သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေအပ်ပါသည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာ (နတလ) စံပြကျေးရွာမှ လယ်သမားများဖြစ်ကြသော ဦးသိန်းလှအောင် (ဘ) ဦးပြုံးချိုပါ (၉) ဦးအား နိုင်ငံတော်အစိုးရ မှ လယ်မြေ (၂.၀၀) ဧကစီ ခွဲဝေပေးလျက်ရှိရာ ထိုအထဲမှ ရပိုင်ခွင့်ရှိသော လယ်မြေ (၁၄.၀၀) ဧကကို မောင် တောခရိုင် အထွေထွေအုပ်ချူပ်ရေးမှူး (ယခင်ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ) ဗိုလ်မှူး ထွန်းနိုင်လင်းမှ ၄င်းကျေးရွာနေ ရှော်ဖိရာမန်ပါ (၁၇) ဦးအား ငွေ ၄,၈၀၀,၀၀၀ိ/- (ကျပ်လေးဆယ့်ရှစ်သိန်းတိ တိ) ဖြင့် ရောင်းစားခဲ့ပါသဖြင့် ယခုမိုးရာသီအချိန်တွင် ထွန်ရက်စိုက်ပျိုးရန် လွန်စွာပင် အခက်အခဲတွေ့ကြုံနေ ရပါသည်။
ဦးသိန်းလှအောင်ပါ (၉) ဦး၏ လယ်မြေ (၁၄) ဧက ရောင်းရငွေကို ဗိုလ်မှူးထွန်းနိုင်လင်းမှ ကိုယ်တိုင်လက်ခံ ရယူခြင်းမပြုဘဲ မောင်တောမြို့နယ် မြေစာရင်းဦးစီးမှူး ဦးလှထွန်းဖြူက ရှော်ဖိရာမန်ပါ (၉) ဦးထံမှ ငွေ ၄,၈၀ ၀,၀၀၀ိ/- (ကျပ်လေးဆယ့်ရှစ်သိန်းတိတိ) ကို ခရိုင်အထွေထွအုပ်ချူပ်ရေးမှူး (ယခင် ခယကဥက္ကဌ ) အား ပေးရန် လက်ခံရယူခဲ့ကြောင်း ရှော်ဖိရာမန်ပါ (၉) ဦးမှ ပြောပါသဖြင့် အဆိုပါမြေအား ယခုနှစ်တွင် ထွန်ရက်မ ရနိုင်ဖြစ်နေပါသည်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကူညီဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
မောင်တောသား
Friday, June 10, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment