Monday, April 25, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၃)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၃)
ဒေါက်တာလွဏ်းဆွေ

နေအိမ်အကျယ်ချုပ်က (၁၉၉၅ ဇူလိုင် ၁၀ နဲ့ ၂၀၀၂ မေ ၆) နှစ်ကြိမ်လွတ်မြောက်ပြီး ဒီပဲယင်းကိစ္စနဲ့ အထဲပြန် ၀င်သွားရချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လူပေါင်းဆက်မှားခဲ့ခြင်းဟာ ရွှေဝါရောင်တော်လှန်ရေးမှာ တတိ ယအကြိမ် အပိုင်ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးကို ထပ်မံဆုံးရှုံးစေခဲ့ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဝါ ရောင်တော်လှန်ရေး အရှိန်ကောင်းနေချိန်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ မန်းဒိတ်ရှိတဲ့ အန်အယ်လ်ဒီပါတီက သာ အစိုးရဖွဲ့ပြီး ဦးဆောင်ရဲခဲ့ရင် သိန်းချီဝန်းရံပေးမယ့် သံဃာထုအင်အားနဲ့တင် ပွဲသိမ်းနိုင်တဲ့ အနေအထား ရှိခဲ့လို့ပါ (သံဃာထုအင်အားဆိုတာကိုက တမူထူးခြားတဲ့ ပါဝါရှိနေတယ်ဆိုတာ အထူးပြောစရာလိုမယ်မထင် ပါ)။

အန်အယ်လ်ဒီ အဲဒီလို ဦးဆောင်ခဲ့ရင် တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုကလည်း နေမှာမဟုတ်ပါဘူး၊ လမ်းမ တွေပေါ် ဝေါကနဲ ဆင်းချလာပြီး သံဃာတွေနောက်ကို လိုက်လာမှာ အသေအချာပါ။ ရန်ကုန်၊ မန္တလေး၊ မိုး ကုတ်နဲ့ စစ်တွေတို့က လူထုတွေတောင် သံဃာတွေနောက် တော်တော်များများ လိုက်ပါချီတက်နေကြပါပြီ (ကြုံလို့ ပြောရဦးမယ်။ ရွှေဝါရောင်တုန်းက ပွဲပြီးသွားမှာကို ကြောက်လန့်နေခဲ့တဲ့ ဒီဘက်က ခေါင်းဆောင်ဆို သူ လုပ်စားတချို့ကတော့ စစ်အုပ်စုရဲ့ ဖြိုခွဲမှုကို ခံရပြီးချိန်မှာ “ရွှေဝါရောင်က ၈၈ လို မကြီးကျယ်ခဲ့လို့ အန် အယ်လ်ဒီ အစိုးရဖွဲ့လည်း မအောင်မြင်နိုင်ဘူး” လို့ ရင်ဘတ်ဖိပြီး အလုံးကြီးကျသွားတဲ့ လေသံနဲ့ သုံးသပ်ပြော ဆိုတာတွေ၊ လူထူထူမှာ သူတို့ကြောင့်ပဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့သယောင်ယောင် အရှက်တရား ကင်းမဲ့စွာ ပြောဆိုတာတွေကိုလည်း ကြားလိုက်ရသေးရဲ့။ ဒါကတော့ ပြောချင်ရာပြော သူ့အရပ်နဲ့ သူ့ဇာတ်ပဲ လေလို့ သဘောထားပြီး ပြုံးနေခဲ့မိပါတယ်။ လွှမ်းမိုးသီချင်းလို ဟဲရရင်တော့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်” ပေါ့)။

ဒါပေမယ့် မြန်မာပြည်သူတွေ ကံဆိုးချင်ပြန်တော့ ရွှေဝါရောင်တော်လှန်ရေးကြီး အရှိန်မြင့်လာပြီး ပွဲသိမ်းနိုင် တဲ့ အခွင့်အရေးပေါ်ပေါက်ချိန်မှာ အန်အယ်လ်ဒီရဲ့ ဦးဆောင်ကဏ္ဍမှာ ကီးပလေယာအဖြစ် ရှိနေတဲ့သူနှစ်ဦး က ခေါင်းဆောင်နိုင်မှုအရည်အချင်း အလွန်အမင်း ညံ့ဖျင်းစုတ်ချာလွန်းပြီး အသက်အရွယ်အရလည်း တော် တော့်ကို အိုမင်းနေတဲ့ ဘောင်းဘီချွတ် ဦးအောင်ရွှေ (ဥက္ကဌ) နဲ့ ဘောင်းဘီချွတ် ဦးလွင် (အတွင်းရေးမှူး) တို့ ဖြစ်နေခဲ့ပါတယ်။ အတွင်းရေးမှူး ဦးလွင်က သံဃာတွေ စီတန်းလမ်းလျှောက်နေတဲ့ အရေးကိစ္စကို NLD နဲ့ မ ဆိုင်သယောင် မီဒီယာတွေမှာ ဂဂျိုးဂဂျောင်တွေ လျှောက်ပြောနေခဲ့ပြီး ဥက္ကဌဆိုတဲ့ ဦးအောင်ရွှေကတော့ ဘယ်ကုတင်အောက် ၀င်ပုန်းနေမှန်း မသိနိုင်လောက်အောင်ကိုပဲ အသံတိတ်နေခဲ့တာပါ။ နေပူမရှောင် မိုးရွာ မရှောင် စီတန်းလမ်းလျှောက်နေတဲ့ သံဃာတွေနဲ့ ကျောင်းသားပြည်သူတွေကို အားပေးစကား ပြောသံလေး တောင် တခွန်းတလေ မကြားလိုက်ရပါဘူး။

ဦးအောင်ရွှေ အသံမထွက်တာကတော့ သိပ်တော့မဆန်းဘူးလို့ပဲ ပြောရမယ်။ ဗိုလ်သန်းရွှေနဲ့ နင်လားငါလား ပါပဲ။ (၂၃) နှစ်တာကာလမှာ မြန်မာပြည်သူတွေ အသံမကြားဖူးတဲ့ တေမိခေါင်းဆောင်ကြီးနှစ်ဦးကို ပြပါလို့ ဆိုရင်တော့ သူတို့နှစ်ဦးကို ပြရမှာပေါ့။ ဒါပေမယ့် အဲဒီ ‘သန်းရွှေနဲ့ အောင်ရွှေ’ ရွှေနှစ်ရွှေကပဲ ဒေါ်အောင်ဆန်း စုကြည်ကို ညှပ်ကစားသွားတာကိုတော့ ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိထားမိသေးရဲ့ လားမသိ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ခုနှစ် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာ ချိန်မှာ ပါတီကို ကောင်းကျိုးမပေးဘဲ ဒုက္ခမျိုးစုံသာပေးနေတဲ့ အဲဒီလူညံ့ကြီးနှစ်ဦးကို ပါတီခေါင်းဆောင်နေရာ ကနေ ဖယ်ရှားဖို့မကြိုးစားခဲ့တာဟာ မဟာ့မဟာအမှားပါပဲ။ အဲဒီမြေအောင်းပွေး ဘောင်းဘီချွတ်ကြီးနှစ်ဦးဟာ ပါတီနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ဦးဆောင်ရာမှာ စုတ်ချာညံ့ဖျင်းသလောက် နအဖအလိုကျ အန် အယ်လ်ဒီပါတီဝင်တွေကို ဖြုတ်ထုတ် နှိပ်ကွပ်တဲ့နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ အလွတ်မပေး လောက်အောင်ကိုပဲ တက်ညီလက်ညီ ရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အ ကျယ်ချုပ် ကျနေချိန်တွေမှာဆို ပါတီတွင်းမှာ ခေါင်းတထောင်ထောင်နဲ့ ပါဝါအာဏာပြသလောက် ဒေါ်အောင် ဆန်းစုကြည် လွတ်လာချိန်တွေမှာတော့ မခုတ်တတ်တဲ့ ကြောင်နှစ်ကောင်လို (ပါတီမပျက်အောင်ဘဲ ထိန်း သိမ်းစောင့်ရှောက်ပေးနေလို့ ကျေးဇူးပဲတင်ရမလို ပုံမျိုး) ကုပ်ကုပ်ကလေး နေတတ်ခဲ့ကြတယ်။ ဒါကို ဒေါ် အောင်ဆန်းစုကြည် မသိတာဘဲလား၊ သိရက်နဲ့ ဗမာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အားနာတာရယ်၊ အသက်အရွယ်ကြီးရင့်တာကို ငဲ့ညှာတာရယ်ကြောင့် ပါတီမှာ ဆက်ထားခဲ့သလား ကိုယ်တိုင်မှ သိနိုင်မှာပါပဲ။ ဒါပေမယ့် အဲဒီ မြေအောင်းပွေး ခေါင်းရှောင်လူညံ့ကြီးနှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပေါင်းသင်း ခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အန်အယ်လ်ဒီရဲ့အခန်းကဏ္ဍ၊ အန်အယ်လ်ဒီ ရဲ့သမိုင်း ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရတာပါပဲ။

အဲဒီ မြေအောင်းပွေး လူညံ့ကြီးနှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် အထဲရောက်နေချိန်မှာ နအဖ အလိုအတိုင်း ပါတီဝင်တွေ လှုပ်လို့ရှားလို့ မရအောင် ကန့်သတ်လား ကန့်သတ်၊ အရည်အချင်းရှိ ထက်မြက်တဲ့ ပါတီဝင်တွေ ကို ထုတ်ပယ်လား ထုတ်ပယ်၊ အတုအယောင် အမျိုးသားညီလာခံကို တက်လား တက်နဲ့ နည်းမျိုးစုံကို လူ လည်ကျနေခဲ့တာပါ။ ကျနော်ကတော့ တထစ်ချ ပြောလိုက်ချင်ပါတယ်။ အောက်ခြေ အန်အယ်လ်ဒီပါတီဝင် တွေ ကြက်ကလေး ငှက်ကလေးတွေလို မရေမတွက်နိုင်အောင် အဖမ်းခံရပြီး ထောင်ကျတန်းကျနဲ့ ဘ၀ပျက် ကြရတာ၊ အန်အယ်လ်ဒီကို ၉၀ အနိုင်ရ ဒေါင်ဒေါင်မြည်ပါတီကြီး အနေအထားကနေ သုံးစားမရတဲ့ ချိုကျိုးနား ရွက်ပဲ့ပါတီကြီးဖြစ်အောင် လုပ်ပစ်တာတွေရဲ့ နံပါတ်တစ် တရားခံတွေက ဗိုလ်သန်းရွှေနဲ့ နအဖစစ်အုပ်စုဆိုရင် နံပါတ်နှစ် တရားခံတွေကတော့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ မျိုးချစ်ရဲဘော်ဟောင်း (ဦးတင်ဦး မပါ) တွေပါပဲ။

(စတုတ္ထပိုင်းကို ဆက်ပါမယ်)

ဒေါက်တာလွဏ်းဆွေ

44 comments:

cw said...

Looks like you are astrologer or ET as you know everything happening in NLD and SPDC. Quite Funny to read what you wrote.
Easy to imagine and write individually but difficult to do especially for the unity even in each family or even at your border place.

cw said...

And what I can see here is you are calculating backwards like Thai Lottery. After getting the result, all methods were right by counting back, but not for the future.
I would suggest you to analyze the situation rather than criticizing the past events or on people. And to more focus and give advice on the useful future plans.
That will be helpful for everyone in democratic route.

pho said...

nothing to say.cos u havn't done yet.
doctor, u are genius person.i ll be kept watching what do u have solution at last....till now i cant see it clearly that is personal review or political..

Unknown said...

Funny and dispointed.

Unknown said...

Funny and Dispointment.

Unknown said...

You are right,Ko LunSwe.
U Aung shwe & U Lwin are absolute rubbish.
Like Prof. Jene Sharp said, Daw ASSK should have had more Strategies than her leadership ability.

Unknown said...

Ko Lun Swe, where were you all those years? Why did you keep your mouth shut and did nothing for 2 decades, and all of a sudden your brain started to work? What is the medicine that makes your brain functioning again? Thai Whiskey?

Unknown said...

ဒီစာသားကို ကြိုက်တယ်။ဒီအသိုင်းဝိုင်းထဲမှာ နေပြီးဒီလို
စော်ရဲလို့ ပြီးတော့ အဲ့ဒါကိုလက္ခံတယ်။

(ကြုံလို့ ပြောရဦးမယ်။ ရွှေဝါရောင်တုန်းက ပွဲပြီးသွားမှာကို ကြောက်လန့်နေခဲ့တဲ့ ဒီဘက်က ခေါင်းဆောင်ဆို သူ လုပ်စားတချို့ကတော့ စစ်အုပ်စုရဲ့ ဖြိုခွဲမှုကို ခံရပြီးချိန်မှာ “ရွှေဝါရောင်က ၈၈ လို မကြီးကျယ်ခဲ့လို့ အန် အယ်လ်ဒီ အစိုးရဖွဲ့လည်း မအောင်မြင်နိုင်ဘူး” လို့ ရင်ဘတ်ဖိပြီး အလုံးကြီးကျသွားတဲ့ လေသံနဲ့ သုံးသပ်ပြော ဆိုတာတွေ၊ လူထူထူမှာ သူတို့ကြောင့်ပဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့သယောင်ယောင် အရှက်တရား ကင်းမဲ့စွာ ပြောဆိုတာတွေကိုလည်း ကြားလိုက်ရသေးရဲ့။ ဒါကတော့ ပြောချင်ရာပြော သူ့အရပ်နဲ့ သူ့ဇာတ်ပဲ လေလို့ သဘောထားပြီး ပြုံးနေခဲ့မိပါတယ်။ လွှမ်းမိုးသီချင်းလို ဟဲရရင်တော့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်” ပေါ့)။

မြင်စိုင်းသား said...

ဒေါက်တိုင်လွမ်းဆွေ...ကမ္ဘာပေါ်မှာခင်ဗျားသာအတော်ဆုံးပဲ...ဖွတ်ကြီး

မြင်စိုင်းသား said...

သာကူး၊နှာဘူးကြီးဒေါက်တိုင်ဝမ်းဆွေ

မြင်စိုင်းသား said...

ဒေါက်တိုင်လွဏ်းဆွေ...အမေစုအောက်ခံဘောင်းဘီတွေပုံထားတယ်ဗျို့၊သွားလျော်လိုက်ပါ

Unknown said...

ကောင်းပါတယ်။ မိမိကိုယ်ကို ပြန်သုံးသပ်ပြီး လိုအပ်ရင်ပြင်လို့ရတာပေါ့။ ဒါပေမယ့် အပြင်က နိုင်ငံရေးသမား/ခေါင်းဆောင်ဆိုသူများက ပညာမဲ့ပြီး အရှက်တရားမရှိကြဘူး။ အမြဲတမ်း ငါသာအတော်ဆုံး၊ အကောင်းဆုံး၊ ငါလုပ်လို့ဖြစ်တာ၊ ငါလုပ်မှ ဖြစ်မှာ ဆိုတဲ့စကားမျိုး ပြောတယ်။

Unknown said...

The Winner Takes It All
by ABBA

I don’t wanna talk
About the things we’ve gone through
Though it’s hurting me
Now it’s history
I’ve played all my cards
And that’s what you’ve done too
Nothing more to say
No more ace to play

The winner takes it all
The loser standing small
Beside the victory
That’s her destiny

I was in your arms
Thinking I belonged there
I figured it made sense
Building me a fence
Building me a home
Thinking I’d be strong there
But I was a fool
Playing by the rules

The gods may throw a dice
Their minds as cold as ice
And someone way down here
Loses someone dear
The winner takes it all
The loser has to fall
It’s simple and it’s plain
Why should I complain.

But tell me does she kiss
Like I used to kiss you?
Does it feel the same
When she calls your name?
Somewhere deep inside
You must know I miss you
But what can I say
Rules must be obeyed

The judges will decide
The likes of me abide
Spectators of the show
Always staying low
The game is on again
A lover or a friend
A big thing or a small
The winner takes it all

I don’t wanna talk
If it makes you feel sad
And I understand
You’ve come to shake my hand
I apologize
If it makes you feel bad
Seeing me so tense
No self-confidence
But you see
The winner takes it all
The winner takes it all......

Unknown said...

Bastard...Lun Swe...
You better post your article in News Lights of Myanmar.

ei ko said...

ဒေါက်တာစင်သီ၇ာမောင်ပါတဲ.ချီးနဲ.သေးကိုစားသောက်
နေ၇တဲ.သတောင်းစားလွဏ်းဆွေဆိုတဲ.တိ၇ိစ္ဆာန်က
များဝေဖန်၇တယ်လို......ဟားဟားဟား

အတ္တ said...

အများအကျိုးရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်
ရှေရှုနှင်လော့....။

Dr Maung Maung Nyo said...

Which side are you writing writing from?

koko said...

ei ko ဆို သော င နဲ သား
မင်း တို လုပ် နေ တဲ့  ဒီ မို က ရေ စီ ဆို တာ ဝေ ဖန် ရင်ူပန်ူပီး မ အေ နဲ့  ကိုင် တုပ် တဲ့  - - မ အေး လီုး ဒီ မို က ရေ စီ လား - -
Difference side is difference view ရှိ တယ် လေ ၊ ဒါ ကို လက် မ ခံ နိုင် ရင် စင် ပေါ် မ တက် နဲ့ ။ လက် ဝှေ့  လို ပေါ့  စင် ပေါ် တက် ရင် တော့  သူ များ ကို ထိုး သ လို ကိုယ် လဲ အ ထိုး ခံ ရ မှာ ဘဲ ။ ငါ က ဘယ် ဖက် က မှ မ ဟုတ် ဘူး ။ ကျား ထိုး သ လို ပေါ့  ဘေး က မ နေ နိုင် လို့  ၀င်ေူပာ တာ။ မင်ုးကား ဘူး သ လား - - အ မိ ယုပ် တော့  ကို အ မူ အ ရာုကမ်း ၊ အ ဖ ယုပ် တော့  နှုပ် အ မူ ရာုကမ်း တဲ့  ဆင်ူခင် နိုင် အောင် ပါ ၊ လူုကီး လူ ကောင်း ပီ သ ပါ စေ ။

pharrleeklo said...

Comment ဖတ်ရတာပဲ .. လက်လန်တယ် ......
ဆက်သာရေး .. ဆရာလွမ်း ....ဖတ်ကောင်းတယ် ..

ko hinthar said...

ကိုလွမ်းဆွေကိုအကြံပေးချင်တယ်။
ခင်ဗျားစွမ်းတယ်လို.ထင်ရင်လက်ညှိုးကိုနောက်ပြန်မထိုး
တော.ပဲခုလက်ရှိကိုခင်ဗျားကဘာလုပ်သင်.တယ်တို.ဘာ
တို.ရေးသင်.တာပေါ.ဗျ။ခင်ဗျားလောက်မှမသိနားမလည်
သူတွေကခင်ဗျားပြောဆိုညွှန်ပြလမ်းညွှန်တာတွေကိုလိုက်
ပြီးလုပ်နိုင်မှာပေါ.။ဟုတ်ဘူးလားဗျာ။ပြီးတာတွေပြောလို.
အပိုဗျ။အချိန်တွေခြှုံ.စမ်းပါဗျာ။လူတွေလည်းခင်ဗျားကိုဆဲ
ရလို.မောကြလောက်ပြီ၊ခင်ဗျားကတော.ဘယ်ဖြုံတော.
မလဲ။ဟုတ်ဘူလားဆရာကြီး

Kyaw Zin said...

>Dr. Mg Mg Nyo
Which side were / are you on?
Aren't you a ex-military personal?
What did you do for liberation and democratization of Burma so far?

Unknown said...

eikoဆိုတဲ့ကောင်မင်းမှာမိဘတွေမ၇ှိဘူးလားတော်တော်မိုက်၇ိုင်းတဲ့ကောင်းတကယ့်မိမဆုံးမဖမဆုံးမဘဲ

Unknown said...

ခွေးသူတောင်းစားတွေဟောင်ဒါကိုနာမထောင်းပါနဲ့ဆက်သာေ၇းပါဆ၇ာအားပေးနေမှာပါ

channyein said...

ဒီမိုအမည်ခံတွေအခုတောင်ဒီလောက်မိုက်ရိုင်းနေရင် သူတို့သာအာဏာရှိရင် မတွေးရဲစရာပဲ။ နအဖနဲ့ဘာထူးမှာလဲ အနုနုပဲ

လင်္ကာ said...

ဒေါက်တာလွမ်းဆွေကိုအကြံပြုလိုတာက
အသစ်ကပြန်စကြစို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ
အသစ်တွေကိုသာရေးစေလိုပါတယ်
အဟောင်းတွေကို တဆွေးမြေ့ မြေ့ အရသာခံ
ရေးမနေစေလိုပါခု
ထိဖတ်ရသလောက်ကတော့ဒေါက်တာလွမ်းဆွေ
ဘောပွဲတပွဲ ကြည့်သလို
အရသာခံနေတယ်လို့ ယူဆပါတယ်
အချိန်ကုန်ပါတယ်လူပင်ပန်းပါတယ်
ဖြစ်နိုင်ရင်တော့
ဒီဆောင်းပါးရဲ့ flowလေးအတိုင်းပဲ
ခုအချိန်မှာ ဘယ်တောင်ပံကဘယ်သူကတော့
ဘာလိုနေပြီ နောက်ခံလူကတော့လဲရတော့မယ်
တိုက်စစ်မှူးကိုလည်း ဟိုမှာအပိုင်ဘောတလုံးလာပြီ
ကန်သွင်းတော့
ငါတို့ လို အဝေးကကြည့်တဲ့ပရိသတ်ကလည်း
တဖက်အသင်းလူချရင် ခဲနဲ့ ဘယ်လိုပစ် စသဖြင့်ပေါ့ဗျာ
အဲဒီလို ဗျူဟာမျိုးတွေကို
သာပြောင်ပြောင်မြောက်မြောက်ခင်းကျင်း
ပြစေလိုပါတယ် ဒါမှလည်းခေါင်းစဉ်နဲ့ ပိုပြီး
လိုက်ဖက်ညီမယ်လို့ ယူဆပါတယ်
ဒါမှလည်းနောက် ၁နှစ် ၂နှစ်ကြာတဲ့အခါ
ဒေါက်တာကြီးရဲ့ ဗျူဟာအခင်းအကျင်းနဲ့ 
သမိုင်းရဲ့ အကွေ့ အပြောင်းအလည်းတွေကို
တိုက်ဆိုင်ကြည့်လို့ ရအောင်ပါ
ဒါမှမဟုတ်လည်း နောက်ထပ် ၂၃ နှစ်ကြာသောအခါပေါ့ဗျာ
ခုရေးနေသလိုကတော့
အဟောင်းတွေကိုတဆွေးမြေ့ မြေ့ ချဲတွက်သလို
တွက်ထုတ်အဖြေတိုက်ကြည့်နေသလိုပါပဲ
ခုထိဖတ်ရသလောက်တော့
အားလုံးပဲဟောင်းနွမ်းလွန်းလို့  ဆိုတဲ့ အထိသာရောက်
သေးတယ်လို့ ထင်ပါတယ်
အသစ်ကပြန်စကြစို့  ဆိုတဲ့  ဒေါက်တာလွမ်းဆွေရဲ့ အသစ်တွေကို
စောင့်ဖတ်ပါမယ်

Unknown said...

oh!!stupid donkey.!!i will never read your blog!ijust want to spit on your face!!do not insult aunty suu anymore!* don'teven think about it*LOWER THAN DIRT!!F****** BUSTARD!!I've been reading your blog for years!oh my godness!!i'm mother of 2 kids!& 88 student,too.no time to argue with you now but want to suggest you to go mental hospital& SHUT YOUR F***** MOUTH UP!SHITHEAD!!!

Unknown said...

ဆဲဆိုနေတာနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါ။ ဘာတွေဆက်လုပ်ကြမလဲ ဆိုတာပို အရေးကြီးပါတယ်။
အမြင်မတူတာတွေ ဖလှယ်ကြရင် Comments တွေက
ဖတ်ကောင်းနေမှာပါ။ အခုတော့ အကျိုးမရှိတာတွေ
ဖတ်နေရသလို။ တင်ပြတဲ့ သူမှာ ဘာတွေ လိုအပ်ချက်ရှိမလဲ။ ထောက်ပြကြတာက ပိုသင့်တော်ပါတယ်။ နာရမယ့် လူတွေမနာဘဲ ....

Socretes said...

မဆလ လူအိုလူဟောင်းကြီးတွေရဲ့ ခေါင်းဆောင်မှုညံ့ဖျင်းတာ နဲ့ လူထုနဲ့ ကင်းကွာသွားတဲ့ ပါတီဖြစ်သွားတယ်ဆိုတာကို ရာနှုန်းပြည့်ထောက်ခံပါတယ်။ ဒါပေမယ့် ၂၀၀၇ သံယာအရေးအခင်းနဲ့ ပတ်သက်ရင်တော့ သဘောမတူပါ။ ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်အောင်ပြုလုပ်လာခြင်းသည် ရေရှည်၌ ဗုဒ္ဓဘာသာအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်ပါသည်။ ထေရ၀ါဒ ဘုန်းတော်ကြီးများ သည် တိဘက်ဘုန်းကြီးများနှင့်မတူပါ။ လယ်တီဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီး၊ မဟာဂန္ဓာရုံဆရာတော်ကြီး အစရှိသည့် သာ့သနာ့အာဇာနည် ပုဂ္ဂိုလ်ကြီးများသည် ရဟန်းသံယာတော်များ နိုင်ငံရေးလုပ်ခြင်းကို ရှံ့ ချခဲ့သည်ကို သိဖို့ လိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် “ကိုယ့်အလုပ်ကိုယ်လုပ်စေချင်ပါတယ်“ ဟုပြောခဲ့သည်သာ။ ၂၀၀၇ သည် နိုင်ငံရေးသမား အမြင်ဖြင် သံယာကို နိုင်ငံရေးအကျိုးအတွက် ပွဲထုတ်လာခြင်းသာဖြစ်၍ ၄င်းကိုယ်၌သည်ပင်လျှင် အစကတည်းကမှားသည့်ဗျူဟာဖြစ်ပါသည်။ ဆန္ဒပြ သံယာများမှာ ငယ်ရွယ်သော ဦးပဉ္ဇင်းပျိုများ ကိုရင်များသာအများစုဖြစ်သည်မှာ အမှန်ပင်။ အြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ တစ်ပါးမှ မပါပါ။ ဤအရေးအခင်းကို ကြိုဆိုထောက်ခံသည်ဟုလည်း မကြားမိပါ။ သံယာများအား နှိမ်နင်းသည့် လုပ်ရပ်ကိုသာ ကန့် ကွက်ရှံ့ ချသည့်စကားများအား တရားပွဲများ၌ ဟောကြားသည်ကိုသာကြားခဲ့ရပါသည်။ ပြည်ပမီဒီယာအော်သလောက်မဟုတ်ပါ။ မထေရ်ကြီးများ မှ ထောက်ခံအားပေးခြင်းအလျင်းမရှိပါ...ဥပမာ... ကြခတ်ဝိုင်းဆရာတော်...။ ၈၈ အရေးအခင်း ၌ ထင်ရှားလှသည့် “မင်းကျင့်တရား“ ကိုဟောသည့် သဲကုန်းဆရာတော်ကြီး ဦးညာဏိဿရ သည်ပင်လျှင် ခပ်မဆိပ်နေခဲ့သည်သာ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးလုပ်ခြင်းသည် သံယာကွဲပြားစရာအကြောင်း ကောင်းစွာဖြစ်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ သံယာကွဲလျင် သာသနာကွယ်ပါလိမ့်မည်။
နိုင်ငံရေး လှုပ်ရှားသူတို့ မှ့ တိုင်းပြည်၏ရှေရှည်အကျိုးအတွက် ထည့်သွင်းစဉ်းစားစရာများပင်။

koko said...

ဟုတ် ပ ဗျာ သူ များ ဒီ မို က ရေ စီ ဆို တာ နဲ့  လိုက် ယောင် နေ တဲ့  ကောင် တွေ က ၉၉ ရာ နှုံး ၊ ဟို ဇာတ် ပွဲ ထဲ က လို ပေါ့  ထွက် ထွက် ဆို လို့  အိပ် ချင် မှုး တူး နဲ့  ထွက် လိုက် တာ ၊ ဘီ လူး ခန်း ကို သိုကား မင်း ၀တ် စုံ နဲ့  ဂ ရောင် ဂ တမ်း ၊ ဘီ လူး လို့  အော် မယ်ုကံ မ လို့ အောက် ကို ငုံ့ုကည့်ူပီး မှ မှား နေ တာ နဲ့  ငါ ဟဲ့  ဘီုကာူးဖစ် သွား တာ လေုကား ဘူး တယ် မဟုတ် လား ။ စစ် အ စိုး ရ တက် ခါ စ တုံး က ပု လဲ နှစ် ငါး ကို ဗိုလ် ချွတ် တွေ ရောက် ခါ စ ပေါ့ ဘာ မှ နား မ လည် သေး တော့  ၊ပင် လယ်ူပင် ကို ငါး ဖမ်း အ တင်း ထွက် ခိုင်း တယ် ။ Weather မ ကောင်း လို့  သင်း ဘော ထွက် မ ရ ပါ ဆို တော့  ၊ Weatherူပင်ူပီး ပါ က အူမန်ူပန် ထွက် ပါ ဆိုပီးေူပာ တယ် ။ အဲ ဒီ့ ဒီ မို က ရေ စီ တွေ သာ အာ ဏာ ရ လို့  က တော့  --- ဖွတ် မိ ကျောင်ူးဖစ်ူမစ် မ ချမ်း သာ ဆို သ လို ဘဲူမစ် ကို အ လျား လိုက် ကူး မဲ့  ကောင် တွေ ။ ။ ခ လေး တွေေူပာ သ လို ဘဲ - - စောင့်ုကည့်  အုံး မှာ - -

Unknown said...

မြန်မာပြည်..ဘယ်တော့မှ..စစ်မှန်တဲ့..ဒီမိုကရေစီ..မရနိုင်ဘူး...comments..တွေပဲကြည့်လေ..တယောက်တပေါက်..ဆဲကြဆိုကြနဲ့ ..တော်တော်စိတ်ပျက်စရာ...(ဒ်ီလိုပြောလို့ ..နအဖဘက်သားဆိုပြီး..တုတ်ကြအုံးမယ်ထင်တယ် ..:)

kyaw said...

မှန်တာပြောရင် ဝေဖန်ရင် အနာပေါ်တုတ်ကျသလို့ နာတက်တာ ဒီမိုသူတောင်းစားတွေရဲ အကျင်စရိုက်...မှန်တယ်ထင်ရင် ဆက်သာရေး အားပေးတယ် ဒေါက်တာကြီး...ဒါမှ ဒေါ်စုနဲ့NLDအကြောင်းကို လူငယ်တွေပိုပြီး သိမြင်လာမှာ...မသိတဲ့လူကို မတက်တဲ့လူက ဦးဆောင်နေတဲ့ ကာလပတ်လုံး မြန်မာပြည် ဒုက္ခရောက်နေမှာပါ......

Unknown said...

ဒေါ်စုcrazyတွေကတကမ္ဘာလုံးမှာဒေါ်စု
တစ်ယောက်ဘဲလူထင်ကြတယ်ထင်တယ်။
လူဆိုတာပြီးပြည့်စုံတဲ့လူတစ်ယောက်မှမရှိပါ
ဘူး။ဝေဖန်မှုကိုလက်မခံနိုင်ရင်တော့တိုးတက်
သင့်သလောက်တိုးတက်မှာမဟုတ်ပါဘူး။ဘာတွေ
မှားခဲ့လဲဆိုတာသိမှဆင်ခြင်နိုင်မှာပါ။ ဒေါ်စုယူမှဒီမို။
တခြားလူယူလို့၇ရင်တောင်ဒီမိုထင်မယ့်ဟာတွေမ
ဟုတ်ဘူး။သူတို့တွေကိုနားမလည်နိုင်တာတစ်ခုက
လူပြောင်းတာကိုလိုချင်တာလားမူပြောင်းတာကိုလို
ချင်တာလားဆိုတာ။NLDကဘဘကြီးတစ်ချို့ကတော့ပါတီကိုအသေဖက်တွယ်ထားတဲ့ဘာမှသုံးမရတော့တဲ့အဖိုးကြီးတွေပါ။

သွေးသစ္စာ said...

သူများကို ဝေဖန်ချင်ရင် ကိုယ့်ကိုယ်ကို အဝေဖန်ခံနိုင်အောင် လုပ်ထားကြ... လူပဲ လူအကုန်လုံး အမှားနဲ့ မကင်းဘူး... အားနည်းချက်တွေ ရှိစမြဲပဲ ဒါကြောင့် အမှားတွေ့တဲ့သူ အမြင်မတူတဲ့သူတွေက ဝေဖန်ကြမှာပဲ... သူများတွေနဲ့ သူများခေါင်းဆောင်တွေကို ပယ်ပယ်နယ်နယ်ဝေဖန်ပြီး ကိုယ့်ကို ဝေဖန်တာ ကိုယ့်ခေါင်းဆောင်ကို ဝေဖန်တာ မကြိုက်ရင် ဝေဖန်လို့မရရင်၊ အမြင်မတူ ရန်သူလို့ သတ်မှတ်နေကြရင် ဒီမိုကရေစီဆိုတဲ့ စကားကို ယောင်လို့တောင် ဟမလာနဲ့...

channyein said...

လွန်ပြီးသောအချိန်သည် ဖြစ်ပြီသောအကြောင်းများကို မှတ်ယူ၌ယခုအချိန်သည် စာမျက်နှာသစ်တွင် ဖြစ်ဆဲသောအကြောင်းကို မှန်မှန်ရေးယူလျက်ရှိသည်။ သို.အချိန်ကမှတ်သားထားသော အေုကာင်းစဉ် (history)တွင်ဖြစ်ဖူးပျက်ဖူးကြုံလေ့တွေ့လေများကို ညှိနှိုင်း၌ ပညာရှာဖွေရခြင်းသည် များစွာအကျိုးဖြစ်ထွန်းနိုင်သည်။ လူတိုရဲ.လုပ်မှုကိုင်မှု ဆယ်ပုံကိုးပုံကို သိုမှီးအပ်သော ပညာသည်ပင်လမ်းပြလျက်ရှိပေသည်။ ဆရာသိန်းဖေမြင့်ရဲ. အမြင်ပါ။ အလားတူ သမိုင်းသင်တာ မအ အောင်လို့ ဒေါက်တာသန်းထွန်းလည်းပြောခဲ့ပါတယ် sjk တယောက်မအအောင် စာများများဖတ်ပြီးမှ ဘာေုကာင့်နောက်ေုကာင်းပြန်ရေးရတယ်ဆိုတာ နားလည်မှ ဝေဖန်ပါလို့ လေးစားစွာ အုကံပြုလိုက်ရပါတယ်

mg said...

ဦးသန်းရွှေကို ပြစ်ပြစ်ခါခါ ဝေဖန်ရဲရင် ဒေါ်စုကိုလည်း အားမနာတမ်း ဝေဖန်ပေးရမယ်။ဒေါ်စုမဆိုထားနဲ့ ကျုပ်တို့ မြတ်စွာဘုရားတောင်မှ အဝေဖန်ခံရတဲ့ဘ၀ကို မလွတ်ခဲ့ပါဘူး။

ဝေဖန်တယ်ဆိုတာ ထောက်ပြတာပဲမဟုတ်လား။ဒီတော့ လက်ခံပေး၇မှာပေါ့။ဦးသန်းရွှေကိုတောင်မှ ဝေဖန်ထောက်ပြနေကြတာပဲလေ အခုလည်း ဒေါ်စုကိုဝေဖန်ထောက်ပြတာ ဘာများဆန်းလို့လဲဗျာ။

ခင်ဗျားတို့ကိုကြည့်ရတာ ကိုယ်ကသာ သူများကိုဝေဖန်ချင်တာ ကိုယ့်ကိုသူများဝေဖန်ရင် ချီးစားရမလောက်အောင် ဘာလို့ကြောက်ကြရတာလဲ။
ဒါက အာဏာတောင်မရှိသေးခင်တောင်မှ ဒီလောက်ပဲ ဝေဖန်သေးတာ။နောက် အာဏာများရရင် ဒီ့ထက်မက ဝေဖန်ခံရမယ်။အဲဒီ့အခါကျရင် အဝေဖန်ခံနိုင်အောင် ကြိုးစားထား။နိုင်ငံရေးသမားဆိုတာ ပြည်သူတွေရဲ့အဝေဖန်ခံနိုင်ရမယ်။အဝေဖန်မခံနိုင်ရင် နိုင်ငံရေးမလုပ်စားနဲ့။

ဦးသန်းရွှေလည်း အမှားတွေလုပ်ခဲ့တာရှိသလို ဒေါ်စုမှာလည်း အများကြီးရှိတာပဲ။ထို့အတူ လူတိုင်းမှာရှိကြတာပဲ။ဒီတော့ ဒါတွေကိုထောက်ပြရင် လက်ခံပေးနိုင်ရမှာပေါ့။အခုတော့ ဒေါ်စုထိ ဓားကြည့်ဆိုသလိုဖြစ်နေတယ်။ဒေါ်စုကိုဝေဖန်လိုက်တာနဲ့ အတူတူတွဲလုပ်နေတဲ့နိုင်ငံရေးသမားချင်းပဲဖြစ်ဖြစ် တစ်ခါတည်း ဆဲလိုက်တာတွေကလည်း မိုးကိုမွှန်လို့။ပြီးရင် သူတို့ပဲ ယဉ်ကျေးသယောင်ယောင် ယခင် နအဖဘက်တော်သားတွေကပဲ ရိုင်းသယောင်ယောင်နဲ့။
တကယ်တော့ နအဖ ဘက်တော်သားတွေ ရိုင်းတာက ခင်ဗျားတို့ လုပ်စားဒီမိုတွေလောက် မရိုင်းတတ်ပါဘူး။

ဖေ့ဘွတ်မှာလည်း သူတို့ပဲ မိုးမွှန်နေအောင် ဆဲနေတာတွေ့ရတယ်။အွန်လိုင်းမှာ သူတို့ပဲ အပိုင်စီးထားသလိုပါပဲ။Google မှာ ကိုယ့်နိုင်ငံအကြောင်း ရှာလိုက်ရင် ကျက်သရေတုန်းတဲ့ ပုံတွေပဲ ထွက်ထွက်လာတယ်။အဲဒီပုံတွေကိုလုပ်ထားတာက ဒီမိုလုပ်စားတွေ။တိုင်းတစ်ပါးသားတွေကို ဒါငါတို့နိုင်ငံကွလို့ ရှာပြရမှာတောင် ရှက်ဖို့ကောင်းတယ်။သာယာလှပတဲ့ ဒို့နိုင်ငံရဲ့
အလှကို သူတို့ရှေ့မှာ Google မှာ ရှာမပြရဲဘူး။ရှာလိုက်ရင် ဘရုတ်သုတ်ခ ပုံတွေပဲထွက်ထွက်လာတယ်။ဒေါသထွက်စရာလည်း သိပ်ကောင်းတယ်။

မြန်မာနိုင်ငံဆိုတာ ဒါမျိုးလားဆိုတာ အမြင်မှားသွားမယ်။အရိုင်းဆုံးကတော့ အခုထိ ကျက်သရေတုန်းတဲ့အလုပ်တွေရေးဆွဲနေတဲ့ Mr.Creator ဆိုတဲ့မျိုးမစစ်လူပဲ။ဆွဲလိုက်ရင် ဖြတ်ညှပ်စက်ပုံတွေ။အဲဒီဦးသန်းရွှေတို့နေရာမှာ ဒေါ်စုကို ကောက်ထည့်လိုက်ရင် ဆွေ့ဆွေ့ခုံပြီးပြောကြအုံးမယ်။သူတို့လုပ်ရင်တော့ အကုန်အကောင်း။ဒေါ်စုကိုများ ပြန်လုပ်တဲ့
သူရှိအောင် ကမ္ဘာမှာအရိုင်းဆုံးလူသားဖြစ်သွားတယ်။ပြီးရင် တရားချအုံးမယ် ဒီလိုမျိုးလုပ်ရပ်ကို မလုပ်သင့်ဘူး ဘယ်သူ့ကိုမှ အားမပေးဘူးဆိုပြီးပြောပြန်တယ်။


ဒါဆို ဦးသန်းရွှေကို လုပ်တဲ့ပုံတွေကိုလုပ်နေတဲ့သူတွေ တင်နေတဲ့ ဘလော့တွေမှာကြတော့ ဘာကန့်ကွက်ချက် တားမြစ်ချက်မှာ မတွေ့တာ သိပ်အံ့သြစရာကောင်းတယ်။မမြင်ချင်ယောင်
ဆောင်နေတယ်။တရားကျဖို့လည်းကောင်းတယ်။

ဒီလိုဘရုတ်သုတ်ခ သူတစ်လူငါတစ်မင်း နှစ်ယောက်ရှိရင် နှစ်ဖွဲ့စိတ်ဝမ်းကွဲနေလို့လည်း ဒီတိုင်းပြည်က မညီညွတ်တာဖြစ်သလို တစ်သွေးတစ်သံတစ်မိန့်နဲ့လုပ်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာ ကျေးဇူးတောင် တင်တယ်။စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် တိုင်းပြည်က ယနေ့အခြေထက်ထိပိုဆိုးသွားနိုင်သလို ပြည်ထောင်စုလည်းပြိုကွဲသွားနိုင်တယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ဒီတိုင်းပြည်ကတော့ လက်ရှိတိုးတတ်မှုအခြေနေ ငြိမ်းချမ်းစည်းလုံးမှုအခြေလေးတွေကို ထိမ်းသိမ်းပြီး အဖွဲ့စည်း ပုဂိုလ် ဂိုဏ်းတွေမစွဲပဲ အတူတကွ အစိုးရနဲ့ပူးပေါင်းပြီး တိုင်းပြည်အကျိုးအတွက်လုပ်တဲ့ နည်းလမ်းကလွဲပြီးအခြားမရှိသလို အခြားဆန့်ကျင်တိုက်ခိုက်နေတဲ့လုပ်ရပ်တွေဟာလည်း တိုင်းပြည်ကို ဖွတ်တတ်သထက်တတ်အောင်လုပ်နေတဲ့ လုပ်ရပ်တွေဖြစ်လို့ ဒါတွေကိုရှောင်သင့်တယ်။

အစိုးရနဲ့ အတိုက်ခံဆိုတဲ့ နှစ်ခုမတည့်ရင် ကြားထဲက အမြတ်ထုတ်ချင်တဲ့ ဖြိုခွဲချင်တဲ့ လူမျိုးရေးဝါဒစွဲကပ်နေတဲ့သူတွေနဲ့ ရခိုင်ဘက်က ကုလားတွေရဲ့ ကျူးကျော်မှု နယ်မြေချဲ့ပြီး ကုလားတိုင်းတစ်တိုင်း လုပ်ချင်ခဲ့တဲ့ တစ်ချိန်ကအဖြစ်ပျက်တွေကို သင်ခန်းစာယူပြီး သတိထားဖို့ လိုပါတယ်။

ဒါကြောင့် ဒေါ်စုဟာ အာဏာမမက်ဘူးဆိုရင် ဘာကြောင့် အစိုးရဖွဲ့ဖို့ အာဏာယူဖို့ပြောနေရတာလဲ။ဒေါ်စုက ဒီမိုကရေရဖို့ပဲ သူကလုပ်နေတာပါ။တွန်းအားပေးနေတာပါ။ဒီတော့ အစိုးရနဲ့ ဒေါ်စု ပူးပေါင်းပြီး လုပ်ဆောင်ကြရင် ဒီတိုင်းပြည်က ကောင်းမွန်သွားမှာပါ။အာဏာမမက်ဘူးလို့ပြော
ထားတဲ့အတွက် ဒေါ်စုကို အာဏာယူခိုင်းနေတာတွေက ရယ်စရာဖြစ်နေသလို ဒေါ်စုစကားနဲ့လည်းမညီညွတ်ပါဘူး ဆန့်ကျင်နေပါတယ်။

ဒါကြောင့် ဒေါ်စုကို အာဏာယူနိုင်ဖို့အတွက် တွန်းတိုက်ပေးနေတာထက် အစိုးရနဲ့ပူးပေါင်းပြီး တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်လုပ်ဖို့ပဲ တွန်းအားပေးသင့်တာပါပဲ။

ABC said...

ဒီပို.စ်မှာ ဒေါက်တာလွဏ်းဆွေရေးတာ မှန်ပါတယ် ၊ အကြောင်းမညီညွတ် လို.ဘောင်းဘီချွတ်ခဲ့ရတဲ့ ဦးအောင်ရွှေ နဲ. ဦးလွင်တို.ကို ပါတီမှ အနားယူခိုင်းသင့် ပါတယ် ၊

တက်ကြွစွာဦးဆောင်မဲ့ လူငယ်တွေ ကို နေရာ ပေးသင့်ပါတယ် ၊ ပါတီမူဝါဒပြု
ပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်ပါပြီ၊ ဒီအတိုင်းသာဆက်သွားရင် NLD က ပါတီရန်ပုံငွေအတွက် လမ်းဘေး မုန်.ဟင်းခါးရောင်း ၊ ဆိုက္ကားနင်း စတဲ့အလုပ်တွေ ကိုလုပ်ရတဲ့အဆင့် ကို ရောက်သွားပါလိမ့်မယ်၊

ဒေါ်စုလည်းအသက် ကြီးနေပြီဖြစ် လို. နောင်မှာ NLD ကိုဦးဆောင်မဲ့ လူငယ်ခါင်းဆောင်သစ် ကို ခုကတည်းမှ ရှာဖွေပြီး စတင်လေ့ကျင့်ပေးသင့်ပါပြီ ..

အားလုံးကျန်းမာရွှင်လန်းကြပါစေ ....

Unknown said...

အဖြေမှန် မထွက်သေးတဲ့ သင်္ချာတပုဒ် ကို အစကနေ ထပ်ခါထပ်ခါ ပြန်တွက်မှာလား။ တွက်ပြီးသားကို ပြန်ဆန်းစစ်ပြီး နောက်ထပ် မမှားအောင် သတိဆောင်ပြီး ဆက်တွက်မှာလား။

Unknown said...

ဒေါက်တာကြီး ဒီအပိုင်းကတော့ကြိုက်ပါဗျာ အဲ့ဒီလို့ ပြည်တွင်းရော ပြည်ပရော ပွင့်ပွင့်လင်းလင်းဝေဖန်တာကောင်းပါတယ်
အပိုင်းလေးကိုမျော်နေမယ်

Unknown said...

ဒေါက်တာကြီး ဒီအပိုင်းကတော့ကြိုက်ပါဗျာ အဲ့ဒီလို့ ပြည်တွင်းရော ပြည်ပရော ပွင့်ပွင့်လင်းလင်းဝေဖန်တာကောင်းပါတယ်
အပိုင်းလေးကိုမျော်နေမယ်

Maung Won said...

အရှည်လျားဆုံးဒီမိုကရေစီတိုက်ပွဲကို ဆင်နွဲနေ မတော ဒီလိုပွင်းလင်းစွာသုံးသပ်ထားတဲ့ ဆောင်းပါးတွေထွက်ပေါ်လာတာ ရှေ့ဆက်မယ့် ခရီးမှာ ပိုပြီး အကျိုးရှိမှာ အမှန်ပါပဲ။ ဒါကိုပြည်ပရောက် ဒီမိုကစီ ရမှာ ကြောက်နေကြတဲ့ ဒီမိုကရေစီ သူဋ္ဌေးတွေ၊ ဒေါ်စုကို ဘုရားတဆူ၊ ဂူတလုံးပမာ ကိုးကွယ်နေကြတဲ့သူတွေကတော သူတို့နဲ့ ဒေါ်စုကို ဝေဖန်ထားတယ် ဆိုပြီး သဘောကျကြ မှာ မဟုတ်ဘူး။

Nyine Chan said...

အပြောလွယ်သလောက် အလုပ်မလွယ်ဘူးဆိုတာ လူတိုင်းနာလည်းကြပါတယ်။ ဒေါက်တာ လွမ်းဆွေ နယ်စပ်ထွက်လာတာလည်း အလုပ်မလွယ်လို့ဘဲမ ဟုတ်လား၊ အပြောသက်သက်နဲ့ လည်းဘဲ အလုပ်မ ဖြစ်ပါဘူး။
ဒီတော့ အကြံပြုခြင်တာက( ညွန်ကြားတာ၊ ခိုင်းတာမဟုတ်ပါ)

(၁) အိုင်ဘရီကိုစ်တို့၊ အရှေ့ အလယ်ပိုင်းတို့ မှာဖြစ်ခဲ့ ဖြစ်နေတာတွေ နမူနာတွေအတိုင်း၊ မြန်မာ နိုင်ငံမှာဖြစ်လာအောင်လုပ်ဖို့ အ ချိန် မနှောင်းသေးပါဘူး။ အေဘီအက်ဒီအက်ဖ် မှာ တပ်ဖွဲ့ဝင် လိုက်ပြီး၊ ရွတ်ရွတ်ချွန်ချွန်တိုက် ရင်း ကုလတပ်တွေ၊ အနောက်နိုင်ငံကတပ်တွေ၊ ဒါမှမဟုတ် တရုပ်နဲ့ရုရှားတပ်တွေ (တခုခုပေါ့) ဝင်လာအောင် ကြိုးစားကြည့်ပါလား။ ပြောနေမဲ့အစား ထလုပ်ကြည့်လိုက်ပေါ့။

(၂) မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက်လုပ်တဲ့နေရာမှာ အဲန်အဲယ်ဒီနဲ့ စစ်အုပ်စု နှစ်ခုထဲ အရေးမဟုတ်ဘူး။ လူမျိုးစုတိုင်းရင်းသားအရေးတွေ လည်းထည့်သွင်းစဉ်းစားရတယ်။ ပစ် ပယ် ထားလို့မရဘူး။ ပူးပေါင်းလုပ်ရတယ်။ သူတို့အရေးကောဘယ်လို အသစ်က ပြန်စဖို့ မြင်သလဲ။ သူတို့ကိုလည်း ဘယ်လိုဝေဖန်မလဲ။ ဆက်ရေးမဲ့စာမှာ အဲဒါပါထည့်ရေးပေးပါ။

Unknown said...

ခွေးသူတောင်းစားတွေဟောင်ဒါကိုနာမထောင်းပါနဲ့ဆက်သာေ၇းပါဆ၇ာအားပေးနေမှာပါ

only stupid people like you will listen that type of stupid story

Warazein said...

Nyine Chan.....ရေ...

စိတ်ကူးယဉ်လွဏ်ဆွေစာကိုဖတ်ပြီး စိတ်ကူးယဉ်နေပုံရတယ်...သေသေချာချာစဉ်းစားကြည့်ဦး..တရုတ်နဲ့ အနိယ နှစ်နိုင်ငံစလုံးနဲ့ နယ်ချင်းထိစပ်နေတာ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ABSDF ဆိုတာကရော..အပြေးအလွှားရေကြည့် ရင် ဘယ်နှစ်ယောက်ရှိလို့တုံး...ဘယ်တုံးက ထိုးစစ်ကောင်းကောင်း ခံစစ်ကောင်းကောင်းလုပ်ခဲ့ဘူး လို့တုံး... အခုတောင်နေစရာကောင်းကောင်းမရှိလို့ ကယားပြည်နဲ့ထဲမှာသွားနေရ၊ ဒုက်ခသည်စခန်းမှနေလိုနေရနဲ့... ကြောင်တောင်တောင်နဲ့ စိတ်ကူးမယဉ်ပါနဲ့...

Nyine Chan said...

ဝရဇိန်…ရေ၊
ကျနော်စိတ်ကူးယဉ်နေတာမဟုတ်ပါ။ စိတ်ကူးယှဉ်နေတဲ့ ဒေါက်တာလွမ်းမှ၊ အလုပ်မပါဘဲနဲ့၊ သူများတွေ ဖြစ်နေတာကိုအားကျပြီး ကိုယ့်ခေါင်းဆောင်တွေကို မထေ့တထေ့ ဝေဖန်နေလို့၊ အကြံပေးလိုက်တာ။ တခုခုမဟာ ဗြူဟာဆွဲပြီး လုပ်ကြည့်ဖို့ပြောတာလေ။

ဒေါက်တာလွမ်းက ထွက်လာတာ ၅ နှစ်ဘဲရှိသေးတာ၊ ပြန်ဝင်ချင်နေပြီလားမသိပါဘူး။ ရှိကြ တယ်လေ၊ တချို့ တချို့သော ပုဂိုလ်များက ထွက်လာစက ဆင်ဖမ်းကျားဖမ်းမယ်နဲ့၊ သတင်း စာရှင်းလင်းပွဲတွေပါလုပ်၊ စစ်အစိုးရကို အပြတ်တိုက် ခိုက်ရေးသား၊ ဝေဖန်၊…… နေရာရှာ။ နောက်တော့ တိုက်ခိုက်တဲ့ လေသံက တဖြည်းဖြည်းချင်းပျော့လာတယ်၊ ပြီးတော့ပြောင်းလာ တယ်။ ပြီးတော့ ပြန်ဝင်ရေးကို ရှေ့ရှု့လာကြတယ်။