* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Saturday, May 7, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၇) (နိဂုံးပိုင်း)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၇) (နိဂုံးပိုင်း)
ဒေါက်တာလွဏ်းဆွေ

ဤနိဂုံးပိုင်းမှာ ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” ဆိုတဲ့ လူထု တိုက်ပွဲနည်းနာ အကြံပြုစဉ်းစားချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ မတင်ပြမီ အခြေအနေအရပ်ရပ်ကို ပြန်ပြီး သုံးသပ်ရရင်ဖြင့် ဒီကနေ့အချိန်ကာလမှာ မျက်စိပသာဒပိုင်းအရ အရင်ကနဲ့မတူ တမူထူးခြားတာလေးတော့ အနည်းငယ်ရှိလာတယ်လို့ ပြောရပါမယ်။ ဘာထူးခြားတာလဲဆိုတော့ (၂၃) နှစ်ကြာ “ပြည်သူ့မေတ္တာခံယူတဲ့ သားတွေပါခင်ဗျ” လို့ ဆလံသရမယ့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့နှစ်ယောက် စစ်အာဏာရှင်ဇာတ်ခုံကြီး ရဲ့ ကန့်လန့်ကာနောက်ထဲ ၀င်ပုန်းသွားကြပြီး ကန့်လန့်ကာရှေ့မှာ ကျန်ခဲ့တဲ့ ဗိုလ်သိန်းစိန်တို့တသိုက် ကြံ့ဖွံ့ပု ဆိုးနဲ့တိုက်ပုံ လဲဝတ်လိုက်ကြတဲ့ ထူးခြားမှုပါပဲ။ ဒါပေမယ့် စစ်အာဏာရှင်ဇာတ်ခုံကြီးနဲ့ အဆောက်အအုံကြီးက ရှိမြဲအတိုင်းရှိနေပြီး ဗိုလ်သန်းရွှေတို့ ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲတဲ့အတိုင်း ဇာတ်ခုံပေါ်ကျန်ခဲ့တဲ့ ဘောင်းဘီချွတ် ကြံ့ဖွံ့မောင်တွေ ကနေကြရဆဲ၊ ကနေကြရဦးမယ်ဆိုတာကိုတော့ နိုင်ငံရေးအကင်းပါးသူတိုင်း ရိပ်မိသိရှိကြမှာအမှန်ပါ။

ဦးသိန်းစိန်တို့ မအူမလည်တသိုက် အဲသလို ဆက်မိုက်ကြဖို့ ပြင်နေကြချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ဒီ မိုကရေစီလိမ်ဆင်ပြဇာတ်တော်ကြီးမှာ ကပြအသုံးတော်ခံခွင့်ရမယ်အထင်နဲ့ (စစ်အာဏာရှင်ဇာတ်ခုံဟောင်းကို ဒီမိုကရေစီဇာတ်ခုံအထင်နဲ့) ပါတီထောင်ခဲ့ကြသူတွေအားလုံးလည်း ၂၀၀၈ အတုအယောင်အခြေခံဥပဒေမှာ ဗိုလ်သန်းရွှေ ဇာတ်ညွှန်းခွဲပေးထားတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ၊ အမြီးနှန့်ကကွက်တွေနဲ့သာ တသဝေ မသိမ်း ကပြအသုံးတော်ခံခဲ့ကြရတာကိုလည်း အာလုံးမြင်တွေ့ခဲ့ကြရပြီမဟုတ်ပါလား။ ပြောရရင် ပါတီထောင် ခဲ့ကြသူတွေအားလုံး အမည်ခံ ‘ပါတီ’ တေးနဲ့ ‘ပါပီ’ ကလေးတွေ ဖြစ်ခဲ့ကြရတယ်ပေါ့ခင်ဗျာ (နောက် ၅ နှစ်အ ကြာမှာ ပါပီကလေးတွေအဆင့်ကနေ ကြွက်စုတ်ကလေးတွေအဆင့်လောက် ရှိနေသေးရင် ကံကောင်းတယ် လို့ ပြောရမှာပေါ့)။

နောက်ပြီး ‘ဦးသိန်းစိန်အစိုးရသစ်’ ဆိုတာကြီးသာ ပေါ်လာတယ်၊ နအဖစစ်အစိုးရလက်ထက်က ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကိုလည်း မလွှတ်ရဲ၊ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း မပေးရဲဘဲ ဖိနှိပ် ရေးယန္တရားတွေကို တိုးချဲ့ဖို့သာ အကွက်စိစိ လုပ်ဆောင်နေတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ မစဉ်းစားဘဲ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေကိုသာ တွေ့နေရလို့ စစ် အာဏာရှင်စနစ်ကြီး အမြစ်ယိုင်နဲ့ခြင်းမရှိသေးဘဲ ရှိမြဲအတိုင်း အမြစ်တွယ်နေဆဲဆိုတာ သိသာထင်ရှားလွန်း နေပါတယ်။ အဲဒီတော့ အစိုးရသစ်ဆိုတာကြီး ဘယ်လိုပဲ ပေါ်လာပေါ်လာ ဒီကနေ့အချိန်ကာလဟာ မြန်မာ ပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရဦးမယ့် အချိန်ကာလ (တော်လှန်ရေးကာလ) ပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး ရှင်းရှင်းလင်းလင်း မြင် ကြပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အခုတလောမှာ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြရဦးမယ့် ကျနော်တို့တတွေအတွက် စိတ်ဓာတ် ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့ ထွက်ပေါ်လာနေတာမို့ အဲဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်မကျ၊ စိတ်ဝမ်းမကွဲစေဖို့ ကျနော့်အနေနဲ့ အကြံပြုချင်စိတ်ဖြစ်ပေါ်နေမိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့ ကြားလာရတဲ့ စိတ်ဓာတ်ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့က (၂၃) နှစ်နီးပါး ဒီမိုကရေစီတိုက်ပွဲအတွက် ယုံကြည်ကိုးစားခဲ့တဲ့ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ဆီက ထွက်ပေါ်လာတဲ့ စကားတွေ ဖြစ်နေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းက ဒီမိုကရေ စီအင်အားစုတွေအကြား အတော်ကလေး တာသွားလွန်းလှတာမို့ ဆက်လက်တိုက်ပွဲဝင်ရဦးမယ့် တော်လှန် ရေးကာလမှာ တိုက်ပွဲဝင်ချင်သူတွေ စိတ်ဓာတ်ကျဆင်းကုန်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေကြသူချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲဝင်ရဦးမယ်လို့ ယုံကြည်သူတွေကြား ကွာဟမှု ပိုကြီးလာမှာကို ကျနော့်အ နေနဲ့ အထူးစိုးရိမ်နေမိတာပါ။

အဓိကကတော့ နောက်ဆုံးအကြိမ် အကျယ်ချုပ်က ပြန်ထွက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက် မဟုတ်” လို့ ပြောဆိုလာ တာမျိုးတွေ၊ “ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ” လို့ ဖြေကြားလာတာမျိုးတွေ၊ “အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းရေးကိုပဲ လုပ်ဆောင်မယ်” လို့ ပြောဆိုလာတာမျိုးတွေကြောင့် အခြားနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်မှဖြစ်ဦးမယ်လို့ ယုံကြည်နေသူတွေအကြားမှာ တိုက်ပွဲဝင်ချင်စိတ်တွေ လျော့ပါးကုန်မှာစိုးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲနည်းနာပေါင်းစုံအသုံးချရေးကို ယုံကြည်သူတွေအကြား စိတ်ဝမ်းကွဲကုန်မှာ ကို စိုးရိမ်မိတာရယ်ပါ။ ဘယ်လို သဘောထားကွဲစရာတွေ ရှိတယ်ဆိုတာကို အပိုင်း (၆) မှာ ကျနော် အသေး စိတ် ဆွေးနွေးခဲ့ပြီးပါပြီ။

ကျနော် အကြံပြုချင်တာက ဒီလိုပါ။ ကျနော်တို့ ခေါင်းဆောင်တင်ခဲ့ပြီးသား ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ တဲ့ ၂၃ နှစ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ရာနှုန်းပြည့်ပေးဆပ်ခဲ့တာ သေချာလွန်းလှတာရယ်မို့ အသင်းခေါင်း ဆောင်လက်ပတ်နဲ့ ဆက်လက်ရှိနေစေပြီး (ကွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးတာကိုကလည်း စိတ်ဓာတ်ရေးရာအရ အားဖြစ်စေတာမို့) တော်လှန်ရေးကာလကို တိုက်ပွဲနည်းနာပေါင်းစုံနဲ့ ဖြတ်သန်းဖို့ လို အပ်နေသေးတယ်လို့ ယုံကြည်တဲ့သူတွေကသာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ အ ကြံပြုချင်တာပါ။

အဲဒီလို တော်လှန်တိုက်ပွဲဝင်ကြရင်း စစ်အာဏာရှင်စနစ် အမြစ်ကျွတ်သွားတဲ့တနေ့မှာ တဖြေးဖြေးချင်း ငြိမ်း ချမ်းစွာပြောင်းလဲရေးကို ဦးတည်လျှောက်လှမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာပေါင်းစုံအသုံးချတိုက် ပွဲဝင်သူတွေ ပြန်လည်ချိတ်ဆက်မိကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအခါကျရင်သာ ကျနော့်တို့အားလုံး ဒေါ် အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ကြီးတဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည် ဆောက်မှုကာလ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွေကို တက်ညီလက်ညီ ဖြတ်သန်းကြဖို့ တိုက် တွန်းလိုပါတယ်။

အခုအချိန်မှာတော့ တိုက်ပွဲဝင်ဦးမှဖြစ်မယ်လို့ ယုံကြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအ တွက် စတင်လုပ်ဆောင်ရမယ့် ဦးစားပေးလုပ်ငန်းစဉ်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး လုပ်ငန်းစဉ်ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပါမှ ရွှေဝါရောင်မ တိုင်မီမှာ ကျနော်တို့ရဲ့တိုက်ပွဲကို ထင်သာမြင်သာတဲ့ အရွေ့ရှိအောင် ဦးဆောင်မှုပေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရွှေဝါရောင်မတိုင်မီ ရွှေဝါရောင်အပြီးနဲ့ နာဂစ်သင့်ကာလတွေမှာ မြန်မာပြည် သူတွေကို အားဆေးတိုက်ကျွေးခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း တပါတည်း လွတ်မြောက်နိုင်မှာပါ။ သူ တို့တတွေ အပြင်ကို ပြန်ရောက်လာမှ သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ချိတ်ဆက်မိရင် ပိုမိုအားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်လာပြီး တိုက်ပွဲကို မြန်မြန်အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ထားတာလည်းရှိပါတယ်)။

လူမှုရေးလုပ်ငန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း၊ NLD နဲ့ ဦးသိန်းစိန်အစိုးရ ကြား (NLD ဟာ အာဏာလိုချင်လို့ မဟုတ်ပါဘူးလို့ ဦးသိန်းစိန်အစိုးရက မြင်လာတဲ့အထိ) ယုံကြည်မှု ဖြစ် တည်လာအောင် လုပ်ဆောင်ပြရင်း တွေ့ဆုံဆွေးနွေးရေးအဆင့်ထိ တက်လှမ်းလာမယ်လို့ မျှော်လင့်နေပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကလည်း လမ်းကြောင်းတခုအနေနဲ့တော့ သူ့ဟာသူရှိနေမှာပေါ့။ ကျနော့် တဦးချင်းအမြင်အရတော့ လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ … စတဲ့ ဖိအားပေါင်းစုံ ပေးနိုင်မှသာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအရေခြုံ စစ်အစိုးရ အကျပ်အတည်း ဆိုက်လာမယ်၊ အကျပ် အတည်းဆိုက်လာမှသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာမယ်လို့ ထင်ပါတယ်။ မဟုတ်လို့က တော့ စောင့်ရင်းနဲ့သာ တမလွန်ကို မြန်းရမယ့်ကိန်းလို့ပဲ မြင်မိပါတယ်။

အဲဒီတော့ အခုအချိန်မှာ နုနယ်ပျိုမျစ်ဆဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးအ ကျဉ်းသားတွေ လွတ်မြောက်ဖို့က အလွန့်အလွန်ကို အရေးကြီးနေပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ကတော့ လူထုတိုက်ပွဲနည်းနာနဲ့ ဆွဲထုတ်မှ ရမယ်လို့ မြင်ပါတယ် (ဦးသိန်းစိန်ရဲ့ အရပ်သားအရေခြုံ စစ်အစိုးရသစ်ကြီး က သဘောထားကြီးစွာနဲ့ အသာတကြည် လွတ်ပေးလိမ့်မယ်လို့ လုံးဝမထင်လို့ပါ)။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ် ရှားမှု စတင်နေတာ တွေ့ရပါတယ်။ အရှိန်ကောင်းလာတာ တွေ့ရလို့လည်း အားတက်ဝမ်းမြောက်မိပါတယ်။

ဒါပေမယ့် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုလောက်ကိုတော့ နအဖစစ်အစိုးရလက်ထက်ကတည်းက မျက်နှာပြောင် တာ ကျင့်သားရနေပြီးသားဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဆိုသူကြီးက မဖြုံရေးချမဖြုံလို့ မြင်မိပါတယ်။ လက်မှတ် ရေးထိုးတောင်းဆိုတဲ့အဆင့်ကနေ လူထုတိုက်ပွဲမျိုးနဲ့ ဖိအားပေးတောင်းဆိုတဲ့အဆင့်အထိ တက်လှမ်းတိုက်ပွဲ ၀င်နိုင်မှသာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဦးသိန်းစိန်စစ်အစိုးရက စဉ်းစားလာလိမ့်မယ်လို့ ထင်ပါတယ် (ဒီကြားထဲမှာတော့ ဦးသိန်းစိန်အစိုးရက သူတို့ အသက်ရှူချောင်ဖို့ နိုင်ငံရေးကစားတဲ့အနေနဲ့ နိုင် ငံရေးအကျဉ်းသား တချို့တလေလောက်ကိုပဲ လွှတ်ပေးမှာပါ)။ တပြိုင်နက်တည်းမှာ သံတမန်ရေးနည်း၊ စစ် ရေးနည်းတွေနဲ့ပါ ၀ိုင်းပြီး ဖိအားပေးနိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အပြင် ဒေါ် အောင်ဆန်းစုကြည် မျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်အထိပါ တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့် မိပါတယ် (မောင်လွဏ်းဆွေကလေး ပြောတာတွေလောက်တော့ ငါတို့လည်း မစဉ်းစားဘဲနေပါ့မလား၊ ဖြေး ဖြေးပေါ့ လာမှာပေါ့ ဆိုရင်လည်း ဆန္ဒစောပြီး ပြောနေမိတဲ့ ကျနော်မျိုးကြီး လေးဖြူမဟုတ်ကို ခွင့်လွှတ်ပါပေါ့ လေ)။

အဲဒီလို လူထုတိုက်ပွဲနဲ့ ဖိအားပေးတောင်းဆိုမှသာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်မယ်လို့ ယုံ ကြည်တာကြောင့် ကျနော်စဉ်းစားမိတဲ့ တိုက်ပွဲနည်းနာတချို့ကို တင်ပြချင်မိခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ “အာရပ်ဒီမိုကရေစီလှိုင်း” ကလည်း အကြီးအကျယ် ရိုက်ခတ်နေဆဲမို့ အဲဒီအာရပ်လှိုင်းကို အချိန်မီ လိုက်စီးနိုင် ရင်ဖြင့် နှစ်ရှည်လများ ထောင်တွေထဲမှာ ပေးဆပ်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်မြောက်နိုင် ကောင်းရဲ့လို့ စဉ်းစားမိတာကလည်း နောက်အကြောင်းတချက်မို့ အခုလို အရဲစွန့် တင်ပြမိခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကို ဖြစ်ပေါ်စေတဲ့ လှိုင်းလုံးဆိုတာမျိုးကလည်း အနှစ်နှစ်ဆယ်ကျော် အစိတ်နီးပါး ကြာမှ တခါ ရိုက်ခတ်တတ်တာမို့ ဒီတခါ ရိုက်ခတ်တဲ့ အာရပ်ဒီမိုကရေစီလှိုင်းကို အမီလိုက်မစီးရင်ဖြင့် ကျနော် တို့ အားကိုးတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ဆံဖြူသွား ကျိုးအရွယ်ကျမှသာ လွတ်မြောက်မယ့်ကိန်းပါပဲ။ အဲဒီလို မတွေးရဲ၊ မတွေးဝံ့စရာ အခြေအနေတွေ ရှိနေတာမို့ ကျနော်တို့ပြည်သူတွေအားလုံး အာရပ်လှိုင်းကို အမီလိုက်စီးကြစေချင်တာပါ။

ကျနော် အကြံပြုတင်ပြမယ့် တိုက်ပွဲနည်းနာကတော့ ရွှေဝါရောင်မတိုင်မီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တွေ ကိုယ်တိုင်ကျင့်သုံးသွားခဲ့တဲ့ လမ်းလျှောက်ခြင်းနည်းနာနဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးအတွက် ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့အဖွဲ့ ပြုလုပ်သွားခဲ့တဲ့ အပတ်စဉ် အင်္ဂါဝတ်ပြုဆုတောင်းပွဲ နည်းနာ နှစ်ခုကို ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနည်းနာနှစ်ခုစလုံးဟာ သာမာန်ပြည်သူတွေအတွက် ငွေကုန် ကြေးကျခြင်းလည်းမရှိ၊ အဖမ်းအဆီးခံရမယ့် အန္တရာယ်လည်းမရှိဘဲ လွယ်လွယ်ကူကူ လိုက်ပါလုပ်ဆောင်နိုင် တဲ့ နည်းနာတွေဖြစ်လို့ ကျနော့်အနေနဲ့ ယုံကြည်ကိုးစားစွာ အကြံပြုမိခြင်းဖြစ်ပါတယ်။

ပြည်ပရောက် ညီအစ်ကိုမောင်နှမများထဲကလည်း တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ချင်စိတ်ရှိသူတွေအ နေနဲ့ ပြည်တွင်းပြန်ဝင်လို့ အန္တရာယ်တစုံတရာမရှိသူမှန်သမျှ (ပြန်ဝင်လို့ အန္တရာယ်ရှိမရှိဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်အသိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို မလိမ်ညာမိဖို့ အရေးကြီးပါတယ်) ပြန်ဝင်ပြီး တိုက်ပွဲဝင်ကြဖို့ ကျနော့် အနေနဲ့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား (၅) သန်းလောက်ထဲက ငါးသောင်း လောက်ပဲ ပြန်ဝင်ပြီး တိုက်ပွဲဝင်ဦး နည်းနည်းနောနောအားမဟုတ်ပါ။ ကျနော့်အနေနဲ့လည်း လုံခြုံရေးအခြေ အနေအရ ပြန်ဝင်လှုပ်ရှားလို့ရပြီဆိုတာနဲ့ ပြန်ဝင်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း အပိုင်း (၆) မှာ ပြောခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ပကနေ လိပ်ခေါင်းထွက်အောင် အော်ဟစ် ကြေညာချက်ထုတ်နေတာလောက်ကို ဦးသိန်းစိန်အ စိုးရက ယားတယ်လို့ ခါးတွန့်မှာ မဟုတ်လို့ အမှန်တကယ် မျိုးချစ်စိတ်ရှိသူတွေကို ကျနော့်အနေနဲ့ တိုက်တွန်း နေရခြင်းဖြစ်ပါတယ် (ပြန်ဝင်ဖို့ အခြေအနေမပေးသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့က တော့ နိုင်ငံရေးကို စီးပွားဖြစ်လုပ်စားနေတဲ့ ဘာတပ်ပေါင်းစု၊ ညာတပ်ပေါင်းစု ဆိုတာတွေအစား အောက်ခြေ ထုက စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်တဲ့၊ ထိရောက်အားကောင်းတဲ့ အဝေးရောက် ပြည်သူ့အစိုးရသစ်တ ရပ် ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်ကြိုးစားသင့်တယ်လို့ ကြားဖြတ်အကြံပြုလိုပါတယ်)။

ကျနော် အကြံပြုတင်ပြမယ့် ပြည်တွင်းလူထုတိုက်ပွဲနည်းနာကတော့ အာဏာရှင်မှန်ရင် ကြောက်တတ်စမြဲဖြစ် တဲ့ လူထုလှိုင်းနဲ့ အင်အားပြမယ့် နည်းနာပါ။ ဦးသိန်းစိန်းအစိုးရဟာ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရ လား၊ အာဏာရှင်အစိုးရပဲလား ဆိုတာကို တဖြေးဖြေးချင်း စမ်းသပ်မယ့် တချက်ခုတ် နှစ်ချက်ပြတ် တိုက်ပွဲ နည်းနာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ တင်ပြပါမယ်။

“အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာများ

ရည်ရွယ်ချက် ။ ။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးမှသည် စစ် မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအထိ ရည်ရွယ်သည်။

အဓိဌာန် ။ ။ ငါသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် အကျဉ်း ထောင်အသီးသီးတွင် ပေးဆပ်တိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာသည် အထိ အပတ်စဉ် မပျက်မကွက် တိုက်ပွဲဝင်ပါမည်။ ငါ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် တိုက်ပွဲဝင် မှုကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပြီး ပြည်တွင်းစစ် အပြီးတိုင် ချုပ်ငြိမ်းပါစေ သား၊ စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေသား (တိုက်ပွဲဝင်ရန် ပိုင်းဖြတ်သူတိုင်း အဓိဌာန်ပြု ရွတ်ဆို ရန်)။

တိုက်ပွဲဝင်ရမည့်ရက် ။ ။ စနေနေ့နှင့် တနင်္ဂနွေနေ့ (စနေနေ့ကို “နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ် ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းရေးနေ့” အဖြစ် သတ်မှတ်ပြီး တနင်္ဂနွေ နေ့ကို “နိုင်ငံရေးအကျဉ်းသားများအတွက် နွေးထွေးမှုပေးရေးနေ့” အဖြစ် သတ်မှတ်သည်။ ပြည်သူအများစု လိုက်ပါလုပ်ဆောင်နိုင်မည့် အားလပ်ရက်နှစ်ရက်ကို ရွေးချယ်ခြင်းဖြစ်သည်)

စနေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာအရပ်နှင့် အနီးဆုံးရှိ ဘုရားသို့ တက်ရောက်၍ နိုင်ငံရေးအ ကျဉ်းသားများနှင့် ပြည်တွင်းစစ်ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းပါ။ ဘု ရားပေါ်တွင် အချိန်ပေးနိုင်သမျှ ကြာကြာနေပြီး ဆုတောင်းပေးပါ။ ဘုရားသို့ သွားရာတွင် တဦးချင်း (သို့မ ဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ (အခြားဘာသာဝင်များဖြစ်လျှင် လည်း မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ဘုရားရှိခိုးကျောင်း၊ ဗလီ … အစရှိသည်များသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းပါ)။

တနင်္ဂနွေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာ မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ထားရှိရာ အကျဉ်းထောင် ဆီသို့ နီးနိုင်သမျှ အနီးဆုံးအထိ ချဉ်းကပ်သွားရောက်ပြီး အပေါ်မှ အဓိဌာန်ကို ရွတ်ဆိုဆုတောင်းပါ။ တဦးချင်း (သို့မဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ။ ထောင်ဆီသို့ မျက်နှာမူကာ မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းပါ။ လုံခြုံရေးအခြေအနေကြောင့် မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းခွင့် မရလျှင် ထောင်နှင့် အနီးဆုံးနေရာမှ လမ်းဖြတ်လျှောက်ရင်း ရွတ်ဆိုဆုတောင်းပါ။ လမ်းဖြတ်လျှောက်ရန်ပင် အခက်အခဲရှိလာပါက စက်ဘီး၊ ဆိုက္ကားကဲ့သို့သော ယာဉ်များကို ဖြေးညင်းစွာစီးနင်း၍ ရွတ်ဆိုဆုတောင်းပါ (အကျဉ်းထောင်မရှိသော မြို့ရွာနေ ပြည်သူများအနေနှင့်မူ စနေနေ့လုပ်ငန်းစဉ်အတိုင်းသာ မပျက်မကွက် ဆောင်ရွက်ပါ)။

ဤ စနေနှင့် တနင်္ဂနွေနေ့များတွင် လုပ်ဆောင်ရန်များသည် လူထုတိုက်ပွဲ၏ ပထမအဆင့် နည်းနာများဖြစ် သည်။ တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်း၊ တစ်သောင်းမှ တစ်သိန်း၊ တစ်သိန်းမှ တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲလာသည်အထိ တိုက်ပွဲနည်းနာကို လက်ဆင့်ကမ်းပါ၊ မျှဝေပါ၊ အ ပတ်စဉ် မပျက်မကွက် အချိန်ပေးဆောင်ရွက်အောင် တိုက်တွန်းနှိုးဆော်ပါ။ တတိုင်းတပြည်လုံး ပါဝင်လာ သည်အထိ (၆) လ ကြာချင်ကြာမည်။ (၁) နှစ် ကြာချင်ကြာမည်၊ ဇွဲရှိရှိ ဆောင်ရွက်ပါ (ဒေါ်အောင်ဆန်းစု ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များပါ ပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် အတိုင်းအထက်အလွန်ဖြစ် ပြီး လူထုတိုက်ပွဲ လျင်လျင်မြန်မြန် အရှိန်မြင့်တက်လာမည်ဖြစ်သည်)။

မီဒီယာများ၊ စီတီဇင်ဂျာနယ်လစ်များသို့ မေတ္တာရပ်ခံချက် ။ ။ လူထုလှုပ်ရှားမှု အရှိန်မြှင့်လာသည်နှင့်အမျှ နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ပြီး နိုင်ငံတကာမီဒီယာများသို့ တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ပေးပါ။

ပထမအဆင့်တွင် သတိပြုရန်အချက်များ ။ ။ အထက်ပါ ပထမအဆင့် တိုက်ပွဲနည်းနာနှစ်ခုတွင် အောက်ပါအ ချက်များကို သတိပြုပါ။

ဘုရားဖူးသွားရောက်ရာတွင်ဖြစ်စေ၊ အကျဉ်းထောင်အနီးသို့ ချဉ်းကပ်ရာတွင်ဖြစ်စေ အချိန်ကြာမြင့်လာပြီး လိုက်ပါဆောင်ရွက်သူ များလာသည်နှင့်အမျှ စစ်တပ်၊ ရဲ လုံခြုံရေးချထားမှု၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့၏ စောင့် ကြည့်ခံရမှုလည်း ပိုများလာမည်ဖြစ်သည်။ ရှေ့ဆက်မသွားရ ဆိုသည်မျိုး တားမြစ်ပိတ်ဆို့လာမှုများ ကြုံတွေ့ လာရမည်ဖြစ်သည်။ ထိုအခါမျိုးတွင် လုံခြုံရေးများ၊ စောင့်ကြည့်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ဘုရား နှင့် အကျဉ်းထောင်ကို အနီးဆုံးချဉ်းကပ်၍ရသည့် နေရာအထိသာချဉ်းကပ်ပြီး အပတ်စဉ် မပျက်မကွက် လမ်း လျှောက် အဓိဌာန်ပြု ဆုတောင်းပါ။ ယုတ်စွအဆုံး လုံခြုံရေးများ တမြို့လုံးနီးပါး ချလာလျှင်လည်း ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဘဲ လျှောက်လို့ရသည့် နေရာတွင် ဆက်လျှောက်ကာ အသံတိတ် အဓိဌာန်ပြုဆုတောင်းပါ။

တိုက်ပွဲဒုတိယအဆင့် ။ ။ လိုက်ပါဆောင်ရွက်သည့် ပြည်သူများ တဖြေးဖြေး များပြားလာပြီး လူအင်အား သိ သိသာသာ တိုးများလာချိန်တွင် တိုက်ပွဲကို ရှေ့ဆောင်မည့်သူများ (တိုက်ပွဲဖော်မည့်သူများ) မုချပေါ်လာမည် ဖြစ်သည်။ ကြွေးကြော်သံ တိုင်ပေးမည့်သူများ ပေါ်လာမည်ဖြစ်သည်။ ဆိုင်းဘုတ်ထောင်၊ အလံကိုင်ရဲမည့်သူ များ ပေါ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး” တို့ကို အစပြု တောင်းဆိုရင်း တိုက်ပွဲဝင်သင့်သည်။

ဤနေရာတွင် အထူးသတိထားရမည်မှာ တိုက်ပွဲဖော်သည့် သူများသည် အတုအယောင် စစ်အုပ်စုဒလန်တွေ လား၊ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများလား ဆိုသည်ကို သေချာစွာ အကဲခတ်လေ့လာပါ။ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများ သေချာသည်ဆိုလျှင် စနေ၊ တနင်္ဂနွေတိုက်ပွဲဝင်များထဲမှ လိုက်ပါရဲသူများအနေနှင့် လုံခြုံရေးအနေအထားကို သတိကြီးကြီး၊ အကင်းပါးပါး၊ မျက်စိရှင်ရှင်ဖြင့် လိုက်ပါ အားပေးတိုက်ပွဲဝင်ပါ။ လိုက်ပါရန် စိုးရွံ့သေးသူများအနေနှင့် မိမိတို့ လုပ်ဆောင်နေသည့် တိုက်ပွဲပထမအ ဆင့်ကိုသာ မပျက်မကွက် လုပ်မြဲအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

တိုက်ပွဲတတိယအဆင့် ။ ။ ဤအဆင့်တွင် ဦးသိန်းစိန်အစိုးရ မင်းသားခေါင်းစွပ် ကွာကျပြီး ဘီလူးဆိုင်း တီး လာနိုင်သည်။ ဤအဆင့်ကို ဆက်လက်လိုက်ပါ တိုက်ပွဲဝင်ရဲသူများအနေနှင့် ရွှေဝါရောင်သံဃာ့အရေးအခင်း တုန်းကကဲ့သို့ “နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ” လောက်နှင့် မရတော့ဘဲ …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး”
“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး … ဒို့အရေး ဒို့အရေး”
“စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး … ဒို့အရေး ဒို့အရေး”

… စသည်များအထိ တိုးချဲ့တောင်းဆို တိုက်ပွဲဝင်သင့်သည်။ အကြမ်းအရမ်း နည်းနာပေါင်းစုံကို သုံး၍ တိုက်ပွဲ ၀င်ရန် ကြိုးစားသင့်သည် (အာရပ်လူထု၏ တိုက်ပွဲဝင်ပုံကို လေ့လာပါ)။ စစ်အုပ်စု၏ အကျိုးစီးပွားများနှင့် ဒေါက်တိုင်များ (အဆောက်အအုံ၊ ယာဉ်၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများ) ကို အဓိကပစ် မှတ်ထားပြီး မိမိတို့ဉာဏ်စွမ်းရှိသမျှ တဦးချင်းသော်လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ရဲဘော်ရဲဘက်ချင်း ချိတ်ဆက်၍သော်လည်းကောင်း နေ့ရောညပါ လက်ဦးမှုရှိရှိ ဖြိုချတိုက်ပွဲဝင်သင့်သည်။ အစိုးရယန္တရားပေါင်းစုံ ရပ်ဆိုင်းသည်အထိ ရည်ရွယ်လုပ်ဆောင်သင့်သည်။ ဤအဆင့်အထိ လိုက်ပါဆောင်ရွက်ရန် စိုးရွံ့သူများအ နေနှင့်မူ မိမိတို့ လုပ်ဆောင်နေသည့် ပထမအဆင့်ကို လုပ်၍ရသည့်နေရာတွင် မပျက်မကွက် ဆက်လက်လုပ် ဆောင် အင်အားပြပါ။

အဓိကမှာ တိုက်ပွဲအရှိန်မြင့်သထက်မြင့်လာပြီး မိမိတို့ တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးများကို ဦးသိန်း စိန်အစိုးရမှ လိုက်လျောလုပ်ဆောင်ပေးလာသည်အထိ (ယုတ်စွအဆုံး ဦးသိန်းစိန်အစိုးရ ပြုတ်ကျပြီး မိမိတို့ ခေါင်းဆောင်များ ဦးဆောင်သည့် ကြားဖြတ်အစိုးရ ပေါ်လာသည်အထိ) တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ နေ့ စဉ်ရက်ဆက် လမ်းပေါ်ထွက်၍ (ထွက်လို့ရသည့် နေရာသို့ ထွက်၍) ဇွဲရှိရှိ၊ သတ္တိရှိရှိ၊ အကင်းပါးပါး လုပ် ဆောင်ရန်ပင်ဖြစ်သည် (ရွှေဝါရောင်တုန်းကကဲ့သို့ တွေ့ဆုံဆွေးနွေးရေးအသံကြားသည်နှင့် တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ မိမိတို့လိုလားချက်များ အမှန်တကယ်ရရှိသည်အထိ တိုက်ပွဲဝင်ရန်ပင်ဖြစ်သည်)။

ဤတွင် ကျနော်၏ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာအကြံပြုချက် ပြီးပါပြီ။

*******

စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်လိုသူ ပြည်တွင်းပြည်ပမှ တိုက်ပွဲဝင် ညီအစ်ကို မောင်နှမများအနေနဲ့ အထက်ပါ တိုက်ပွဲနည်းနာများကို ယုံကြည်ပါက ဖတ်ရှုပြီးချိန်ကစပြီး မည်သူ့ကိုမှ တိုင် ပင်စရာမလိုဘဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ တိုက်ပွဲနည်းနာတွေကို ပြည်သူ လူထုထံ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိအောင်လည်း လက်ဆင့်ကမ်း ပို့ဆောင်ပေးကြစေလိုပါတယ်။ လိုက်ပါ ဆောင်ရွက်လာအောင်လည်း လူသတင်းလူချင်းဆောင်ပြီး စည်းရုံးလှုံ့ဆော်ပေးကြစေလိုပါတယ်။

မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ် ထွန်းလာတာကို မြင်တွေ့လိုတဲ့ မီဒီယာများအနေနဲ့လည်း “အာရပ်လှိုင်းကို အမီလိုက်စီးကြပါစို့” ဆိုတဲ့ အ ထက်ပါ လူထုတိုက်ပွဲနည်းနာများကို ပြည်သူများထံသို့ ပိုမိုရောက်ရှိအောင် ထုတ်လွှင့်တင်ဆက်ပေးကြဖို့ အ နူးအညွတ် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်လွတ်မြောက်မည်”

ဒေါက်တာလွဏ်းဆွေ

- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၆) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၅) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၄) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၃) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၂) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၁) click

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၅-၂၀၁၁)

- အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက် click
- မြန်မာ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ click
- မြန်မာအစိုးရ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ မဖြစ်နိုင်သေး click
- မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ ဦးခွန်ဆာနှင့် အမေရိကန်ပြည်ထောင်စု (၁) click
- အစိုးရသစ်၏ မျိုးချစ်စိတ်သစ် (တိုက်ရိုက်လေလှိုင်း) click
- အလှည့်ကျတော့ မနွဲ့စတမ်း ဆိုပေမယ့် ... click
- ဗြိတိန်အနုပညာပွဲတော်အတွက် ဒေါ်အောင်ဆန်းစုကြည် သတင်းစကား ပေးပို့ click
- ရှမ်းမြောက်ပိုင်း အစိုးရ၀န်ထမ်းများ အသတ်ခံရ click
- အဆွဲခံရတဲ့ ကလေးစစ်သား အိမ်ပြန်ရောက် click
- အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းမိသားစု (၄ဝ) ကျော် နှင်ထုတ်ခံရ click
- ထိုင်းကို ခိုးဝင်တဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရ click
- ရခိုင်ဘက်ခြမ်းတွင် ကားလမ်းပျက်စီးနေ၍ ရန်ကုန်-စစ်တွေ ခရီးသွားခြင်း အန္တရာယ်များ click
- ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့ နွမ်းပါးသူများကို အခမဲ့ ကုသပေး click
- Dunkley တရားလို နေမကောင်း၊ အမှု ကြာနိုင် click
- CDMA 450 နှင့် 800 MHz ဖုန်းချပေးမှု အကန့်အသတ်မရှိ ရပ်ဆိုင်း click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- (၃) နှစ်ကြာ နာဂစ်ဒဏ်ရာ (ရုပ်သံ) click
- သားသားလေး ကျောင်းဆင်းရင် တော်ပါပြီ (AIDS ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ) click
- မြန်မာ ရေလုပ်သားများနဲ့ ရေပန်းစားတဲ့ ‘အာဆီယံ’ (ဆောင်းပါး) click
- မတရားဥပဒေ စိုးမိုးရေး အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေ (ဆောင်းပါး) click
- ဘ၀တွေ ဘယ်လို တည်ဆောက်ခဲ့ပြီး ဘာကြောင့် ပြိုလဲသွားကြတာလဲ (ဆောင်းပါး) click
- ဒုက္ခကို ပျားရည်ဆမ်း၍ (၇) (ဆောင်းပါး) click
- မစ်ရှီဂန်ကပေးတဲ့စာ (၆၇) (အသံလွှင့်ဆောင်းပါး) click
- အလှူ ... အလှူ ... ထူးပါတဲ့ အလှူ (အသံလွှင့်ဆောင်းပါး) click
- ပလွေတို ရောင်မှာထိုးပါလို့ (ဆောင်းပါး) click
- တယောဘိုးတံတလက်ရဲ့ကောင်းကင် (ကဗျာ) click
- လစ်ဗျားသူပုန်ကို အီတလီက လက်နက်ထောက်ပံ့မည် click
- ဘင်လာဒင် ဗွီဒီယိုမှတ်တမ်းများ အများပြည်သူသို့ ထုတ်ပြန် click
- ဘင်လာဒင်ကိစ္စ ပါကစ္စတန်အစိုးရ ဖိအားပေးခံရ click
- ပါကစ္စတန် ခေါင်းဆောင်များ နှုတ်ထွက်ရန် ဖိအားပေးခံရ click
- ကန်ဒါဟာနယ် အစိုးရရုံး တာလီဘန် ၀င်တိုက် click
- အာဆီယံထိပ်သီးညီလာခံ စတင် click
- တ၀ဲလည်လည် ဖိလစ်ပိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး click
- အယ်လ်ကိုင်ဒါ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ် (၃၀) click
- မြန်မာကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေး အာဆီယံ စဉ်းစားနေ click
- အာဆီယံ ဥက္ကဋ္ဌနေရာ မြန်မာကို မပေးဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း click
- ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ click
- ရာသီဥတု ဆိုးရွားနေမူကြောင့် ဒေသခံရေလုပ်သားများ ပင်လယ်ထဲ မထွက်နိုင် click
- ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် (၃၀) ဦး ဖမ်းဆီးရမိ click
- အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ဘုတ်တစင်းနှင့် မြန်မာ (၁၄) ဦးကို ဖမ်းဆီး click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- မှတ်မှတ်ရရ တသသ (တပ်သားသစ်) အပိုင်း(၁) (ဆောင်းပါး) click
- မင်းသုဝဏ်ရဲ့ ဘာသာပြန် အယူအဆ (ဆောင်းပါး) click
- စိတ်ရှည်ခြင်း အနုပညာ (ဗွီဒီယို အက်ဆေး) click
- ကျနော်နှင့် လက်ဖက်ရည်ဆိုင် (၀တ္ထုတို) click
- ချစ်သော ... အမေ (ကဗျာ) click
- မြစ်တမြစ်ရဲ့ ပဋိလောမ (ကဗျာ) click

အပြည့်အစုံသို့...

ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေကြရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ဘ၀ (ရုပ်သံ)

အပြည့်အစုံသို့...

Friday, May 6, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၅-၂၀၁၁)

- အိုင်ဗရီကို့စ် သမ္မတသစ် ၀ါတာရာ ကျမ်းသစ္စာကျိန် click
- ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု click
- အိုဆာမာဘင်လာဒင်ရဲ့ နေအိမ်ကို မေလ (၃) ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ) click
- အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ကျဆုံးတော့မည် click
- အမေရိကန်တပ်တွေကို အာဖဂန်ကနေ ပြန်ခေါ်မလား click
- ထိုင်းရွေးကောက်ပွဲ စောစောကျင်းပရန် လွှတ်တော်ကို ဖျက်မည် click
- လက်မှတ်ထိုး တောင်းဆိုရေး ဒေါ်အောင်ဆန်းစုကြည် နှိုးဆော် click
- ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးတောင်းဆိုရေး အားလုံးပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နှိုးဆော် click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်ရောက် တိုင်းရင်းသားများ ပို့စကတ်ပို့မည် click
- မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဟု CRPP ယူဆ click
- ၂၁ ရာစု ပင်လုံညီလာခံ စာတမ်းဖတ်ပွဲ CRPP ကျင်းပမည် click
- ၂၁ ရာစု ပင်လုံညီလာခံအတွက် ပညာရှင်စာတမ်းများ စီအာရ်ပီပီ ဖိတ်ခေါ် click
- တွံတေးမြို့နယ် အဖွဲ့ချုပ်ဝင် ကိုဇော်မင်းထွန်း လွတ်မြောက် click
- အိန္ဒိယ မြန်မာ့အရေးဆွေးနွေးပွဲ မြန်မာအစိုးရသစ်ကို လက်မခံ click
- သမ္မတ ဦးသိန်းစိန်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံ သွားရောက် click
- အင်ဒိုနီးရှားနှင့် မြန်မာသမ္မတတို့ မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေး click
- ၂၀၁၄ မှာ မြန်မာ အာဆီယံဥက္ကဌ ဖြစ်လာမှာလား click
- မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေးဆုံးဖြတ်ရန် ရွှေ့ဆိုင်း click
- မြန်မာအစိုးရနဲ့ အာဆီယံဥက္ကဋ္ဌ (သတင်းသုံးသပ်ချက်) click
- အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်မည် click
- DKBA တပ်မှူး ဗိုလ်မှူးချုပ်စောလားပွယ် (ရုပ်သံ) click
- ထိုင်းနယ်စပ် အုန်းဖန်မြို့နယ်ရှိ စစ်ပြေးရွာသားတချို့ နေရပ်ပြန် click
- နေရပ် ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ် click
- ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ် click
- သောကြာစကားဝိုင်း (မေ ၆၊ ၂၀၁၁) click
- အကြံနဲ့ အကျန် (သရော်စာ) click
- နှစ်သစ်အဓိဋ္ဌာန် (ကဗျာ) click
“အကြီးကြီး အစိုးရ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ဆိုက်ရောက်ဗီဇာ မထုတ်ပေးသေးဟု ၀န်ကြီး ပြော click
- ကမ္မမြို့မှ မြေသိမ်းခံ လယ်သမားအမှု မင်းလှတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေး click
- နွေစပါးစိုက်ခိုင်းပြီး ဆည်ရေမလွှတ်ပေးသဖြင့် လယ်သမားများ အခက်တွေ့ click
- ထိုင်းငါးဖမ်းလှေတွေမှာ အရောင်းခံရတဲ့ မြန်မာရေလုပ်သားတွေ click
- ဆန္ဒပြ မြန်မာအလုပ်သမား (၂) ဦးကို မလေးရှားရဲ ဖမ်းဆီး click
- မြန်မာကျပ်ငွေ စံချိန်တင် မြင့်တက် click
- ဂီရိ ပြန်လည်ထူထောင်ရေး ကိုယ်ကျိုးရှာမှုများရှိ click
- ကရင်ပြည်နယ် ပညာရေး တိုးတက်စေနိုင်မှာလား click
- ဝက်နားရွက်ပြာ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ခက်ခဲနေ click
- စင်္ကာပူက မြန်မာပရဟိတအဖွဲ့ (၈) ဖွဲ့က မြန်မာပြည်သို့ မြွေဆေး လှူဒါန်းကြ click
- ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများက မြန်မာကြံ့ဖွံ့သံရုံးကို စာရေးအကူအညီတောင်း click
- မော်လမြိုင်-ရန်ကုန် ခရီးသည်တင်ကားတိုက်၊ (၁၅) ဦး သေ click
- ရခိုင်ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (၁၃) ကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး click
- မိုးမခ၏ ဧပြီလ စာကိုး၊ စကားကိုး click
- ဂျပန်နိုင်ငံ ငလျင်ဘေးသင့်ဒေသ Miyagi Ken သို့ လုပ်အားပေး ဒုတိယအကြိမ် ခရီးစဉ် (ဓာတ်ပုံ) click
- အပင် သေပေမယ့် အစဉ် ဝေနေမယ့် သစ်တပင်အကြောင်း (ဆောင်းပါး) click
- ကျောင်းနေရွယ်တွေ ကျောင်းထဲရောက်ဖို့ (ဆွေးနွေးဖလှယ်) click
- ဒီမိုကရေစီဖော်ဆောင်ရေး အကျဉ်းကျနိုင်ငံရေး ခေါင်းဆောင်များ မျှော်လင့်ချက်နည်း click
- အကျဉ်းသားမိသားစုဝင်များ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့် click
- လွတ်ရက်စေ့ NLD ကိုဇော်မင်းထွန်း ပြန်လွတ် click
- ဂျကာတာ အာဆီယံပြည်သူ့ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့ (ရုပ်သံ) click
- ထိုင်းက စစ်ပြေးဒုက္ခသည် (၁,၀၀၀) ကျော် ပြန်ပို့ click
- ၀ နယ်နှင့် ကပ်လျက်ရှိ သျှမ်းတပ်များအား တိုက်ခိုက်ရန် ဌာနေများ ထပ်ဆင့်ခေါ် click
- သိန္နီနှင့် လားရှိုးအခြေစိုက် တပ်ရင်းတိုင်းမှ အရာရှိအားလုံး ဒုလ္လဘ မ၀တ်မနေရ အမိန့်ကျ click
- ကရင်နီပြည်က စစ်မှုထမ်းကိစ္စ အတည်ပြုထားသည့် ဥပဒေအရဟုဆို click
- အာဆီယံဥက္ကဌ မြန်မာ မဖြစ်ရန် HRW ကန့်ကွက် click
- ဗိုလ်ချုပ်မှူးကြီးနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ တွေ့ဆုံ click
- သမ္မတကြီး ဦးသိန်းစိန်ရဲ့ အလုပ်သမားနေ့သ၀ဏ်လွှာတဲ့ဗျား (အပိုင်း - ၁) (ဆောင်းပါး) click
- အာရှဝန်ကြီးတွေအကြား ချွေးပြန်နေတဲ့ မြန်မာဘဏ္ဍာရေးဝန်ကြီး (ဓာတ်ပုံသတင်း) click
- လွှတ်တော်အမတ်များ ရပိုင်ခွင့် ကြံ့ဖွံ့ပါတီအမတ်များ အဦးဆုံး တပန်းသာ click
- ကြံ့ဖွံ့ပါတီဝင်များအား ဓာတ်ဆီနှင့် ဆိုလာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခိုင်း click
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘဏ္ဍာရေး အခက်အခဲ ရှိဆဲ click
- NLD ၌ သတင်းစာပညာ သင်တန်းပေးမည် click
- စာနယ်ဇင်းသမားများ ဥပဒေရေးဆိုင်ရာ သင်တန်း ပြုလုပ် click
- မစ္စတာဒန်ကလေအမှု ရက်ချိန်း ထပ်ပေး click
- CDMA အင်တာနက်လိုင်းများ သုံးမရ click
- မြန်မာဂက်စ် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ရေး စတင်ဆွေးနွေး click
- ရခိုင် မြစ်ချောင်းငါးဖမ်းကွက်များ လေလံတင်ရောင်းချမှု ယာယီရပ်ဆိုင်းခြင်း မသေချာ click
- နိုင်ငံတ၀န်း ABC ဘီယာ ရောင်းချခွင့် ပိတ် click
- ရထားပေါ် လက်တော့ပ်သယ်ရင် တန်ဆာခ မလိုတော့ click
- ခိုးကားများ ထိုင်းဘက် ပြန်ပို့ click
- ပြည်တော်ပြန်မယ်ဆိုလို့ မြန်မာလုပ်သားနှစ်ဦးကို မလေးရဲ ဖမ်းဆီး click
- အမျိုးသမီးတဦးကို ရိုက်ပြီး ငွေလုတဲ့ မူစယ် မီးသတ်အရာရှိ (ပေးစာ) click
- လောင်းကစား TV GAME များ ပေါများ (ပေးစာ) click
- စင်္ကာပူ စာပေဟောပြောပွဲ ၂၀၁၁ click
- ‘ပြန်ဆုံခွင့်’ ရခိုင်စီးရီးခွေတွင် ကိုနေတိုး သရုပ်ဆောင်မည် click
- ကမ်းလင့်မယ့် လက်များဖြင့် ... (နာဂစ် ၃ နှစ်ပြည့် အမှတ်တရ ရုပ်သံသီချင်း) click
- ငွေအသပြာကြောင့် လူမျိုးမပျောက်ပါစေနဲ့ (ဆောင်းပါး) click
- စိတ်အလျင်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်း အနုပညာ (၇) (ဆောင်းပါး) click
- မိသားစုသီချင်း (ကဗျာ) click
- အီဂျစ်ဝန်ကြီးဟောင်းကို ထောင်ဒဏ်အပြစ်ပေး click
- အမေရိကန်နဲ့ ဆက်ဆံရေး ပြန်စဉ်းစားဖို့ ပါကစ္စတန် ခြိမ်းခြောက်ပြောဆို click
- ဒီမိုကရေစီအရေး တောင်းဆိုသည့် ဆရာ အစည်းအရုံးကို ဖိနှိပ်မှုအပေါ် EI မှ ကန့်ကွက် click
- ခရိုင်မှူးတွေ ရွှေ့ပြောင်းမိန့် လက်မခံ ငြင်းဆန် click
- နယူးယောက် နိုင်ငံတကာ ကားပြပွဲ (၂၀၁၁) တွင် ပြသထားတဲ့ အိမ်သုံးကားများ (ဓာတ်ပုံ) click
- တောင်ကိုရီးယားနိုင်ငံ ဂိုယန်းမြို့ဟိုစုပန်းခြံအတွင်းက သစ်ပင်ပန်းမန်ပြပွဲ - အပိုင်း (၁) (ဓာတ်ပုံ) click

အပြည့်အစုံသို့...

ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေနှင့် တွေ့ဆုံမေးမြန်းခန်း

အပြည့်အစုံသို့...

Thursday, May 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၅-၂၀၁၁)

- နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို click
- နာရေးကူညီမှုအသင်းက လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ကောက်ယူ click
- ဗိုလ်ကြီးဟောင်းအမှု NLD ရှေ့နေက လိုက်ပေး click
- မြန်မာကို ဥက္ကဌရာထူး ပေးဖို့ အာဆီယံ ငြင်းပယ်သင့် click
- လူထုအခြေပြုအဖွဲ့တွေက မြန်မာ့အရေး အာဆီယံကို တောင်းဆို click
- မြန်မာ အာဆီယံဥက္ကဋ္ဌတာဝန် မယူရေး ကန့်ကွက်ဖို့ HRW တိုက်တွန်း click
- မြန်မာနိုင်ငံတိုးတက်မှု အင်ဒိုနီးရှားကို သမ္မတ ဦးသိန်းစိန် ရှင်းပြ click
- အာဆီယံလူထုအခြေပြုအဖွဲ့များက မြန်မာအစိုးရကိုယ်စားလှယ်ကို ကန့်ကွက် click
- ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေး click
- ပထမအကြိမ် အာဆီယံ-အီးယူ ဆွေးနွေးပွဲ click
- တိုင်းရင်းသားဒေသထိုးစစ်ရပ်ရေး ဖိအားပေးဖို့ ဗြိတိသျှအစိုးရကို တိုက်တွန်း click
- ချင်းလူမျိုးမိသားစု (၂၀) ကျော် ထပ်မံမောင်းထုတ်ရန် အမိန့်ထုတ် click
- ရေကာတာ ဆောက်နေသော တရုတ်အင်ဂျင်နီယာ၏ ရေပိုက်များ ဖျက်ဆီးခံရ click
- ရေကာတာစီမံကိန်းများ ရပ်တန့်ရန် တောင်းဆို (ရုပ်သံ) click
- Geneva က UNHCR အကြီးကဲနဲ့ သူပုန်လို့ စွပ်စွဲခြင်းခံရတဲ့ မြန်မာဒုက္ခသည်များ click
- အီးယူဒဏ်ခတ်ထားသည့်ကြားမှ ဦးတေဇ၏ ဇနီး အီတလီ သွားခွင့်ရ click
- ဦးတေဇ မိသားစု အီတလီကို သွားခဲ့ click
- အိန္ဒိယသို့ သစ်တင်သွင်းမှုဖြင့် သစ်စက်ရှင်နှင့် လုပ်သားများ ထောင်ဒဏ်စီရင်ခံရ click
- မုန်တိုင်းမိ ရေလုပ်သားတွေ အတော်များများ သတင်းအစအန မရ click
- နာဂစ် (၃) နှစ်ပြည့် ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ မှတ်တမ်း (၁) ထုတ်ပြန် click
- နာဂစ် (၃) နှစ်ပြည့် ပြည်တွင်းဖြစ် စိမ်းရောင်စို Activities မှတ်ပုံတင် လှုပ်ရှားမည် click
- ကာတွန်းဖေသိန်း၏ တခေတ်က သတင်းစာကာတွန်းများ (၂) click
- မစ်ရှီဂန်က ပေးတဲ့စာ (၆၆) (အသံလွှင့်ဆောင်းပါး) click
- မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ (ကဗျာ) click
- သွေဖည်မှုတခုကို၊ သွေဖည်မှုတခုနှင့် ဖုံးကွယ်ခြင်း (ကဗျာ) click
- အိုဘားမား နယူးယောက်ခ် Ground Zero မှာ လွမ်းသူ့ပန်းခွေချ click
- သေဆုံးသူတွေအတွက် အိုဘားမား ပန်းခွေချ click
- ဘင်လာဒင်ကို ရုံးတင်ဖို့ မလုပ်သင့်ဘူးလား click
- 9/11 (၁၀) နှစ်ပြည့် အကြမ်းဖက်တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့ click
- အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်မှုမရှိလို့ ပါကစ္စတန် ငြင်းဆို click
- အာရှစီးပွားရေး ဦးမော့လာလို့ ကုလသမဂ္ဂ ပြော click
- ‘ဒေါ်အောင်ဆန်းစုကြည်လှုပ်ရှားမှု စောင့်ကြည့်ရမည်’ သျှမ်းမြောက်ရောက် ကြံ့ဖွံ့ထိပ်သီး ဦးအောင်သောင်း ပြော click
- ကံမက လယ်သမား (၁၂၀) ကျော် တရားခွင် တက်ရောက် click
- ကိုနေမျိုးဇင် ရုံးထုတ်စစ်ဆေး၊ မိသားစု တက်ခွင့်မရ click
- ဇာဂနာကို အရင်ဆုံး တွေ့ချင်ဟု ကျော်သူ ပြော click
- အစိုးရစစ်သည် (၂) ဦး KNLA ထံ လက်နက်ချ click
- မြန်မာကို အာဆီယံဥက္ကဋ္ဌ မပေးရန် ပြည်သူ့ဖိုရမ် တောင်းဆို click
- အာဆီယံ ကိုယ်စားလှယ်ခန့်မှုအပေါ် အရပ်ဖက်အဖွဲ့များ ကန့်ကွက် click
- ဒုက္ခသည်အချို့ ကယ်ဆယ်ရေးစခန်းက ထွက်ခွာ click
- လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး အဖွဲ့ချုပ် ပညာပေး click
- တရုတ်-မြန်မာနယ်စပ်တွင် လူကုန်ကူးမှု ပိုမိုများပြား (အင်တာဗျူး) click
- တရားသောဥပဒေဟူသည် (ဆောင်းပါး) click
- ဘင်လာဒင်တော့ သေရှာပြီ (ဆောင်းပါး) click
- မိုးပေါ်မှာ ကမ္ဘာကြီးရဲ့အင်တာနက်ရှိတယ်၊ မြန်မာပြည်မှာတော့ မြေလျှောက်တဲ့ မြန်မာ့အင်တာနက်ရှိတယ် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- (၅) သိန်းတန် CDMA သုံး EVDO အင်တာနက် အသုံးခက်နေ click
- ရထားကုန်တွဲကြေး စပေါ်ငွေ လျှော့ပေးရန် တောင်းဆို click
- အချိန်မဟုတ် မိုးရွာသွန်းမှုကြောင့် တောင်ယာစိုက်သူများ အခက်ကြုံရ click
- ၂၀၁၁ မြန်မာပြည် အလည်အပတ်ခရီးစဉ် (ပဲခူး၊ ကျိုက်ထီးရိုး) (ဓာတ်ပုံ) click
- နှင်းတွေ ကျခဲ့ဖူးသလား ကျနော်မသိဘူး ... မေမေ (ကဗျာ) click
- ပိုလန်မှာ ကျောင်းသစ်တကျောင်း တည်ထောင်ခြင်း (ဆောင်းပါး) click

အပြည့်အစုံသို့...

ဦးသိန်းစိန်အစိုးရကို “ဒီမိုကရေစီကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံခြင်းမရှိတဲ့ အ စိုးရပဲ” ဟု ဦးဝင်းတင် ပြော (ရုပ်သံ)

အပြည့်အစုံသို့...

Wednesday, May 4, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၅-၂၀၁၁)

- အဆင်းရဲဆုံးနိုင်ငံများ စာရင်းမှ မြန်မာ မလွတ်မြောက်သေး click
- ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမ္မတကို တိုက်တွန်း click
- အီးယူရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှု သုံးသပ်ဆွေးနွေး click
- မြန်မာ့အရေး ပြောပေးရန် ဘရိုက်တန်သို့ ဒေါ်အောင်ဆန်းစုကြည် အမှာပို့ click
- မြန်မာပြည် ပြောင်းလဲနိုင်ရေး ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီ NLD ဖွဲ့စည်း click
- အာဆီယံထိပ်သီး အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည် click
- အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေး မြန်မာတင်ပြချက် အာဆီယံ အချိန်ယူ စဉ်းစားမည် click
- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည် click
- အစိုးရ မပြောင်းလဲ၊ ဖွဲ့စည်းပုံပေါ် မူတည် (အင်တာဗျူး) click
- ဥရောပနေ့ ညစာစားပွဲသို့ နိုင်ငံရေးပါတီများကို ပထမဆုံးအကြိမ် ဖိတ်ကြား click
- အရပ်သားအစိုးရလက်အောက် တိုင်းရင်းသားဒေသ အခြေအနေ click
- မြန်မာသမ္မတသစ် သတင်းစာလွတ်လပ်ခွင့် ထိန်းချုပ်သူဖြစ်လာ click
- ဘင်လာဒင် သေဆုံးသည့် သတင်းဂျာနယ်နှင့် မြ၀တီသတင်းစာတွင် ပြည့်စုံစွာ ဖော်ပြ click
- ပြည်မြို့ မျိုးသုခဆေးခန်း တာဝန်မဲ့မှု အရေးယူရန် ဝန်ကြီးအမိန့် စောင့်နေရ click
- ဂျပန်ငလျင်သင့်ဒေသတွင် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများ လုပ်အားပေးနေကြစဉ် (၂) click
- ဂျပန်ဒုက္ခသည်များအား ဂျပန်ရောက် မြန်မာတိုင်းရင်းသားများက မြန်မာအစားအသောက် ချက်ပြုတ်ကျွေး မွေးစဉ် (ဓာတ်ပုံ) click
- ဂျပန်ငလျင်သင့်ဒေသတွင် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများ လုပ်အားပေးနေကြစဉ် (၁) click
- ဂျပန်ဒုက္ခသည်များအား အကူအညီပေးရန် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများ ထွက်ခွာခဲ့ကြစဉ် click
- မြန်မာ-မြောက်ကိုးရီးယား ဆက်သွယ်မှု (ဆောင်းပါး) click
- အကျဉ်းသားပေါ်တာ အတွေ့အကြုံ (ရုပ်သံ) click
- နာဂစ် သုံးနှစ် အလွန် ... (ဆောင်းပါး) click
- အပူရှပ်ခြင်းပြဿနာ click
- လှနေဖို့ရာ (ဘလော့ဂါ) click
- ဘင်လာဒင် သေဆုံးမှုဓာတ်ပုံ ထုတ်ပြန်မည်မဟုတ် click
- အိုစမာဘင်လာဒင် အလောင်းဓာတ်ပုံကို ပြမှာမဟုတ်လို့ အိုဘားမား ပြော click
- ပြိုင်ဘက် ပါလက်စတိုင်းနှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် ရရှိ click
- နိုင်ငံရေးအကျဉ်းသားအချို့ မကြာမီလွှတ်မည်ဟု သတင်းများ ထွက်ပေါ်လာပြန်ပြီ click
- အင်းစိန်ထောင် လုံခြုံရေးကျပ်၊ အကျဉ်းသား လွှတ်ဖွယ် သတင်းပြန့် click
- ဘုရားသုံးဆူမြို့သို့ ၀င်ရောက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ် click
- ALD အမတ် ဦးအောင်ထွန်းစိန်မှ အစိုးရနှင့် ဆွေးနွေးရန်လာကြောင်း ပြောဆို click
- မြန်မာပါ ပြန်ပေးဆွဲသင်္ဘော အဆက်အသွယ်မရ click
- မြန်မာ သတင်းလွတ်လပ်ခွင့်မရှိ၊ အိုဘားမား ပြော click
- ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ click
- ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမ္မတကို တိုက်တွန်း click
- အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမည် click
- လူ့အခွင့်အရေး အမှတ်တံဆိပ်ပြိုင်ပွဲ အကဲဖြတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- လူ့အခွင့်အရေး အမှတ်တံဆိပ် ဖန်တီးရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- NLD ရုံးချုပ်၌ အင်္ဂလိပ်စာသင်တန်း ပေးမည် click
- စစ်ပြေးဒုက္ခသည် (၂၀၀) ခန့် ထိုင်းဘက် ထပ်မံထွက်ပြေးလာ click
- တိုက်ပွဲကြောင့် ကျုံဒိုးဒေသခံများ နယ်စပ်ထွက်ပြေး click
- လယ်၊ ခြံ ဧကရာကျော် မောရဝတီရေတပ်မှ သိမ်း click
- မြန်မာအစိုးရက မြေသိမ်းခွင့်ပြုပြီး ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ click
- အစိုးရပြောင်းလဲချိန် ရွှေချောင်းပေးပြီး သစ်ထုတ်နေကြ click
- ကျောက်မီးသွေးတူး ထိုင်းကုမ္ပဏီ မိုင်းဆတ်မြို့နယ် ဒေသခံများအား နှင်ထုတ် click
- သိန္နီရေပူစမ်းကုန်စစ်ဂိတ် ဌာနပေါင်းစုံအဖွဲ့ လျှော့ချ click
- စာနယ်ဇင်းပိတ်ပင်မှုများ အစိုးသစ်လက်ထက် လျှော့ပေါ့ပေးရန်လို click
- ကျောင်းသားသပိတ် ကျောက်တိုင် ပြန်ဖွင့် click
- ဘယ့်နှယ် လွတ်လပ်တယ်၊ ဒီ့နှယ် လွတ်လပ်တယ် (ထွေရာလေးပါး) click
- မြန်မာပြည်နဲ့ မဆိုင်တဲ့နေ့ (ဆောင်းပါး) click
- ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် (၅) (ဆောင်းပါး) click
“နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် ပိုင်စိုးတော်မူသော အာဆီယံဥက္ကဋ္ဌကြီးကို ကြိုဆိုပါ” (ကာတွန်းမောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)
- အငြင်းပွားဖွယ် ကားလိုင်စင် စက်မှု (၂) ချပေး click
- ခဲမိုင်း အလုပ်သမား (၂ဝ) ကျော် ခဲဆိပ်သင့် click
- ဟားခါးတွင် ဝမ်းပျက်ဝမ်းလျှောဖြစ် click
- ဆန် ပြည်ပတင်ပို့ခွင့် ပြန်လည်ခွင့်ပြုမည် click
- မုန်တိုင်းသင့်ဒေသ အကူအညီများ လိုအပ် click
- နာဂစ်သင့် တံငါသည်များထံက အာဏာပိုင်းများ ငွေကောက် click
- အလုပ်သမားလက်မှတ်သစ် လုပ်ပေးရေး ပြင်ဆင် click
- မဟာချိုင်က ယာဉ်တိုက်မှုမှာ သေဆုံးသူများအတွက် တလပြည့် click
- မြန်မာလူငယ်များအတွက် ဦးအောင်သင်းရဲ့ ပြောစကား click
- ပြန်မလာနိုင်တဲ့ တံငါအဖေ (ဆောင်းပါး) click
- အိုခြင်းရဲ့အလှ (ဆောင်းပါး) click
- ဂေးအခွင့်အရေးနဲ့ သူတို့အကြောင်း (ဆောင်းပါး) click
- အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို) click
- ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင် click
- ရင်ဆိုင်တွေ့စဉ် ဘင်လာဒင်မှာ လက်နက်မရှိကြောင်း အိမ်ဖြူတော်က ပြောကြားစဉ် (CNN ရုပ်သံ) click
- စီအိုင်အေနဲ့ ဘင်လာဒင် (ဆောင်းပါး) click
- လစ်ဗျားလူထုအုံကြွမှုရဲ့အစ ရှေ့နေ ဖာတီတာဘီ တိုင်းမ်စ်မဂ္ဂဇင်းရဲ့ သြဇာရှင် (၁၀၀) ထဲက လူ့အခွင်အ ရေးရှေ့နေ click
- ကမ္ဘောဒီးယားစစ်သားတွေ နယ်စပ်ကနေ ထွက်ခွာဖို့ ဖရာယုသ် ပြော click
- ဘဏ္ဍာရေး အရေးပေါ် ရန်ပုံငွေ ထားရှိရေး အာဆီယံ ဆွေးနွေး click
- မလေးရှားနိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ်ကျောင်းများထဲမှ ကျောင်းအချို့ ပိတ်သိမ်းခံရ click
- ကမ္ဘာလုံးဆိုင်ရာ ပညာရေး ရက်သတ္တပတ် စတင် click

အပြည့်အစုံသို့...

နေရစ်တော့ နာဂစ်ရေ ... (နာဂစ် ၃ နှစ်ပြည့် အမှတ်တရ)

နေရစ်တော့ နာဂစ်ရေ ...
လင်းအောင်ပြည့်

သူတို့ရဲ့စိုးရွံ့ကြေကွဲမှုတွေက
မျက်လုံးတွေထဲမှာ ...
တိုးလျှိုပေါက်အတိုင်းသား။

သူတို့နှုတ်ဖျားက ထွက်ကျလာတဲ့
ထစ်အအ စကားလုံးတွေကလည်း ...
သူတို့နှလုံးသားကို အလျားလိုက်ခင်းပြထားသယောင်။

တောင်လား၊ မြောက်လားမသိတဲ့
အသိမဲ့ခြေလှမ်းတွေကလည်း
အနာဂတ်ဆိုတာကို မသဲမကွဲနဲ့ ...။

သူတို့ဘ၀တွေရဲ့
တိုက်ပွဲဝင် စစ်သည်တော်
ပင်လယ်ပျော် လင်ယောက်ကျားလည်း မရှိ၊
အမိသေ၊ သားဆုံး
ကိုယ်တုံးလုံးပဲကျန်ခဲ့တဲ့ မိန်းမတွေ ...။

မယားသေ၊ ခလေးပျောက်လို့
မုဆိုးဖိုဘွဲ့ထူးကို
အဝေးရောက်ယူလိုက်ရတဲ့ ကိုတံငါတွေ ...။

အဖေသေ၊ အမေပျောက်လို့
ဘယ်ရောက်မယ်မှန်းမသိတဲ့ လမ်းပေါ်က
စမ်းတ၀ါးဝါး ကလေးငယ်တွေ ...။

ကိုယ့်အသက်အရွယ်ကိုမှမထောက်
တယောက်တည်း ကျန်နေခဲ့မှတော့
“ပြန်သေလို့ရရင် ... သေပါရစေ” ဆိုတဲ့
အဖိုး ... အဖွားတွေ။

ဘယ်အခြေအနေတွေကကော ...
မနေ့ကည ... ဆိုတာကို
အလျော်ပြန်ပေးနိုင်ကြလို့လဲ
ကျိုးသွားတဲ့ တံတားတွေ ...
ပြိုသွားတဲ့ အိမ်ရာတွေ ...
ပျက်သွားတဲ့ စာသင်ခန်းတွေ ...
အသစ်ပြန်ပြင်ဆောက်နိုင်ကြသလောက်
ပျောက်သွားတဲ့ဘ၀တွေက
ဘယ်မှာပြန်ရှာလို့ရတော့မှာလဲ နာဂစ်ရယ် ...။

မင်းကုတ်ခြစ်ခဲ့တဲ့ ဒဏ်ရာတွေက
(၃) နှစ်ပြည့်တဲ့ အချိန်ထိ
နလန်မထ၊
သူတို့ဘ၀တွေ ချမ်းသာရာရစေဖို့
ငါတို့ ဘယ်လို ပြန်စပေးရပါ့မလဲ ...။

မျက်နှာလွှဲလိုက်ပါတော့ နာဂစ်ရေ ...
အပူရောင်တွေနဲ့မှ
လင်းခွင့်ရလိုက်တဲ့ ဘ၀တွေမို့
အပြီးသတ်အမှောင်ကိုသာ တောင့်တ
သူတို့မနက်ခင်းတိုင်းရဲ့ နေခြည်ဖူးအစမှာ
မုန်တိုင်းမပါတဲ့ အလှတွေသာ
ဝေဖြာ ...
ပွင့်လန်းကြပါစေတော့ ...။ ။

(နာဂစ် ၃ နှစ်ပြည့် အမှတ်တရ ...)

လင်းအောင်ပြည့်
၂-၅-၂၀၁၁

အပြည့်အစုံသို့...

မဲဆောက်မြို့မှ SAW ကျောင်းသူကလေးများရဲ့ မေဒေးနေ့အက (ရုပ်သံ)

အပြည့်အစုံသို့...

လယ်သမားကြီး ဦးအုန်း၏ ဦးသိန်းစိန်သို့ ပန်ကြားလွှာ (ရုပ်သံ)

အပြည့်အစုံသို့...

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၈ အမှတ် ၂ - မေ ၁ ရက် ၂၀၁၁)

8888 People Power – Vol 8 No 2 May 2011

အပြည့်အစုံသို့...

Tuesday, May 3, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၅-၂၀၁၁)

- အိုစမာဘင်လာဒင် နေအိမ်ကို ၀င်ရောက်စီးနင်းခြင်း နောက်ဆုံးရသတင်းများ click
- ဘင်လာဒင် လက်နက်မဲ့ချိန် ပစ်သတ်ခံရ click
- ဘင်လာဒင် စစ်ဆင်ရေး အမေရိကန် ထုတ်ပြန် click
- ဘင်လာဒင် ဖမ်းနိုင်ဖို့ ပါကစ္စတန် ကူညီ click
- ဘင်လာဒင် ဖမ်းတုန်းက ဓာတ်ပုံတွေ ထုတ်ပေးဖို့ စဉ်းစားနေ click
- အိုစမာ အစား အိုဘားမား သေ (ရုပ်သံ) click
- မူဆလင်နိုင်ငံများတွင် ဘင်လာဒင်အပေါ် ထောက်ခံမှု ကျဆင်း click
- ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် click
- မြန်မာ့အရေး ကုလစုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း click
- မြန်မာ အာဆီယံဥက္ကဋ္ဌ မလုပ်ခင် နိုင်ငံရေး ပြောင်းဖို့လို click
- အာဆီယံ-မြန်မာ အပြန်အလှန်အရေးပါမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ click
- အာဆီယံ လူထုအခြေပြုအဖွဲ့များ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး click
- သတင်းအပိတ်ပင်ဆုံး နိုင်ငံစာရင်းကနေ မြန်မာ မထွက်နိုင်သေး click
- မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ဒုတိယ အဆိုးဆုံး click
- ရှမ်းပြည် တရားမ၀င် ဘိန်းစိုက်ပျိုးမှု အာဏာပိုင်များ ငွေကြေးယူ ခွင့်ပြု click
- တိုင်းတရားရုံးအား တိုင်းတရားလွှတ်တော်ရုံး သတ်မှတ်၊ အထက်တန်းရှေ့နေများ အမှုလိုက်ခွင့်မရှိ click
- အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းရေး NLD က ပြန်လည်ရှင်းလင်း click
- NLD ရင်ထိုး၊ တံဆိပ်နှင့် ဆင်တူယိုးမှားလုပ်ပြီး ဂျာနယ်များ ရောင်းချ click
- တောင်သူလယ်သမား ပညာပေးသင်တန်း ဒု-အကြိမ် ဖွင့် click
- ဘာလင်က မြန်မာ့အရေး ဆွေးနွေးပွဲ click
- အသံတိတ်တိုင်းပြည်ထဲမှာ (ကဗျာ) click
- ဒုက္ခသည်စခန်းတွေ ထိုင်း ပြန်စိစစ်မယ် click
- ဒုက္ခသည်များ နေရပ်ပြန်ပို့ရန် အချိန်မတန်သေးဟု မွန်နိုင်ငံရေးပါတီခေါင်းဆောင် ပြော click
- ဒုက္ခသည်များ ပြန်ပို့မည် ဆိုသည့်သတင်း မဟုတ်မမှန်ဟု သိရ click
- အစောဆုံး ဇွန်လမှာ အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်း ပြင်ဆင် click
- ခဲဆိပ်သင့်မည်ကို သုံးဆူဒေသခံများ စိုးရိမ် click
- ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် (၅) ဦး စာရင်းထွက်ပေါ် click
- နေ၀င်းမောင်နဲ့ တပည့်ကျော်များ ပေးစာသို့ ပြန်စာ click
- ကာတွန်းဖေသိန်း၏ တခေတ်က သတင်းစာကာတွန်းများ (၁) click
- ပန်းချီထိန်လင်းနဲ့ အီဂျစ်အနုပညာရှင် (အနုပညာမိုးကောင်းကင်) click
- အိုဆာမာဘင်လာဒင် ကွယ်လွန်ပြီးနောက် နယူးယောက်တွင် အောင်ပွဲခံနေကြစဉ် (ဓာတ်ပုံ) click
- အိုဆာမာဘင်လာဒင်ကို အမေရိကန်ရေတပ်အထူးတပ်ဖွဲ့က တိုက်ခိုက်ခြင်း click
- ဘင်လာဒင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားရဲ့မိန့်ခွန်း (ရုပ်သံ) click
- အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ၂၀၁၁ မေလ (၁) ရက်နေ့ မှတ်တမ်းဓာတ်ပုံများ click
- ဘင်လာဒင်သတင်း အစိုးရသတင်းစာများ မထင်မရှား ဖော်ပြ click
- မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် ပြော click
- အစိုးရသစ် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိ click
- အာဆီယံအစည်းအဝေးနှင့် အချိန်ကိုက် အကျဉ်းသားလွှတ်ရန်ရှိ click
- ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာအစိုးရသစ် ဂရုစိုက်သင့် click
- မြန်မာစစ်တပ်မှ တပ်ရုပ်ရန် ရာဇသံပေးပြီးနောက် ၀ တပ်ဖွဲ့အချို့ ရုပ်သိမ်း click
- မြန်မာအစိုးရ အတိုက်အခံ နိုင်ငံရေး/စစ်ရေးအဖွဲ့များအပေါ် ထိုင်းအာဏာပိုင်တို့ တင်းကျပ်လာ click
- ကျိုက်ဒုံဒေသခံရွာသား (၂၀၀) ကျော် တိုက်ပွဲကြောင့် နယ်စပ်သို့ တိမ်းရှောင် click
- ဒုက္ခသည် (၅၀၀) ကျော် ထိုင်းဘက် ထပ်မံထွက်ပြေး click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲပြီ click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆို click
- အစိုးရသစ်လက်ထက် စတုတ္ထမဏ္ဍိုင် ပြန်လည်တည်ဆောက်မည်ဟု မယုံကြည် (ဦးသာဘန်းနှင့် ဆက် သွယ်မေးမြန်းချက်) click
- အကြံပေးအဖွဲ့ ဖွဲ့ခြင်းအပေါ် ဦးမြင့် အမြင် (အင်တာဗျူး) click
- လွှတ်တော်ပြင်ပနိုင်ငံရေးက ရှိကိုရှိရပါမယ် (အင်တာဗျူး) click
“အကဲမစမ်းနဲ့ ပွဲကြမ်းနေတယ်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ကချင်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု များပြား click
- လေမုန်တိုင်း တိုက်ခတ်ပျက်စီးခဲ့သော ကျေးရွာအား မြို့နယ်ဦးစီးမှူးအဖွဲ့မှ ပြောင်းရွှေ့ခိုင်း click
- လက်မှတ်သစ် ထုတ်ပေးမည့် သတင်းကြောင့် မြန်မာအလုပ်သမားများ ထိုင်းသို့ ပိုဝင်လာ click
- ပျောက်ဆုံး ရေလုပ်သားများအရေး အလုပ်ရှင်များ တာဝန်မဲ့ဆက်ဆံ click
- ရုံးလုပ်ငန်းထက် မူစယ်၊ နမ့်ခမ်း လ၀ကများ ကူးတို့ဆိပ် မီးသွေးခွန် စောင့်ကောက် click
- နယ်စပ်ကုန်သွယ်ရေးပွဲတော်တွင် မြန်မာကုန်ပစ္စည်းများ မပါဝင်သေး click
- ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်း ထုတ်ပြန် click
- ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် (၅) ဦး စာရင်းထုတ်ပြန် click
- “ရက္ခတိုင်းသို့ လွမ်းသံစိုင်” အမည်ရ ရှိုးပွဲ စင်္ကာပူတွင် ပြုလုပ်မည် click

အပြည့်အစုံသို့...