြောင့် တဦးချင်း သဘော သက်ဝင်နေသဖြင့် ဤအကြံပြု စာတမ်းကို ကာယကံရှင်၏ အမည်နှင့် တွဲလျက် “အောင်ဝေး စစ်တမ်း” ဟု အမည်ပေးပါသည်။ ခေါင်းစဉ်ငယ်အဖြစ် “တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစဉ်” ဟု ဖော်ပြထားပါသည်။ ယင်းခေါင်းစဉ်ငယ်မှာ ဤစစ်တမ်း၏ ရည်ရွယ်ချက် အဓိပ္ပါယ်အချုပ် ဖြစ် သည်။

၁။ ဘာကြောင့် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလဲ။

ယနေ့ မြန်မာ့နိုင်ငံရေး သမိုင်းလက်တွေ့ အခြေအနေများအရ မြန်မာပြည်သူ လူထုကြီးသည် မဆလ စစ်အစိုးရ (၂၆)နှစ်တာ အုပ်စိုးမှုကို ဖြုတ်ချသည့် ပထမ ဒီမိုကရေစီ တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည်။ ထိုစဉ် က Students-led ကျောင်းသားများ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် အမြတ်ထုတ် အာဏာ သိမ်းသွားခဲ့သည့် စစ်တပ်အစိုးရ န၀တ/နအဖ၏ (၁၉)နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုကို အန်တုပြီး မြန်မာပြည်သူ လူထုကြီးသည် ဒုတိယ ဒီမိုကရေစီ တော်လှန်ရေးကို ၂၀၀၇ခုနှစ် မကြာသေးခင် ရက်များက ဆင်နွှဲခဲ့သည်။ ယခု ထို Sanghas-led သံဃာတော်များ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် နအဖ စစ်အစိုးရက ထပ်မံ အမြတ်ထုတ် နေပြန်ပြီ ဖြစ်သည်။

ဘယ်လို အမြတ်ထုတ် နေသလဲ။
ရှင်းပါသည်။ ယခု ဒုတိယ လူထုတိုက်ပွဲကို မလွန်ဆန် မခုခံနိုင် တော့သော နအဖ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို သွေးရူးသွေးတန်း အပူတပြင်း လုပ်ဆောင်လာပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ သံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများက လူထုတပ်ပေါင်းစုကြီးဖွဲ့ပြီး တခဲနက် တောင်းဆို ဆန္ဒပြခဲ့ခြင်းပဲ မဟုတ်ပါသလော။ ဤကဲ့သို့ နအဖ စစ်အုပ်စုကို တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မတက်မဖြစ် တက်ရတော့သည့် အခြေအနေသို့ ရောက်အောင် တိုက်ရိုက်ဖိအား ပေးနိုင်ခဲ့ခြင်းမှာ ယခု ၂၀၀၇ ဒုတိယ လူထုတိုက်ပွဲ၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည်။ သို့ရာတွင် နအဖ စစ်အစိုးရသည် ကောက်ကျစ်ယုတ်မာ လှည့်ဖြားတတ်သည့် ဖက်ဆစ်ညာဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဗန်းပြပြီး အာဏာကို ရေရှည် ထိန်းချုပ်သွားနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ဤအချက်မှာ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အောင်ပွဲခံရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် အလွန် အရေးကြီး လက်ငင်းကျသော အချက်ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကြီး အနေဖြင့် စစ်အုပ်စု အလိုကျ “အတုအယောင် တွေ့ဆုံဆွေးနွေးရေး” ကို ငေးမောမျှော်လင့် ယုံစားမနေကြဘဲ မိမိတို့၏ တိုက်ပွဲ အရှိန်အဟုန်ကို အပြင်းအထန် မြှင့်တင်ကာ အချိန်အတို တောင်းဆုံးအတွင်း အမြန်ဆုံး အနိုင်တိုက်ပြီး အမြန်ဆုံး ပြည်သူ့အာဏာကို သိမ်းပိုက် ကြရတော့မည် ဖြစ်သည်။

၂။ ဘယ်လို အနိုင်တိုက်မလဲ၊ ဘယ်လို အာဏာသိမ်းပိုက်မလဲ။

မြန်မာပြည်သူ လူထုကြီးအဖို့ ယခုအခါ ပွဲသိမ်း ဆင်နွှဲကြရမည့် တနည်း “တတိယနှင့် နောက်ဆုံး” ဒီမိုကရေစီ တော်လှန်ရေးဖြစ်သည့် ဤတိုက်ပွဲတွင် အဓိကအားဖြင့် ရှောင်ရန်နှင့် ဆောင်ရန်များကို ဦးစွာသိထားရန် လိုပေ သည်။

ရှောင်ရန် အချက်(၂)ရပ် ရှိသည်။
ပထမအချက်မှာ အကြမ်းမဖက်ရေး (Non-violence) မူကို အသေဆုပ်ကိုင်ထားခြင်းနှင့် ဒုတိယ အချက် မှာ စေ့စပ်ကြေအေးရေး (Compromise) မူတို့ ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ၏ ဆုတောင်း မေတ္တာပို့သည့် အကြမ်းမဖက်နည်းမှာ နအဖ စစ်အုပ်စု၏ အကြမ်းဖက် ချေမှုန်းမှုကို ခံခဲ့ရသည်မှာ လူတိုင်း အသိပင် ဖြစ်သည်။ ရှေ့ဆက် တိုက်ရမည့် တိုက်ပွဲ စဉ်များတွင် မြန်မာပြည်သူ လူထုသည် အကြမ်းမဖက်ရေးမူကိုပဲ ဆက်လက် စွဲကိုင်နေဦးမည်၊ တနည်း မေတ္တာလက်နက်ဖြင့်သာ ရင်ဆိုင်နေဦးမည်ဆိုလျှင် လူသတ်သမား ရှေ့မှောက်မှာ လည်စင်းခံပေးသလို ဖြစ်နေပေတော့မည်။ ဤသို့ကား ဘယ်နည်းနှင့်မှ အဖြစ်မခံ နိုင်တော့ပါ။ (ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက်ရေး လမ်းစဉ်ကိုသာ အသေဆုပ်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျှင် ထိုသို့ ယုံကြည်သူများ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြမှ ဖြစ်ပါလိမ့် မည်။)

ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမားတိုင်းတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု ယူဆပါ သည်။ အမှန်က ဥပဒေဘောင် အတွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသော ပုဂ္ဂိုလ် တဦးတယောက်၏ အသက်အန္တရာယ်နှင့် လုံခြုံမှုအတွက် ဥပဒေက အကာအကွယ် ပေးရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မရှိသဖြင့် ထိုဥပဒေ မရှိပါ။

ထို့ကြောင့် ဆန္ဒပြသမားများသည် မိမိကိုယ်ကို မိမိသာ ခုခံကာကွယ် ရတော့မည် ဖြစ်သည်။ “သေ-နာ တ၀၊ မုဒိန်း စသည်၊ ရာဂ ပြေအောင်၊ လူသွေးဆောင်၊ သေအောင် ခုခံခွင့်” ဟူ၍ ရာဇ၀တ် ဥပဒေမှာ အခိုင်အမာ ဖော်ပြထားပါသည်။ ထိုအခါ ဆန္ဒပြသမားတိုင်းသည် စစ်တပ်က အကြမ်းဖက်နှိမ်နင်း ဖြိုခွဲလာမှုအပေါ် ခုခံကာကွယ်ရန် လိုအပ်လာပါက တိုက်ပွဲ၏ ဦးတည်ချက်ကို မထိခိုက်စေသောနည်းဖြင့် ပြန်လည် အကြမ်းဖက် ရင်ဆိုင် တုံ့ပြန်နိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် စေ့စပ်ကြေအေးရေးမူမှာ ရန်သူကို ဒူးထောက် အရှုံးပေးသော မူဖြစ်သဖြင့် ဤသစ္စာ ဖောက်ရေးမူကို အထူးပင် ရှောင်ကြဉ်ရန် လိုအပ်ပေသည်။ ရန်သူက အတုအယောင် အခွင့်အရေး၊ အနည်းငယ် မဖြစ်စလောက်ကလေး ပေးလိုက်ရုံနှင့် အချို့နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများသည် ရန်သူနှင့် ပူးပေါင်းသွားပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်ခဲ့သည့် အစဉ်အလာဆိုးများ မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ဥပဒေတွင်း မြေပေါ်တိုက်ပွဲတွင် ကျောရိုးပျော့သူများ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။

သို့ဖြစ်ရာ ဤရှောင်ရန်ရှိသည့် အချက်နှစ်ချက်ကို ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမား မည်သူမဆို ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ အားလုံးက သတိကြီးကြီးထားပြီး ရှောင်ကြဉ်သွားရန် လိုပါသည်။

ယခု မြန်မာပြည်သူလူထုကြီး ဆင်နွှဲနေသော အရေးတော်ပုံမှာ သာမန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ အဆင့်မျိုး မဟုတ်တော့ပါ။ ယခု မိမိတို့ ဆင်နွှဲနေသည်မှာ (၄၅)နှစ်တာ ဖိနှိပ်အုပ်ချုပ်လာသည့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချဖို့ ကြိုးပမ်းသည့် တော်လှန်ရေး (Revolution-Resistance) တရပ်ဖြစ်ကြောင်း သဘော ပေါက်ထားကြလျှင် တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင် တိုက်ပွဲဝင် သွားကြရမည် မဟုတ်ပါလော။

၃။ တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင်လုပ်

ယခုတိုက်ပွဲတွင် ဆောင်ရန်ရှိသည့် အချက်များမှာ …
(၁) သားသုံးသား’ ပေါင်းစည်းရေးကို မဖြစ်မနေ ကြိုးပမ်းရန်နှင့်
(၂) လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်သည့် အနေဖြင့် ဥပဒေတွင်း တိုက်ပွဲနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ပေးရန်တို့ ဖြစ် သည်။

၁၉၈၈ ပထမ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ (Students-led)
၂၀၀၇ ဒုတိယ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို သံဃာတော်များ ဦးဆောင်ခဲ့ကြသည်။ (Sanghas-led)
ယခု ၂၀၀၈ တတိယနှင့် နောက်ဆုံးတိုက်ပွဲတွင် စစ်သား (တပ်မတော်သား) များ လူထုတိုက်ပွဲထဲ ပူးပေါင်းပါဝင် လာပြီး သူတို့ကိုယ်တိုင်က စစ်အာဏာရှင် ခေါင်းဆောင်များကို အန်တုစိန်ခေါ်သည့် အခြေအနေမျိုး မလွဲမသွေ ဆိုက် ရောက်လာရန် ပြည်သူလူထုကြီးက ဆွဲဆောင်စည်းရုံး သိမ်းသွင်း သွားရမည်ဖြစ်သည်။ ထိုအခါ စစ်သား+ဘုရားသား(သံဃာ)+ကျောင်းသား=“သားသုံးသား” ပေါင်းစည်း ညီညွတ်ပြီး စစ်သားများကပင် လိုအပ်ချက်နှင့် အညီ တိုက်ပွဲကို ဦးဆောင်သွားမည့် Soldiers-led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။ ဤအချက်မှာ ဆန္ဒပြသမားများက စိတ်ရှည်ရှည်နှင့် လိမ္မာပါးနပ်စွာ စည်းရုံးလုပ်ဆောင် သွားရမည့် ကိစ္စဖြစ်သည်။

ဒုတိယ ဆောင်ရန် အချက်ဖြစ်သည့် လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ရေးတွင် အောက်ပါကိစ္စများ
လုပ်ဆောင်ရန် လိုပေသည်။
ပထမဦးစွာ ဥပဒေတွင်းတိုက်ပွဲတွင် မြေပေါ်/မြေအောက် အဖွဲ့အစည်းများ တော်လှန်ရေး ရေချိန်နှင့်အပြိုင် တပြေးညီ ဆက်စပ်ညီညွတ် ပေါင်းစည်းနေဖို့ဖြစ်သည်။
မြေပေါ်တွင် NLD ရှိသည်။ သံဃာတပ်ပေါင်းစုရှိသည်။ ၈၈ မျိုးဆက်၊ ဗကသ၊ တကသ ကျောင်းသားအဖွဲ့များ ရှိသည်။ သုံးရောင်ခြယ်၊ အကြမ်းမဖက်၊ CNG လူငယ်အဖွဲ့များရှိသည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရှိသည်။ တတ်သိပညာရှင်များ ရှိသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရှိသည်။ အလုပ်သမား လယ်သမား သမဂ္ဂများရှိသည်။ ဤမြေပေါ် အင်အားစုများ အားလုံး “လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy) အဖြစ် စုစည်းရပ်တည်ကြရမည်။

မြေပေါ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့လည်း ရှိနေသည်။ ဥပဒေတွင်း တိုက်ပွဲ မြေအောက်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၊ ကျောင်းသား ခေါင်းဆောင်အချို့နှင့် သံဃာ့ ခေါင်းဆောင်အချို့ ရှိသည်။
ယင်းမြေပေါ် မြေအောက် ဥပဒေတွင်းတိုက်ပွဲကို ဥပဒေပတိုက်ပွဲနှင့် ဆက်စပ် ချိတ်တွယ်ပေးရမည်။
ဥပဒေပတိုက်ပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် လက်နက်မကိုင်သော အဖွဲ့အစည်းဟူ၍ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းတွင် အဓိကအားဖြင့် KNU နှင့် သူ၏တပ် KNLA ရှိသည်။ ABSDF (ကျောင်း သားတပ်မတော်) အပါအ၀င် KNPP က ဦးဆောင်ဖွဲ့စည်းထားသည့် တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့ ရှိသည်။ (ဤအဖွဲ့တွင် ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၆စု ပါဝင်သည်။)
လက်နက်မကိုင်သော ဥပဒေပ အဖွဲ့အစည်းများအဖြစ် NLD(LA)၊ လူ့ဘောင်သစ်ပါတီ၊ NCUB၊ NCGUB၊ DAB၊ FDB စသည့် ကမ္ဘာအနှံ့ နိုင်ငံရေး အဖွဲ့အစည်းများရှိသည်။

ဥပဒေတွင်း လူထုတိုက်ပွဲ အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ နယ်စပ်က၊ ပြည်ပက ဥပဒေပ နိုင်ငံရေး လှုပ် ရှားမှုများကလည်း နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်လာပြီး စစ်အစိုးရကို ဖိအားပေးလာအောင် ကြိုးပမ်း ကြရပါမည်။ ထို့အတူ လက်နက်ကိုင် တိုက်ပွဲကလည်း စစ်ရေး အရှိန်အဟုန်မြှင့်ပြီး၊ အကျပ်ရိုက် အရူးမီးဝိုင်း ဖြစ်နေသော ရန်သူကို ဖိအားပေး ချေမှုန်းနိုင်ဖို့ လိုပါသည်။

ဥပဒေတွင်းနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးတွင် အထူးသတိထား ကိုင်တွယ်ရမည့် ကိစ္စမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ဥပဒေတွင်း ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ (၁၇)ဖွဲ့၏ ပြဿနာဖြစ်သည်။ ယင်းအဖွဲ့အစည်းများသည် စစ်အစိုးရနှင့် Gentleman's agreement ရှိထားသဖြင့် သူတို့ အဖွဲ့အစည်းများ အနေနှင့် လမ်းမပေါ်ထွက်ပြီး လူထုနှင့်အတူ လိုက်ပါ ဆန္ဒပြ၍လည်း မဖြစ်၊ တောထဲပြန်ဝင်ပြီး စစ်အစိုးရကို လက်နက်ကိုင် ပြန်တိုက်ခိုက်ဖို့လည်း မဖြစ်သည့် ဘေးကျပ်နံကျပ် အခြေအနေတွင် ရောက်ရှိနေပေသည်။ ဤပြဿနာကို ဒီမိုကရေစီ အင်အားစုများက ညင်သာသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုသည်။ အရေးကြီးသည်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လူထုတိုက်ပွဲအပေါ် သဘောထား တည့်မတ်မှန်ကန် နေဖို့ပင် ဖြစ်ပါသည်။
သို့ဖြစ်၍ တိုက်ပွဲတပွဲ တိုက်မည်ဆိုလျှင် တိုက်ပွဲ၏ သေနင်္ဂဗျူဟာ လိုသည်။ တိုက်ပွဲ၏ နည်းပရိယာယ် လိုသည်။ တနည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် တိုက်ပွဲ၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎။ တိုက်ပွဲ ဦးတည်ချက်နှင့် ပုံသဏ္ဍာန်

ပထမဦးစွာ မိမိနှင့် ရန်သူတို့၏ တိုက်ပွဲ အနေအထားကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုသည်။ တိုက်ပွဲတိုင်းတွင် ရန်သူနှင့် မိမိအကြား၌ အနေအထား (၃)ရပ်ရှိသည်။
ပထမ - မိမိဘက်က သေနင်္ဂဗျူဟာ ခံစစ်အနေအထား
ဒုတိယ - မိမိနှင့် ရန်သူ သေနင်္ဂဗျူဟာ တန်းတူရည်တူ အနေအထား
တတိယ - မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေအထား

ယခု မြန်မာပြည်သူ လူထုကြီး ရောက်ရှိနေသည့် အနေအထားမှာ မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေ အထားဖြစ်သည်။ စစ်အုပ်စု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အပူတပြင်း တွေ့ဆုံဆွေးနွေးဖို့ သွေးရူးသွေးတမ်း လုပ်နေရသည်မှာ နအဖဘက်က သေနင်္ဂဗျူဟာခံစစ်သို့ ကျရောက်သွားခြင်း မဟုတ်ပါလော။

ယခု မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်အနေအထားမှာ ရောက်နေပြီ။ ဘယ်လို ပွဲသိမ်း သေနင်္ဂဗျူဟာကို ကျင့်သုံးမလဲ။ တနည်း ပွဲသိမ်းတိုက်ပွဲ၏ ဦးတည်ချက်က ဘာလဲ။
အောက်ပါ ကြွေးကြော်သံ (၃)ရပ်သည် တိုက်ပွဲ၏ ဦးတည်ချက် ဖြစ်ရမည်။
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး
(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများက တဖက်၊ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တဖက်၊ စစ်အစိုးရ ကိုယ်စားလှယ်များက တဖက် ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပရေး
(၃) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပါဝင်သော ကြားဖြတ်အစိုးရ အမြန်ဆုံး ဖွဲ့စည်းရေး (အတိုကောက် အားဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး) ဤကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာ ဏာသိမ်းပိုက်ရေး လမ်းစဉ်၏ သေနင်္ဂဗျူဟာ ဖြစ်ရမည်။

သေနင်္ဂဗျူဟာကို နည်းပရိယာယ်များဖြင့် အကောင်အထည် ဖော်ရသည်။ ဘယ်လို နည်းပရိယာယ်လဲ။ တနည်း တိုက်ပွဲ၏ ပုံသဏ္ဍာန်က ဘယ်လိုလဲ။
လူထုတိုက်ပွဲ၏ ပုံသဏ္ဍာန်မှာ ရှင်းပေသည်။
“လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy)က ဦးဆောင်၍ ဥပမာ - ရွှေတိဂုံဘုရားတွင် သပိတ်စခန်း ဖွင့်မည်။ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ သပိတ်မှောက် စီတန်းလှည့်လည်မည်။ နေပြည်တော် သိမ်းပိုက်ရေး ကြွေးကြော်မည်။
စည်းကမ်းရှိခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ ညီညွတ်ခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ အမှန်တရားနှင့် ကိုက်ညီခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။
ပြည်တွင်း ပြည်ပ ကွန်ပျူတာ အင်တာနက် ဘလော့ဂါများ၊ ပြည်ပ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။
သံဃာ့ဦးသျှောင်အဖွဲ့ အပါအ၀င် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။

အခြားပုံသဏ္ဍာန်များ - လူထုက လူထုရန်သူ နအဖအစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် ကြံ့ဖွတ်၊ စွမ်း အားရှင်နှင့် သတင်းပေးများကို ဥပမာ - ရပ်ကွက်လူထုက မြို့ပြ ပြောက်ကျားပုံစံ လက်သည်မပေါ်အောင် ဟန့်တား ဖြိုခွင်းသည့် နည်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ထိုလက်တဆုပ်စာ လက်ကိုင်တုတ်များ ရပ်ကွက်ထဲတွင် မနေရဲတော့ဘဲ စိတ်ချောက်ချား တုန်လှုပ်ပြီး ထွက်ပြေးသွားအောင် ရပ်ကွက်လူထုက ခြိမ်းခြောက်နေရမည်။
အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်နေသော ဆန္ဒပြသမား တဦးချင်းသည် တိုက်ပွဲ၏ ဦးတည်ချက်နှင့် မလွဲ ချော်လျှင် မိမိစိတ်ကူးရှိသလို မိမိနည်း မိမိဟန်ဖြင့် ထိုကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေးများကို အမျိုးမျိုး နှောက်ယှက် ဒုက္ခပေးနိုင်သည်။
တိုက်ပွဲ၏ အရေးကြီးဆုံး ပုံသဏ္ဍာန်မှာ ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန်ညီညွတ်နေဖို့ပင် ဖြစ်သည်။

နိဂုံး

တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ထို့အတူ တော်လှန်သော တပ်ဦး (ခေါင်းဆောင်မှု) တရပ် မရှိဘဲနှင့်လည်း တော်လှန်ရေး အောင်ပွဲမခံနိုင်ပါ။
အထက်တွင် ဖော်ပြခဲ့သော ကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တိုက်ပွဲ၏ အတွေးအခေါ်ဖြစ်ရမည်။ လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (Mass's Alliances for Democracy) သည် ဦးဆောင်တပ်ဦး ဖြစ်ရမည်။
အထူးထပ်မံ၍ ပြောလိုသည်မှာ …
အကြမ်းမဖက်ရေးမူကို အသေဆုပ်ကိုင် မထားစတမ်း … ။
ရန်သူနှင့် မစေ့စပ် မကြေအေး စတမ်း။
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနှင့် ကိုက်ညီသော အင်အားမျိုးကို ထူထောင်စတမ်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအပေါ် သစ္စာမဖောက်စတမ်း။
တနှစ်အတွင်း အနိုင်တိုက်စတမ်း။ အာဏာသိမ်းပိုက် စတမ်း။

အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ)
(ခေတ္တ - ပုန်းခိုကျင်း တနေရာ)
၁၂-၁၀- ၂၀၀၇

နောက်ဆက်တွဲ

စာတမ်းတွင် ဖော်ပြခဲ့သော ...
(၁) နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး
(၂) သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေး
(၃) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး

ဤကြွေးကြော်သံ သုံးရပ်မှာ လူထုတိုက်ပွဲ အရှိန်အဟုန်အတိုင်း မမှိတ်မသုန် တဆင့်ချင်း တထစ်ချင်း အ ကောင်အထည် ပေါ်လာရမည်မှာ မုချဖြစ်သည်။

ပထမအဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်။ ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် သုံးပွင့် ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလာမည်။ တတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်သော ကြားဖြတ် အစိုးရ ဖြစ်ပေါ်လာမည်။ ဤအချိန်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးအကြီးဆုံး အခြေအနေ သို့ ရောက်လာပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ပေါ်ပေါက်လာလျင် နအဖအစိုးရနှင့် အတူတကွ နအဖအစိုးရ၏ လမ်းပြမြေပုံ (၇)ချက်၊ အ မျိုးသားညီလာခံနှင့် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့် အားလုံးလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွား လိမ့်မည်။

ထို့ကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာဖို့ အထူးအရေးကြီး လိုအပ်သည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက် လာမှသာ ထိုကြားဖြတ်အစိုးရက အောက်ပါ အရေးကြီး ကိစ္စများကို အလျင်အမြန် ဆောင်ရွက်နိုင်မည်။
ပထမ - ကြားဖြတ်အစိုးရက ၁၉၉၀ပြည့် ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ကြေညာပေးရမည်။
ဒုတိယ - ကြားဖြတ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမည်။ ထိုလွှတ်တော်ကမှ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ရေးဆွဲ အတည်ပြု ပြဌာန်းပြီး ဥပဒေနှင့်အညီ ကြားဖြတ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူရမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ အကျဆုံးနှင့် သိက္ခာအရှိဆုံး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် ဖြစ်သည်။ (တရားမ၀င် စစ်အစိုးရအတွက် အကောင်းဆုံး ထွက်ပေါက်လည်း ဖြစ်သည်။)

ဒီမိုကရေစီအစိုးရ မပေါ်ပေါက်သေးခင်၊ တနည်း အာဏာလွှဲပြောင်း မယူရသေးခင် ကြားဖြတ်အစိုးရ တာဝန် ယူထားသော ကြားကာလတွင် အောက်ပါ အချက်များကို နားလည်လိုက်နာဖို့ လိုသည်။
ပထမအချက် - KNU အပါအ၀င် တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်များကို ရပ်နားထား ရမည်။
ဒုတိယအချက် - တပ်မတော်အပေါ် နားလည်မှု ပေးရမည်။
တတိယအချက် - ပြည်ထောင်စုကြီး တစည်းတလုံးတည်းရှိရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး တို့ကို ဦးထိပ်ထားရမည်။

ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလတွင် တောတွင်းလက်နက်ကိုင် အဖွဲ့များသည် ကြားဖြတ်အစိုးရနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ ဤ အဆင့်တွင် လက်နက်ကိုင် အင်အားစုများအနေနှင့် ‘စစ်ရေးချို - နိုင်ငံရေးပို’ မူကို ကျင့်သုံးရမည်။

တပ်မတော်နှင့် ပတ်သက်၍ မြန်မာလူထုကြီးက အောက်ပါအတိုင်း နားလည်လက်ခံ ပေးရမည်။
(၁) တပ်မတော်သည် ဒီမိုကရေစီ အစိုးရတည်ဆောက်ရေးတွင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။
(၂) တပ်မတော်သည် တိုင်းပြည်အပေါ် သစ္စာခံသည်။ အစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူလူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ်သည်။ တပ်မတော်သည် အစိုးရလက်အောက်မှာ ရှိရမည်။
(၃) နိုင်ငံတော် အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။ တပ်မတော်သည် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။

ကြားဖြတ်အစိုးရ တာဝန်ယူထားသည့် ကြားကာလ သို့တည်းမဟုတ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းစကာလတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် “ပြည်တော်ဝင် လာမည့်” ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်မလာဖို့ အထူး အ ရေးကြီးသည်။ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကြားတွင် ချစ်ကြည်ရင်းနှီးမှု အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီး တစည်းတလုံးတည်း ရှိရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးတွင် ပြင်းပြသော တာဝန်ယူလိုစိတ်ရှိရန် အထူးအရေးကြီးသည်။

ဤကဲ့သို့ တနှစ်အတွင်း အနိုင်တိုက်ပြီးပြီ။ အာဏာသိမ်းပိုက်ပြီးပြီဆိုလျှင် မြန်မာပြည်သူ လူထုကြီး၏ သမိုင်းစာ မျက်နှာသစ်၊ ဘ၀သစ်ကို စတင်နိုင်ပြီ ဖြစ်ပါသည်။
နောက်ဆုံး ပြောလိုသည်မှာ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ် ချနေစဉ်မှာရော၊ ဒီမိုကရေစီ အစိုးရကို ထူထောင်နေစဉ်မှာပါ တိုက်ပွဲစဉ်တလျှောက်လုံး “ဒေါ်အောင်ဆန်းစုကြည်” နှင့် တသားတည်း ရှိနေဖို့ပင် ဖြစ်ပါကြောင်း။
ဤတွင် အောင်ဝေးစစ်တမ်း ပြီးပါပြီ။ ။

အပြည့်အစုံသို့...

လင်းလက်ကြယ်စင်

လင်းလက်ကြယ်စင်
ကိုမွှေး

သမီးရေ…
ယသော်ဓရာဖြစ်ဖို့ မလိုပါဘူးကွာ
ဝိသာခါဖြစ်ဖို့လည်း မလိုဘူးသမီး
သမီးဟာ သမီးဖြစ်နေခြင်းကကို
လင်းလက်ပြည့်စုံနေပါပြီ။

မနေ့က..
ဒီကနေ့…
မနက်ဖြန်…
ကာလသုံးပါးမှာ
လူဆိုတာ ရခဲတဲ့ လူ့အဖြစ်ကို
ဥစ္စာဆိုတာနဲ့ ဖြစ်ဖြစ်
အာဏာဆိုတာနဲ့ ဖြစ်ဖြစ်
တဏှာဆိုတာနဲ့ ဖြစ်ဖြစ်
ထုဆစ်ပုံဖော်တာ မဟုတ်ဘူး..။

တိုင်းပြည်..
ပြည်သူ..
လွတ်မြောက်ရေး..
စတေးသူတွေက…
စတေးပေးဆပ်
နင်းခြေသူတွေက…
အပြင်းနင်းခြေ
ပျိုးထောင်သူတွေက….
စိတ်မပျက်တမ်း ပျိုးထောင်
သတိနဲ့ သွေးမကြောင်ဖို့တော့ လိုတယ် သမီးရေ..။

အဖေတို့ ငယ်ငယ်က
ဘ၀ဆိုတာ သီချင်းတပုဒ်
ချိုပေါ့ကျတခွက် စီးကရက်တစ်လိပ်
လအရိပ်မှာ ချစ်သူ့ခြံစောင်ရင်း
ဂစ်တာနဲ့ သီချင်းငြီး
ယာယီ ပြီးပြည့်စုံခြင်းတွေ..
လွတ်လပ်ခြင်း အရေပါးပါးနဲ့
ကျွဲခြေရာကွက်ထဲ ကျက်စားခဲ့တာပေါ့။

မသိခဲ့…
မရှိခဲ့..
သတိမဲ့စွာ..
နေသာသလိုနေ
ဝေဒနာဆို မဖွေပဲ
ဖရိုဖရဲ ဒုက္ခ
မလွတ်လပ်လှတာ မမြင်တတ်ခဲ့..
မြင်နိုင်မှုမျက်စိကို လှည့်စားတဲ့
တို့ခြေထောက်တွေက ခြေကျင်းတွေကို
လေးလံလှရဲ့လို့ မတွေးမိခဲ့ဖူးလေ..။

ထောင့်ကိုးရာ ရှစ်ဆယ့်ရှစ်
သမိုင်းသစ် ခေတ်ပြောင်း..
မောင်းပြန်ကို ဒေါင်းလံနဲ့ စီးချင်းထိုး
ဦးမကျိုး ခေါင်းမငုံ့
မတုန့် မလှည့် မတွေဝေ
ဒဏ်ရာတွေ ပြည့်သွားပါစေ
သချုင်္ံင်းမြေ ချဲ့ကြစမ်းပါစေ
ရာဇ၀င်တော့ အရိုင်းမခံ
တော်လှန်မဟေ့ ဆိုတဲ့
လူငယ့်သမိုင်း
ခေတ်တိုင်း ခေတ်တိုင်းကလို
မျိုးဆက်ကို စောင့်ထိန်း
ဒေါင်းတသိန်း တောင်ပံဟုန်နဲ့
ဇာတိဂုဏ် မှတ်ကျောက်
အောင်လံနဲ့ တောက်ပ
တော်လှန်ကြရဲ့..။

အဲဒီတုန်းက….
တိုက်ပွဲစပြီ..
ရောင်နီမရှိ…
မှောင်အတိကျ..
ကျောင်းဘေးတလင်း
ဒေါင်းသွေးခင်းတော့
မာန်မလျှော့
ဟန်မပျော့
ဌာန်မလျော့ခဲ့ဘူး သမီး…။

စက်တင်ဘာ နှစ်ထောင့်ခွန်
စစ်ကျေးကျွန်ဘဝ
ရုန်းထတော်လှန် သွေးသံရဲရဲ
လွတ်မြောက်မှုအတွက်
အသက်နဲ့ လဲတဲ့
ရဲဝံ့ သံဃာ
နောက်ပါ ပြည်သူ
ဖြူစင်မေတ္တာ သေမှာ မကြောက်
ဒူးမထောက်တဲ့ သူတို့ရဲ့သစ္စာ
အဖေတို့ ဖောက်ရဲပါသလား သမီး။

ကိုယ့်ခွန် ကိုယ့်အား
ကိုယ့်သွေးသားနဲ့
ပြတ်သားတဲ့ သမီး
ဟောဒီခရီး…
မပြီးသေးဘူး သမီးရဲ့
သတိနဲ့ လှမ်း
မလျှော့တမ်း ဇွဲ
ရဲရင့် သတ္တိ
ပကတိ ကျောက်စိုင်
အတွေးအခေါ်နဲ့ ခိုင်မာ…
ချီတက်ရာ လမ်း..
ကြမ်းစေ ကွေ့ကောက်
မကြောက်တဲ့ သမီး…..။

သမီးရေ…
ယသော်ဓရာဖြစ်ဖို့ မလိုပါဘူးကွာ
ဝိသာခါဖြစ်ဖို့လည်း မလိုဘူးသမီး
သမီးဟာ သမီးဖြစ်နေခြင်းကကို
လင်းလက်ပြည့်စုံနေပါပြီ။ ။

ကိုမွှေး

အပြည့်အစုံသို့...

The Unity among Pro-democracy activists

The Unity among Pro-democracy activists
Sir Tote Gyi The Great
(Temporarily inhabiting at apartment #1A., third floor, Heaven)

The Unity among Pro-democracy activists is rather not impossible to achieve in theory as well as in reality, thus we can establish true and solid unity…

If we really agree to topple militarism and its puppeteers and their entity, and install genuine democratic government in our motherland, we must not compromise essential need of the people for this authentic democratic transaction.

In my friendly critic to so-called Burmese Experts, I only warn them to evaluate what they are actually seeking and what they were in the past, are nowadays and will be in the future.

No one can doctor history of the state or individual as the way they like, because genuine history is not written and manipulated by a group of people who are appointed by an organization or a government.

Those so-called Burmese Experts; they have an opportunity to use radio stations such as BBC, VOA, RFA and DVB and people rely on those stations to get news and opinions about our country, have a great responsibility to lead and encourage the people inside Burma to be able to march forward without a doubt for the revolution and democratic transaction.

They should not echo SPDC’s roadmap and diversion just for the salary and allowance from their news channels.

The people are not on the way of reforming collapsing government, but are on the way of revolution since long ago. We must not make people confused by the propaganda or doctrine orchestrated by non-violence voices, because our country and people’s struggle is not the same as Mohandas K. Gandhi’s pre World War two India or not like Nelson Rolihlahla Mandela’s battle.

What I am stating is not to deny genuine dialogue; which can really bring authentic democratic government, between pro-democracy forces including ABSDF, CPB, KNU, SSA, UWSA and other organizations as well as NLD and varieties of political parties and SPDC. But as a matter of fact, SPDC does not want to welcome or initiate such peace talk based on honesty and sincere wish for democracy and human rights in motherland.

If Burmese experts are not pseudo academics or just a bunch of idiots who just work for news channels only for salary, they should consider deeply that there are academic protocols which shall neither be broken nor dealt under table and neglected in term of desired results of the people.

Politicians and revolutionaries are not the same, reporters and experts are not the same.
If they are just working as reporters for their agencies, it is okay to assure their agencies’ policies, but it is not okay to echo SPDC’s Roadmap.

For those who are not seeing clearly what I was saying, I will point out again ….

To get tested unity, we must not confuse ourselves and the people, we must see crystal clearly what the people actually need and what we practically can do together for common goal.

As the whole world know that the common enemy are not merciful saints in military uniforms, Monks and people who sacrificed their own lives for the country are not just a bunch of ill-fated victims of the cause.

Therefore, I, Sir Tote Gyi the Great, want to request them to utilize their abilities to lead and lighten the path properly and do not unknowingly waste the opportunity that they are getting in hand.

Finally, Mr. BEs(not the liquor from Burma , abbreviation of Burmese Experts ).. before you get in the bed and after you wake up in the morning or anytime, chant this phrase three times, “Genuine democracy is not overrated for the Burmese people”.

Kindly,
Sir Tote Gyi The Great
Temporarily inhabiting at apartment #1A., third floor, Heaven

P.S: forgive me for not using Thesaurus to show off my English skill.

အပြည့်အစုံသို့...

အမောင် တောင်မှန်းမြောက်မှန်း မသိသူများ

အုတ်ရောရော ကျောက်ရောရော၊ ဆွမ်းဆန်ထဲက ကြွက်ချေးနှင့်
အမောင် တောင်မှန်းမြောက်မှန်း မသိသူများ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

သခင်အောင်ဆန်း တို့ခေတ်က ထွန်းအုပ်၊ ဘစိန် ရှိခဲ့သည်။
သခင်ကြီးများနှင့် အပေးအယူမျှသော ဒေါက်တာဘမော်တို့ ရှိခဲ့သည်။
ကျုပ် မစ္စတာ တုတ်ကြီး ဘာကြောင့် လူမုန်းခံ ပြောသနည်း။
ကိုယ့်ထမင်း ကိုယ်စား ကြီးတော်နွား အလကားကျောင်းပြီး နို့ ညှစ်ချင်သဖြင့်လား …။
လားလားမျှ မဟုတ်။ ယခု န.အ.ဖ က ၄င်းတို့ ရွှေရောင်အိပ်မက်ကြီးကို အပြင်းအထန် အကောင်အထည် ဖော်နိုင်ရန် သေနတ်ဖြင့်တမျိုး ဒုတ်ဖြင့်တဖုံ စည်းစိမ်ဖြင့်တမျိုး ရပိုင်ခွင့်ဖြင့်တနည်း ရည်ရွယ်ချက်ရှိရှိ ကြိုးစား လုပ်ဆောင်နေကြချိန်။
ပြည်သူက ကြေမွ တစီဖြစ်အောင် စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးအား စိတ်တိုင်းကျ န.အ.ဖ ဖျက်ဆီး ခြေမှုန်းခြင်းအား ခံနေရသည်။

ဤကာလတွင် မြန်မာနိုင်ငံတော် ပြင်ပ၌ မိန့်မိန့်ကြီး ငြိမ့်နေသော အတိုက်အခံ မျက်နှာဖုံးစွပ် တော်လှန်ရေး လူထွက်ကြီးများနှင့် ထိုသူတို့ ပြောစကားအား ဟုတ်မယောင်ယောင် လက်ခုတ်ပဲ ထတီးရတော့မလိုလို ရေဒီယိုပဲ ဆောင့်ကန် ပစ်ရတော့မလိုလို … လိုလိုတွေ များစွာဖြင့် တယောက်ထဲ ဒုက္ခများနေမိတော့၏။

န.အ.ဖ ၏ လမ်းပြမြေပုံသည် ဒီမိုကရေစီစနစ်အား အမြန်ဆုံး အကောင်အထည် ဖော်နိုင်မည့် shortcut မဟုတ်ပါ။ သူ့လည်ပင်း စွပ်လာမည့် ကြိုးကွင်းအား မဟာဒူးဖြင့် ၀ိုက်ကာ ခြေခွင်လေး ဆတ်လိုက်ပြီး တော့ပေးလိုက်သော ခြင်းကစားကွက်သာ ဖြစ်ပါသည်။ ခက်တာက ခါးတောင်း ခိုင်အောင် မကျိုက်ပဲ ကညော့ လိုက်သောကြောင့် လော.. အစကတည်းက အရှက်မရှိသဖြင့်လော … ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် စောကြောကြ။ န.အ.ဖ ၏ ပုဆိုးကွင်းလုံး ကျွတ်ရသည့်အဖြစ် ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းကာ လဲပြိုမည့်ဆဲဆဲ သံယောင်လိုက် ဆရာလုပ်ပြခြင်းဖြင့် ဇာတ်လိုက်ကျော်ကြီးများက န.အ.ဖ ကို ဆွဲထူ ဖေးကူနေသယောင်။

ရင်ကြားစေ့ရေး၊ သင်ပုန်းခြေရေး၊ လမ်းပြမြေပုံကို အတည်ပြုရေး ဆိုသည်မှာ ကျုပ်တို့ တဦးတည်း ဆုံးဖြတ် တဦးတည်း အတည်ပြုကာ န.အ.ဖ အား ကဲ….အိုကေ အမေ့ လင်ရေ၊ ကျုပ်တို့တော့ ခင်ဗျားတို့လည်း ခင်ဗျားတို့ စည်းစိမ်တွေ မပြုတ်၊ ရာထူးတွေမပြုတ်၊ ခင်ဗျားတို့ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေကို ပြည်သူက အရေးမယူစေဘဲ အောင့်ကာ နမ်းကြပါစို့ဟု လုပ်၍မရ။

မည်သူ တဦးတယောက်ကမျှ တကယ်တမ်း သင်တို့အား သည်တာဝန် ပေးမထား မည်သူ တဦးတယောက်ကမျှ တရားဝင် သင်တို့အား မြန်မာအရေး ကျွမ်းကျင်သူများဟု အသိအမှတ်ပြုမထား။ သို့သော် မစ္စတာတုတ်ကြီး အနေဖြင့် အသိအမှတ် တခုတော့ ပြုထားပါသည်။ အမြန်အာရေး ကျွမ်းကျင်သူများဟု … ။

ထပ်မံ ပြောလိုက်ပါမည်။ တုတ်ကြီး နှုတ်စီးကာ ပြောနေခြင်း မဟုတ်ပါ။ ညီညွတ်ရေး အရေးကြီးသည် ဆိုသည်ကို မမေ့ပါ ။
စွမ်းအားရှင်၊ ကြံ့ဖွတ်နှင့် န.အ.ဖ ၏ ပေါ်လစီကို အာမခံ ပုခုံးထမ်းပေးသူများအား ဝေဖန်တိုက်ခိုက် သကဲ့သို့ မိမိ မိတ်ဖက်စည်းဝိုင်း အတွင်းမှ ပြည်သူလူထုအား တွေဝေလမ်းချော်ကာ တိုက်ပွဲပုံသဏ္ဍာန်နှင့် ဦးတည်ချက် ပြောင်းအောင် ပြုလုပ်သူ မည်သူ တဦးတယောက်ကိုမဆို အပြုသဘောဆောင်သော ဝေဖန်မှုဖြင့် ဆက်လက် ဝေဖန်သွားပါမည်။
တိုတိုနှင့်လိုရင်းကိုသာ ရေးသည်ဖြစ်သဖြင့် အချက်အလက် မစုံလင်ဟု ယူဆမိလျှင် ထပ်မံတင်ပြပါမည်။

မေတ္တာဖြင့် …
တုတ်ကြီး
(ခေတ္တ တာဝတိံသာ)

အပြည့်အစုံသို့...

Myanmar news

U.S. tells Singapore to cut bank ties with Myanmar
Sender-Aye Ko Ko

BANGKOK, Nov 5 - The United States told Singapore and its banks on Monday to sever financial links with Myanmar's junta, widely believed to use the city-state as its main off-shore banking centre.
"We believe that there are regime officials with accounts in Singapore," senior State Department official Kristen Silverberg told reporters in Thailand during a regional tour to drum up support for a tougher Asian stance against the former Burma. "We hope that they ensure that their financial institutions are not being used as sanctuary for Burmese officials," said Silverberg, who is responsible for U.S. liaison with groups such as the Association of South East Asian nations.
ASEAN is one of the few international organisations to admit Myanmar but its current chairman -- Singapore -- expressed "revulsion" at September's crackdown on monk-led democracy protests in which at least 10 people were killed.
Washington wants Singapore to go one step further and take action in the form of, say, financial sanctions or travel restrictions on members of the regime and their cronies, as the United States and Australia did last month.
Silverberg did not say whether "third party" sanctions, targeting non-U.S. businesses that do business with Myanmar, were among further measures being considered in Washington if the generals fail to embark on an acceptable path to democracy.
"Obviously, we've asked financial institutions and governments worldwide to consider whether their relationships with Burma are helping to facilitate this regime," she said.
"We're glad that both governments and private institutions are taking that request seriously."
Singapore officials have publicly opposed sanctions, but in the last few weeks, its banks appear to have been quietly distancing themselves from Myanmar, analysts and bankers say.
The most concrete example is Air Bagan, a small airline owned by Htoo Trading, a conglomerate which recently appeared on a U.S. blacklist on account of its links to the junta, which is suspending flights to Singapore.
The city state's Today newspaper said the final straw for the airline, which was struggling with declining passenger numbers after the crackdown, was Singapore banks deciding to "stop dealing with" it.

အပြည့်အစုံသို့...