Monday, October 29, 2007

စစ်တပ်ထဲမှာ ...
ကလိုစေးထူး
(Mizzima ၀က်ဘ်ဆိုက်မှ ကူးယူ ဖော်ပြပါသည်)

မြန်မာပြည်မှာ ယနေ့ ဖြစ်နေတဲ့ အခြေအနေကို ကောင်းမွန်တဲ့ အနေအထား တရပ်ဆီ ရောက်လာအောင် ဘက်ပေါင်းစုံက စဉ်းစားကြပါတယ်။ အဲဒီအထဲမှာကမှ စဉ်းစားမိကြတာ တခုကတော့ `စစ်တပ်ကို ပြည်သူ့ ဘက်တော်သား ဖြစ်လာအောင် ကြိုးစားကြတဲ့နည်း´ ပါပဲ။ စစ်တပ်သာ လူထုဘက် ပါလာရင် အာဏာရှင်ဟာ ဘယ်နည်းနဲ့မှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ယုံကြည် ကြပါတယ်။
စစ်တပ်ကို ပြည်သူဘက် ပါလာအောင် ကြိုးစားတာကို `စိတ်ကူးယဉ်တယ်´ လို့ တချို့က သတ်မှတ်ကောင်း သတ်မှတ်နိုင်ပေမယ့် အဲဒါဟာ သိမ်မွေ့စွာ ကြိုးစားလို့ ရနိုင်တဲ့ အရာတခု ဆိုတာကို ကျနော် ယုံကြည်ပါတယ်။
လူတဖက်သားကို ကိုယ့်ဘက် ပါလာအောင် စည်းရုံး ဆွဲဆောင်တဲ့ နေရာမှာ သူ့စိတ်ထဲမှာ ဘာတွေ ရှိနိုင်မလဲ၊ သူ လက်ရှိ ခံစားနေရတာက ဘာတွေ ဖြစ်နိုင်မလဲ၊ သူ ဖြတ်သန်းခဲ့တာက ဘာတွေ ဖြစ်မလဲ ဆိုတာကို တတ်နိုင်သလောက် အရင် လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။
လူမြင်ကွင်းမှာတောင် မရှောင်၊ ရက်ရက်စက်စက် ပက်ပက်စက်စက် ရိုက်နှက်ချင်စိတ်တွေ ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအား ပေးနေခဲ့သလဲ…၊ သာမန်အားဖြင့် ဖမ်းဆီး ချုပ်နှောင်ထားရုံနဲ့ လုံလောက်နေတဲ့ ကိစ္စကို အဲဒီလို အငြိုးတကြီးပုံစံနဲ့ ကန်ကျောက် ရိုက်နှက်ရလောက်အောင် သူတို့ရဲ့ စိတ်တွေ ခက်ထန် ကြမ်းတမ်းနေရခြင်းရဲ့ အရင်းခံက ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာကို ကျနော် ဆန်းစစ် ကြည့်ချင်ပါတယ်။
အဲဒီလိုနဲ့ `စစ်တပ်ထဲမှာ…´ ဆိုတဲ့ စစ်တပ်ထဲက အဆင့် အမျိုးမျိုးနဲ့ ရပ်တည် ရှင်သန်ရတဲ့ စစ်သားတွေရဲ့ ဘဝတွေ အကြောင်းကို ကျနော် တွေ့မြင်ခဲ့ရတာ၊ ကျနော် လေ့လာ သိရှိခဲ့ရတာတွေနဲ့ ကျနော့်မိတ်ဆွေ စစ်သည်တော်များရဲ့ ရင်ဖွင့်ချက်တွေအပေါ် အခြေခံပြီးတော့ တင်ဆက် ဖော်ပြသွားပါမယ်။
စစ်တပ်ထဲမှာ…
(အခြားအဆင့်)
မြန်မာစစ်တပ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် တပ်ရင်း တခုရဲ့ အင်အားဟာ ၈၁၆ ဦး ရှိရပါတယ်။ သန္ဓေစစ်သည် ၇၈၆ ဦး၊ တွဲဖက် စစ်သည် ၃၀ ဦး လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်စစ်တပ်ထဲမှာမှ သတ်မှတ် ဖွဲ့စည်းပုံ အတိုင်း ပြည့်မီတဲ့ အင်အား မရှိကြပါဘူး။ စစ်စည်းကမ်း အင်မတန် ကောင်းမွန်ပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တပ်ရင်းမှာတောင်မှ အလွန်ဆုံး ရှိတဲ့ အင်အားဟာ ၄၀၀ ၀န်းကျင်မျှသာ ဖြစ်ပါတယ်။
တပ်ရင်းတွေ အဲဒီလို အင်အား မရှိရတဲ့ အချက် နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက တပ်ရင်း အသစ်တွေကို မြန်မာပြည် တနံတလျား ဖွင့်လှစ်လွန်းမှုကြောင့် နဂို ရှိနှင့်ပြီးသား တပ်ရင်း အဟောင်းတွေထဲက စစ်သည်တွေကို ခွဲဝေထုတ်နှုတ် နေရာချ ပေးရတာကြောင့်ပါ။ နောက်တချက်ကတော့ ပြုန်းတီး အင်အားတွေကြောင့် ဖြစ်ပါတယ်။ စစ်ပြေး၊ သေဆုံး၊ ကျဆုံး၊ ပျောက်ဆုံး ဆိုတဲ့ ပြုန်းတီး အင်အားလေးမျိုး အနက် အဓိက အများဆုံးကတော့ စစ်ပြေး အင်အားပါပဲ။
အင်အား မရှိတော့ အင်အား ရှိလာအောင် နည်းအမျိုးမျိုး သုံးကြရပါတယ်။ သာမန်အားဖြင့် စစ်တပ်ထဲ ဝင်ဖို့ ဆွယ်ယူခြင်း၊ ဗဟုသုတ နည်းပါးပြီး ဝေးလံခေါင်သီတဲ့ ရွာငယ်တွေမှာ အတင်းအဓမ္မ လူစု ကောက်ခံခြင်း၊ ထင်ရှားတဲ့ မြို့ကြီးတွေက ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ စစ်သား စုဆောင်းရေး တာဝန်ကျတွေက အသက်မပြည့်သေးသူ ကလေး သူငယ်များ၊ အိမ်ပြေး လူငယ်များနဲ့ အခြေအနေမဲ့များကို ဆွဲဆောင် စုဆောင်းခြင်း၊ အခြားနည်းတွေနဲ့ စုဆောင်းခြင်းတို့နဲ့ အင်အားတိုးအောင် စုဆောင်း ကြပါတယ်။
လူထုက စစ်တပ်ကို `ချဉ်´ နေတဲ့ ဒီခေတ်မှာ သာမန်အားဖြင့် ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ထဲကို ဝင်လာတဲ့ အခြားအဆင့် စစ်သားက အင်မတန် နည်းလွန်းလှတာကြောင့် ကျနော်အထက်က ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ စစ်သား စုဆောင်းရေး လုပ်ကြတာကြောင့် စစ်တပ်ထဲကို စရိုက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ ရောက်သွားကြပါတော့တယ်။ အဲဒီ အထဲမှာ တခါတရံမှာ ဝရမ်းပြေး ရာဇဝတ် လူဆိုးတွေတောင် ပါသွားတတ်ပါသေးတယ်။
ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာပဲ ဖြစ်ဖြစ်၊ အတင်းအဓမ္မ ဆွဲသွင်းလို့ ရောက်လာတာပဲ ဖြစ်ဖြစ် အခြားအဆင့် စစ်သားလောင်းတွေကို ပုံစံပေးဖို့ အရင်ဆုံး စောင့်နေတာကတော့ `စစ်သား စုဆောင်းရေးတပ်´ ပါပဲ။ အဲဒီ တပ်ဝင်းထဲကို ရောက်သွားပြီ ဆိုတာနဲ့ သူတို့ အရင်ဆုံး လုပ်တာကတော့ ဆံပင် ညှပ်ပစ်တာပါ။ ဆံပင် ညှပ်တယ် ဆိုရာမှာ ရုပ်ရှင်ထဲက မင်းသားတွေလို ကြည့်ကောင်းရုံ ညှပ်တာ မဟုတ်ပါဘူး။ မညီမညာ၊ မသပ်မရပ် ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံ ညှပ်ပစ်တာပါ။ `စစ်သားဆံပင်ပုံ ညှပ်တာ´ လို့ ပြောကြပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ စိတ်ပြောင်းပြီး ပြန်ထွက်ပြေးတဲ့ လူတွေကို အဲဒီ ဆံပင် ပုံစံကြောင့် အလွယ်တကူ ပြန်လည် ဖမ်းမိစေဖို့ ရည်ရွယ်လိုရင်းလဲ ပါပါတယ်။
အပြင်မှာ အရပ်သားဘဝ၊ ကျောင်းသားဘဝနဲ့ နေသားကျလာတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို အဓိက ပြောင်းလဲပစ်ဖို့ အစပျိုးလိုက်တဲ့ အရာကတော့ စစ်သားတွေရဲ့ အဆဲအဆိုနဲ့ ကြမ်းတမ်းလှတဲ့ စရိုက်ပါပဲ။ အပြင်လောကမှာ ဆိုရင် ဘာမဟုတ်တဲ့ အပြစ်လို့ ယူဆကြတဲ့ အပြစ် သေးသေးလေးအတွက် မိဘက အမြတ်တနိုးထား၊ ချစ်သူက အမြတ်တနိုးထားတဲ့ ပါးကို `ဖြောင်း´ ခနဲနေအောင် အရိုက်ခံရ၊ မအေတွေ နှမတွေ ရစရာမရှိအောင် အသားလွတ် အဆဲခံလိုခံရ စတဲ့ အတွေ့အကြုံတွေက အရပ်သားတွေ အတွက် အံ့အားသင့်တကြီး ဖြစ်သွားစေတဲ့ အပြင် စိတ်ကိုပါ ချက်ချင်း သိမ်ငယ် သွားစေလိုက်ပါတယ်။
အဲဒီလို အသားလွတ် အဆဲအဆို၊ အရိုက်အနှက် ခံရတာခြင်း အတူတူထဲကမှ တချို့ အတန်းပညာ အတန်အသင့် ရှိသူနဲ့ တာဝန်ခံတွေက မျက်စိကျသူ တချို့က စစ်သားလောင်း အချင်းချင်း ပြန်ကွပ်ကဲရတဲ့ Leader တာဝန် အပေးခံရတာတွေ ရှိပါတယ်။ အရိုက်ခံ၊ အဆဲခံနေရတဲ့ အခြေအနေကနေ ကိုယ်က ရိုက်ရ၊ ဆဲရတဲ့ အခြေအနေကို ရောက်သွားပြီ ဆိုရင်ပဲ အဲဒီ အရသာကို အဲဒီ ပုဂ္ဂိုလ်တွေက ခံစားတတ် သွားပါတယ်။ အရသာ တွေ့သွားပါတယ်။ ကိုယ့်ကို ကြောက်လို့ တုန်ယင်နေတဲ့ လူတယောက်ကို ပိုကြောက်လာအောင် သဟောက်သဟမ်း လုပ်ရင်းနဲ့ အကြမ်းဖက် စိတ်တွေက အဲဒီ လူတွေရဲ့ စိတ်ထဲမှာ အစပျိုးမှန်းမသိ အစပျိုးခဲ့ပါတော့တယ်။
အဲဒီလိုနဲ့ အဲဒီလူတွေ တပ်သားသစ် သင်တန်းကို ရောက်သွားပြီ ဆိုရင်ပဲ… `သင်တန်း ဖွင့်ပွဲမှာ လေ့ကျင့်ရေး တပ်မှူးက မိန့်ခွန်း ပြောတယ်။ မင်းတို့ အောက်မှာ မြေကြီးပဲ ရှိတော့တယ် ဆိုတာ မှတ်ထားကြတဲ့။ စစ်ထဲကို ဘယ်လိုပုံစံနဲ့ပဲ ရောက်လာ ရောက်လာ မင်းတို့ လက်ရှိ ရောက်နေတဲ့ ဘဝကို အကောင်းဆုံးလို့ မှတ်ယူပြီးတော့ သင်တန်းကို ပြီးဆုံးအောင် တက်ကြတဲ့´
စစ်သားတယောက်ရဲ့ အဆွယ်ကောင်းမှုကြောင့် အသက်မပြည့်ခင် စစ်ထဲဝင်သွားလို့ ပင်လောင်းမြို့က
အမှတ်(၄) လေ့ကျင့်ရေးတပ် အထိ ငွေအား၊ လူအားနဲ့ မရမက ပြန်ထုတ်ယူခဲ့ရတဲ့ ကျနော့် ညီက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ဟိုးအရင်ကတော့ တပ်သားသစ် သင်တန်းကာလကို ရက်သတ္တပတ် (၂၄) ပတ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ (၁၆) ပတ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ (၁၆) ပတ် အတွင်းမှာ တပ်သားသစ်တွေဟာ စစ်သင်တန်းက နည်းနည်း အလုပ်ကြမ်းက များများ လုပ်ကြရပါတယ်။ အဆိုးဆုံးကတော့ သူတို့ကို `သင်တန်းသားတွေ´ ဆိုပြီး အလွန်နှိမ်တာနဲ့ ညနေတိုင်းနဲ့ စနေနေ့တိုင်းမှာ ခေတ်သစ် ကျွန်များသဖွယ် ဘယ်ဌာနအတွက် ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဗိုလ်ကြီးအိမ်မှာ ကူလုပ်ဖို့ ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဆရာကြီး အိမ်အတွက် ခွဲတမ်း ဘယ်နှစ်ယောက် စသဖြင့် ခွဲတမ်းချ ခိုင်းစေခြင်း ခံရတာပါ။ တခါတရံမှာဆိုရင် တချို့ တပ်သားသစ်တွေကို သင်တန်းချိန် ဖျက်ပြီးတော့တောင် ဝါးခုတ်၊ ထရံယက် အစရှိတာတွေ ခိုင်းစေပြီးတော့ စီးပွားဖြစ် ပြန်လည် ရောင်းချတယ်လို့ သိရပါတယ်။
အဲဒီလိုမျိုး အရာရာတိုင်းမှာ အောက်ကျနောက်ကျ ခံရ၊ အနှိမ်ခံရတာ ကြာလာတော့ တပ်သားသစ်တွေရဲ့ စိတ်ထဲမှာ တခုခုကို ပေါက်ကွဲပစ်ချင်တဲ့ အငုပ်စိတ်က စပြီး အခြေ တည်လာပါတော့တယ်။ သာဓကအားဖြင့် ပြောရရင် တပ်သားသစ် အချင်းချင်း အုပ်ချုပ်ရ လွယ်ကူအောင် ခန့်အပ်ထားတဲ့ တပ်သားသစ် တပ်စုမှူး၊ တပ်ခွဲမှူး တွေဟာ သင်တန်းနည်းပြ စစ်သားတွေထက်တောင် အရိုက်အနှက်မှာ ပိုလက်သံပြောင်တယ်လို့ သိရပါတယ်။ ထောင်ဝါဒါ၊ ထောင်တန်းစီးတွေရဲ့ စိတ်ထားနဲ့ ခပ်ဆင်ဆင် တူမလားပါပဲ။
လေ့ကျင့်ရေးကျောင်းတွေရဲ့ အင်မတန်မှ မှားယွင်းတဲ့ လုပ်ဆောင်ချက်တခုကို တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ တပ်သားသစ်တွေထဲက စစ်တပ်ထဲကို နောက်တကြိမ် ထပ်မံ ဝင်လာသူ စစ်ပြေးများကို နေရာ ပေးတာပါပဲ။ စစ်တပ်ထဲက ထွက်ပြေးလိုက်၊ စစ်တပ်ထဲကိုပဲ ပြန်ဝင်လိုက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စစ်စည်းကမ်းအရ အရေးယူရမယ့်အစား အင်အား လိုအပ်ချက်ကိုပဲ ကြည့်ပြီးတော့ ပြန်လည် လက်ခံသေးတဲ့အပြင် အဲဒီလူတွေကို အဆောင်မှူး၊ တပ်စုမှူး အဖြစ်ပါ နေရာပေး တာဝန် ခန့်အပ်လိုက်တာဟာ စစ်သားတွေရဲ့ စိတ်ကို ပိုမိုခက်ထန် လာစေတဲ့ အစပျိုးချက် တချက်ပါပဲ။ နေရာရခိုက်မှာ ကိုယ့်အောက်က လူကို များများ နှိပ်ကွပ်လေလေ ကိုယ်က ပိုသက်သာလေလေဆိုတဲ့ မကောင်းတဲ့ အခြေခံစိတ်က အဲဒီက စပါတယ်။
အဲဒီလိုနဲ့ပဲ စစ်သင်တန်းက နည်းနည်း၊ ဖက်ထိပ်က များများ (ဖက်ထိပ်ဆိုတာဟာ စစ်တပ်ထဲမှာ အင်မတန် လူသိများတဲ့ အခေါ်အဝေါ်တခုပါ။ ပြင်သစ် ဘာသာစကားက ဆင်းသက်လာပြီးတော့ Fatigue `ပင်ပန်းဆင်းရဲစွာ လုပ်ရတဲ့ အလုပ်´ လို့ အဓိပ္ပာယ် ရပါတယ်) နဲ့ ရက်သတ္တပတ် ၁၆ ပတ်တာ စစ်သင်တန်း ပြီးသွားတော့ တပ်သားသစ်ကနေ တပ်သားအဖြစ်နဲ့ တာဝန်ကျရာ တပ်ရင်း အသီးသီးကို ရောက်သွားကြတယ် ဆိုပါတော့…။
***
ဘလော့ဂ်တခုမှာ ရေးထားတာကို တွေ့လိုက်ပါတယ်။ `တပ်မတော် ပျက်ကြောင်း ကြည်းသုံးသောင်း´ တဲ့။ ကျနော် လေ့လာထားဖူး သလောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အတန်ငယ် လိုနေပါတယ်။ ဒါပေမယ့် အဲဒီ စကားရဲ့ အခြေခံက စစ်တပ်ထဲကို နောက်ကျမှ ဝင်လာတဲ့ လူတွေကို နှိမ်တဲ့ သဘောပါ။ စကားအမှန်က `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ပါ။ အဲဒီလို ခေါ်ရခြင်းက ဒီလိုပါ။
ဟိုးအရင်က အခြားအဆင့်တွေအတွက် ကိုယ်ပိုင်အမှတ်က ဂဏန်း ခြောက်လုံးအထိ ရှိပါတယ်။ ဥပမာ တပ်သား မောင်ဖြူ၊ ကိုယ်ပိုင် အမှတ် ၄၅၆ ၇၈၉ …။
အဲဒီလိုနဲ့ ကိုယ်ပိုင် အမှတ်တွေက တဖြည်းဖြည်းနဲ့ ရှေ့ကို ရောက်လာတော့ ကိုယ်ပိုင်အမှတ် ၉၉၉ ၉၉၉ နောက်ပိုင်းမှာ ဂဏန်း ခုနှစ်လုံးအထိ သတ်မှတ်ရဖို့ ဖြစ်လာပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အမှတ်ကို ဂဏန်း ခုနှစ်လုံး မဖြစ်စေချင်တာနဲ့ တ-၀၀၀၀၁ ကနေ အစပြုပြီးတော့ သတ်မှတ် ပေးလိုက်ပါတယ်။ တ ရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော် ပါ။ အဲဒီလို ကိုယ်ပိုင်အမှတ် တ- နဲ့ စတဲ့ အခြားအဆင့် စစ်သည်တွေနဲ့ ပြန်တမ်းဝင် အမှတ် ကြည်း/၃၀၀၀၀ နောက်ပိုင်း အရာရှိငယ်တွေကို `စစ်တပ်ဖျက်မယ့် ကောင်တွေ´ လို့ နှိမ်ပြောရင်းနဲ့ `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ဆိုတဲ့ စကား စစ်တပ်ထဲမှာ ပေါ်လာတယ်လို့ သိရပါတယ်။
တပ်သားသစ် သင်တန်းဆင်းလို့ တပ်ရင်းတပ်ဖွဲ့တွေ အသီးသီးကို ရောက်သွားတဲ့ စစ်သား လက်သစ်ကလေးတွေဟာ တပ်ရင်းရောက်တော့လည်း အနှိမ်ခံရတာပါပဲ။ ဆရာကလည်း နှိမ်၊ ဆရာကြီးကလည်း နှိမ်၊ ဗိုလ်ကြီးကလည်း နှိမ် နောက်ဆုံး… ကိုယ်ပိုင်နံပါတ် အရပါ အနှိမ်ခံရပါတယ်။ အဲ… သူတို့ကလည်း တဖြည်းဖြည်းနဲ့ စစ်သက်လေးတွေ ရင့်လာတဲ့အခါ သူတို့နောက်က ဂျူနီယာ စစ်သားတွေကို သူတို့ အနှိမ်ခံခဲ့ရတုန်းက အတိုင်း ဆက်နှိမ်ပြန်တာပါပဲ။ စစ်စည်းကမ်း သေဝပ်မှု ရှိအောင် ဒီနည်းကို သုံးတာလို့ ပြောနိုင်ပေမယ့် စစ်စည်းကမ်း ပြင်ပကို ကျော်လွန်ပြီး `အမိန့်နာခံမှု´ ဆိုတဲ့ တပ်မတော် အား ဆယ်ပါးထဲက အချက်တချက်ကို အဆင့်ဆင့် အလွဲသုံးစား လုပ်ကြတဲ့အခါမှာ ဘယ်သူ့ကို ဖြစ်ရမှန်းမသိတဲ့ ဒေါသကိုယ်စီက စစ်သားတွေရဲ့ ရင်ထဲမှာ တစတစနဲ့ ကိန်းအောင်း လာပါတော့တယ်။
အခြားအဆင့် စစ်သည်ကနေ ပြန်တမ်းဝင် အရာရှိဖြစ်နိုင်တဲ့ နည်းလမ်း သုံးမျိုး ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့…
(၁) စစ်သက်ငါးနှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ် အဆင့်ရှိသူ၊ အသက်(၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၂) စစ်သက် ရှစ်နှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ်ကြီးစာရေး အဆင့်ရှိသူ၊ အသက် (၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၃) တပ်သားအဆင့်မှ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ် စသဖြင့် အဆင့်ဆင့် ရာထူး တက်သွားပြီး ဗိုလ်ကြီး အဆင့်တွင် ဂိတ်ဆုံးသော အရာရှိအိုများ။
အထက်ပါ နည်းလမ်းတွေနဲ့ ပြန်တမ်းဝင် အရာရှိ ဖြစ်နိုင်တယ် ဆိုပေမယ့် တကယ့်တကယ်တမ်း အခြားအဆင့်ကနေ ပြန်တမ်းဝင် အရာရှိ ဖြစ်သွားကြတဲ့ အရာရှိတွေနဲ့ စစ်တက္ကသိုလ်ဆင်း အရာရှိတွေရဲ့ ကြားမှာ ခွဲခြား ခံရမှုတွေက ရှိနေပြန်ပါတယ်။ (ဒီအကြောင်းကို `အရာရှိများ´ အပိုင်းမှာ ဆက်လက် တင်ပြပါမယ်)။
အခြားအဆင့် စစ်သည်တယောက်ဟာ ဘယ်လောက်ပင် ထက်မြက်နေပါစေ၊ အရာရှိ တယောက်ရဲ့ မလို မုန်းထားမှုကို ခံရရင် ဘယ်တော့မှ ရာထူး တိုးမြှင့်ခံရခြင်း မရှိပါဘူး။ အရာရှိနဲ့ အဆင်မပြေလို့ ရာထူးတိုးတာ ဆိုင်းငံ့ခံရတဲ့ အခြားအဆင့် စစ်သည်တွေ စစ်တပ်ထဲမှာ မနည်းလှပါဘူး။
ဒီကြားထဲ စစ်တပ်ထဲကလည်း ထွက်ချင်တိုင်း ထွက်လို့က မရ။ (စစ်တပ်ထဲမှာ ငါးနှစ် တာဝန် ထမ်းဆောင်ပြီးရင် ထွက်ခွင့် ရှိတယ်လို့ သတ်မှတ်ချက် ရှိပေမယ့် တကယ်တမ်းမှာ တပ်က ထွက်ခွင့် မပေးကြပါဘူး)။ ဒီလိုနဲ့ပဲ မနေချင်တဲ့ စစ်တပ်ထဲမှာ မထူးကြုံးကြုံးပြီး နေနေရတဲ့ အခြားအဆင့် စစ်သည်တွေ တနေ့တခြား ပိုပို များလာပါတယ်။
တကယ်တော့ စစ်တပ်ထဲမှာ အခြားအဆင့် စစ်သည်ဟာ ပြန်တမ်းဝင် အရာရှိတွေရဲ့ အဖြည့်ခံ သက်သက်သာ ဆိုရင် မမှားပါဘူး။ တပ်ရင်းမှူးအိမ်မှာ တပ်ရင်းမှူးကတော် အဝတ်အစားက အစ လျှော်ဖွတ်ပေးရတဲ့ စစ်သား၊ ဗိုလ်မှူးအတွက် အရက် ဝယ်ပေးရတဲ့ စစ်သား၊ ဗိုလ်ကြီးအတွက် အပျော်မယ် ရှာပေးရတဲ့ စစ်သား စသဖြင့် စစ်စည်းကမ်းနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေမှာ တရားမဝင်စွာနဲ့ အနှိမ်ခံ အနင်းခံ အခြားအဆင့် စစ်သည်တွေဟာ စစ်တပ်ထဲမှာ မပျော်မွေ့ကြပေမယ့် ခြိမ်းခြောက်မှု မျိုးစုံကြောင့် ဆက်နေကြရရင်းနဲ့ အမျိုးအမည် ပေါင်းစုံသော ထွက်ပေါက်မဲ့ မကျေနပ်မှုတွေက သူတို့ရဲ့ ရင်ထဲကို ကိန်းအောင်းနေခဲ့ပါတယ်။
စစ်တပ်ထဲမှာ…
(အရာရှိများ)
မြန်မာပြည် စစ်တပ်မှာ ဒုတိယ တပ်ကြပ်အဆင့်ကနေ အရာခံဗိုလ် အဆင့်အထိကို ပြန်တမ်းမဝင် အရာရှိများလို့ သတ်မှတ်ပြီးတော့ ဒုတိယဗိုလ်မှ အထက်အဆင့်ကိုတော့ ပြန်တမ်းဝင် အရာရှိလို့ သတ်မှတ်ကြပါတယ်။ စစ်တပ်ထဲမှာကတော့ ဒုတိယ ဗိုလ်ကနေ အထက်ကို ခပ်လွယ်လွယ်ပဲ `အရာရှိ´ လို့ သတ်မှတ်ကြပါတယ်။
စစ်တပ်ထဲမှာ စစ်ဗိုလ် ဖြစ်နည်းတွေကတော့…
(၁) စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။
(၂) အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့် (အခုတော့ အဲဒီသင်တန်းတွေ မရှိတော့ပါဘူး)။
(၃) ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။
စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကို ယခင်ကတော့ လေးနှစ်တက်ရောက် စေခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ သုံးနှစ်သာ တက်ရောက်စေပါတယ်။ သင်တန်းဆင်းရင် ဘွဲ့ရတယောက်အဖြစ် ပညာ အဆင့်အတန်း သတ်မှတ်ပေးပြီးတော့ ဒုတိယဗိုလ် ရာထူးပေးပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအတွက် ပညာ အရည်အချင်း သတ်မှတ်ချက် အခြေခံပညာ အထက်တန်းကို (က) အဆင့်မှ အောင်မြင်ရပါမယ်။ (တပ်မတော် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်၊ အစရှိတဲ့ စစ်တက္ကသိုလ်တွေကိုတော့ သတ်မှတ်ထားတဲ့ ဝင်ခွင့်အမှတ်ကို မှီရပါတယ်။)
အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုတော့ တနှစ်ခွဲ တက်ရောက်ရပါတယ်။ သင်တန်းဆင်းရင် အလုပ်သင်ဗိုလ် အဖြစ်နဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ကိုးလတာ တာဝန်ထမ်းဆောင်၊ အဲဒီနောက် တပ်စုမှူး သင်တန်းကို ထပ်မံ တက်ရောက်ပြီးမှ ဒုတိယဗိုလ် ရာထူးကို ရပါတယ်။ အဲဒီ သင်တန်းဆင်း စစ်ဗိုလ်တွေကိုတော့ ဘွဲ့ရအဖြစ် သတ်မှတ် မပေးပါဘူး။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အဲဒီ သင်တန်းတွေကို ဆက်လက် မခေါ်ယူတော့ဘဲ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသား တွေကိုသာ အရင်ကထက် အရေအတွက် တိုးမြှင့်ခေါ်ယူခဲ့ပါတယ်။
ဗိုလ်လောင်းသင်တန်းမှာ တပ်ကြပ် သို့မဟုတ် တပ်ကြပ်ကြီး စာရေးများမှ ဗိုလ်လောင်း သင်တန်း တက်ရောက်ခွင့် ရသူတွေနဲ့ အသက် (၂၅) နှစ်အောက် ဘွဲ့ရ အရပ်သားများက ဗိုလ်သင်တန်းဖြေဆို အောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့် ရသူတွေ တက်ရောက်ကြပါတယ်။
နောက်ထပ် ချွင်းချက် စစ်ဗိုလ်တွေကတော့ `အခြားအဆင့်´ မှာ ကျနော် တင်ပြခဲ့တဲ့ တပ်သားအဆင့်ကနေ တဆင့်ခြင်းစီ ရာထူး တိုးသွားပြီးတော့ ဗိုလ်ကြီးအဆင့်မှာ ဂိတ်ဆုံးတဲ့ လုပ်သက်ရင့် စစ်ဗိုလ်ကြီးများပါပဲ။
***
စစ်တပ်ထဲမှာ အရာရှိများရဲ့ ရာထူး တိုးမြှင့်ပုံနဲ့ အခြားအဆင့် စစ်သည်တွေရဲ့ ရာထူး တိုးမြှင့်ပုံကတော့ ကွာခြားပါတယ်။
အရာရှိ တယောက်ဟာ တစုံတရာ စစ်စည်းကမ်း ဖောက်ဖျက်မှု တခုခု ကျူးလွန်တာ မရှိခဲ့ရင်၊ တနည်းအားဖြင့် ပြစ်မှု တခုခုကို ကျူးလွန်ခြင်း တစုံတရာ မရှိခဲ့ရင် ဒုတိယဗိုလ် လုပ်သက် တနှစ် ပြည့်မြောက်တဲ့အခါ ဗိုလ်အဆင့်ကို တိုးမြှင့်ခံရပါတယ်။ ဗိုလ်လုပ်သက် သုံးနှစ် ပြည့်တာနဲ့ ဗိုလ်ကြီးအဆင့်ကို အလိုအလျောက် တိုးမြှင့်ခံရပါတယ်။ ဗိုလ်ကြီးလုပ်သက် ခုနှစ်နှစ်ပြည့်တဲ့ အချိန်မှာ အသက်လေးဆယ် မပြည့်သေးခဲ့ရင် တပ်ခွဲမှူး/ ဗိုလ်မှူး ဗိုလ်မှူး(ဗိုလ်ကြီး) အဖြစ် ခြေလျင်/ခြေမြန် တပ်ရင်းတခုခုမှာ တနှစ် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ခံရပါတယ်။
စစ်သားအလုပ်ဆိုတာ တကယ်တော့ အသက်အန္တရာယ် နီးတဲ့အလုပ်၊ သူတကာထက် ပိုမိုပင်ပန်းရတဲ့ အလုပ်လို့ သာမန်အားဖြင့် သိထားကြပေမယ့် ပင်ပန်းကြတာခြင်း အတူတူ အခွင့်အရေး နည်းပါးလှတာ၊ ဒါမှမဟုတ် အခွင့်အရေး လုံးဝ မရှိတာက အခြားအဆင့် စစ်သည်တွေသာ ဖြစ်ပြီးတော့ အရာရှိတွေ အတွက်ကတော့ ရာထူး ကြီးလာလေလေ ရလာမယ့် စည်းစိမ် ဥစ္စာတွေက များလာလေလေ၊ အခွင့်အရေးတွေက တိုးလာလေလေ ပါပဲ။
သာမန်အားဖြင့် ဗိုလ်ကြီးအဆင့် မရောက်သေးသူ စစ်ဗိုလ်ပေါက်စတွေအတွက် တပ်ထဲက လာဘ်လာဘ ဝင်လမ်းက နည်းလှပါသေးတယ်။ ဒါပေမယ့် ဗိုလ်ကြီးအဆင့်ကို ရောက်လို့ တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိ (တတိယတန်း) နေရာကို ရပြီ ဆိုတာနဲ့ သူတို့အတွက် ငွေဝင်လမ်းက စပါတော့တယ်။ အရပ်ဘက်နဲ့ ဆက်ဆံရမှု များလေလေ၊ ငွေဝင် များလေလေပါပဲ။ အလွန်သေးငယ်တဲ့ ကျနော်တို့ နယ်မြို့ကလေးမှာတောင် မှောင်ခိုဆိုင်ကယ်တွေ၊ ကားတွေ တင်သွင်းတဲ့ လူတွေဆီက အေးဓမြ တိုက်တဲ့ ဝင်ငွေနဲ့ ဗျူဟာရုံးက စစ်ဗိုလ်များ အလွန်အင်မတန် ငွေထွားကြပါတယ်။
***
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်များမှာ စစ်ဗိုလ်အလုပ်ကို လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတာကို သတိထားမိပါတယ်။ အရပ်ဘက်ကျောင်းတွေကို မကြာခဏဆိုသလို ပိတ်ထားပြီးတော့ ကျောင်းတွေကိုလည်း ဟိုရွှေ့၊ ဒီပြောင်း (၁၉၉၆ ခုနှစ်တုန်းကဆိုရင် ကျနော်တို့ မြို့လေးရဲ့ အထက်တန်းကျောင်းမှာ တက္ကသိုလ်အဆင့် စာမေးပွဲတွေ ကျင်းပသွားဖူးပါတယ်) နဲ့ မတည်မငြိမ်ဖြစ်လွန်းလှတော့ ဘယ်သောအခါမှ ကျောင်းပိတ်မခံရတဲ့၊ အချိန်တန်ရင် ဘွဲ့လည်းရ၊ ရာထူးလည်းရတဲ့ စစ်ဗိုလ် အလုပ်ကို လူငယ်တွေက မျက်စိကျချင် လာကြပါတယ်။ လက်ရှိ တပ်မတော်ရဲ့ အခန်းကဏ္ဍက တိုင်းပြည်မှာ ဗိုလ်ကျနိုင်မှု အင်အား ကြီးလာလေလေ စစ်ဗိုလ်တွေ မျက်နှာပန်း ပွင့်လေလေ ဖြစ်နေတာကလည်း စဉ်းစားစရာ အချက်တချက်ပါပဲ။
`ငါနဲ့ တနှစ်ထဲ ဆယ်တန်းအောင်တဲ့ ကောင်ကွာ၊ ဆေးကျောင်းအမှတ် မီတာလည်း အတူတူပဲ၊ သူက စစ်ဆေးကျောင်း ဝင်ခွင့်ရတယ်၊ ငါက အပြင်ဆေးကျောင်း တယ်တယ်၊ အခု သူက ဗိုလ်သင်တန်းဆင်းလို့ နှစ်ပွင့်လဲရ၊ ဆရာဝန် ဘွဲ့လဲရ၊ င့ါမှာတော့ အခုမှ တတိယနှစ် ဆေးကျောင်းသားတဲ့၊ ဘယ်လိုလုပ် ကျောင်းက ပြီးနိုင်မလဲ၊ ကျောင်းတွေကို အားအားရှိ ပိတ်ပဲ ပိတ်နေတာကိုး´
ရန်ကုန်ကို ရောက်ခိုက်မှာ အကိုဝမ်းကွဲ ဆေးတက္ကသိုလ် ကျောင်းသားက အဲဒီလို ပြောပြခဲ့ဖူးပါတယ်။
တကယ်တော့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ လူငယ်တွေကို အဲဒီလို ဖြစ်အောင်ကို တမင် လုပ်ယူခဲ့တာပါပဲ။ အပြင်လောကမှာ အရပ်သား ပညာတတ်တွေ တဖြည်းဖြည်းနဲ့ ပါးလျားလာအောင် လုပ်ယူရင်းနဲ့ စစ်တပ်ထဲကို လူငယ်တွေ များများ ရောက်လာစေတဲ့ နည်းကို တဖြည်းဖြည်းနဲ့ ဆွဲဆောင် ယူခဲ့တာပါပဲ။ အခုဆိုရင် တပ်မတော် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်၊ တပ်မတော် သူနာပြု တက္ကသိုလ်၊ တပ်မတော် နည်းပညာ တက္ကသိုလ် အစရှိသဖြင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ လူငယ်တွေ မျက်စိကျလောက်တဲ့ တက္ကသိုလ် အမျိုးမျိုးကို တပ်မတော် အမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
အကောင်းဘက်က တွေးမယ်ဆိုရင်တော့ စစ်တပ်ထဲမှာ ပညာတတ်တွေ များလာတော့ ဆင်ခြင်တုံတရား ရှိသူ ပညာတတ်လူငယ် စစ်ဗိုလ်လေးတွေ များလာလေလေ နောင်အနာဂတ် စစ်တပ်အတွက် ပိုကောင်းလာမယ်လို့ တွေးစရာ ရှိပေမယ့် `စစ်ဗိုလ်ကွ၊ သူ့ကုသိုလ်နဲ့ သူဖြစ်လာတာ၊ ဘာမှ မနာလိုမရှိနဲ့၊ ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူး´ ဆိုတဲ့ အမြင်မျိုးရှိတဲ့ စစ်ဘိုပေါက်စတွေ မြန်မာပြည်မှာ ပိုများလာရင်တော့ တိုင်းပြည် အနာဂတ်အတွက် ရင်လေးစရာ ကောင်းပါတယ်။ `အာဏာ´ ဆိုတဲ့ အရာက လူမိုက်တွေလက်ထဲ ရောက်သွားရင် ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ လက်ရှိ ကျနော်တို့ နိုင်ငံ အခြေအနေက သက်သေပါပဲ။
စစ်တပ်တွင်းမှာ အရာရှိ အချင်းချင်း တရားဝင် မဟုတ်ပေမယ့် မသိမသာ ခွဲခြားထားမှုကို တင်ပြချင်ပါ
အဲဒါကတော့ အခြားအဆင့်ကနေ ဗိုလ်လောင်း သင်တန်းကို တက်ရောက်ခွင့် ရပြီးတော့ စစ်ဗိုလ်ဖြစ်ခွင့် ရသူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းတွေ အကြား ကွာခြားမှုပါပဲ။
အခြားအဆင့်ကနေ စစ်ဗိုလ်ဖြစ်သူများဟာ များသောအားဖြင့် ဘွဲ့ရသူတွေ မဟုတ်တာ များပါတယ်။ တပ်ကြပ်ကြီး စာရေး တချို့ကနေ ဗိုလ်သင်တန်း အောင်သူများ တချို့နဲ့ အသက်(၂၅) နှစ်အောက် ဘွဲ့ရ၊ အရပ်သားများမှ ဗိုလ်သင်တန်း အောင်သူများသာ ဘွဲ့ရတွေ ဖြစ်ကြပါတယ်။ အရာရှိငယ် ဘဝမှာ အဲဒါတွေက မသိသာသေးပေမယ့် ဗိုလ်မှူး အဆင့်ကို ရောက်ရင်တော့ `တပ်ရင်းမှူး သင်တန်း´ တက်ခွင့်အတွက် `တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်´ ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်က အခြားအဆင့်မှ စစ်ဗိုလ် ဖြစ်လာသူ အများစုကို ဗိုလ်မှူး ဘဝမှာတင် ရာထူး ရပ်သွားစေတဲ့ အဓိက အချက်ပါပဲ။ စစ်တက္ကသိုလ် ဗိုလ်လောင်း ဆင်းတွေကတော့ အဲဒီအတွက် မပူမပင်ရစွာနဲ့ပဲ ရာထူး အဆင့်ဆင့်ကို တက်ခွင့် လမ်းက ဖြူးနေပါတယ်။
နောက်တချက်ကတော့ တကယ့် တကယ်တမ်း သေရေးရှင်ရေး စစ်ဆင်ရေး နေရာတွေကို သွားရောက်ရတဲ့ အရာရှိငယ် အများစုဟာ အခြားအဆင့်မှ ဗိုလ်သင်တန်း အောင်လာတဲ့ အရာရှိ အများစု ဖြစ်နေကြတာပါပဲ။ စစ်တက္ကသိုလ်ဆင်း အရာရှိတွေကတော့ ရှေ့တန်းထွက်ရလည်း ခဏပါပဲ။ အချိန်တန်ရင် တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိအဖြစ် လျောလျောရှူရှူ လျင်လျင်မြန်မြန် တာဝန် ထမ်းဆောင်ခွင့် ရကြတာလဲ စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်တွေက ပိုများတယ်လို့ သိရှိရပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော် အဝေးသင် တတိယနှစ် ဖြေဆိုရစဉ်တုန်းက သိကျွမ်း ခင်မင်ခဲ့ရတဲ့ သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းတရင်းမှ စစ်ဗိုလ် တဦးက သူ အဝေးသင် လာဖြေခိုက်မှာ အခုလို ရင်ဖွင့်ခဲ့ပါတယ်…
`တကယ်တော့ကွာ၊ ငါတို့ အခြားအဆင့်က စစ်ဗိုလ်တွေ ဆိုတာက စစ်တုရင်ခုံက နယ်ရုပ်လေးတွေနဲ့ အတူတူပါပဲကွာ၊ ဘုရင်ကြီး ကောင်းစားဖို့ ချကျွေး ခံရလိုခံရ၊ တခါတလေ ဘီးရှော့တို့၊ မြင်းတို့ နေရာကောင်း ရဖို့အတွက် ချကျွေးခံရလို ခံရ၊ ကံအင်မတန်ကောင်းလို့ ဟိုးဘက်ထိပ် ရောက်သွားတဲ့ နယ်ရုပ် တရုပ်တလေကသာ ပါဝါတခုခု တိုးရသွားသလိုပါပဲ။ အခြားအဆင့် တယောက်ကို စစ်ဗိုလ်ရာထူး ပေးတယ်ဆိုတာ သူများ မနေချင်တဲ့ နေရာ၊ သူများ မသွားချင်တဲ့ နေရာတွေအတွက် ကွက်လပ် ဖြည့်ချင်တာပါပဲ´
တပ်တွင်း အခြေအနေ
သံဃာ့ ကံဆောင်သပိတ်နဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်အကြမ်းဖက် ဖြိခွင်းခဲ့စဉ်တုန်းက တချို့က အဲဒီ စစ်သားတွေထဲက စစ်သားတချို့ စစ်ဖိနပ် မစီးဘဲ သာမန် ခြေညှပ် ဖိနပ်တွေကိုသာ စီးထားကြတာကို `အဲဒီလူတွေ စစ်သားအစစ်မှ ဟုတ်ပါလေစ´ လို့ ဒွိဟစိတ် ဝင်ခဲ့ကြတာကို သတိထားမိပါတယ်။
ကျနော့် အမြင်အရ သုံးသပ်ကြည့်ရရင်တော့ အဲဒီ စစ်သားတချို့ စစ်ဖိနပ် စီးမထားရခြင်းရဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ကို စဉ်းစားလို့ရပါတယ်။ အဲဒါတွေကတော့…
ပထမတချက်ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တာဝန် ယူထားကြတဲ့ စစ်တပ်တွေ အားလုံးဟာ သူတို့ တည်းခိုတဲ့ နေရာတွေမှာ အမြဲတစေလိုလို Standby အဖြစ်နဲ့ အဆင်သင့် အနေအထားမှာ ရှိနေကြရပါတယ်။ တခါတရံမှာ သူတို့ရဲ့ နားနေချိန်၊ ထမင်းစားချိန် ရောက်တဲ့အခါ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုနဲ့ သိပ်အဆင်မပြေလှတဲ့ စစ်ဖိနပ်တွေကို ခဏတာဖြစ်ဖြစ် ချွတ်ထားတတ်ကြပါတယ်။ အဲဒီလို ချွတ်ထားပြီး သက်တောင့်သက်သာ ဖြစ်တဲ့ ညှပ်ဖိနပ်ကို ဝတ်ဆင်ထားခိုက်မှာ အထက်အမိန့်အရ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမြန်ဆုံး ထွက်ခွာရတော့ စစ်ဖိနပ်ကို ပြန်မစီးအားတော့ဘဲ အချိန်တိုတွင်း တန်းစီ၊ လူစစ်ပြီး အခင်းဖြစ်ရာကို ရောက်အောင် သွားကြတဲ့အတွက် သူတို့ ခြေထောက်တွေမှာ ခြေညှပ်ဖိနပ်တွေ စီးလျက်သား ဖြစ်နေကြတာပါ။
ဒုတိယ တချက်ကတော့ တချို့ စစ်သားတွေဆီမှာ စီးစရာ စစ်ဖိနပ် မရှိတာပါပဲ။ စစ်ရေးပြ ဖိနပ်၊ တောစီး ဖိနပ် အစရှိတဲ့ စစ်ဖိနပ် နှစ်မျိုးအနက် ဘယ်စစ်ဖိနပ်မှ စီးစရာ မရှိတဲ့အတွက် တချို့ စစ်သားတွေရဲ့ ခြေထောက်မှာ ခြေညှပ် ဖိနပ်တွေနဲ့ ဖြစ်နေကြတာပါ
စစ်သားတယောက် စစ်ဖိနပ်ကလေးမှ မရှိဘူးလားလို့ မေးစရာရှိပါတယ်။
တကယ်တော့ စစ်ထဲကို ဝင်ကြသူတိုင်းအတွက် စစ်အသုံးအဆောင် ပစ္စည်း အစုံအလင်ကို တပ်က ထုတ်ပေးပါတယ်။ အဲဒီအပြင် စစ်ပစ္စည်း တခုခြင်းအလိုက် သက်တမ်း သတ်မှတ်ချက်နဲ့ လဲလှယ်ပေးရမယ့် စည်းကမ်းလဲ စစ်တပ်ထဲမှာ ရှိပြီးသားပါပဲ။ ဒါပေမယ့် အောက်ခြေအဆင့် အခြားအဆင့် စစ်သည် အတော်များများက အဲဒီ စစ်ပစ္စည်းတွေကို ရောင်းစားပစ်ပါတယ်။ မြန်မာပြည်မှာ စစ်ပစ္စည်း မှောင်ခိုဈေးကွက် ဘယ်လောက်ကြီးတယ် ဆိုတာကိုတော့ မင်္ဂလာဒုံ ဈေးထဲက စစ်ပစ္စည်း အရောင်းဆိုင်တွေက သက်သေပါပဲ။ ငွေသာ ပေးနိုင်ရင်၊ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ စစ်တပ်သုံး ပစ္စည်းတွေကို အဲဒီဈေးမှာ အလိုရှိသလောက် ဝယ်ယူနိုင်ပါတယ်။ အဲဒီလိုနဲ့ စစ်သား အတော်များများမှာ စစ်ဝတ်ချပ်တန်ဆာ မစုံမလင်နဲ့ နောက်ဆုံး စစ်ဖိနပ် စီးစရာတောင် မရှိတော့တဲ့ စစ်သား ဖြစ်ရတော့တာပါပဲ။
စစ်တပ်က စားစရာရိက္ခာ၊ သုံးစရာ လစာ ပေးထားပါလျက်နဲ့ အောက်ခြေ စစ်သားတွေက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရောင်းစားပစ်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းကိုက ဘာခံယူချက်မှ မရှိဘဲ အကြောင်းမျိုးစုံနဲ့ စစ်တပ်ထဲ ရောက်လာသူ စစ်သားတွေက စဉ်းစားဆင်ခြင်ဉာဏ် နည်းလှစွာနဲ့ စစ်ပစ္စည်း ရောင်းစားလို့ ရတဲ့ငွေစ တချို့နဲ့ မူးရူးပျော်ပါး သောက်စားလိုတာက တချက်၊ နောက်တချက်ကတော့ သူတို့ရဲ့ ရိက္ခာနဲ့ လစာတွေကို အထက် အရာရှိ တချို့က ရသင့်တဲ့အတိုင်း မပေးဘဲ ခိုးယူ ဖြတ်တောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတာကြောင့် စစ်ပစ္စည်းရောင်းလို့ ရတဲ့ ငွေစလေးနဲ့ လတ်တလော အဆင်ပြေသွားရင် ပြီးရော ဆိုပြီး ရောင်းစား ပစ်ကြတာပါပဲ။
ကျနော် စစ်ဆင်ရေး အထမ်းသမား ပေါ်တာအဖြစ် လိုက်သွားခဲ့ရစဉ် တုန်းကဆိုရင် အပေါ်ပိုင်းမှာ စစ်အင်္ကျီ၊ ခါးအောက်ပိုင်း ကျတော့ အရပ်ဝတ် အားကစား ဘောင်းဘီတို၊ ထိုင်း ညှပ်ဖိနပ်နဲ့ ရှေ့တန်းလိုက်ကြတဲ့ စစ်သားတွေကို တွေ့ခဲ့ရဖူးပါတယ်။
စစ်တပ်က ပေးတဲ့ ရိက္ခာက တကယ့် အတိအကျဆိုရင် စားဖို့ လုံလောက်ပါတယ်။ အာဟာရလည်း ပြည့်ဝပါတယ်။ ဒါပေမယ့် တပ်ထဲက တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့် ဖြတ်တောက် လာဘ်စားမှုရဲ့ ဒဏ်တွေကို ခါးစည်းခံရပြီး အစားအစာ မဝမလင်၊ အဝတ်အစား မတောက်မပြောင်နဲ့ လူတောမတိုး ဖြစ်ကြရတာကတော့ အောက်ခြေအဆင့် စစ်သားအများစုပါပဲ။ ကျနော့်ညီလေး တက်ရောက်ခဲ့ရတဲ့ တပ်သားသစ် သင်တန်းမှာ ဆိုရင် သင်တန်းသား တပ်သားသစ်တွေဟာ အမြဲတမ်းလိုလို ဆာလောင် နေကြပါတယ်တဲ့။
လစာနဲ့ ရိက္ခာစာရင်းကို အထက်ဌာန အဆင့်ဆင့်ကို တင်ပြတဲ့အခါ စည်းကမ်းပျက်တဲ့ စစ်ဗိုလ် အချင်းချင်း စည်းဝါး ရိုက်ပြီးတော့ တပ်တွင်းမှာ အမှန်တကယ်ရှိတဲ့ အင်အားထက် ပိုမို တင်ပြ တောင်းခံပေမယ့် အောက်ခြေကိုကျတော့ အဲဒီ ရိက္ခာနဲ့ လစာတွေကို လုံလုံလောက်လောက် ပြန်မပေးတာဟာ အကြီးမားဆုံး တပ်တွင်း ခြစားမှုကြီး ဖြစ်သလို တပ်မတော်အတွက် သုံးစွဲတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ကိုလည်း လွန်စွာမှ ပြုန်းတီးစေပါတော့တယ်။
စစ်ဗိုလ်ဖြစ်ခွင့် မရှိတဲ့ အခြားအဆင့် စစ်သည်တယောက် အဖို့ စစ်မှုထမ်းသက် ကြာမြင့်လာခြင်း၊ ရာထူး တိုးမြှင့်ခြင်းဟာ သူ့ဘဝရဲ့ တိုးတက်မှုကို ဘာမှ အာမခံချက် မပေးနိုင်ပေမယ့် စစ်ဗိုလ် အရာရှိတယောက် စစ်တပ်ထဲမှာ ကြာလာတာနဲ့ အမျှ ရာထူးတွေ မြင့်မြင့် လာလေလေ၊ ဝင်ငွေလမ်း ဖြောင့်လာလေလေ ဖြစ်နေတာဟာလည်း စစ်တပ်ထဲက အခြားအဆင့် စစ်သည်တွေအတွက် စိတ်ဓာတ် ပျက်ပြားစေတဲ့ အကြောင်းရင်း တရပ်ပါပဲ။
အခြားအဆင့် စစ်သည် တယောက်အဖို့ စစ်တပ်ထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ စစ်သက် ဘယ်လောက်ပဲ ကြာမြင့်ကြာမြင့် ခိုင်းစေဖို့အတွက် အားအင် ရှိနေသေးတယ်လို့ ယူဆနေသေးသရွေ့ ဘယ်အခြားအဆင့် စစ်သည်ကိုမှ သူတို့ရဲ့ တပ်မှူးတွေက စစ်တပ်က ထွက်ခွင့်ကို အသာတကြည် မပေးကြပါဘူး။ အသက် ၆၀ ကျော်ပြီး ဘယ်လိုမှ ခိုင်းစေလို့ မကောင်းတော့တဲ့အခါ၊ အေအိုင်ဒီအက်စ် ရောဂါလိုမျိုး ကူးစက်ရောဂါ စွဲကပ်တဲ့ အခါနဲ့ ရှေ့တန်း စစ်ဆင်ရေးမှာ ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ် ဖြစ်လာတဲ့ စစ်သည်မျိုးက ထွက်ခွင့်တင်တဲ့ အခါမှသာလျှင် လျှောလျှောရှူရှူနဲ့ ထွက်ခွင့်ရပါတယ်။
စစ်ဗိုလ်တွေအတွက်ကတော့ အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး ရှိသူဟာ ၆၅ နှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းခွင့် ရှိတယ်လို့ သတ်မှတ်သေးတဲ့ အပြင် စစ်တပ်ရဲ့ ရာထူး အကြီးမြင့်ဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က အသက် ၇၀ ကျော်လွန်သည့် တိုင်အောင် စစ်တပ်က မထွက်ဘဲ ခပ်တည်တည်နဲ့ စစ်စည်းကမ်းဖောက်လို့ စစ်စည်းစိမ်ကို ခံစားနေဆဲပါပဲ။
တနည်းနည်းနဲ့ စစ်တပ်က ထွက်ခွင့် ရကြပြန်တော့လည်း စစ်မှုထမ်းဟောင်းခြင်း အတူတူ စစ်ဗိုလ်ဟောင်းကြီးတွေက အရပ်ဘက် ဌာနဆိုင်ရာတွေမှာ ဘာမှမသိ မတတ်လည်း ညွှန်မှူးတွေ ညွှန်ချုပ်တွေ ဖြစ်လိုဖြစ်နဲ့ ဆက်လက် ကောင်းစားနေကြပေမယ့် အခြားအဆင့် စစ်မှုထမ်းဟောင်းတွေ အတွက်ကတော့ အခွင့်အရေးတွေက နည်းပါးလွန်းလှပါတယ်။ ရင်နင့်စရာ ကောင်းတာကတော့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတတ်လေ့ရှိတဲ့ စစ်ပြန် ဒုက္ခိတ သူဖုန်းစားတွေပါပဲ။ ပြည်သူတွေက နဂိုကတည်းကမှ စစ်တပ်ကို မုန်းရတဲ့အထဲ စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်မိလို့ ဒုက္ခိတ ဖြစ်ရတော့လည်း တပ်ကထွက်ပြီး တောင်းရမ်း စားသောက်နေရတဲ့ ဘဝပါ။
***
ပြည်သူနှင့် စစ်တပ်
တကယ်တော့ စစ်သားဆိုတာဟာ ပြည်သူထဲက ပြည်သူပါလို့ အားလုံးက နားလည် ထားကြပြီးသားပါပဲ။ အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ကြွေးကြော်ပြီး စစ်တပ်ကို သူတို့ကိုယ်ကျိုးအတွက် လက်ကိုင်တုတ် အဖြစ်အသုံးချနေပေမယ့် တပ်မတော်ရဲ့ မိဘဟာ ပြည်သူတွေပါပဲ။
တကယ်တော့ အာဏာပိုင်တွေဟာ ဒီအချက်အလက်ကို ကောင်းကောင်း နားလည်တဲ့ အတွက်ကြောင့် ပြည်သူထဲက ပြည်သူ့စစ်သားနဲ့ သူတို့ရဲ့ အမိအဖ မောင်နှမ ပြည်သူတွေကို သွေးကွဲအောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ တပ်သားတွေကို သတင်းမီဒီယာ အမှောင်ချခြင်း၊ ပြည်သူနဲ့ ထိတွေ့ခွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ခြင်း၊ အာဏာပိုင်တွေရဲ့ မူဝါဒကို ထပ်ခါတလဲလဲ နားရည်ဝအောင် ရိုက်သွင်းထားခြင်း စတဲ့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ စစ်တပ်ကို တသီးတခြားစီ ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ပါတယ်။
ထင်ရှားတဲ့ အချက်အလက် တခုကို တင်ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်တွေထဲမှာ `စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ အဆင့်ဆင့် ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဥပမာ တပ်မတော် စည်းရုံးရေး ကော်မတီ၊ တိုင်းစည်းရုံးရေး ကော်မတီ၊ တပ်မ စည်းရုံးရေး ကော်မတီ၊ တပ်ရင်းစည်းရုံးရေး ကော်မတီ၊ တပ်ခွဲ စည်းရုံးရေး ကော်မတီ စသဖြင့် အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပါတယ်။ ယုတ်စွအဆုံး စစ်သားမယားတွေကိုပါ `ရဲမေ စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ လင်ယောက်ျားရဲ့ ရာထူးအလိုက် အဆင့်ဆင့် ဖွဲ့စည်းကြပါတယ်။ အဲဒီ စည်းရုံးရေး ကော်မတီတွေရဲ့ အဓိက ဦးတည်ချက်ကတော့ `တပ်မတော် မူဝါဒ´ လို့ အမည်ခံထားတဲ့ `လက်ရှိ အာဏာရှင်တွေရဲ့ မူဝါဒ´ ကို တပ်တွင်း အဆင့်ဆင့် ရိုက်သွင်းတာပါ။
ဥပမာအားဖြင့်… `ကျေးဇူးကန်းကြသူများသို့´ ဆိုတဲ့ ဆောင်းပါး တပုဒ်မှာ ကျနော် တင်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အမည်ရင်းအတိုင်း မခေါ်စေဘဲ `ဒေါ်စုကြည်၊ စုကြည်၊ ဘိုကတော် စုကြည်´ စသဖြင့် ခေါ်ဝေါ်ရမယ်ဆိုတဲ့ တပ်တွင်း ညွှန်ကြားချက်ဟာ တပ်ရင်းတခုရဲ့ စည်းရုံးရေး ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အလွန်တရာ ဆိုးဝါးလွန်းတဲ့ အချက်ကတော့ စားဝတ်နေရေး ကျပ်တည်းမှု၊ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကြောင့် မခံမရပ်နိုင်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေကို `အဲဒါ ဗကပတွေ၊ အကြမ်းဖက်သမားတွေ´ လို့ အယုံသွင်း သွေးထိုးပြီး အမုန်းစိတ် သွင်းပေးတာပါ။ နဂိုကတည်းကမှ တပ်တွင်း ခြစားမှုတွေကြောင့် အောက်ခြေအဆင့် စစ်သည်တွေရဲ့ ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိတဲ့ ဒေါသတရားတွေက အဲဒီမှာတင် သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတို့ရဲ့ အမိအဖ ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခြင်းနဲ့ ဖောက်ခွဲ ပစ်လိုက်ပါတော့တယ်။
ရှေ့တန်းစစ်ဆင်ရေး ထွက်တဲ့အခါ စစ်ဆင်ရေး နယ်မြေမှာ `တွေ့တဲ့လူကို အစိတ်သားက အစ မချန်ထားနဲ့´ ဆိုပြီးတော့ သူပုန်၊ အရပ်သားမရွေး ချေမှုန်းစေသလို အဲဒီ `အစိတ်သားကအစ ချန်မထားတဲ့ စိတ်ဓာတ်´ ကို ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့ နေရာအထိ သယ်ဆောင်လာတဲ့ အခါမှာတော့ ယူကြုံးမရ ဖြစ်စရာ ကောင်းလှတဲ့ သွေးထွက် သံယိုမှုတွေက မြန်မာ့မြေပေါ်မှာ အကျည်းတန်လှစွာနဲ့ ပေါ်ပေါက် လာရပါတော့တယ်။
***
နိဂုံး…
တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် ဆိုတာကို လူတိုင်းက လက်ခံ ထားကြပြီးသားပါ။ ဒါပေမယ့် မရှိမဖြစ်ရတဲ့ အကြောင်းရင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။
ဖြစ်ပြီးခဲ့တဲ့ ပစ်ခတ် နှိမ်နင်းမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားတိုင်းဟာလည်း အခုလို ရက်စက်မှုကြီးကို အားလုံးက သဘောတူနေကြမယ်လို့ ကျနော် မယုံကြည်ပါဘူး။ လူစိတ်အပြည့်နဲ့ ပြဿနာ တခုကို ငြင်သာ ပျော့ပျောင်းတဲ့ နည်းနဲ့ ပူးပေါင်း အဖြေရှာလိုတဲ့ စစ်ခေါင်းဆောင် အချို့နဲ့ ပြည်သူကို မရက်စက်ချင်တဲ့ အောက်ခြေ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေကြအုံးမှာ အသေအချာပါပဲ။
အဓိက အရေးကြီးတဲ့ အချက်က မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို `အကြမ်းဖက် ဆူပူလိုသူတွေ´ လို့ စစ်သားတွေက ထင်မြင်နေတာကို ဖယ်ဖျောက်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီ အမြင်တွေကို စစ်သားတွေရဲ့ အတွေးထဲက ဖယ်ထုတ်ပစ်နိုင်အောင် ကျနော်တို့ ကြိုးစားနိုင်တဲ့ နေ့မှာ တပ်မတော်ကို ကိုယ်ကျိုးအလို့ငှာ အသုံးချနေတဲ့ လူတစုကို ကျနော်တို့ အောင်မြင်မှာ အသေအချာပါပဲ။

ကလိုစေးထူး

အပြည့်အစုံသို့...

အကြမ်းမဖက်ခြင်းရဲ့ တန်ခိုး
ဘာသာပြန်- ရဲမင်းထွန်း
(Mizzima ၀က်ဘ်ဆိုက်မှ ကူးယူ ဖော်ပြပါသည်)

(ဘာသာပြန်သူ ဦးရဲမင်းထွန်းသည် နအဖစစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသခဲ့ကြသော ရဟန်း သံဃာတော်များကို အင်အားသုံး သတ်ဖြတ် ဖြိုခွင်းခဲ့ခြင်းကို ကန့်ကွက်သောအားဖြင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လက်ထောက် အတွင်းဝန် အဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်သည်။ အယ်ဒီတာ)

မြန်မာစစ်အုပ်စုက ဘုန်းဘုန်းတို့ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အံ့သြစရာ မဟုတ်ပါ။ ပြည်သူများ အမြင်မှာ စစ်အုပ်စု ဗိုလ်ချုပ်များ အပေါ် ယုံကြည် အားထား လက်ခံနိုင်မှု ရှိရှိသမျှ အားလုံး ဆုံးရှုံး ကွယ်ပျောက်သွားပြီ ဖြစ်လို့ အာဏာ ထိန်းချုပ်ရေး အတွက် အင်အားသုံး နှိမ်နင်းရေး နည်းလမ်း တစ်ခုသာ ကျန်ရှိခဲ့ပါတယ်။
ဒါပေမယ့်၊ သူတို့မှာ သေနတ်နဲ့တင့်ကားတွေ ဘယ်လောက်ပဲရှိရှိ ဒီလို အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် သတ်ဖြတ်တဲ့ မသတီစရာ အလုပ်တွေကို လုပ်ကိုင်ဖို့မှာ အောက်ခြေက သာမန် စစ်သားလေးတွေ အပေါ်မှာ မှီခိုနေရဆဲပါ။ သမိုင်းက သင်ကြားမှုက အမိန့်နာခံမှုတွေ ရပ်ဆိုင်းသွားတာနဲ့ တချိန်မှာ၊ ဒါမှမဟုတ် ဘက်ပြောင်းကြပြီ ဆိုတာနဲ့ တပြိုင်နက် စစ်အုပ်စုတွေရဲ့ အာဏာဟာလည်း ဖရိုဖရဲ ပြိုကွဲ ကျဆင်းသွားရောတဲ့။
ဒီလို သမိုင်းစက္ခု မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ရွှေဝါရောင် တော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး။ တာစူစပဲ ရှိပါသေးသည်။
အကြမ်းမဖက်တဲ့ တော်လှန်ရေး တိုက်ပွဲမှာ အာဏာ ဖီဆန်မှုဟာ အဓိက အကျဆုံးပါ။ မဟတ္တမ ဂန္ဒီကြီးက အာဏာအထက်ဆုံး ဆိုတဲ့သူတွေတောင်မှ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါရင် အုပ်ချုပ်လို့ မရပါဘူးတဲ့။ လမ်းမတွေပေါ် လူအစုအဝေးနဲ့ အင်အားပြမှ၊ အကြမ်းမဖက် လှုပ်ရှားမှု အောင်မြင်ရမှာ မဟုတ်ပါဘူးတဲ့။ ပြည်သူတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရပ်ဆိုင်းပြီး အမိန့်နာခံဖို့ ငြင်းဆန်ပါကလည်း လက်ရှိ စနစ်ရဲ့ တည်ရှိမှုအပေါ် ထိခိုက် အင်အားချိနဲ့စေမှာ ဖြစ်ပါတယ်တဲ့။
မြန်မာနိုင်ငံအတွင်း စစ်အစိုးရကို အာဏာ ဖီဆန်တဲ့ လုပ်ရပ်တွေ ဆက်လက် ဖြစ်ပေါ်နေသေးကြောင်း သတင်းတွေ ပေါက်ကြား ထွက်ပေါ်လာနေဆဲပါ။ အစိုးရ ဆန့်ကျင်သူများရဲ့ အဆိုအရ လူမြင်ရာ အုတ်တံတိုင်း နံရံတွေ၊ အကျဉ်းထောင် နံရံတွေ၊ မိုးပျံ ပူပေါင်းတွေနဲ့ နောက်ဆုံး အင်းအိုင် မြစ်ချောင်းတွေထဲက ဖောင်များပေါ်မှာပါ အစိုးရ ဆန့်ကျင်တဲ့ ပိုစတာများကို တွေ့မြင်နေရပါသတဲ့။
ဆန့်ကျင် ဆန္ဒပြမှုတွေဟာ အကြမ်းမဖက် လှုပ်ရှားမှု တိုက်ပွဲကြီး တခုလုံးနဲ့ နှိုင်းယှဉ်ရင် အင်အား အတိုင်းအဆခြင်း မတူညီပေမယ့်လို့ အကြမ်းမဖက်ရေးမူရဲ့ နည်းဗျူဟာ တခုတော့ ဖြစ်ပါတယ်။ ထိုနည်းတူ၊ လူတွေထောင်နဲ့သောင်းနဲ့ချီပြီး လမ်းပေါ်ထွက်လာပြီး ဖိနှိပ် အုပ်ချုပ် သူတွေရဲ့ စိတ်သဘောထား ရုတ်ချည်း ပြောင်းလဲအောင် လုပ်နိုင်တဲ့ ပြည်သူအင်အား ဆိုတာကလည်း ထူးထူးခြားခြား နားလည်ရ ခက်ခဲတဲ့ အရာတခုတော့ မဟုတ်ပါ။
ပြည်သူ့အင်အား ဆိုတာ အကြမ်းမဖက်ရေး နည်းပေါင်းစုံကို အရှည်တည်တံ့စွာ မဟာဗျူဟာ မြောက် အသုံးချစေတဲ့အရာ ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ နည်းတွေထဲမှာ လူထုနဲ့ ဝန်ထမ်းတွေက အမိန့်အာဏာ ဖီဆန်လို့ အာခံမှု၊ သပိတ်မှောက်မှု၊ ဆန္ဒပြမှုနဲ့ အစိုးရနဲ့ မပူးပေါင်းရေး နည်းလမ်းတွေ ပါဝင်ပါတယ်။ အကြမ်းမဖက် ဆန့်ကျင်ရေး တဦးဖြစ်တဲ့ ဂျင်းရှပ် (Gene Sharp) ကတော့ အကြမ်းမဖက် ဆန့်ကျင်ရေး လှုပ်ရှားမှုပေါင်း (၁၉၈) မျိုးကို စာရင်းပြုစုထားပြီး လှုပ်ရှားမှု တခုတိုင်းဟာ လှုပ်ရှားမှု အသစ်တခုကို ဖန်တီး ဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။
အကြမ်းမဖက်ရေး လှုပ်ရှားမှုမှာ မဟာဗျူဟာမြောက် ရည်ရွယ်ချက် (၄) ရပ် ရှိပါတယ်။ ဒါတွေက တိုင်းနိုင်ငံတခု၊ ဒေသတခုနဲ့ မြို့ကြီးတမြို့တို့ရဲ့ပုံမှန် လှုပ်ရှားမှုတွေကို ရပ်ဆိုင်း စေနိုင်ပါတယ်။ အဲဒီကမှ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လို့ မရဘဲ ဖြစ်စေပါတယ်။ ချီလီ နိုင်ငံက ရက်စက် ကြမ်းကြုတ်တဲ့ သြဂတ်စတို ပီနိုချေး လက်ထက်မှာ အတိုက်အခံတို့ တောင်းဆို လှုပ်ရှားခဲ့တာကတော့ ပုံမှန်နှုန်းထားမှ အရှိန်လျှော့ချလို့ ဖြည်းဖြည်းချင်းသာ အလုပ်လုပ်ရေး ဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ တရက်မှာ ချီလီ မြို့တော် စန်တီယာဂို မြို့သူမြို့သားတွေဟာ အရှိန်တဝက်လျှော့လို့ လမ်းလျှောက်ခြင်းနဲ့ အရှိန့်လျှော့ ကားမောင်း ပြသခဲ့ပြီး သူတို့တတွေ ခံစားနေရတာ ဒီလောက်နဲ့ လုံလောက်ပြီ ဖြစ်ကြောင်းကို တစုံ တယောက်မှ အန္တရယ် ကျရောက်ခြင်း မရှိစေဘဲ ဗိုလ်ချုပ်များကို ပြောကြားခဲ့ကြပါတယ်။
ပြည်တွင်းနဲ့ အဆက်အသွယ် ရှိနေဆဲ ပြည်ပမှာ ခိုလှုံနေသူ မြန်မာတယောက်က နိုင်ငံရေး လှုပ်ရှားသူများ အနေနဲ့ ပြည်သူများအား အစိုးရနဲ့ မပူးပေါင်းရေးနဲ့ စက်ရုံများနဲ့ လုပ်ငန်းခွင်သို့ မသွားရောက်ရေးကို လှုံ့ဆော်ထားတယ်လို့ ဆိုပါတယ်။
စီးပွားရေး ဘာသာရပ်နဲ့ နိုဘယ်လ်ဆု ရရှိထားသူ သောမတ် ရှီးလင်းက နှစ်ပေါင်း(၃ဝ)က အခြေအနေကို ပြန်ပြောင်း ထောက်ပြရင်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုဟာ ဖိနှိပ်အုပ်ချုပ်သူတွေ လိုအပ်မယ့် ငွေကြေး၊ အစားအသောက်၊ ထောက်ပံ့ရေး ပစ္စည်းများနဲ့ လူအင်အားကို ပေးအပ်ခြင်း မရှိဘဲ ငြင်းဆန်ရေး ဖြစ်တယ်လို့ ပြောကြားပါတယ်။
ဖိလစ်ပိုင် နိုင်ငံက အာဏာရှင် ဖာဒီနန် မားကို့စ်ကို တော်လှန်ခဲ့တဲ့ ပြည်သူ့ တော်လှန်ရေးအတွင်း ပြည်သူတွေက အစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ ဘဏ်များကနေ စုဆောင်းငွေများ ပြန်လည် ထုတ်ယူခြင်း၊ ရေဖိုး၊ မီးဖိုးများ မပေးဘဲ ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ ငွေကြေး အကြီးအကျယ် လိုအပ်နေပြီး တလွဲတချော် စီမံခံနေရတဲ့ စီးပွားရေး အပေါ် အကြီးအကျယ် ဖိအား ဖြစ်ပေါ်စေခဲ့ပါတယ်။ ဖိနှိပ်မှုကိုလည်း အလကား လုပ်လို့ မရတာကြောင့် မားကိုစ်ဟာ ငွေ အမြောက်အမြား လိုအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူခိုင်းစေတဲ့ စစ်သားတွေကို ကျွေးဖို့၊ သယ်ယူ ပို့ဆောင်ဖို့၊ လက်နက် တပ်ဆင်ဖို့တို့အပြင် ထိပ်တန်းက ခေါင်းဆောင်တွေနဲ့ အတွင်းစည်းက လူတွေ ဆက်လက် သစ္စာခံဖို့ အတွက်လည်း ငွေနဲ့ပဲ ဝယ်ယူရတဲ့အတွက် ဖိနှိပ်မှုဟာ သူ့အတွက် ငွေကြေးများစွာ ကုန်ကျစေပါတယ်။
အကြမ်းမဖက်တဲ့ မဟာဗျူဟာနဲ့ လှုပ်ရှားမှုတွေဟာ အုပ်ချုပ်သူ စစ်အစိုးရကို အထောက်အပံ့ ပေးနေတဲ့ ထောက်တိုင်များကိုလည်း အင်အားချိနဲ့ စေပါတယ်။ အဲဒါတွေကတော့ ရဲအဖွဲ့နဲ့ စစ်တပ်တို့ အပါအဝင် ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းနဲ့ အုပ်စုများပါ။ ပြည်ပမှာ ခိုလှုံနေသူ မြန်မာတဦးက မြန်မာ စစ်သားများ အနေဖြင့် အမိန့်ကို အပြည့်အဝ နာခံခြင်း မရှိတော့ကြောင်း၊ အချို့ဟာ ခွင့်မဲ့ ပျက်ကွက်နေကြကြောင်းနဲ့ နအဖအတွင်းက ထိပ်တန်း စစ်ခေါင်းဆောင် နှစ်ဦးအကြား မပြေလည်မှုဟာ ထင်ထင်ရှားရှားကြီး ဖြစ်ပေါ်နေကြောင်း ပြောကြားပါတယ်။
ယခင် အကြမ်းမဖက်ရေး လှုပ်ရှားမှု တိုက်ပွဲများမှ ရရှိတဲ့ သင်ခန်းစာအရ လက်စားချေမှု မပါဝင်ဘဲ တရားမျှတတဲ့ လူ့အဖွဲ့အစည်း ပေါ်ထွက်လာရေး အမြင်ကို အားလုံး သိရှိစေရန် ကြေညာ ပြောကြားချက်ဟာ အရေးကြီးပါတယ်။ မျှတတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ဖိနှိပ်သူများ ဖက်မှ ဘက်ပြောင်း ခိုလှုံလာသူတွေအတွက် နေရာတနေရာ ရှိမည်ဖြစ်ကြောင်း သိထားစေရေး ဖြစ်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့၊ အကြမ်းမဖက်ရေး လှုပ်ရှားမှု ကိုယ်တိုင်ကိုယ်က ပြည်သူလူထုမှ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်လာရေးကို စွဲဆောင် စေနိုင်ပါတယ်။ အရေအတွက် တိုးတက် များပြားလာတဲ့ မြန်မာနိုင်ငံသား တော်တော်များများဟာ အစိုးရရဲ့ ညပိုင်း သတင်း ကြေညာချက် စတင်တဲ့ အချိန်မှာ ရုပ်မြင်သံကြားများ ပိတ်ခြင်းအပြင် အမှောင်ချ နေထိုင်၍ အစိုးရ ဆန့်ကျင်သူများကို ထောက်ခံသော သင်္ကေတကို ပြသလျက် ရှိနေကြကြောင်း သိရှိရပါတယ်။
ဒီလိုနဲ့ ဗိုလ်ချုပ်တွေ အနေနဲ့ နှုတ်ဆိတ် ငြိမ်သက်မှုတွေကို လိုလားတဲ့အတိုင်း ရတော့တာပေါ့။ ဒါပေမယ့် ဒါဟာ တချိန်မှာ တိုးတက် ကြီးထွားလာနိုင်ချေရှိတဲ့ ငြိမ်ငြိမ်သက်သက်နဲ့ စုစည်း လှုပ်ရှားမှုပါ။ ဒီလို ဖြစ်ရပ်အနေနဲ့ (၁၉၉၇)ခုနှစ်မှာ တူရကီ နိုင်ငံအတွင်း လာဘ်ပေး လာဘ်ယူ ခြစားမှုကို ကန့်ကွက်တဲ့ သန်းပေါင်း (၃ဝ) ရှိတဲ့ လူထုက မီးအမှာင်ချကာ ဆန္ဒပြလို့ ပေါ်ပေါက်ခဲ့ဘူးပါတယ်။
အကျဉ်းကျခံနေရစဉ် အတွင်းက မာတင်လူသာကင်းက 'နာကျင်မှုတွေနဲ့ ဒွန်တွဲ ရရှိခဲ့တဲ့ အတွေ့အကြုံအရ ဖိနှိပ်သူများမှ လွတ်လပ်မှုကို ဘယ်တော့မှ ပေးအပ်ခြင်းမရှိဘူး ဆိုတာ ကျွန်ုပ်တို့ နားလည် သိရှိပါသည်' 'လွတ်လပ်မှုကို ဖိနှိပ်သူများကသာ တောင်းဆိုရပါမည်'ဟု ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဒီနည်းအတိုင်း လုပ်ဆောင်နေကြပြီး မရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

ရဲမင်းထွန်း

(၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ထုတ် International Herald Tribune သတင်းစာပါ ဆောင်းပါးရှင် Shaazka Beyerle နှင့် Cynthia Boaz တို့၏ The Power of nonviolence ကို ပြန်ဆိုသည်။)

အပြည့်အစုံသို့...

နအဖလက်ထက် လာဘ်ပေးလာဘ်ယူနဲ့ အကျင့်ပျက်ခြစားမှုများ
ဒေါက်တာလွဏ်းဆွေ
နအဖ စစ်အာဏာရူးတစု အုပ်ချုပ်နေတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်
ခြစားမှုတွေ ဖြစ်ပေါ်နေမှုဟာ အဆိုးဝါးဆုံး အခြေအနေမှာ ရောက်ရှိနေပါတယ်။ ကုန်ကုန်ပြောရရင် လူတစ်ယောက် အဖြစ် ‘အူဝဲ’ လို့အော်တဲ့ သားဖွားခန်း ကနေစပြီး လာဘ်ပေးရတာ ‘ဂျိန်း’ ဆိုတဲ့ မီးသင်္ဂြိုဟ်စက် တံခါး ပိတ်တဲ့အထိပါပဲ။ အစိုးရဆေးရုံမှာ ကလေးမွေးဖို့ လာပြီဆိုတာနဲ့ ဆေးရုံစောင့်၊ လူနာဆောင် အလုပ်သမား၊ လက်တွန်းလှည်း သမား၊ သန့်ရှင်းရေး အလုပ်သမားကနေ တခါတရံ သူနာပြု၊ ဆရာဝန် ဆရာမတွေအထိ လာဘ်မပေးဘဲ ချောချာချူချူ ကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ရှားပါးဖြစ်ရပ် ဆိုပေမယ့် ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့အဖြစ် အပျက်တခုအကြောင်းကို ပြန်ပြောပြချင်မိတယ်။ မြောက်ဥက္ကလာပ ဆေးရုံ သားဖွားနဲ့ မီးယပ်ဆောင်မှာ ကျနော် အလုပ်သင် ဆရာဝန် အဖြစ်နဲ့ တာဝန်ကျစဉ် ၁၉၉၅ ခုနှစ်တုန်းက ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။ တော်တော့်ကို တုန်လှုပ်စရာ ကောင်းပါတယ်။

အဲဒီညက ကျနော်နဲ့ ရခိုင်လူမျိုး သူငယ်ချင်း ဆရာဝန်တယောက် နိုက်ဂျူတီ (Night duty) အတူကျပါတယ်။ ကျနော်က သားဖွားခန်းရဲ့ အပြင်ဘက်က လူနာကုတင်မှာ ကိုယ်ဝန်ဖျက်ချလာတဲ့ လူနာတယောက်ကို ဆေးသွင်းပေးနေတုန်း သားဖွားခန်းဘက်က ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အသံကြားရလို့ ကမန်းကတန်း ထွက်ကြည့် တော့ ကျနော့်သူငယ်ချင်း ဆရာဝန်နဲ့ အနီဝတ် သားဖွားဆရာမ တဦးတို့ အချင်းများနေကြတာကို တွေ့ရပါတယ်။ သူငယ်ချင်း ဆရာဝန်ကို ကြည့်လိုက်တော့ မျက်လုံးက မီးတောက်မတတ် ဒေါသအမျက် ချောင်းချောင်းထွက်နေတာကို တွေ့ရတယ်။ သူ့ကို မွေးခန်းမှာ ရှိတဲ့ဝန်ထမ်းတွေက ၀ိုင်းဆွဲထားကြတယ်။ အနီဝတ် သားဖွားဆရာမကတော့ ကြောက်လန့်သွေးပျက်တဲ့ အမူအရာနဲ့ အခန်းထောင့်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်နေတယ်။ သားဖွားစင်ပေါ်မှာတော့ မွေးလူနာက ပေါင်ကားယားနဲ့ ပက်လက်။ ဘာဖြစ်ကြမှန်း ကျနော် သေချာမသိသေးလို့ သူငယ်ချင်းကို စိတ်လျော့ချပစ်ဖို့သာ အရင်ဖျောင်းဖျပြီး အပြင်ဘက်ကို ခေါ်ထုတ်လာခဲ့တယ်။

အနည်းငယ် စိတ်ပြေသွားတော့မှ သူငယ်ချင်းက ကျနော့်ကို ရခိုင်သံဝဲ၀ဲနဲ့ သူ လူသတ်ချင် လောက်အောင် ဒေါသဖြစ်မိတဲ့ အကြောင်း တခွန်းချင်း ပြောပြတယ်။ သူပြောပြတာကို နားထောင်ရတော့ ကျနော်လည်း တော်တော်ပဲ ထိတ်လန့် တုန်လှုပ်သွားမိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီလောက်တောင်ပဲ အကျင့်ပျက် ခြစား နေပါ့လား လို့ပေါ့။ အဖြစ်အပျက်က ဒီလိုပါ။ အနီဝတ် သားဖွားဆရာမက ကလေးမွေးပြီးကာစ အချင်းကြိုးတန်း လန်းနဲ့ မွေးစင်ပေါ်က မွေးလူနာရဲ့ ပေါင်ကို အချင်းကြိုးညှပ်တဲ့ ညှပ်နဲ့ လိမ်ဆွဲပြီး ပိုက်ဆံပေးဖို့ တီးတိုးတောင်းနေ တာပဲ ဖြစ်ပါတယ်။ လူနာက ပက်လက်အနေအထား ပေါင်ကားယားနဲ့ “အမလေး ပေးပါ့မယ် ဆရာမ၊ အမလေး ပေးပါ့မယ် ဆရာမ” ဆိုပြီး နာလို့ အော်တဲ့အသံကို သူငယ်ချင်းဆရာဝန်က လက်ဆေးနေရင်း ကြားသွားရာကနေ ပြဿနာ စတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ပြဿနာက ဆေးရုံအုပ်ကြီးဆီ ရောက်သွားပြီး အဲဒီဆရာမကို အရေးယူ အပြစ်ပေးရတဲ့ အဆင့်အထိ ဖြစ်သွားခဲ့တယ်။ ဒါကတော့ လူရယ်လို့ စ ဖြစ်ဖို့အတွက် မွေးဖွားစဉ်မှာ
ကြုံတွေ့ရတဲ့ အကျင့်ပျက် ခြစားမှုတွေထဲက ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တခုပေါ့။

လူအဖြစ်က သေဆုံးလို့ သင်္ချိုင်းကို ရောက်သွားတဲ့ အခါမှာလည်း မီးသဂြုင်္ိဟ်စက်ထဲ ထည့်ခါနီးအထိ လာဘ်ပေးရတုန်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုဿာန်မှာ တာဝန်ကျတဲ့ စည်ပင်သာယာ ၀န်ထမ်း တွေက နေ့တွက်ကိုက်အောင် ဆီခိုးကြရတဲ့အတွက် ဖြစ်ပါတယ်။ သူတို့က အလောင်းတလောင်းချင်းကို ဟန်ပြ မီးသင်္ဂြိုဟ်ပြပြီး အသုဘရှင်တွေ ပြန်သွားရင် မီးသင်္ဂြိုဟ်တာကို ရပ်လိုက်ပါတယ်။ ညနေ မိုးချုပ်တော့မှ တနေ့လုံး လာသမျှ အလောင်းတွေကို စုပုံမီးရှို့ပြီး သူတို့အတွက် ခွဲတမ်းပေးထားတဲ့ ဆီကို ပိုအောင်လုပ်တာ ဖြစ်ပါတယ်။ ပိုတဲ့ ဆီကို ရောင်းစားပြီး ခွဲဝေယူကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အရိုးပြာလိုချင်တဲ့ အသုဘရှင်က စည်ပင်သာယာ ၀န်ထမ်းတွေကို လာဘ်ပေးပြီး သီးသန့် မီးသင်္ဂြိုဟ်ခိုင်း ရပါတယ်။ ဒါမှ ကွယ်လွန်သူရဲ့ အရိုးပြာစစ်စစ်ကို ရမှာဖြစ်ပါတယ်။ ကျန်တဲ့ နိစ္စဓူဝ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်အသီးသီးမှာ ဖြစ်ပျက်နေတဲ့ အကျင့်ပျက် လာဘ်စားမှုတွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။

ဒီကနေ့ မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ကိစ္စဟာ ယဉ်ကျေးမှုတခုလို ခိုင်မာအရိုးစွဲနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာနေတဲ့ သူတိုင်းအတွက် ဒီကိစ္စဟာ သိပ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ မဟုတ်တော့တဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလိုကို ဖြစ်နေပါပြီ။ ဘယ်နေရာသွားသွား၊ ဘာလုပ်လုပ် လာဘ်ပေးမှ ရမယ်ဆိုတဲ့ အသိကို ကလေးကအစ ယဉ်ပါးပြီးသား ဖြစ်နေပါပြီ။ ပညာရေး နယ်ပယ်မှာဆိုရင် လာဘ်ပေးပြီး စာမေးပွဲအောင်အောင် လုပ်လို့ရတယ်။ မေးခွန်းဝယ်လို့ရတယ်။ အမှတ်ဝယ်လို့ရတယ်။ ရန်ကုန်မြို့ပေါ်က ကျောင်းကောင်းကောင်းတွေ မှာထားဖို့အတွက်ဆို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို လာဘ်ငွေ သုံးသိန်းကနေ ဆယ်သိန်း ကြားလာဘ်ပေးရတယ်။ အဲဒီလို အကျင့်သီလကို ဦးထိပ်ထားတဲ့ ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေမှာပါ အကျင့်ပျက်ခြစားမှုတွေ တနေ့တခြား များပြားလာခြင်းဟာ ကျနော့်တို့ လူအဖွဲ့အစည်းအတွက် အလွန်စိုးရိမ် ဖွယ်ကောင်းတဲ့ အခြေအနေကို ပြသနေတာပဲ ဖြစ်တယ်လို့ မြင်မိပါတယ်။

အစိုးရုံးဌာန အသီးသီးမှာ ဆိုရင်လည်း ဘယ်ဌာနကိုပဲ သွားသွား လာဘ်ငွေပေးမှ အဆင်ပြေအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အစိုးရဌာနဆိုင်ရာ အရာရှိတွေကို လာဘ်ထိုးဖို့ ပက်ကင်လှလှနဲ့ ပစ္စည်းတွေ ထုပ်ပိုးရောင်းချတဲ့ စတိုးဆိုင်တွေ သီးသန့်ရှိတယ်။ လာဘ်ပေးတဲ့ ပစ္စည်းရရှိတဲ့ အရာရှိတွေက ပြန်လာသွင်းရင် အဲဒီ စတိုးဆိုင်ကပဲ လက်ခံပြီး ပြန်ဝယ်ပေးတယ်။ စတိုးဆိုင်နဲ့ အဲဒီအရာရှိတွေဟာ စီးပွားဖက်တွေလို ဖြစ်နေတယ်။ နောက်ပြီး အရာရှိကြီးတွေဆီကို လာဘ်ငွေ ပေးကမ်းပေးတဲ့ ကြားပွဲစားတွေလည်း ဌာနတိုင်းမှာ ရှိတယ်။ အဆိုးဆုံး လာဘ်ပေးရတဲ့ ဌာနတွေကတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ထောက်လှမ်းရေးဌာန၊ ရဲဌာန၊ တရာရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ အကောက်ခွန်ရုံး၊ ၀န်ထမ်းရွေးချယ်ရေးဌာနနဲ့ စာပေစိစစ်ရေးရုံးတို့ပဲ ဖြစ်တယ်။

အဲဒီလို အကျင့်ပျက်ခြစားမှုတွေ တတိုင်းပြည်လုံးအနှံ့ ဖြစ်ပျက်နေခြင်းရဲ့ အဓိကလက်သည် တရားခံကတော့ တိုင်းပြည်ကို သေနတ်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖ စစ်အာဏာရူးတွေပဲ ဖြစ်တယ်။ သူတို့ရဲ့ အုပ်ချုပ်မှုအရည် အသွေးညံ့ဖျင်းမှုကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေပြီး ငါ့ဝမ်းပူဆာ မနေသာ ဖြစ်ရာကနေ စပြီး အကျင့်ပျက် ကုန်ကြတာဖြစ်တယ်။

နောက်တချက်ကတော့ ခေါင်းမိုးမလုံတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကတော့ အုပ်ချုပ်တဲ့ စစ်အာဏာရူးတေ ကိုယ်တိုင် ထိပ်ပိုင်းကနေပြီး တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား ခိုးယူနေတာပဲ ဖြစ်တယ်။ သူတို့ကိုယ်တိုင်က စံပြဖြစ်အောင် မနေထိုင်ဘဲ ထိပ်ကနေ ဦးဆောင်ဦးရွက်ပြုပြီး နင်းကန် ခိုးနေတဲ့အတွက် အောက်လက်ငယ်သား အရာရှိတွေ အဆင့်ဆင့် ခိုးဝှက်နေကြတာကိုလည်း အရေးမယူရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရေးယူလိုက်ရင် သူတို့ကိုပါ ပြန်အမှုပတ်မှာကို စိုးရိမ်တာကြောင့်လည်း ပါတယ်။ သာဓကတွေကတော့ ဒုနဲ့ဒေးပါပဲ။ စစ်အာဏာရူးတွေ အချင်းချင်း အာဏာစားခွက်လုရင်း ဖြုတ်ထုတ်သတ် လုပ်တဲ့အချိန်ကျမှ သူတို့ခိုး ထားတဲ့ အမှုတွေက မကြာခဏဆိုသလို တိုင်းသိပြည်သိ ပေါ်လာတတ်တာကလား။ နအဖ သက်တမ်းတလျှောက် လာဘ်ပေးလာဘ်ယူမှုနဲ့ ဖြုတ်ထုတ်အရေးယူခံရတဲ့ အမှုတွေထဲမှာဆိုရင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်သိန်းဝင်း၊ ဗိုလ်ချုပ်ဝင်းမြင့်၊ ဗိုလ်ချုပ်ညွန့်တင်နဲ့ ပြုတ်ကျသွားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တို့ရဲ့ အမှုတွေဟာ အဆိုးဝါးဆုံး လာဘ်စားမှုတွေ အဖြစ် ထင်ရှားခဲ့တယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လာဘ်အစားဆုံး ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကတော် ဒေါ်ကြိုင်ကြိုင်ပဲ ဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း မှတ်ချက်ပြုနေကြတယ်။ ဒါဟာလည်း ဟုတ်လို့ကျော် ပုပ်လို့ ပေါ်တာပဲ ဖြစ်ပါလိမ့်မယ်။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ လာဘ်ပေးလာဘ်ယူနဲ့ အကျင့်ပျက် ခြစားမှုတွေကို ပပျောက်အောင် လုပ်ဖို့ဆိုရင် (၁၇)နှစ်ကြာ အရည်အချင်း ညံ့ဖျင်းစွာ အုပ်ချုပ်နေတဲ့ နအဖစစ်အာ ဏာရူးတစုကို ဖယ်ရှားဖို့ အရင်ဆုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ အရည်အချင်း ပြည့်ဝတဲ့ ခေါင်း ဆောင်မှုအောက်မှာ အချိန်ယူပြီး စနစ်တကျ အရေးယူ အပြစ်ပေးမှုတွေကို လုပ်ဆောင်မယ်ဆိုရင် အကျင့်ပျက်ခြ စားမှု ကင်းစင်ပြီး တိုးတက်စည်ပင်တဲ့ လူမှုအဖွဲ့အစည်းတခုကို အကောင်အထည်ဖော် တည်ဆောက်နိုင်မယ်လို့ ထင်မြင်မိကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

( ၂၀၀၆ ခုနှစ် ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

တွေ့ဆုံ ဆွေးနွေးရေး
ကိုလေး (အင်းဝဂုဏ်ရည်)

(အင်္ဂုလိမာလသုတ်)
ငါသန့်ရှင်းပြီ
စကားမှန်တယ်
ချမ်းသာစေ၊ ချမ်းသာစေ၊ သားအမိ ချမ်းသာစေ။

(ကဗျာဆရာ့ သံဝေဂ)
မြတ်စွာဘုရား
တရားမတွေ့ခင် လူသတ်လို့ ကောင်းတုန်းပါအရှင်။ ။

ကိုလေး (အင်းဝဂုဏ်ရည်)

အပြည့်အစုံသို့...

ဦးအောင်ကြီး သိစေဖို့ …..
ကိုမွှေး

ဦးအောင်ကြီးရေ … ကျနော်တို့ကတော့ ငယ်တယ်ဗျာ။ ဦးအောင်ကြီးတို့ထက် .. ပြောမယ်ဆို ဦးအောင်ကြီးသား အငယ်ကောင်နဲ့မှ ရွယ်တူရယ် … ဦးအောင်ကြီး ၁၉၈၈ အရေးတော်ပုံ ကာလမတိုင်ခင် ခြောက်ဆယ့်လေး မျက်နှာ စာတန်းနဲ့ ဦးနေ၀င်းကြီးကို မျက်နှာ လုပ်ခဲ့တုန်းကလည်း တမြို့တည်းသားချင်း လည်းဖြစ်ပြန် ကျနော့်အဖိုးဖြစ်သူ (ခင်ဗျားတောင် အသုဘလာ ပါသေးတယ်။ ကြံတောသုသာန်ကြီး ရောင်းစားမခံရခင်)ရဲ့ မိတ်ဆွေလည်း ဖြစ်ပြန်ဆိုတော့ ကောင်းကောင်း ဖတ်လိုက်ရပါတယ်။ အဲဒီတုန်းက ငယ်တုန်းဆိုတော့ ဦးအောင်ကြီး ရေးနေကျ ‘ကျနော် အညာသားပါ ခင်ဗျား‘ ဆိုတာလေးတွေလည်း ဖတ်ရတော့ ဦးအောင်ကြီးရဲ့ စားနေကျ ကြောင်ဖား အကျင့်ကိုလဲ ကျနော့် အဘိုးတွေလောက် မသိတော့ ဟုတ်များ ဟုတ်မလားလို့ ရှာကြံပြီး အထင်တော့ ကြီးခဲ့မိသားဗျို့။ မရှက်ပါဘူး ၀န်ခံပါတယ်..။

တကယ်ဆို ခင်ဗျားဟာ ဦးနေ၀င်းကြီးကို သေးဖျန်းဖျန်း ပါအောင် ကြောက်ခဲ့တာပါ။ ဦးနေ၀င်းတို့  ခင်ဗျားညီ ဦးအောင်လေး (မိန်းမ လိုက်စားလွန်းလို့  နူနေသူ)နဲ့ ဦးထွန်းရင်(ကွယ်လွန်)တို့ အရင်ခေတ်က ဟုတ်တာရော မဟုတ်တာရော လုပ်လို့ ပိုင်သမျှကို ဗြောင် သိမ်းလိုက်တုန်းကလည်း ခင်ဗျား တောက်တောင် တချက်ခေါက်ရဲခဲ့တာမှ မဟုတ်တာ ၀ိဓူရ သခင်ချစ်မောင်တို့ထက် အခွက်ပြောင်တဲ့ ဦးအောင်ကြီးဟာ ကြောင်ချီးဆိုတာ ခင်ဗျားရွာက လူတွေတောင် တရွာလုံးသိလို့  ရွေးကောက်ပွဲ ကာလမှာ ခင်ဗျားပါတီကို မဲမပေးလို့ ခင်ဗျားက တရွာလုံး အားကိုးနေရတဲ့ သောက်ရေကန် (ခင်ဗျားတို့ ပိုင်တဲ့ကန်)ကို သောက်ရေခပ်ခွင့်တောင် ပိတ်ခဲ့သေးတာပဲ။ အဲဒီလောက် အောက်တန်းကျ အရှက်မဲ့ပြီး သက်တမ်း သိပ်မတိမ်းမယိမ်းဖြစ်တဲ့ ပေါက်ခေါင်းသား ဦးနေ၀င်းကို ပါပါကြီးလို့ မခေါ်ရုံတမယ် ဖားခဲ့တဲ့ သမိုင်းကို မြို့ခံတွေက သိတယ်ခင်ဗျ။

နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်စားတတ်တဲ့ ပေသီး ခေါက်ပြီး ဘက်ပြောင်းတတ်တဲ့ လူကြီးတစ်ယောက် အဖြစ်က ကျွတ်တမ်းဝင်သင့်ပြီ။
သေမယ်ဆို သေသင့်နေပြီ ဦးအောင်ကြီးရေ…။

ခင်ဗျား သတင်းစာထဲက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ ပတ်သက်ပြီး ကြော်ငြာ ထည့်ခဲ့တာတွေ ခင်ဗျားထက် တိုင်းပြည်ချစ် ဦးနှောက်ရှိတဲ့ လူတွေကိုကျတော့ ကွန်မြူနစ်တွေလို့ စွပ်စွဲခဲ့တာတွေ အဲဒီ ကွန်မြူနစ်ပါတီကြီးကို စထောင်ခဲ့တဲ့ သခင်အောင်ဆန်းဆိုတဲ့ ဗိုလ်ချုပ် အိမ်ထောင်ပြုခါနီးမှာ အတင်း ဒူးဖက်ပြီး ဗိုလ်ချုပ်ရယ် မိန်းမမယူပါနဲ့ လို့ အတင်း တောင်းပန်တော့ ဗိုလ်ချုပ်က ဘာပြန်ပြောခဲ့တယ် ဆိုတာတွေကို ပြန်တွေးလိုက်ရင် တကယ်လို့များဗျာ၊ အဲဒီခေတ်က ခုလို ဆေးပညာတွေ ထွန်းကားနေတဲ့ ခေတ်ဖြစ်ခဲ့ရင် ဦးအောင်ကြီးဟာ လိင်ပြောင်းပြီး ဗိုလ်ချုပ်ကိုတောင် အပိုင်ကြံနိုင်တယ်လို့ ယူဆရလောက်တဲ့ စိတ်မျိုးနဲ့  ပုဂ္ဂိုလ်တစ်ယောက် ဆိုတာ ထင်ရှားပါတယ်။

ဦးအောင်ကြီးကို ခုလိုပြောနေရတာလဲ နာမည်ကြီးချင်ရင် ကိုယ့်ထက် နာမည်ကြီးသူကို တိုက်ဆိုတဲ့ သီအိုရီအရ ခင်ဗျားလုပ်နေကြ လုပ်ရပ်လို မဟုတ်ဘူးဆိုတာ နားလည်ပါ။ အသက်ကြီးပြီး အချိန်မစီးလွန်းလို့  ဒေသချစ်စိတ်နဲ့ ခင်ဗျားကြီး အိုမှ လက်ပေးသင်နေရတာ တကယ်တော့ အချိန်ကုန်ပါတယ် ..။

သေသွားတဲ့ ကာနယ်ကြီးတွေ ခင်ဗျားနဲ့ အတူတူတွေက ခင်ဗျားကို ဦးနေ၀င်းကြီး ခေတ်ကတည်းက ဘယ်လို ဆက်ဆံခဲ့တယ် ဆိုတာလဲ ကျနော်ကသိခဲ့ပါတယ်။ တကယ်လို့သာ ကွန်မြူနစ်တွေ တိုင်းပြည် အာဏာရနေတယ် ဆိုခဲ့ရင်လဲ ဦးအောင်ကြီးဟာ မော်စီလည် (မြန်မာမှု ပြုထားသော မော်စီတုန်း) လို့များ နာမည်ပြောင်းပြီး ကွန်မြူနစ် ရင်ထိုးကြီး ထိုးလို့  သခင်သန်းထွန်း ဘုန်းတော်ဘွဲ့တွေများ ရေးမယ်ဆိုတာ ဗေဒင်မေးရင် ဆန်ကုန်ဦးမယ်၊ သိပ်ကျိန်းသေတယ်ဗျို့။

ဒါပေမယ့် ကွန်မြူနစ်တွေကလဲ ခင်ဗျားအချိုးကို သိတဲ့အပြင် ဦးနေ၀င်းကြီးလို အကွက်သမားတွေ မဟုတ်ကြတော့ ခင်ဗျားကို ဗြောင်ငြင်းမယ်ဆိုတာ သိနေတော့ ခင်ဗျားက ကွန်မြူနစ်မုန်းတီးရေး တီးလုံးတွေ ဒုံမင်း တလှည့် ၀ါးလက်ခုတ် တစ်လှည့် ဒိုးပတ် တလှည့်နဲ့တီးရင်း စိတ်တွေ နာနေတာပေါ့။

အရင်ခေတ်က ကာတွန်း သန်းကြွယ်က ရေးတဲ့ ကာတွန်း တစ်ကွက်လောက်ကို အတည်လိုလုပ်ပြီး ကွန်မြူနစ်တွေကို ခင်ဗျား တစ်ကိုယ်တော် အကျိုးစီးပွားအရ အမုန်းကြီးမုန်းပြီး စူဠသုဘဒ္ဒါ အကြံနဲ့  အပြင်းအထန် တိုက်ခိုက်ခဲ့တာ မမောဘူးလားဗျာ။

တဖက်က ကွန်မြူနစ် ဆန့်ကျင်ရေးတွေ လိပ်ခေါင်း ထွက်လောက်အောင်ပြော ရှေ့သို့ဂျာနယ်၊ ငွေတာရီ၊ မြ၀တီနဲ့ ထုတ်ဝေဖြန့်လွှင့်သမျှ စာပေနဲ့ သတင်းဌာနတွေကနေ အမြဲမပြတ် တိုက်ခိုက်နေပေမယ့် တဖက်မှာလည်း တရုတ်ပြည်ထဲဝင် တိုးတိုးတိတ်တိတ် ကွန်မြူနစ်ပါတီကို သွားသွားဆွေးနွေးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခုထဲကို ၀င်လာဖို့ ကွန်မြူနစ်ပါတီကို ဖျက်သိမ်းဖို့  လက်သိပ်ထိုး ဆွေးနွေးနေကြ၊ ဦးအေးကိုတို့ ဦးနေ၀င်းတို့ ဦးမောင်မောင်ခတို့ လုပ်ခဲ့ကြတုန်းကတော့ ရပ်တည်ချက်မှန်တဲ့ ကွန်မြူနစ်တွေက ပါတီစုံစနစ်ကို တရားဝင် လုပ်ပါ။ မြေအောက်နဲ့ တောတွင်း ထွက်လာရတဲ့ အဖွဲ့အစည်း မှန်သမျှကို တရားဝင် ရပ်တည်ခွင့်ပေးပါ၊ ရွေးကောက်ပွဲ တရားမျှတစွာ လုပ်ပါ၊ ဒါဆို ကွန်မြူနစ်တွေလဲ ပါဝင်ရပ်တည်မှာ ဖြစ်ပါတယ်၊ ဒီမိုကရေစီရေး တန်းတူရေး သွေးစည်းရေးကို အရင်လုပ်ကြပါလို့  ပြန်ပြောလိုက်ပြီး နှစ်ပိုင်းအတွင်း ရှစ်လေးလုံး အုံကြွမှုကြီး ပေါ်လာတော့ ဦးနေ၀င်းဟာ အရေးပေါ် ညီလာခံတွေ ခေါ်ပြီးတော့ အဲဒီ လမ်းကြောင်းကြီးကို ခပ်တည်တည်နဲ့ အသုံးချဖို့ ဖွင့်ပေးခဲ့ပြီး တာ့တာပြ မှောင်ရိပ်ခိုပြီး ရုပ်သေးဆရာ လုပ်ခဲ့သေးတယ်လေ။ အဲဒီ ကာလလေးမှာ ဦးအောင်ကြီးလဲ လူလူသူသူနဲ့  ဖိုးသင်းမျောက် လုပ်တော့တာပဲ မဟုတ်လား။ စမ်းချောင်း ပဒုမ္မာကွင်းမှာ တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့ ဆိုတာကို လူထုကြီး (အပစ်ခံ အသတ်ခံရသော ပြည်သူတစ်ရပ်လုံး) ကို ရှေ့က မိုက်ခွက်ကြီး ကိုင်ပြီး တိုင်ပေးခဲ့တာ မှတ်မိမှာပါ ။

နိဂုန်းချုပ် အနေနဲ့ ပြောချင်တာ ကတော့ ဦးအောင်ကြီးရေ Dream comes true ဖြစ်လောက်ပြီ ထင်ပါတယ်။ အရင်ခေတ်ကတော့ ဆေးပညာတွေ သိပ် မတိုးတက်ခဲ့ဘူး ခုဆို ခါတော်မီလေးပါပဲ ဘ၀ကို ဗြောင်ပြောင်းချင်တယ် ဆိုရင်ဖြင့် …။

ကိုမွှေး

အပြည့်အစုံသို့...

Taiwan announces pro-democracy task force for Burma
Sender-Boon Lim

Taiwan will establish a task force under its representative office in Thailand to provide help to the people of Burma in striving for democracy according to the Taipei Times.

The Taiwanese Foreign ministry said in a press release that one of the task force's main functions would be to observe the political situation in Burma.

The task force is also commissioned to join efforts to promote regional stability, saefty and prosperity the release said.

Vice President Annette Lu said the web site to defend freedom and democracy for Burma received good reaction.

Taiwan has no diplomatic relations with Burma.

တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်တော့လေး
(Democratic Information Department BLog မှ)

တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်တော့လေး ဆိုတဲ့ အချုပ်တန်း ဆရာဖေရဲ့ ၀ိညာဉ်တွေကို လက်ဆင့်ပွားရ တော့မှာပါပ။ အောက်တိုဘာ ၂၆ ရက်နေ့  ရန်ကုန် သီတင်းကျွတ်ပွဲတော်ကြီးမှာ ရွှေဝါရောင် တော်လှန်ရေးကြီးကို ဆက်လက် ပုံဖေါ်နေကြသလို Rock, Punk , Hiphop ပွဲတွေနဲ့ အဆိုတော်တွေက သံဃာတော်တွေ ၊ ကျောင်းသား ၊ ပြည်သူတို့ရဲ့ သွေးတွေ ၀ိညာဉ်တွေပေါ်မှာ မျောက်က ကနေကြတဲ့ပုံကို တင်ပေးလိုက်တယ်။ Pioneer Club Hiphop Show မှာ စိုင်းစိုင်းခမ်းလှိုင် ၊ ဂျေမီ ၊ ရသ ၊ ရဲလေး ပါဝင်ပြီး ကန်တော်ကြီး မျှော်စင်ကျွန်းမှာတော့ အဲလက်စ်၊ ရင်ဂို၊ ဖြူဖြူကျော်သိန်း၊ မောင်မောင်ဇော်လတ်၊ Big Bag, Black Hole နဲ့ The Ants အဖွဲ့တို့ ပါဝင်တယ်လို့ သတင်းရရှိပါတယ်။ ၀င်ကြေးက ၄၅၀၀ကျပ်တဲ့။ အမှန်တရားနဲ့ လူထုဆန္ဒကို မည်ကဲ့သို့ သော အောက်လမ်းနည်းနဲ့ဖြစ်စေ ဖုန်းကွယ်ဖို့ ကြိုးစားပေမယ့် တေးသံရှင် ခင်စန်းကြည်ရဲ့ အိုဘယ့် … တံချူရှင် သီချင်းစာသားထဲကလို "ရလိမ့်မယ်လို့ မထင်နဲ့ .... ရလိမ့်မယ်လို့ မထင်နဲ့  နွမ်းလျက်သာစော … အမောသာ အဖတ်တင် ... " လို့ပဲ ပြောလိုက်ပါရစေ။

ပေးစာ (၂၉-၁၀-၂၀၀၇)

Dear Saya Lunswe,
After seeing the pictures taken at the birthday party of Than Shwe's grandson, I got an idea of boycotting famous actors, actresses, and singers who have close connections with this vicious dictator's family. I heard that Sai Sai Khan Hlaing is one of his best friends. How dare they (artists) be friends with this family? I am not surprised to see people like Yadana Khin and Eindra Kyaw Sin at the party because they have never had concerns about anyone except for their fame. There are two things we can do to those artists who do not recognize the pain of Burmese people. The first thing is to stop buying their music CDs, boycott their concerts, stop watching the movies and VCDs which they are in. We can target a few of those such as Saing Saing Khan Hlaing, Zaw Win Htut (in Ko Nik's blog I read that he is a close friend with Tay Za), and Ya Zar Nay Win.
The second way to boycott is not to organize abroad music tours for those artists. Zaw Win Htut sometimes have music tours to other countries like Japan, US, and Australia, and Burmese in those countries should boycott to his future tours.
Thank you for your hard work and your dedication to the freedom of Burma.

Sincerely,
Thit Sar Aung

အပြည့်အစုံသို့...

Sunday, October 28, 2007

Twelve Lines to Our Leader
Aung Way (from a bomb-shelter)

1.Heroine behind bars
2.“Aung San Suu Kyi”, she – the red star.
3.Red star over Irrawaddy
4.“Aung San Suu Kyi”, she – the tragedy.
5.Tragedy in the dark
6.“Aung San Suu Kyi”, she – the sword.
7.Sword made of roses
8.“Aung San Suu Kyi”, she – the goddess.
9.Goddess of democracy
10.“Aung San Suu Kyi”, she – the strategy.
11.Strategy against junta
12.“Aung San Suu Kyi”, she – our freedom mother.

(Dedicated to Daw Aung San Suu Kyi's
12 years incarceration)


Aung Way (from a bomb-shelter)
Poet of Myanmar
8-10-2007

အပြည့်အစုံသို့...

ဂျိုကုတ်တို့၏ တိုင်းပြည်
ပေးပို့သူ- မင်းအောင်

ဂျိုကုတ်မှူးကြီး ။ ။ ငါ၏ထံပါး ကပ်မြှောင် ကပ်စား ဂျိုကုတ်များတို့ …
ဂျိုကုတ်များ ။ ။ ၀ပ်တွားလျက် ရှိကြောင်းပါ ဘုရား။

ဂျိုကုတ်မှူးကြီး ။ ။ ဒ်ီလို တောကြိုအုံကြားမှာ ဒီလို ခမ်းနားလှတဲ့ နေပြည်တော်ကြီး ဆောက်လုပ်နိုင်တာ ငါကိုယ်တော်မြတ်ရဲ့ ဘုန်းတခိုးကြောင့် မဟုတ်လားကွဲ့။
ဂျိုကုတ်များ ။ ။ မှန်လှပါ၊ ရေမြေ့ရှင်၏ ဘုန်းတန်ခိုးတော်ကြောင့် အရေးရှိက ပုန်းခိုရန် အသစ်ဆောက်လုပ်တဲ့ ရတနာပုံမြို့တော်ပင် ပြီးစီးလုပါပြီ ဘုရား။

ဂျိုကုတ်မှူးကြီး ။ ။ အိမ်း … ကောင်းလှပေတယ်။ ရတနာပုံ မြို့တော်ကြီး ပြီးစီးတဲ့အခါ ဘာဆက်လုပ်ရင် ကောင်းမလဲ … ကဲ … ကဲ … ကဲ … ကြုံသလို ဖြီးတဲ့နေရာမှာ နာမည်ကြီးတဲ့ ၀န်မင်း ကြောင်တောင်ဆန်း လျှောက်တင် စမ်းပါဦးဟဲ့။
ဝန်မင်း ကြောင်တောင်ဆန်း ။ ။ မှန်လှပါ၊ ရှေးထုံးစဉ်လာအတိုင်း ဆိုပါလျှင် ရတနာပုံ နေပြည်တော် ပြီးစီးက ရတနာဂီရိသို့ ကြွမြန်းရလေ့ ရှိကြောင်းပါ ဘုရား။

ဂျိုကုတ်မှူးကြီး ။ ။ အိမ်း … ရတနာဂီရိဆိုတာ အင်မတန် သာယာတယ်လို့ ကိုယ်တော်မြတ် ကြားဖူးနားဝရှိတယ်။ မကြာခင် ကြွမြန်းဖို့ သံတမန်ရေး ၀န်မင်း မောင်ဥာဏ်ပျင်းက လိုအပ်သည်များ စီစဉ်ဆောင်ရွက်စေဗျား … ။

သမိန်ပေါသွပ်

အပြည့်အစုံသို့...

Kachin special narcotic cell officer dies of amphetamine overdose
KNG (October 27, 2007)

Sergeant Hkangda La Tawng (29), a Kachin special narcotic police officer died of amphetamine(Yama) overdose early this month in a public hospital in Rangoon, former capital of Burma, said Kachin community sources.
Sergeant Hkangda La Tawng was involved in the recent brutal crackdown on monk-led demonstrations against Burma's ruling junta in Rangoon between September 24 to 30, according to the Sergeant's relatives in Rangoon.
During the crack down on the Rangoon demonstrations, he had eaten amphetamine contaminated food prepared by the authorities. He had to be hospitalized at public hospital in west Rangoon soon after the operation ended, his relatives, added.
He died of Yama overdose on October 7 and his funeral service was held by the Kachin Christian community in Rangoon, the next day, said Rangoon Kachin community sources.
Sergeant La Tawng had been working in the Special Narcotic Police section in his native city of Lashio in Northeast Shan State. He had gone to Rangoon to attending a three-month intensive computer course, according to his relatives.
He was due to be promoted to the rank of Second Lieutenant after coming back from Rangoon to Lashio on the completion of his computer course, relatives said.
During the junta's bloody crack down, the junta said 10 people were killed though the western governments say the actual death toll is far higher.
About 3,000 people were arrested countrywide, but a few hundred have been freed, the state media has said.

အပြည့်အစုံသို့...

မစုစုနွေးရဲ့ အ၀ါရောင် ကမ်ပိန်း
ပေးပို့သူ-မဆုမွန်

အပြည့်အစုံသို့...

အကြံပြုပေးစာများ (၂၈-၁၀-၀၇)

Dear Dr Lun Swe,
Thanks for your time, the motivation and effort providing all the information on your blogger.
I also feel that Burmese must remove the military junta which is getting worse.
But the ASEAN leaders are more concern on their vested interests rather than freedom of Burma and its people from FEAR of military junta.
Burmese needs to organize and set up the arm forces to fight freedom. It should not be like the multi-colored insurgents who have own interest and concern. There should be one and consolidated, united forces to fight common enemy, military junta.
Burmese may have to organize the "Thirty Comrade style" first pioneer leaders to start this real struggle.
Also need to seek help from USA for training and arms. The Burmese community abroad can finance this struggle. Although the objective may be different the tatic of LTTE should be learned.
If you and other 88 generation-student leaders, the younger generations could sustain this struggle which can be successful.
Present situation is like the chickens in baskets or "water in their palms". There should have strategy which could last long rather than hit and run or playing cat and mouse game. I know it is because they, military junta, have all the resources and well planned to genocide and ethnic cleansing. All races of Union of Burma must be united and fight together against the evils.
I am older than you but will join anyway if you all start this option.
Wishing you success. Wishing all Burmese to enjoy the Freedom and democracy sooner.

Truly yours.
Ing Weber
------------------------------------------------------------------------------------
Dear Saya,
I have an idea that we should collect all of email addresses inside Myanmar and send our news, articles, ebooks, etc.
We need to send both people and government sectors.We, all of overseas Burmese, need to participate in this activity.
It is sure SPDC will check and block from ISP.But I hope some will be arrived to people and civil servants.
• It is sure that original people will be interested and read it, even they will share.
• Most of civil servants, who can use email, will read secretly and remove it. But it will make them encourage at least.
• For junta's dogs, it will make them busy everyday to prevent our email attack.
We have to fight with all of the tools in our hands.

Regards,
Anatta

အပြည့်အစုံသို့...

ရွှေဝါရောင်တော်လှန်ရေး တစေ့တစောင်း

ဘာသာပြန် - မီးပြတိုက်

တိုင်းမဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ “ANDREW MARSHALL / RANGOON” ရဲ့ “ANATOMY OF FAILED REVOLUTION” ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူတွေ အလွယ်တကူ ဖတ်ရှု နိုင်အောင် ရည်ရွယ်ချက်နဲ့ပါ။

“ခင်ဗျား ဒီဘက်နား ကပ်နေသင့်တယ်” လို့ ကျနော့်အနောက်ဘက်မှာရှိတဲ့ လူအုပ် ထဲက မိန်းမပျိုလေးတယောက်က လှမ်းပြောတာပါ။ ပြီးတော့ သူကပဲ ဆက်ပြီး “နိုင် ငံခြားသားတွေ ဒီမှာရှိနေရင် သူတို့ပစ်မှာမဟုတ်ဘူး” လို့ ဆက်ပြီးပြောပါတယ်။ အဲဒါကတော့ စက်တင် ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ အချိန်လောက်မှာပါ။

ကျနော်ဟာ ထောင်နဲချီတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေ ကြားထဲမှာ ရောက်နေပါတယ်။ နေရာက တော့ ရန်ကုန်မြို့လည်ခေါင်က ဆူးလေစေတီတော်နားမှာပါ။ ကျနော်တို့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ စစ်သား တရာလောက်ဟာ သေနတ်တွေကို အစဉ်သင့်ကိုင်ပြီး စောင့်နေပါတယ်။ ကျနော့်အနောက်နားက မိန်းမပျို လေး မျှော်လင့်နေတာကတော့ အနောက်တိုင်းသားတယောက်ကို ပစ်မိပြီး နိုင်ငံတကာမှာ ဂယက်ရိုက်ခတ် သွားမှာကို သူတို့မလိုလားလောက်ဘူးဆိုတာ ကျနော်ရိပ်မိပါတယ်။ အဲဒီနေရာမှာ ကျနော်ရှိနေတာ သူတို့အ တွက် အကာအကွယ်ဖြစ်မယ်လို့လည်း မျှော်လင့်နေပုံရပါတယ်။ သူမရဲ့မျှော်လင့်ချက် မှားယွင်းနေတယ်ဆို တာ မကြာခင်မှာပဲသိရတော့မှာပါ။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာတော့ ဆန္ဒပြသူတွေဟာ ကြောက်ရွံ့ခြင်းမ ရှိကြတဲ့အပြင် စိတ်အားတက်ကြွနေကြပါတယ်။ သူတို့ဟာ ဗုဒ္ဓရဲ့ဂါထာတော်တွေကို ရွတ်ဆိုနေကြပါတယ်။ အဲဒီရွတ်ဆိုသံတွေဟာ ကျနော့်ကို ရက်ပေါင်းများစွာ ခြောက်လှန့်နေမှာပါ။

“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ”

“ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ”

ဒီမေတ္တာသုတ်ကို စတင်ရွတ်ဆိုခဲ့တာ ဘုန်းတော်ကြီးတွေပါ။ သူတို့ ရွတ်ဆိုနေတာ အခုဆို တပတ်တောင် မ ကတော့ပါဘူး။ သူတို့တွေဟာ လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ရွတ်ဆိုရင်း ရာစုနှစ်တ၀က်မက ကြာအောင် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အုပ်စုကို တိုင်းပြည်ပြောင်းလဲရေးအတွက် တောင်းဆိုနေကြတာပါ။ မြန်မာ ပြည်မှာ သံဃာတော်အရေအတွက်နဲ့ စစ်သားအရေအတွက်ဟာ မတိမ်းမယိမ်းပါပဲ။ သံဃာတော် အရေအ တွက် ခန့်မှန်း ၃၀၀,၀၀၀ လောက်နဲ့ စစ်သား အရေအတွက် ၄၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါပေမယ့် သူတို့ တွေရဲ့ ခံယူချက်တွေဟာ မတူညီကြပါဘူး။ သံဃာတော်တွေဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ဆုတောင်း ကြပေမယ့် စစ်တပ်ကတော့ သေနတ်ပြောင်းနဲ့ ချိန်ပြီး အာမခံဖို့ တောင်းဆိုပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြည်သူလူ ထုတရပ်လုံးက မြတ်နိုးကိုးကွယ်ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူ့ချဉ်ဖတ် စစ်တပ်တို့ ထိပ်တိုက်တွေ့တဲ့ပွဲပါ။

“ဒီဘက်တိုး ဒီဘက်တိုး” လို့ မိန်းမပျိုလေးက ထပ်ပြောပါတယ်။ စစ်သားတွေနဲ့ ကျနော်တို့ လူအုပ်ရဲ့ အကွာ အဝေးဟာ ခန့်မှန်းခြေ ကိုက်တရာလောက်ပဲ ရှိပါတော့တယ်။ ကျနော်ကတော့ အရမ်းနီးနေပြီလို့ ထင်နေမိ တယ်။ ကျနော့်စိတ်ထဲမှာလည်း မနေ့ညက ဘုန်းတော်ကြီးကျောင်းတွေကို စစ်တပ်က အကြမ်းဖက် ၀င်စီးတဲ့ သတင်းတွေကို ထပ်တလည်းလည်း ပြန်တွေးနေမိထယ်။ အဲဒီစစ်သားတွေကပဲ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးတုန်းက ပြည်သူတွေ ထောင်နဲ့ချီပြီး သတ်ဖြတ်ခဲ့တာကို ကျနော် သိတယ်။ သူတို့ဟာ နိုင်ငံခြားသားတွေ ရှိရှိ မရှိရှိ ပစ်ဖို့ဝန်မလေးဘူးဆိုတာလည်း ကျနော်သိတယ်။ စက္ကန့်ပိုင်းလောက် အတွင်းမှာပဲ သူတို့စပစ်တော့တာပါပဲ။ အဲဒီအချိန်ကစပြီး ကမ္ဘာ့ မယုံနိုင်ကောင်းဆုံး အုံကြွမှုကြီးရဲ့ တောက်ပ တဲ့ မြင်ကွင်းတွေဖြစ်တဲ့ ချီတက်နေတဲ့ ဘုန်းတော်ကြီးတွေ၊ စိတ်ဓာတ်တက်ကြွနေတဲ့ ကျောင်းသားထုရဲ့ မြင် ကွင်းတွေ၊ ရွှေရောင်တလက်လက်နဲ့ ဘုရားပုထိုးတွေ၊ ရေစိုနေတဲ့ ကတ္တရာလမ်းမတွေ အဲဒါမြင်ကွင်းတွေအား လုံး ကမ္ဘာပျက်သလို ပြောင်းလဲကုန်ပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကျနော် ဒီနိုင်ငံကို ချစ်မြတ်နိုးခဲ့ရတာပါ။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ် ကျေးမှုအမွေအနှစ်တွေ၊ ရင်သပ်ရှုမောဖွယ် ပတ်ဝန်းကျင်ရှုခင်းတွေနဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ ပြည်သူတွေ ဟာ ကျနော့်ကို ဖမ်းစားထားခဲ့ပါတယ်။ အထီးကျန်ဆန်စေမှုနဲ့ တရားမဲ့ အဖမ်းအဆီးတွေကို ကြောက်ရွံ့နေရ မှုတွေထဲကနေ မြန်မာပြည်သူတွေဟာ ကမ္ဘာကို ဆက်ဆံလိုစိတ်တွေ၊ ပြင်းပြတဲ့ ပြောကြားလိုစိတ်တွေ၊ တာ ရှည်ခံမယ့် ရင်းနှီးမှုတွေ ရလွယ်တာ ကျနော် တွေ့ရတယ်။ တဒါဇင်ထက်မနည်း ကျနော် သွားရောက်ခဲ့တဲ့ အ ကြိမ်တိုင်းမှာ မြန်မာပြည်ရဲ့အခြေအနေတွေဟာ ပိုပိုဆိုးလာတာကို တွေ့မြင်နေရတယ်။ ပြည်သူတွေဟာ ပိုပို ပြီး ဆင်းရဲလာကြတယ်။ အဟာရချို့တဲ့မှုတွေနဲ့ ကူးစက်ရောဂါတွေ ပျံ့နှံ့နေတယ်။ ဆေးရုံတွေ ကျောင်းတွေ ဟာ လျစ်လျူရှုမှုတွေကြောင့် အဆင့်အတန်း နိမ့်ကျလာနေတယ်။ နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသား လူမျိုးစုတွေဟာ ဖိနှိပ်ခံနေရတယ်။ တည်ငြိမ်မှုရှိတာဆိုလို့ ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို လုယူထားတဲ့ စစ်အုပ်စုတခုတည်းရှိတယ်။ 


ဒါပေမယ့် ကောင်းတဲ့ ပြောင်းလဲမှုတချို့လည်း ရှိပါတယ်။ ၂၀၀၄ ခုနှစ် အတွင်းစည်း ရှင်းလင်းမှုတွေကနေ ထောက်လှမ်းရေးကွန်ရက်ကို ဂယက် ရိုက်လာခဲ့ပါတယ်။ နောက်တနှစ်မှာတော့ စစ်အစိုးရဟာ ဝေးလံတဲ့ နေ ရာကို သူတို့ရဲ့မြို့တော်ကို ရွှေ့ခဲ့ပါတယ်။ အဲဒီမြို့တော်ကိုလည်း ဘုရင်နန်းစိုက်ရာမြို့လို့ အမည်ရတဲ့ နေပြည် တော် ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ရုတ်ခြည်းဆိုပဲ ရန်ကုန်နေ ပြည်သူလူထုတွေဟာ အနည်းငယ် ပိုလွတ်လပ် သွားပါတယ်။ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက်တွေလည်း သုံးစွဲခွင့်ရရှိလာကြတယ်။ စစ်အစိုးရရဲ့ ထိန်းချုပ်မှု တွေရယ်၊ ဈေးအဆမတန် ကြီးတာတွေရယ်၊ ကြားထဲက ပြည်သူတွေဟာ သုံးစွဲခဲ့ကြရတယ်။ ၁၉၈၈ အရေးအ ခင်းတုန်းက ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ပြန်လည်လွတ်မြောက်လာကြပြီး နောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လည်စုစည်းခဲ့ကြတယ်။ ပြီးခဲ့တဲ့နှစ်လကစပြီးတော့ ၈၈မျိုးဆက်ကျောင်း သားတွေဟာ စစ်အစိုးရရဲ့ လောင်စာဆီဈေး ရုတ်တရတ်တိုးမြှင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရပါတယ်။

စစ်အစိုးရဟာ သူတို့ကို အလျင်အမြန်ပဲ ဖြိုခွင်းနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက် ၃ ပတ်အကြာ ကျနော် ရန်ကုန်ကိုရောက်တော့ ကျနော်မြင်တွေ့နေရတဲ့ မြင်ကွင်းဟာ အိပ်မက်မက်နေသလိုပါပဲ။ ကျနော် ပထမဆုံးတွေ့ရတဲ့ မြင်ကွင်းကတော့ သံဃာတော်တွေ ချီတက်ဆန္ဒပြနေကြတာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)


ရန်ကုန်မြို့ရဲ့မြောက်ဘက် နှစ်မိုင်ခန့်မှာရှိတဲ့ မြန်မာပြည်သူတွေ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ကြီးဆီကနေ သံဃာတော်တွေဟာ စုစည်းညီညွတ်စွာ စတင်ကြွချီလာခဲ့ကြပါတယ်။ ကြွချီလာတဲ့ သံဃာတော် တန်းကြီးဟာ တမိုင်မက ရှည်လျားပါလိမ့်မယ်။ သံဃာတော်တွေဟာ ခြေဗလာနဲ့ ကြွချီလာကြတာပါ။ သူတို့ ရုံထားတဲ့ သင်္ကန်းတော်တွေဟာ သည်းကြီးမည်းကြီး ရွာထားတဲ့မိုးကြောင့် ရွှဲနစ်နေသည့်တိုင်အောင် တရား တော်တွေ ရွတ်ဆိုမပြတ်ပါဘူး။ တက်တက်ကြွကြွ ချီတက်လာတဲ့ သံဃာတော်တွေဟာ ဆူးလေစေတီတော် ကို အရောက်မှာ ရပ်တန့်ပြီး ရှိခိုးဦးခိုက်ကြပါတယ်။ အဲဒီနောက် မြို့တွင်းက လမ်းတွေအတိုင်း ချီတက်သွား ကြတာ လူ့ခန္ဓာကိုယ်ထဲက သွေးတွေ သွေးကြောထဲမှာ စီးဆင်းနေသလိုပါပဲ။ သံဃာတော်တွေ ချီတက်လာ တာကို မြင်တွေ့လိုက်ရတဲ့ ရန်ကုန်မြို့နေ ပြည်သူလူထုကြီးဟာ ၀မ်းသာတုန်လှုပ်ဖြစ်ခဲ့ရပါတယ်။ အစပထမ မှာတော့ ရပ်ကြည့်နေတဲ့လူတွေထဲက သတ္တိရှိတဲ့ လူတချို့ဟာ လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ကြပါတယ်။ နောက်တဖြည်းဖြည်းနဲ့ လူတွေပိုပိုများများလာပါတယ်။ နောက်ဆုံးမှာတော့ ထောင်နဲ့ချီတဲ လူအုပ်ကြီးဟာ သံ ဃာတော်တွေနဲ့အတူ ပူပေါင်းပါဝင်လာကြပါတယ်။ သူတို့ဟာ “ဒီမိုကရေစီ ဒီမိုကရေစီ” ဆိုပြီး တိုင်တည်ဟစ် ကြွေးခဲ့ကြပါတယ်။


မနေ့ကလည်းပဲ ဆန္ဒပြသူတချို့ဟာ ကန်စပ်မှာရှိတဲ့ ဒီမိုကရေလှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ခဲ့ရတယ်လို့လည်း ကျနော်ကြားသိခဲ့ရပါသေးတယ်။ သူမဟာ မြန်မာနိုင်ငံ ရောက်ရှိနေခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ၁၂ နှစ်ကျော်ဟာ အိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့ရပါတယ်။ သူမဟာ လုံထိန်းရဲတွေ ကာရံထားတဲ့ ခြံတံခါးနောက်ကနေ ကြွချီလာကြတဲ့ သံဃာတွေကို ၁၅ မိနစ်ကြာမျှ ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် သံ ဃာတော်တွေနဲ့ လူအုပ်ကြီးဟာ မျက်ရည်စက်လက်နဲ့ ဆက်လက်ချီတက် သွားကြပါတယ်။

စက်တင်ဘာလ ၂၄ ၇က်နေ့ (တနင်္လာနေ့)


နေရာကတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရိပ်အောက်မှာပါ။ ၈၈ လှုပ်ရှားမှုနဲ့ သူ့ရဲ့နိုင်ငံရေးအယူဝါဒကြောင့် ထောင်ထဲကို ၃ ကြိမ်ရောက်ခဲ့ဖူးတယ့် ကဗျာဆရာ အောင်ဝေးဟာ ကျနော့်ရဲ့လက်ထဲကို သူ့ရဲ့ ကဗျာစာရွက် လေးတရွက် လာထိုးထည့်ပေးသွားပါတယ်။ သံဃာတော်တွေတချို့ဟာ ကွမ်းတွေဝါးနေကြပြီး သူတို့ရဲ့ပါးစပ် တွေဟာ ကွမ်းသွေးတွေနဲ့ ရဲရဲနီနေတာဟာ သတိပေးနေသလိုပါပဲ။ သက်တော် ၄၉ နှစ်ရှိ ကိုယ်တော်တပါး ဟာ လက်ထဲမှာ Francis Fukuyama ရဲ့ The Great Disruption ဘာသာပြန်စာအုပ်ကို လက်ထဲမှာ ကိုင် ထားပါတယ်။ အဲဒီကိုယ်တော်က ကျနော့်ကို သူတို့ဟာ အချက် ၃ ချက်ကို တောင်းဆိုထားတဲ့အကြောင်းပြော ပြပါတယ်။ အဲဒီအချက်တွေကတော့ ၁။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး ၂။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရေး ၃။ ကုန်ဈေး နှုန်းကျဆင်းရေးတို့ ပါပါတယ်။


အဲဒီညနေမှာပဲ စစ်အစိုးရက အကြောင်းပြန်လာပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေတဆင့် သာသနာရေးဝန် ကြီး သူရမြင့်မောင်ဟာ သံဃာတော်တွေကို အာဏာစက်နဲ့ အရေးယူမယ်လို့ ကြေညာသွားပါတယ်။ နာရီပိုင်း အတွင်းမှာပဲ ထရပ်ကားတွေဟာ မီးရောင်ခပ်မှိန်မှိန် ထွန်းထားတဲ့ ရန်ကုန်မြို့တွင်းက လမ်းတွေပေါ်မှာ လှည့် လည်ပြီး ညမထွက်ရအမိန့်ကို လိုက်လံကြေညာပါတယ်။ တဆက်ထည်းမှာပဲ လူထုကိုလည်း သံဃာတော် တွေနဲ့အတူ ချီတက်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ကြေညာပါတယ်။

စက်တင်ဘာလ ၂၅-ရက်နေ့ (အင်္ဂါနေ့)


စစ်အစိုးရဟာ ဖြိုခွင်းမှုကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်လာနေပါတယ်။ ထင်ရှားတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေကို ညဘက်တွေမှာ လိုက်လံဖမ်းဆီးနေပါတယ်။ ကဗျာဆရာ ကိုအောင်ဝေးကတော့ ရှောင်နေပါပြီ။ သူပေးခဲ့တဲ့ ကဗျာစာရွက်လေးကို ထုတ်ကြည့်တဲ့အခါ စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားရပါတယ်။ သူ့က ဗျာလေးရဲ့ အဓိပ္ပာယ်ကတော့ “လွတ်လပ်ရေးကို တောင်းဆိုသည်။ တပ်မတော်နှင့်ပြည်သူ လက်တွဲကြည်ဖြူ” လို့ ရပါတယ်။ အစိုးရပိုင် မီဒီယာတွေကတော့ အခုဆန္ဒပြသံဃာတွေဟာ ဆူပူမှုကို လိုလားသူတွေဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာနေတာကို မနာလို မရှုစိမ့်သူတွေအဖြစ် စွပ်စွဲနေပါတယ်။


ဖမ်းဆီးဖြိုခွဲမှုတွေ ပြုလုပ်နေပေမယ့် သံဃာတော်တွေဟာ ဆက်လက်ချီတက် ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေ ဘယ်လောက်များသလဲဆိုရင် ရန်ကုန်မြို့လယ်ခေါင်ဟာ ပွဲ တော်ကျင်းပနေတဲ့အတိုင်းပါပဲ။ ကျောင်းသားတွေကလည်း သူတို့ရဲ့အထိမ်းအမှတ်ဖြစ်တဲ့ အနီရောင်ခွပ်ဒေါင်း အလံတွေကို ဝှေ့ရမ်းပြီး ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြကြပါတယ်။ လူတန်းကြီးရဲ့ နောက်ဆုံးမှာ ပန်းရောင် သင်္ကန်းတွေ ၀တ်ဆင်ထားတဲ့ သီလရှင်တွေကို တွေ့ရပါတယ်။

စက်တင်ဘာလ ၂၆-ရက်နေ့ (ဗုဓ္ဒဟူးနေ့)


စစ်အစိုးရဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တံခါးကို ပိတ်ထားပါတယ်။ အဲဒီမှာ စောင့်ကြပ်နေတဲ့ စစ်သား တွေ၊ လုံထိန်းတွေနဲ့ ဒေါသထွက်နေတဲ့ သံဃာတော်တွေ ကျောင်းသားတွေဟာ ထိပ်တိုက်တွေ့နေကြပါပြီ။ မ ကြာခင်မှာပဲ စစ်တပ်ဟာ ဆန္ဒပြသူတွေ ခြောက်လှန့်ဖို့ မျက်ရည်ယိုဗုံးတွေခွဲပြီး ဆန္ဒပြနေသူတွေကို တုတ်တွေ နဲ့ ၀င်ရိုက်ပါတယ်။ ဆန္ဒပြသူတွေဘက်က ပြန်လှန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ကျည်အစစ် တွေကို ခေါင်းပေါ်ကနေ ကျော်ပစ်ပါတယ်။ မီးခိုးလုံးတွေကြားကနေ အုတ်ခဲကျိုးကိုင်ထားတဲ့ အသက် ၂၄ နှစ် ရှိ ကျောင်းသား ကိုသူရိန် ပြေးထွက်လာပါတယ်။ သူဟာ “ဒီကောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘူး” “ဒီကောင်တွေဟာ လူတွေ မဟုတ်ဘူး” လို့ ပေါက်ကွဲအော်ဟစ်နေပါတယ်။ ကျနော့်ကိုလည်း ကမ္ဘာကို ပြော ပေးပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘုရားရှိခိုးဖို့ လာတဲ့သူတွေကို ဒီကောင်တွေ တုတ်နဲ့ ရိုက်တယ်လို့ ပြောပါတယ်။


ဒဏ်ရာရထားတဲ့ ကိုယ်တော်တွေဟာ ပြုစုကုသမှုတွေ ခံယူပြီးတဲ့နောက် သံဃာတော်တွေဟာ မြို့ထဲကို ချီ တက်သွားကြပါတယ်။ သူတို့နောက်ကို စစ်သားတွေ လုံထိန်းတွေ အပြည့်ပါတဲ့ စစ်ကားတွေနဲ့ လိုက်လံဖမ်း ဆီးကြပါတယ်။ အဲဒီစစ်ကားတွေ ဆူးလေစေတီတော်အနီးကို ရောက်လာတဲ့အခါ လူတွေက ၀ိုင်းဝန်းအော် ဟစ် လှောင်ပြောင်ကြပါတယ်။ လူတချို့က လေးခွတွေနဲ့ ပစ်ပါတယ်။ အဲဒီမှာ စစ်သားတွေက ထပ်ပြီး ခေါင်း တွေပေါ်ကနေ ကျော်ပစ်ပြန်ပါတယ်။ မှောင်ရီဖြိုးဖြအချိန်ကို ရောက်လာတဲ့အခါမှာတော့ လူစုကွဲသွားပါတယ်။ ပုံမှန် ညဘက်မှာ လမ်းဘေးလ္ဘက်ရည်ဆိုင်တွေနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့ဟာ အခုအခါမှာတော့ လူသူ ကင်းမဲ့ တိတ်ဆိတ်နေပါတယ်။

စက်တင်ဘာလ ၂၇-ရက်နေ့ (ကြာသာပတေးနေ့)


စစ်အစိုးရဟာ ရန်ကုန်မြို့အနှံ့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အကြမ်းပတမ်း ၀င်ရောက်စီးနင်းရိုက်နှက်ဖမ်း ဆီးမှုတွေ
ညလုံးပေါက် ပြုလုပ်ခဲ့ပါတယ်။ ငွေကြာရံကျောင်းတိုက်ရဲ့ ကြမ်းပြင်ပေါ်မှာ သွေးအိုင်တွေနဲ့ နံရံတွေ ပေါ်က ရာဘာကျည်ဆံပေါက်တွေဟာ ပြည်သူတွေကို အကြီးအကျယ် ဒေါသဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ သံဃာတော်တွေရဲ့ဘ၀ဟာ ခွဲခြားလို့မရပါဘူး။ သံဃာတော်တွေဟာ မင်္ဂလာဆောင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အသုဘအခမ်းအနားမှာပဲ ဖြစ်ဖြစ် အကြီးအမှူးအဖြစ် ပါဝင်လေ့ရှိပါတယ်။ သံဃာတော်တွေ ဟာ မိဘမဲ့ကလေးတွေကို အကာအကွယ်ပေးတယ်။ အေ့ (စ်) ရောဂါ ဝေဒနာရှင်တွေကို ကုသပေးတယ်။ က လေးတွေကို စာသင်ပေးတယ်။ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်သူတွေဟာ သံဃာတော်တွေရဲ့ အ ရိပ်ကိုတောင် မနင်းကြပါဘူး။ အခုနက ဒေါသအပြင်းအထန် ထွက်နေတဲ့ လူအုပ်ကြီးဟာ ငွေကြာရံ ကျောင်း တိုက်ထဲမှာရှိနေတဲ့ စစ်သားတွေနဲ့ လုံထိန်းတွေကို ၀ိုင်းဝန်းပိတ်ဆို့ထားပါတယ်။ အနီးအနားမှာ ရှိတဲ့ လူတ ယောက်က ကျနော့်ကို ပြောပြတာက “ကျနော်တို့မှာ လက်နက်မရှိဘူး။ ကျနော်တို့ ဘုန်းတော်ကြီးတွေကို ကာကွယ်ပေးရမယ်” ဒါပေမယ့် တဖြည်းဖြည်း မှောင်လာတဲ့အခါ စစ်သားတွေဟာ ကျည်ဆံအစစ်တွေကို သုံး ပြီး ဖောက်ထွက်နိုင်ခဲ့ကြတယ်။ အဲဒီမှာ လူနှစ်ယောက် ကျဆုံးခဲ့ကြရတယ်။

ကျနော် ရောက်ရှိလာတဲ့အချိန်မှာ ဆူးလေစေတီတော်အနီးမှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ စုစည်းနေကြပါ ပြီ။ စစ်အစိုးရရဲ့ဖမ်းဆီးမှုတွေကြောင့် သံဃာအနည်းငယ်ခန့်သာ ပါဝင်နိုင်သာကို တွေ့ရပါတယ်။ စစ်ထရပ် ကား အများအပြား ဆူးလေလမ်းဆုံကို ရောက်လာကြပါတယ်။ ထရပ်ကားတွေထဲမှာ စစ်သားတွေဟာ သူတို့ ရဲ့သေနတ်တွေကို ဆူညံနေအောင် ထုနေကြပါတယ်။ မျက်ရည်ဗုံးတွေခွဲပြီး စက္ကန့်ပိုင်းမှာပဲ ကျနော်တို့ဟာ သေပြေးရှင်ပြေး ပြေးကြရပါတော့တယ်။ လမ်းပေါ်မှာ ခေါင်းတွေငုံ့ပြီး ကျနော်တို့ ပြေးနေတဲ့အချိန်မှာ ကျနော် တို့ရဲ့ နောက်ဘက်မှာ သေနတ်သံတွေ ညံနေပါတယ်။ ကျနော် ရပ်နေတဲ့ မလှမ်းမကမ်းမှာ ဂျပန်ဓာတ်ပုံသ တင်းထောက်ရဲ့ အလောင်းရှိနေပါတယ်။ သူဟာ အနီးကပ် သေနတ်နဲ့ ပစ်ခံရတာပါ။


လုံထိန်းတွေဟာ ဆူးလေဘုရားကနေ မြောက်ဘက်ကို ချီတက်လာနေကြပါတယ်။ သူတို့ဟာ ဒိုင်းတွေကို နံ ပါတ်တုတ်တွေနဲ့ တဗြောင်းဗြောင်း ရိုက်နေကြပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကတော့ လုံ ထိန်းတွေရဲ့နောက်မှာ ရာနဲ့ချီတဲ့ စစ်သားတွေဟာ စနစ်တစ်ကျ ချီတက်လာကြပုံပါ။ သူတို့ရဲ့ကြားမှာရှိတဲ့ ထ ရပ်ကားပေါ်ကနေ လမ်းပေါ်ကလူတွေ အမြန်ဆုံးထွက်သွားကြဖို့ အော်ဟစ်နေပါတယ်။ အံ့သြစရာ မြင်ကွင်း ကတော့ လူတွေဟာ ဆက်လက်အော်ဟစ် ဆန္ဒပြနေကြဆဲပါ။

စက်တင်ဘာလ ၂၈-ရက် (သောကြာနေ့)


အစိုးရပိုင် မီဒီယာကနေ သူတို့ဟာ သူတို့ ရေးသားထားတဲ့ သတင်းတွေကို ဖော်ပြထားတာကို တွေ့ရပါတယ်။ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်သားတွေကို ခဲတွေနဲ့ပေါက်တဲ့အပြင် လေးခွတွေ ဓားတွေနဲ့လည်း တိုက်ခိုက် ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ လုံခြုံရေးတပ်သားတွေဟာ သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြသူ တွေဟာ လစ်လျူရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ အစိုးရသတင်းဌာနတွေရဲ့အဆိုအရ လူ ၁၀ ဦး သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ၀န်ထမ်းတွေရဲ့အဆိုအရ လူ ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံတမန်တဦးရဲ့အဆိုအရ သေဆုံးသူဦးရေဟာ ရာနဲ့ချီပြီး ရှိမယ်လို့ ဆိုပါတယ်။


အကြမ်းဖက်နှိမ်နှင်းမှုဟာ အလုပ်ဖြစ်ပုံရပါတယ်။ ပြောက်ကျားဆန္ဒပြတာတွေ ကြားရပေမယ့် ချီတက်တာ တွေ မတွေ့ရတော့ပါဘူး။ အဓိက စုဝေးရာနေရာတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်နဲ့ ဆူးလေစေတီတို့ကို လုံခြုံ ရေး ထူထူထပ်ထပ် ချထားပြီး ပိတ်ဆို့ထားလိုက်ပါတယ်။ နေရာအနှံအပြားမှာတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ လူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ကြားနေရပါတယ်။


ကျနော် ရန်ကုန်ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာလာတဲ့အခါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ပုံရိပ်တွေ ဟာ ကျနော့်အတွေးထဲကနေ တဖြေးဖြေး မှေးမှိန်လာပါပြီ။ နေရောင်နဲ့အတူ ဖြစ်ထွန်းနေတဲ့ သန့်တန့်ဟာ လည်း စိတ်ဓာတ်တက်ကြွမှုကို မပေးနိုင်တော့ပါဘူး။ အစိုးရပိုင် မီဒီယာတွေမှာတော့ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ခရီးသွားလာရေးတို့ ပုံ မှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြနေပါတယ်။


ကျနော့်ရဲ့အသိစိတ်မှာတော့ စစ်အစိုးရရဲ့အောင်မြင်မှုဟာ စစ်ရေးသက်သက် အောင်မြင်မှုအဖြစ် သက်သေ ပြလာမှာပါ။ စစ်အစိုးရရဲ့ လူမဆန်တဲ့ ဖြိုခွင်းမှုဟာ စစ်ဗိုလ်ချုပ်တွေနဲ့ သံဃာတော်တွေအကြား အက်ကြောင်း ထင်စေခဲ့ပါတယ်။ စစ်အစိုးရဟာ နှစ်ပေါင်းများ ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး ပြည်သူတွေ၊ သံ ဃာတွေကို ဘုရားဒကာအဖြစ်မြင်အောင် ကြိုးစားခဲ့ကြပါတယ်။ အခုတော့ သူတို့ကို အဲဒီလို မြင်ဖို့ဆိုတာ အ တော်ခက်ပါလိမ့်မယ်။ စစ်တပ်အတွင်းမှာလည်း အကွဲအပြဲတွေ ဖြစ်လာနိုင်ပါတယ်။ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးရဲ့သုံးသပ်ချက်ကတော့ “စစ်သားတွေဟာ လူတွေပါပဲ” တဲ့၊ ဟုတ်ပါတယ် စစ်သားတွေမှာလည်း မိသားစုအသိုင်းအ၀ိုင်းတွေ ရှိကြပါတယ်။ သူတို့မိသားစုထဲမှာလည်း ဘုန်းကြီးဖြစ်နေသူတွေ ရှိကြပါတယ်။ ဟုတ်ပါတယ် ကျနော်ကြားပြီးသား သတင်းတပုဒ်ဖြစ်တဲ့ ဘုန်းကြီးကို ရိုက်နေတဲ့ စစ်သားကို မင်းဟာ သေရင် ငရဲပြည်ကို ရောက်ပါစေလို့ ကျိန်တဲ့အခါ အဲဒီစစ်သားဟာ မျက်ရည်တွေ ကျလာတယ်ဆိုတဲ့ သတင်းမျိုးဟာ အဲဒီအချက်ကို သက်သေပြနေတာပါ။


စစ်တပ်တွင်းရဲ့ပြဿနာဟာ တသက်လုံးပဲ ရှုံ့ချပြောဆိုခံနေရမယ့် အရေးတခုတည်း မဟုတ်ပါဘူး။ စစ်သား စုဆောင်းမရရှိမှုနဲ့ စစ်တပ်အတွင်းမှ ထွက်ပြေးနေမှုတွေကလည်း ထိုးနှက်ချက်တခုပါပဲ။ စစ်သားအရာရှိတွေ တောင်မှ ငွေကြေးကျပ်တည်းမှုကို ခံစားနေရတာပါ။ ကျနော်တွေခဲ့ရတဲ့ စစ်သားတချို့ဆိုရင် သံချေးတက်နေ တဲ့ သေနတ်တွေ ကိုင်ထားကြပါတယ်။ ဂျပန်ဓာတ်ပုံဆရာကို ပစ်သတ်လိုက်တဲ့ စစ်သားဆိုရင် ညှပ်ဖိနပ်ကို စီးထားတာပါ။


ဒီအရေးအခင်းကို ဖြစ်စေခဲ့တဲ့ စီးပွားရေးကျပ်တည်းမှုကြီးကို မဖြေရှင်းနိုင်သေးပါဘူး။ မြန်မာပြည်ဟာ လူ့အ ခွင့်အရေးချိုးဖောက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ တစပြင် ဖြစ်လို့နေပါပြီ။ အာရှတိုက်တခုလုံးမှာ ငှက် ဖျားကြောင့် သေဆုံးရတဲ့ အရေအတွက်ရဲ့ တ၀က်လောက်ဟာ မြန်မာပြည်ကပါ။ အသက် ၅ နှစ်အောက် ခ လေးငယ်တွေရဲ့ သုံးပုံတပုံဟာ အဟာရချို့တဲ့မှုကို ခံစားနေရပါတယ်။ မြန်မာပြည်သူလူထုအများစုရဲ့ တနေ့ ၀င်ငွေဟာ တဒေါ်လာအောက်မှာပဲ ရှိပါတယ်။ မြန်မာပြည်သူလူထုတွေဟာ ခေါင်းငုံ့အညံခံတဲ့စိတ်ကို အောင် အောင်မြင်မြင် မွေးမြူထားပုံရတယ်လို့ ကျနော့်ကို အမေရိကန်သံရုံးက Shari Villarosa က ပြောပြပါတယ်။ ဒါပေမယ့် သူတို့ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့၊ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး တွေအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပါ။ အဲဒါကြောင့် နောက်တကြိမ် ပေါက်ကွဲမှု မလွဲမသွေ ဖြစ်လာဦး မှာပါလို့ ဆက်ပြီးပြောပြပါတယ်။

အဲဒီလို ထပ်ဖြစ်ခဲ့ရင် ကမ္ဘာကြီးဟာ မြန်မာပြည်အတွက် ဘာလုပ်ပေးနိုင်မလဲ။ အခုအချိန်မှာ အစဉ်အလာမ ဟုတ်တဲ့ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ရှိနေတာတောင်မှ အထီးကျန်ဖြစ်နေတဲ့ နိုင်ငံခြားမုန်းတီးရေးဝါဒကို ဆုပ်ကိုင်ထားတဲ့ မြန်မာပြည်အပေါ် သက်ရောက်မှုတွေဟာ မေးခွန်းထုတ်စရာပါပဲ။ ကျနော် ရှိနေတဲ့ အချိန် အတွင်းမှာပဲ မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ်၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ၁ ကြိမ် တွေ့ ဆုံဆွေးနွေးခွင့် ရခဲ့တာတောင်မှ သူတို့အကြားဆွေးနွေးပွဲတွေ မြန်မြန်ဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ထို့အတူပဲ တရုတ်ဟာ သူတို့ရဲ့ မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးမှုတွေကို အသုံးချမယ့်ဆိုတာဟာလို ချဲ့ကား ပြောဆိုမှုတွေ ဖြစ်နိုင်ပါတယ်။ တရုတ်ပြည်ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် Wang Guangya က အခုဖြစ်နေ တာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်လို့ ပြောသွားတာကို ထောက်ရှုသင့်ပါ တယ်။

မြန်မာပြည်သူတွေဟာ ဒူးထောက်အရှုံးပေးလိမ့်မယ် မဟုတ်ပါဘူး။ ကျနော် မြန်မာနိုင်ငံက မထွက်ခွာခင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်နဲ့ စကားပြောခွင့်ရခဲ့တယ်။ သူက ကျောင်းသားငယ်လေးတွေ ဒီအ ရေးအခင်းမှာ ပါဝင်ခဲ့သာကို အားရ၀မ်းသာဖြစ်မိကြောင်း ပြောပြပါတယ်။ တချို့ ကျောင်းသားငယ်လေးတွေ ဆိုရင် ၈၈ အရေးအခင်းတုန်းကလိုပဲ ခွပ်ဒေါင်းအလံတွေကိုင်ပြီး ရှေ့ဆုံးကနေ ချီတက်ခဲ့တယ်။ မျိုးဆက်သစ် တွေကို လက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ၂၀၀၇ မျိုးဆက် သံဃာနဲ့ ပြည်သူ့လှုပ်ရှားမှုကြီးဟာ မလွဲမသွေ ဖြစ်ပေါ်လာမှာပါလို့ သူက ဆက်ပြီးပြောပြပါတယ်။

ဘာသာပြန် - မီးပြတိုက်

အပြည့်အစုံသို့...