Saturday, May 7, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၇) (နိဂုံးပိုင်း)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၇) (နိဂုံးပိုင်း)
ဒေါက်တာလွဏ်းဆွေ

ဤနိဂုံးပိုင်းမှာ ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” ဆိုတဲ့ လူထု တိုက်ပွဲနည်းနာ အကြံပြုစဉ်းစားချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ မတင်ပြမီ အခြေအနေအရပ်ရပ်ကို ပြန်ပြီး သုံးသပ်ရရင်ဖြင့် ဒီကနေ့အချိန်ကာလမှာ မျက်စိပသာဒပိုင်းအရ အရင်ကနဲ့မတူ တမူထူးခြားတာလေးတော့ အနည်းငယ်ရှိလာတယ်လို့ ပြောရပါမယ်။ ဘာထူးခြားတာလဲဆိုတော့ (၂၃) နှစ်ကြာ “ပြည်သူ့မေတ္တာခံယူတဲ့ သားတွေပါခင်ဗျ” လို့ ဆလံသရမယ့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့နှစ်ယောက် စစ်အာဏာရှင်ဇာတ်ခုံကြီး ရဲ့ ကန့်လန့်ကာနောက်ထဲ ၀င်ပုန်းသွားကြပြီး ကန့်လန့်ကာရှေ့မှာ ကျန်ခဲ့တဲ့ ဗိုလ်သိန်းစိန်တို့တသိုက် ကြံ့ဖွံ့ပု ဆိုးနဲ့တိုက်ပုံ လဲဝတ်လိုက်ကြတဲ့ ထူးခြားမှုပါပဲ။ ဒါပေမယ့် စစ်အာဏာရှင်ဇာတ်ခုံကြီးနဲ့ အဆောက်အအုံကြီးက ရှိမြဲအတိုင်းရှိနေပြီး ဗိုလ်သန်းရွှေတို့ ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲတဲ့အတိုင်း ဇာတ်ခုံပေါ်ကျန်ခဲ့တဲ့ ဘောင်းဘီချွတ် ကြံ့ဖွံ့မောင်တွေ ကနေကြရဆဲ၊ ကနေကြရဦးမယ်ဆိုတာကိုတော့ နိုင်ငံရေးအကင်းပါးသူတိုင်း ရိပ်မိသိရှိကြမှာအမှန်ပါ။

ဦးသိန်းစိန်တို့ မအူမလည်တသိုက် အဲသလို ဆက်မိုက်ကြဖို့ ပြင်နေကြချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ဒီ မိုကရေစီလိမ်ဆင်ပြဇာတ်တော်ကြီးမှာ ကပြအသုံးတော်ခံခွင့်ရမယ်အထင်နဲ့ (စစ်အာဏာရှင်ဇာတ်ခုံဟောင်းကို ဒီမိုကရေစီဇာတ်ခုံအထင်နဲ့) ပါတီထောင်ခဲ့ကြသူတွေအားလုံးလည်း ၂၀၀၈ အတုအယောင်အခြေခံဥပဒေမှာ ဗိုလ်သန်းရွှေ ဇာတ်ညွှန်းခွဲပေးထားတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ၊ အမြီးနှန့်ကကွက်တွေနဲ့သာ တသဝေ မသိမ်း ကပြအသုံးတော်ခံခဲ့ကြရတာကိုလည်း အာလုံးမြင်တွေ့ခဲ့ကြရပြီမဟုတ်ပါလား။ ပြောရရင် ပါတီထောင် ခဲ့ကြသူတွေအားလုံး အမည်ခံ ‘ပါတီ’ တေးနဲ့ ‘ပါပီ’ ကလေးတွေ ဖြစ်ခဲ့ကြရတယ်ပေါ့ခင်ဗျာ (နောက် ၅ နှစ်အ ကြာမှာ ပါပီကလေးတွေအဆင့်ကနေ ကြွက်စုတ်ကလေးတွေအဆင့်လောက် ရှိနေသေးရင် ကံကောင်းတယ် လို့ ပြောရမှာပေါ့)။

နောက်ပြီး ‘ဦးသိန်းစိန်အစိုးရသစ်’ ဆိုတာကြီးသာ ပေါ်လာတယ်၊ နအဖစစ်အစိုးရလက်ထက်က ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကိုလည်း မလွှတ်ရဲ၊ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း မပေးရဲဘဲ ဖိနှိပ် ရေးယန္တရားတွေကို တိုးချဲ့ဖို့သာ အကွက်စိစိ လုပ်ဆောင်နေတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ မစဉ်းစားဘဲ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေကိုသာ တွေ့နေရလို့ စစ် အာဏာရှင်စနစ်ကြီး အမြစ်ယိုင်နဲ့ခြင်းမရှိသေးဘဲ ရှိမြဲအတိုင်း အမြစ်တွယ်နေဆဲဆိုတာ သိသာထင်ရှားလွန်း နေပါတယ်။ အဲဒီတော့ အစိုးရသစ်ဆိုတာကြီး ဘယ်လိုပဲ ပေါ်လာပေါ်လာ ဒီကနေ့အချိန်ကာလဟာ မြန်မာ ပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရဦးမယ့် အချိန်ကာလ (တော်လှန်ရေးကာလ) ပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး ရှင်းရှင်းလင်းလင်း မြင် ကြပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အခုတလောမှာ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြရဦးမယ့် ကျနော်တို့တတွေအတွက် စိတ်ဓာတ် ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့ ထွက်ပေါ်လာနေတာမို့ အဲဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်မကျ၊ စိတ်ဝမ်းမကွဲစေဖို့ ကျနော့်အနေနဲ့ အကြံပြုချင်စိတ်ဖြစ်ပေါ်နေမိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့ ကြားလာရတဲ့ စိတ်ဓာတ်ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့က (၂၃) နှစ်နီးပါး ဒီမိုကရေစီတိုက်ပွဲအတွက် ယုံကြည်ကိုးစားခဲ့တဲ့ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ဆီက ထွက်ပေါ်လာတဲ့ စကားတွေ ဖြစ်နေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းက ဒီမိုကရေ စီအင်အားစုတွေအကြား အတော်ကလေး တာသွားလွန်းလှတာမို့ ဆက်လက်တိုက်ပွဲဝင်ရဦးမယ့် တော်လှန် ရေးကာလမှာ တိုက်ပွဲဝင်ချင်သူတွေ စိတ်ဓာတ်ကျဆင်းကုန်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေကြသူချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲဝင်ရဦးမယ်လို့ ယုံကြည်သူတွေကြား ကွာဟမှု ပိုကြီးလာမှာကို ကျနော့်အ နေနဲ့ အထူးစိုးရိမ်နေမိတာပါ။

အဓိကကတော့ နောက်ဆုံးအကြိမ် အကျယ်ချုပ်က ပြန်ထွက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက် မဟုတ်” လို့ ပြောဆိုလာ တာမျိုးတွေ၊ “ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ” လို့ ဖြေကြားလာတာမျိုးတွေ၊ “အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းရေးကိုပဲ လုပ်ဆောင်မယ်” လို့ ပြောဆိုလာတာမျိုးတွေကြောင့် အခြားနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်မှဖြစ်ဦးမယ်လို့ ယုံကြည်နေသူတွေအကြားမှာ တိုက်ပွဲဝင်ချင်စိတ်တွေ လျော့ပါးကုန်မှာစိုးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲနည်းနာပေါင်းစုံအသုံးချရေးကို ယုံကြည်သူတွေအကြား စိတ်ဝမ်းကွဲကုန်မှာ ကို စိုးရိမ်မိတာရယ်ပါ။ ဘယ်လို သဘောထားကွဲစရာတွေ ရှိတယ်ဆိုတာကို အပိုင်း (၆) မှာ ကျနော် အသေး စိတ် ဆွေးနွေးခဲ့ပြီးပါပြီ။

ကျနော် အကြံပြုချင်တာက ဒီလိုပါ။ ကျနော်တို့ ခေါင်းဆောင်တင်ခဲ့ပြီးသား ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ တဲ့ ၂၃ နှစ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ရာနှုန်းပြည့်ပေးဆပ်ခဲ့တာ သေချာလွန်းလှတာရယ်မို့ အသင်းခေါင်း ဆောင်လက်ပတ်နဲ့ ဆက်လက်ရှိနေစေပြီး (ကွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးတာကိုကလည်း စိတ်ဓာတ်ရေးရာအရ အားဖြစ်စေတာမို့) တော်လှန်ရေးကာလကို တိုက်ပွဲနည်းနာပေါင်းစုံနဲ့ ဖြတ်သန်းဖို့ လို အပ်နေသေးတယ်လို့ ယုံကြည်တဲ့သူတွေကသာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ အ ကြံပြုချင်တာပါ။

အဲဒီလို တော်လှန်တိုက်ပွဲဝင်ကြရင်း စစ်အာဏာရှင်စနစ် အမြစ်ကျွတ်သွားတဲ့တနေ့မှာ တဖြေးဖြေးချင်း ငြိမ်း ချမ်းစွာပြောင်းလဲရေးကို ဦးတည်လျှောက်လှမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာပေါင်းစုံအသုံးချတိုက် ပွဲဝင်သူတွေ ပြန်လည်ချိတ်ဆက်မိကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအခါကျရင်သာ ကျနော့်တို့အားလုံး ဒေါ် အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ကြီးတဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည် ဆောက်မှုကာလ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွေကို တက်ညီလက်ညီ ဖြတ်သန်းကြဖို့ တိုက် တွန်းလိုပါတယ်။

အခုအချိန်မှာတော့ တိုက်ပွဲဝင်ဦးမှဖြစ်မယ်လို့ ယုံကြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအ တွက် စတင်လုပ်ဆောင်ရမယ့် ဦးစားပေးလုပ်ငန်းစဉ်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး လုပ်ငန်းစဉ်ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပါမှ ရွှေဝါရောင်မ တိုင်မီမှာ ကျနော်တို့ရဲ့တိုက်ပွဲကို ထင်သာမြင်သာတဲ့ အရွေ့ရှိအောင် ဦးဆောင်မှုပေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရွှေဝါရောင်မတိုင်မီ ရွှေဝါရောင်အပြီးနဲ့ နာဂစ်သင့်ကာလတွေမှာ မြန်မာပြည် သူတွေကို အားဆေးတိုက်ကျွေးခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း တပါတည်း လွတ်မြောက်နိုင်မှာပါ။ သူ တို့တတွေ အပြင်ကို ပြန်ရောက်လာမှ သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ချိတ်ဆက်မိရင် ပိုမိုအားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်လာပြီး တိုက်ပွဲကို မြန်မြန်အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ထားတာလည်းရှိပါတယ်)။

လူမှုရေးလုပ်ငန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း၊ NLD နဲ့ ဦးသိန်းစိန်အစိုးရ ကြား (NLD ဟာ အာဏာလိုချင်လို့ မဟုတ်ပါဘူးလို့ ဦးသိန်းစိန်အစိုးရက မြင်လာတဲ့အထိ) ယုံကြည်မှု ဖြစ် တည်လာအောင် လုပ်ဆောင်ပြရင်း တွေ့ဆုံဆွေးနွေးရေးအဆင့်ထိ တက်လှမ်းလာမယ်လို့ မျှော်လင့်နေပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကလည်း လမ်းကြောင်းတခုအနေနဲ့တော့ သူ့ဟာသူရှိနေမှာပေါ့။ ကျနော့် တဦးချင်းအမြင်အရတော့ လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ … စတဲ့ ဖိအားပေါင်းစုံ ပေးနိုင်မှသာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအရေခြုံ စစ်အစိုးရ အကျပ်အတည်း ဆိုက်လာမယ်၊ အကျပ် အတည်းဆိုက်လာမှသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာမယ်လို့ ထင်ပါတယ်။ မဟုတ်လို့က တော့ စောင့်ရင်းနဲ့သာ တမလွန်ကို မြန်းရမယ့်ကိန်းလို့ပဲ မြင်မိပါတယ်။

အဲဒီတော့ အခုအချိန်မှာ နုနယ်ပျိုမျစ်ဆဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးအ ကျဉ်းသားတွေ လွတ်မြောက်ဖို့က အလွန့်အလွန်ကို အရေးကြီးနေပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ကတော့ လူထုတိုက်ပွဲနည်းနာနဲ့ ဆွဲထုတ်မှ ရမယ်လို့ မြင်ပါတယ် (ဦးသိန်းစိန်ရဲ့ အရပ်သားအရေခြုံ စစ်အစိုးရသစ်ကြီး က သဘောထားကြီးစွာနဲ့ အသာတကြည် လွတ်ပေးလိမ့်မယ်လို့ လုံးဝမထင်လို့ပါ)။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ် ရှားမှု စတင်နေတာ တွေ့ရပါတယ်။ အရှိန်ကောင်းလာတာ တွေ့ရလို့လည်း အားတက်ဝမ်းမြောက်မိပါတယ်။

ဒါပေမယ့် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုလောက်ကိုတော့ နအဖစစ်အစိုးရလက်ထက်ကတည်းက မျက်နှာပြောင် တာ ကျင့်သားရနေပြီးသားဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဆိုသူကြီးက မဖြုံရေးချမဖြုံလို့ မြင်မိပါတယ်။ လက်မှတ် ရေးထိုးတောင်းဆိုတဲ့အဆင့်ကနေ လူထုတိုက်ပွဲမျိုးနဲ့ ဖိအားပေးတောင်းဆိုတဲ့အဆင့်အထိ တက်လှမ်းတိုက်ပွဲ ၀င်နိုင်မှသာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဦးသိန်းစိန်စစ်အစိုးရက စဉ်းစားလာလိမ့်မယ်လို့ ထင်ပါတယ် (ဒီကြားထဲမှာတော့ ဦးသိန်းစိန်အစိုးရက သူတို့ အသက်ရှူချောင်ဖို့ နိုင်ငံရေးကစားတဲ့အနေနဲ့ နိုင် ငံရေးအကျဉ်းသား တချို့တလေလောက်ကိုပဲ လွှတ်ပေးမှာပါ)။ တပြိုင်နက်တည်းမှာ သံတမန်ရေးနည်း၊ စစ် ရေးနည်းတွေနဲ့ပါ ၀ိုင်းပြီး ဖိအားပေးနိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အပြင် ဒေါ် အောင်ဆန်းစုကြည် မျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်အထိပါ တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့် မိပါတယ် (မောင်လွဏ်းဆွေကလေး ပြောတာတွေလောက်တော့ ငါတို့လည်း မစဉ်းစားဘဲနေပါ့မလား၊ ဖြေး ဖြေးပေါ့ လာမှာပေါ့ ဆိုရင်လည်း ဆန္ဒစောပြီး ပြောနေမိတဲ့ ကျနော်မျိုးကြီး လေးဖြူမဟုတ်ကို ခွင့်လွှတ်ပါပေါ့ လေ)။

အဲဒီလို လူထုတိုက်ပွဲနဲ့ ဖိအားပေးတောင်းဆိုမှသာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်မယ်လို့ ယုံ ကြည်တာကြောင့် ကျနော်စဉ်းစားမိတဲ့ တိုက်ပွဲနည်းနာတချို့ကို တင်ပြချင်မိခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ “အာရပ်ဒီမိုကရေစီလှိုင်း” ကလည်း အကြီးအကျယ် ရိုက်ခတ်နေဆဲမို့ အဲဒီအာရပ်လှိုင်းကို အချိန်မီ လိုက်စီးနိုင် ရင်ဖြင့် နှစ်ရှည်လများ ထောင်တွေထဲမှာ ပေးဆပ်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်မြောက်နိုင် ကောင်းရဲ့လို့ စဉ်းစားမိတာကလည်း နောက်အကြောင်းတချက်မို့ အခုလို အရဲစွန့် တင်ပြမိခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကို ဖြစ်ပေါ်စေတဲ့ လှိုင်းလုံးဆိုတာမျိုးကလည်း အနှစ်နှစ်ဆယ်ကျော် အစိတ်နီးပါး ကြာမှ တခါ ရိုက်ခတ်တတ်တာမို့ ဒီတခါ ရိုက်ခတ်တဲ့ အာရပ်ဒီမိုကရေစီလှိုင်းကို အမီလိုက်မစီးရင်ဖြင့် ကျနော် တို့ အားကိုးတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ဆံဖြူသွား ကျိုးအရွယ်ကျမှသာ လွတ်မြောက်မယ့်ကိန်းပါပဲ။ အဲဒီလို မတွေးရဲ၊ မတွေးဝံ့စရာ အခြေအနေတွေ ရှိနေတာမို့ ကျနော်တို့ပြည်သူတွေအားလုံး အာရပ်လှိုင်းကို အမီလိုက်စီးကြစေချင်တာပါ။

ကျနော် အကြံပြုတင်ပြမယ့် တိုက်ပွဲနည်းနာကတော့ ရွှေဝါရောင်မတိုင်မီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တွေ ကိုယ်တိုင်ကျင့်သုံးသွားခဲ့တဲ့ လမ်းလျှောက်ခြင်းနည်းနာနဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးအတွက် ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့အဖွဲ့ ပြုလုပ်သွားခဲ့တဲ့ အပတ်စဉ် အင်္ဂါဝတ်ပြုဆုတောင်းပွဲ နည်းနာ နှစ်ခုကို ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနည်းနာနှစ်ခုစလုံးဟာ သာမာန်ပြည်သူတွေအတွက် ငွေကုန် ကြေးကျခြင်းလည်းမရှိ၊ အဖမ်းအဆီးခံရမယ့် အန္တရာယ်လည်းမရှိဘဲ လွယ်လွယ်ကူကူ လိုက်ပါလုပ်ဆောင်နိုင် တဲ့ နည်းနာတွေဖြစ်လို့ ကျနော့်အနေနဲ့ ယုံကြည်ကိုးစားစွာ အကြံပြုမိခြင်းဖြစ်ပါတယ်။

ပြည်ပရောက် ညီအစ်ကိုမောင်နှမများထဲကလည်း တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ချင်စိတ်ရှိသူတွေအ နေနဲ့ ပြည်တွင်းပြန်ဝင်လို့ အန္တရာယ်တစုံတရာမရှိသူမှန်သမျှ (ပြန်ဝင်လို့ အန္တရာယ်ရှိမရှိဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်အသိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို မလိမ်ညာမိဖို့ အရေးကြီးပါတယ်) ပြန်ဝင်ပြီး တိုက်ပွဲဝင်ကြဖို့ ကျနော့် အနေနဲ့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား (၅) သန်းလောက်ထဲက ငါးသောင်း လောက်ပဲ ပြန်ဝင်ပြီး တိုက်ပွဲဝင်ဦး နည်းနည်းနောနောအားမဟုတ်ပါ။ ကျနော့်အနေနဲ့လည်း လုံခြုံရေးအခြေ အနေအရ ပြန်ဝင်လှုပ်ရှားလို့ရပြီဆိုတာနဲ့ ပြန်ဝင်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း အပိုင်း (၆) မှာ ပြောခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ပကနေ လိပ်ခေါင်းထွက်အောင် အော်ဟစ် ကြေညာချက်ထုတ်နေတာလောက်ကို ဦးသိန်းစိန်အ စိုးရက ယားတယ်လို့ ခါးတွန့်မှာ မဟုတ်လို့ အမှန်တကယ် မျိုးချစ်စိတ်ရှိသူတွေကို ကျနော့်အနေနဲ့ တိုက်တွန်း နေရခြင်းဖြစ်ပါတယ် (ပြန်ဝင်ဖို့ အခြေအနေမပေးသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့က တော့ နိုင်ငံရေးကို စီးပွားဖြစ်လုပ်စားနေတဲ့ ဘာတပ်ပေါင်းစု၊ ညာတပ်ပေါင်းစု ဆိုတာတွေအစား အောက်ခြေ ထုက စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်တဲ့၊ ထိရောက်အားကောင်းတဲ့ အဝေးရောက် ပြည်သူ့အစိုးရသစ်တ ရပ် ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်ကြိုးစားသင့်တယ်လို့ ကြားဖြတ်အကြံပြုလိုပါတယ်)။

ကျနော် အကြံပြုတင်ပြမယ့် ပြည်တွင်းလူထုတိုက်ပွဲနည်းနာကတော့ အာဏာရှင်မှန်ရင် ကြောက်တတ်စမြဲဖြစ် တဲ့ လူထုလှိုင်းနဲ့ အင်အားပြမယ့် နည်းနာပါ။ ဦးသိန်းစိန်းအစိုးရဟာ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရ လား၊ အာဏာရှင်အစိုးရပဲလား ဆိုတာကို တဖြေးဖြေးချင်း စမ်းသပ်မယ့် တချက်ခုတ် နှစ်ချက်ပြတ် တိုက်ပွဲ နည်းနာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ တင်ပြပါမယ်။

“အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာများ

ရည်ရွယ်ချက် ။ ။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးမှသည် စစ် မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအထိ ရည်ရွယ်သည်။

အဓိဌာန် ။ ။ ငါသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် အကျဉ်း ထောင်အသီးသီးတွင် ပေးဆပ်တိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာသည် အထိ အပတ်စဉ် မပျက်မကွက် တိုက်ပွဲဝင်ပါမည်။ ငါ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် တိုက်ပွဲဝင် မှုကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပြီး ပြည်တွင်းစစ် အပြီးတိုင် ချုပ်ငြိမ်းပါစေ သား၊ စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေသား (တိုက်ပွဲဝင်ရန် ပိုင်းဖြတ်သူတိုင်း အဓိဌာန်ပြု ရွတ်ဆို ရန်)။

တိုက်ပွဲဝင်ရမည့်ရက် ။ ။ စနေနေ့နှင့် တနင်္ဂနွေနေ့ (စနေနေ့ကို “နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ် ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းရေးနေ့” အဖြစ် သတ်မှတ်ပြီး တနင်္ဂနွေ နေ့ကို “နိုင်ငံရေးအကျဉ်းသားများအတွက် နွေးထွေးမှုပေးရေးနေ့” အဖြစ် သတ်မှတ်သည်။ ပြည်သူအများစု လိုက်ပါလုပ်ဆောင်နိုင်မည့် အားလပ်ရက်နှစ်ရက်ကို ရွေးချယ်ခြင်းဖြစ်သည်)

စနေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာအရပ်နှင့် အနီးဆုံးရှိ ဘုရားသို့ တက်ရောက်၍ နိုင်ငံရေးအ ကျဉ်းသားများနှင့် ပြည်တွင်းစစ်ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းပါ။ ဘု ရားပေါ်တွင် အချိန်ပေးနိုင်သမျှ ကြာကြာနေပြီး ဆုတောင်းပေးပါ။ ဘုရားသို့ သွားရာတွင် တဦးချင်း (သို့မ ဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ (အခြားဘာသာဝင်များဖြစ်လျှင် လည်း မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ဘုရားရှိခိုးကျောင်း၊ ဗလီ … အစရှိသည်များသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းပါ)။

တနင်္ဂနွေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာ မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ထားရှိရာ အကျဉ်းထောင် ဆီသို့ နီးနိုင်သမျှ အနီးဆုံးအထိ ချဉ်းကပ်သွားရောက်ပြီး အပေါ်မှ အဓိဌာန်ကို ရွတ်ဆိုဆုတောင်းပါ။ တဦးချင်း (သို့မဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ။ ထောင်ဆီသို့ မျက်နှာမူကာ မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းပါ။ လုံခြုံရေးအခြေအနေကြောင့် မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းခွင့် မရလျှင် ထောင်နှင့် အနီးဆုံးနေရာမှ လမ်းဖြတ်လျှောက်ရင်း ရွတ်ဆိုဆုတောင်းပါ။ လမ်းဖြတ်လျှောက်ရန်ပင် အခက်အခဲရှိလာပါက စက်ဘီး၊ ဆိုက္ကားကဲ့သို့သော ယာဉ်များကို ဖြေးညင်းစွာစီးနင်း၍ ရွတ်ဆိုဆုတောင်းပါ (အကျဉ်းထောင်မရှိသော မြို့ရွာနေ ပြည်သူများအနေနှင့်မူ စနေနေ့လုပ်ငန်းစဉ်အတိုင်းသာ မပျက်မကွက် ဆောင်ရွက်ပါ)။

ဤ စနေနှင့် တနင်္ဂနွေနေ့များတွင် လုပ်ဆောင်ရန်များသည် လူထုတိုက်ပွဲ၏ ပထမအဆင့် နည်းနာများဖြစ် သည်။ တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်း၊ တစ်သောင်းမှ တစ်သိန်း၊ တစ်သိန်းမှ တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲလာသည်အထိ တိုက်ပွဲနည်းနာကို လက်ဆင့်ကမ်းပါ၊ မျှဝေပါ၊ အ ပတ်စဉ် မပျက်မကွက် အချိန်ပေးဆောင်ရွက်အောင် တိုက်တွန်းနှိုးဆော်ပါ။ တတိုင်းတပြည်လုံး ပါဝင်လာ သည်အထိ (၆) လ ကြာချင်ကြာမည်။ (၁) နှစ် ကြာချင်ကြာမည်၊ ဇွဲရှိရှိ ဆောင်ရွက်ပါ (ဒေါ်အောင်ဆန်းစု ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များပါ ပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် အတိုင်းအထက်အလွန်ဖြစ် ပြီး လူထုတိုက်ပွဲ လျင်လျင်မြန်မြန် အရှိန်မြင့်တက်လာမည်ဖြစ်သည်)။

မီဒီယာများ၊ စီတီဇင်ဂျာနယ်လစ်များသို့ မေတ္တာရပ်ခံချက် ။ ။ လူထုလှုပ်ရှားမှု အရှိန်မြှင့်လာသည်နှင့်အမျှ နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ပြီး နိုင်ငံတကာမီဒီယာများသို့ တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ပေးပါ။

ပထမအဆင့်တွင် သတိပြုရန်အချက်များ ။ ။ အထက်ပါ ပထမအဆင့် တိုက်ပွဲနည်းနာနှစ်ခုတွင် အောက်ပါအ ချက်များကို သတိပြုပါ။

ဘုရားဖူးသွားရောက်ရာတွင်ဖြစ်စေ၊ အကျဉ်းထောင်အနီးသို့ ချဉ်းကပ်ရာတွင်ဖြစ်စေ အချိန်ကြာမြင့်လာပြီး လိုက်ပါဆောင်ရွက်သူ များလာသည်နှင့်အမျှ စစ်တပ်၊ ရဲ လုံခြုံရေးချထားမှု၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့၏ စောင့် ကြည့်ခံရမှုလည်း ပိုများလာမည်ဖြစ်သည်။ ရှေ့ဆက်မသွားရ ဆိုသည်မျိုး တားမြစ်ပိတ်ဆို့လာမှုများ ကြုံတွေ့ လာရမည်ဖြစ်သည်။ ထိုအခါမျိုးတွင် လုံခြုံရေးများ၊ စောင့်ကြည့်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ဘုရား နှင့် အကျဉ်းထောင်ကို အနီးဆုံးချဉ်းကပ်၍ရသည့် နေရာအထိသာချဉ်းကပ်ပြီး အပတ်စဉ် မပျက်မကွက် လမ်း လျှောက် အဓိဌာန်ပြု ဆုတောင်းပါ။ ယုတ်စွအဆုံး လုံခြုံရေးများ တမြို့လုံးနီးပါး ချလာလျှင်လည်း ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဘဲ လျှောက်လို့ရသည့် နေရာတွင် ဆက်လျှောက်ကာ အသံတိတ် အဓိဌာန်ပြုဆုတောင်းပါ။

တိုက်ပွဲဒုတိယအဆင့် ။ ။ လိုက်ပါဆောင်ရွက်သည့် ပြည်သူများ တဖြေးဖြေး များပြားလာပြီး လူအင်အား သိ သိသာသာ တိုးများလာချိန်တွင် တိုက်ပွဲကို ရှေ့ဆောင်မည့်သူများ (တိုက်ပွဲဖော်မည့်သူများ) မုချပေါ်လာမည် ဖြစ်သည်။ ကြွေးကြော်သံ တိုင်ပေးမည့်သူများ ပေါ်လာမည်ဖြစ်သည်။ ဆိုင်းဘုတ်ထောင်၊ အလံကိုင်ရဲမည့်သူ များ ပေါ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး” တို့ကို အစပြု တောင်းဆိုရင်း တိုက်ပွဲဝင်သင့်သည်။

ဤနေရာတွင် အထူးသတိထားရမည်မှာ တိုက်ပွဲဖော်သည့် သူများသည် အတုအယောင် စစ်အုပ်စုဒလန်တွေ လား၊ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများလား ဆိုသည်ကို သေချာစွာ အကဲခတ်လေ့လာပါ။ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများ သေချာသည်ဆိုလျှင် စနေ၊ တနင်္ဂနွေတိုက်ပွဲဝင်များထဲမှ လိုက်ပါရဲသူများအနေနှင့် လုံခြုံရေးအနေအထားကို သတိကြီးကြီး၊ အကင်းပါးပါး၊ မျက်စိရှင်ရှင်ဖြင့် လိုက်ပါ အားပေးတိုက်ပွဲဝင်ပါ။ လိုက်ပါရန် စိုးရွံ့သေးသူများအနေနှင့် မိမိတို့ လုပ်ဆောင်နေသည့် တိုက်ပွဲပထမအ ဆင့်ကိုသာ မပျက်မကွက် လုပ်မြဲအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

တိုက်ပွဲတတိယအဆင့် ။ ။ ဤအဆင့်တွင် ဦးသိန်းစိန်အစိုးရ မင်းသားခေါင်းစွပ် ကွာကျပြီး ဘီလူးဆိုင်း တီး လာနိုင်သည်။ ဤအဆင့်ကို ဆက်လက်လိုက်ပါ တိုက်ပွဲဝင်ရဲသူများအနေနှင့် ရွှေဝါရောင်သံဃာ့အရေးအခင်း တုန်းကကဲ့သို့ “နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ” လောက်နှင့် မရတော့ဘဲ …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး”
“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး … ဒို့အရေး ဒို့အရေး”
“စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး … ဒို့အရေး ဒို့အရေး”

… စသည်များအထိ တိုးချဲ့တောင်းဆို တိုက်ပွဲဝင်သင့်သည်။ အကြမ်းအရမ်း နည်းနာပေါင်းစုံကို သုံး၍ တိုက်ပွဲ ၀င်ရန် ကြိုးစားသင့်သည် (အာရပ်လူထု၏ တိုက်ပွဲဝင်ပုံကို လေ့လာပါ)။ စစ်အုပ်စု၏ အကျိုးစီးပွားများနှင့် ဒေါက်တိုင်များ (အဆောက်အအုံ၊ ယာဉ်၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများ) ကို အဓိကပစ် မှတ်ထားပြီး မိမိတို့ဉာဏ်စွမ်းရှိသမျှ တဦးချင်းသော်လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ရဲဘော်ရဲဘက်ချင်း ချိတ်ဆက်၍သော်လည်းကောင်း နေ့ရောညပါ လက်ဦးမှုရှိရှိ ဖြိုချတိုက်ပွဲဝင်သင့်သည်။ အစိုးရယန္တရားပေါင်းစုံ ရပ်ဆိုင်းသည်အထိ ရည်ရွယ်လုပ်ဆောင်သင့်သည်။ ဤအဆင့်အထိ လိုက်ပါဆောင်ရွက်ရန် စိုးရွံ့သူများအ နေနှင့်မူ မိမိတို့ လုပ်ဆောင်နေသည့် ပထမအဆင့်ကို လုပ်၍ရသည့်နေရာတွင် မပျက်မကွက် ဆက်လက်လုပ် ဆောင် အင်အားပြပါ။

အဓိကမှာ တိုက်ပွဲအရှိန်မြင့်သထက်မြင့်လာပြီး မိမိတို့ တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးများကို ဦးသိန်း စိန်အစိုးရမှ လိုက်လျောလုပ်ဆောင်ပေးလာသည်အထိ (ယုတ်စွအဆုံး ဦးသိန်းစိန်အစိုးရ ပြုတ်ကျပြီး မိမိတို့ ခေါင်းဆောင်များ ဦးဆောင်သည့် ကြားဖြတ်အစိုးရ ပေါ်လာသည်အထိ) တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ နေ့ စဉ်ရက်ဆက် လမ်းပေါ်ထွက်၍ (ထွက်လို့ရသည့် နေရာသို့ ထွက်၍) ဇွဲရှိရှိ၊ သတ္တိရှိရှိ၊ အကင်းပါးပါး လုပ် ဆောင်ရန်ပင်ဖြစ်သည် (ရွှေဝါရောင်တုန်းကကဲ့သို့ တွေ့ဆုံဆွေးနွေးရေးအသံကြားသည်နှင့် တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ မိမိတို့လိုလားချက်များ အမှန်တကယ်ရရှိသည်အထိ တိုက်ပွဲဝင်ရန်ပင်ဖြစ်သည်)။

ဤတွင် ကျနော်၏ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာအကြံပြုချက် ပြီးပါပြီ။

*******

စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်လိုသူ ပြည်တွင်းပြည်ပမှ တိုက်ပွဲဝင် ညီအစ်ကို မောင်နှမများအနေနဲ့ အထက်ပါ တိုက်ပွဲနည်းနာများကို ယုံကြည်ပါက ဖတ်ရှုပြီးချိန်ကစပြီး မည်သူ့ကိုမှ တိုင် ပင်စရာမလိုဘဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ တိုက်ပွဲနည်းနာတွေကို ပြည်သူ လူထုထံ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိအောင်လည်း လက်ဆင့်ကမ်း ပို့ဆောင်ပေးကြစေလိုပါတယ်။ လိုက်ပါ ဆောင်ရွက်လာအောင်လည်း လူသတင်းလူချင်းဆောင်ပြီး စည်းရုံးလှုံ့ဆော်ပေးကြစေလိုပါတယ်။

မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ် ထွန်းလာတာကို မြင်တွေ့လိုတဲ့ မီဒီယာများအနေနဲ့လည်း “အာရပ်လှိုင်းကို အမီလိုက်စီးကြပါစို့” ဆိုတဲ့ အ ထက်ပါ လူထုတိုက်ပွဲနည်းနာများကို ပြည်သူများထံသို့ ပိုမိုရောက်ရှိအောင် ထုတ်လွှင့်တင်ဆက်ပေးကြဖို့ အ နူးအညွတ် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်လွတ်မြောက်မည်”

ဒေါက်တာလွဏ်းဆွေ

- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၆) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၅) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၄) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၃) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၂) click
- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၁) click

34 comments:

Anonymous said...

ဒေါက်တာကြီးရယ် ပြည်ပကနေ ပြောမနေပါနဲ့ကွာ၊ မင်း လမ်းစဉ်တွေက အစွန်းရောက်နေတယ်၊ ဒါနဲ့ မင်း ပြည်တွင်းက လူတွေကို ဟိုဟာ လုပ်ခိုင်း၊ ဒီဟာ လုပ်ခိုင်းနဲ့ မင်းကရော မြ၀တီ ကော့ကရိတ်လောက်တောင် ခြေချရဲလို့လား၊

Minn Khant 1948AD said...

ဟုတ်ကဲ့ပာ ရွှေဝာရောင်အရေးအခင်းတုန်းကလဲ ဒီလိုပဲ လျှောက်ခဲ့တာပဲ။ ဒီလိုလျှောက်ခဲ့လို့ ဒောက်တာကြီး ယပက်လက်ရောက်ခဲ့တာပော့။ ထပ်သာလုပ်။ နောက်ထပ် ဒောက်တာလွဏ်းဆွေတွေ အများကြီးပှောလာလိမ့်မယ်။
ဘာမှာတောင်မလုပ်ရသေးဘူး လမ်းလျှောက်ယုံနဲ့ ဦးသိန်းစိန် ပြုတ်ကျသွားမယ်ဆိုပဲ။ ဟဟ။

Anonymous said...

ဒေါက်တာကြီးရယ် .... စိတ်မဆိုးနဲ့နော်။
သူများတင်တဲ့ သတင်းတွေ ပို့စ်တွေ လိုက်လင့်ပြီး
တင်တာမှ ဒေါက်တာလွဏ်းဆွေ ဆိုဒ်ဆိုပြီး
လူတွေသိကြအုံးမယ်.. ခုတော့ ထိုင်နေကောင်းသား
ထမှ ကျိုးမှန်းသိတယ် ဖြစ်နေပြီ။ စိတ်မဆိုးနဲ့နော်
အခု ဒီ blogspot ဆိုဒ်တွေ အဖတ်များတာလဲ
ပြည်ပက လူတွေချည်းဖြစ်ဖို့များတယ်။ ပြည်တွင်းက သာမန်အရပ်သားကတော့ ကျော်ခွပြီး အပင်ပန်းမခံကြဘူး ဒေါက်တာရဲ့။ ဒါကြောင့် ဒေါက်တာ ဆိုဒ်ကို သိကြတာကလည်း ပြည်ပက လူတွေပဲများမယ်ထင်တယ်။ ပြည်တွင်းက တော့ နည်းလိမ့်မယ်။ အဲတော့ ဒေါက်တာလွဏ်းဆွေကို တောရောမြို့ပါ မသိကြဘူးဗျာ့။ အဲ... ဒေါ်စုတော့ အကုန်နီးပါးသိနေကြတယ်။ အဲတော့ ဒေါက်တာက ဒေါ်စုတို့ကို ဟောင်းနေပါပြီလို့ ပြောနေတာ အွန်လိုင်းလူနည်းစု သိဖို့ပဲလား။ လူများများ သိစေချင်တယ်ဆိုရင် ဒေါက်တာရဲ့ အသစ်က စချင်တဲ့ နည်းလမ်းကို ကြော်ငြာချင်ရင် ပြည်တွင်းဝင်ပြီ နိုင်ငံအနှံ့လက်ကမ်းစာစောင်တွေ ဝေ ကြော်ငြာမှ ရမယ်ထင်တယ်။ နို့မို့ဆိုလို့က ဒေါက်တာ့ကိုလည်းမသိသလို ဒေါက်တာ ဖြစ်စေချင်တာကိုလည်း သိကြမှ မဟုတ်ဘူး။ နောက်ပြီး ဒေါက်တာက လုံခြုံမှ ပြည်တွင်းထဲ ၀င်မယ်ပေါ့။ ဒေါ်စုတို့ မင်းကိုနိုင်တို့ကြ လုံခြုံမှုတွေ သိပ်မကြည့်ကြလို့ ခဏခဏ အဖမ်းခံကြရတယ်။ အဲတော့ ဒီလောက်ဆို ရှင်းပါ ပြီ။ ဘယ်သူတွေ လက်တွေ့ဆိုတာ။ အဲတော့ ကျနော်တို့ စာဖတ်သူတွေကို အပျင်းပြေရီစရာလေးတွေ ပွဲဆူတာလေးတွေနဲ့ ဖျော်ဖြေတဲ့ ဒေါက်တာကိုကျေးဇူးပါ။အခုတော့ ဒေါက်တာဖျော်ဖြေတာ ပြည်ပက အင်တာနက်ကိုအလွယ်တကူ ၀င်ဖတ်နိုင်တဲ့ လူတွေအတွက်ပဲဖြစ်တဲ့ အတွက် စိတ်မကောင်းပါဘူး။ နောင်များကျ ပြည်တွင်းက အများပြည်သူများအား ဒီလိုဖျော်ဖြေမှုလေးတွေပေးနိုင်ပါစေလို့ ဆုတောင်းလျက်။ "အခုအချိန်မှာဘယ်သူတွေတော့ ဘာလုပ်နေတယ် လက်ညှိုးထိုင်ထိုး ဘေးထိုင်ဘိုင်ပြောနေမယ့်အစား ကိုယ်နိုင်တဲ့ဖက်က ရတဲ့နည်းနဲ့တိုက်ကြတာ အကောင်းဆုံးလို့ ထင်ပါတယ်"

shwe said...

အပေါ်ကကွန်မင့်ပေးတဲ့ မစ်စတာကြီး။
မစ်စတာ က ကွန်မင့်ပေးတာ ဆင်ခြင်မှပေါ့။
တော်ကြာ မစ်စတာကြီးရဲ့ ကွန်မင့်ကိုမခံနိုင်လို့ 
တို့ ဒေါက်တာကြီး
ပြည်တွင်းပြန်ဝင်သွားမှဖြင့်
သတိပေးထားပါရဲ့ ။
ဒေါက်တာကြီးက စိတ်ကြီးတယ်။ ပြည်တွင်းပြန်ဝင်
သွားပြိးနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကသိုဏ်း ပြန်ရှုနေရင် ဘလော့လေးမဖတ်ရဖြစ်နေ
မယ်။

Unknown said...

အေးဆေးနေ သားကြီး အမေ ရှေက ခံ ပေးမယ် သားက ငယ်သေးတယ် အမေ များ နေ လက်ဆောင် ပေါ့ သား ရယ်

SAW said...

သမ္မတကြီး ဦးသိန်းစိန် က ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း ကျနစွာဖြင့် ရယူကြမယ် ဆိုရင် အစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာ ဖြစ်ကြောင်း ပြောကြားပြီး ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်းကို ကာကွယ် စောင့်ရှောက် သွားမှာ မလွဲမသွေ ဖြစ်တယ် လို့ ယုံကြည်ပါတယ်။

mg said...

တည်ငြိမ်အေးချမ်းနေတဲ့ ဒီတိုင်းပြည်နဲ့ဒီပြည်သူ တိုးတတ်စပြုနေပြီဖြစ်သော ဒီတိုင်းပြည်ကို ဘာကြောင့်များ ခေတ်နောက်ပြန်ဆွဲချင်ရတာလဲမသိဘူးနော်။

သူများနိုင်ငံတွေကို အမှီလိုက်ဖို့ ကြိုးစားနေကြရတဲ့အထဲ ဒီလို ဖျက်လို့ဖျက်ဆီးတွေကလည်း ရှိသေးတာ အံ့သြစရာပါပဲ။ရှေ့ကဆောက် နောက်က ဖျက်ဆီးနေသရွေ့တော့ ဒီတိုင်းပြည်က သူများနောက်ကောက်ကို နောက်ထပ် နှစ်ပေါင်းဘယ်လောက်များတောင် ထပ်ပြီး နောက်ကျနေအုံးမှာလဲ။

ကိုယ်အာဏာရဖို့ လိုချင်တာပဲသိတယ်။တိုင်းပြည်အတွက် ပြည်သူအတွက် ဘာမှကြည့်ကြတဲ့သူတွေမဟုတ်ဘူး။
တိုင်းပြည်ပျက်စီးချင် ပျက်စီးပါစေ ပြည်သူတွေ သေချင်သေပါစေ ကျီးလန့်စာစာနဲ့ နေချင်နေကြပါစေ ကိုယ်အာဏာရဖို့အတွက် အကြမ်းဖက် ဆူပူဖို့ ၀န်မလေးတတ်ကြတဲ့သူတွေပါပဲ။

ခက်တာက ကိုယ်တိုင်က နောက်ကွယ်မှာ ကင်မရာလေးကိုင် ဗီဒီိယိုလေးရိုက်ပြီး လုပ်စားနေကြပြီး ပြည်သူတွေကတော့ လမ်းပေါ်မှာ အသေခံ။ကောင်းရော။ပြည်သူတွေရဲ့အသက်နဲ့ရင်းခဲ့တဲ့ Burma VJ လိုဇာတ်လမ်းရိုက်ပြီး ဘယ်သူတွေ လုပ်စားနေကြသလဲ။ဘယ်သူတွေ စတေးသွားကြရသလဲ။ဘယ်သူတွေအကျိုးမြတ်ရသွားသလဲ။Burma VJ ဇာတ်လမ်းရိုက်ပြီး လုပ်စားတာဟာ သေဆုံးသွားတဲ့သူတွေကို စော်ကားတာနဲ့အတူတူပါပဲ။

ဘာပဲဖြစ်ဖြစ် သမ္မတအစိုးရက အခြေခံဥပဒေအတွင်းတိုင်း လုပ်ကြမယ်ဆိုရင် မည်သို့သောသူမျိုးမဆို ပူးပေါင်းလုပ်ဆောင်ဖို့အသင့်လို့ပြောထားပြီးသားဖြစ်တဲ့တွက် အခြေခံဥပဒေထဲကပဲလုပ်ဆောင်သင့်တယ်။
ဥပဒေအပြင်ကလုပ်ရင်တော့ ဒုံရင်းဇာတ်လမ်းဟောင်းတိုင်းပဲသွားနေကြရမှာပဲ။

ဇာတ်လမ်းဟောင်းတိုင်းမသွားမိဖို့နဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့ဆိုတာ အခြေခံဥပဒေဘောင်တွင်းတိုင်း လုပ်ဆောင်ကြဖို့ပါပဲ။

Anonymous said...

ကိုစောရေ၊ ကိုမောင်ရေ
သတင်းစာထဲက စကားတွေလာရွတ်ပြနေတယ်။ ပေါတောတောနဲ့။
ဂျပုကို ပြောလိုက်ပါကွာ။ လောကနီတိကို သတင်းစာထဲ ကူးရေးပြီး ထည့်မယ့်အစား မြန်မာလိုရေ၊အင်္ဂလိပ်လိုရော အလွတ်အာဂုံဆောင်နိုင်ရင် ဆရာဆယ်ခါ ခေါ်မယ်လို့။
ဒါတောင် လိုက်နာကျင့်ကြံနိုင်တာ မပါသေးဘူး ခုနက စာသားတွေတော့ ကျနော်မျိုးတို့လည်း ရွတ်တတ်တယ်လို့ ကြုံရင် ပြောလိုက်ပါကွာ။ အရှင်းဆုံးပဲ ပြောလိုက်မယ်။ မြန်မာနိုင်ငံမှာ သေနတ်နေရာတကာ ၀ယ်မရသေးလို့ ဂျပုတို့ ယူနီဖောင်း၊တိုက်ပုံဝတ်ပြီး ရွတ်ပြတာ နားထောင်နေတာလို့။ ၇ှင်းတယ်နော်။ ဒီလောက်ပဲ။

Unknown said...

လွဏ်းဆွေရာ...
ကြောင်တောင်တောင်နဲ့ မဖြစ်နိုင်တာတွေ ထပြီးစိတ်ကူးယဉ်. ဆရာကြီးလုပ်... တောင်စဉ်ရေမရတွေပြော.. မင်းတော့ခက်သေးတယ်။ အားမရရင်လည်း ကိုယ်တိုင် ပြန်သွားပြီး ဦးဆောင်ပါလား။ မင်းလည်း မြန်မာ့အသံဦးလှဝင်းလိုဘဲ.... လေထဲကနေဘောလုံးတွေကန်နေတာ... မင်းလိုမျိုးလေထဲကနေကန်လို့အောင်မြင်တယ် ဆိုရင်တော့ တို့မြန်မာအသင်းလည်း ကမာ့ဖလား၁၀ လုံးလောက်ရနေပြီပေါ့ကွာ။....အလုပ်မရှိလည်း ဒီပြင်အလုပ်တွေလုပ်နေပါလားကွာ.... ဘာလို့အရေမရအဖတ်မရ ကြောင်တောာင်တောင်တွေလျှောက်ရေးနေရတာတုံး...
မင်ပြောသလိုဘဲ မင်းလဲ ထိုင်နေရင်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလိုဖြစ်နေပြီ။

layminthar said...

အဲ ဒါ ဘဲ ဒေါက် တာုကီး ရေ
ဒီ လူ တွေ က ဒီ မို နဲ့  လား လား မှ မ တန် တဲ့  ၊ ဒီ ဟောင် တွေ ( ဒီ ဟောင် နော် ) လှည့်ူပီး ဟောင် ဖို့  ဘဲ ချောင်း နေ တာ ။ သူ တို့  ကို ဝေ ဖန် လို့ုကာ ရင် ဒေါက် တာုကီး ဆေး ၁၄ လုံး ချက် မှာ ထိုး နေ ရ မယ် နော် သ တိ တော့  ထား ။ ။ ။

layminthar said...

အန် တီ စု က မိန်း မ ဆို တော့  ' လွှတ် တော် ' ' လွှတ် တော် ' ဆိုပီး အော် နေ တော့  တ ဖက် က လဲ လွှတ် တော် ခေါ် ခိုင်း တယ် ထင်ူပီူးမန်ူမန် လွှတ် တော် ခေါ် လိုက် ရတာ ပေါ့  ။

Anonymous said...

ကဲ အပေါ်က ဆရာသမား။
မြန်မာအသံထွက် ကို အင်္ဂလိပ်လို ပေါင်းတဲ့ဆရာ။
လေမင်းသားလား၊လေးမင်းသား မသိဘူး။ ဘာရေးထားတာလဲ ဆရာသမားရ။ ဇော်ဂျီဖောင့်ကိုတ မှန်အောင်ရိုက်။ ပြီးမှ ဒီမိုတွေ ဘာတွေပြော။ ခင်ဗျားက
ဟောင်တယ်ဆိုတဲ့ အသုံးလောက်ပဲ သုံးတတ်တော့။ ဟောင်ကောင်လူမျိုးထင်တယ်။ ဟိဟိ။ ဒီလောက်ပဲ။ သိပ်မပြောချင်ဘူးဗျာ။ ခင်ဗျားကို ကျနော် တစ်ခုမေးမယ် လူတွေက ဒီမိုနဲ့ မတန်ဘူးပြောတော့။ ဆရာသမားက ဘယ်နိုင်ငံကလဲ ဟင်။ သိပါရစေ။

ttshlaing said...

စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲတော.စနေပြီ ဆရာဆွေ။
ဆရာနဲ.ဆန်.ကျင်ဘက်ပြောသူတွေကိုကြည်.ရတာ
ရည်ရွယ်ချက်ရှိရှိ ကလိပေးနေသလိုပဲ။ကျွန်တော်ကတော.
ငပိစားဖူးလို.အသိတရားလည်းရှိနေတာမို.ဒီအကွက်လောက်တော.သွေးတောင်ပူမှာမဟုတ်ပါဘူး။ဒါပေမယ်.သွေးဆူလွယ်တဲ.ကျွန်တော်တို.ဒီမို မိတ်ဆွေတွေကို သတိလက်မလွှတ်ရအောင် ဆောင်းပါးလေးတွေထပ်ရေးပေးပါလို. တောင်းဆိုပါတယ်။

Unknown said...

အဲဒီ Mg ကလဲဖုန်ဝင်ဝင် ထတယ်
Burma VJ ကလုတ်စားတာဆိုရင်
Burma Soldier ကရော?? ဟိုမှာခြေရောလက်ရောမရှိတော့ဘူး ဒါရောလုတ်စားတာဘဲလား??
Burma VJ ကသေဆုံးသွားတဲ့သူတွေကို စော်ကားတာလား? ဒီအစိုးရ လက်ထက်မှာသေလို.သေမှန်း မသိသေ
နေကြရတဲ. အပြစ်မဲ. ပြည်သူ့သွေးတွေချောင်းစီးနေပြီ.
အသက်စွန့် ပြီး မှတ်တမ်းတင် သူရှိ လို.အဖြစ်မှန်ကိုသိခွင့်ရတာ။
အချိန်ယူပြီး မှတ်တမ်း တင်လို ဦးမျိုးမြင့် လိုစစ်သားမျိုးတွေ တတ်မတော် မှာရှိမှန်း သိရတာ
Comment ရေး မယ်ဆိုအရင် စဉ်းစားပြီး မှရေး

wa said...

ဟေ့ကောင်တွေ .. မင်းတို့က ဒေါ်စုကိုထိရင် တော်တော် နာတတ်ကြတယ်နော်... ဝေဖန်တဲ့သူတွေကို ပြောချင်ပါတယ်.. ဆောင်းပါးရှင်လို
အကြံဥာဏ်လေး တတ်နိုင်သလောက်ပေးခြင်းအားဖြင့်
မြန်မာပြည်ဒီမိုကရေစီအရေးကို အနည်းနဲ့အများအထောက် အကူပြုနိုင်မယ်ထင်ပါတယ်
ဘေးထိုင် ဘုပြော ခြင်းများ ရပ်သင့်ပြီ ..

Neo said...

ဒေါက်တာ
မြေပေါ်ကလူက မြေပေါ်စကားပြောပြီး မြေပေါ်အလုပ်လုပ်ပါတယ်။
မြေအောက်ကလူက မြေအောက် စကားပြောပြီး မြေအောက်အလုပ် လုပ်ပါတယ်။ မြေပေါ်ကလူက မြေအောက်စကားပြောလို့ မရပါဘူး။ မြေအောက်ကလူက မြေပေါ်အလုပ် ကိုအပြစ်ပြောလို့ မရပါ
အားလုံး ကိုယ်လုပ်နိုင်တာ ဝိုင်းလုပ်ကြဖို့ပဲ လိုတယ်လို့ သဘောရပါတယ်။ ဒီနေရာမှာလည်း ကိုယ်လုပ်တာ ကြွားဝါနေဖို့ မလိုပါ။ ပေးဆပ်နိုင်ပုံခြင်း ပြိုင်စရာလည်း မလိုပါ။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေ ပေးပုံခြင်းလည်း မတူကြပါ။
"အခုအချိန်မှာဘယ်သူတွေတော့ ဘာလုပ်နေတယ် လက်ညှိုးထိုင်ထိုး ဘေးထိုင်ဘိုင်ပြောနေမယ့်အစား ကိုယ်နိုင်တဲ့ဖက်က ရတဲ့နည်းနဲ့တိုက်ကြတာ အကောင်းဆုံးလို့ ထင်ပါတယ်" (Mr ဆီက copy/paste လုပ်လိုက်တယ်) သူနဲ့ တစ်သဘောတည်းပဲ။

layminthar said...

Mr ဆိုပီး နာ မည် တပ် တား တဲ့  ဘို မ ဟုတ် ဘာ မ ဟုတ် ဆ ရာ ။ူမန် မာ ဆို ရင် လဲ ဦး ဆိုပီူးမန် မာ ဆန် ဆန် တပ် လေ ။ သ ခင် စိတ် မွေး စမ်း ပါ ။ ဘာူဖစ် လို့  ဝေ ဖန် တဲ့  သူ ကို အူပစ်ူမင် နေ တာ လဲ ။ သိပ်ူပီး ဒေါ် စု ထိ ရင် မ ခံ ချင်ူဖစ် နေ ရင် လဲ ၊ နင့်  အ မေ လင် နဲ့  ပေး စား လိုက် ။

mo said...

Fair enough.

But there should be stimulation to get people participate

1) people overseas should do not paying tax campaign

2) distribute and train people for armed struggle and how to make weapons from easily available materials

3) List government crony business and boycott them and destroy them when there is opportunity. Can do internet hacking etc

4) List relatives of regime and shame them and use them for own advantage when opportunity available (even overseas)

5)form networks and means of communication

6) Coordinate propaganda campaign with movement and pressure foreign countries

7) I think it is an opportunity to demonstrate about giving Burma asean chair

8) Give weapon and communication training to people whoever want it

kyaw said...

ဟဲ့ နွားမင်းသားလား လေးမင်းသားလား လေမင်းသားလား ...စောက်ရူး သူများဆဲချင်ရင် စာလုံးမှန်အောင်ရိုက်တက်ဖို့အရင်ကျင့်လိုက်ဦး စာရေးတယ်ဆိုတာ သူများဖတ်တက်အောင်ရေးနိုင်မှာဝင်ရေး လွဏ်းဆွေတယောက်ကတော့ဆေးမမှီတော့ဘူး ကိုယ်တိုင်တောင်ဘာမှမဖြစ်လာသေးဘူးဟိုဟာမကောင်းဘူး ဒီဟာမလုပ်ဘူးနဲ့ဘလော့်တွေပေါ်လာတာဒီကောင်တွေလက်သီးပုန်းပြဖို့ဖြစ်လာတယ်

Unknown said...

ကြိုက်ပါတယ်။ပြီးဆုံးသွားလို့။

Anonymous said...

ကဲ ... ပွဲတွေတော့ တော်တော်ဆူကုန်ပြီ။
ဒေါ်စု သိမသိတော့မသိဘူး။ ပြည်ပအများစုဖတ်တဲ့
ဆိုဒ်တစ်ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတာ။
ဘစ်စ်စကား တိုးစီးနေတဲ့ ပြည်သူတွေ သိပါစ။ Facebook/gtalk/gmail/VZO စသဖြင့် အသုံးပြုနေတဲ့ ကျောင်းသား လူငယ်များ သိပါစ။ ကျိန်းသေတာတော့အွန်လိုင်းနဲ့အထိအတွေ့များတဲ့
ကျောင်းသားလူငယ်လေးတွေ chatting & QQ/ Facebook တို့က လွဲလို့ ကျော်ခွရမယ့်ကိစ္စတွေ စိတ်ပါဝင်စားမှုနည်းနေတယ်ဆိုတာ ပြည်တွင်းနဲ့အထိအတွေ့ရှိပြီး လက်ရှိပြည်တွင်းအခြေအနေကို သိနေတဲ့ လူတိုင်းသဘောပေါက် ကြမှာပါ။(လူငယ်အများစုကို ဆိုလိုခြင်းဖြစ်ပါတယ်။) အဲဒါ ဘာကြောင့်လဲဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။ စနစ်တကျအကွက်စေ့စေ့ အဖျက်ဆီးခံလိုက်ရပါပြီ။ လက်ရှိအဲလို ဖြစ်ပျက်နေတဲ့မှာ အခြေအနေမှာ မင်းတို့ကောင်တွေ ကိုယ့်နိုင်ငံခွေးဖြစ်နေတာတောင် မသိကြဘူးလား ဆိုပြီး သွားပြော ရင် ပြောတဲ့လူ ရူးသွားလိမ့်မယ်။ အဲတော့ ဒီလူငယ်တွေနဲ့ ပြည်သူလူထုကို လူမှုရေးစိတ်ဓါတ်တွေ၊၀ံသာနုစိတ်ဓါတ်တွေမှ တဆင့် နိုင်ငံရေး စိတ်ဓါတ်တွေ ဆီ ခေါ်ဆောင်ဖို့ ကြိုးစားနေတဲ့ ကိုကျော်သူတို့၊ဒေါ်စုတို့ လုပ်ရပ်တွေဟာမှားနေတယ်လို့ ဝေဖန်ကြဆရာသမားများကို မေတ္တာရပ်ခံချင်တာက ကိုယ်မှန်တယ်ထင်ရင် ကိုယ့်ဘာသာ လျှောက်လမ်းကြပါ။ အရေးကြီးတာက ကိုယ့်လျှောက်တဲ့လမ်း အတ္တကင်းတယ်၊ ကိုယ့်လိပ်ပြာကိုယ်လုံတယ် မြန်မာပြည်သူတွေအတွက်ဆိုရင် ကျနော် သာဓုခေါ် ထောက်ခံပါတယ်။ အဲလိုမှမဟုတ်ပဲ ဘေးထိုင်ဘိုင်ပြောပြီး ဒီမိုအယောင်ဆောင် ထောက်ပံ့ကြေးထိုင်စား ဆိုရင် ကန်တော့ဆွမ်းပါ။ ကျနော်က နိုင်ငံရေးသမားတစ်ယောက်တော့မဟုတ်ဘူး။ မြန်မာစာအုပ်နီလေးကိုင်ပြီး နိုင်ငံတကာလေဆိပ်တွေ ရောက်တိုင်း သူတွေများအလှည်ကြဘာမှမပြောပဲ ကိုယ့်အလှည့်ကျမှ စူးစမ်းသလို စစ်ဆေးသလိုနဲ့ အမေးခံရတိုင်း ရင်နာတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အပြစ်တွေပြောနေကြမယ့်အစား ၀ိုင်းတိုက်ကြပါ။ တနေ့ ကိုယ့်နိုင်ငံ သေနတ်တွေခေါင်းအမိုးမခံရတဲ့ တနေ့၊ လူကိုလူလို့ အဆက်ဆံခံရတဲ့ တနေ့ ၊ ကိုယ့်နိုင်ငံသားတွေကို ထိတော့ ရုပ်ရှင်ဆန်ဆန် စနစ်တကျ လက်စားလိုက်ချေပေးတဲ့ အိုဘားမားလို့ အစိုးရ ရှိလာတဲ့ တနေ့ ငါတို့ အိမ်ပြန်မယ်။၊ငါတို့နိုင်ငံ ငါတို့ပြန်တည်ဆောက်မယ်။နိုင်ငံတကာမှာ ငါတို့မြန်မာတွေ မညံ့ဘူးဆိုတာ လူတိုင်းသိတယ်။ ဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Nga Sanay said...

အာရပ်နိုင်ငံတွေမှာ ပြုပြင်ပြောင်လဲမှူကို စတင်တောင်းဆိုဋ္ဌကတယ်။ အဲဒီကမှတဆင့် အာဏာရှင်ဖြုတ်ချရေးကို တဆင့်တက်ဋ္ဌကတယ်။

ကျနော်တို.နိုင်ငံမှက၊ လောလောလတ်လတ် ဋ္ဌကံ့ဖွတ်လွှတ်တော်ဋ္ဌကီး နဲ့ ဘောင်းဘီချွတ် အစိုးရသစ် ကပေါ်လာတယ်။ ပြုပြင်ပြောင်းလဲမလိုလို ဘာလိုလိုနဲ့. အချိန်ဆွဲပြီး ဟန်ရေးပြနေတယ်။

အဲဒါဟာ ထောင်ချောက်ဖြစ်တယ်လို. ယူဆပါတယ်။ ဟုတ်နိုးနိုးနဲ. သွားမျှော်နေရင် ရေစုန်မြောပါမယ်။

ပြုပြင်ပြောင်းလဲမဲ. အစိုးရမဟုတ်ဋ္ဌေကာင်း အမြန်ဖေါ်ထုတ်ဘို.လိုပါတယ်။

ဒါမှသာ ရေစီးဋ္ဌေကာင်းနဲ.အညီ ထိုးစစ်ဆင်လို.ရပါမယ်။
ရောက်တဲ.နေရာက ရရာနည်းဗျုဟာနဲ. တိုက်ပွဲပြင်ဋ္ဌကပါ။
ငစနေ

mo said...

IRA is funded by irish diaspora. Burmese diaspora should also do their bit. Form networks and donate for democracy movement regularly(to a reliable and productive opposition) instead of paying tax to regime.

If people are serious about democracy, there should be a reliable source of funding instead of relying on foreign nations.

Spread and share news to people both inside and outside the country. Set up web sites. Help opposition and each other.


If it is not done, we may have to regret when our country is further down the ditch in future. (May be it will become like N korea/ Libya/or produce a nuclear weapon/use chemical weapons against own people etc)

Hopefully we can use red book with dignity in next 22 years.

tqm said...

Lun Swe

You mentioned that "let Daw Suu continues to wear the captain armband....". Are you out of mind? Who the hell are you to say so? It implies that you have authority to take away her status as a leader which is something conferred by the people of Burma and not by you. OK?

In brief I strongly suggest that you should go see a psychiatrist as soon as possible.

nyaneinda said...

DR



SOOOOOOOOOOOOOO GOOOOOOOOOOOOOOOOD

mg said...

SOOOOOOOOOOOOOOOOOOOOO
gooddddddddddddddddddddddddd

mg said...

JUST DO IT!

Unknown said...

ဟီးဟီး။ ဟုတ်ေတာ့ မလိုလိုနဲ့ ေနာက်ဆံုးကျ ၀ီးဖတ်ဖတ် ြဖစ်သွားပါေရာလား ေဒါက်တိုင်ြကီးရယ်။ အဲေလာက်ကေတာ့ ၂ တန်းေတာင် ေအာင်စရာ မလိုပါဘူးဗျာ။

Pa Pa (RASU) said...

All, Dr. Lun had already done for Burma and he is really smart idea and he pointed out the very effectively points and weak points.

The jealousy guys must consider and can join NLD or any groups when decided.

Have generation and moved all the demo groups - 1974,1976, 1988, 1995-6, 2007 and until now.

So, any one is saying some thing, we will make enquiry for the name killer or fighters to democracy hero or actvists.

SAW said...

ကိုယ့်ကိုကိုယ် "ကျွန်တော်" လို့ ပြောတဲ့ Burma VJ ဘုန်းကြီး

Keyword - fake buddhist monks
URL - http://www.youtube.com/

သာသနာသန့် ရှင်းရေးအတွက် ရည်ရွယ်လျက် ပို့ စ်လုပ် လိုက်ပါသည်။

Unknown said...

Basic Rule of Brainstorming

• Focus on quantity
• Withhold criticism
• Welcome unusual idea
• Combine and improve ideas

Unknown said...

Seven Steps of Problem Solving
1. Identify the problem
2. Explore the problem
3. Set goals
4. Look at alternatives
5. Select a possible solution
6. Implement a possible solution
7. Evaluate

ABC said...

ဒေါက်တာကြီးရဲ့ ဘယ်လိုလဲ ဘာသာရေး မေတ္တာ အကြောင်းပြော လိုက်၊ တော်လှန်ရေးအကြောင်း ပြော လိုက်နဲ. ဘာတွေကို နားလည်ရမလဲ မသိတော့ပါဖူး၊

ကဲဗျာ ... အကျဉ်းထောင်နားမှာ သွားပြီး ဆုတောင်းတဲ့ ကိစ္စကိုဆွေးနွေးကြရအောင် ၊ လူတစ်ယောက်က တောင်ဥက္ကလာမှာနေ တယ်ဆိုပါစို. ၊ သူ အင်းစိန်ကိုသွားရမဲ့ခရီးက ဘစ်စ်ကား ၂ဆင့် ၃ ဆင့်စီးရမယ်၊ ကားခတွေက ဈေးကြီး၊ ပြီးရင် အဲဒီမှာ ဗိုက်ဆာလို.ထမင်းစားမယ်၊ ရေငတ်ရင် အအေးသောက်မယ်၊ အဲ့ဒီ့စရိတ်တွေကို ဘယ်သူကပေးမလဲ၊ တက္ကဆီနဲ.သွားမယ်ဆို ပိုပြီးကုန်ကျပါလိမ့်မယ်၊ တက္ကဆီက ဟိုနား ဒီနား ကျပ် ၂၀၀၀ရှိပါ တယ်၊ တောင်ဥက္ကလာကနေ အင်းစိန်ကိုအသွားကျပ် ၅၀၀၀ ရှိပါ့လိမ့်မယ်၊ အသွားအပြန်ဆိုရင် ကျပ် ၁၀၀၀၀ ကြနေပါပြီ၊ ထောင်ကျတဲ့သူတွေရဲ့ မိသားစု တောင်မှ ထောင်ဝင်စာတွေ.တဲ့ နေ.မှသာ အစားအသောက်တွေနဲ. သွားပါ့လိမ့် မယ်၊ ထောင်ကျနေတဲ့ မိသားစု ၀င်တွေတောင် နေ.တိုင်းသွားဖို.ဆိုတာ မလွယ်လှပါဖူး၊ ဒေါက်တာကြီး မြန်မာပြည်ကို ပြန်မရောက်တာ ကြာနေတော့ အစီအစဉ်တွေကလဲ လက်တွေ.ဘ၀နဲ. သိပ်ပြီးလက်တွေ. မကျပါဖူး၊

နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရက လွှတ်မယ်လို.ထင်မိပါတယ်၊ ဒီမိုကရေစီကို မြန်မာအစိုးရက ဖော်ဆောင် ချင်တယ်ဆိုရင် မီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာစတဲ့ အပြုသဘောဆောင်တဲ့ ကိစ္စတွေကိုဆောင်ရွက်ရပါ့လိမ့်မယ်၊ ကျွန်တော်လည်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်စေချင်ပါတယ်၊ နအဖ ဘလော့ ကျေးစေတမန်မှာတောင် ကြုံရင်ကြုံသလို နိုင်ငံရေး အကျဉ်းသား၊ မီဒီယာလွတ်လပ်ခွင့်နဲ. ပတ်သက်တဲ့ ကွန်မန်.သွားရေးဖူးပါတယ်၊ ဒါတွေကစေတနာအမှန်ပါ၊
တော်လှန်ရေးလမ်းစဉ်တွေ က လက်တွေ.ကျတာ၊ မကျတာ အပထား၊ ပြည်ပက နိုင်ငံရေးတက်ကြွတဲ့ ဘလော့တွေကို အစိုးရက စောင့်ကြည့်နေ မယ်လို. ထင်ရ ပါတယ်၊

ပြည်တွင်း၊ ပြည်ပက လူတွေကသတ်မှတ်နေ ကြတာက ဒီမိုကရေစီလှုပ်ရှားနေရင် သူတော်ကောင်း၊ စစ်ဝတ်စုံဝတ်ထားရင် ဘုန်းကြီးသတ်တဲ့လူတွေလို. သတ်မှတ်တာ ကတော့မကောင်းပါဖူး၊ ဒီမိုကရေစီ ဘက်တော်သားဆိုရင် လမ်းဘေး ချီးထိုင်ပါရင်တောင် ကောင်းမယ်လို.ပြောမဲ့ သူတွေကလည်း အများကြီးပါပဲ၊ ကျွန်တော့်က ဖြစ်ပျက်နေတာကို အရှိကို အရှိအတိုင်းမြင်ပါတယ်၊ ဒီမိုတွေနဲ. အစိုးရဘက်ကို နှစ်ဘက်စလုံးက မြင်မိ ပါတယ်၊ ဆယ်ပြားစေ့ ကို ခေါင်းဘက်ကကြည့်တဲ့သူနဲ. ပန်းဘက်ကကြည့်တဲ့သူက သူမှန်တယ်၊ ငါမှန်တယ်လို. ငြင်းနေကြရင် ဘယ်တော့မှ ပြီးနိုင်မှမဟုတ်ပါဖူး၊

ကဲဗျာ .. ခင်ဗျားက တိုင်းပြည် အရေးတွေကို ပြောနေပါပြီတဲ့၊ ရှေ.တန်းက တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်သားလေး တစ်ယောက်ရှေ.မှာခင်ဗျား (ဒေါက်တာလွဏ်းဆွေ) က တိုင်းပြည် အတွက် ဘာတွေလုပ်ခဲ့ပြီးပြီ လို.သွားပြောရဲတဲ့ အနေအထားရှိပါရဲ့လား၊
အဲဒီ့စစ်သားလေးက ပညာ ခင်ဗျားလောက် မတတ်ပေမဲ့ ခင်ဗျားထက် ပိုပြီး လေးစားဖို.ကောင်းပါတယ်၊

ဒီမိုလောကမှာ ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလဲရှိပါတယ်၊ စစ်တပ်မှာ လည်း ထိုနည်းအတူ ကောင်းတဲ့သူတွေ၊ မကောင်းတဲ့သူတွေ ဒွန်တွဲရှိနေပါတယ်၊

စစ်တပ်ကို ကျွန်တော်ကာကွယ်နေတာထက် စစ်တပ်က နိုင်ငံရေးသံသရာထဲမှာ အသုံးအချခံနေရတယ်လို.ပဲမြင်မိပါတယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို.မုန်းတဲ့ ဗိုလ်သန်းရွှေ ကြီးမရှိတော့ပါဖူး၊ ဘာပဲဖြစ်ဖြစ် အရပ်သား အစိုးရဖြစ်နေပါပြီ၊ လူတိုင်းလဲ သတိထားမိပါတယ်၊ ဒီမိုကရေစီကို ကူးပြောင်းနေတာ နှေးတာလည်း ဟုတ်ပါတယ်၊ လက်ရှိမြန်မာအစိုးရက စိတ်ရင်းစေတနာနဲ.ဖော်ဆောင်ရင် အကောင်းဆုံးပါပဲ၊ မရိုးသားဖူးဆိုရင်တော့ မြန်မာနိုင်ငံမှာ ဆူပူမူကတော့ ဖြစ်ဦးမှာပဲ၊ မြန်မာနိုင်ငံရဲ့ အခြေအနေက ယူကေ၊ ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီရောက်ဖို.နေနေသာသာ အိမ်နီးချင်း အာစီယံတွေရဲ့ ဒီမိုကရေစီအခြေ အနေရဖို.တောင် တော်တော်လေး စောင့်ရ ပါဦးမယ်၊

အာရပ်က အာရပ်ပါ၊ မြန်မာပြည် အခြေအနေနဲ. သွားပြီးနှိုင်းယှဉ်လို. မရနိုင်ပါဖူး၊

အားလုံးကျန်းမာရွှင်လန်းကြပါစေ ....

Kyi said...

ရှေ့တန်းဆိုတာ ဘယ်နေရာကိုပြောတာပါလဲ။ မြို့တော်ခန်းမနား၊ဆူးလေဘုရားနားလား။ ရန်ကုန်တက္ကသိုလ်ဝင်းလား။ တံတားဖြူ(နီ)လား။
တိုင်းပြည်ကို ဘယ်သူ့ရန်ကနေကာကွယ်နေတဲ့စစ်သားလေးလဲ
ဘုန်းကြီးတွေရန်ကလား။ အဖြူအစိမ်းဝတ်စုံနဲ့ကျောင်းသားလေးတွေရန်ကလား။
စစ်တပ်ထဲကိုဝင်ကြတာ နိုင်ငံကို(ဘာမှန်းမသိတဲ့ရန်ကနေ)ကာကွယ်မဟဲ့ဆိုတဲ့စိတ်နဲ့လား။
အခွင့်အရေးရဖို့ အချောင်နှိုက်ချင်စိတ်နဲ့လား။