Tuesday, April 26, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၅)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၅)
ဒေါက်တာလွဏ်းဆွေ

သတ္တုချကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ (၂၃) နှစ်နီးပါး မြန်မာပြည်သူတွေအတွက် ရာနှုန်း ပြည့် စွန့်လွှတ်ပေးဆပ်အနစ်နာခံခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည် ရွှေ့လို့ ရွေ့တဲ့ နိုင်ငံရေးအရွေ့တော့ လုံးဝမရှိသေးဘူးလို့ ကျနော် သုံးသပ်မိပါတယ်။ ရူပဗေဒဘာသာရပ်မှာ သင်ရတဲ့ W=FxS ဆိုတဲ့ အီကွေးရှင်းမှာ အားစိုက်မှု (F) မည်မျှပဲရှိရှိ အရွေ့ (S) မရှိရင် အလုပ် (W) က ဇီးရိုးပါပဲတဲ့။ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း W=FxS အီကွေးရှင်းလိုပါပဲ။ “နိုင်ငံရေးလုပ် သည်ဟုမည်ခြင်း (W) = စွန့်လွှတ်ပေးဆပ်အနစ်နာခံခြင်း (F) x နိုင်ငံရေးအရွေ့ (S)” လို့ပဲ ကျနော်ကတော့ ခံယူပါတယ်။ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်တာသက်သက်ကို နိုင်ငံရေးလုပ်တယ်လို့ ပြောလို့မရပါဘူး။ စွန့် လွှတ်ပေးဆပ် အနစ်နာခံနိုင်တဲ့အပြင် တိုက်ပွဲကာလမှာဆိုရင် တိုက်ပွဲကို ရှေ့တဆင့်တက်အောင် (၀ါ) တည် ဆောက်ရေးကာလမှာဆိုရင် ကိုယ့်လူ့အဖွဲ့အစည်းကို ရှေ့ကိုပိုပိုပြီး ရွေ့သထက်ရွေ့အောင် ရွှေ့နိုင်တဲ့သူမျိုး ကိုမှ နိုင်ငံရေးလုပ်တဲ့သူလို့ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ နိုင်ငံရေးအရွေ့မရှိခဲ့တဲ့ စွန့်လွှတ်ပေးဆပ်အနစ် နာခံသူဘ၀နဲ့ပဲ သမိုင်းဇာတ်ခုံမှာ နိဂုံးချုပ်ရပါလိမ့်မယ် (ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာက တော့ အများစုက စွန့်လွှတ်ပေးဆပ်အနစ်နာခံတာကိုပဲ နိုင်ငံရေးလုပ်တယ်လို့ မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားနေကြတုန်းပါ)။

ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် (၃) နှစ်နီးပါး ကာလအတွင်းမှာတော့ စွန့်လွှတ်ပေးဆပ်အနစ်နာ ခံခဲ့သူတွေ ဖြစ်တဲ့အပြင် နိုင်ငံရေးအရွေ့ရှိအောင်လည်း လက်တွေ့ကျကျ ဦးဆောင်လုပ်ပြသွားခဲ့တဲ့ အစုအဖွဲ့ တခုကို အမိမြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ၀မ်းမြောက်အားတက်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ အဲဒီအစုအဖွဲ့ ကတော့ အခုအခါမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အမှူးပြုတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အစုအဖွဲ့ပဲဖြစ်ပါတယ်။

(၁၅) နှစ်နီးပါး ထောင်တွေထဲမှာ ပေးဆပ်အနာခံခဲ့ပြီးတဲ့နောက် အပြင်ထွက်လာရတဲ့ (၃) နှစ်နီးပါး ကာလတို လေးအတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ညီညီညွတ် ညွတ် တဗိုလ်ဆင်းတဗိုလ်တက်နည်းဗျူဟာနဲ့ တိုက်ပွဲဝင်သွားခဲ့တယ်။ နအဖစစ်အုပ်စု မျက်ဖြူဆိုက်ရတဲ့ (နိုင် ငံရေးအရ အရွေ့ဖြစ်စေခဲ့တဲ့) ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပေါ်လာဖို့ ရှေ့ပြေးအင်အားတွေ၊ တိုက်ပွဲဝင် စိတ်ဓာတ်တွေ ဖွဲ့တည်လာအောင် လက်တွေ့ကျကျ ဦးဆောင်ပြသွားခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေရဲ့ ညီညီညွတ်ညွတ် လှလှပပ တိုက်ပွဲဝင်သွားပုံကတော့ တင်စားပြီးပြောရရင် ဖလား (၆) လုံးရ စပိန်ဘာစီလိုနာအသင်းသားများ ဘောလုံးကစားတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရသလို အရ သာရှိမှရှိပါပဲ။ သူတို့အစုအဖွဲ့နဲ့အတူ ကုန်ဈေးနှုန်းကျဆင်းရေး တိုက်ပွဲဝင်ခဲ့တဲ့ ကိုထင်ကျော်တို့အုပ်စုနဲ့ ထန်းမ နိုင်ရွာသူလေး မစုစုနွေးကိုလည်း မျက်စိထဲ တပါတည်း တွဲမြင်လေးစားနေမိပါတယ်။

နိုင်ငံရေးသမားမျိုးဆက်ပြတ်ခဲ့ရတဲ့ မဆလခေတ်နောက်ပိုင်း (၂၃) နှစ်တာကာလမှာ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဟာ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ အဆင့်ကနေ နိုင်ငံရေးလုပ်တတ်တဲ့ နိုင်ငံရေးသ မားအဆင့်အထိ ပီပီပြင်ပြင် တက်လှမ်းလာတာကို တွေ့လိုက်ရတာက တိုင်းပြည်အတွက် တကယ့်ကို အား တက်စရာပါပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အားကုန်သွားခဲ့မယ်ဆိုရင်တောင် (သဘော ပြောတာပါ။ အားကုန်မယ်လို့ မထင်မိသေးပါ) အမိမြန်မာနိုင်ငံအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေလို အားကိုးအားထားပြုစရာ Second Line Leader စစ်စစ်တွေကို ရလိုက်ပြီမို့ ကျနော့်အနေနဲ့ တော့ အားငယ်စိတ် အလျဉ်းမဖြစ်မိဘဲ အလွန်အမင်း ၀မ်းမြောက်အားတက်နေမိတာအမှန်ပါပဲ။ သူတို့အားလုံး အပြင်မြန်မြန်ပြန်ရောက်အောင် ဆွဲထုတ်နိုင်ဖို့အတွက်သာ ကျနော်တို့ တက်ညီလက်ညီ အားထုတ်ကြိုးပမ်း ကြဖို့ လိုမှာပါ။

အညှာအတာကင်းတဲ့ သမိုင်းဇာတ်ဆရာဆိုသူ (ချောသလား၊ ရုပ်ဆိုးသလား အပြင်မှာ ကျနော် မမြင်ဖူးသေး) ကလည်း စွန့်လွှတ်ပေးဆပ် အနစ်နာခံနိုင်မှုထက် အလုပ်ဖြစ်မှု (၀ါ) နိုင်ငံရေးအရွေ့ရှိမှု(W)ကို ကြည့်ပြီးတော့ ပဲ အဓိကမှတ်တမ်းတင်တာပါ။ သမိုင်းဇာတ်ဆရာက မောင်ဖြူ၊ မောင်မဲ၊ မနီ၊ မ၀ါဆိုပြီး ညှာတာနေမှာ မဟုတ် ပါဘူး။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ‘မင်ဒဲလား’ ရယ်လို့ ကြီးမြတ်စွာ ကဗ္ပည်းတင်နိုင်ခဲ့ခြင်းဟာ နှစ်ရှည်ထောင်ကျ ခံပြီး ပေးဆပ်အနစ်နာခံမှု တခုတည်းကြောင့်မဟုတ်ဘဲ အာဏာကို လက်ဝယ်ပိုင်ပိုင် ရယူတတ်ပြီး တောင် အာဖရိကဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတခုကို ပိုမိုသာယာဝပြောတဲ့ အဆင့်တခုရောက်အောင် တွန်းတင်ပေးနိုင် ခဲ့လို့ ‘မင်ဒဲလား’ ရယ်လို့ ခံ့ထည်စွာ သမိုင်းတွင်ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတဟောင်း ‘ကင်ဒေးဂျုံ’ လည်း ထိုနည်းတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က မင်ဒဲလား၊ ကင်ဒေးဂျုံတို့နဲ့ လျှောက်ရာလမ်း တူတဲ့အပြင် ငြိမ်းချမ်း ရေးနိုဗယ်ဆုရတာ၊ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်တာမှာလည်း တူညီနေတာမို့ ကျနော်ကတော့ ကျနော်တို့ ပြည်သူတွေ အားကိုးခဲ့၊ အားကိုးဆဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးအရွေ့ရှိအောင် လုပ်နိုင်တဲ့၊ လုပ်တတ်တဲ့ ပြီးပြည့်စုံတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ်နဲ့ပဲ ခံ့ခံ့ထည်ထည်၊ လှလှပပ ဇာတ်သိမ်းတာကို မြင် ချင်မိတာအမှန်ပါ။

ဒါပေမယ့် အခုနောက်ဆုံး အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ချက်၊ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေမှာ ရှေ့နောက်မညီတာတွေ၊ မြန်မာလိုပြောတာကိုပဲ နောက်ဆက် တွဲ ရှင်းလင်းနေရပြီး အဓိပ္ပာယ်ဖွင့်ဆိုပြနေရတာတွေ၊ တိုက်ပွဲလမ်းကြောင်းအရ လွဲချော်နေတဲ့ ဆုံးဖြတ်လုပ် ဆောင်ချက်တွေ ပိုပိုပြီး တွေ့လာရတယ်ထင်လို့ (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ သူမှန်တယ်ထင် လို့ လုပ်နေတာဖြစ်မှာပါ) ကျနော်ကလည်း ကိုယ်မြင်တဲ့အမြင်လေးတွေကို တင်ပြအကြံပြုချင်စိတ်တွေ တဖွား ဖွားပေါ်လာပြီး အခုလို ရှည်ရှည်ဝေးဝေး ရေးဖြစ်ခဲ့တာပါ။

ရေးဖြစ်ရတဲ့ နောက်အကြောင်းတရား (၃) ခု ရှိပါသေးတယ်။ လွန်ခဲ့တဲ့ (၂၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မြန်မာပြည်သူလူထု သန်း (၆၀) ရဲ့ ကံကြမ္မာဖြစ်ခဲ့ရတဲ့အထိ အရှိန်အ၀ါကြီးခဲ့ သလို လာမယ့်အနာဂတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အမှားအမှန်ဟာ မြန်မာပြည်သူလူ ထု သန်း (၆၀) ရဲ့ ကံကြမ္မာအဆိုးအကောင်း ဖြစ်နေလိမ့်ဦးမယ်လို့ ယုံကြည်နေဆဲမို့ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း အသစ်က ပြန်စသင့်ပြီလို့ ယူဆမိလို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်လွဏ်း ဆွေကလေး ချစ်တဲ့အချစ်က ‘ဝေလေလေအချစ်’ မျိုး မဟုတ်တာရယ်ကြောင့် အခုလို မေတ္တာအပို့ခံ၊ အဆဲအ ဆိုခံပြီး ရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဘယ်ပုံဘယ်နည်း အသစ်က ပြန်စရမှာလဲ ဆိုတာတော့ ရှေ့ဆက်ရေးမယ့် အပိုင်း (၆) မှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ အကြံပြုရေးသားတင်ပြမှာဖြစ်ပြီး အပိုင်း (၇) မှာတော့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေဆဲ ပြည် တွင်းပြည်ပက ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမများအားလုံးကို အကြံပြုတင်ပြချင်တာလေးတွေ (လက်တွေ့ ကျကျ လုပ်နိုင်မယ်လို့ ကျနော် စဉ်းစားမိတာလေးတွေ) ကို ရေးသားတင်ပြရင်း နိဂုံးချုပ်မှာဖြစ်ပါတယ် (လုပ် တာမလုပ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ကျနော်တို့ညီအစ်ကိုမောင်နှမတွေရဲ့ သဘောပါ။ ကျ နော် စဉ်းစားမိတဲ့အချက်တွေကို ရှယ်တဲ့သဘောပါပဲ)။ အပိုင်း (၆) နဲ့ အပိုင်း (၇) နိဂုံးပိုင်း တင်ဆက်မှုများ ရက်အနည်းငယ် နောက်ကျကြန့်ကြာသွားခဲ့ရင် ခွင့်လွှတ်ကြဖို့လည်း ကျနော့်အနေနဲ့ ကြိုတင်မေတ္တာရပ်ခံပါ တယ်။

နိုင်ငံရေးတိုက်ပွဲတခုဆိုတာကလည်း ခရီးဆုံးမရောက်မီ တိုက်ပွဲဝင်နေဆဲကာလမှာတော့ အယူအဆရေးရာ ကွဲလွဲမှုတွေ၊ တိုက်ပွဲဝင်ချင်တဲ့ လမ်းကြောင်းချင်း မတူတာတွေ ရှိမှာဖြစ်လို့ ဘယ်လမ်းကြောင်းက ပိုပြီးဖြစ်နိုင် တယ်၊ ပိုပြီးမြန်ဆန်နိုင်တယ်ဆိုတာ ချက်ချင်းလက်ငင်း အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစု ကြည် သွားနေတဲ့ လမ်းကြောင်းလည်း မှန်ချင်မှန်မှာပါပဲ (မှန်ရင် ကျနော်တို့ ပိုတောင်ဝမ်းသာရမှာပါ။ ဘာဖြစ် လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တာက လူထုမနာဘဲ ငြိမ်းချမ်းစွာပြောင်းလဲရေးဆိုတဲ့ နည်း လမ်းကိုး။ ဘယ်သူမကြိုက်ဘဲနေပါ့မလဲ။ ဒါပေမယ့် “ငါတို့တိုင်းပြည်မှာတော့ ဒီနည်း မဖြစ်နိုင်လောက်ပါဘူး” လို့ ထင်မိလို့သာ ကျနော့်အနေနဲ့ စဉ်းစားမိတာတွေကို တင်ပြရခြင်းဖြစ်ပါတယ်)။ ကျနော် တင်ပြမယ့် အချက် အလက်တွေလည်း ကြက်ကန်းဆန်အိုးတိုးပြီး ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးတည့်ချင်တည့်မှာပဲ။ ဘာမှ တော့ ကံသေကံမ ပြောလို့မရဘူးပေါ့။

တခုတော့ ကျနော် အစိုးအရိမ်ကြီး စိုးရိမ်နေမိတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့လမ်းကြောင်း မှန် နေတာကို ဝေဖန်ရမလားဆိုပြီး (ဘာကောင်မှမဟုတ်တဲ့) ကျနော် မောင်လွဏ်းဆွေကလေးအပေါ် ဆဲဆို မေတ္တာပို့နေကြမှုအပေါ် (ယုတ်စွအဆုံး တံတွေးခွက်ထဲ လိပ်ပြာကူးလေး ကူးနေရရင်တောင်) ကိုယ့်ကိုယ် ကိုယ် သနားတဲ့စိတ် ဖြစ်ပေါ်မိမှာမဟုတ်ပေမယ့် ဆုတွေတလှေကြီးရထားပြီး မြန်မာပြည်သူတွေ အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောက်မှာ နားဆင်ရမယ့် သီချင်းထဲကလို ဖြစ်မှာကိုတော့ ကျနော် အရမ်းအ ရမ်းကို စိုးရိမ်ပူပန်နေမိပါတယ် (ရှင်းအောင် ထပ်ပြောပါဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စိတ် ဆိုးတတ်ကြတဲ့ ကိုယ့်ဆရာသမားတချို့က စာကို ရှင်းအောင်မဖတ်ဘဲ တဆိတ်ရှိ ထစ်ကနဲ ဆဲဆိုနေကြရင်း အကုသိုလ်စိတ်တွေနဲ့ လေးပင်နေမှာစိုးလို့ပါ။ အောက်မှာ နားဆင်ရမယ့် သီချင်းအတိုင်း ဒေါ်အောင်ဆန်းစု ကြည် ဖြစ်နေပါပြီလို့ ကျနော် ပြောဆိုခြင်းမဟုတ်ပါ။ ဖြစ်မှာကို ကျနော် စိုးရိမ်မိတာပါလို့ ပြောဆိုခြင်းသာဖြစ် ပါကြောင်း …)။

သီချင်းကို နားဆင်ကြည့်ကြပါစို့ …


(ဆဋ္ဌမပိုင်း ဆက်ပါမယ်)

ဒေါက်တာလွဏ်းဆွေ

60 comments:

Unknown said...

I am very happy to be the first person to comment your post 4.
Mg Lun Swe - I hope you would continue on & on , and infinity.
Please don't think every Penalty does not get Goal.Don't think everything is true as your stepfather said.
You are the man who is afraid of Gun ( Military Junta)also.
We all are Buddhist so we believe in Faith.
Now I can imagine who is behind you and who is writing for you.
Where are you now? Hope you will be with Whisky and Pimp.
Don't make our History Dirty.

Unknown said...

More than 50 millions people in Burma, how many are good people and how many are willing to help own community and help each other? Most of the people are Buddhist and about 400,000 monks in Burma. How many monks are willing to help monks each other and to guide Burmese people to be good? How many politicians outside Burma and how many politicians helping inside Burmese people sincerely?

Politic must be simple and straight forward, should not cheat each other.

Unknown said...

လူထုခေါင်းဆောင်ဆိုတာ
(၁)လူထုကို အလုပ်လုပ်လာအောင် တွန်းပေးနိုင်ရမယ်။
(၂)သူလုပ်တဲ့ အလုပ်တွေဟာလည်း အလုပ်ဖြစ်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ရမယ်။
(၃)အချိန်ကိုက်လုပ်ဆောင်နိုင်ရမယ်။
(၄)လူထုကိုရှင်းလင်းတဲ့ Message တွေပေးရမယ်။

....................

တကယ့်လူထုခေါင်းဆောင်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။
DR လွဏ်းဆွေဆက်လုပ်ပါ။
ထောက်ခံတယ်။

Unknown said...

Who is လူထုခေါင်းဆောင်?
Did you ask Daw Aung San Suu Kyi about this? Who call Daw Aung San Suu Kyi as a လူထုခေါင်းဆောင်? People called her. You are the one do not recognized Daw Aung San Suu Kyi as လူထုခေါင်းဆောင်. If you think Daw Aung San Suu Kyi is not your leader and she is not making any sense, no need to write anymore,

Daw Aung San Suu Kyi’s people will be only those who will follow Daw Aung San Suu Kyi’s command, okay.

Unknown said...

ဒေါက်တာ လွဏ်းဆွေ ဆွေးနွေးသွားတဲ့ "W=FS" ပာာ လက်တွေ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ထင်ပာပ် ပါတယ်။ “Comment” တွေမှာ ဆဲဆို အပုတ်ချနေမယ့် အစား ပုဂ္ဂိုလ်စွဲ တွေခဏ မေ့ထားပြီး၊ ကိုယ်မှန်တယ် ထင်တဲ့ အကြောင်းအရာပေါ်မှာ reasonable ကျကျ ၀ိုင်းဝန်းဆွေးနွေး ကြရင် အဖြေမှန်ကို ပိုနီးစပ်နိုင်မှာပါ။ ဆက်ရေးပါ ဒေါက်တာ လွဏ်းဆွေ။ အားပေးလျက်ပါ။

Unknown said...

"How many are good people and how many are willing to help own community and help each other?"
ဟုတ်တယ် နောက်ပိုင်းလူငယ်တွေဆီမှာ တစ်ကိုယ်ကောင်းသမားတွေ အရမ်းများနေပီ။ လူနေမှုအဆင့် အရမ်းနိမ့်ကျနေပီ။ နိုင်ငံတကာမှာလဲ မြန်မာနိုင်ငံက ဘွဲ့လဲသုံးမရတော့ဘူး။ မျိုးဆက်သစ်လူငယ်လေးတွေ အတွက်ကတော့ နေရာမှားမွေးလာတာပဲ။ ၁၀တန်းအောင်ပီး ဘာဆက်လုပ်မလဲ။ အဖြေက မရေမရာ။ ဘွဲ့ရပီးရင်ကော။ သေချာ မသိဘူး။ နိုင်ငံခြားသွားချင်တယ်။ နိုင်ငံခြားမှာရောက်ရင်ကော လူတန်းစေ့နေနိုင်မှာလား။ ပညာတတ် ဘွဲ့ရတွေတောင်မှ နှိမ်လိုက်တာ။ ဘာလို့လဲ အဖြေက ရှင်းနေတာပဲလေ။ ကိုယ့် နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးက က ဘာမှ ကာကွယ်ပံပိုး ကူညီ ဖြည့်စည်းပေးတာ တခုခုဆို တခုမှ မရှိဘူး။ ဘယ်လို ဒုတ်ခပေးရမလဲ ဘယ်လို အနိုင်ကျင့်ရမလဲ ပဲစဉ်းစားနေတာ။ နိုင်ငံထဲမှာနေရင် သူတို့လက်ခုတ်ထဲကရေ။ စားဝတ်နေရေး လူတန်းစေ့ မနေနိုင်ဘူး။ မနေနိုင်တော့ ထွက်လာကြတယ်။ ကိုယ့်လူမျိုး ကိုယ်နိုင်ငံက တောင်မှ ကိုယ့်ကို ဂရုမစိုက်တာ။ တစိမ်းဆိုတာက နှိမ်တာမှ ရှယ်ပဲ။ နည်းပေါင်းစုံ နှိမ် အနိုင်ကျင့်။ ကျောင်းတုန်းက ဆရာမ တွေပြောတာ ကြားဖူးတယ်။ နင်တို့ မြန်မာ နိုင်ငံမှာ လူဖြစ်လာတာထက် အမေရိကန်မှာ ခွေးဖြစ်တာက ဒီထက်ကံကောင်းတယ်တဲ့။ တော်တော် နာတယ်။ ကြားရတုန်းကတော့။ နားတော့မလည်ဘူး။ အဲဒီတုန်းက အဲဒီဆရာမကိုလဲ မကျေနပ်ဘူး။ ငါတို့ကို ခွေးလောက်တောင် ကံမကောင်းဖူးလို့ ပြောတာပဲ။ ဒီမိုကရေစီ ဆိုတာကို လူတိုင်း နားလည်ချင်လည်မယ် နားမလည်ချင် မလည်ဘူး။ အဓိက လူတစ်ယောက်ရသင့် ရထိုက်တဲ့ အခွင့်ရေး တွေ ရရမယ်။ မီး လာရမယ်။ ရေ လာရမယ်။ အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရှိရမယ်။ ပညာတတ်တွေ မွေးထုတ်ပေးနိုင်ရမယ်။
လူတိုင်းမှာ မျှော်လင့်ချက်ရှိရမယ်။ အသက်ရှင်နေလျှက်နဲ့ သေနေတဲ့လူတွေ အဖြစ် ရိုက်သွင်းခံနေရတာ။အရင်တုန်းက လူတစ်ယောက် သမာအာဇီဝနဲ့ စီးပွါးရှာရင် မိသားစု ကိုရှာကျွေးနိုင်တယ်။ အခု လူတိုင်းစေ့ အလုပ်လုပ်ရင်တောင် ကိုယ့်ကိုကိုယ် ရှာမကျွေးနိုင်တော့ဘူး။ ဒေါ်စုက ပြည်သူတွေ အတွက်စဉ်းစားပေးတာတဲ့။ တိုက်လိုက်ရင်တောင် အဲဒီလောက် သေမှာမဟုတ်ဘူး။ အခုတော့ လူမသိသူမသိ သေ လူသိသူသိ သေ။ အသက်သေရင် သေ။ မသေရင် ဘဝသေ။ လူမျိုး တစ်မျိုးလုံးကို သတ်ပစ်လိုက်ပီ။ မျိုးဆက်သစ် အညွှန့်ကျိုးတာတောင်မဟုတ်ဘူး အမြစ်ပါ မရှိတော့ဘူး။ ဘာဆက်လုပ်ကြမလဲ။ အားလုံးမှာတာဝန်ရှိတယ် ဆိုပီး ခေါင်းရှောင်နေမယ့်အစား။ ငါတို့ ဘာတွေလုပ်နေတယ် မင်းတို့ ဘာဆက်လုပ်သင့်တယ်။ အချိန်ဘယ်လောက် အတွင်းမှာ ဘာဖြစ်ရမယ် ဆိုတာမျိုးလောက်တော့ ရှိသင့်တယ်။ ၂၃ နှစ် ကာလဆိုတာ တကယ်လုပ်ရင် အတိုင်းအတာတခုခု ထိတော့ အောင်မြင်သင့်ပါတယ်။ ၂၃ နှစ်အတွင်း မျိုးဆက် ၂ ဆက် ဘဝကို ရင်းပြီးပြီ။ ထပ် အချိန်ဆွဲလေ ပိုဆိုးလေပဲ ဖြစ်မှာပဲ။

ttshlaing said...

ဒေါက်တာလွဏ်းဆွေ တင်ပြဆွေးနွေးထားတာတွေကို ကျွန်တော်ထောက်ခံပါတယ်။ဖေါက်ထွက်စဉ်းစားရဲတဲ.စိတ်ဓာတ်နဲ.အမြော်အမြင်တွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။လုပ်ပြရဲရင်တော.ရာနှုန်းပြည်.ခေါင်းဆောင်ကောင်းဖြစ်ပါပြီ။ဒေါက်တာလွဏ်းဆွေခေါင်းဆောင် ပြီး နိုင်ငံရေးအသင်းအဖွဲ.တစ်ခုတည်ထောင်ဖို.အကြံပေးချင်ပါတယ်။နောက်ကထပ်ချပ်မခွါလိုက်ပြီးတိုက်ပွဲဝင်ဖို.ကျွန်တော်အသင်.ရှိပါတယ်။နိုင်ငံအတွက်အကျိုးရှိမယ်ဆိုရင်ကျရာနေရာကပါဝင်ဖို.အသင်.ပါပဲ။ စလုံး မျိုးကြီး

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

အယ်နယ်ဒီ တခုထည်းတော့မဟုတ်ပါဘူး တခြားသော နိုင်ငံရေးသမားတွေ နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း တော်တော်ညံ့တယ်လို့ မြင်ပါတယ် ကိုယ်ပိုင်လမ်းကြောင်းမရှိဘူးဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ plan မရှိဘူး အဓိက အယ်နယ်ဒီပေါ့ဗျာ ဖောက်ထွက်နိုင်တဲ့အတွေးခေါ်မျိုး မရှိဘဲ နအဖ လုပ်တဲ့အပေါ်မှာဘဲ ကန့်ကွက်ပါသည် ရူံ့ ချပါသည် ဆိုတာလောက်နဲ့ ကျေနပ်နေကြတယ် ဒီေ န့ဘဲကြည့် အကြံပေးအဖွဲ့ ဖွဲ့ တာကို မောင်ဥာဏ်ဝင်းကနောက်က လိုက်ပြောနေတယ်လေ အဲလိုလေးပြောတာလောက်နဲ့ အနှစ် ၂၀ ကျော်ခဲ့ပြီဗျာ

လင်္ကာ said...

၈၈ ကျောင်းသားတွေကြောင့်ရွှေဝါရောင်
အရွေ့ ကရွေ့ သွားတယ်လို့ ယူဆမယ်ဆိုရင်
ရွှေဝါရောင်နဲ့ ဘုန်းကြီးတွေကို အထင်သေးလွန်း
ရာကျသွားပါမယ်
အင်မတန်မှ နုံ နဲ့ တဲ့သုံးသပ်ချက်လို့ မြင်တယ်
ဘာနဲ့တူမလည်းဆိုတော့ ကုလားအုတ်ကြီးခါးကျိုး
တာ ငါနောက်ဆုံးတင်လိုက်တဲ့ 
ကောက်ရိုးတမျှင်ကြောင့်ကွလို့ ပြောလိုက်သလိုပါပဲ

charlie said...

ကိုယ့်ဆရာကလဲအဆိပ်ပျင်းမလိုလိုနဲ့နောက်ဆုံးမြက်လျှော
ဖြစ်သွားတာကိုးဗျ၊သဘောတော့ပေါက်ပါတယ်ဗျာမဲဆောက်
ဆိုတာဖြဲချောက်တဲ့မြို့တော့မဟုတ်ဖူးဆိုတာတော့တင်
မောင်စန်းတို့နမူနာဆရာလဲကြားမှာပါ၊ဒါပေမယ့်ကြောက်
တတ်ရင်လဲကြောက်ကြောက်နဲ့ပဲလုပ်ရမှာပေါ့ဟုတ်၊အ
မှန်တရားအတွက်ပေါ့နော်နီးရာဒါးတော့မဟုတ်ဖူးပေါ့ဗျာ။

မန်ဒဲလားနဲ့ကင်ဒေးဂျုံဆိုလို့ပါတောင်အာဖရိကနဲ့တောင်
အာဖရိက။တောင်အာရှ၊တောင်တွေကတော့တူပါတယ်
မတူတာကအာဖရိကကအသားအရောင်ခွဲခြားရေးနောက်
ကွယ်ကကိုလိုနီကျွန်ပြုရေးစနစ်ကိုတိုက်တဲ့ပွဲနဲ့ကိုရီးယား
ကစစ်အေးတိုက်ပွဲကွန်မြူနစ်နဲ့အရင်းရှင်တို့ရဲ့တိုက်ပွဲ
အဆက်ဖြစ်ပြီးနောက်မှာစူပါပါဝါအမေရိကန်ကြီးကအစ
ကနေယနေ့အထိထောက်ခံပံ့ပိုးနေတုန်းဆိုတာအား
လုံးအသိပါ၊
မြန်မာပြည်အတိုင်းအတာကိုပြန်ကြည့်ရင်ခုနှစ်၂၀ကျော်
ပိုင်းမှာတရုတ်ရဲ့အမျိုးသားအကျိုးစီးပွားတွေအရမ်းပွားများ
လာတာတွေရသလို၊အတိုက်အခံတွေကလဲတရုပ်ကိုဖြောင့်
ဖျ၊နားချ၊စည်းရုံးနိုင်ချင်းမရှိသလိုတရုတ်အများစုကလဲ
ရေရှည်အကျိုးစီးပွားဆိုတာထက်နေနေရချိန်မှာချစ်ကြဖို့
ကူညီယိုင်းပင်းကြဖို့ဆိုတာထက်သေမှပဲငွေတွေပုံအောသုံး
ပြီးအလှုတွေလုပ်၊အုတ်ဂူအကြီးကြီးတွေဆောက်ပြီးချစ်
တတ်ကြတာကသူတို့ရိုးရာလိုဖြစ်နေတာကတကြောင်း
အနောက်ကိုမယုံကြည်တဲ့သူတို့ရဲကအတွင်းစိတ်သဘော
ကမြန်မာပြည်ကိုသူတို့ရဲ့ထွက်ပေါက်သို့မဟုတ်သူတို့ရဲ့
အမည်မခံသောကိုလိုနီတခုအဖြစ်စနစ်တကျသွတ်သွင်း
နေခြင်းဆိုသည်ကိုလေ့လာသူတွေသိပါသည်၊နောက်တခုကလည်းဒီမိုကရေစီဝါဒနှင့်အတူသူ့ရဲ့စစ်အေး
ခေတ်ပြိုင်ဖက်ဖြစ်ခဲ့သောအနောက်အုပ်စုမြန်မာပြည်ကို
ဝင်လာထိုင်မှာကျောမလုံတာလဲပါပေလိမ့်မည်။ထို့
ကြောင်ကုလသမဂ္ဂတွင်မြန်မာအစိုးရကိုအရေးယူရန်
တင်သွင်းကြတိုင်းတရုတ်ကြီးကဗီတိုအာဏာသုံပြီးပယ်ချ
ပေးနေခြင်းပင်ဖြစ်တော့သည်၊ယခင်ကတော့စစ်ရေး၊
နိုင်ငံရေးမဟာဗျူဟာသက်သက်သာဖြစ်ပြီးယခုအခါမှာ
တော့ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ရွှေနှင့်ရဲတခွန်
သဘာဝဓါတ်ငွေ့စီမံကိန်း၊တို့မှတဆင့်ယူနန်နယ်ဖွံဖြိုးရေး
တို့အထိစီးပွားရေးမဟာဗျူဟာပါပါဝင်လာသည့်အမျှ
မြန်မာအစိုးရအပေါ်တရုတ်၏လွှမ်းမိုးမှုကြီးထွားလာခြင်း
ကလဲမြန်မာပြည်ဒီမိုကရေစီရေးကြန့်ကြာနေခြင်းအကြောင်း
၏အဓိကအချက်ပင်ဖြစ်သည်။ထိုသို့ဆို၍မြန်မာ့ဒီမိုကရေစီ
ရေးမျှော်လင့်ချက်မရှိဟုဆိုလိုရင်းမဟုတ်ပါ၊အိမ်နီးချင်းဆို
သည်မှာတဦးကိုတဥိးယိုင်းပင်းကူညီရမည်ဖြစ်ကြောင်း
တအိမ်၏အပူသည်နောက်အိမ်တွေကိုမီးကဲ့သို့ကူးစက်
တတ်ကြောင်း၈၈အရေးအခင်းမှကူးစက်ခဲ့သော၈၉
တီယန်နမ်ရင်ပြင်အရေးအခင်းသာဓကများ၊မြန်မာပြည်ဒီမို
ကရေစီးအရေးသည်တရုတ်ပြည်၏လုံခြုံရေးကိုမထိခိုက်
နိုင်ကြောင်းများကိုနားလည်လက်ခံလာနိုင်အောင်ထပ်
ခါတလဲလဲပြောရမည်ပင်ဖြစ်ပေမည်၊ထို့အတွက်ကြောင့်
မြန်မာပြည်အရေးကိုပြည်ပမှီခိုမှုကင်းသောလူထုနိုင်
ငံရေးဖြစ်စေရန်တိုက်တွန်းပန်ကြားနေခြင်းပင်ဖြစ်သည်၊
လူထုပင်လျှင်ညီညွတ်သောလူထုမှာသာလျှင်ဖြစ်နိုင်ပေမည်
အားလုံးပါဝင်မှသာလျှင်ဖြစ်နိုင်ပေမည်ခက်သည်ကမြန်မာ
လူထုကအစိပ်စိပ်အမွှာမွှာကွဲနေခြင်းပင်ဖြစ်ပေတောသည်
၈၈လုံးအရေးတော်ပုံလိုလူထုအုံကြမှုကြီးပင်လျှင်စစ်တပ်
ဆိုသည့်အစိတ်အပိုင်းမပါခဲ့၍တရုတ်ကစကားထဲတွင်ပင်
၍မပြောခဲ့ပါ၊သို့အတွက်ကြောင့်ဒေါ်စုကသူ့ရဲ့ထောက်ခံသူ
တွေကိုလမ်းပေါ်ပေးမတက်လိုခြင်းပင်ဖြစ်တော့သည်၊
ခက်နေသည်ကလူတချို့ကအမေရိကန်နဲ့အနောက်အုပ်
စုကိုမျက်လုံးစုံမှိတ်အားကိုးနေခြင်းပင်ဖြစ်ပေသည်၊ယနေ့
ကမ္ဘာတွင်အစိုးရတွေသည်သူတို့အမျိုးအကျိုးစီးပွားပေါ်
တွင်သာအဓိကကြည့်ကြပေသည်၊သို့မဟုတ်ပါကသူတို့
ထိုင်ခုံလှုပ်သွားနိုင်သည်ကိုကွန်မြူနစ်တရုတ်ကြီးပင်သိ
လေသည်အမေရိကန်၏မြန်မာနိုင်ငံရေးပေါ်လစီသည်
တရုတ်၊အမေရိကန်ကူးသန်းကုန်သွယ်ရေးပေါ်လစီလောက်
လွတ်တော်အတွင်းမှာရေပန်းမစားနိုင်ဖြစ်နေခြင်းမှာအံ့ဩ
လောက်စရာမရှိပါ။
နောက်ဆုံးတခုကတော့ဘောင်းဘီဝတ်၊ကျွတ်များအ
ကြောင်းပင်ဖြစ်တော့သည်၊တကယ်တန်းကတော့
လူထုဆိုတာသူတို့မပါပဲမပြည့်စုံနိုင်ပါ၊လူတွေသူ
တို့အပေါ်မကြိုက်တဲ့အဓိကအချက်ကတော့နေရာ
တကာသူတို့သိသူတို့တတ်(တကယ်မသိ၊မတတ်ငြား
သော်လည်း)သူတို့သာလျှင်တိုင်းပြည်ကိုအချစ်ဆုံး
ဆိုသည့်အမြင်တွေကိုဖြစ်သည်၊အရပ်သားများလည်း
တိုင်းပြည်ကိုချစ်တတ်သည်ဆိုတာနဲ့အရေးကြုံရင်သေ၊
သတ်ဖို့ဝန်မလေးဖူးဆိုတာသူတို့လက်ခံအသိအမှတ်
ပြုလာအောင်ဆိုတာအချိန်အတော်ယူရမယ်ဆိုတာ
နားလည်ပြီးစိတ်ရှည်သည်းညီးခံဖို့လဲလိုအပ်လှပါသည်၊

Unknown said...

နေကြပါဦး... တခုခုလွဲနေကြပြီ။ ကျနော်နားလည် သလောက်ဆိုရင်တော့ ၊ကိုလွဏ်းဆွေ အနေနဲ့ ဒေါ်စုအပေါ် တော်တော်ကြီးကို အားမလိုအားမရ ဖြစ်နေတဲ့ပုံပါဘဲ၊ ဒေါ်စုလို့ပြောတာထက်စာရင် ဒေါ်စုလမ်းစဉ်လို့ပြောရင် ပိုကောင်းလိမ့်မယ် ထင်တယ်ဗျ၊ ဒေါ်စုကိုဘာကြောင့်ပြည်သူတွေ လေးစားကြသလဲဆိုတဲ့ အမေးကို ၊ကိုလွဏ်းဆွေ အနေနဲ့က ဗိုလ်ချုပ်အောင်ဆန်းသမီး မို့လို့လို့ ဖြေချင်ပုံရတယ်၊ ဒီအဖြေကတော့ ၁၀၀ ရာနှုံးမှားတဲ့ အဖြေတခုလို့ ကျနော်လက်ခံယူဆပါတယ် ( ဗိုလ်ချုပ်မှာ နောက်ထပ် သက်ရှိထင်ရှား သားအရင်း တယောက်ရှိနေသေးတာ မမေ့နဲ့နော်) ကျနော်တို့ပြည်သူတွေတွေကို စစ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေ ဘယ်လောက်ပဲ ဖျက်စီးထားပါစေ ဒီလောက်တော့ မညံ့ဖျင်းသေးပါဘူးဗျ။
နောက်ပြီး...၊ ဒေါ်စုက သူ့လမ်းစဉ်ကို အတိအလင်းကြော်ငြာထားပြီးသားပါ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ပါလို့၊ အဲ..မင်းကိုနိုင်တို့ကျတော့ သူတို့က လူထုအုံကြွမှုနဲ့ အဖြေရှာတဲ့ လမ်းစဉ်ကို ပိုပြီးအားသန်တယ်ပေါ့လေ။ သူတို့နှစ်ဦးစလုံး တယောက်နဲ့ တယောက် အပေါ်အပြန်လှန် လေးစားမယ်လို့လဲ ယုံကြည်ပါတယ်။ တယောက်နဲ့တယောက်လည်း ငါလမ်းစဉ်ကကောင်းတယ် မင်းလမ်းစဉ်က မကောင်းဘူး ဒါကြောင့်ပြောင်းဖြစ်ရမယ်လို့လဲ အတင်းအတိုက်တွန်းမှာလဲမဟုတ်ပါဘူး။ ဒေါ်စုလုပ်မှမြန်မာပြည်ပြောင်းလဲမှာလို့လဲ မယူဆနိုင်ပါဘူး။ ဒေါ်စုကမပြောင်းပါဘူးဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ?
ကောင်းတာက မြန်မြန်ပြောင်းလဲမယ့် လမ်းစဉ်ကို သိနေရင်လည်း သူများကိုပြောင်းခိုင်း နေတာထက်စာရင်ကိုယ်တိုင် ထလုပ် လိုက်တာက ပိုမြန်မယ်ထင်တယ် ။
ပြည်သူတွေအတွက်တော့ စိတ်မပူနဲ့ ခင်ဗျားအောင်မြင်မယ်၊ ခင်ဗျားလမ်းစဉ်ကောင်းမယ်၊ သူတို့ဒီထက်ပိုကောင်းလာမယ်ဆိုရင်နောက်ကပါလာကြလိမ့်မယ်။ ခင်ဗျားဆောင်းပါးတွေအရ ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း တော်တော်နှံစပ်နေပြီဘဲလေ၊ မင်းကိုနိုင် ထက်မသာရင်တောင် သူ့လောက်တော့ အရည်အချင်းရှိနိုင်တာပေါ့ဗျာ၊ အထဲပြန်ဝင်ပြီး ကိုယ်တိုင်လုပ်ပါ၊ ဖမ်းမိသွားရင်လဲ တခါတည်း Hero တန်းဖြစ်တာပေါဗျာ၊ ထောင်ထဲမှာ နဲနဲတော့ အကန်အကြောက်ခံရမှာပေါ့၊ ပြီးရင် နောက်မလုပ်တော့ပါဘူးဆိုပြီး ညာပြီးလက်မှတ်ထိုးလိုက်ရင်ပြန်ထွက်လာရမှာဘဲ၊ ထွက်လာမှ ခင်ဗျားဖြစ်စေချင်တာ တွေကိုအကောင်အထည်ဖေါ်ပေါ့ဗျာ၊(မိုးသီးကိုလည်း အဲ့ဒီလိုဘဲ တခါတည်း အကြံပေးလိုက်ပါဦး) ။
ဒေါ်စု ညံ့ကြောင်း ၊ အားမရကြောင်းတွေ ချည်းဘဲလျှောက်ရေးနေလို့ကတော့ အချိန်ကုန်တယ်၊ ခင်ဗျား(လိုချင်တယ်လို့ ထင်ရတဲ့) ဒီမိုကရေစီရမယ်မထင်ဘူးဗျို့။

charlie said...

စာရှည်သွားတယ်ဗျာနောက်တခုကတော့စစ်အစိုးရပြာတဲ့
တပ်မတော်မပြိုကွဲရေးဆိုတာလက်ခံပါတယ်အကြောင်းက
တော့တပ်မတော်ထဲမှာလူမှန်နေရာမှန်မရှိပဲစိတ်ဓါတ်ပိုင်း
ဆိုင်ရာပြီုကွဲနေခဲ့တာကြာပါပြီအမှန်ကဖဆကလအစိုးရ
လက်ထက်ထဲကစစ်တပ်ကနိုင်ငံရေးကိုဝင်စွက်ဖက်ရာကစ
ခဲ့တာပါပဲနောက်တဆင့်စီးပွားရေး၊တရားစီရင်ရေး၊စတဲ့
မဏ္ဍိုင်အားလုံးကိုဝင်စွက်ဖက်တော့တာပါပဲ၊ဒါကြောင့်ပဲ
လည်းခုချိန်ထိစ်တပ်ထဲမှာအာဏာ၊ဥစ္စာပြိုင်ဆိုင်မှုတွေ
ကနေဂိုဏ်းဂဏ္ဍအကွဲအပြဲတွေဖြစ်ပြီးဖြုတ်ထုတ်၊သတ်
တွေလုပ်တဲ့အထဲမှာသူရမြင့်အောင်ကတော့နောက်ဆုံး
ဆိုပါတော့၊ထို့ကြောင့်လဲတရားဥပဒေစိုးမိုးရေးဆိုသည်မှာ
စစ်တပ်အပါအဝင်လူထုတ၇ပ်လုံးအတွက်လူမှန်နေရာမှန်
ရစေပြီးတကယ်စစ်မှန်သောတပ်မတော်မပြိုကွဲရေးအတွက်
တခုတည်းသောလမ်းကြောင်းဖြစ်သည့်အားလျှော်စွာ
လူထုနဲ့အတူဝိုင်းဝန်းကြပါရန်ပန်ကြားတိုက်တွန်းအပ်
ပါသည်။

ဆက်လာတော့လဲဆက်တာပေါ့ဗျာ။

လင်္ကာ said...

ဖတ်ရင်းဖတ်ရင်းနဲ့  ဒေါက်တာလွမ်းဆွေကို
ကျားမြီးဆွဲမိသလားလို့ သနားနေမိတယ်
မတတ်နိုင်ဘူးပေါ့ဗျာ ဒေါက်တာသန်းထွန်း
ရေးသလိုမင်ဒုက္ခနဲ့ မင်းပဲပေါ့
ဖင်ယားတဲ့အမှုဟာအာမခံမရှိဘူးဒေါက်တာကြီးရေ
ရိုင်းသွားတယ်ဆိုလည်းဆောရီးဗျို့ 
ကိုယ့်ဘလော့လေးကိုပဲဖိဖိစီးစီးလုပ်ပါဗျာ
ဒီလောက်ဆိုရပါပြီ
စိတ်ထဲမှာ ဟိုရေးချင်ဒီရေးချင်ဖြစ်လာရင်လည်း
ကမ္ဘာ့ဖလားတို့ ဘာတို့ ရောက်ရင်ဝေဖန်ရေး
လုပ်ပေါ့ဗျာ။ဖြစ်ပါတယ်
နောက် ၆ တို့ ၇ တို့ ကို ရင်တထိတ်ထိတ်
နဲ့ စောင့်ဖတ်ရမှာပဲဗျို့ 

koko said...

ဒေါက် တာုကီး
မှန် တ ချပ် ကို ကိုင်ူပီး မှ ရေး အဲ ဒါ မှ ဆဲ ချင် သူ တွေ က ကိုယ့်  ရဲ့  ရုပ် ကို ဘဲူပန်ူမင်ူပီး ကိုယ် ကို ကိုယ် ဘဲ ဆဲ နေ အောင် လို့  ၊
ဘာ မှ စဉ်း စား ဥာဏ် မ ရှိ တဲ့  ဒီ မို က ရေ စီ မျက် ကန်း တွေ က တော့  သူ တို့  နဲ့  အူမင် မ တူ ရင် အယ် ကိုင် ဒါ တို့  တာ လီ ဘန် တို့  လို ဘဲ ရန် လုပ် ဆဲ ဆို နေ မှာ ဘဲ ၊ နား လည် တဲ့  လူ တွေ ပညာ ရှိ တွေ က တော့  ဝေ ဖန် တာ ကို အူပု သ ဘော နဲ့  လက် ခုံက မှာ ပါ ။

athin54 said...

athin54
I was very impressed your blog until I read your articles about DASSK.Don't criticize her if you can't sacrifice like her.Put up or shut up.In future I will not waste my time reading your news.

Unknown said...

ဘာမှမပြောချင်တော့ဘူး။ အရက်သမားတစ်ယောက်ရဲ့ို စိတ်ကျတဲ့ချိန်မှာ အပုန်းစိတ်ကို မထိမ်းနှိင် မသိမ်းနှိင် ထွက်လာတဲ့စာတွေ......

Unknown said...

Ko Lun Swe,

Is really a good job man ..... Although I am a true supporter to Daw Su, I can totally agree with you ideologically to highlight the areas of weakness in our opposition.

Carry on man .....

nw said...

why dont you send directly to Daw Aung San Suu Kyi?

no need to publicsize if you are sincere and faithful to DASSK, I think.

ဘုန်းကျော် said...

ဟေ့...ဆရာဆွေ...

အားလုံးပဲဟောင်းနွမ်းလွန်းလို့ အသစ်ကပြန်စကြစို့....ခေါင်းစဉ်အတိုင်း အသစ်ကနေ ဘယ်လိုပြန်စရမှာလဲ???

စာတွေတအားများနေတော့ ဘာကိုမှ ဖမ်းလို့မမိသေးဘူး။ အဓိက Main Point ဖြစ်တဲ့ အသစ်ကပြန်စဆိုတဲ့ အကြံပေးချက်ကို ဖတ်ချင်ပါတယ်။

အခု ဖတ်ရတာတွေက အားလုံးသိပြီးသားတွေကြီးပဲဖြစ်နေလို့ပါ။ အသစ်တွေကို စိတ်ဝင်စားပါတယ်။ ပိုပြီး Sexy ဖြစ်တဲ့ အကြောင်းအရာ အသစ်လေးတွေကို မျှော်နေတဲ့....

ABC said...

တောင်အာဖရိက ‘မင်ဒဲလား’ လှုပ်ရှားမူနဲ. နှိုင်းယှဉ်လို. မရနိုင်ပါဖူး ၊ မင်ဒဲလား က နှာခေါင်းချွန်အဖြူတွေကို ဆန်.ကျင်တာပါ ၊ ဒေါ်စု လက်ရှိ ရင်ဆိုင်နေရတဲ့ စစ်တပ်၊ အစိုးရအဖွဲ.အစည်းနှင့် မတူပါဖူး၊

နောက်တစ်ခုက ကိုလွဏ်းဆွေကို တစ်ခုပြောချင်တာက ဆောင်ပါးတွေတော်တော်များများမှာ ရှေ.ခေတ်နယ်ချဲ. ဆန်ကျင့်ရေး ၊ ၁၉၈၈ ၊ ၂၀၀ရ ဒီမိုကရေစီလှုပ်ရှား မူတွေကို ပြန်လည်ဖော်ပြရေးသားနေတာကိုတွေ.ရပါတယ်၊ သင်ခန်းစာယူဖို.ရေးတယ်ဆိုရင်မှန်ပေမဲ့ နှိုင်းယှဉ်တဲ့ အနေအထားနဲ.ရေးလို.မရနိုင်ပါဖူး၊ ရှေ.ဘိုးဘွား တွေ နယ်ချဲ.ကိုတိုက်ခိုက်တဲ့ အချိန်ရဲ့ အမျိုးသားနိုးကြားမှု.က ခုချိန်နဲ.မတူနိုင်ပါဖူး ၊ နောက်ပြီး နယ်ချဲ.တွေကလည်း လူတွေထောင်ချီပြီး သတ်ပြီးအာဏာမယူပါဖူး၊ ကျွန်တော်ဆိုလိုချင်တာက အဲ့ဒီအချိန်က မြန်မာပြည်သူတွေစိတ်ဓါတ်၊ အင်္ဂလိပ် တို.ရဲ့ သဘောထားတွေက ယခုအချိန် မြန်မာဒီမိုကရေစီလှုပ်ရှားကြသူများ ရင်ဆိုင် နေရတဲ့ အုပ်ချုပ်သူတို.ရဲ့အနေအထားက ဘယ်လိုမှ နှိုင်းယှဉ်လို.မရနိုင်ပါဖူး၊ အာဏာမလွှဲသေးခင် ကာလအထိ အုပ်ချုပ်ခဲ့တဲ့ နအဖနဲ. ယခုလက်ရှိ အစိုးရတို.ရဲ့ အနေအထားတောင် ရာနှုန်းပြည့် မတူနိုင်ဖူးဆိုတာကိုသတိထားသင့်ပါတယ်၊

အချိန်တွေပြောင်းခဲ့သလို စနစ်တွေ၊ လူတွေရဲ့ စိတ်နေသဘောထားတွေလည်း ပြောင်းလဲခဲ့ပါပြီ

ယခုအချိန်ကစပြီး ရှေးကဆောင်ရွက်ခဲ့တဲ့ အမှားတွေက သင်ခန်းစာယူပြီး ဘယ်လိုဆောင်ရွက်ကြမလည်းဆိုတာက ပိုပြီးအရေးကြီးပါတယ် ၊

ယခုဆောင်းပါးမှာ သုံးသပ်တင်ပြချက်တွေက ကောင်းပါတယ်၊ NLD အဖွဲ.၀င်များ ၊ ခေါင်းဆောင် ပိုင်းမှာတာဝန်ယူထားတဲ့ ဒေါ်စုနဲ. မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေဖတ်သင့်တဲ့ ဆောင်းပါးဖြစ်တယ်လို. အမှန်အတိုင်းမြင်မိပါတယ်၊

အပိုင်း (၆) နှင့် (၇) ကိုမျှော်နေပါ့မယ် ..

အားလုံးကျန်းမာရွှင်လန်းကြပါစေ ...

saw kt oo said...

ဆရာ့စာတွေကိုအခုထိဖတ်လာသမျှအကုန်
ကျိုးကြောင်းဆီလျှော်ပီးအင်မတန်ကောင်းပါတယ်။
နားမလယ်နိုင်တာကဒေါ်စုကိုမှန်မှန်မှားမှား မဝေဖန်
နဲ့ဆိုတဲ့ပညာတက်မဆန်တဲ့ မယဉ်ကျေးတဲ့comments ရေး
နေတဲ့ဒေါ်စုကိုးကွယ်ရေးသမားတွေကိုပါဘဲ။
ဆက်ရေးပါဆရာ။အားပေးလျှက်ပါခင်ဗျား

maung said...

အထက်က ကို saw kt oo ပြောတာထောက်ခံပါတယ်
ကျနော်တို့အသိုင်းအ၀ိုင်းထဲမှာဖြစ်နေတာ အဲဒီပြသနာပဲ
ဆောင်းပါ (သို့) ဝေဖန်ချက်တခုကို ဖတ်ပြီး ဒေါ်စုနဲ့ NLD ကိုဝေဖန်တာနဲ့ဝိုင်းဆဲကြတာပဲ။ ကျနော်ပြောခြင်တာ
ကကိုယ်နဲ့အမြင်မတူတာနဲ့ ရင့်ရင့်သီးသီး ဆဲဆိုတာတွေ မလုပ်သင့်ပါဘူး။ ပညာတတ်ဆန်ဆန်ပြောဆိုသင့်ပါတယ်ငါတို့က
ပညာမတတ်ဘူးကွာ ပြောတတ်သလိုပြောမှာ
ပဲဆိုတဲ့သူတွေကတော့ လေ့လာသင့်တယ်ပါတယ်။ အပြုသဘောဝေဖန်ပါ ထင်မြင်ချက်ပြန်ရေးပါ နှစ်ဦးနှစ်
ဖက်ကောင်းပါတယ်။ ရင်ထဲက ခံစားချက်နဲ့ ဒေါ်စုကို ကိုးကွယ်မှု့တွေရောထွေးပြီး တုန့်ပြန်ရင် တော့ အထင်သေးစရာ တွေဖြစ်လာမှာပါ

Unknown said...

saw kt oo ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်.

La said...

To whom support to Daw Aung San Su Kyi
လွန်ခဲ့တဲ့ (၂၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မြန်မာပြည်သူလူထု သန်း (၆၀) ရဲ့ ကံကြမ္မာဖြစ်ခဲ့ရတဲ့အထိ အရှိန်အ၀ါကြီးခဲ့ သလို လာမယ့်အနာဂတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အမှားအမှန်ဟာ မြန်မာပြည်သူလူ ထု သန်း (၆၀) ရဲ့ ကံကြမ္မာအဆိုးအကောင်း ဖြစ်နေလိမ့်ဦးမယ်လို့ ယုံကြည်နေဆဲမို့ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း အသစ်က ပြန်စသင့်ပြီလို့ ယူဆမိလို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်လွဏ်း ဆွေကလေး ချစ်တဲ့အချစ်က ‘ဝေလေလေအချစ်’ မျိုး မဟုတ်တာရယ်ကြောင့် အခုလို မေတ္တာအပို့ခံ၊ အဆဲအ ဆိုခံပြီး ရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

layminthar said...

ha ha ha

Winnie said...

Don't try to say that ASSK has sacrificed a lot cause she didn't. Just look at her. She has been living outside of the country for her whole life until she came back last 23 years ago while there are some politicians who have done so much when she was living in a luxurious life. Suddenly, she came back and became a hero ... now you guys are going to forget those politicians who have been fighting this government throughout their lives .... People around the world do not realise other politicans' hard work and dedications, just because of ASSK. What is she doing? She is the same as the government, saying different things at different times. Once, she said, the election is a sham and the next time, she said, she welcomed this new government. What is she trying to do?

layminthar said...

ဒေါ် စု ထိ ရင် ဆပ် ဆပ် ခါူဖစ် နေ တဲ သ ကောင့်  သား တွေ သိ ရန် ။ ။
ဒီ လောက် တောင်ူဖစ် နေ ရင် ဒီပဲယင်း တုံး က ဘယ် မှာသွား သေ နေ လဲ ။ တ ဖက် က ဆော် လဲ ဖဆာ် ရော လက် အုပ် ချီူပီး ထိုင် ရှိ ခိုး နေ တာ ဘဲ ၊ ခ လေး တွေေူပာ သ လို ဘဲေူပာ လိုက် မယ် - - - စေုကာက် တွေ - - - မင်း တို့  က သာ မှန် တာ ကိုေူပာ တဲ့  doctorုကီး ကို ထောက် ခံ လိုက် ပါ ။ မင်း တို့  မေူပာ ရဲ တဲ့ စ ကား တွေေူပာ ပေး လို့  လေ ။ ။ ။

Aung Kyaw Min said...

ဒီမိုကရေစီ စနစ်ဆိုတာ ဒီလို လွတ်လပ်စွာ သဘေားထားကွဲလွဲခြင်းများကို အကောင်းဘက်က တင်ရခြင်းဖြစ်သည်လို့မြင်မိပါတယ်. ဖတ်မှတ်ပြီး ကျွန်တော့်အတွက် အတွေးနယ်ချဲ့ဖို့ ဆေးတွေ ဖြစ်ခဲ့ပါသည်.

taryar said...

ဒေါက်တာ လွဏ်းဆွေ .. ရေးတဲ့ ဆောင်းပါတွေ တကယ်တမ်း
ပြည်တွင်း အခြေအနေနဲ့ အများကြီး ကင်းကွာ တယ် .. ဒူး
ထောက်ချင်သူများ အကြိုက် ..ဖြစ်တယ် .. တခုသိထားဖို့ က
အသစ်က ပြန်စဖို့ ရာ .. ဒေါ် အောင်ဆန်းစုကြည် မစွမ်းဘူး ..မောင်လွဏ်း ဆွေ နဲ့ လူထု တိုက်ပွဲ ကော်မတီ မစွမ်းဘူး ..အကယ်ရ်ျ ဒေါ် အောင်ဆန်းစုကြည် သို့ မဟုတ် လူထုတိုက်ပွဲ ကော်မတီ စွမ်း လို့  အသစ်က ပြန်စ ခဲ့ရင်တောင် နေ့ မစေ့ လမစေ့ ထွက်ကျတဲ့ ကိုယ်ဝန် လို သားလျှောတာထက် မပိုဘူး .. ၈၈လို နေ့ စေ့ လစေ့ 
မွေး ဖို့  တကယ်စွမ်း တာ လက်ရှိ အာဏာရှိတဲ့သူတွေ
ပဲ .. သူတို့ တွေ ရဲ့ စည်းမဲ့ကမ်းမဲ့မှူ စီမံခန့် ခွဲမှူ ညံ့ဖျင်း
ချက် တွေနဲ့ ဖိနှိပ် ချုပ်ချယ်မှူတွေက သာ နေ့ စေ့လစေ့
ဖွားတဲ့ သားလို ဖြစ်မယ်ဆိုတာ ခုထိ လူထုတိုက်ပွဲ ကော်မ
တီ နဲ့  ဆရာဝန် မောင်လွဏ်းဆွေ တို့ နားမလည်နိုင်ကြဘူး

taryar said...

.. ၈၈ တုန်းက နေ့ စေ့ လစေ့ ဖွားပေမယ့် ခေါင်းဆောင်
လုပ်မယ့်သူတွေ မညီညွတ်မှူ လူထု ထောက်ခံမှူ များတဲ့အဖွဲ့ 
အစည်း ကို အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်မှူ မရှိမှု
အဖွဲ့ အစည်းထဲ မှာ နိုင်ငံရေး ထက် ပုဂိုလ်ရေးရာ ကြီးထွား
မှု ဒါတွေကြောင့် လက်နက်ရှိတဲ့သူ အာဏာ ပြန်ယူတယ်..
ဒီနေ့  တဖြည်းဖြည်း နီးလာတဲ့ နေ့ စေ့ လစေ့ အခြေ အနေ
မရောက်ခင် စပ်ကြားမှာ လူထု အများစု ယုံကြည်တဲ့ အဖွဲ့ အစည်း ရှိနေတယ် ခေါင်းဆောင် တွေ ရှိနေတယ်
နေ့ စေ့ လ စေ့ ဖြစ်လာခဲ့ရင် လူထု နဲ့ အဖွဲ့ အစည်းတွေ
တစု တစည်း တည်း တဖက်ထည်းက ရှိဖို့  ကိုယ်တတ်တဲ့
ပညာ နဲ့ လူထု ကို အခု အချိန်မှာ စုစည်း နေခြင်း က
တိုင်းပြည်အပေါ် မှာ တကယ်ထားတဲ့ စေတနာ ဖြစ်တယ်ဆိုတာ
သဘောပေါက်သင့်တယ် .. တဦး တယောက်ကို အပုတ်
ချ ကြီး တဖက်ဖက်ကို ဇောင်းပေးတာ ဟာ မိမိကိုယ်ကို စာနယ်
ဇင်းသမား တယောက် ပညာတတ်တယောက် အနေနဲ့ သဘော
ထားရင် ယုတ်ညံ့တယ် ဆိုတာ လက်ခံရမယ် ..။ မိမိအတွေး
အမြင် ဟာ အများ စု ကြီး သဘောနဲ့ ဆန့် ကျင်နေတယ်ဆိုရင် မျိုချထားသင့်တယ် အိပ်ရေးပျက်
ပေါင်းများပြီး စိတ်ကျရောဂါ ကြောင့် ဖြစ်လာတဲ့ ဟော်လူစနေး
ရှင်းက ထွက်လာတဲ့ ဆောင်းပါးတွေကို စေတနာ တရပ်
အနေနဲ့ .. မထုပ်ပြပါနဲ့ .. လူထုကို အလင်းရောင်ပေးဖို့ 
မပြည့်ဝသေးဘူး အဆင့်မရှိသေးဘူးဆိုတာ သဘောပေါက်
ပါ .. မိမိကိုယ်ကို Over estimate မလုပ်ပါနဲ့ ..
မိမိအဆင့်ဟာ လှည်းနေ လှေ အောင်း အဆင့်ဆိုတာ သဘော
ပေါက်ပါ ... လူထု နဲ့ စာဖတ်ပရိတ်သတ်ဟာ လူတဦးတ
ယောက်ရဲ့ သဘောထား ကို ဖတ်တာမဟုတ် ဘူး စေတနာကို
ဖတ်တာဖြစ်တယ် ဆိုတာ သတိချပ်ပါ..။ မောင်လွဏ်းဆွေ
ရေးတဲ့ ဆောင်းပါးတွေ ဖတ်ပြီး ပြည်တွင်းက လူထု ဘယ်လို
ရှိမယ်ဆိုတာ ပြောစရာမလိုဘူး အောက်မှာ ရှိတဲ့ ကွန်မန့် 
တွေ မှာ အချင်းချင်း ရေးနေကြတာကို ကြည့်ရင် သဘော
ပေါက်နိုင်တယ် မိမိပေးတာ စေတနာ ဘာလဲ ဆိုတာ..။

ဒီဆောင်းပါးတွေ ရေးတဲ့ အတွက် ဒေါ် စု ကိုထောက်ခံတဲ့
အများစု ကြီး ဆီက ..လမင်းကို ခွေးဟောင်လို့ ရွှေလ
ရောင်အပြောင်မပျက်တယ် ဆိုတဲ့ စကားပဲ ရလိမ့်မယ် မိမိ
ဇောင်းပေးချင်တဲ့ ဆီကိုတော့ရောက်မယ်မထင်ဘူး ဒါပေမယ့်
အာဏာရှင်ဆီမှာ ဒူးထောက်ဖို့ အတွက် သီးသန့် ဆိုရင်တော့
မောင်လွဏ်းဆွေ ကိုရေးတဲ့ ဒီကွန်မန့် အတွက်တောင်း
စိတ်မရှိနဲ့ လို့ ပဲ ပြောချင်တယ်...
မှတ်ချက်..
ဆန့် ကျင်စာရေးတိုင်းေ ဒ်ါစု ထောက်ခံတဲ့သူလို့ 
မအောက်မေ့နဲ့ ..လူအလုပ်လူလုပ် ..ဘုန်းကြီးအလုပ်ဘုန်းကြီး
လုပ် ခွေးအလုပ်ခွေးလုပ်တာ ကောင်းပါတယ်။

channyein said...

taryar..ရေလမင်းကိုခွေးဟောင်တယ်ထင်ရင် ဘာမှလာမပြောနဲ့ပေါ့ကွယ်။ အခုတော့ဒေါ်စုကိုးကွယ်ရေးသမားတွေ ပညာမတတ်တဲ့လူမိုက်လူရမ်ကားတွေလို ဘာလို.လာဆဲနေတာလဲ။ လွမ်ဆွေမှားနေတဲ့အကြောင်း ဆောင်းပါးတဆောင်ရေးတတ်တဲ့သူရှိရင်ပဲ တော်ပါပြီ။ဆက်ရေးပါဆရာ အပိုင်း၆ ၇ ကိုမျော်နေမယ်။ အမှားလုပ်တဲ့သူတွေကတော့ သူတို့ကိုမှားတယ်ပြောရင် ဘယ်ုကိုက်ပါ့မလဲနော်

ညီမောင် said...

တစ်ခါတစ်လေ ဆောင်းပါးထက် ရေးတဲ.ကွန်မန်.တွေကဖတ်ရ
ပိုကောင်းနေသလားလို.ဗျာ :D
ကိုပြည်ညွှန်.တို. ကိုချာလီ SJK နဲ. ABC တို.ရေ
ခင်ဗျားတို. ကွန်မန်.တွေ ကျွန်တော့်ဖေ.ဘွတ်မှာ ရှယ်ဖို.မသွားတယ်ဗျာ .....ဒေါက်တာလွဏ်းပဲဆက်ရေးနိုင်မလားကွန်မန်.ပေးသူတွေပဲဆက်ရေးနိုင်မလားကြည့်ကြတာပေါ့ဗျာ :P

Unknown said...

လွဏ်းဆွေကိုလျော့တွက်၍ မရပါ သူဟာ အောက်ခြေကို ပင့်ထောက်ပြီး အပေါ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ကို ရိုက်ချဖို့ ကျိုးစားတဲ့ စစ်အစိုးရ အလိုတော်ရိဖြစ်ပါမည် ။ NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အတိုက်အခံ လူထုခေါင်းဆောင် ၊လူထုနှင့်တော်လှန်ရေးအင်အားစုတို့သည် လူသားမပီသတော့သော ၊ လူမဆန်သော စစ်ခွေး တို့နှင့် အရာရာကို အဆုံးရှုံး ဘက်မှ အနက်နာခံ တိုက်ပွဲဝင် အံတုအာခံ နေရသောအခြေအနေဖြစ်သည် ရှေ့တန်းမှထွက် အင်အားကြီးမားသော စစ်ခွေးတို့၏ အဓိက ရန်သူအဖြစ် အဓိက အားပြိုင် လွန်ဆွဲနေရခြင်းသည်ပင် ဒေါ်စု၏ လူထုအပေါ်ကျေပွန်သောအောင်ပွဲ ဖြစ်သည် ကမ္ဘာသိ စစ်ခွေးတွေလည်း ဒေါ်စုအတွက်ဖြင့် အမောဆို့နေခဲ့တာ တော်လှန်ရေး ကာလသမိုင်းတလျောက်ပင်ဖြစ်ပေသည် ၊ အခုတော့မောင်လွဏ်းဆွေလည်း ပါခြေပြီ။

Unknown said...

ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။

ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။

from http://moemaka.com/index.php?option=com_content&task=view&id=8747&Itemid=1

Unknown said...

There is a factor missing in equation. Actual equation is W=F*S*COSΦ and COSΦ is direction of force. If we were not in the right direction, no matter how we try to force to get shift there is no work done. I mean if Φ=90 then COSΦ=0 and W=0. So we should focus on all our efforts and shift in the right direction to get complete work done.

Unknown said...

ဒေါ်စုကို မိုးကျရွှေကိုလို့မမှတ်စေချင်ဘူး၊တိုင်းပြည်ကိုစေတနာထားတဲ့လူထဲကလူပဲမှတ်စေချင်တယ်။သူလိုကိုယ်လိုကနေ ပေးအပ်လားတဲ့သမိုင်းပေးတာဝန်ကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးခဲ့တဲ့လူသားထဲကလူသားပါဗျာ။ဘာပဲပြောပြောဗျာ...အောက်ကစာသားလေးကိုတော့ အရူးအမူးကြိုက်မိတယ်။
(ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာက တော့ အများစုက စွန့်လွှတ်ပေးဆပ်အနစ်နာခံတာကိုပဲ နိုင်ငံရေးလုပ်တယ်လို့ မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားနေကြတုန်းပါ)။

Unknown said...

အတော်ဖတ်လို့ကောင်းသား

Unknown said...

ကျမ comment တင်တယ် မရဘူး.ကလစ်လို့ကိုမရတာ.
ကျမသူငယ်ချင်းတင်တာအခုချက်ချင်းရသွားတယ်.
အတူတူဘေးချင်းယှဉ်တင်တာ.ဘာလို့ကျမ မရတာလဲ.
ရွေးပြီးတင်ပေးတာလား

Unknown said...

ဘာကြောင့်လဲ.မတင်ရဲလို့လား

Unknown said...

ဦးလွဏ်းဆွေကိုယ့်စေတနာကိုယ်ယုံကြည်တယ်ဆိုရင်
တင်ရဲရမှာပေါ့.ကျမစာထဲမှာစော်ကားတာ၊ရိုင်းပြတာ
တခုမှမပါပါဘူး.ကျမအမြင်တင်ပြတာပါပဲ.
ဘာကြောင့်တင်မပေးတာလဲ

layminthar said...

ီဒီ မို က ရေ စီ ဆ ရာ တွေ က ခွေး စ ကား အ ရမ်းေူပာ လွန်း လို့  ၊ ၊ ခွေး စ ကား တွေ ဘဲေူပာ မယ် ။ ခွေး လေး အ ရော ၀င် ပါး ယက် နား ယက် ။ ခွေး ဟောင် တိုင်း ထုကည်. ရင် အိပ် ရေး ပျက် ။ ခွေး က လေး ခုန် ဖုံ ထ ရုံ ။ ခွေး စိတ် ချမ်း သာ အောင် လေ လည် ပေး ။ ခွေး ကျင့်  ခွေုးကံ ။ ယုန် တောင်ေူပး ခွေးေူမာက် လိုက် ။ ခွေး သ တောင်း စား ။ ခွေး မသား ။ ။ ။

Unknown said...

ဒီဘလော့ကိုလုပ်နေတဲ့သူတွေဒီလောက်ရိုင်းမှန်းကျမအခု
မှသိတယ်..comment ပေးနိုင်တယ်ဆိုလို့ဝင်ရေးမိတာပါ
ဒီလိုတုန်ပြန်ဘို့မကောင်းဘူးထင်ပါတယ်..
ဒီလို post မျိုးရေးရင် ဒီလိုဝေဖန်မှုတွေရမယ်ဆိုတာ
ပညာတတ်တယောက်အနေနဲ့ကြိုမျှော်လင့်ထားပြီးသားလို့
ကျမကထင်ထားတာ.ခံနိုင်ရည်ရှိမယ်လို့လဲထင်တယ်လေ၊
အခုတော့ခွေးချင်းမိုးမွှန်အောင်ပြောလွှတ်တယ်။
ဘယ်လိုစကားသုံးပြီးပြန်ပြောရမှန်းတောင်မသိပါဘူး။
သေချာမှတ်ထားပါ၊ဒါတွေဟာရှင့်ရဲ့သမိုင်းပဲ၊ကျမလဲသေချာမှတ်ထားမှာ။

Unknown said...

Hi, Dr. Lun Swe,

We must ask to all supporting to USDA Government supporters and need to wait men -

_Are they guarantee for time of chnaging country.

- We have wait more than 42 years - But all the past time, same and
all were same and cheating after that they blame to each of them and give-up and RUN AWAY.

SLORC/SPDC also spoken same and now they are RUNNING AWAY and giving the REASON for Government of U Thein Sein.

- So, some are requesting to wait, - We must ask them , "ARE THEY GUARANTEE"

ဒေါက်တာလွဏ်းဆွေ said...

may ခင်ဗျား ...

မည်သည့် comment ကိုမှ ကျနော် ကန့်သတ်ပိတ်ပင်ထားခြင်း မရှိပါ။ စိစစ်ပြီးမှ တင်ပေးနေခြင်းလည်းမဟုတ်ပါ။ လွတ်လွတ်လပ်လပ် တိုက်ရိုက်ရေးခွင့်ပြုထားခြင်းဖြစ်ပါသည်။ ၀င်ရောက်ဆဲဆိုနေကြသူများမှာလည်း ဒီဘလော့ကို လုပ်နေသူ မဟုတ်ပါ။ may တင်ချင်တာ တင်လို့မရဘူးလို့ ပြောနေခြင်းဟာ may ကိုယ်တိုင်ရဲ့ အမှားအယွင်းကြောင့်ပဲ ဖြစ်မည်ဟုထင်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

Unknown said...

ဦးလွဏ်းဆွေရှင့်
ကျမစာရှည်နေတယ်ထင်လို့တ၀က်ဖြတ်ပြီးတင်ကြည့်ပါ
တယ်လုံးဝကိုလက်မခံတာပါ ၊ကျမဘက်ကဘာအမှား
အယွင်းမှမရှိပါ.အရှေ့မှာရေးတင်တာတွေရနေတာပဲ.
ဒါကျမသက်တမ်းတလျောက်မှာပထမဆုံး comment
ပါ။

Unknown said...

အပိုင်း၁ကထဲကစဖတ်ပါတယ်၊ရေးထားတာတွေအချို့ကို
လက္ခံပါတယ်၊ကျမကိုယ်တိုင်လဲNLDခေါင်းဆောင်တွေကို
အားမလိုအားမရဖြစ်ခဲ့ပါတယ်၊၈၈ ခတဲကပွဲသိမ်းပစ်စေချင်
နေတာ၊ဒီလိုလူထုအုံကြွမှုကြီးဖြစ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ရတောင့်ရခဲအခွင့်အရေးကြီးပါ၊လူထုအင်အားကိုစနစ်တကျကျွမ်းကျွမ်းကျင်ကျင်သာအသုံးချတတ်ခဲ့ရင်ပွဲပြီးတာကြာလှပေါ့၊ကျမNLDခေါင်းဆောင်တွေကိုအားမရဖြစ်ပေမဲ့တခါမှ
အပြစ်မမြင်ပါဘူး၊နိုင်ငံရေးနားမလည်လို့နိုင်ငံရေးသမားတွေရဲ့ကျားကွက်တွေကိုကျမမမြင်နိုင်ပေမဲ့စစ်အာဏာ
ရှင်ကိုဖြုတ်ချဖို့၊မြန်မာပြည်သားတွေလူ့အခွင့်အရေး
အပြည့်အ၀ရဖို့လုပ်နေတဲ့သူဆိုခေါင်းဆောင်မှမဟုတ်
ဘူး နောက်လိုက်ရောဘေးကနေလက်ခုပ်တီးအားပေးတဲ့သူရောအရမ်းလေးစားတယ်၊ကျေးဇူးလဲတင်တယ်၊
အဲဒါတို့နိုင်ငံမှာတော်ရုံသတ္တိရှင်တွေမဟုတ်ဘူးနော်
အားလုံးသိတယ်။
ဦးလွဏ်းဆွေရှင့်၊ဒေါ်အောင်ဆန်းစုကြည်ဟာအခြေအ
နေအရနိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာတာအားလုံးသိ
ပြီးသားပါ၊ရှင်တင်ထားတဲ့သီချင်းထဲကလိုပတ်ဝန်းကျင်
မြှောက်စားလို့မောက်ကြွားခဲ့တဲ့နှင်းဆီအဆင့်ဟုတ်မ
ဟုတ်တကမ္ဘာလုံးသိပါတယ်၊လူထုကကယ်တင်ရှင်ရှာနေတဲ့အချိန်မှာဒေါ်စုကလဲမြန်မာနိုင်ငံသားပီသစွာ၊ဗိုလ်
ချုပ်အောင်ဆန်းသမီးပီသစွာသမိုင်းကပေးလာတဲ့တာဝန်ကိုလိုလိုလားလားထမ်းဆောင်ခဲ့ထမ်းဆောင်နေတာပါ၊
သူ့ဘက်ကလိုအပ်တာတွေလွဲချော်တာတွေရှိခဲ့ရင်လဲ
ကျေနပ်ပါတယ်၊သူ့စေတနာသူ့အနစ်နာကိုမြင်နေရတာပဲသမိုင်းတလျှောက်မှာတကဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေတောင်အလွဲတွေအမှားတွေရှိခဲ့သေးတာပဲ၊

Unknown said...

သူ့ဘက်ကလိုအပ်တာတွေလွဲချော်တာတွေရှိခဲ့ရင်လဲ
ကျေနပ်ပါတယ်၊သူ့စေတနာသူ့အနစ်နာကိုမြင်နေရတာပဲသမိုင်းတလျှောက်မှာတကဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေတောင်အလွဲတွေအမှားတွေရှိခဲ့သေးတာပဲ၊
ဒေါ်စုအခုနိုင်ငံရေးမလုပ်ဘူးလို့အားမလိုအားမရဝေဖန်
နေကြတယ်၊ပြန်အဖမ်းခံရစေချင်လို့လား.ဟင်၊
သူလဲအကြိမ်ကြိမ်အဖမ်းခံရတော့သဘောပေါက်သွားပြီထင်ပါတယ်၊သူပြန်ဝင်သွားရင်အားလုံးငုတ်တုတ်မေ့ပြီပဲ၊
အကျိုးမဲ့အဖမ်းခံရတဲ့အဖြစ်မျိုးထပ်မရောက်အောင်ပါး
ပါးလေလှုပ်ရှားနေတယ်လို့ထင်ပါတယ်.သူလုပ်နေတာတွေအရွေ့မရှိဘူး.မထိရောက်ဘူးလို့ရှင်ပြောတယ်၊ရှင်
သာမသိတာ၊သန်းရွှေတို့တောင်သိတယ်၊သိလို့လဲပိန်
ပိန်သေးသေးအမျိုးသမီးလေးတယောက်ကိုခြံထဲပိတ်၊
တက္ကသိုလ်ရိပ်သာလမ်းကြီးပါပိတ်၊သံဆူးကြိုးအထပ်
ထပ်ခတ်၊တပ်တွေအထပ်ထပ်ချအရမ်းကိုကြောက်နေကြတာသူ့အစွမ်းကိုသိနေကြလို့ပေါ့၊ကျမဒီပိုစ့်ကိုဖတ်တာအပိုင်း၎အထိတကယ်စေတနာနဲ့ဝေဖန်နေတာလို့ထင်ခဲ့
တယ်၊အပိုင်း၅မှာသီချင်းလဲနားထောင်လိုက်ရောရှင့်ကိုအထင်ကြီးထားတာတွေသွားရောပဲ၊ကျမကမနက်တိုင်း
အိပ်ယာနို့းတာနဲ့ရှင့်ဘလော့ကိုစဖတ်တဲ့ပရိတ်သတ်ရှင့်၊
အကောင်းမြင်တာပေါ့ ဘယ်ထင်မလဲ၊လွတ်လပ်စွာပြော
ခွင့်ဝေဖန်ခွင့်ရှိပါတယ်၊စိတ်ထဲရှိတဲ့အတိုင်းအထင်မကြီး
မကြီးဘူးပေါ့ဘာဖြစ်လဲ၊အခုတော့ဒေါ်စုကိုအရမ်းစေတ
နာရှိသလိုလိုသူ့ဘက်ကလိုလိုနဲ့ပြီးတော့လူတွေအထင်
သေးအောင်သေချာအကွက်ဆင်ချပြတယ်၊ဒေါ်စုအ
တွက်အရမ်းစိုးရိမ်နေလို့ဒီသီချင်းကိုတင်လိုက်တယ်တဲ့
လား၊ဒီသီချင်းဟာသရော်တယ်ဆော်တယ်ဘယ်လိုစိတ်စေတနာတွေပါတယ်ဆိုတာအသိသာကြီးပဲ၊ကျမရှင့်ကိုနှ
မြောလိုက်တာ၊ဒေါ်စုကိုဆော်လို့မဟုတ်ဘူးနော်၊
၊ဒေါက်တာလွမ်းဆွေဆိုတာဒီလောက်အဆင့်ပဲလား၊
အချဉ်ကျွေးပြီးအချိုပါလို့ဗြောင်လိမ်ရဲသူလား၊ဘာဖြစ်လဲ
ကွယ်သတ္တိရှိရှိဗြောင်ဆော်ပေါ့၊
ဦးလွဏ်းဆွေရေလိုက်ကာချပြီးဇာတ်သိမ်းသွားပေမဲ့
ရာဇ၀င်တွင်ကျန်ခဲ့တဲ့ဇာတ်လမ်းတွေလဲပြည်သူတွေရဲ့နှလုံးသားထဲမှာမှတ်ကျောက်တင်ရှိနေဆဲဆိုတာသိထားပါ
ဒေါ်စုကိုသိပ်ကိုကချင်ရှာတဲ့ကချေသည်မလေးနှင်းဆီ
တဲ့လား၊အင်း..ဦးလွဏ်းဆွေလဲဖိုးဆိုချင်ခင်မောင်ညွန့်
တော့ဖြစ်ချင်တယ်၊ ”ဒိုရေမီ“ တောင်မသိဘူးဆိုရင်
တော့လဲမဟုတ်သေးဘူးနော်၊လေ့ကျင့်ထားပါအုံး.
အလှည့်ကျရင်နွှဲနိုင်အောင်ပါ။
နိုင်ငံကိုချစ်သောနိုင်ငံသားတိုင်းကိုလေးစာလျက်ပါ၊

layminthar said...

မေ လေး က လဲ ဒေါ် သုကီး ဘဲ စောင့်  လို့  ဆို နေ ရင် ဆောင့်  ပေါ့ လို့  နော်

Winnie said...

May, you sound like someone from NLD supporter who has been getting benefits from her. Have you got a refugee status in US, UK, Netherland or Japan or other countries? For these people, they would always say "Long Live NLD Party" Yes, she is Aung San's daughter, but that doesn't mean she inherits all the qualities of Aung San in her DNA. This article is written from someone's point of views. If you can't accept criticisms, you are not eligible for democracy. For ASSK, she has lived almost half of her life in UK, so, she will understand what free speech is even if her followers don't. And to other rude people, you should also be ashamed and it also shows that NLD followers are brainless people without education following ASSK blindly without questioning her capabilities. What do the world know? They know what NLD party members and overseas representatives tell them. Yes, this military government has been exploiting the natural resources, getting all the benefits, treating harshly to people. Have you guys stayed in that kind of environment and felt how it felt to be treated like that? Don't criticise the people living in the country for not following. At least these people are staying inside the country without trying to flee to foreign countries to have better lives with refugee status using NLD. I support the 88 students and other politicians who have been fighting the government till their death. What are the NLD party leaders doing during the Saffaron revolution? Did they even come out on the street? So who led the monks? NLD leaders were taking care of their health so that they could get power once the government fell. Thanks for reading!

charlie said...

ကိုလင်းသစ်ရေးသောဖိုးကံကောင်းအကြောင်းတစေ့တ
စောင်းဆောင်းပါးကိုဧရာဝတီဘလော့မှာရှာဖတ်ကြည့်
ကြပါ၊အားလုံးစိတ်ဝင်စားလိမ့်မည်ဟုမျှော်လင့်မိပါသည်။

Nga Sanay said...

တိုင်းပြည်က စစ်အာဏာရှင် လက်ထဲမှာဘဲ ရှိနေပါသေးတယ်။

ပြည်တွင်းကလူတွေကသာ တိုင်းပြည်ကိုချစ်တယ်၊ NLD ကသာ တိုင်းပြည်အတွက်လုပ်တာ၊ ပြည်ပရောက်သူတွေက အလကားလို. စကားပြိုင်နေရမဲ့ အချိန် မဟုတ်ဘူး။

ဘယ်နေရာ ဘယ်ရောက်ရောက် ကိုယ့်တိုင်းပြည်အတွက် စေတနာမှန်မှန်၊ အမြော်အမြင်ရှိရှိနဲ့ ကိုယ်ကျိုးမဖက်ဘဲ အစဉ်တစိုက်လုပ်နေဘို. အရေးဋ္ဌကီးပါတယ်။

စကားနိုင်လုနေရင် မဆုံးနိုင်ပါ။

Unknown said...

saw kt oo ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်

Unknown said...

saw kt oo ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်

Unknown said...

saw kt oo ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်

Unknown said...

mmin ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်

Unknown said...

saw kt oo ရေ.. ဘာမှ မလုပ်ပဲနဲ့  မီဒီယာမှာ နာမည်ကြီးရုံ ရေးတာကို ဘယ်လောက်အပြုသဘောဆောင်ဆောင် လက်မခံနိုင်ဘူး..
မင်းကိုနိုင်တို့ ကိုကိုဦး၊ဇာဂနာ အစရှိတဲ့ လူတွေပြောရင် လက်ခံနိုင်တယ်.. အပြုသဘောဆောင် အောင် ကာယကံရှင်ကို စာပို့ ပေး.. မီဒီယာက နေ မလိုအပ်ပဲ လူတွေ စိတ်ဝမ်းကွဲစေမယ့် ဟာ တွေ တင်ပြီး ပွဲဆူအောင်လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ကို မကြိုက်တာ.မြန်မာများ သောက်ကျင့်က အောင်မြင်/ထင်ရှား သူများ ကိုတယ်ပြီးပုတ်ခတ်တတ် ကြတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ်

paisoe said...

ကိုလွဏ်းဆွေ သို့...
I agree with you, completely.

gunner said...

ကျနော်ကိုလွဏ်းဆွေရဲ့ ရဲရဲဝံ့ဝံ့ ဝေဖန်ပိုင်းခြားပြမှုကို ထောက်ခံပါတယ်။ ၂၃ နှစ်ဆိုတဲ့အချိန်ဟာ အရာရာကို ဝေဖန်ဆန်းစစ် အဖြေရှာရမယ့် လိုလောက်တဲ့အချိန်တခုလို့ ထင်ပါတယ်။ ဒေါ်စုကိုအကြောင်းပြ ဒေါ်စုထမိန်နားခိုကပ်စားနေတဲ့သူတွေ အတွက်တော့ ကိုလွဏ်းဆွေဟာ စစ်အစိုးရလူဖြစ်နေမှာပါပဲ။ အဆဲခံနေရမှာပါပဲ။ အဲလို ဘာမှပိုင်းခြားဝေဖန်မှုကို မလုပ်နိုင်ကြလို့လဲ ကျနော်တို့ နိုင်ငံရေး ဒီလိုပဲစခန်းသွားနေတာပါ။ မင်းကဘာလုပ်လဲမေးရင် ကျနော်လဲဘာမှ မလုပ်ပါဘူး။ ဒါပေမယ့် ခင်ညားတို့ပြောနေတဲ့အတိုက်အခံနိုင်ငံရေး ဆိုတာကိုလဲ လုံးဝဥုသုံနီးနီးကို အယုံအကြည်မရှိတော့တာလဲ အမှန်ပါပဲ။ ပြည်ပအစိုးရတို့ ပြည်ပအတိုက်အခံတို့ဆိုတာတွေကို စိတ်ပျက်လွန်းလို့ စကားထဲတောင် ထည့်မပြောတော့ပါ။ NLD နဲ့ဒေါ်စုကလဲ တက်လာသမျှနဲ့ စေ့စပ်ဆွေးနွေးချင်ပါတယ်လို့ ပြောနေလို့ စိတ်ပျက်ရပါတယ်။ ကျနော်တို့မှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကိုလျော့ချပီး အကုန်ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒေါ်စုလောက် မတတ်လို့ မသိလို့ ဦးဆောင်မှုလုပ်မရဆိုယင်တော့လဲ ခင်ညားတို့ သေတဲ့အထိ ထိုင်စောင့်နေကြလို့ပဲ ပြောရတော့မှာပေါ့ဗျာ။ ချဗျာ ကိုလွဏ်းဆွေ....နောက်ထပ်မျိုးဆက်သစ်ဖြစ်ဖြစ် ခေါင်းဆောင်သစ်ဖြစ်ဖြစ် ပေါ်လာပစေ။ ကျနော်တော့အားပေးတယ်......

Thet Zaw Lin said...

I agree some of the fact that point out by Dr lawn Shwe

Thet Zaw Lin said...

I agree some of the fact that point out by Dr lawn Shwe