Saturday, June 11, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၆-၂၀၁၁)
- နေပြည်တော် ဗုံးကွဲမှုကြောင့် ဒေသခံများ စိုးရိမ်လာ click
- ကေအိုင်အေနဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်ဖြစ် click
- စစ်သုံ့ပန်းမူကို အစိုးရ မလိုက်နာဟု KIO ပြော click
- အသင်းအပင်း ဖွဲ့စည်းခွင့်ဥပဒေ ပြဌာန်းဖို့ ILO တိုက်တွန်း click
- ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ချုပ်ချယ်ကန့်သတ်ခံရ click
- တကိုယ်တော် တက်ကြွလှုပ်ရှားသူ အငြိမ်းစား လေတပ်ဗိုလ်ကြီး ဦးဇော်ညွန့် click
- NLD ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အစီအစဉ်များ စတင်ကျင်းပ (ဓာတ်ပုံ) click
- စင်ကာပူနိုင်ငံတွင် ကျင်းပမယ့်၊ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ (ဓာတ်ပုံ) click
- ပန်းချီမင်းကျော်ခိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူကောက်ကြောင်းများ click
- ဒေါ်အောင်ဆန်းစုကြည် (ဂုဏ်ပြုသီချင်း) click
- ကိုကိုကြီး (သို့) ဗကသ၏ ပေါ်လစီမိတ်ကာ (ဆောင်းပါး) click
- ဗမာ ဆိုတဲ့ အသုံးအနှုန်း click
- လပြည့်ဝန်းသို့ တမ်းခြင်း (၆) (ရုပ်သံ) click
- တဝဂူမှ ဂီတ (အသံလွှင့်ဆောင်းပါး) click
- ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးဇောတာလင်္ကာရ (၇) ရက် တရားစခန်း (ဓာတ်ပုံ) click
- အရှေ့အာဖရိက အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံး click
- ဒီမိုကရေစီနှင့် တိုးတက်မှုအတွက် ဒိုင်းနမစ်မဖြစ်တဲ့ အိန္ဒိယအစိုးရ click
- ဖမ်းဆီးခံ ငွေလိမ်ဂိုဏ်းဝင်တွေ မိခင်နိုင်ငံ ပြန်ပို့ click
- နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ click
- အစိုးရတပ်က ကေအိုင်အေကို စခန်းကနေ ခွာရန် ရာဇသံပေး click
- ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ (၈) ဦး ကျဆုံးကာ (၇) ဦး ထိခိုက် click
- ကေအန်ယူ-ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် လမ်းဖားရွာအနီးမှာ ရင်ဆိုင်ထား click
- ကရင်နှင့် ရခိုင်တော်လှန်ရေးသမား (၃၄) ဦးကို KNU ဂုဏ်ပြုခဲ့ click
- ဒေါ်အောင်ဆန်းစုကြည် BBC Reith Lectures အစီအစဉ်မှာ ဟောပြောမည် click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲ ကနေဒါမှာ ကျင်းပမယ် click
- မြန်မာတွေအတွက် နိုင်ငံသားအခွင့်အရေး ဖို့ဝိန်းမြို့မှာ ဟောပြော click
- ပြောချင်လွန်းလို့ - တဦးချင်းအမြင်နဲ့ သမိုင်းအမြင် click
- အိန္ဒိယ-မြန်မာ နယ်ခြားစည်းရိုးကိစ္စ ပြန်လည်ဆွေးနွေးမည် click
- တောင်ပေါ်ကားလမ်း မြေပြို၍ မြ၀တီ-ကော့ကရိတ်ကားများ လမ်းပိတ် click
- တရားမ၀င်ကားများ လိုင်စင်ပေးဦးမည် click
- မျှော်လင့်ချက်ဖြင့် ဖတ်ခဲ့သည် (စာအုပ်စင်ကဏ္ဍ) click
- သူတို့ကို သနားတယ် (ကာတွန်း) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:40 PM
0
comments
Labels: သတင်း
မြိုင်ကြီးငူတိုက်ပွဲနဲ့ သူတို့အမြင် (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:35 PM
1 comments
Labels: ဗွီဒီယိုမှတ်တမ်း
Friday, June 10, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၆-၂၀၁၁)
- အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် ကေအိုင်အေ စစ်ပွဲ ခေတ္တရပ်ထား click
- အစိုးရတပ် စစ်သုံ့ပန်းဥပဒေ ချိုးဖောက် click
- ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင် click
- အလုပ်သမားများ တောင်းဆိုမှု ဦးထုပ်စက်ရုံအုပ်ချုပ်ရေးက အလျှော့ပေး click
- ဟူးကောင်းချိုင့်ဝှမ်းမှ လယ်သမားများ လယ်ယာမြေ ပြန်ရဖို့ စာတင် click
- သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘီဘီစီမှ ပြောမည် click
- ကရင်လူထုက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံတယ် (KNU ဒု-ဥက္ကဌ ပဒိုဒေးဗစ်သာက ပေါနှင့် အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဂီတပြိုင်ပွဲ အန်အယ်လ်ဒီရုံးတွင် ကျင်းပ click
- သစ္စာတရားတွေနဲ့ ယှက်သွယ်ဖွဲ့သီထားတဲ့ အမေ့ပုံရိပ် (ကဗျာ) click
- သခင်သိန်းဖေ (၉၅) နှစ်ပြည့်မွေးနေ့ ကျင်းပ click
- မက်ကိန်း ဗမာပြည်ခရီးစဉ် စကားဝိုင်း (ရုပ်သံ) click
- ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲမှုမှာ NDF ပါတီမှ ဒေါက်တာမြတ်ဉာဏစိုး အနိုင်ရ click
- ထိုင်း-မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို click
- အခမဲ့ ပညာရေးစနစ် ပြဌာန်းချက်နှင့် လက်တွေ့ ကွာခြားနေ click
- အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား (ဆောင်းပါး) click
- ပီတိကို ရိုက်ချိုးခြင်း (ဆောင်းပါး) click
- မနားတမ်း စီးဆင်းသွားနေမယ့် စမ်းချောင်းတခု (ဆောင်းပါး) click
- အိပ်မက်လုပွဲ (၀တ္ထုတို) click
- တရုတ်ပြည် ခရီးစဉ် (ဓာတ်ပုံ) click
- တောင်ကြီးမြို့အနီးတ၀ိုက်ကို အလည်တခေါက် ရောက်ခဲ့စဉ် (၂) (ဓာတ်ပုံ) click
- တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပြင် ဗီယက်နမ် စစ်ရေးလေ့ကျင့်မည် click
- သီရိလင်္ကာ စစ်သင်ခန်းစာ (သတင်းသုံးသပ်ချက်) click
- အာရှငွေလိမ်ဂိုဏ်း တရုတ်နှင့် ထိုင်ဝမ် ဖြိုခွင်း click
- E.Coli ရောဂါပိုးကြောင့် ဥရောပ ဟင်းသီးဟင်းရွက်များ ပိတ်ပင်မှု ရုရှား ပြန်ရုပ်သိမ်း click
- KIA နှင့် တိုက်ပွဲ အစိုးရတပ်မှ ဗိုလ်မှူးအပါအ၀င် (၃) ဦး သေ၊ (၆) ဦး ဒဏ်ရာရ click
- ကချင်လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ click
- နယ်ခြားစောင့်တပ်က အစိုးရတပ်သားတဦးကို ပစ်ခတ် click
- တော်လှန်ရေးသမား (၃၄) ဦး KNU ဂုဏ်ပြု click
- ရခိုင်နှင့် ကရင်တော်လှန်ရေးသမား (၃၁) ဦးကို မြန်မာမိသားစုများက ဒေလီတွင် ဂုဏ်ပြု click
- လွတ်မြောက် တော်လှန်ရေးသမားများအတွက် ဂုဏ်ပြုညစာစားပွဲ (ရုပ်သံ) click
- နေပြည်တော်အနီး ပေါက်ကွဲခဲ့တဲ့ ရထားဗုံးပေါက်ကွဲမှုမှာ မပတ်သက်ကြောင်း KNU ငြင်းဆို click
- ဗီယက်နမ် ဒု-၀န်ကြီးချုပ် မြန်မာနိုင်ငံ ရောက် click
- ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို click
- နေပြည်တော် ဥမင်လှိုဏ် အဆုံးသတ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေ ငှားရမ်းခိုင်းစေ click
- သာယာဝတီ လယ်သမားများ ကျပ်သိန်းထောင်ချီ အလွဲသုံးစားအလုပ်ခံရ click
- အမတော်ကြေးအပေါ် ခေါင်းပုံဖြတ်ထားတာတွေ ပြန်အမ်း click
(ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သီချင်းဆိုပြိုင်ပွဲ (ရုပ်သံ) click
- အင်တာနက် သုံးစွဲခွင့်ဟာလည်း အခြေခံ လူ့အခွင့်အရေး click
- ပါတီများအနေဖြင့် နိုင်ငံခြားပါတီများနှင့် ဆက်ဆံခွင့်ရှိ click
- အတိုက်အခံ (၁၁) ပါတီ မဟာမိတ်ဖွဲ့ ကြံ့ဖွံ့နှင့် တစညကို ပြိုင် click
- ပြည်ထဲရေးမြေကွက် ကျားဖြူ ဝယ်ဖို့ ငြင်း click
- ဒေသခံလူထုအား သစ်ခုတ်ခွင့် တားမြစ်ပြီး မယကကိုယ်တိုင် မီးသွေးဖုတ်ရောင်း click
- ဦးဉာဏ်ဝင်းရဲ့ မော်ဒန်ဒီပလိုမေစီ click
- ကော်ဇောပေါ်က ဦးကျော်ဆန်း click
- အလဲဗဲန်းမီဒီယာဥက္ကဌ ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့ ကျေးဇူးတင်စကားနဲ့ ရှေ့လုပ်ငန်းစဉ်မူဝါဒ click
- ငတိသန်းရွှေ (အပိုင်း ၄) click
- ဘာအရေးကြီးဆုံးလဲ (ဆောင်းပါး) click
- မင်းဇင် (သို့မဟုတ်) အငယ်ဆုံး ခွပ်ဒေါင်းနီ (ဆောင်းပါး) click
- RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၉၊ ၂၀၁၁) click
- သောကြာစကားဝိုင်း (ဇွန် ၁၀၊ ၂၀၁၁) click
- သမိုင်းထဲမှ အမုန်းကြွေးများ၊ ဒဏ်ရာဒဏ်ချက်များ click
- မြန်မာဘူမိပညာရှင်များ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော ထပ်မံတွေ့ရှိဟုဆို click
- စီးပွားရေးလုပ်ငန်းများတွင် မြန်မာငွေ ရှားပါးလာ click
- ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရန် တိုက်တွန်း click
- မလေးရှားရှိ တရားမ၀င် မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ click
- သစ်ရှားပါး၍ စက်မှုဇုံတွင် သစ်ထုတ်လုပ်ငန်း မလုပ်နိုင် click
- နယ်စပ်မြို့ တာချီလိတ်၌ လိုင်စင်မဲ့ကားများ ဖမ်းဆီးနေ click
- အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းအမျိုးသားတဦး ဘိန်းဖြူ (၃၂) ဂရမ်နှင့်အတူ ဖမ်းမိ click
- ရေမျောလုပ်သားများ သီရိလင်္ကာရေတပ် ကယ် (ရုပ်သံ) click
- သာကေတမြို့တွင် လေပြင်းတိုက် click
- ခန္ဓာကိုယ်အောက်ပိုင်းသေနေသူ နိုင်ငံခြားသား မောင်းသည့် လေယာဉ် စက်ချွတ်ယွင်း၍ ကျောက်ဖြူတွင် အရေးပေါ် ဆင်းသက်ခဲ့ရ click
- ဝက်နားရွက်ပြာရောဂါ ပညာပေးမှု အားနည်း click
- ရခိုင်ပြည်နယ်အ၀န်း ကျောင်းဝင်ကြေးများ ကောက်ခံမှု တိုးပွားနေ click
- ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ် click
- ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား click
- DVB ရေဒီယိုနှင့် Mongloi ပေးစာတွင် ပါလာသောကြောင့် လောင်းကစားဂိမ်းဆိုင်များ ပိတ်လိုက်ရ click
- စာနယ်ဇင်းလွတ်လပ်ခွင့် အတွေ့အကြုံ မရှိသေးဘူး (အင်တာဗျူး) click
- ဘုရားစူးပါစေ ... တကယ့်အဖြစ်လေး (ဆောင်းပါး) click
- ဝင်းသူဇာ ဘာကြောင့် မအောင်မြင်လဲ (ဆောင်းပါး) click
- ဖွေ့ထိုင်းပါတီကို စစ်ဦးစီးချုပ် ဖရာယုသ် သတိပေး click
- ဘာလို့ မဖြစ်နိုင်ရမှာလဲ (ရုပ်သံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:19 PM
0
comments
Labels: သတင်း
လယ်ယာမြေ ရောင်းစားခံရတဲ့ မောင်တောလယ်သမားများရဲ့ဒုက္ခ (ပေးစာ)
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာ (နတလ) စံပြကျေးရွာမှ လယ်သမားများဖြစ်ကြသော ဦးသိန်းလှအောင် (ဘ) ဦးပြုံးချိုပါ (၉) ဦးအား နိုင်ငံတော်အစိုးရ မှ လယ်မြေ (၂.၀၀) ဧကစီ ခွဲဝေပေးလျက်ရှိရာ ထိုအထဲမှ ရပိုင်ခွင့်ရှိသော လယ်မြေ (၁၄.၀၀) ဧကကို မောင် တောခရိုင် အထွေထွေအုပ်ချူပ်ရေးမှူး (ယခင်ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ) ဗိုလ်မှူး ထွန်းနိုင်လင်းမှ ၄င်းကျေးရွာနေ ရှော်ဖိရာမန်ပါ (၁၇) ဦးအား ငွေ ၄,၈၀၀,၀၀၀ိ/- (ကျပ်လေးဆယ့်ရှစ်သိန်းတိ တိ) ဖြင့် ရောင်းစားခဲ့ပါသဖြင့် ယခုမိုးရာသီအချိန်တွင် ထွန်ရက်စိုက်ပျိုးရန် လွန်စွာပင် အခက်အခဲတွေ့ကြုံနေ ရပါသည်။
ဦးသိန်းလှအောင်ပါ (၉) ဦး၏ လယ်မြေ (၁၄) ဧက ရောင်းရငွေကို ဗိုလ်မှူးထွန်းနိုင်လင်းမှ ကိုယ်တိုင်လက်ခံ ရယူခြင်းမပြုဘဲ မောင်တောမြို့နယ် မြေစာရင်းဦးစီးမှူး ဦးလှထွန်းဖြူက ရှော်ဖိရာမန်ပါ (၉) ဦးထံမှ ငွေ ၄,၈၀ ၀,၀၀၀ိ/- (ကျပ်လေးဆယ့်ရှစ်သိန်းတိတိ) ကို ခရိုင်အထွေထွအုပ်ချူပ်ရေးမှူး (ယခင် ခယကဥက္ကဌ ) အား ပေးရန် လက်ခံရယူခဲ့ကြောင်း ရှော်ဖိရာမန်ပါ (၉) ဦးမှ ပြောပါသဖြင့် အဆိုပါမြေအား ယခုနှစ်တွင် ထွန်ရက်မ ရနိုင်ဖြစ်နေပါသည်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကူညီဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
မောင်တောသား
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:21 PM
0
comments
Labels: ပေးစာ
ကျနော်ရောက်ခဲ့ဖူးသော ထိုင်း-မြန်မာနယ်စပ်ဂိတ်များ - အပိုင်း (၂)
လူသားစွမ်းအင်သုံး ခေတ်သစ်ရေယာဉ်တွေကို လေ့လာခဲ့ပြီးတဲ့နောက် ဒုတိယ နယ်စပ်ဂိတ်အဖြစ် ကျနော် ရောက်ခဲ့တဲ့နေရာကတော့ နိုပိုးဒုက္ခသည်စခန်းကနေ မော်တော်ဆိုင်ကယ်နဲ့ တနာရီနီးပါး ထပ်သွားရတဲ့ ပန်ခ ရာ့ဂိတ်ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ သွားတယ်ဆိုပေမယ့် တကယ်က အဲဒီနေရာဟာ မဲဆောက်-အုန်းဖျန်၊ အုန်း ဖျန်-နိုပိုး လိုင်းကားဂိတ်ဆုံးတဲ့နေရာဖြစ်လို့ မဲဆောက်ကနေ လိုင်းကား တခါတည်းစီးပြီးလာရင်လည်း ရောက် နိုင်တဲ့နေရာပါ။ လမ်းကတော့ အတော်ဆိုးပါတယ်။ ကတ္တရာတွေ ကွာနေတဲ့အပြင် ချိုင့်ခွက်တွေကလည်း အ တော်များတဲ့အတွက် ဆိုင်ကယ်ကိုတောင် အရှိန်နဲ့မောင်းဖို့ သိပ်မလွယ်တဲ့နေရာမျိုးပါ။
အဲဒီရွာကို ၀င်ဝင်ချင်း ကျနော် သတိထားမိတာကတော့ ကေအန်ယူ တပ်မဟာ (၆) နယ်မြေထဲက ရွာတွေလို ကွမ်းသီးပင်တန်းတွေ၊ ကျွန်းသစ်တိုင်အကြီးကြီးတွေနဲ့ ဆောက်ထားတဲ့ သစ်သားအိမ်တွေ၊ နွားထိန်းသိမ်းရေး စခန်းတွေ (မြန်မာပြည်ကနေ ပို့လာတဲ့ နွားတွေကို ထိုင်းဘက်က ကုန်တင်ကားပေါ်မတင်မီ ထိန်းသိမ်းထား တဲ့နေရာကို အတိအကျ မခေါ်တတ်လို့ သင့်သလိုသုံးလိုက်ပါတယ်)၊ စားသောက်ဆိုင်၊ အ၀တ်ဆိုင်နဲ့ အိမ်သုံး ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို မြင်ခဲ့ရပါတယ်။
နယ်စပ်ဂိတ်ကိုလည်းရောက်ရော၊ ဟိုဘက်ကမ်းမှာ သုံးရောင်ခြယ် ကြယ်ဖြူတလုံးပါတဲ့ အလံတိုင်ကိုသာ မြင် ရပြီး စစ်သားတွေရဲ့အရိပ်အယောင်ကို မမြင်ရ။ အလံတိုင်အောက်က ၀ါးတားဂိတ်ကို ကျော်ပြီး မြန်မာဘက်က ဈေးတန်းကို သွားလည်လို့ရတယ်လို့ ကျနော့်ကို လိုက်ပို့တဲ့ သူငယ်ချင်းက ပြောပေမယ့် သူလည်း မသွားရဲ၊ ကျနော်လည်း မသွားရဲခဲ့။ ဒါနဲ့ပဲ နယ်စပ်ဂိတ်တည့်တည့်မှာ ရပ်၊ ဗွီဒီယိုမှတ်တမ်း ရိုက်မယ်ပြင်တော့ ဟိုဘက် ဒီဘက်သွားနေတဲ့ ယာဉ်တွေက လယ်ထွန်စက်အသေးစား သို့မဟုတ် ဒေသအခေါ် ထော်လာဂျီတွေ ဖြစ်နေ တာကို တိုက်တိုက်ဆိုင်ဆိုင် တွေခဲ့ရပြန်ပါတယ်။
- အသေးစိတ်ကို အပေါ်က ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။
- ယှဉ်တွဲဖတ်ရှုရန် - “ထိုင်း-မြန်မာနယ်စပ် နိုပိုးဒုက္ခသည်စခန်းသို့ အလည်တခေါက်” click
ခြောက်ပေ ချောင်းခြား တို့နှစ်ယောက်သား
ဒီတခေါက်ခရီးစဉ်အတွင်း မြ၀တီနဲ့ နယ်စပ်ဂိတ်မှအပ အခြားနယ်စပ်တွေဆီသွားဖို့ အချိန်မရလိုက်ပါဘူး။ ဒါ ပေမယ့် ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်း နယ်စပ်ဂိတ်အားလုံးနီးပါးဆီ ကျနော်ရောက်ခဲ့ဖူးတဲ့အတွက် အဲဒီအခေါက် တွေတုန်းက ရိုက်ကူးခဲ့တဲ့ မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်ရဲ့အခြေနေကို တင်ပြလိုက်ပါတယ်။
- အောက်က ဗွီဒီယိုဖိုင်မှာ ကြည့်ရှုကြပါရန် ...
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:34 PM
1 comments
Labels: ဆောင်းပါး
နံပါတ် (၂) ရန်သူ - သွေးစုပ်တရုတ်အစိုးရ
သရုပ်ဖော် - ကာတွန်းဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)
နိုင်ငံပေါင်း (၃၅) နိုင်ငံမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သော လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာ ဗျူဟာလေ့လာရေးအဖွဲ့ အစည်းအဝေးကို ဇွန် (၃) ရက်မှ (၇) ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ် ရာ တရုတ်ကာကွယ်ရေးဝန်ကြီး လျန်းကွမ်းလီ တက်ရောက်ခဲ့သည်။ သူ၏ ပြောဆိုရှင်းလင်းချက်များသည် ဒေသအတွင်း တည်ငြိမ်မှုကို ထိပါးစေကြောင်း သိရှိလာရသည်။ ဗီယက်နမ်ကဲ့သို့သော နိုင်ငံသည်ပင် တရုတ် အန္တရာယ်ကြောင့် အမေရိကန်ဘက် ယိမ်းနေရတော့သည်။
တရုတ်တို့၏ ဒေသတွင်း သြဇာချဲ့ထွင်မှု ခြေလှမ်းတို့မှာ စီးပွားရေးကို နောက်ခံပြုပြီး စစ်ရေးနှင့် ထိန်းချုပ်ရန် မြန်မာပြည်၊ သီရိလင်္ကာ၊ ပါကစ္စတန်တို့တွင် ရေနက်ဆိပ်ကမ်းများကို တည်ဆောက်လာမှုက ပေါ်လွင်လာခဲ့ သည်။ တရုတ်၏ ဗျူဟာအောက်တွင် မြန်မာပြည်သည် အသုံးချခံအဖြစ် လုံးလုံးကျရောက်သွားတော့မည်ဖြစ် သည်။ မြန်မာပြည်မှ စစ်အာဏာရှင် ဗိုလ်ချုပ်တို့သည် ပြည်တွင်းရှိ ပြည်သူများ၏ ထောက်ခံမှုကို မရရှိသဖြင့် နိုင်ငံခြားမှရသည့် ငွေနှင့်လက်နက်တို့ကို အားကိုးကာ ဖိနှိပ်အုပ်စိုးနေကြရရာ သွေးစုပ်အမြတ်ထုတ်လိုသော တရုတ်တို့အကြိုက် ဖြစ်စေခဲ့ရသည်။ နအဖစစ်အာဏာရှင်နှင့် တရုတ်အစိုးရတို့ ပူပေါင်းလျက် မြန်မာပြည်သူ များကို ထင်သလို သွေးစုပ်ခြယ်လှယ်နေကြတော့သည်။ တရုတ်အစိုးရသည် မြန်မာစစ်အာဏာရှင် စစ်ဗိုလ် တို့ကို မွေးစားလာခဲ့ကြသည်။
မြန်မာပြည်အပေါ် တရုတ်၏ သြဇာ မည်မျှသက်ရောက်နေသည်ကို “မန္တလေးဟာ တရုတ်မြို့ဖြစ်ပြီ” “တရုတ် တွေ မှတ်ပုံတင်ရလွယ်တယ်” “စစ်လက်နက်တွေ တရုတ်နယ်စပ်က ၀င်လာတယ်” “တရုတ်ရေတပ်သင်္ဘော သီလ၀ါဆိပ်ကမ်းမှာ လာဆိုက်တယ်” “သိန်းစိန်နဲ့ တရုတ်တို့ သဘောတူညီချက်တွေ လက်မှတ်ထိုးတယ်။ ငွေတွေရတယ်” ... ... စသည့်အချက်များက သိသာထင်ရှားစေသည်။
၁၉၈၉ ဗကပ ပြိုကွဲပြီးနောက် တရုတ်၏ မူဝါဒသည် မြန်မာပြည်အပေါ်တွင် လုံးဝသွေးစုပ်ရေး သက်သက်သာ ဖြစ်ခဲ့တော့သည်။ ဤသည်မှာ တင်ရှောက်ပင်၏ “အမျိုးသားအကျိုးစီးပွား” ခေါ် ကိုယ်ကျိုးကြည့်ဝါဒ၏ အကျိုး ဆက်တွေသာဖြစ်ပါသည်။ ကွန်မြူနစ်တို့၏ နိုင်ငံတကာစိတ်ဓာတ်၊ နိုင်ငံတကာအလုပ်သမားများညီညွတ်ရေး စိတ်ဓာတ်၊ အဖိနှိပ်ခံ ညီညွတ်ရေးစိတ်ဓာတ် မထားတော့ဘဲ သွေးစုပ်အမြတ်ထုတ်ရေး သက်သက်ဖြစ်သော အရင်းရှင်အယူဝါဒ လုပ်နည်းလုပ်ဟန်များသာဖြစ်ပါသည်။ အလံနီကို ဝှေ့ယမ်းနေတိုင်းလည်း ကွန်မြူနစ်မဖြစ် နိုင်ပါ။
ဖိနှိပ်ရက်စက်မှုကြောင့် နိုင်ငံတကာ၌ နံမည်ဆိုးနှင့် အပုပ်နံ့ တထောင်းထောင်းထွက်နေသော သန်းရွှေ၊ သိန်း စိန် စစ်အာဏာရှင်တို့ကို ယနေ့တရုတ်ပြည်အစိုးရသည် ဖိနှိပ်ခံပြည်သူများ၏ မျက်နှာကိုမကြည့် ကိုယ်ကျိုးစီး ပွားတခုတည်းဖြင့် ပူးပေါင်းသွေးစုပ်နေခြင်းသည် ကွန်မြူနစ်ကျင့်ဝတ်သိက္ခာနှင့် လုံးဝလွဲချော်နေပါသည်။ စစ် အာဏာရှင် နအဖကို စီးပွားရေးပိတ်ဆို့ထားရန် ပြည်သူများက ကြိုးပမ်းနေခဲ့သော်လည်း တရုတ်အစိုးရသည် “ဆွေမျိုးပေါက်ဖော်” ဆိုပြီး စစ်အာဏာရှင်တို့ကို မျက်စိစုံမှိတ်အားပေးနေခဲ့သည်သာ ဖြစ်ပါသည်။
လူထုအစိုးရလည်း မဟုတ်၊ ဒီမိုကရေစီအရ ရွေးကောက်သော အစိုးရလည်း မဟုတ်၊ တိုင်းရင်းသားစည်းလုံး ရေးလည်း မလုပ်နိုင်သော မြန်မာစစ်အာဏာရှင်ဗိုလ်ချုပ်တို့ကြောင့် မြန်မာပြည်သည် တရုတ်ကိုလိုနီဘ၀သို့ ကျရောက်တော့မည်ကို တားဆီးကြရတော့မည်။ ထိုသို့တားဆီးရာတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီ မိုကရေစီ လူထုအစိုးရ ထူထောင်ရေးကို မဖြစ်မနေ အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်လှသည်။
မတရားသွေးစုပ်ဖိနှိပ်မှုကို တွန်းလှန်သည်မှာ လူသားတို့၏သမိုင်းပင်ဖြစ်ပေရာ မြန်မာပြည်ရှိ ပြည်သူများသည် လည်း ငုံ့ခံတတ်သူများ မဟုတ်ကြသောကြောင့် ဖိနှိပ်မှုချုပ်ချယ်မှုတို့ကို တတ်နိုင်သမျှ နည်းပေါင်းစုံဖြင့် တိုက် ဖျက်ကြမည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။
သင်္ကန်းအရေခြုံထားသော သောနုတ္ထိုရ်တရုတ်အစိုးရကိုလည်းကောင်း၊ အမျိုးသားရေးလည်းမရှိ လူထုအကျိုး လည်း မကြည့်သည့် နိုင်ငံ့ဥသျှောင် အမည်ခံ စစ်အာဏာရှင်တို့ကိုလည်းကောင်း တရုတ်ဖိနှိပ်ခံ ပြည်သူများ အပါအ၀င် နိုင်ငံတကာပြည်သူများနှင့် လက်တွဲ၍ ဆန့်ကျင်တိုက်ပွဲဝင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ် ပါသည်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
စစ်အာဏာရှင်နဲ့ အပေါင်းပါတို့ကို ဆန့်ကျင်ကြ။
ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မုချရရမည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:36 PM
0
comments
Labels: ဆောင်းပါး
Thursday, June 9, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၉-၆-၂၀၁၁)
- သိန်နီရေပူဂိတ်၌ ပစ်စတိုသေနတ် (၃၀) နီးပါး ဖမ်းမိ click
- ကေအိုင်အေနှင့် အစိုးရတပ်အကြား ပစ်ခတ်မှု ပြန်လည်စတင် click
- KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား click
- ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲထပ်မံဖြစ်ပွား click
- ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားပြန် click
- ကရင်နှင့် ကျောင်းသားတပ်မတော် ပူးပေါင်းစစ်ဆင်ရေး ကြေညာချက်ထုတ်ပြန် click
- ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး လူ (၂) သောင်းခန့် ရွှေ့ပြောင်းခံရဖွယ် click
- အဓမ္မခိုင်းစေမှု တိုင်ကြားချက် များလာဟု ILO ဆို click
- မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့ခွင့်မရှိသေးတဲ့အပေါ် ILO ဆွေးနွေး click
- မြန်မာ့အလုပ်သမားအရေး တိုးတက်မှု တင်ပြဖို့ ILO ဆုံးဖြတ်ချက် မူကြမ်းထွက် click
- လယ်မြေအသိမ်းခံရသူတွေကို ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ (ဆွေးနွေးဖလှယ်) click
- ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို click
- NLD ပါတီ၏ နိုင်ငံရေးသင်တန်းများ ရက်ရွှေ့ဆိုင်း click
- အန်အယ်လ်ဒီ နိုင်ငံရေးသိပ္ပံသင်တန်း ရက်ရွှေ့ဆိုင်း click
- NLD နိုင်ငံရေးသင်တန်း အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်း click
- အမေ့အိမ်ကျောင်း ပြုပြင်ရေး တားဆီးခံနေရ click
- အမေ့အိမ် အမည်ကြောင့် စာသင်ကျောင်းကို ဖိအားပေး click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရုံးပြန်ချိန်း click
- စင်္ကာပူက မြန်မာများ ‘စု ၆၆နှစ် မွေးနေ့’ ဘုန်းကြီးကျောင်းမြေ လှူမည် click
- သြစတြေးလျ၊ ဆစ်ဒနီမှာ ‘စု ၆၆ နှစ်မွေးနေ့’ အခမ်းအနားကျင်းပမည်၊ မြန်မာလူမျိုးစုမြန်မာ့အသံက အများ စုပေါင်းပြီး ကောင်းမှုပြုကြမည်ဟု ထုတ်ပြန် click
- ဗိုလ်ချုပ်သွေးမို့ တို့ယုံသည် (ဆောင်းပါး) click
- အိမ်ပြန်ချင်တယ် (ဆောင်းပါး) click
- မွေးနေ့သစ္စာ ဆုမွန်လွှာ (ကဗျာ) click
- ငြိမ်းချမ်းရေးခေါင်းလောင်းသံနဲ့ မိခင်ဒီမိုကရေစီ (သီချင်း) click
- နိုင်ငံရေးပါတီတွေ ခိုင်ခိုင်မာမာ လှုပ်ရှားရပ်တည်နိုင်ပြီလား (တိုက်ရိုက်လေလှိုင်း) click
- စစ်မြေပြင်မှ ပုံရိပ်များ - အပိုင်း (၃) (အသံလွှင့်ဆောင်းပါး) click
- လျစ်လျူမရှုပါနဲ့ (ဆောင်းပါး) click
- ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ၂၀၁၂ ခုနှစ်စတင်မည် click
- မနှစ်က မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင် click
- ဒေါ်လာဈေး ပြန်တက်ဖို့ လောလောဆယ်မမြင် click
- အရှုံးပေါ် နိုင်ငံပိုင် ရေကြောင်းပို့ဆောင်ရေး အသုံးစရိတ်လျှော့ပြီ click
- ရေလုပ်သားတချို့ ဌာနေပြန်ရောက် click
- ပင်လယ်ထဲ မျောပါခဲ့တဲ့ ရေလုပ်သားများအကြောင်း သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ) click
- ကျန်ရစ်သူ ရေလုပ်သားမိသားစုများကို ငွေကြေးထောက်ပံ့ click
- ကျောက်မီးသွေးရှာတဲ့ ရန်ကုန်မြစ်ထဲက ရေငုပ်သမားများ (ဓာတ်ပုံသတင်း) click
- ရှမ်းရွှေ့ပြောင်းလုပ်သားများကို နေရာမှ ဖယ်ရှားခိုင်း click
- အစိုးရ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒအချို့ ပြောင်းလဲ click
- ရေလွှာလျှောစီးရင်း လက်ပြတ်သူကလေး၏ မိဘများ လျော်ကြေး လက်မခံဟုဆို click
- အောက်ပြည်သားများ ငါးပုံတပုံခန့် ဆီးချိုတွေ့ click
- အနှိပ်ခန်းတွေ ပိတ်ရပြီ click
- ဆီးရီးယားတွေ တူရကီဘက် ထွက်ပြေး click
- ဆီးရီးယားကို ကုလ လူ့အခွင့်အရေးမင်းကြီးက ရှုတ်ချ click
- လစ်ဗျားမှာ စစ်ရာဇ၀တ်မှုတွေ ရှိခဲ့လား click
- လစ်ဗျား အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသွားမည် click
- တရုတ်နဲ့ ဗီယက်နမ်ကြား ပိုတင်းမာလာ click
- အီရတ်မှာ ဆက်လက်တပ်စွဲထားဖို့ အမေရိကန် မှန်းဆနေ click
- အမေရိကန်အဖို့ ဂျပန်ထက် တရုတ် အရေးပါ click
- စီပွားရေးမူဝါတွေကို သမ္မတ အိုဘားမား ခုခံကာကွယ် click
- ၂၀၁၂ သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် သမ္မတလောင်းပြိုင်မယ့်သူတွေ ပြင်ဆင် click
- IMF အကြီးအကဲလောင်းတွေ click
- အိုပက်နဲ့ ရေနံဈေး click
- အင်အားကြီးနိုင်ငံတွေ သန့်ရှင်းတဲ့ လောင်စာဆီဈေးကွက်အတွက် ပြိုင်ဆိုင် click
- ကချင်မှာ သေနတ်ပေါက်ပြီ click
- မြန်မာနှင့် KIA တပ် (၃) နာရီနီးပါး စစ်ပွဲဖြစ်ပွား click
- ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်းဝတပ်ဖွဲ့ တပ်သားသစ်နှင့် ကျေးရွာပြည်သူ့စစ်များအား စစ်ရေးလေ့ကျင့် ရန် ဆင့်ခေါ် click
- ရထားဗုံးခွဲသူမှာ KNU အဖွဲ့ဝင်ဟု စွပ်စွဲ click
- ရထားပေါ် ဗုံးကွဲမှုသည် ကေအန်ယူ၏ ခိုင်းစေချက်ဟု စွပ်စွဲ click
- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာအရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေး click
- ဘန်ကီမွန်း မြန်မာ့အရေးဆောင်ရွက်မှု ထုတ်ဖော်ပြောဆို click
- အချိန်မဖြုန်းဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အစိုးရသစ်ကို ဘန်ကီမွန်း တိုက်တွန်း click
- သမ္မတ ဦးသိန်းစိန် အိန္ဒိယ သွားမည် click
- လူ့အခွင့်အရေးချိုးဖောက်ခံရသော်လည်း ကြံ့ဖွံ့အစိုးရ မဖြေရှင်းပေးနိုင် click
- ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မြန်မာသို့ ရောက် click
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဂုဏ်ပြုပွဲ ကနေဒါ၌ ကျင်းပမည် click
- ပြည်သူများ လွတ်လပ်သည့် လွတ်လပ်ရေးကို မရရအောင်ယူကြရမည် click
- ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပါတီ ပြင်ဆင် click
- ဒေါက်တာဦးမြင့် ဆွေးနွေးသော ဆင်းရဲနွမ်းပါး မှုလျော့ကျရေး စာတမ်းအကျဉ်းချုပ် click
- Horst Rudolf သို့ ဒေါက်တာဦးမြင့်၏ ပြန်ကြားချက် click
- ကျနော်တို့လမ်းမှာ ပိတ်ရပ်မနေပါနှင့်။ တတ်နိုင်သမျှ ကူညီပေးပါ (အင်တာဗျူး) click
- ဒေါ်လာဈေးကျဆင်းနေမှု အစိုးရက ၀င်ထိန်း၍ မရနိုင်ဟု ဦးခင်ရွှေ ပြော click
- ထားဝယ်ရေနက်ဆိပ်ကမ်း ဒေသခံ (၁၀,၀၀၀) ခန့် ရွှေ့ပြောင်းရနိုင် click
- ဟွေ့ပူလောင်း လမ်းဖြင့် ကားများ တင်သွင်းရန် ဦးထွန်းကျော် ခွင့်ပြုချက်ရ click
- လျှပ်စစ်မီးနှင့် မြေနေရာ ပေါသော်လည်း ရင်းနှီးမြုပ်နှံသူ မရှိ click
- တရားသူကြီးအမိန့်ဖြင့် မိတ္ထီလာတွင် ဆိုင်ခန်း ဖျက်ဆီး click
- ဆန္ဒပြ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မည် စိုးရိမ် click
- ပဲခူး ဦးထုပ်စက်ရုံ ဆန္ဒပြမှု လိုက်လျောမှုရှိ (ရုပ်သံ) click
- တီးတိုးငွေကြေး အပိုင်း (၇) click
- စာရေးဆရာမ ဖြစ်လာတဲ့ ဒီမိုကရေစီငါးပိသည်နဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ဖူးကက်၌ အလုပ်သမားလက်မှတ် လုပ်ရက် တိုးချဲ့သတ်မှတ်ပေး click
- သီရိလင်္ကာသို့ မျောသွားသည့် ရေလုပ်သားများ ပြည်တော်ပြန် click
- မိုးကြီး တောင်ပြို၍ ဘူးသီးတောင်- မောင်တော ကားလမ်း ပိတ်သွားပြီ click
- ပဲခူး ကျောင်းသားငယ် ဓာတ်လိုက် သေဆုံး click
- ကျောင်းသားမိဘများထံမှ ငွေကောက်ခြင်း ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေ click
- ရခိုင်ပြည်နယ်၏ ယခုနှစ် ဆယ်တန်း အောင်ချက်ရာခိုင်နှုန်း နိမ့်ကျ click
- လပြည့်ဝန်းသို့ တမ်းခြင်း (၅) (ရုပ်သံ) click
- အဖြူရောင်ငှက် (ကဗျာ) click
- ဖွေ့ထိုင်းပါတီ ကိုယ်စားလှယ်လောင်းက စစ်တပ်ပြောရေးဆိုခွင့်ရှိသူကို တိုက်ခိုက်ပြောဆို click
- အီးခိုလိုင်းပိုးကို ရှောင်ရှားနိုင်ဖို့ အစားအသောက်တွေကို ကောင်းကောင်းချက်ဖို့ ဘန်ကောက်မြို့တော် အုပ် ချုပ်ရေးက တောင်းဆို click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:24 PM
0
comments
Labels: သတင်း
ကျနော်ရောက်ခဲ့ဖူးသော ထိုင်း-မြန်မာနယ်စပ်ဂိတ်များ - အပိုင်း (၁)
ပြီးခဲ့တဲ့ ဧပြီလ ထိုင်းခရီးစဉ်အတွင်း ကျနော် ပထမဆုံး သွားရောက်လေ့လာဖြစ်ခဲ့တဲ့ နယ်စပ်ဂိတ်ကတော့ မဲ ဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားဂိတ် ဖြစ်ပါတယ်။ မဲဆောက်ဘက်ရောက်တိုင်း ဒီတံတားဆီသွား၊ မြ၀ တီဘက်ကို ငေးကြည့်၊ အဲ ... အတိအကျ ပြောရမယ်ဆိုရင်တော့ မြ၀တီကို စိတ်ကူးနဲ့ ကျော်ဖြတ်ပြီး မော်လ မြိုင်-ရန်ကုန်-မန္တလေးအထိ မျှော်ကြည့်မိတယ်ဆိုပါတော့။ ထူးခြားတာကတော့ အရင်အခေါက်တွေသွားစဉ် က ချစ်ကြည်ရေးတံတားလည်းဖွင့်၊ တံတားအောက်က မှောင်ခိုလမ်းတွေလည်းဖွင့်၊ နှစ်လမ်းသွားနည်းနဲ့ ကုန် သွယ်နေတာကို တွေ့ရပေမယ့် ဒီတခေါက်ခရီးစဉ်မှာတော့ ချစ်ကြည်ရေးတံတားကြီးကို ပိတ်ထားတာနဲ့ တိုး နေခဲ့ပါတယ်။
ထုံးစံအတိုင်း တံတားရဲ့ညာဘက်အောက်နားမှာ စိုက်ထားတဲ့ “The Moei River, the westernmost point” ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ဓာတ်ပုံရိုက်၊ အဲဒီဆိုင်းဘုတ်အနီးက ကမ်းနားလမ်းဘေးတလျှောက်မှာ ရောင်းချနေ တဲ့ မြန်မာဘက်ကလာတဲ့ မှောင်ခိုပစ္စည်းမျိုးစုံကို ကြည့်။ ဒါပေမယ့် ဓာတ်ပုံရိုက်တာကိုတော့ အဲဒီဈေးသည် တွေက သိပ်ကြိုက်ပုံမရပါဘူး။ မကြိုက်ဆို .. ရောင်းနေတဲ့ပစ္စည်းတွေကလည်း ကြည့်ပါဦး၊ ဈေးပေါတဲ့ အရက် မျိုးစုံ၊ ဆေးလိပ်မျိုးစုံ၊ ဆေးဝါးမျိုးစုံအပြင် အပြာကားမျိုးစုံ ဗွီဒီယိုအခွေတွေ၊ နို့သီးခေါင်းအတု၊ လိင်တံအတု တွေ၊ လိင်ပိုင်းဆိုင်ရာ လိမ်းဆေးတွေ ... စသဖြင့် စုံနေတာပါပဲ။
မှောင်ခိုရောင်းနေတယ်ဆိုပေမယ့် လျှို့လျှို့ဝှက်ဝှက်တော့မဟုတ်။ ပူလီ-ပူလီ(ဆေးလိပ်)လို့ မနားတမ်း အော် နေတဲ့အပြင် “ဒါယူမလား အကိုး၊ ဈေးလည်း ပေါတယ်၊ ကောင်းလည်း ကောင်းတယ်။ ဟောဒီလို ဟောဒီလို လုပ်လို့ရတယ်လေ အကိုး” ဆိုပြီး ရော်ဘာလိင်တံအတုကို အမျိုးမျိုးလှုပ်ပြပြီး အော်ဟစ်ရောင်းချနေသူတဦး ကိုလည်း တွေ့ခဲ့ရပါသေးတယ်။
အဲဒီဈေးတန်းကို ကျော်ပြီး ရှေ့နည်းနည်း ဆက်လျှောက်မယ်ဆိုရင် မကြာခဏ ပြဿနာတက်လေ့ရှိတဲ့ ရေ လည်ကျွန်းဆိုတာကို ရောက်ပါတယ်။ ဒါပေမယ့် လုံခြုံရေးစိတ်မချရဘူးဆိုပြီး ကျနော့်ကို လိုက်ပိုတဲ့ သူငယ် ချင်းက ပြောလို့ အဲဒီကျွန်းထဲအထိတော့ မ၀င်ဖြစ်လိုက်ပါဘူး။
တံတားဘက်ကို ပြန်လျှောက်ပြီး ဗွီဒီယိုရိုက်ဖို့ပြင်တော့ ထိုင်းစစ်သား (၃) ဦးနဲ့ တိုးပါတယ်။ မြန်မာစစ်သား တွေလို ဗွီဒီယိုရိုက်ခွင့်တားမြစ်မယ်လို့ ထင်ထားပေမယ့် “မဲပင်လိုင် ထန်လုကောဒိုင်း၊ ဗီဒီအို ကောဒိုင်း” ဆိုပြီး M16 မောင်းပြန်သေနတ်ကိုင်ထားတဲ့ အသက် (၂၀) ကျော်အရွယ် ထိုင်းစစ်သားက ကျနော့်ကို ပြောပါတယ်။ ကျနော် တကယ်ရိုက်တော့ ကင်မရာကို သူကကျောပေးပြီး တယ်လီဖုန်းပြောနေတဲ့အတွက် အင်တာဗျုးတော့ မလုပ်နိုင်ခဲ့။ ဒါပေမယ့် ဓာတ်ပုံလုံးဝရိုက်ခွင့်မပေး။ သတင်းထောက် လုံးဝလက်မခံဘူးဆိုပြီး အမိန့်ထုတ်ထား တဲ့ ဒီနယ်စပ်ရဲ့ သောင်ရင်းမြစ် ဟိုဘက်ကမ်းကနေ အခြေအနေကို ချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေနဲ့ စာရင်တော့ ထိုင်းစစ်သားတွေရဲ့ မီဒီယာနဲ့ဆက်ဆံရေးအခြေအနေက အများကြီးကောင်းပါတယ်။
သောင်းရင်းမြစ် ဟိုဘက်ကမ်းနေ ချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေ ဘာတွေလုပ်နေလဲဆိုပြီး ကျနော် သိချင်လာတဲ့အတွက် အဲဒီဂိတ်နား နီးနိုင်သမျှ နီးအောင်သွားဖို့ ကျနော်ကြိုးစားပေမယ့် ကျနော့်သူငယ်ချင်း ကခွင့်မပြု။ သူစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ထိုင်းစစ်သား (၄-၅) ဦးက တံတားအောက်မှာပဲ ထိုင်စောင့် နေတာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကနေ တဖွဲဖွဲ တက်လာနေသူတွေဟာ ထိုင်းစစ်သားတွေ ထိုင်နေတဲ့ နေရာက နေ လှမ်းမမြင်နိုင်တဲ့ ချစ်ကြည်ရေးတံတားရဲ့ အောက်ဘက်နားကနေ လူသွားလမ်းလေးတလျှောက် တက် လာနေတာဖြစ်ပါတယ်။ ကျနော် သိပ်သွားချင်နေမှန်းသိတော့ ကျနော့်သူငယ်ချင်းက လမ်းကြောင်းရှာပြီး တောလမ်းကနေပတ်ပြီး အဲဒီရေဆိပ်အနီးထိ ကားမောင်းသွားပါတယ်။
ဟော .. ကားရပ်တဲ့နေရာကနေ မြစ်ကမ်းနားဘောင်ပေါ်တက်လိုက်တာနဲ့ လူတွေ ရာနဲ့ချီ အသွားအပြန်သယ် ပို့နေတဲ့ လယ်ထွန်စက်အတွင်းတာယာသုံး ခရီးသည်တင်ယာဉ်တွေကို တွေ့ပါလေရော။ ဒီနေရာကို ကမ္ဘာ လှည့်ခရီးသည် လာခွင့်မပြုတဲ့အတွက် ဒီမြင်ကွင်းအပေါ် နိုင်ငံခြားသားတွေ ဘယ်လိုမြင်သလဲဆိုတာ ကျနော် မေးခွင့်မရလိုက်။ ဒါပေမယ့် ဥရောပပြန် ကျနော့်မျက်စိထဲမှာတော့ တကယ့်ကိုကိုးယိုးကားယားပါပဲ။ ပေ (၅၀) လောက်သာကွာတဲ့ အပေါ်ဘက်မှာ ဘတ်ငွေသန်း (၂၀၀) လောက်အကုန်ကျခံ ဆောက်လုပ်ထားတဲ့ တံတား ကြီးရှိပါရဲ့နဲ့ အဲဒီတံတားကို ပိတ်ထားပြီး တံတားအောက်ရေပြင်ထဲကနေ လယ်ထွန်စက်တာယာကို စီးပြီး သက်စွန့်ဆံဖျား ရေထဲကူးနေရတယ်လို့ ...။
အသံမထွက်အောင် ထွန်စက်တာယာကို သုံးတာလား။ လောင်စာဆီသက်သာအောင် သုံးတာလား ဆိုတာကို တော့ ကျနော်အတိအကျမသိခဲ့။ ဒါပေမယ့် ဟိုဘက်ကမ်း ဒီဘက်ကမ်း အော်ပြောနေကြတဲ့အသံတွေကတော့ လှေစက်သံထက်တောင် ပိုကျယ်နေတဲ့အတွက် အသံမထွက်အောင်၊ နှစ်ဘက်အာဏာပိုင်တွေ မသိအောင် ခိုးသွားနေတာမျိုးတော့ ဟုတ်ပုံမရပါဘူး။ တရားဝင်တပိုင်းအဖြစ် မြန်မာစစ်တပ်ကို အခွန်ငွေဆောင်ပြီး သွား နေရတာဖြစ်တယ်လို့ ထိုင်းဘက်ကမ်းကို ရောက်လာတဲ့ ခရီးသည်တချို့က ပြောပါတယ်။
ဒီသောင်ရင်းမြစ်ဖြတ် ထွန်စက်တာယာရေယာဉ်ကို ဗွီဒီယိုရိုက်ရတာကလည်း သိပ်မလွယ်ပါဘူး။ ဟိုဘက် ကမ်းက နအဖတပ်က မှန်ပြောင်းနဲ့ ဆွဲပြီးကြည့်နေသလားဆိုတာ စိုးရိမ်နေရပါတယ်။ နောက်တခါ ဒီလမ်း ကြောင်းကို ကြီးစိုးထားတဲ့ လူပွဲစားတွေကလည်း ဒီလိုရိုက်တာကို သိပ်ကြိုက်ပုံမရ။ ဒါပေမယ့် သူတို့ကတော့ တည့်တည့်မပြော၊ လူပွဲစားပီသစွာနဲ့ ဒီပလိုမေစီသုံးပြီးတော့ ဒီလိုပြောပါတယ် “ဟေး ... နင်တို့ ဒီဘက်မှာ ဗွီဒီ ယိုရိုက်တာကတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ဟိုဘက်ကမ်းက မှန်ပြောင်းနဲ့ ကြည့်ပြီး စနိုက်ပါနဲ့ ပစ်လိုက် ရင် ပြဿနာဖြစ်မယ်” တဲ့။ ဒီတော့ ကျနော်တို့လည်း ပြောက်ကျားနည်းကို သုံးပြီး (၃) မိနစ်ရိုက်၊ (၃) မိနစ် ပြေးစနစ်နဲ့ မဲဆောက်မြို့ဆီ ခပ်သွက်သွက်လေး ပြန်လှည့်လာခဲ့ရပါတယ်။
- အသေးစိတ်ကို အပေါ်က ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။
(ဆက်ပါမည်)
ထက်အောင်ကျော်
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:46 PM
0
comments
Labels: ဆောင်းပါး
ဝန်မင်း ဝေချီသို့ ...
လုလင်ရွယ်ဖြိုး မြင့်အမျိုးတို့
ပိုးဝတ်အစုံဆင်ကာသ ကြုံခဲဒုက္ခ ဒီဘဝ ... တဲ့
ခုတော့နော် ... မွဲဆေးဖော် ငတ်ဘိခြင်း ပညာရှိအဆင်းကွဲ့ ...။
နားထောင်ပါဦး ဝန်မင်းငဲ့ ...
ကျုပ်အကြောင်းစုံလင် ကရုဏာထိပ်ထား
ကျေးဇူးလည်းများပါရဲ့ ...။
နုမျစ်ပျိုလွင် ငယ်စဉ်တုန်းက ချန်ဂန်းနယ်တခွင်
ရေးပြန်ဖတ်ပြန် ခြယ်မှုန်းပြန်နဲ့
ကျုပ်ကလောင် ပြောင်လှပါသတဲ့
ဖွဲ့ကဗျာသီမဆုံး သီကုံးပန်းသွင်
ယှဉ်ချင်ယှဉ်မလား ထိပ်ဆုံးမှာပျော်
ဟိတ်အကျော်အမော် လူဇော်ကဝိတွေက
အဖော်အလှော်လုပ်ပါရစေကွဲ့
ဆိုလာခဲ့ ...။
ဒါနဲ့ပေါ့လေ ဒီလောက်ဟုန်းဟုန်းတောက်နေမှတော့
ဘုန်းဘုရားအောက်မှ အခစားမဝင်ရင်
စင်တော်က ဘယ်ကောက်ပါ့မလဲ ထင်ပေါ်မှဖြစ်မှာကိုး ...။
တိုင်းကျိုးပြည်ကျိုး သယ်ကာပိုးဖို့
စိုးဟယ်မိုးဟယ် တာဝန်လွယ်ဖို့
ဖယ်ဟယ်သန့်ဟယ် အသရေဆယ်ဖို့
ကျုပ်လာခဲ့တယ် ထင်တလုံးနဲ့ ...။
ဒီလိုနဲ့ ... ကာလတွေနှောင်း အမြင်ပြောင်းလာ
ကျုပ်သီချင်းကောင်းတွေကလည်း လောကနဲ့အမြင်တိမ်းစောင်းအောင်
ဗိန်းဗောင်းတီးတတ်သကိုး ...
ဒီလိုနဲ့ကျုပ် မြည်းတစ်စီးနဲ့ နယ်ပြောင်းတာကိုက
တဆယ့်သုံးနှစ်ကြာညောင်းသဗျား ...။
အခုတော့ ... နေပြည်တော်မှာ နွေဦးပေါ့
မနက်ဆို ကြေးရတတ်တွေအိမ်ရှေ့
ယို့ယို့လေးရပ်တယ် ...။
ညနေညိုရင် ဖုတ်ထောင်းထောင်းထအောင်
ကဆုန်ပေါက်နေတဲ့ မြင်းထွားကြီးတွေကြား
လမ်းသလားတယ် ...။
ခါးသီးနာကြည်းတာတွေကို မျိုသိပ်လည်း
သူကြွယ်တို့ရဲ့ စားတော်ပွဲကျ
စားနုတ်စားပေါက်အေးခဲခဲတွေက
ရင်ကိုထိုးခွဲတယ် ...။
တခါများမတော့ ... ရွှေနန်းက သဝဏ်လွှာရောက်
ပေါက်ပေါက်မြောက်မြောက်ရှိသူတွေ
ဘုန်းတော်အောက်ဝင်စေတဲ့
ကျုပ်လည်းရောက်မယ့်ရောက်မှတော့ ထိပ်ပဲဟဲ့လို့
စိတ်ထဲထည့်မိသေးရဲ့ ...။
ခုတော့လည်း ... ကျုပ်ဘဝ မလှမပနဲ့
ပျံလမ်းပျောက်တဲ့ ငှက်မျိုး
မိုးနတ်က လက်မခံ မာန်လျှော့ရပြန်
ကန်ထဲသွား အားလျော့ခဲ့ပြန်
မဟန်တော့တဲ့ ရေနည်းငါးပေမို့
မြူးသွက်ချင်ပေမယ့် ကူးခတ်တာကိုတောင် မေ့လျော့ခဲ့ပြီ ...။
အလီလီနဲ့ ဝန်မင်းစေတနာ ကရုဏာတွေအတွက်
ဆပ်မကုန်ပါဘူး ကျေးဇူးကြီးလှပါရဲ့
မတန်မထိုက်ပေမယ့် ကံလိုက်တယ်ဆိုရမလား
အများနဲ့ကြုံ လူစုံတိုင်း
ကျုပ်လိုငနဲ မျက်နှာမွဲရဲ့ အင်္လကာစာကဗျာတွေကို
ကိုးကားပြောဆိုသတဲ့လေ ... ကိုင်း ...။
ဒါနဲ့ ... ဝန်မင်းနဲ့ထိုက်စွာ
အရိုက်အရာအသစ် ချီးမြှင့်ခံရသဆို
အို ... မုဒိတာလည်းပွားမိပါရဲ့ ...။
တဘက်မှာတော့ လုံးလုံးကြီးအကျပ်ရိုက်
ပျက်စီးခြင်းကပ်ဆိုက်နေတဲ့
ကျုပ်ကိုယ်ကျုပ် ... စက်ဆုပ်မိတယ် ...။
ဝေဒနာနှိပ်စက် ခြေကမျက်နဲ့
စိတ်အားလျော့လာ
ထွက်တော်မူနန်းကခွာတော့မယ် ...။
အရှေ့ကိုဦးတည် ပင်လယ်ဆီ ကျုပ်သွားမယ်
ကမ်းစပ်မှာ တခန်းရပ်မယ် ...။
ရွှေမြို့တော်ကို ကျောခိုင်း ... တောပိုင်းမှာ အခြေချ
ဒက္ခိဏတောင်တန်းလှတွေနဲ့ဝေမြစ်ကြည်ကြည်
ရည်မျှော်တမ်းတလွမ်းရတော့မယ် ...။
ဆိုတော့ ဝန်မင်းရေ ...
ပကာသနကင်း ... ရိုးရှင်းတဲ့အစာဆိုတာ
တသက်မှာ တခါသာတဆုပ်ကြဲပေမယ့်
ချို့ငဲ့သူအတွက် အကြင်နာတလှည်းပါပဲ ...။
ဝန်မင်းကျေးဇူးကြီးလှပါရဲ့
သို့ပေမယ့် အတောင်ဖြန့်မိပြီမို့
လှောင်ချိုင့်ထဲ တန့်ချည့်နေမဖြစ်တော့ဘူး
လေရူးနဲ့အတူ ကျုပ်ပြေးတော့မယ်
ဝေးသထက်ဝေးရာဆီ ...။ ။
TO MINISTER WEI CHI
TU FU (712-770)
TANG DYNASTY
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:33 PM
0
comments
Labels: ကဗျာ
Wednesday, June 8, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၆-၂၀၁၁)
- ဘုရားသုံးဆူ ပေါ်တာဆွဲ click
- အာဏာပိုင်နဲ့ ကုမ္ပဏီကြီးများ ပူးပေါင်းလိမ်လည်မှု လယ်သမားတို့ ရင်ဖွင့် click
- ဦးပိုင်က ကော့စတစ်စက်ရုံအတွက် ငွေသိမ်းပြန်ပြီ click
- ထားဝယ်တွင် ဆောက်မည့် ဆိပ်ကမ်းအတွက် ဒေသခံ တသောင်း နေရာပြောင်းရမည် click
- မြန်မာ့လူ့အခွင့်အရေး ကုလသမဂ္ဂ စစ်ဆေးသင့်ပြီ click
- မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို click
- လူ့အခွင့်အရေး အကြံပြုချက် မြန်မာ ဖြေရှင်းဆွေးနွေး click
- မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး click
- ပြည်ပသို့ အလုပ်သွားလုပ်ခြင်းဟာ အနာဂတ် ဦးနှောက်စီးဝင်မှုဟု သမ္မတ အကြံပေးပြော click
- ဆုတောင်းပြီး ငွေလှူရုံ၊ လက်မှတ်ထိုးကြရုံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှာလား (ဦးဝင်းတင်နဲ့ မေး ခွန်းများ) click
- ကန် သံတမန်ဟောင်းက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပေါ် စိုးရိမ် click
- ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်မြောက်အထိမ်းအမှတ် ဆွမ်းကျွေးတရားနာနှင့် စုပေါင်းသွေးလှူပွဲ ဖိတ် ကြားလွှာ click
- မေတ္တာခြုံ ... လုံပါစေ (ဆောင်းပါး) click
- ဦးသိန်းညွန့် ပါတီသစ် ထောင်မည် click
- လှိုင်သာယာ အထည်ချုပ်အလုပ်သမားများ ဆန္ဒပြကြပြန် click
- လှိုင်သာယာ အထည်ချုပ်စက်ရုံ လုပ်သား (၁၀၀) ကျော် ဆန္ဒပြ click
- အထည်ချုပ် လုပ်သား (၁၀၀) အလုပ်ထွက် click
- ပြည်ပက ကြံ့ဖွံ့သံရုံးများ ပွဲစားခကောက်ပြီး တရားမ၀င်ငွေရှာ click
- ဂျာနယ် (၆) မျိုး စာပေစိစစ်ရေး ကြိုတင်စရာမလို click
- စိစစ်ရေးမူပြောင်းပေမယ့် သိပ်မထူး click
- မူဝါဒပြောင်းဟုဆိုသော်လည်း ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေ စိုးမိုးထားဆဲ click
- အလွမ်းသင့်နေကြတဲ့ တရုတ်-မြန်မာဆက်ဆံရေး (သတင်းသုံးသပ်ချက်) click
- ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ (ဆောင်းပါး) click
- ထိုင်းနယ်စပ်က မြန်မာ့ဒုက္ခသည်အရေး click
- ဖားကန့် ဂင်ဆီတံတားဖွင့်ပွဲ KIO ကျင်းပ click
- ရန်ကုန် အနှိပ်ခန်းများ ပိတ်သိမ်း click
- ရန်ကုန်အနှိပ်သည်များ နေပြည်တော်သွား click
- အကောင်းမကြိုက်ရင် လူမိုက် (ဆောင်းပါး) click
- ဖို့တ်ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက်တွင် ကျင်းပတဲ့ ပိုင်းလော့ဆရာတော် တရားပွဲ (ဓာတ်ပုံ) click
- လစ်ဗျား အနာဂတ်အရေး နေတိုး စည်းဝေး click
- ဆီးရီးယားအတွက် လုံခြုံရေးကောင်စီ click
- ဆီးရီးယားအရေး ကမ္ဘာက ရေငုံနှုတ်ပိတ်မနေသင့်လို့ ဗြိတိန်နဲ့ ပြင်သစ် သတိပေး click
- တူရကီက ဆီးရီးယားဒုက္ခသည်ကို ကူညီ click
- ရေနံပိုထုတ်ရေး အိုပက် သဘောတူညီချက်မရ click
- လေယာဉ်တင် တရုတ်စစ်သင်္ဘော မြင်ကွင်းထွက်လာ click
- E. coli အစာအဆိပ်တက် ဝမ်းပျက်ရောဂါ click
- ဟတ်ကာ လေးဦးတွင် တဦးမှာ အမေရိကန်အစိုးရလူဖြစ် click
- တီဗွီဂိမ်းဆော့သူများ ပျမ်းမျှအသက်မှာ (၃၇) နှစ်ဖြစ် click
- လူငယ်အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ဆု click
- ကရင်ပြည်နယ် ထိုးစစ်အတွက် မြန်မာစစ်တပ် စတင် တပ်စွဲ click
- မြန်မာစစ်တပ် အင်အားထပ်မံတောင်းဆို၊ တိုက်ပွဲရပ်မည့်ပုံမပေါ်သေးဟု SSPP/SSA တပ်မှူး ပြော click
- ရွာသားများကို ရှေ့ပြေးကျည်ကာအဖြစ် စစ်တပ်သုံး click
- မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ဒေသခံများ ရှေ့ပြေးအဖြစ် အသုံးပြုခံနေရ click
- အဓမ္မလုပ်အားခိုင်းစေကြောင်း တိုင်ကြားမှုတိုး click
- ပဲခူး ဦးထုပ်စက်ရုံ ဆန္ဒပြ ပြီးဆုံး click
- နေပြည်တော်တွင် စကားပြောစက် ပိတ်ပင် click
- နယ်ခရီးစဉ်ဟာ လုံခြုံရေး အထူးအရေးကြီးကြောင်း အမေရိကန်သံရုံး တာဝန်ခံဟောင်း ပြောကြား click
- NLD နိုင်ငံရေးသိပ္ပံသင်တန်း အစီအစဉ် ပျက် click
- ရွေးကောက်ပွဲ တိုင်ကြားချက်များ ရလဒ်ကို ပြောင်းပြန်ဖြစ်အောင် မလုပ်နိုင် click
- ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုသွေးလှူပွဲ (ဓာတ်ပုံ) click
- ပြည်သူ့စစ်ခေါင်းဆောင် ရာဘဆေးပြား ရောင်းဟုဆို click
- လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင် click
- ဗိုလ်ဖြစ်ဖို့ လွယ်မလား click
- နွားကျောင်းသားများ သာသနာရေးဝန်ကြီးဌာနတွင် အလုပ်ရမည် click
- စိုးရိမ်မိတယ် … မွန်းမွန်းရယ် (ထွေရာလေးပါး) click
- ငတိသန်းရွှေ (အပိုင်း-၃) (ဆောင်းပါး) click
- ဒေါ်လာဈေး ကျဆင်းမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်နိုင်သလဲ (စီးပွားရေးပညာရှင် ဦးမော်သန်းနှင့် မေးမြန်း ချက်) click
- ရေအားလျှပ်စစ် ထုတ်လုပ်ရန် ငွေကောက်ခံပြီး စီမံကိန်း ရပ်ဆိုင်း click
- ရန်ကုန်စည်ပင်ခွန် တိုးကောက်တော့မည် click
- မန္တလေးကျောင်းကားများ အခွန်ဆောင်ရမည် click
- ဝက်နားရွက်ပြာရောဂါ ရန်ကုန်သို့ ကူးစက် click
- ဝယ်လိုအားကြောင့် ရာဘာပျိုးပင်များ ပြတ်လပ် click
- ကချင်ခရစ်ယာန်လူငယ်များ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထူးအစီစဉ် ပြုလုပ် click
- စာပေအမျိုးအစား (၅) မျိုးသာ ထုတ်တင်စနစ်ဖြင့် ခွင့်ပြု click
- ဂျာနယ်၊ မဂ္ဂဇင်း (၁၇၈) စောင် ဆင်ဆာဖြတ်စရာ မလို click
- နာမည်မရှိတဲ့ ရွာကလေး (ဆောင်းပါး) click
- မဲပေးတဲ့နေ့မှာ ရဲအင်အား (၁၀၀,၀၀၀) ဖြန့်ထားမယ် click
- ၀န်ကြီးချုပ်တို့၏ ပညာရပ် click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:11 PM
0
comments
Labels: သတင်း
Burmese Refugees Face Abuse, Squalor in Thai Camps
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:22 PM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
Tuesday, June 7, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၆-၂၀၁၁)
- နေတိုးက လစ်ဗျားကို အပြင်းထန်ဆုံး တိုက် click
- ဘန်ကီမွန်း ကုလ ဒုတိယသက်တမ်း အမေရိကန် ထောက်ခံ click
- ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ် click
- ဆီးရီးယားစစ်တပ် ထိုးစစ်ဆင်လာမှာကို စိုးရိမ်နေကြ click
- ဆီးရီးယားကို ကုလမှာ အရေးယူဖို့ စလုပ် click
- UK ပြည်တွင်းဖြစ် အကြမ်းဖက်အုပ်စုအတွက် ဗျူဟာ click
- မိုးခေါင်တဲ့ တရုတ် အနောက်တောင်ပိုင်း မိုးကြီးလို့ လူတွေ သေ click
- ဂျပန်ဓာတ်ရောင်ခြည် မူလမှန်းထားတာထက် နှစ်ဆဆိုးဝါး click
- လှိုင်သာယာမှာ အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆန္ဒပြ click
- DKBA-KNU ပူးပေါင်းတပ်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ် click
- ဘုရားသုံးဆူမြို့နယ်တွင် ပြောက်ကျားတိုက်ပွဲ ပြန်လည်စတင်လာ click
- ချင်းပြည်နယ် ဒေသတချို့တွင် ပေါ်တာထမ်းခိုင်းမှု ရှိနေဆဲ click
- လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဆန်းစစ် click
- ကမ္ဘာ့အခြေအနေကို အစိုးရသစ် နားလည်ပေမယ့် ပြောင်းလဲမှု မမြန်ဆန်နိုင် click
- ဂျာမဏီနိုင်ငံ လူအခွင့်အရေးအဖွဲ့ ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး click
- မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင် click
- နိုင်ငံရေးအကျဉ်းသားတဦး နိုင်ငံရေးမှုဖြင့် ထပ်မံတရားစွဲခံရ click
- စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ပထမဆုံး နယ်လှည့်ခရီးစဉ်တွင် ချင်းကျေးရွာတွေကို ဦးစားပေး click
- ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပါတီက တနေရာသာ ဝင်ပြိုင်မည် click
- အစိုးရ မှတ်ပုံတင်မရှိသူများအား ကေအိုင်အိုက အသိအမှတ် ကတ်ပြားထုတ်ပေး click
- ဆိုမာလီ ပင်လယ်ဓားပြ ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်ရွေးနိုင်ရေး အခက်ကြုံ click
- ရေဒီယို ဖြန့်ဝေပြီး တောင်ကုတ်တွင် နိုင်ငံရေးလှုပ်ရှားသူ လူငယ်များက လူပ်ရှားမှုပြုလုပ် click
- ဒေသဖွံ့ဖြိုးမှု လိုအပ်သည့် နေရာများ INGOs လူမှုကယ်ဆယ်ရေး ပိတ်ပင်ခံရ click
- ကျောင်းနှင့် ဆေးခန်းအတွက်ဆိုပြီး အာဏာပိုင်များက မတရား ငွေကောက် click
- ပြည်ခိုင်ဖြိုးအသင်း ရေဖိုး သိန်းချီကောက်ယူ click
- လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့အတူ ယှဉ်တွဲပြီး ရှိရတယ် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ် (ဆောင်းပါး) click
- အရေခွံလဲအစိုးရ၊ ဆိတ်သားရေဖုံး ဆင်သေကောင်များနဲ့ သံခင်းတမန်ခင်း (ဆောင်းပါး) click
- ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း (ဆောင်းပါး) click
- လူငယ်တို့ရဲ့ နိုင်ငံရေးကောင်းကင်သစ် (၃၀) (အသံလွှင့်ဆောင်းပါး) click
- စစ်မြေပြင်မှ ပုံရိပ်များ - အပိုင်း (၂) (အသံလွှင့်ဆောင်းပါး) click
- သူ့အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး (ဆောင်းပါး) click
- အောင်ဆန်းစုကြည် မြန်မာပြည်တွင်နေသည် (ကဗျာ) click
- ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာမူဆလင် ဒုက္ခသည်စခန်းကို လာရောက်လည်ပတ် click
- အလုပ်သမားလက်မှတ် အစီအစဉ် ထိုင်းအာဏာပိုင်များ ရှင်းလင်း click
- ဘိန်းဖြူ (၁၁) ဂရမ် နှင့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီး click
- ချင်းလူငယ် (၃) ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး click
- ဟားခါး လျှပ်စစ်မီးအခြေအနေ ယခင်ထက် ပိုဆိုး click
- ငါးသိန်းတန် GSM ဖုန်းတွေ ပြန်ချပေးနေ click
- ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့မှုအစီအစဉ် ပြန်လည်စတင်ခြင်း click
- သီတဂူဆရာတော်ရဲ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ click
- သီတဂူ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ နိုင်ငံရေးပါတီများကို ဖိတ်ကြား click
- ဘယ်မီဒီယာကို အကြိုက်ဆုံးလဲ click
- ၂ဝ၁၁ ခု အရီဇိုးနား မဟာသင်္ကြန်ပွဲနဲ့ သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံ) click
- စင်္ကာပူ (ကဗျာ) click
- မြန်မာအစိုးရ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်၍ ILO ညီလာခံတွင် စစ်ဆေး click
- ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ ဗိုလ်ချုပ်မှူးကြီး၏ ဓာတ်ပုံများ ဖြုတ်မချသေး click
- စစ်ဘက်အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ click
- တရုတ်အင်ဂျင်နီယာ ပျောက်ဆုံးမှု တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်မှုမရှိနိုင် click
- ရှေးဟောင်းဘုရား နေပြည်တော်သို့ မပင့်၍ ရခိုင်လူထု ဝမ်းမြောက် click
- ကနေဒါ မြို့လေးက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု click
- ဒေါ်အောင်ဆန်းစုကြည် ကနေဒါ လူ့အခွင့်အရေးဆု ရရှိပြန် click
- အစိုးရသစ်၏ အပြောင်းအလဲများကို စောင့်ကြည့်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့်ရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစိုးရကို ကြိုတင်အသိပေးမည် click
- BG အဖွဲ့ရဲ့ သွေးအကူအညီ စစ်ဆေးရုံကိုလည်း ရောက်ပါတယ် click
- ၇၄ မျိုးဆက်များ ရန်ကုန်တွင် တွေ့ဆုံ click
- ပယ်မဲဖြင့် အနိုင်ရရန် ကြိုးပမ်းရာတွင်လည်း ကြံ့ခိုင်ရေးက ရှုံး click
- ပြည်နယ်ဝန်ကြီးချုပ် မောင်တောခရီးစဉ်တွင် မွတ်ဆလင်များက အချက် (၅) ချက် တောင်းဆို click
- အန်ဒီအက်ဖ် ခွဲထွက်အဖွဲ့ဝင် ကိုယ်စားလှယ်များ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ click
- သင်္ကန်းကျွန်း ဦးသိန်းညွန့် ခေါင်းဆောင်ပြီး ပါတီသစ်ထောင်မည် click
- SNLD လဲချား ပြည်သူ့လွှတ်တော်အမတ် ကွယ်လွန် click
- လွိုင်ကော်မြို့တွင် ၀န်ကြီးတချို့ အိမ်ငှားနေကြရ click
- (၅) နှစ်အကြာ ဆင်းရဲမှု (၆) ရာခိုင်နှုန်း ကျဆင်းဟုဆို click
- ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်းပေးမည် click
- အစိုးရကို ရှောင်ရှား၍ မော်ချီးခဲများ မောင်ခိုဈေးကွက်တွင် ချရောင်း click
- သဘောထုတ်ဆိုမယ် သောနုတ္ထိုရ်တို့ရဲ့ မင်းကိုနိုင်ကို ရှက်ပါ၊ ပြီးတော့ ဒီငြိမ်းလင်း ကျော်ကိုကိုတို့ကို ရှက်ပါ (ဆောင်းပါး) click
- ဦးတေဇ ပြောတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု၊ စီးပွားရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ (အင်တာဗျူး) click
- ဇနီးသည် (၄၅) ဦး ရေလုပ်သားများအတွက် လျော်ကြေးတောင်း click
- အာဏာပိုင်နှင့် နီးစပ်သည့် ကုမ္ပဏီများ (၅) သိန်းတန် GSM ချပေးခွင့်ရရှိ click
- ရေလွှမ်းမိုးမှုကြောင့် ချင်းပြည်သူများ လယ်ယာလုပ်ငန်း မစနိုင် click
- သျှမ်းပြည် (မြောက်ပိုင်း) တွင် လျှပ်စစ်မီတာခ ဈေးလျှော့ကောက် click
- မလေးရောက် မြန်မာပြည်သားတို့အတွက် သတင်းကောင်း click
- အခမဲ့ပညာရေးစနစ်ဟု ဆိုသော်လည်း ကျောင်းဝင်ကြေး ပေးနေရဆဲ click
- ကျောင်းဖယ်ရီခများ (၂) ဆခန့် မြင့်တက် click
- ကျော်သန်းမြင့် (ဗန်းမော်) ကွယ်လွန် click
- ဂန္ထဝင်ကို အသက်သွင်းတဲ့ ဆူးငှက် (အင်တာဗျူး) click
- တွယ်ရာမဲ့ဘဝ စိတ်ရောင်စုံ (ဆောင်းပါး) click
- အိပ်ပျော်နေဆဲ အမှန်တရား (ကဗျာ) click
- ထပ်စင်၏ ညီမကို မဟုတ်မမှန် ထွက်ဆိုမှုဖြင့် အရေးယူရန် တောင်းဆို click
- ခေါင်းမြီးခြုံ အီရန်အမျိုးသမီးဘောလုံးအသင်း အိုလံပစ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရ click
- MTV ရဲ့ ၂၀၁၁ ရုပ်ရှင်ဆုပေးပွဲ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:48 PM
0
comments
Labels: သတင်း




























