Monday, April 25, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၄)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၄)
ဒေါက်တာလွဏ်းဆွေ

ဘောင်းဘီချွတ် ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို ကြည့်ပြီး ကျနော် သင်ခန်းစာရမိတာတခုရှိတယ်။ ဘာလဲဆို တော့ ‘နိုင်ငံရေး’ ဆိုတဲ့ မီးနဲ့ ကစားရသလိုမျိုး အန္တရာယ်အရမ်းများတဲ့ အရေးကိစ္စကြီးကို ကြောက်တတ်ရင်၊ မပြတ်သားရင်၊ စွန့်ရဲတဲ့စိတ်မရှိရင် အစကတည်းက လုံး၀၀င်မလုပ်တာ အကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာပါ (ကာယကံရှင်အတွက်လည်း ကောင်းတယ်၊ သူ့ရဲဘော်ရဲဘက်တွေနဲ့ အဖွဲ့အစည်းအတွက်လည်း ကောင်း တယ်။ တိုင်းပြည်အတွက်လည်း ကောင်းတယ်ပေါ့)။ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို နဂိုကတည်းက စစ်အုပ်စု ထည့်ထားတဲ့ မြေအောင်းပွေးတွေလို့တော့ ကျနော် မထင်မိပါဘူး။ ဒါပေမယ့် ကြောက်တတ်တဲ့၊ မပြတ်သား တဲ့၊ မစွန့်ရဲတဲ့စိတ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အချိန်မှာ အနိုင်ကျင့်လာတဲ့ စစ်အုပ်စုရဲ့အလိုကို ကြောက်ကြောက်နဲ့ အလျှော့ပေး အကြိုက်ဆောင်ရင်း ကိုယ့်တပ်ကိုယ်ချနင်းတဲ့ အလုပ်မျိုးတွေ လုပ်ဖြစ်ပြီး မြေအောင်းပွေးဘ၀ကို ရောက်မှန်းမသိရောက်သွားရတာလို့ ထင်ပါတယ်။ တိုက်ပွဲကာလ တော်လှန်ရေးအဖွဲ့ အစည်းတွေမှာ အဲသလိုကြောက်စိတ်ရှိတဲ့၊ မပြတ်သားတဲ့၊ မစွန့်ရဲတဲ့လူတွေ ပါမလာဖို့ အရမ်းအရေးကြီးတယ် ဆိုတဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတခုကို ရလိုက်တဲ့အတွက်တော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ကျနော် ကျေးဇူးတင် မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာတော့ အဲလိုကြောက်တတ်တဲ့စိတ်၊ မပြတ်သားတဲ့စိတ်၊ မစွန့်ရဲတဲ့စိတ်တွေ လုံးဝမ တွေ့ရပါဘူး။ အခုအချိန်အထိ သူ ဖြတ်သန်းပြခဲ့တဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့ရ မှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျနော် သတိထားမိတာတခုက တိုက်ပွဲအခြေအနေကို မှန်မှန် ကန်ကန် သုံးသပ်အကဲဖြတ်နိုင်မှု ပါရမီဓာတ်ခံ အားနည်းပြီး (ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီနေရာမှာ ကွာတာလို့ ကျနော် ထင်မိပါတယ်) ရောက်ရှိနေတဲ့ တိုက်ပွဲအဆင့်နဲ့ မလျော်ညီတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ များခဲ့တယ်လို့ ကျနော် သုံးသပ်မိပါတယ်။

ဥပမာအနေနဲ့ပြောရရင် ၉၅ ခုနှစ် ဇူလိုင် (၁၀) ရက်မှာ ပထအကြိမ်အကျယ်ချုပ်က လွတ်လာရာကနေ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၃) မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ် ပြန်ဝင်ရတဲ့အချိန်အထိ ဒေါ်အောင်ဆန်း စုကြည် အပြင်မှာ အချိန် (၅) နှစ်ကျော်ကြာ နေခွင့်ရခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အလုပ်တွေကို မြန်မြန် သွက်သွက် လုပ်စရာရှိတဲ့ လူတဦးအဖို့ နည်းနည်းနောနော အချိန်ကာလမဟုတ်ပါဘူး။ အဲဒီကာလမှာ ရွေး ကောက်ပွဲကို အပြတ်အသတ် အနိုင်ရထားတဲ့ အန်အယ်လ်ဒီပါတီရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ဟာ (စစ် အုပ်စု ဘယ်လိုပဲ ညစ်နေညစ်နေ၊ ဘယ်လောက်ပဲ ညစ်နေညစ်နေ) အစိုးရတရပ် မဖြစ်မနေ ဖွဲ့စည်းအကောင် အထည်ဖော်ရေးဆိုတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်သင့်တယ်လို့ ကျနော် ထင်တယ် (ဘောလုံးစကားနဲ့ ရှင်းအောင်ပြော ရရင် အဲဒီအချိန်ဟာ နအဖကို ဘယ်ဘက် အယောင်ပြပြီး ညာဘက်ကို ကန်သွင်းနိုင်အောင် ကြိတ်ပြီး ကြံစည် အားထုတ်ရမယ့်အချိန်လို့ ထင်မိပါတယ်။ ကိုယ်တိုင်လည်း အပြင်မှာရှိနေတုန်း၊ ၉၀ ရလဒ်လည်း ပူနွေးနိုင်သ မျှ ပူနွေးနေတုန်း မဖြစ်မနေ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမယ့်အချိန်ပါ)။ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုစွန့်စားမလဲဆိုတဲ့ အသေးစိတ် အစီအစဉ်ကိုတော့ ကိုယ်ယုံကြည်စိတ်ချရတဲ့ ဗဟိုကော်မတီလောက်ပဲ တိုင်ပင်ပြီး အနာခံ စွန့်စားရဲတဲ့ အစိုးရတဖွဲ့စာ အမတ်တွေကို မြေအောင်းပွေး ဗဟိုကော်မတီဝင်တွေ မသိ အောင် ကြိတ်ပြီး ရွေးချယ်ရမှာပါ။ ပြီးရင် မထင်မှတ်တဲ့အချိန်မှာ အစိုးရအဖွဲ့ကို ကောက်ကြေညာပစ်လိုက်ရ မှာပါ။

အစိုးရအဖွဲ့ ကြေညာတာနဲ့ စစ်အုပ်စုကတော့ ဖမ်းမှာ အသေအချာပဲလေ။ ဖမ်းတာ သူတို့အလုပ်ပဲ၊ ဖမ်းပစေ ပေါ့ (အခုလည်း တခြားအကြောင်းတွေနဲ့ အသားလွတ် အဖမ်းခံခဲ့ရတာပဲမဟုတ်လား၊ ကျနော့်အထင်တော့ တခြားအကြောင်းနဲ့ အဖမ်းခံမယ့်အစား အစိုးရအဖွဲ့ကြေညာပြီးတော့ အဖမ်းခံရတာက ပိုပြီးအဓိပ္ပာယ်ရှိတဲ့ နိုင် ငံရေးခြေလှမ်းကို လှမ်းလိုက်တာနဲ့ တူတယ်လို့ ယူဆမိပါတယ်)။ ဖမ်းပြီးတာနဲ့ အဲဒီ Case ရှင်းဖို့ စစ်အုပ်စု ခေါင်းစားပေတော့ပဲ။ အစိုးရအဖွဲ့ဝင်တွေ အဖမ်းခံရပြီးရင် အဲဒီ Case ကို ပြည်တွင်းပြည်ပ တောင်းဆိုဆန္ဒပြမှု အား၊ ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ လက်တွေ့ကျတဲ့ အကူအညီအားနဲ့ ၀ိုင်းရှင်းရင် အဲဒီ (၅) နှစ်အတွင်းမှာ တောင် ပွဲကပြီးလောက်ပြီလို့ ကျနော် ကျိန်းသေပေါက်ထင်မိပါတယ်။ အသေအပျောက် ဒဏ်ရာရမှုတွေနဲ့ အ နည်းအကျဉ်း ရင်းရတာလောက်တော့ ရှိမှာပေါ့။ အခုလို (၂၃) နှစ်ကြာ ပေးဆပ်ရတာလောက်တော့ ဘယ်ဆိုး ပါ့မလဲ (အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင် ၀ါတာရာ ဒီနည်းနဲ့ လက်ဦးမှုယူပြီး ခြေမြန်လက်မြန် လုပ်သွား လို့ လေးလအတွင်း အောင်ပွဲခံသွားတာမဟုတ်လား)။ အခုကျတော့ ရွေးကောက်ပွဲနိုင်ပြီး အစိုးရမဖွဲ့ရဲတဲ့ အန် အယ်လ်ဒီကို နိုင်ငံတကာကအသိုင်းအ၀ိုင်းက ဘယ်လို ထိထိရောက်ရောက် အကူအညီပေးရမှန်းမသိ၊ ဘာ လုပ်ပေးရမှန်းမသိ ဖြစ်ခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ လွှတ်ပေးပါ” ဆိုတာလောက်ကိုပဲ ပါးစပ်ညောင်းအောင် အော်ဟစ်ပေးရင်းနဲ့ အချိန်ကုန်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဲဒီ (၅) နှစ်ကျော်ကြာကာလမှာ လူထုစည်းရုံးရေး၊ လူထုနဲ့ ထိတွေ့ဆက်ဆံရေး ဘက်ကို ပိုအားသန်နေခဲ့ပုံရပြီး ခြံရှေ့တရားပွဲတွေ၊ လူအုပ်ကြီးထဲဆင်းပြီး ဟောပြောမှုတွေ၊ လက်ပြနှုတ် ဆက်မှုတွေ၊ လက်ခုပ်သံတွေကြားမှာ အချိန်တော်တော်များများ ကုန်ခဲ့တယ်လို့ ကျနော် ရိုးရိုးသားသား ရှုမြင် မိပါတယ်။ ပါတီခေါင်းဆောင်တဦးအနေနဲ့ လူထုစည်းရုံးရေးလုပ်ဖို့ လိုအပ်တာမှန်ပေမယ့် စည်းရုံးရေးလုပ်ငန်း က အဲဒီအချိန်က ရောက်ရှိနေတဲ့တိုက်ပွဲအဆင့်နဲ့ဆိုရင် အဓိက ဦးစားပေးလုပ်ငန်းမဟုတ်ဘူးလို့ ကျနော် သုံး သပ်မိလို့ပါ။ ကြည့်ရတာ ၉၀ ရွေးကောက်ပွဲမှာ လူထုကြီးတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အန်အယ်လ်ဒီပါတီကို တခဲနက် မဲပေးခဲ့တာကို အဲဒီအချိန်တုန်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်က ကိုယ်တိုင်မမြင်လိုက်ရလို့များ သူ့အနေနဲ့ “လူထုကို ငါမစည်းရုံးရသေးဘူး၊ တိုင်းပြည်တပတ် လှည့် ဦးမှ” လို့ တွေးပြီး စည်းရုံးရေးဆင်းဖို့ အားသန်ခဲ့တာလားတော့ မပြောတတ်ဘူး။ အမှန်က ဒေါ်အောင်ဆန်းစု ကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်တဲ့အချိန်က ရွေးကောက်ပွဲအပြီး အောင်ပွဲရထားတဲ့ အ ချိန်ဖြစ်လို့ စည်းရုံးရေးကာလကို ကျော်ခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်ရေးကိုပဲ အသည်းအသန် ကြိုးပမ်းအားထုတ်ရမယ့် အချိန်ပါ။ နိုင်ငံရေးအကွက်မြင်တဲ့၊ နိုင်ငံရေးသမားပီသတဲ့ ကမ္ဘာ့ဘယ်ဒေသက အတိုက်အခံခေါင်းဆောင်မဆို အဲဒီလိုအချိန်မျိုးမှာဆိုရင် ပြန်ဖမ်းခါမှဖမ်း (‘အတိုက်အခံ’ ဆိုတဲ့ စကားအတိုင်း တိုက်လည်းတိုက်ရဲရမယ်၊ ခံ လည်း ခံရဲရမယ်ဆိုတဲ့ စိတ်နဲ့) အစိုးရအဖွဲ့ကို မဖြစ်မနေ ကြေညာကြမှာပဲလို့ ကျနော် လုံးဝဥဿုံ ယုံကြည်နေ မိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြင်မှာ အကြာဆုံး နေခွင့်လိုက်ရတဲ့ (တန်ဖိုးရှိတဲ့) (၅) နှစ် ကျော်ကာလအတွင်း ၁၉၉၈ စက်တင်ဘာလ (၁၆) ရက်နေ့မှာ ‘ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ’ ဆို တဲ့ လွှတ်တော်လည်းမဟုတ်၊ အစိုးရအဖွဲ့လည်းမဟုတ်တဲ့ စကောစကကော်မတီ (ဒီကနေ့အထိလည်း အဲဒီအ ဆင့်ကနေ မတက်) လောက်ကိုသာ ဖွဲ့စည်းလိုက်ရပြီး နေအိမ်အကျယ်ချုပ်ထဲ ဒုတိယအကြိမ် ပြန်ဝင်သွားခဲ့ရ ပြန်လေတယ်။

(ပဉ္စမပိုင်း ဆက်ပါမယ်)

ဒေါက်တာလွဏ်းဆွေ

21 comments:

Welcome to Matches Box !!!!!!!!! said...

ဇော်ဇော်က ဆရာ့ အကွက်တွေသဘောကျလို့  မြန်မာအသင်းကို နည်းပြခန့် မလို့ ဆိုလားပဲ

Darli said...

Sounds like your criticisms are very solid. But I have a question, if you are so smart in this issue, why don't you go back to Burma and fight for democracy with your own way?

Highly appreciated if you can answer my curiosity!!!! Or else, your comments for DASSK is just bull shit!!!

charlie said...

လက်သီးပုံးထုပ်လာတော့လဲဆက်တိုက်ပဲဗျို့ဗိုလ်မှုးရေ၊
နေညမအိပ်ရေးတာတော့မဖြစ်နိုင်ဖူးထင်တယ်နော်၊နှစ်
နဲ့ချီပြီး၂၀၀၅ လောက်ကစမှာပေါ့ဗျာနော်၊အားလုံးကိုပြန်
စကြဖို့ဆိုလို့ကြည့်လိုက်တော့ကျန်တာတွေမပါပဲNLD
ချည်းပဲဖြစ်နေတာကိုဗျ၊ဘယ်နှယ်ဗျာခင်ဗျားတို့NLDမ
ပါပဲမရေးတတ်မလုပ်တတ်ဖြစ်နေတာကိုးဗျ၊ခင်ဗျားပြော
သလိုပဲNLDကလူအိုကြီးတွေ၊မြေအောင်းပွေး၊တွေနဲ့
အလုပ်မဖြစ်ပါဖူးဗျာဘာလို့သူတို့ကိုမျှော်လင့်နေကြတာ
လဲလူထုလက်မခံရင်ဘယ်သူကဘာမှလုပ်လို့မရပါဖူးဗျာ
လုပ်ကြပါဗျာ၊ခုတော့ဗျာဘောင်းဘီချွတ်တွေတယောက်
မှမကောင်းသလိုဖြစ်နေတာကိုးဗျ၊ဒေါ်စုမလဲဘောင်းဘီ
ချွတ်တွေကြားမှာညပ်နေတာကိုး၊ဘောင်းဘီချွတ်တွေက
လဲဘောင်းဘီဝတ်တွေလောက်မတော်မကောင်းတာတော့
သေချာပါတယ်၊ဒါကြောင့်လဲကန်ထုတ်၊ချောင်ထိုးခံရတာ
ပေါ့၊ခက်တာကသူတို့ကိုလဲဘယ်သူမှမယုံကြတာတော့
ကောင်းချင်တဲ့သူတွေတောင်နောက်ဆုံးတော့ဂိုဏ်း
ထဲပြန်ရောက်သွားတာပေါ့ဒါပေမယ့်ဒေါ်စုကိုသန်းရွှေနဲ့
နှိုင်းယဉ်ပြီးပြောတာကတော့တဖက်ကတော့ခေါင်းဆောင်
ချင်းဆိုတော့သဘာဝတော့ကျပါတယ်ခက်နေတာက
သန်းရွှေနဲ့သူ့မိသားစုကတိုင်းပြည်ရဲ့ငွေတွေနဲ့စံအိမ်
ကိုစိန်နဲ့မွှန်းပြီးနေနေတာဗျ၊အော်မေ့နေလို့သူမွေး
လို့နေ့ချင်းကြီးတဲ့သူတွေများသလို၊သူချွတ်လိုက်လို့
ကျွတ်ပြီးလွှတ်သွားတဲ့သူတွေလဲများသားဗျ၊ဒေါ်စု
ကတော့သူ့ပိုင်ဆိုင်တာတွေကိုတောင်စွန့်ထား
ပြီးသူ့ဟာသူတောင်မကျွတ်နိုင်တဲ့ဘဝမှာသူတပါး
ချွတ်ထားခံရပြီးသားတွေကိုထပ်ပြီးချွတ်ရမယ်ဆို
တာကိုဘယ်အမျိုးကောင်းသားသမီးကမှမကျင့်သင့်
ဆိုတာကိုသူသိနေတာပဲ၊နောက်တခုကဒီမိုကရေစီ
ဆိုတာတဦးတယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ဖြုတ်၊ထုတ်၊သတ်လုပ်လို့မရပါဖူးဆိုတာခင်ဗျားတို့သိပါတယ်၊
NLDကိုဒေါ်စုမပိုင်သလိုတိုင်းပြည်ကိုလဲဒေါ်စုမပိုင်ပါ
ဖူး၊ဒေါ်စုကဒီမိုကရေစီမဟုတ်သလို၊ဖန်တီးရှင်လဲမ
ဟုတ်ပါဖူး၊အဲဒီတော့ဆိုလိုချင်တာကဦးဝင်းတင်ပြော
သလိုပေါ့လူထုအုံကြွမှုဆိုတာNLD အုံကြွမှုမဟုတ်ဖူး
ဦးဝင်းတင်အုံကြွမှုလဲမဟုတ်ဖူး၊လူထုကမခံနိုင်လို့
အုံကြွလာတဲ့အခါအဆင်သင့်လိုက်ပါရင်ပါမပါရင်
အားလုံးမြောင်းထဲရောက်သွားမှာပဲတဲ့၊။ပုဂ္ဂိုလ်ရေး
ကိုးကွယ်မှုတွေ၊တိမ်ကြားမင်းခေါင်မျှော်တဲ့အတွေး
အခေါ်တွေကိုမြောင်းထဲမှာမြေမြုတ်၊သဂြိုလ်သင့်
ပါပြီ၊ဒါကြောင့်လဲနေရာစုံမှာကွန်ယက်တွေဖွဲ့ဖို့ပြော
နေခြင်းပဲဖြစ်တယ်၊ပြောရတာလည်းအခန့်မသင့်
ရင်သန်းရွှေပါးစပ်ကနတ်စကားထွက်အဲလေဒီမို
ကရေစီစကားထွက်သလိုမျိုး၊ဒေါ်စုချစ်သူဆိုင်း
ဘုတ်ကပ်မှာလဲကြည့်ရသေးတယ်၊ဒါပေမယ့်ဒီ
အယူအဆတွေမှန်မမှန်လူတွေကဆုံးဖြတ်ကြမှာ
ပါမကြောက်ပါဖူးဒါဒီမိုကရေစီပဲလေ။
နောက်ဆုံးကတော့မင်းလောက်ကိုယ်အပေါ်ဘယ်သူ
မှမကောင်းဖူးဆိုရင်လဲမင်းဟာဘယ်သူဆိုတာရယ်
ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုလဲရေးဖို့
မမေ့နဲ့အုံးပေါ့ဗျာ၊

charlie said...

မေ့သွားလို့ဗျာကျွန်နော်ကဘောင်းဘီဝတ်၊ဘောင်းဘီ
ကြွတ်တွေအကြောင်းရေးတော့ဗျာအဲဒီလိုသူတို့တွေအချွတ်ခံကြရတော့အရပ်သားတွေကြားထဲသိပ်တိုး
လို့မရကြတော့ဇွတ်ပေပြီးမချွတ်တော့ပဲဝတ်ထားတော့
အာဏာရှင်ဆိုပြီးဖြစ်လာတာပေါ့ဗျာ၊ကျွန်နော်တို့ကတော့
ချွတ်တွေဝတ်တွေမခွဲဘာဖူး၊သူတို့လဲလူထုရဲ့တစိတ်တပိုင်းပဲဆိုတော့၊လူထုအကျိုးအတွက်ဆို
ရင်ပေါ့အားလုံးအနေနဲ့လည်းလက်တွဲပြီးခေါ်နိုင်အောင်
ကြိုးစားရမှာပါပဲ၊သတိရှိရှိ၊ရိုးသား၊ပွင့်လင်း၊ခြစားမှု
ကင်းစွာနဲ့ပေါ့ဗျာ၊ကြေးစားစိတ်တွေကိုဖျောက်ပြီး

ပေါ့ဗျာ၊ကျုပ်တို့ကတော့ကြေးမစားရပဲကြီးတော်နွား
ကျောင်းရင်လဲကျောင်းပေါ့ဗျာတရားမျှတမှုအတွက်
ပဲလေခုလဲပဲအဆင်ပြေတဲ့အချိန်ပိုင်လေးးမှာပတ်(တ်)
တိုင်း(မ်)ရေးပေါ့ဗျာ။

Unknown said...

ဒီဆောင်းပါးနဲ့ဆိုင်ချင်မဆိုင်မယ်။လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းအရကအစိုးရသစ်ကဖြစ်သွားပြီ။
အရင်ဦးစုံးဒီအစိုးရကိုအရှိအရှိအတိုင်းလက်ခံမယ်ပြောပြီးအရင်ဆုံးစလက်ခံတာက(NLD)ဘဲ။
၂၀၀၈ဖွဲ့စည်းပုံတွေ၊ရွေးကောက်ပွဲမတရားမူ့ဖော်ထုက်ရေးတွေကလေနဲ့အတူလွင့်သွားပြီ။
တိုက်မလား။လိုက်မလား(သူ့အလိုကို)။ဒေါ်စုနဲ့(NLD)ကတိုက်မလိုလိုလိုက်မလိုလိုက၂၃နစ်ကြာသွားပြီ။
ဘာမအပြစ်မပြောချင်တော့ဘူး။အခူ့(NLD)ရဲ့မူဝါဒအရကစက်လုပ်နိုင်စရာကတော့နောက်(၄)စောင့်။ရွေးကောက်ပွဲဝင်။
အရှိအရှိအစိုးရကိုလက်ခံမတော့လွတ်တော်နဲ့ဖွဲ့စီးပုံကိုအရှိအရှိလက်ခံတဲ့သဘောဘဲ။
ဒီတော့(NLD)သွားရမဲ့လမ်းကြောင်းကအခုထဲကလူထူ့ကိုစည်းရုံးထားပြီး နောက်သက်တန်းမာရွေးကောက်ပွဲဝင်။ဒါဘဲရှိတယ်။
တိုက်မလိုလို လိုက်မလိုလိုနဲ့ကြာနေပြီ။ Peaceful revolutionနဲ့တွေ့စုံရေးအော်နေတဲ့NLDအတွက်ဒီတလန်းဘဲရှိတော့တယ်။
ရွေးကောက်ပွဲဝင်ရင်ဒေါ်စုကိုအပြင်ခဏထုက်ထားရမယ်။

Unknown said...

ဒီဆောင်းပါးနဲ့ဆိုင်ချင်မဆိုင်မယ်။
လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းအရ
ကအစိုးရသစ်ကဖြစ်သွားပြီ။
အရင်ဦးစုံးဒီအစိုးရကိုအရှိအရှိအတိုင်း
လက်ခံမယ်ပြောပြီးအရင်ဆုံးစ
လက်ခံတာက(NLD)ဘဲ။
၂၀၀၈ဖွဲ့စည်းပုံတွေ၊ရွေးကောက်ပွဲမတရားမူ့
ဖော်ထုက်ရေးတွေကလေနဲ့အတူလွင့်သွားပြီ။
တိုက်မလား။လိုက်မလား(သူ့အလိုကို)။
ဒေါ်စုနဲ့(NLD)ကတိုက်မလိုလိုလိုက်မလိုလို
က၂၃နစ်ကြာသွားပြီ။
ဘာမအပြစ်မပြောချင်တော့ဘူး။
အခူ့(NLD)ရဲ့မူဝါဒအရကစက်လုပ်နိုင်စရာက
တော့နောက်(၄)စောင့်။ရွေးကောက်ပွဲဝင်။
အရှိအရှိအစိုးရကိုလက်ခံမတော့
လွတ်တော်နဲ့ဖွဲ့စီးပုံကိုအရှိအရှိလက်ခံတဲ့သဘောဘဲ။
ဒီတော့(NLD)သွားရမဲ့လမ်းကြောင်းက
အခုထဲကလူထူ့ကိုစည်းရုံးထားပြီး နောက်သက်တန်းမာရွေးကောက်ပွဲဝင်။ဒါဘဲရှိတယ်။
တိုက်မလိုလို လိုက်မလိုလိုနဲ့ကြာနေပြီ။
Peaceful revolutionနဲ့တွေ့စုံရေး
အော်နေတဲ့NLDအတွက်ဒီတလန်းဘဲရှိတော့တယ်။

kyawhtun said...

ဒေါက်တာလွဏ်းဆွေ
ကြားသလောက်နှင့် လျှောက်မရေးပါနှင့် အချို့အခက်အလက်တွေ က အမှားတွေ အများကြီးဘဲ
ဒေါက်တာလွဏ်းဆွေ
ပြည်တွင်းမှာ ရှိစဉ်က မျှားနတ်မောင် စာအုပ်ထုတ်ပြီး မိမိ အကျိုးစီးပွား ကိုလုပ်နေတာလူတိုင်းသိတယ်
နယ်စပ်ရောက်မှ ကိုယ်ထင်ပေါ်ရေးအတွက်
အသုံးမကျပါနှင့် ဆွေးနွေးခြင်းလျှင်ဖုန်းဆက်လို့ရတယ် အချိန်မရွေးဘဲ
( ၂၆၀ ) ၄၁၆ - ၆၀၄၀
သိန်းထိုက်
ဒဂုံမြို့သစ်မြို့နယ်၊ ရ - က -တ

Unknown said...

No Frontier
By The Corrs

If life is a river and your heart is a boat
And just like a water baby, baby born to float
And if life is a wild wind that blows way on high
And your heart is Amelia dying to fly
Heaven knows no frontiers and I've seen heaven in your eyes

And if life is a bar room in which we must wait
'Round the man with his fingers on the ivory gates
Where we sing until dawn of our fears and our fates
And we stack all the dead men in self addressed crates

In your eyes faint as the singing of a lark
That somehow this black night
Feels warmer for the spark
Warmer for the spark
To hold us 'til the day
When fear will lose its grip
And heaven has its ways

Heaven knows no frontiers
And I've seen heaven in your eyes

If your life is a rough bed of brambles and nails
And your spirit's a slave to man's whips and man's jails

Where you thirst and you hunger for justice and right
And your heart is a pure flame of man's constant night

In your eyes faint as the singing of a lark
That somehow this black night
Feels warmer for the spark
Warmer for the spark
To hold us 'til the day when fear will lose its grip
And heaven has its ways
And heaven has its ways
When all will harmonise
And you know what's in our hearts
The dream will realise

Heaven knows no frontiers
And I've seen heaven in your eyes
Heaven knows no frontiers
And I've seen heaven in your eyes

jo said...

ကိုလွဏ်းဆွေရေ...
ကျနော်လည်း မှတ်ချက်ရေးဘို့ စောင့်နေတာဗျို့ ကိုလွမ်းဆွေရဲ့ ဆောင်းပါးကို အစအဆုံးဖတ်ပြီးအောင် စောင့်နေလို့
ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်အတိုင်း ဝေဖန်တာ လက်ခံပါတယ်

Unknown said...

ဒေါက်တာကြီးရေ သူများအကြောင်း အပြုသဘောလား ထင်ပေါ်ချင်လိုလားတော့မသိဘူး။ တော်တော်လေး ရေးတတ်သားပဲ။ ဒေါက်တာကြီးရော မြန်မာဒီမိုကရေစီအရေး ဘယ်လောက်ထိ ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီလဲ။ ဘာတွေလုပ်ပေးနေပြီလဲ။ ပြည်ပကနေ ဘလောဒ်လေး ဖွင့်ပြီး တောင်ရေးမြောက်ရေးလောက်နှင့်တော့ ဘာမှ အလုပ်မဖြစ်သေးဘူးနော။ ရေးတာပြောတာကတော့ ရေးတတ်သူတိုင်းရေးလို့ရသလို ပါးစပ်ပါသူတိုင်း ပြောလို့ရတာပဲ။ ကိုယ့်ကိုယ်ကို မြင်တတ်အောင် ကြည့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးရင် ခင်ဗျအတွက် ပိုကောင်းလိုက်မယ်လို့ ပညာရှင်ကြီးကို အကြံပြုချင်ပါတယ်။

Unknown said...

ကိုလွဏ်းဆွေရေ...
ကျနော်လည်း မှတ်ချက်ရေးဘို့ စောင့်နေတာဗျို့ ကိုလွမ်းဆွေရဲ့ ဆောင်းပါးကို အစအဆုံးဖတ်ပြီးအောင် စောင့်နေလို့
ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်အတိုင်း ဝေဖန်တာ လက်ခံပါတယ်

i think above statement is written by yourself(lun swe)
am i right?

Unknown said...

ငါးမင်းဆွေရဲ့ နောက်မီးဆွဲ ငါးလွဏ်းဆွေ ခင်ဗျား.. အရူးထလို့  မပြီးသေးဘူးလား..

kamarpearl said...

Starry, Starry night
By Don McLean

Starry, starry night.
Paint your palette blue and grey,
Look out on a summer's day,
With eyes that know the darkness in my soul.
Shadows on the hills,
Sketch the trees and the daffodils,
Catch the breeze and the winter chills,
In colors on the snowy linen land.

Now I understand what you tried to say to me,
How you suffered for your sanity,
How you tried to set them free.
They would not listen, they did not know how.
Perhaps they'll listen now.

Starry, starry night.
Flaming flowers that brightly blaze,
Swirling clouds in violet haze,
Reflect in Vincent's eyes of china blue.
Colors changing hue, morning field of amber grain,
Weathered faces lined in pain,
Are soothed beneath the artist's loving hand.

Now I understand what you tried to say to me,
How you suffered for your sanity,
How you tried to set them free.
They would not listen, they did not know how.
Perhaps they'll listen now.

For they could not love you,
But still your love was true.
And when no hope was left in sight
On that starry, starry night,
You took your life, as lovers often do.
But I could have told you, Vincent,
This world was never meant for one
As beautiful as you.

Starry, starry night.
Portraits hung in empty halls,
Frameless head on nameless walls,
With eyes that watch the world and can't forget.
Like the strangers that you've met,
The ragged men in the ragged clothes,
The silver thorn of bloody rose,
Lie crushed and broken on the virgin snow.

Now I think I know what you tried to say to me,
How you suffered for your sanity,
How you tried to set them free.
They would not listen, they're not listening still.
Perhaps they never will...

ကိုသာဓု said...

ဒီလို ဝေဖန်တာ ဝေဖန်ပိုင်ခွင့်ရှိတယ်။ ဝေဖန် လည်းဝေဖန်သင့်တယ်။

ကိုသာဓု said...

ဒေါက်တာလွဏ်းဆွေ ဝေဖန်တာ သူ့အခွင့် အရေး အရ သူ့လုပ်ဆောင်တာ ဖြစ်လို့ သူ့ အပေါ် ပစ်ပစ်ခါခါ ပြောတာ၊ ဆဲရေး တိုင်ထွာတာမျိုးတွေ မလုပ်သင့်ပါဘူးဗျာ။ နှစ် ၂၀ကျော်ကာလအတွင်း nld က ဘာအရွေ့တစ်ခုကို များ ဖန်တီးပေးနိုင်ခဲ့လို့လဲ။ ခုအတိုင်း ဆက်သွားမယ် ဆိုရင် ကျနော်တော့ nld ကြောင့် ရွေ့သွားမယ့် အရွေ့ကို လုံးဝ လုံးဝ ကို မျှော်လင့်လို့ မရနိုင်ပါဘူးဗျာ။

ကိုသာဓု said...

ဒေါက်တာလွဏ်းဆွေ ဝေဖန်တာ တကယ့်ကို ဝေဖန်သင့်ပါတယ်ဗျာ။ NLD က နှစ် နှစ်ဆယ် ကျော်ကာလအတွင်း အခုအချိန်အထိဆိုပါတော့ ဘာအရွေ့ တစ်ခုကိုများ ဖန်တီးပေးနိုင်ခဲ့လို့ လဲ။ ရှေ့ဆက်ပြီးလဲ NLD နဲ့ ပတ်သက်လို့ ဘာမျှ မျှော်လင့်လို့ မရနိုင်သေးပါဘူးဗျာ။

Maung Won said...

ံHello Dr.Lunn
You are, i think, the second person , after Dr.Aung Khin, who has the gut to openly write your thought mixed with past experiences in Burmese politics as they truly were. But it is thought that Dr. Aung, as far as i know, did not criticize the two old men, U Aung Shwe and U Lwin. In this point, your writing is better than that of Dr. Aung. As i know and so do others, you are a blogger and author, not fighter and pro-democracy leader at present. you should keep writing your point of views as you see. Your writing will , i believe, benefit ordinary people somehow.

Unknown said...

ေ၇းစ၇ာ၇ှိတာ ဆက်ေ၇းပါ ဆ၇ာ။
နိုင်ငံေ၇းလောက ထဲကို စ၀င်လာမဲ့ လူငယ်သစ်တွေအတွက်
အကျိုးအများကြီး ၇ှိပါတယ်။

ttshlaing said...

စာလေးတစ်ကြောင်းရေးတာပဲဖြစ်ဖြစ် နိုင်ငံအကျိုးအတွက်
လုပ်တာဖြစ်လို.ကျွန်တော်ကတော. ကြိုဆိုတယ်ဗျာ။
အပြုသဘောဆောင်တဲ.ဆရာ.ရေးသားချက်တွေကိုလည်းထောက်ခံပါတယ်။ဒါဟာဖေါက်ထွက်တွေးခြင်းလို.ကျွန်တော်မြင်ပါတယ်။ကိုယ်နိုင်ရာတာဝန်ကိုကိုယ်ထမ်းဆောင်တာဟာ ဘာမှ.မလုပ်တဲ.လူထက်အများကြီးသာပြီးသားပါ။
အားပေးတယ်ဗျာ.ဆက်သာလုပ်။ စလုံးမှ. မျိုးကြီး

Co2zeиith said...

စွန်မှတ်လို့ ကြည့်နေတာ ခုမှ လဒမှန်း သိတော့တရ်
ဖွတ်ထွက်မှ တောင်ဘို့မှန်း သိတဲ့ အဖြစ်


နေရာတစ်ခု အတွက် ခပ်ဆင်ဆင်တူတဲ့နေရာမှာ ဟုတ်သလိုလိုနဲ့ အဝင် အထွက် ကောင်းအောင် ဇတ်လမ်းလေး စ
ပီးတော့ ဘေးထိုင် ကပ်ပြောလုပ် နေတာ ကိုယ့်အဆင့် အတန်း ဘယ်လောက် သောက်ရှက် မရှိကြောင်း ပြောတာနဲ့ အတူတူ ပဲ ဦးလွန်းဆွေ

ခင်ဗျား က ကျုပ်တို့ထက် အသက် အများကြီး ကြီးပါတရ်၊၊ အတွေ့ကြုံတွေရော အများကြီးပါ သာ ရာ ကူးချင်ရင် ခင်ဗျား ပေါ်တင်လစ်လိုက် စစ်တပ်ထဲ ကို အိုခေ စိတ်မဆိုးဝူး

အမေစု မကောင်းဝူး ကောင်းတ၇် မှား တရ် မှန်တရ် ဝေဖန်လာက်ရအောင်
ခင်ဗျား အဆင့် က ဘာကောင်မို့လို့လည်း
ခင်ဗျားက ဘာတတ်နိုင်လို့လည်း
ဘာများ လုပ်ပေးခဲ့လို့လည်း
ဘာများ လုပ်မှာ မို့လို့လည်း

နိုင်ငံရေးလုပ်နေတာလား
စာရေးဆရာ ဒဇိုင်းနဲ့
ခင်ဗျားဆိုဒ် လူဝင်အောင် ပွဲခံတာလား
စောက်ရေးမပါ တာ ကိုယ့်အဆင့် ကိုယ်သိဇမ်း ပါဗျာ
ခုလုပ်လိုက်လို့ ခင်ဗျား ကို ဆဲသွားတဲ့ လူငယ်တွေနဲ့ တွေ့ရင် အသက်ကြီးမှ သောက်ပြောမတတ်လို့ အထိုး အကျိတ် ခံရမ၇်၊၊
အကြီး ကို ခုလို ပြော တော ရိုင်းတရ် က ဖြစ်အုန်း မရ်၊၊
အသက်ကြီးပီး အသိတရား လူငယ်တွေကို ပေးဇမ်း ပါ၊၊
ခင်ဗျားချပြတာ မှန်ရင် လီးဘဲ လွန်းဆွေ ဆိုပီး ဘယ်ကောင်မှ ဆဲမသွားလောက် ပါဘူးဗျ၊၊

Tayza said...

လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၇)နှစ် ပတ်ဝန်းကျင်တုန်းက မစုကို ချစ်ခဲ့သူပါ၊ အခု ၄၇ နှစ် ကျော်ရှိခဲ့ပါပြီ၊ ၂၀ ကျော်အရွယ်တုန်းပပေါ့။ မမပြောခဲ့တာ၇ှိပါတယ်၊ နင်တို့ စစ်ဗိုလ်တွေက အရမ်းကို ကဲတာဘဲတဲ့ ။ မမနောက်တယ်ထင်လို့  --- ခုတော့ကွာ