ကျနော်ရောက်ခဲ့ဖူးသော ထိုင်း-မြန်မာနယ်စပ်ဂိတ်များ - အပိုင်း (၁)
လူ့စွမ်းအင်သုံး ခေတ်သစ်ရေယာဉ် ထွန်းကားရာ မြ၀တီ-မဲဆောက်ဂိတ်
ထက်အောင်ကျော်
ပြီးခဲ့တဲ့ ဧပြီလ ထိုင်းခရီးစဉ်အတွင်း ကျနော် ပထမဆုံး သွားရောက်လေ့လာဖြစ်ခဲ့တဲ့ နယ်စပ်ဂိတ်ကတော့ မဲ ဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားဂိတ် ဖြစ်ပါတယ်။ မဲဆောက်ဘက်ရောက်တိုင်း ဒီတံတားဆီသွား၊ မြ၀ တီဘက်ကို ငေးကြည့်၊ အဲ ... အတိအကျ ပြောရမယ်ဆိုရင်တော့ မြ၀တီကို စိတ်ကူးနဲ့ ကျော်ဖြတ်ပြီး မော်လ မြိုင်-ရန်ကုန်-မန္တလေးအထိ မျှော်ကြည့်မိတယ်ဆိုပါတော့။ ထူးခြားတာကတော့ အရင်အခေါက်တွေသွားစဉ် က ချစ်ကြည်ရေးတံတားလည်းဖွင့်၊ တံတားအောက်က မှောင်ခိုလမ်းတွေလည်းဖွင့်၊ နှစ်လမ်းသွားနည်းနဲ့ ကုန် သွယ်နေတာကို တွေ့ရပေမယ့် ဒီတခေါက်ခရီးစဉ်မှာတော့ ချစ်ကြည်ရေးတံတားကြီးကို ပိတ်ထားတာနဲ့ တိုး နေခဲ့ပါတယ်။
ထုံးစံအတိုင်း တံတားရဲ့ညာဘက်အောက်နားမှာ စိုက်ထားတဲ့ “The Moei River, the westernmost point” ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ဓာတ်ပုံရိုက်၊ အဲဒီဆိုင်းဘုတ်အနီးက ကမ်းနားလမ်းဘေးတလျှောက်မှာ ရောင်းချနေ တဲ့ မြန်မာဘက်ကလာတဲ့ မှောင်ခိုပစ္စည်းမျိုးစုံကို ကြည့်။ ဒါပေမယ့် ဓာတ်ပုံရိုက်တာကိုတော့ အဲဒီဈေးသည် တွေက သိပ်ကြိုက်ပုံမရပါဘူး။ မကြိုက်ဆို .. ရောင်းနေတဲ့ပစ္စည်းတွေကလည်း ကြည့်ပါဦး၊ ဈေးပေါတဲ့ အရက် မျိုးစုံ၊ ဆေးလိပ်မျိုးစုံ၊ ဆေးဝါးမျိုးစုံအပြင် အပြာကားမျိုးစုံ ဗွီဒီယိုအခွေတွေ၊ နို့သီးခေါင်းအတု၊ လိင်တံအတု တွေ၊ လိင်ပိုင်းဆိုင်ရာ လိမ်းဆေးတွေ ... စသဖြင့် စုံနေတာပါပဲ။
မှောင်ခိုရောင်းနေတယ်ဆိုပေမယ့် လျှို့လျှို့ဝှက်ဝှက်တော့မဟုတ်။ ပူလီ-ပူလီ(ဆေးလိပ်)လို့ မနားတမ်း အော် နေတဲ့အပြင် “ဒါယူမလား အကိုး၊ ဈေးလည်း ပေါတယ်၊ ကောင်းလည်း ကောင်းတယ်။ ဟောဒီလို ဟောဒီလို လုပ်လို့ရတယ်လေ အကိုး” ဆိုပြီး ရော်ဘာလိင်တံအတုကို အမျိုးမျိုးလှုပ်ပြပြီး အော်ဟစ်ရောင်းချနေသူတဦး ကိုလည်း တွေ့ခဲ့ရပါသေးတယ်။
အဲဒီဈေးတန်းကို ကျော်ပြီး ရှေ့နည်းနည်း ဆက်လျှောက်မယ်ဆိုရင် မကြာခဏ ပြဿနာတက်လေ့ရှိတဲ့ ရေ လည်ကျွန်းဆိုတာကို ရောက်ပါတယ်။ ဒါပေမယ့် လုံခြုံရေးစိတ်မချရဘူးဆိုပြီး ကျနော့်ကို လိုက်ပိုတဲ့ သူငယ် ချင်းက ပြောလို့ အဲဒီကျွန်းထဲအထိတော့ မ၀င်ဖြစ်လိုက်ပါဘူး။
တံတားဘက်ကို ပြန်လျှောက်ပြီး ဗွီဒီယိုရိုက်ဖို့ပြင်တော့ ထိုင်းစစ်သား (၃) ဦးနဲ့ တိုးပါတယ်။ မြန်မာစစ်သား တွေလို ဗွီဒီယိုရိုက်ခွင့်တားမြစ်မယ်လို့ ထင်ထားပေမယ့် “မဲပင်လိုင် ထန်လုကောဒိုင်း၊ ဗီဒီအို ကောဒိုင်း” ဆိုပြီး M16 မောင်းပြန်သေနတ်ကိုင်ထားတဲ့ အသက် (၂၀) ကျော်အရွယ် ထိုင်းစစ်သားက ကျနော့်ကို ပြောပါတယ်။ ကျနော် တကယ်ရိုက်တော့ ကင်မရာကို သူကကျောပေးပြီး တယ်လီဖုန်းပြောနေတဲ့အတွက် အင်တာဗျုးတော့ မလုပ်နိုင်ခဲ့။ ဒါပေမယ့် ဓာတ်ပုံလုံးဝရိုက်ခွင့်မပေး။ သတင်းထောက် လုံးဝလက်မခံဘူးဆိုပြီး အမိန့်ထုတ်ထား တဲ့ ဒီနယ်စပ်ရဲ့ သောင်ရင်းမြစ် ဟိုဘက်ကမ်းကနေ အခြေအနေကို ချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေနဲ့ စာရင်တော့ ထိုင်းစစ်သားတွေရဲ့ မီဒီယာနဲ့ဆက်ဆံရေးအခြေအနေက အများကြီးကောင်းပါတယ်။
သောင်းရင်းမြစ် ဟိုဘက်ကမ်းနေ ချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေ ဘာတွေလုပ်နေလဲဆိုပြီး ကျနော် သိချင်လာတဲ့အတွက် အဲဒီဂိတ်နား နီးနိုင်သမျှ နီးအောင်သွားဖို့ ကျနော်ကြိုးစားပေမယ့် ကျနော့်သူငယ်ချင်း ကခွင့်မပြု။ သူစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ထိုင်းစစ်သား (၄-၅) ဦးက တံတားအောက်မှာပဲ ထိုင်စောင့် နေတာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကနေ တဖွဲဖွဲ တက်လာနေသူတွေဟာ ထိုင်းစစ်သားတွေ ထိုင်နေတဲ့ နေရာက နေ လှမ်းမမြင်နိုင်တဲ့ ချစ်ကြည်ရေးတံတားရဲ့ အောက်ဘက်နားကနေ လူသွားလမ်းလေးတလျှောက် တက် လာနေတာဖြစ်ပါတယ်။ ကျနော် သိပ်သွားချင်နေမှန်းသိတော့ ကျနော့်သူငယ်ချင်းက လမ်းကြောင်းရှာပြီး တောလမ်းကနေပတ်ပြီး အဲဒီရေဆိပ်အနီးထိ ကားမောင်းသွားပါတယ်။
ဟော .. ကားရပ်တဲ့နေရာကနေ မြစ်ကမ်းနားဘောင်ပေါ်တက်လိုက်တာနဲ့ လူတွေ ရာနဲ့ချီ အသွားအပြန်သယ် ပို့နေတဲ့ လယ်ထွန်စက်အတွင်းတာယာသုံး ခရီးသည်တင်ယာဉ်တွေကို တွေ့ပါလေရော။ ဒီနေရာကို ကမ္ဘာ လှည့်ခရီးသည် လာခွင့်မပြုတဲ့အတွက် ဒီမြင်ကွင်းအပေါ် နိုင်ငံခြားသားတွေ ဘယ်လိုမြင်သလဲဆိုတာ ကျနော် မေးခွင့်မရလိုက်။ ဒါပေမယ့် ဥရောပပြန် ကျနော့်မျက်စိထဲမှာတော့ တကယ့်ကိုကိုးယိုးကားယားပါပဲ။ ပေ (၅၀) လောက်သာကွာတဲ့ အပေါ်ဘက်မှာ ဘတ်ငွေသန်း (၂၀၀) လောက်အကုန်ကျခံ ဆောက်လုပ်ထားတဲ့ တံတား ကြီးရှိပါရဲ့နဲ့ အဲဒီတံတားကို ပိတ်ထားပြီး တံတားအောက်ရေပြင်ထဲကနေ လယ်ထွန်စက်တာယာကို စီးပြီး သက်စွန့်ဆံဖျား ရေထဲကူးနေရတယ်လို့ ...။
အသံမထွက်အောင် ထွန်စက်တာယာကို သုံးတာလား။ လောင်စာဆီသက်သာအောင် သုံးတာလား ဆိုတာကို တော့ ကျနော်အတိအကျမသိခဲ့။ ဒါပေမယ့် ဟိုဘက်ကမ်း ဒီဘက်ကမ်း အော်ပြောနေကြတဲ့အသံတွေကတော့ လှေစက်သံထက်တောင် ပိုကျယ်နေတဲ့အတွက် အသံမထွက်အောင်၊ နှစ်ဘက်အာဏာပိုင်တွေ မသိအောင် ခိုးသွားနေတာမျိုးတော့ ဟုတ်ပုံမရပါဘူး။ တရားဝင်တပိုင်းအဖြစ် မြန်မာစစ်တပ်ကို အခွန်ငွေဆောင်ပြီး သွား နေရတာဖြစ်တယ်လို့ ထိုင်းဘက်ကမ်းကို ရောက်လာတဲ့ ခရီးသည်တချို့က ပြောပါတယ်။
ဒီသောင်ရင်းမြစ်ဖြတ် ထွန်စက်တာယာရေယာဉ်ကို ဗွီဒီယိုရိုက်ရတာကလည်း သိပ်မလွယ်ပါဘူး။ ဟိုဘက် ကမ်းက နအဖတပ်က မှန်ပြောင်းနဲ့ ဆွဲပြီးကြည့်နေသလားဆိုတာ စိုးရိမ်နေရပါတယ်။ နောက်တခါ ဒီလမ်း ကြောင်းကို ကြီးစိုးထားတဲ့ လူပွဲစားတွေကလည်း ဒီလိုရိုက်တာကို သိပ်ကြိုက်ပုံမရ။ ဒါပေမယ့် သူတို့ကတော့ တည့်တည့်မပြော၊ လူပွဲစားပီသစွာနဲ့ ဒီပလိုမေစီသုံးပြီးတော့ ဒီလိုပြောပါတယ် “ဟေး ... နင်တို့ ဒီဘက်မှာ ဗွီဒီ ယိုရိုက်တာကတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ဟိုဘက်ကမ်းက မှန်ပြောင်းနဲ့ ကြည့်ပြီး စနိုက်ပါနဲ့ ပစ်လိုက် ရင် ပြဿနာဖြစ်မယ်” တဲ့။ ဒီတော့ ကျနော်တို့လည်း ပြောက်ကျားနည်းကို သုံးပြီး (၃) မိနစ်ရိုက်၊ (၃) မိနစ် ပြေးစနစ်နဲ့ မဲဆောက်မြို့ဆီ ခပ်သွက်သွက်လေး ပြန်လှည့်လာခဲ့ရပါတယ်။
- အသေးစိတ်ကို အပေါ်က ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။
(ဆက်ပါမည်)
ထက်အောင်ကျော်
No comments:
Post a Comment