Friday, June 10, 2011

နံပါတ် (၂) ရန်သူ - သွေးစုပ်တရုတ်အစိုးရ

နံပါတ် (၂) ရန်သူ - သွေးစုပ်တရုတ်အစိုးရ
ဦးအေးဆောင်
သရုပ်ဖော် - ကာတွန်းဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

နိုင်ငံပေါင်း (၃၅) နိုင်ငံမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သော လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာ ဗျူဟာလေ့လာရေးအဖွဲ့ အစည်းအဝေးကို ဇွန် (၃) ရက်မှ (၇) ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ် ရာ တရုတ်ကာကွယ်ရေးဝန်ကြီး လျန်းကွမ်းလီ တက်ရောက်ခဲ့သည်။ သူ၏ ပြောဆိုရှင်းလင်းချက်များသည် ဒေသအတွင်း တည်ငြိမ်မှုကို ထိပါးစေကြောင်း သိရှိလာရသည်။ ဗီယက်နမ်ကဲ့သို့သော နိုင်ငံသည်ပင် တရုတ် အန္တရာယ်ကြောင့် အမေရိကန်ဘက် ယိမ်းနေရတော့သည်။

တရုတ်တို့၏ ဒေသတွင်း သြဇာချဲ့ထွင်မှု ခြေလှမ်းတို့မှာ စီးပွားရေးကို နောက်ခံပြုပြီး စစ်ရေးနှင့် ထိန်းချုပ်ရန် မြန်မာပြည်၊ သီရိလင်္ကာ၊ ပါကစ္စတန်တို့တွင် ရေနက်ဆိပ်ကမ်းများကို တည်ဆောက်လာမှုက ပေါ်လွင်လာခဲ့ သည်။ တရုတ်၏ ဗျူဟာအောက်တွင် မြန်မာပြည်သည် အသုံးချခံအဖြစ် လုံးလုံးကျရောက်သွားတော့မည်ဖြစ် သည်။ မြန်မာပြည်မှ စစ်အာဏာရှင် ဗိုလ်ချုပ်တို့သည် ပြည်တွင်းရှိ ပြည်သူများ၏ ထောက်ခံမှုကို မရရှိသဖြင့် နိုင်ငံခြားမှရသည့် ငွေနှင့်လက်နက်တို့ကို အားကိုးကာ ဖိနှိပ်အုပ်စိုးနေကြရရာ သွေးစုပ်အမြတ်ထုတ်လိုသော တရုတ်တို့အကြိုက် ဖြစ်စေခဲ့ရသည်။ နအဖစစ်အာဏာရှင်နှင့် တရုတ်အစိုးရတို့ ပူပေါင်းလျက် မြန်မာပြည်သူ များကို ထင်သလို သွေးစုပ်ခြယ်လှယ်နေကြတော့သည်။ တရုတ်အစိုးရသည် မြန်မာစစ်အာဏာရှင် စစ်ဗိုလ် တို့ကို မွေးစားလာခဲ့ကြသည်။

မြန်မာပြည်အပေါ် တရုတ်၏ သြဇာ မည်မျှသက်ရောက်နေသည်ကို “မန္တလေးဟာ တရုတ်မြို့ဖြစ်ပြီ” “တရုတ် တွေ မှတ်ပုံတင်ရလွယ်တယ်” “စစ်လက်နက်တွေ တရုတ်နယ်စပ်က ၀င်လာတယ်” “တရုတ်ရေတပ်သင်္ဘော သီလ၀ါဆိပ်ကမ်းမှာ လာဆိုက်တယ်” “သိန်းစိန်နဲ့ တရုတ်တို့ သဘောတူညီချက်တွေ လက်မှတ်ထိုးတယ်။ ငွေတွေရတယ်” ... ... စသည့်အချက်များက သိသာထင်ရှားစေသည်။

၁၉၈၉ ဗကပ ပြိုကွဲပြီးနောက် တရုတ်၏ မူဝါဒသည် မြန်မာပြည်အပေါ်တွင် လုံးဝသွေးစုပ်ရေး သက်သက်သာ ဖြစ်ခဲ့တော့သည်။ ဤသည်မှာ တင်ရှောက်ပင်၏ “အမျိုးသားအကျိုးစီးပွား” ခေါ် ကိုယ်ကျိုးကြည့်ဝါဒ၏ အကျိုး ဆက်တွေသာဖြစ်ပါသည်။ ကွန်မြူနစ်တို့၏ နိုင်ငံတကာစိတ်ဓာတ်၊ နိုင်ငံတကာအလုပ်သမားများညီညွတ်ရေး စိတ်ဓာတ်၊ အဖိနှိပ်ခံ ညီညွတ်ရေးစိတ်ဓာတ် မထားတော့ဘဲ သွေးစုပ်အမြတ်ထုတ်ရေး သက်သက်ဖြစ်သော အရင်းရှင်အယူဝါဒ လုပ်နည်းလုပ်ဟန်များသာဖြစ်ပါသည်။ အလံနီကို ဝှေ့ယမ်းနေတိုင်းလည်း ကွန်မြူနစ်မဖြစ် နိုင်ပါ။

ဖိနှိပ်ရက်စက်မှုကြောင့် နိုင်ငံတကာ၌ နံမည်ဆိုးနှင့် အပုပ်နံ့ တထောင်းထောင်းထွက်နေသော သန်းရွှေ၊ သိန်း စိန် စစ်အာဏာရှင်တို့ကို ယနေ့တရုတ်ပြည်အစိုးရသည် ဖိနှိပ်ခံပြည်သူများ၏ မျက်နှာကိုမကြည့် ကိုယ်ကျိုးစီး ပွားတခုတည်းဖြင့် ပူးပေါင်းသွေးစုပ်နေခြင်းသည် ကွန်မြူနစ်ကျင့်ဝတ်သိက္ခာနှင့် လုံးဝလွဲချော်နေပါသည်။ စစ် အာဏာရှင် နအဖကို စီးပွားရေးပိတ်ဆို့ထားရန် ပြည်သူများက ကြိုးပမ်းနေခဲ့သော်လည်း တရုတ်အစိုးရသည် “ဆွေမျိုးပေါက်ဖော်” ဆိုပြီး စစ်အာဏာရှင်တို့ကို မျက်စိစုံမှိတ်အားပေးနေခဲ့သည်သာ ဖြစ်ပါသည်။

လူထုအစိုးရလည်း မဟုတ်၊ ဒီမိုကရေစီအရ ရွေးကောက်သော အစိုးရလည်း မဟုတ်၊ တိုင်းရင်းသားစည်းလုံး ရေးလည်း မလုပ်နိုင်သော မြန်မာစစ်အာဏာရှင်ဗိုလ်ချုပ်တို့ကြောင့် မြန်မာပြည်သည် တရုတ်ကိုလိုနီဘ၀သို့ ကျရောက်တော့မည်ကို တားဆီးကြရတော့မည်။ ထိုသို့တားဆီးရာတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီ မိုကရေစီ လူထုအစိုးရ ထူထောင်ရေးကို မဖြစ်မနေ အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်လှသည်။

မတရားသွေးစုပ်ဖိနှိပ်မှုကို တွန်းလှန်သည်မှာ လူသားတို့၏သမိုင်းပင်ဖြစ်ပေရာ မြန်မာပြည်ရှိ ပြည်သူများသည် လည်း ငုံ့ခံတတ်သူများ မဟုတ်ကြသောကြောင့် ဖိနှိပ်မှုချုပ်ချယ်မှုတို့ကို တတ်နိုင်သမျှ နည်းပေါင်းစုံဖြင့် တိုက် ဖျက်ကြမည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။

သင်္ကန်းအရေခြုံထားသော သောနုတ္ထိုရ်တရုတ်အစိုးရကိုလည်းကောင်း၊ အမျိုးသားရေးလည်းမရှိ လူထုအကျိုး လည်း မကြည့်သည့် နိုင်ငံ့ဥသျှောင် အမည်ခံ စစ်အာဏာရှင်တို့ကိုလည်းကောင်း တရုတ်ဖိနှိပ်ခံ ပြည်သူများ အပါအ၀င် နိုင်ငံတကာပြည်သူများနှင့် လက်တွဲ၍ ဆန့်ကျင်တိုက်ပွဲဝင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ် ပါသည်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
စစ်အာဏာရှင်နဲ့ အပေါင်းပါတို့ကို ဆန့်ကျင်ကြ။
ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မုချရရမည်။

ဦးအေးဆောင်
(ဇွန် ၉၊ ၂၀၁၀)

No comments: