Friday, June 10, 2011

ကျနော်ရောက်ခဲ့ဖူးသော ထိုင်း-မြန်မာနယ်စပ်ဂိတ်များ - အပိုင်း (၂)

ထွန်စက်တာယာနဲ့ ရေကူးတဲ့ ဂိတ်ကနေ ထွန်စက်တကယ်မောင်းတဲ့ ဂိတ်ဆီသို့
ထက်အောင်ကျော်

လူသားစွမ်းအင်သုံး ခေတ်သစ်ရေယာဉ်တွေကို လေ့လာခဲ့ပြီးတဲ့နောက် ဒုတိယ နယ်စပ်ဂိတ်အဖြစ် ကျနော် ရောက်ခဲ့တဲ့နေရာကတော့ နိုပိုးဒုက္ခသည်စခန်းကနေ မော်တော်ဆိုင်ကယ်နဲ့ တနာရီနီးပါး ထပ်သွားရတဲ့ ပန်ခ ရာ့ဂိတ်ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ သွားတယ်ဆိုပေမယ့် တကယ်က အဲဒီနေရာဟာ မဲဆောက်-အုန်းဖျန်၊ အုန်း ဖျန်-နိုပိုး လိုင်းကားဂိတ်ဆုံးတဲ့နေရာဖြစ်လို့ မဲဆောက်ကနေ လိုင်းကား တခါတည်းစီးပြီးလာရင်လည်း ရောက် နိုင်တဲ့နေရာပါ။ လမ်းကတော့ အတော်ဆိုးပါတယ်။ ကတ္တရာတွေ ကွာနေတဲ့အပြင် ချိုင့်ခွက်တွေကလည်း အ တော်များတဲ့အတွက် ဆိုင်ကယ်ကိုတောင် အရှိန်နဲ့မောင်းဖို့ သိပ်မလွယ်တဲ့နေရာမျိုးပါ။


နိုပိုးဒုက္ခသည်စခန်းနဲ့ သိပ်မဝေးတဲ့ အရပ်က ထိုင်း-မြန်မာနယ်စပ်ဂိတ်တခု

အဲဒီရွာကို ၀င်ဝင်ချင်း ကျနော် သတိထားမိတာကတော့ ကေအန်ယူ တပ်မဟာ (၆) နယ်မြေထဲက ရွာတွေလို ကွမ်းသီးပင်တန်းတွေ၊ ကျွန်းသစ်တိုင်အကြီးကြီးတွေနဲ့ ဆောက်ထားတဲ့ သစ်သားအိမ်တွေ၊ နွားထိန်းသိမ်းရေး စခန်းတွေ (မြန်မာပြည်ကနေ ပို့လာတဲ့ နွားတွေကို ထိုင်းဘက်က ကုန်တင်ကားပေါ်မတင်မီ ထိန်းသိမ်းထား တဲ့နေရာကို အတိအကျ မခေါ်တတ်လို့ သင့်သလိုသုံးလိုက်ပါတယ်)၊ စားသောက်ဆိုင်၊ အ၀တ်ဆိုင်နဲ့ အိမ်သုံး ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို မြင်ခဲ့ရပါတယ်။

နယ်စပ်ဂိတ်ကိုလည်းရောက်ရော၊ ဟိုဘက်ကမ်းမှာ သုံးရောင်ခြယ် ကြယ်ဖြူတလုံးပါတဲ့ အလံတိုင်ကိုသာ မြင် ရပြီး စစ်သားတွေရဲ့အရိပ်အယောင်ကို မမြင်ရ။ အလံတိုင်အောက်က ၀ါးတားဂိတ်ကို ကျော်ပြီး မြန်မာဘက်က ဈေးတန်းကို သွားလည်လို့ရတယ်လို့ ကျနော့်ကို လိုက်ပို့တဲ့ သူငယ်ချင်းက ပြောပေမယ့် သူလည်း မသွားရဲ၊ ကျနော်လည်း မသွားရဲခဲ့။ ဒါနဲ့ပဲ နယ်စပ်ဂိတ်တည့်တည့်မှာ ရပ်၊ ဗွီဒီယိုမှတ်တမ်း ရိုက်မယ်ပြင်တော့ ဟိုဘက် ဒီဘက်သွားနေတဲ့ ယာဉ်တွေက လယ်ထွန်စက်အသေးစား သို့မဟုတ် ဒေသအခေါ် ထော်လာဂျီတွေ ဖြစ်နေ တာကို တိုက်တိုက်ဆိုင်ဆိုင် တွေခဲ့ရပြန်ပါတယ်။

- အသေးစိတ်ကို အပေါ်က ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။

- ယှဉ်တွဲဖတ်ရှုရန် - “ထိုင်း-မြန်မာနယ်စပ် နိုပိုးဒုက္ခသည်စခန်းသို့ အလည်တခေါက်” click

မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ် (သို့မဟုတ်)
ခြောက်ပေ ချောင်းခြား တို့နှစ်ယောက်သား

ဒီတခေါက်ခရီးစဉ်အတွင်း မြ၀တီနဲ့ နယ်စပ်ဂိတ်မှအပ အခြားနယ်စပ်တွေဆီသွားဖို့ အချိန်မရလိုက်ပါဘူး။ ဒါ ပေမယ့် ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်း နယ်စပ်ဂိတ်အားလုံးနီးပါးဆီ ကျနော်ရောက်ခဲ့ဖူးတဲ့အတွက် အဲဒီအခေါက် တွေတုန်းက ရိုက်ကူးခဲ့တဲ့ မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်ရဲ့အခြေနေကို တင်ပြလိုက်ပါတယ်။

- အောက်က ဗွီဒီယိုဖိုင်မှာ ကြည့်ရှုကြပါရန် ...


မယ်ဆိုင်-တာချီလိတ် တံတားပေါ်က ကုန်သွယ်ရေးအခြေအနေ
(ဆက်ပါမည်)

ထက်အောင်ကျော်

1 comment:

နောင်ရိုး said...

ဆောင်းပါးဖတ်ပြီးရေးမလို့  အလုပ်များနေတာနဲ့  အခုမှရေးဖြစ်တယ်...နီးစပ်ရာ မိတ်ဆွေတွေကိုလည်း ဗဟုသုတ ဖလှယ်တဲ့ သဘောနဲ့ မေးကြည့် မိပါတယ်...အခုဆောင်းပါးခေါင်းစဉ်...က ထွန်စက်တာယာ နဲ့  ရေကူးတယ်...ဆိုတာမဖြစ်နိုင်လောက်ဘူးထင်တယ်ဗျာ...ဘယ်တာယာနဲ့ မှ ရေကူးတာမတွေ့ဘူးပါဘူး..တာယာ အတွင်းက ကျွတ် ကိုလေထိုးပြီး သုံးကြတာဘဲတွေ့ ဘူးပါတယ်..။ ဖြစ်နိုင်ရင် သေသေခြာခြာ ပြန်လေ့ လာပြီး အဲဒီ ဆောင်းပါး လွဲနေတဲ့ ဆိုတဲ့ အကြောင်း စာဖတ်သူတွေကို ပြန်ပြောပေးနိုင်ရင် ကောင်းမယ်လို့ အကြံပြုချင်တယ်.။