Saturday, April 23, 2011

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၂)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၂)
ဒေါက်တာလွဏ်းဆွေ

နိုင်ငံရေးမှာ လူပေါင်းမှားရင် အောင်ပွဲနဲ့ လွဲပြီး ကိုယ်တင်မက တတိုင်းတပြည်လုံးပါ ဒုက္ခလှလှ တွေ့ရတတ် တယ်ဆိုတဲ့ သင်ခန်းစာကတော့ ဝေးဝေးက သမိုင်းစာမျက်နှာတွေကို သွားလှန်ကြည့်စရာမလိုဘူး။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အပိုင်ဂိုးသွင်းခွင့်ရတာတွေကို အလဟ ဿ ဖြုန်းတီးပစ်ခဲ့တဲ့ (ဂန္ဓီခန်းမအစည်းအဝေးနဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ခေါင်းဆောင်မှုအခန်း ကဏ္ဍမှာ ရှိခဲ့တဲ့) အန်အယ်လ်ဒီက မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မ၀တီဝင် (ဘောင်းဘီချွတ်) တွေရဲ့ လှုပ် ရှားမှုစာမျက်နှာတွေကို ပြန်လှန်လိုက်ရုံနဲ့ တန်းကနဲ တွေ့နိုင်မယ်။ ဒီလို အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ် ထပ်မံဆုံးရှုံး ရတာဟာ တနည်းအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လူပေါင်းမှားခဲ့တာနဲ့ ဆိုင်တယ်လို့လည်း သွယ်ဝိုက် ပြောလို့ရတယ်။

သို့သော်လည်းပဲ လူပေါင်းမှားရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့ချင်လို့တော့ မဖြစ်ချေ ဘူး။ “တိုင်းပြည်ရဲ့ကံကြမ္မာကိုက ဆိုးလွန်းလှပါတယ်ကွယ်” လို့ပဲ ငိုချင်းချရမယ့် အနေအထားပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ပြင်ဆင်ဆင် လုပ်ပြီး လာတာမှ မဟုတ်တာ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့် ရှောက်ဖို့ ပြန်လာတုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုချက် အရ နိုင်ငံရေးလောကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆို တာ ဘယ်သူဘယ်ဝါတွေမှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။

တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်းထဲကို အသင်းခေါင်းဆောင်လက်ပတ် ပတ်ပြီး ၀ုန်းကနဲ ပြေးဝင်လာပေမယ့် ကိုယ်နဲ့ တွဲကစားရမယ့် လူတွေရဲ့ အထာနဲ့ ခြေကို ကောင်းကောင်းမသိတော့ ကစားလို့ အတွဲမမိနိုင် ဖြစ်ရတော့တာပေါ့ (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘောလုံးကစားတတ်လား၊ မကစားတတ် ဘူးလားဆိုတာကိုလည်း အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင် မသိခဲ့ရိုးအမှန်ပါ။ “ဒို့ဗိုလ်ချုပ်သမီးကွ” ဆိုပြီး တော့ပဲ ၀မ်းသားအားရ စောင့်ကြည့်အားပေးခဲ့တာပါ)။
အတွဲမမိတာ ဘယ်မှာ စ,ပေါ်လဲဆိုတော့ ၁၉၈၉ အာ ဇာနည်နေ့ ချီတက်ပွဲလုပ်ဖို့ အခြေအတင် ဆွေးနွေးရာမှာ စ,ပေါ်တော့တာပဲ (ဒါကလည်း အပြင်ကို ပေါက် ထွက်လာတဲ့ ခိုးဖမ်းထားတဲ့ အစည်းအဝေးတိတ်ခွေကို အသိတယောက်ဆီကတဆင့် နားထောင်လိုက်ရလို့ သိတာပါ)။ ခါးမှာ သေနတ်မရှိတော့တဲ့ အဲဒီဘောင်းဘီချွတ်ကြီးတွေက ကြောက်စရာရှိရင် သာမာန်ပြည်သူ တွေထက် ပိုကြောက်တတ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သိခဲ့ပုံမရဘူးလို့ထင်မိရဲ့။

အဲဒီလိုနဲ့ အာဇာနည်နေ့ ချီတက်ဖို့ အကြိတ်အနယ် ငြင်းခုံဆွေးနွေးရင်း ချီတက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု ကြည်က တဘက်၊ န၀တစစ်အုပ်စုက ခြောက်လှန့်အင်အားပြနေတာကို ကြောက်ဒူးတုန်နေကြတဲ့ ဘောင်းဘီ ချွတ်ကြီးတွေက တဘက် ဖြစ်ကုန်တယ် (အသံတိတ်ခွေကို နားထောင်ရတာမို့ အဲဒီဆွေးနွေးပွဲမှာ ပုဂ္ဂိုလ်ရေး အရ ကျနော် လေးစားသမှုရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ပါမပါတော့ သေချာမမှတ်မိတော့ပါ။ ပါတယ်ဆို ရင်လည်း အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ “အန်ကယ်တို့ ဒီလောက်ကြောက်တတ်ရင် ထ မီဝတ်ထားကြ” ဆိုတဲ့ စကားအတွက် မျက်နှာပူစရာ။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ ပတ်သက်လို့လည်း ဦးနု အစိုးရ ကြေညာချိန်မှာ ကာကွယ်ရေးဝန်ကြီးနေရာ ပေးထားတာကို ၀န်ကြီးအဖွဲ့ထဲကနေ အရင်ဆုံး နှုတ်ထွက် သွားတယ်လို့ ကြားရတော့ ကြောက်တတ်လို့ နှုတ်ထွက်သွားများတာလားဆိုပြီး ကျနော် စိတ်မကောင်းဖြစ်ရ ဖူးတယ်)။ အဲဒီအစည်းအဝေးမှာ ဘောင်းဘီချွတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို “ငယ်သေးတယ် ကလေး ရယ် စားကြိုးစားဦးကွယ်၊ စစ်တပ်အကြောင်း ညည်းကလေး ဘာမှမသိသေးပါဘူး” ဆိုတဲ့ ခပ်ထေ့ထေ့ ရယ် သံမျိုးနဲ့ ၀ိုင်းဟားနေကြတဲ့ အသံတွေကို ကျနော့်နားထဲ အခုထိ ကြားယောင်နေတုန်း။

အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူ ၀င်ရနဲ့ ဘ၀ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ ‘ခေါင်း ဆောင်ကတိ’ မတည်သလို ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ န၀တစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေ အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပြီး တတ်သိပညာရှင်အုပ်စုက လူတွေတော်တော်များများကိုလည်း အ ကြောင်းအမျိုးမျိုးပြ ဆွဲစေ့လိုက်လေတော့ ကြောက်တတ်တဲ့ ဘောင်းဘီချွတ် ဗဟိုကော်မတီဝင်ကြီးများက သာ အန်အယ်လ်ဒီကို ဦးဆောင်ခြယ်လှယ်ခွင့်ရခဲ့တော့တယ်။

ဒီလိုနဲ့ မမျှော်လင့်ဘဲ ၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လှိုင်းရိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀က်ဝက်ကွဲ အနိုင်ရပါလေရော။ ဒါပေမယ့် အဲဒီအချိန် အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအခန်းမှာ ရှိနေတဲ့ ဘောင်းဘီချွတ်ကြီးတွေက နိုင်ငံရေးသမားတွေ မဟုတ်တော့ စွန့်ရဲတဲ့ စိတ်ဓာတ်ကလည်းမရှိ၊ လက်နက်ရှိတဲ့ န၀တစစ်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကိုလည်း ကြောက်တဲ့သူတွေ ဖြစ်လေတော့ ရလာတဲ့ ၉၀ ရလဒ်ကြီး ကို ကိုင်စွဲပြီး အစိုးရမဖွဲ့ရဲဘဲ န၀တ ဟောက်စားလုပ်တဲ့ ၁/၉၀ ကြေညာချက်အောက် ပြားပြားမှောက် လေ တော့တယ်။ အဲဒီမှာတင် ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေ ဒုတိယအကြိမ် အပိုင်ဂိုးသွင်းရမယ့် ဘောလုံးကြီးကို န၀တစစ်အုပ်စုက ကောက်သိမ်းသွားပြီး သူတို့လုပ်မယ့် အမျိုးသားညီလာခံကိုသာ တက် ရောက်ဖို့ လမ်းညွှန်တာကို ခံရပါလေရောဆိုပါတော့။

ဟိုတလောလေးက အောင်ပွဲခံသွားတဲ့ အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင် ၀ါတာရာတို့များတော့ ဂန္ဓီခန်း မထဲက ဗဟိုကော်မတီဝင် ဘောင်းဘီချွတ်ကြီးတွေနဲ့ ကွာမှကွာ၊ သွက်မှသွက်၊ သတ္တိရှိမှရှိပဲလို့ ပြောရမယ်။ လောရင့်ဘက်ဘိုက အာဏာမလွှဲဘူးလည်းဆိုရော ခြေသွက်လက်သွက် အစိုးရဖွဲ့လိုက်ပြီး ယူအန်တပ်တွေကို အစောင့်အရှောက် ခေါ်လိုက်တယ်။ နောက်ပိုင်း သူ့ဘက်ကို ထောက်ခံပြီး ပဲ့ထွက်လာတဲ့ တပ်တွေရယ်၊ ပြင် သစ်တပ်တွေရယ်ပါ ၀င်တိုက်ပေးလေတော့ ဟော … လေးလလားပဲ ကြာလိုက်တယ်၊ လော့ရင့်ဘက်ဘိုကို အရှင်လတ်လတ် ဖမ်းမိပြီး အောင်ပွဲခံပါလေရော။ ကိုယ်က တကယ်အစိုးရဖွဲ့ရဲရင် ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေ က တကယ်ဝင်တိုက်ပေးတယ်၊ လက်တွေ့ကျကျ ကူညီတယ်ဆိုတာ အဲဒါလက်တွေ့ပဲပေါ့။ ကျနော်တို့ ပြည်သူ တွေမှာတော့ ဘောင်းဘီချွတ်ကြီးတွေရဲ့ ဂန္ဒီခန်းမသွေးကြောင်မှုကြောင့် ဒုတိယအကြိမ် အပိုင်ဂိုးသွင်းခွင့် ဆုံး ရှုံးရပြန်ပြီး မဆုံးနိုင်တဲ့ ငိုချင်းရှည်ဇာတ်လမ်းတွဲကြီးကို ဆက်ကခဲ့ရတာ ကနေ့အထိပဲဆိုပါတော့လေ။

(တတိယပိုင်း ဆက်ပါမယ်)

ဒေါက်တာလွဏ်းဆွေ

42 comments:

စီးဆင်း ရင်ခွင် said...

မင့် ဘလော့ဒ် ညွှန်းတာစုံတယ်ဆိုပြီး နေ့စဉ် ၀င်ကြည့်ဖြစ်တယ်။ ဒီဆောင်းပါးဖတ်ပြီး ကြည့်ချင်စိတ်တောင် ပျောက်သွားမယ်။ မင့်လဲ အခွင်းအရေးသမားတစ်ယောက်ပဲ ဖြစ်မယ်ထင်တယ်။ အသံတော့ ပညာရှိလေသံနဲ့ ရေးတတ်သားပဲ။

Unknown said...

စစ်သားတွေဆိုတာ ကြောက်တတ်အောင် လေ့ကျင့်ခံထားရတဲ့လူတွေလို့ဖတ်ဖူးတယ်။

greg said...

ဒေါ်အောင်ဆန်းစုကြည်မှာ အာနည်းချက်တွေရှိတယ်ဆိုတာတော့ လက်ခံပါတယ်။ အဲဒီတုန်းက မြန်မာ့နိုင်ငံရေးကိုလဲမသိ၊ မြန်မာစစ်တပ်ဘယ်လောက်ဆိုးဝါးတယ်ဆိုတာလဲ နားမလည်၊ ခုနေခါမှာ မြန်မာ့နိုင်ငံရေးကို ရင်နဲ့အမျှခံစားပြီးနားလည်လောက်ပါပြီ။ လောလောဆယ် ခဏစောင့်ကြည့်သင့်ပါတယ်။ အသစ်ကပြန်စဖို့ဆိုတာတော့ သိပ်မလွယ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဘယ်သူ့ကိုအစားထိုးနိုင်မလဲ အရင်ဆုံးအဖြေပေးပါဦး။ ဆောင်းပါး(၃) ကိုစောင့်ဖတ်နေမယ်။

မျိုးအောင် said...

jasmine ကတော့ သူနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာကို ရေးတဲ့အတွက် စိတ်ကောက်သွားပြီတဲ့။ နောက်တခါ မလာတော့ဘူးဆိုပဲ။ စိတ်ကောက်တာကလဲ ဒီမိုကရေစီပဲလား? အရင်ကတော့ ဒီမိုနဲ့ နအဖ တံဆိပ်မတူလို့ ညှိလို့မရဖြစ်နေတာလို့ ထင်ခဲ့တာ။ အခုဒီမိုအချင်းချင်းကျတော့လဲ တံဆိပ်တူပါလျက်နဲ့ ညှိလို့မရဘူးဖြစ်နေတယ်။ ဒါဆိုရင် မြန်မာပြည်ရဲ့ ပြဿနာဟာ ဘာလဲ? စဉ်းစားစရာပဲနော်

charlie said...

ဒေါက်တာကြီးကိုတော့ချီးကျူးတယ်ဗျာ၊သင်္ကြန်တွင်းတွေ
တောင်မနားနိုင်ပဲသီတင်းတွေကိုမထပ်အောင်update
လုပ်ပေးနိုင်အောင်ဘယ်လိုmotivation မျိုးတွေဘယ်လို
အရင်းအမြစ်တွေ၊ကနေတွန်းအားတွေဖြစ်စေတယ်ဆိုတာ
လေးတွေလည်းကြုံကြိုက်ရင်ပရိသတ်ကြီးကိုဝေမျှပါအုံး
ဗျာ၊တချို့ကတော့ပြောနေတာကြားနေရတာပဲ၊ကျွှန်နော်
တို့ကတော့မယုံပါဖူးဗျာ၊တကယ်ကတော့ဗျာဟုတ်တာမ
ဟုတ်တာတွေကတော့တကယ်လည်းမဆန်းတော့ပါဖူး
ဟုတ်တယ်ဟုတ်၊သေချာတာတခုကတော့ဟိုပုဂ္ဂိုလ်တ
ယောက်ပြောသလိုပေါ့ဗျာဒါတွေလည်းပြီးသွားမှာပါတဲ့
တနေ့မှာပေါ့ဗျာ၊လာခြင်းကောင်းမကောင်းကတော့
လာတဲ့သူပဲသိတာမျိုးမဟုတ်တော့ပါဖူးလူတွေကအ
နှစ်၂၀ကျော်မှာနားတွေမျက်စိတွေတော်တော်လေး
ပွင့်လာကြတော့ခက်တယ်ဗျာပြောတိုင်းမယုံကြည်
ကြတော့လုပ်စားရတာလည်းရင်တမမနဲ့ပေါ့ဗျာ၊
ကြောက်စရာတော့မလိုပါဖူးဗျာနော်၊ကိုယ်မှမစားပဲ
ဟာနော်(ဟဲဟဲ)။
ခုတခါကတော့ခေါင်းစဉ်လေးကိုခိုက်လို့ပါဇော်ဝင်းထွဋ်
ပေါ့နော်ကျွန်နော်လဲခိုက်တယ်ဗျ၊ဒါကြောင့်လည်းနဲနဲ
အားပေးလိုက်ပါတယ်ဗျာ၊ဖတ်နေပါတယ်ဗျာ၊ဖါမင်း
ဆွေကစလိုက်တာအက်ဆစ်ရေရော၊မောင်စူးစမ်း
တပည့်မောင်ချင့်ချိန်၊နောက်ဆုံးလမ်းပျေက်ကျယ်က
နောက်ဆုံးတော့ထမီခြုံထဲကလက်သီးပုန်းကိုထုတ်လိုက်
ပါပြီ၊လုပ်စမ်းပါဗျာဒါမှပေါ့MORE LIKE IT LIKE THAT
ချသာချ၊ဒါပေမယ်ဗျာခက်နေတာကအသစ်ကပြန်စရ
မှာကအားလုံးကိုဗျ၊ကျွန်နော်ရေးဖူးပါတယ်ကိုကျာ်သန်း
ရဲ့ဆောင်းပါးမှာပေါ့ဗျာတိုင်းပြည်မှာအဓိကပြသနာက
ခြစားမှုတွေကိုမတိုက်ဖျက်နိုင်တာပဲဆိုတာ၊ခြတွေက
အခြေခံအဆောက်အအုံကြီးတခုလုံးကိုလှိုက်စားနေပြီ
ဆိုတာနဲ့ခုအဆင့်ကREMODELလုပ်လိုမရတော့ဖူး
ဗျRENOVATION လုပ်ရမှာဆိုတော့ကာ၊အားလုံ်း
ဖြိုချပြီးအသစ်ကပြန်စရမယ်ဆိုတာဗျာ၊ခုချိန်ထိတော့

ခင်ဗျားရဲ့ခေါင်းစဉ်နဲ့တူနေတုန်းပေါ့ဗျာ၊ဒါပေမယ့်
ဗျာကျွန်နော်ဆိုလိုတာကခုနကဧရာဝတီကကိုငြိမ်း
ဝေရေးတဲ့ဆောင်ပါးကလိုပေါ့ဗျာအကွဲအပြဲဆိုတဲ့စာ
အုပ်ကိုထောက်ပြသလိုပေါ့ဗျာ၊တဖက်ရဲ့မကောင်း
ကြောင်းတွေကိုပဲအသေးစိတ်နဲ့တင်ပြပြီးနောက်တ
ဖက်ကိုကြတော့အခွင့်အရေးမရလို့ပဲဖြစ်ဖြစ်၊ဖိအား
တခုခုကြောင့်ပဲဖြစ်ဖြစ်ကွက်ပြီးချန်ထားခဲ့မယ်ဆို
ရင်၊ဖတ်ရတဲ့လူတွေမှာအားလုံးကိုမျှတပြီးတွေးခေါ်
သုံးသပ်ရန်အခက်အခဲရှိရုံမျှမကအဆိပ်အတောက်
ဖြစ်စေနိုင်ပေရာ၊မီဒီယာတွေမှာအင်မတန်အရေးကြီး
လှပါသည်။တဖက်ကမကောင်းဟုဆိုရာတွင်နောက်တ
ဖက်ကကောင်းသည်ဟုဝါဒဖြန့်ရာရောက်နေကြောင်း
နှင့်ထို့အတွက်မီဒီယာများမှဘက်မလိုက်ပဲထောင့်စေ့
အောင်တင်ပြပေးသင့်ကြောင်းတင်ပြချင်ပါသည်။

နောက်ကျွန်နော်ဆိုလိုသောRENOVATIONဆိုသည်မှာ
အဆောက်အအုံတခုလုံးကိုဖြစ်သည်NLD ဟူ၍သော်
၎င်းတခြားလူပုဂ္ဂိုလ်တဥိးကိုသော်၎င်းမရည်ရွယ်ပါဖြစ်စဉ်
ကြီးတခုလုံးကိုဖြစ်ပေသည်၊နောက်ကျွန်နော်၏အယူအဆ
တခုမှာအက်ဆစ်၊မောင်စူးစမ်းတို့ဆရာတပည့်နဲ့
နောက်ဆုံးလမ်းပျောက်ကျယ်၊နဲ့ဒေါက်တာကြီးရဲ့ကိုယ်
တိုင်ရေးသည်ဆောင်းပါးအထိမှာအဓိကတာဝန်ရှိသူ
တွေကိုခနခေါက်ထားပြီးအဓိကပေးနေသောအချက်မှာ
NLDအပါဝင်အတိုက်အခံတွေမည်သူမျှမကောင်းဟု
ပင်ဖြစ်နေရာမည်သူကကောင်းသနည်းဆိုသည်ကို
ပွင့်လင်းစွာရေးရန်အချိန်ရောက်နေပါပြီ။ခုနကကိုငြိမ်း
ဝေဆောင်းပါထဲကလိုပါပဲမကြာခင်မှာရေးတော့မည်ဟု
လည်းယုံကြည်မိပါသည်၊ကိုကျော်သန်းရေအဆင်သင့်ဖြစ်
ပြီလားဗျို့။

Socretes said...

ဘလော့ဂါဆရာရေ..ဒီအပိုင်းကိုတော့ သဘောတူတယ်..။ မြန်မာ့နိုင်ငံနိုင်ငံရေးမှာ ပိတ်ဆို့ နေတာက...အစိုးရ နဲ့ အတိုက်အခံ ၂ ဘက်စလုံးက လူအိုကြီးတွေပဲ။ မဆလ လူဟောင်း၊ ကွန်မြူနစ်လူဟောင်း၊ လူအိုကြီးတွေ နေရတကာအုပ်စီးထားတာကြောင့် တိုင်းပြည်လည်း ခါးချိ၊ အညွန့် ကျိုးသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ဆင်းရဲမွဲတေမှုဆိုတာကို နေ့ စဉ်မျက်နှာသစ်နေရတဲ့ ပြည်သူတွေရဲ့ လူမှုဒုက္ခတွေကို လျော့ပါးအောင် လုပ်ဖို့ က လက်ငင်းတာဝန်လို့ ထင်ပါတယ်။ အစိုးရဘက်မှာ မျိုးဆက်သစ်တွေပေါ်လာသလို ဒေါ်အောင်ဆန်းစုကြည်လည်း ဗျူဟာပြောင်းလာတယ်လို့ မြင်မိပါတယ်။
“မဆလ“ “ဗကပ“၊ “ဒီမိုကရေစီ“၊ “လူ့ အခွင့်အရေး“၊ “ပင်လုံ“ မဆုံးတမ်း မြည်တမ်းနေကြပြီး လက်တွေ့ ဘ၀မှာမရှိတော့တဲ့ နိုင်ငံရေးပရောဟိတ်တွေထက်..လူမှုဒုက္ခတွေကို လျော့ပါးအောင် လက်တွေ့ လုပ်မယ့် လူငယ်ကွန်ယက်တွေ အောင်မြင်လာကြစေဖို့ ပဲဝိုင်းဝန်းဖို့ တိုက်တွန်းချင်ပါတယ်...။ “ကိုကျော်သူ“၊ “ဦးအေးမြင့်“၊ “မဖြူဖြူသင်း“ တွေ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဆထက်တပိုး တိုးပွားလာဖို့ ဆုတောင်းမိပါတယ်...။

khaingzaw said...

Fuck You Dr. Lun Swe

Maung Won said...

ဒီမိုကရေစီမရသေးတာထက် သတ္တိကြောင်တဲ့ သူတွေနောက်လိုက်နေရတာက ပိုဆိုးတယ်ဗျာ၊ ဒေါ်စုကိုလည်းသနားပါတယ် သူ ခမျာလည်း တခါတုန်းက အခွင့်အရေးကို ဖောဖောသီသီ ယူခဲ့ကြတဲ့ စစ်ယူနီဖောင်းချွတ်တွေ ၀ိုင်းရံခြင်ကို ခံနေရတယ်၊ သူတိုကတော ဒီမိုကရေစီလွယ် လွယ်နဲ့ရရင် တခါလူတွင်ကျယ်လုပ်လိုက်အုံး မယ်ပေါ့။ ဒေါ်စု မရှိလည်း ကျနော်တို့မှာ တိုက်ပွဲ ခေါ်ရဲတဲ့ ကျောင်းသားခေါင်းဆောင်တွေ အများ ကြီးရှိပါတယ်၊

ah may suu chit thu said...

HI,LUN SWE..NOW WHAT ARE YOU DOING?PL THINK URSELF...JUST TALKING ONLY.RIGHT?

ah may suu chit thu said...

WE DONT WANT OVERSEA HEROES.

လင်္ကာ said...

ဒေါ်အောင်ဆန်းစုကြည်
မင်းကိုနိုင်။ကိုကိုကြီးစသဖြင့် ခေါင်းဆောင်
တွေဟာ သူတို့ နိုင်သလောက်
ခေတ်ဝန်ကိုထမ်းခဲ့ကြပြီ။ ခေါင်းမရှောင်ပဲ
ခေါင်းထောင်ခဲ့ကြလို့ ထောင်ထဲမှာလည်း
အကြိမ်ကြိမ်ဝါဆိုခဲ့ကြပြီ။
ဒီလိုကိုယ်ကျိုးစွန့် ထားသူတွေကို ဝေဖန်ရေး
ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ချိုးချိုးဖဲ့ဖဲ့ပြောတာမျိုး
ကိုတော့ပြန်ဝေဖန်ရမှာပဲ။
အမြင်မတူတာကိုပြောခွင့်ရှိတာပေါ့။
ဝေဖန်ခွင့်ရှိတာပေါ့။
ဒါပေမယ့်စေတနာနဲ့ထောက်ပြသင့်တယ်။
ဒေါက်တာလွမ်းဆွေပဲဖြစ်ဖြစ်အက်ဆစ်ပဲဖြစ်ဖြစ်
မောင်ချင့်ချိန်ပဲဖြစ်သူတို့ ရေးတဲ့စာတွေမှာ အဲဒီလို
စေတနာကိုလုံးလုံးမတွေ့ ရပဲ
အပြစ်တင်ချင်တဲ့စေတနာနဲ့ ဆရာကြီးလိုလို
ဘာလိုလိုလုပ်ချင်တဲ့ ညဉ်ဆိုးကိုပဲတွေ့တယ်။
၂၃ နှစ်လုံးလုံးခေါင်းဆောင်
ကအသုံးမကျခဲ့ဘူးဆိုရင် နောက်လိုက်ဖြစ်
တဲ့ဆရာဝန်ကြီးကရော ၂၃ နှစ်လုံးလုံးဘာလုပ်
နေလည်း လို့မေးရတော့မယ်
ခုလိုမျိုးခေါင်းဆောင်ကအသုံးမကျဘူး
ဟိုနေရာကတော့ဒီလိုဖြစ်သင့်တယ်။
ဒီနေရာကတော့ဒီလိုလုပ်သင့်တယ်ဆိုရင်
ဗမာပြည်မှာနေတုန်းကဒေါက်တာကြီးရဲ့ 
ပါးစပ်ကို
ဘယ်သူကအပ်နဲ့ချုပ်ထားလို့ 
ခုမှတရေးနိုး
တယောင်ပြီးပြောနေရတာတုန်း
ဒီလိုဝေဖန်ချက်မျိုးကို ဗမာပြည်
တွင်းမှာနေတုန်းက ပေးရဲခဲ့ဘူးရဲ့လား
ဆိုတာကိုယ့်ကိုယ်ကိုရဲရဲပြန်မေးကြည့်ပါ

Unknown said...

စောက်ရူးဒိမိုတွေ
ဘလော့တွေ လှည့်ပြီး အားကျယ်မယ်
ကွန့် မန် ပေးမယ် သူများတွေ မေးမနဲ့ နော်
မင်းတို့ ဒိမိုတွေကောဘာစောက်သုံးကျလည်း
သူတောင်းစားဒိမိုတွေ
ပိုက်ဆံရမယ်ဆို နိုင်ငံကိုတောင်ရောင်းစားမယ်ကောင်တွေ
စောက်ဖြစ်တာ မရှိတာ စောက်ပစ်ပြောဖို့ ကျတော့တတ်တယ်
သေချာလည်းပြန်စဉ်းစားကြအုံး
စောက်သုံးမကျတဲ့ ဒိမိုအပေါင်းတို့ 

ဘုန်းကျော် said...

ဖတ်လို့ကောင်းလိုက်တာဗျာ။ ဒီလောက်တောင်ကြောက်သတဲ့လား။ ဆက်ရေးပါအုံး ဒေါက်တာကြီးရေ။ အခုလိုရေးတော့ မသိတဲ့သူတွေ သိရပါတယ်။

Unknown said...

ပို့စ်ကတော့ သိပ်မထူးသေးဘူး။မကြာမကြာကြားနေရတဲ့
စကားလုံးတွေချည်းပဲ။ဝေဘန်ချက်တွေကတော့ လူအမျိုး
မျိုးနဲ့ထင်မြင်ချက်အမျိုးမျိုးကိုလေ့လာရတဲ့အတွက် ဗဟုသုတတိုးတယ်။ဆက်ပါဗျာ။စောင့်မျှော် အားပေးပါဦးမယ်။

ဘုန်းကျော် said...

ဒေါက်တာလွဏ်းဆွေပြောတဲ့ပြသနာကို ဒီလိုနည်းနဲ့ဖြေရှင်းနိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဖတ်ကြည့်ကြပါ။
http://phonekyaw.blogspot.com/2011/04/blog-post_10.html

ei ko said...

လွဏ်းဆွေဆိုတဲ.တ၇ုတ်လိုလို၊တ၇ုတ်ဗမာကပ်ပြားလို
လိုကောင်က၊မေးလ်ထဲေ၇ာက်တဲ.စာလိုလို၊နာမည်လိမ်
နဲ.အဖုံဖုံ၊ဒီမိုတွေကိုဘလော.မှာေ၇ာ၊စီဘောက်မှာေ၇ာ
သွေးခွဲနေတာကြာပါပြီ။နအဖ၇ဲ. sleeping spy အနေ
နဲ.ေ၇ာက်နေတာဆိုတာသတင်းအစအနလေး၇လို.စုံ
စမ်းနေပါတယ်။
ဗိုလ်မှူးဒေါက်တာလွဏ်းဆွေက၊နအဖအထောက်အပံ
နဲ.ဆေးကျောင်းတက်သလားကို၊သူငယ်ချင်းဗိုလ်ကြီး
ဒေါက်တာ( စစ်တပ်အထောက်အပံနဲ.တသက်လုံးစာ
ချူပ်မိထားတဲ.စစ်တပ်မှထွက်၇င် ဆ/မ လက်မှတ်မ၇
နိုင်တဲ.သူ)ကို၇ှာဖွေမွေနှောက်ခိုင်းထားပါတယ်လို.သ
တင်းကောင်းပါးလိုက်ပါတယ်။

kamarpearl said...

Mad World
Gary Jules

-59 millions people die every year.
-2 people every second.
-every 61 seconds one person is murdered.
-every 3 seconds a person dies from hunger.
-every 3 seconds one child under the age of 5 dies.
-every 39 seconds one person commits suicide.
-every 102 seconds one person dies as a war victim
http://www.youtube.com/watch?v=ffI_vH2PeLA&feature=related

koko said...

comment ထဲ မှာ ရေး နေ တဲ့  ခ ဏ လောက် စောင့်  ပါ ဆို တာ တွေ က ဘယ် နှစ် နှစ့်  လဲ ၊ သင်း ချိုင်း ကုန်း ရောက် မှ ထုကည့်  ရ မှာ လား ၊ တပ် မ တော် နဲ့  armyုကား မှာ အန် တီ စု ညှပ် နေူပီလား၊ူပည် သူ တွေ ပါ ဘို့  လို တယ်ေူပာူပီး ပါ လာ တော့  ရှောင် နေ တာ NLD က ဘ ဘုကီး တွေ ဘဲ မ ဟုတ် လား။ နောက် ဆုံး အူဖစ် အ ပျက် က ရွှေ ၀ါ ရောင် တော် လှန် ရေး လေ၊ အဲ ဒီ တုန်း က where is NLD leader?hiding under longyi? အန် တီ စု ဟာ superwoman မ ဟုတ် မှန်း လူ တိုင်း သိပါ တယ်။NLD တိုး တက် ချင် ရင် အ ရင် ဆုံး ဘောင်း ဘီ ချွတ် တွေ ကို ဖယ်ူပီး ။ အ ရပ် သား စစ် စစ် နဲ့  NLD ကိုပန် ဖွဲ့  ပါ။အဲ ဒါ မှ အ ရပ် သား ဒီ မို က ရေ စီ အ စီုး ရ ဆီ ကို ဦး တည် နိုင် မှာ ပါ ။

SAW said...
This comment has been removed by the author.
nyopyar88888 said...

လမင်းကိုခွေးဟောင်းသလိုဖြင့်နေတယ်။။။။။။ထမီဝတ်တဲ့အမျိုးသမီး၇ဲ့သတ္တိနဲ့ ပုဆိုးဝတ်တဲ့အမျိုးသား၇ဲ့ သတ္တိ ညီမျှခြင်းချကြည့်ပါဦးးးးးးညီတယ်ထင်၇င်တော့ ဆက်လုပ်ကြလေးးးးးးးးစကားမစပ် ဘာကြောင့်ထိုင်းတို့ တတိယနိုင်ငံတိုမှာခိုလှူံနေ၇တယ်ဆိုတာတော့ ပြန်စဉ်းစာကြပါ(၇ှင်း၇ှင်းလေးပါ ကြောက်လို့ပေါ့)မကြောက်မ၇ွံနဲ့ ပြည်တွင်းမှာ ၂၃နှစ်နေ၇ဲတဲ့ သတ္တိလေးအ၇င်မွေးး) ထွက်ပြေးလွှတ်မြောက်ကဘော်ဒါတို့ ။။။။မြန်မာပြည်တိုးတတ်တာမြင်ခြင်း၇င် မြန်မာပြည်ကိုချစ်တယ်ဆို၇င်မြန်မာနိုင်ငံသားတော့မစွန့်လွှတ်ကြပါနဲ့ 

SAW said...

(ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့် ရှောက်ဖို့ ပြန်လာတုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုချက် အရ နိုင်ငံရေးလောကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆို တာ ဘယ်သူဘယ်ဝါတွေမှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။)

After the incidents of student disturbances in March and June 1988, while the incidents in August were taking place, Daw Aung San Suu Kyi arrived in Yangon to look after her ailing mother, Daw Khin Kyi.

On 8th August 1988, when the violent demonstrations were taking place, Daw Aung San Suu Kyi said she would like to intercede between the students and the government for peaceful solution to the problems, for which she got the direct attention of students who were looking for leadership. At the same time, politicians U Htwe Myint and company urged Daw Aung San Suu Kyi to get into politics. Moreover, Thakin Tin Mya and his old politicians were present full-time at her residence, giving advice and help, goading her to get into politics. U Win Tin, U Ba Thaw (MaungThawka), U Moe Thu and others in the literary circle offered the necessary support to enable her to ascend the stage and deliver speeches at the Yangon General Hospital on 24 August 1988 and at the west gate of the Shwedagon Pagoda on 26 August 1988. It must be said that Daw Aung San Suu Kyi entered the political arena from then on. However, gauging by the wording she was then using and her action, and the background of the politicians surrounding her, word got out even then that Daw Aung San Suu Kyi was surrounded by communists.

As anarchy had set in and the State administrative machinery had become defunct and as national independence and perpetuation of sovereignty were in danger, the Tatmadaw had to take up the duties of taking State power on 18 September 1988. The State Law and Order Restoration Council were formed and endeavours are being made for improvement of the general situation. The Multi-Party Democracy General Election Commission was formed with a view to implementing the multi-party democratic system for which the people were clamoring, also permitting the lawful registration of political parties. The National League for Democracy with U Aung Gyi, U Tin Oo and Daw Aung San Suu Kyi as leaders was formed one of the lawful political parties duly register on 27 September 1988.

The National League for Democracy had a 12 member Central Executive Committee and a 4 member Central Body of whom 14 were of Aung Gyi's group, 14 of U Tin Oo's Patriotic Tathmus and another 14 of Daw Aung San Suu Kyi intellectuals group. Because it was made up of three groups which differed basically, there soon arose differences of opinion.

Ref: Excerpt from Special Press Conference, on 5th August 1989, Yangon.

Full article and Source:

http://www.scribd.com/doc/53708804/bcp1988

SAW said...

(အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူ ၀င်ရနဲ့ ဘ၀ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်း စုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ ‘ခေါင်းဆောင်ကတိ’ မတည်သလို ဖြစ်တာပေါ့။)

Activities defying authority

The SLORC Information Committee had, at its 25th Press Conference on 3 February 1989 clarified matters regarding conformity with the Printers and Publishers Registration Law and had further clarified it at its 40th Press Conference on 26 May 1989. On 6 June 1989, the Home and Religious Affairs Ministry published Directive No 38 of the Printers and Publishers Registration Central Committee and said strict action would be taken if those concerned did not conform to the 1962 Printers and Publishers Registration Law. The NLD people were not satisfied with this announcement at all.

Legal action was taken against the Maha Nanda Press at 245, 37th Street, Kyauktada Township on 12 May 1989 and it suffered much because NLD headquarters' literature being printed there was seized. During her Myitkyina tour, she said that in maintenance of law and order, law and order must be known separately. U Win Tin and Tharrawaddy San San Nwe also delivered speeches at the Tamwe Township NLD office on 28 May. U Win Tin spoke based on the writings of American philosopher and writer Henry David Thoreau who was famous around 1840. He started out with disobedience, and also Mahatma Gandhi's way of disobedience. He started instigating disobedience of notifications in Myanmar. U Win Tin and Daw Aung San Suu Kyi had discussions after those talks when U Win Tin said that politics would be lively only if there was movement.

On her return from Kachin State and Mandalay Division, Daw Aung San Suu Kyi aired grievances ostensibly on account of government announcement in connexion with the printing law, saying words that meant non-compliance with Announcement No 38 issued by the Home and Religious Affairs Ministry beginning 6-Jun-1989. When Daw Aung San Suu Kyi met in the first week of June with National League for Democracy intelligentsia and intellectuals group members namely Maung Thaw Ka, Daw Myint Myint Khin, Tharrawaddy San San Nwe, U Ko Yu, Maung Wun Tha, Maung Khet Pan, U Tin Moe and group, Maung Thaw Ka recited a passage from Henry David Thoreall embodying the idea of civil disobedience: all the members liked it and gave suggestions for appropriate Myanmar words for it. Daw Aung San Suu Kyi liked it and assigned U Win Tin to discuss the line of defying authority at the meeting held 4/5 days later. After discussion by U Win Tin at the executive committee meeting, the slogan "Defy as of duty every order and authority not agreed by the majority" emerged.

This slogan was adopted as the National Democracy motto, and it put on banners at National Democracy specifying meeting. Beginning 21-6-89, by U Win Tin’s directive, the motto was put on every pamphlet published by the National League for Democracy.

SAW said...

Movements regarding Arzani Day

In moves to raise the momentum of Daw Aung San Suu Kyi's authority defying movement, the Arzani Day ceremony was used as a fighting base. In the speeches made on 13-7-89 at Kyauktada Township National League for Democracy, it was declared that the arrangement to have only ten persons from each party attend on Arzani Day was unacceptable, that it was a day concerning the public and one and all could come out in procession and pay respects, that it was necessary to withdraw troops placed on security so as to enable it to take place in peace, that the previous Arzani Day ceremonies had been attended by the President of the State himself, but gradually it declined to a state wherein only a single minister attended and paid respects, and that was tantamount to dimming the honour of the Martyrs etc.

(** Note: In increasing the tempo of Daw Aung San Suu Kyi's activities conducted in defiance of authority, the Arzani Day ceremony was utilized as the basis for their 'struggle')

A coordination meeting in connection with Arzani Day was held at the office of National League for Democracy on July 13, 14, 16, 18, attended by representatives of various parties, and in the discussions, Daw Aung San Suu Kyi said that, although ten from each party were to lay wreaths on Arzani Day, her party did not take out official permission to lay wreaths, as they would defy every order and power as of duty, that like them other parties too should refuse to take out permission in defiance of order but instead come and lay wreaths under their own arrangements, that the National League for Democracy would go out in procession and lay wreaths at the mausoleum, and that other parties were invited to attend the Arzani Day ceremony together with their party.
State Law and Order Restoration Council Chairman warn Daw Aung San Suu Kyi

To get Daw Aung San Suu Kyi discard the "defy all power authority" line, 5-7-89 General Saw Maung, Chairman of the State Law and Order Restoration Council, met personnel of national and international media explained matters including the fact that the Tatmadaw is not subject to influence any party but an organization that is neutral and carrying out its own duties, that if one wanted to build democracy it would be very wrong to resort to confrontation method, that such a thing as head-on confrontation and defiance of authority was something that should be done, that it was not good to do inner- party organization by the method of creating enmity for the Tatmadaw, that Daw Aung San Suu Kyi's line of defying every order and authority was very wrong and it was necessary not to pursue it any more, requesting all parties to work together without losing sight of the set objective.

SAW said...

Thakin Soe's Unity and Development Party sends an open letter to the National League for Democracy led by U Tin Oo and Daw Aung San Suu Kyi

An open letter dated 5-July-1989 was sent to U Tin Oo and Daw Aung San Suu Kyi from Unity and Development Party wherein was written that "Our party had committed great wrong during 1947 - 70 and so had the responsibility to repay the debt of the wrong to the state, that our party had used head-on confrontation all the time, laying it out among the masses in all aspects such as philosophical, ideological, organizational and practical aspects, and that our party's "ideological and practical errors," physical, verbal and mental head-on confrontation and violent actions should well be taken as lessons by the National League for Democracy led by Daw Aung San Suu Kyi." They said that they were apprehensive that Daw Aung San Suu Kyi and party would commit the same mistakes as they themselves had made in 1946-48, it was learnt.

(* Movements to be launched on 19-July-89)

Regarding arrangements to march to the Arzani Day observance ceremony under the leadership of the National League for Democracy, the NLD leaders held discussions through out the night of 18-7-89. After considering the over-all situation it was decided that Daw Aung San Suu Kyi alone was to give the decision and all would abide by this decision. On the morning of 19-7-89, just after 4 am, Daw Aung San Suu Kyi ordered the cancellation of the Arzani Day march programme and said that she would issue a statement boycotting the Arzani Day observance ceremony held by the government. She wrote the statement on a sheet of paper herself and ordered the statement to be circulated, it is learnt. Daw Aung San Suu Kyi did not carry on with the Arzani Day march programme. Although the NLD Arzani Day observance central committee issued a statement that they would hold an observance ceremony of their own on their headquarters premises this statement did not reach the youth masses in time. Thus, the youths met with security personnel at road junctions and some had to be detained. Due to this the political parties and masses of youth became dissatisfied with Daw Aung San Suu Kyi.

On 20-7-89, a search was made of the compound of Daw Aung San Suu Kyi's residence according to law and seized papers and documents sent by armed insurgent groups and illegal organizations and 40 persons living illegally in the compound were temporarily detained.


Ref: Excerpt from Special Press Conference, on 5th August 1989, Yangon.

Full article and Source:

http://www.scribd.com/doc/53708804/bcp1988

channyein said...

sjk ဆိုတာကျော်သူအောင် တပည့်ပဲ ဖြစ်မယ်။ ဒီမိုကရေစီလိုလားသူဆို ဒီလောက်သဘောထားမသေးသိမ် နိုင်ဘူး။ အခုပဲကြည့်ဆောင်ပါးမပြီးသေးဘူး။ ရန်လုပ်နေတယ် ဒါမျိုးတွေက နအဖ လူတွေရဲ့သဘောထားမျိုးပဲ။ သူဖြစ်စေချင်တာက အားလုံးသွေးကွဲဖို့ပဲ။ လွတ်လပ်စွာဝေဖန်ခွင့်ရှိပါတယ် ဘုရားကိုတောင်ဝေဖန်ခွင့်ရှိ ကြောင်းဟောတာရှိတယ်

estudientes said...

ဘယ်သူတွေဘာပြောပြော နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်ကြာအောင် တော်လှန်ရေး၊ လမ်းစဉ်တရပ်မအောင်မမြင်ဖြစ်ခဲ့ရင် စောကြောဝေဖန်ခွင့်ရှိသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ရုံနဲ့ သစ်စာဖေါက်လို၊ မြွှေအောင်းပွေးလို သတ်မှတ်လိုက်ကြတာကတော့ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။

Unknown said...

ဒေါ်စုကိုယ်တိုင်ပြည်သူတွေနဲ့အမေးအဖြေမှာဝန်ခံ
ထားသားဘဲ။နောင်လာနောက်သားတွေအတွက်ပါတဲ့။
ကဲ........။ဒေါ်စုကိုတော့လေးစားပါတယ်။
ဒါပေမယ့်NLDနဲ့ပြည်ပအတိုက်အခံတော်တော်
များများကတော့လေလုပ်စားတွေများတယ်။
ကိုလွမ်းရဲ့ဘလော့မှာNLDနဲ့ပြည်ပအတိုက်အ
ခံတွေကိုအယုံအကြည်ရှိမရှိဆန္ဒမဲကောက်ခံကြည့်
ဖို့အကြံပြုပါရစေ။

kyaw said...

သိန်းစိန် အစိုးရကြတော့ ယူနီဖောင်းချွတ် အစိုးရတဲ့ NLD ကောဘာထူးလို့လည်း သူတို့လည်း ယူနီဖောင်းချွတ်တွေရှိတာ အတူတူဘဲ...သန်းရွှေ ကြတော့အသက်(၈၀)ကျော် တာတောင်စစ်တပ်က အနားမယူလို့တဲ့ NLD ကောဘာထူးလို့လည်းအသက်(၈၀)ကျော်တွေရှိတာ အတူတူဘဲ ဟုတ်ဘူးလား...နအဖ ဘာလုပ်လုပ် ပြည်သူတွေကို အသိမပေးဘူး NLD ကောဘာထူးလို့လည်း နအဖနဲ့တွေဆုံတာ နိုင်ခြားသံတမန်တွေနဲ့ တွေဆုံတာ ဘယ်တုံးက အမှန်တိုင်း ပြည်သူတွေကို အသိပေးလို့လား...ဖားမင်းဆွေနဲ့လမ်းပျောက်ကြယ် ကိုတောင် မတွေရဲဘဲနဲ့ သိန်းစိန်နဲ့တွေဆုံဆွေးနွေးရေးဆိုတာ ရီစရာကြီးဖြစ်မနေဘူးလား..သိန်းစိန်အစိုးရတင် ခြစားတာမဟုတ်ဘူး NLDနဲ့ပြည်ပရောက် ဒီမိုတွေလည်း ခြစားနေတာ အတူတူဘဲ..NLD ယူနီဖောင်းချွတ် ဘိုးဘွားရိပ်သာကရှေ့ဆက်ပြီး ဘယ်လို့မူဝါဒတွေ ချမှတ်မယ်ဆို စောင့်ကြည်ရမဲ့ အနေအထား ဖြစ်နေပြီး..မသိတဲ့လူကို မတက်တဲ့လူက ဆရာလုပ်နေ သမျှကာလပတ်လုံး မြန်မာပြည် ဒုက္ခရောက် နေမှာပါ.....

Unknown said...

စုကြည် Crazy နဲ့ ဖောက်ထွက်တွေးသူတွေ တွေ့ကြပြီ။

Unknown said...

မသိတဲ့လူကို မတက်တဲ့လူက ဆရာလုပ်နေ သမျှကာလပတ်လုံး မြန်မာပြည် ဒုက္ခရောက် နေမှာပါ.....
Just compare with Blogger Nay Phone Latt, you are nothing.
If you are brave please go back to Burma and do like Daw Su.

Unknown said...

Why have you been to Maesod ?
I feel much ashamed of your MBBS .
You lowered the standard of MBBS.
Now I know your aim of the Blog.
Are you the man of them?

mo said...

It is brilliant analysis.

It is something, every Burmese know somehow. All foreign countries seem to have same opinion.

Miliitary government, millitarymen and ethnic armed groups also know about that.

That is why they released Daw Aung San Suu Kyi.

Government is just playing cat and mouse. We are very much under control of Junta. They are just playing games either in the new parliament or outside the parliament in real politics.

The only thing government worries is the fight within millitary itself.

That is why they make every millitary officers rich and have high ranking positions and get plenty of opportunity to be corrupt.

It is reality. It is how our country is run.

In conclusion, I agree that we should forget NLD(it is history).

In burmese politics, since it seems that the leadership of an organisation cannot be changed, we need new organisations every 10 years or so.

လင်္ကာ said...

အေး မောင်ချမ်းငြိမ်းရေ
အမျိုးမျိုးပါလား
ကျုပ်ကိုတော့ဒေါ်အောင်ဆန်းစုကြည်ကို
ဝေဖန်တာဆတ်ဆတ်ထိမခံနိုင်ဖြစ်တယ်လို့
စွတ်စွဲချင်တယ်
ဒေါက်တာ လွမ်းဆွေကိုဝေဖန်တာနဲ့
ဆတ်ဆတ်ထိ
မခံနိုင်ဖြစ်ပြီး
နအဖလူ တံဆိပ်တန်းကပ်လိုက်ပါလား
လွပ်လပ်စွာသဘောကွဲခွင့်ရှိတယ်ဆိုရင်
ဒေါက်တာလွမ်းဆွေရဲ့သဘောထားကို
လုံးဝမကြိုက်ဘူးဆိုတာကို လွပ်လပ်စွာ
သဘောထားကွဲတယ်ကွာ။
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်မှာ
ဒေါက်တာလွမ်းဆွေကို ဝေဖန်ခွင့်မပါဘူးလား

channyein said...

sjk ရေ...ဟားဟား ခင်ဗျားနည်းလမ်းသုံးကြည့်တာပါ ဘယ်လိုနေလဲ

jacky said...

ကိုလွမ်းဆွေ ရေ၊၊၊၊၊ တောင်ရေး မြောက်ရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သမိုင်း မှေးမိန် အောင်လုပ်နေပါ လား?
တကယ် ဆို ဒေါ်စု အတိုက်အခံလုပ် နေလို့၊ သူမ Power ကြောင့် သာ ခုလို အစိုးရ က ပြည်သူလူထုကျေ နပ် အောင် တောင်လုပ်မြောက်လုပ်လုပ် ပေးနေတာ။။။ တကယ်ဆို သူမရဲ့ စွန့်စား ဆောင်ရွက်မူတွေကို ဘယ်သူမမလုပ်နိုင် ပါဘူး

ABC said...

ဒေါက်တာကြီး မြန်မာပြည်ကို ပြန်မရောက် တာ ကြာလှပြီထင့်ပါ၊

အားမလို အားမရတဲ့ စိတ်ဆန္ဒတွေကို ပို.စ်ထဲမှာ ဖတ်ရပါတယ်၊
အမှန်တကယ်တော့ နအဖကလဲ အာဏာရှင်စနစ်နဲ.အုပ်ချုပ်လို.မရဖူးဆိုတာလဲ သဘောပေါက်ပါတယ် ၊ ဆက်ပြီးအုပ်ချုပ်နေလဲ Sanction နဲ.မိပြီး ဒုက္ခရောက်နေတယ် ၊ ဒုက္ခရောက်မယ်ဆိုတာလဲသိပါတယ် ၊ ဒါကြောင့်မို. ဟုတ်တာ မဟုတ်တာ အပထား၊ စစ်သားဟောင်းအများစုပါတဲ့ အရပ်ဘက် အုပ်ချုပ်ရေးစနစ်ကို အတင်း ချီတက်နေပါတယ်၊ ဒါပေမဲ့ လတ်တလော လူအများစုတွေကြုံတွေ.နေရတဲ့ စားဝတ်နေရေးပြေလည်အောင် မဖန်တီး နိုင်သေးတာတော့အမှန်ပါပဲ ၊ ကျန်းမာရေး၊ ပညာရေးဆိုတာတော့ ဝေလားဝေးပေါ့ ၊ ကျွန်တော် နအဖဘက်က ရှေ.နေ
လိုက်နေတာမဟုတ်ပါဖူး၊ လက်ရှိအစိုးရသစ် (နအဖအဖွဲ.ဟောင်း) က လုပ်တော့ လုပ်နေ တယ်၊ နှေးနေတယ်ဆိုတာကိုပြောချင်တာပါ၊

ကဲ အတိုက်ခံဘက်က ကြည့်ရအောင် ၊

ပြည်သူတွေအားလုံးကလဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖွံ.ဖြိုးတိုးတက်ပြီး စားဝတ်နေရေး ပြေလည်ချင်ပါပြီ ၊ ဒီမိုကရေ စီကို တောင်းမလား၊ တိုက်ယူမလား ဆိုတာ ဘယ်သူ.မှ ရေရေရာရာမသိပါဖူး၊ ခုချိန် မြန်မာပြည်သူလူထုအများစုက နိုင်ငံရေးထက် တစ်နေ.စာ စားဝတ်နေရေး ကိုပိုပြီးစိတ်ဝင်စားကြပါတယ်၊ ခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေကြပါတယ်၊ ဒေါက်တာကြီးလို ၀ီစကီလေးသောက်လိုက် ပျင်းပျင်းနဲ. ရေးတဲ့ နိုင်ငံရေးဆန်ဆန် ၊ စိတ်ကူးယှဉ်ဆန်လှ တဲ့ တော်လှန်ရေး ပို.စ်တွေ တွေကိုမဖတ်အားပါ ၊

လောလောဆယ်မြန်မာနိုင်ငံမှာ ၁၉၈၈ ၊ ၂၀၀ရ လို အရေးတော်ပုံ ဖြစ်နိုင်ဖို.က သိပ်တော့ မလွယ်လှပါဖူး၊ လူတွေကို မေးကြည့်ပါ ၊ ငတ်ပြီးသေမလား ၊ တိုက်ပြီးသေမလား ဆိုရင် ငတ်ပြီးသေမဲ့ သူက များပါတယ် ၊ အဲဒါက သူတို.ရဲ့ ကိုယ်ပိုင်ရွးချယ်မူပါ၊ အဲဒါကို ပြည်ပက ကီးဘုတ်ကိုင်တိုက်ပွဲ ၀င်သူတွေက တိုက်ပါလား၊ ဆန္ဒပြပါလားလို. အသေခံခိုင်းနေတာက တရားမမျှတဖူးလို. ကျွန်တော့်တော့ထင်မိပါတယ်၊

ခုဆိုရင် ဦးကျော်သူတို.လို လူမူရေး အသင်းတွေသာမက ပြည်ပက လူငယ်တွေက ဦးဆောင်တဲ့ လူမူရေးအသင်းတွေက ပညာရေးအတွက် စာအုပ်စာတမ်းတွေလှူ ၊ စာတွေပြပြီးစတင် လှုပ်ရှားနေကြပါပြီ၊ မြန်မာ ပြည်သူလူထုတွေ ကို တကယ်စေတနာရှိပြီး တကယ်ချစ်ရင် ဒေါက်တာလွဏ်းဆွေ အနေနဲ. အဲ့ဒီလိုလုပ်ငန်းတွေနဲ.စတင်သင့်ပါ တယ်၊ တကယ်လုပ်ဆောင်မယ်ဆိုရင် လက်ရှိအစိုးရကလဲ ဒေါက်တာကြီးရဲ့ ပြည်တော်ဝင်ခွင့်ကို ခွင်ြ့ပုမယ်ထင်ပါတယ်၊ တိုင်းပြည်ကိုတကယ်ချစ်ရင် အာဏာကို တိုက်ယူပြီး သမ္မတလုပ်ရမှ ချစ်တာမဟုတ် ပါဖူး၊ တကယ့်စိတ်ရင်းစေတနာပါတဲ့ အသေးအမွှားလုပ်ငန်းများက စတင်သင့် ပါကြောင်း စေတနာနဲ.အကြံပြုပါတယ်၊

ကျွန်တော်က နအဖ (သို.) လက်ရှိအစိုးရကို မှီပြီး စီးပွားလုပ် စားနေတဲ့သူမဟုတ် သလို ပြည်ပမှာ ဒီမိုကရေစီ ဗန်းပြပြီး တောင်းစားနေတဲ့သူ မဟုတ်ဖူး ဆိုတာကိုတော့ သိစေချင်ပါတယ်၊ ကိုယ့်ဝမ်းစာကိုယ် သမာအာဇီဝနဲ. ရှာစားနေတဲ့သူဖြစ်ပါတယ်၊

အားလုံးကျန်းမာရွှင်လန်းကြပါစေ ...

Unknown said...

ဒီအပိုင်းကတော့ ဒေါက်တာကြီးကို ထောက်ခံပါတယ် ပြည်တွင်းပြည်ပက ခေါင်းဆောင်အိုကြီးတွေ့ ကြောင့်ဆိုတာဟုတ်ပါတယ်။ အသစ်ကပြန်စဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်နည်းနည်းထပ်ပေးသင့်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည့်တစ်ယောက်ထဲနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ရဖို့ မဖြစ်နိုင်ဘူး ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆၀ နည်းပါရှိပါတယ် အဲဒီလူတွေ အားလုံးက ကိုယ်ရဲ့ အခွင့်အရေးကို ကိုယ်တောင်းဆိုဖို့ လို့ပါတယ်။
ဆောင်းပါး(၃)ကိုစောင့်ဖတ်ပါအုံးမယ်။

Unknown said...

ဒီအပိုင်းကတော့ ဒေါက်တာကြီးကို ထောက်ခံပါတယ် ပြည်တွင်းပြည်ပက ခေါင်းဆောင်အိုကြီးတွေ့ ကြောင့်ဆိုတာဟုတ်ပါတယ်။ အသစ်ကပြန်စဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်နည်းနည်းထပ်ပေးသင့်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည့်တစ်ယောက်ထဲနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ရဖို့ မဖြစ်နိုင်ဘူး ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆၀ နည်းပါရှိပါတယ် အဲဒီလူတွေ အားလုံးက ကိုယ်ရဲ့ အခွင့်အရေးကို ကိုယ်တောင်းဆိုဖို့ လို့ပါတယ်။
ဆောင်းပါး(၃)ကိုစောင့်ဖတ်ပါအုံးမယ်။

Unknown said...

ဒီအပိုင်းကတော့ ဒေါက်တာကြီးကို ထောက်ခံပါတယ် ပြည်တွင်းပြည်ပက ခေါင်းဆောင်အိုကြီးတွေ့ ကြောင့်ဆိုတာဟုတ်ပါတယ်။ အသစ်ကပြန်စဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်နည်းနည်းထပ်ပေးသင့်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည့်တစ်ယောက်ထဲနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ရဖို့ မဖြစ်နိုင်ဘူး ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆၀ နည်းပါရှိပါတယ် အဲဒီလူတွေ အားလုံးက ကိုယ်ရဲ့ အခွင့်အရေးကို ကိုယ်တောင်းဆိုဖို့ လို့ပါတယ်။
ဆောင်းပါး(၃)ကိုစောင့်ဖတ်ပါအုံးမယ်။

SAW said...

(ဒေါက်တာကြီးရဲ့ ပြည်တော်ဝင်ခွင့်ကို ခွင်ြ့ပုမယ် ထင်ပါတယ်)

နိုင်ငံခြားမှာ နေဖို့ ၊ အလုပ်လုပ်ဖို့  ပတ်စ်ပို့ သက်တမ်းရှိရတယ်။ ပတ်စ်ပို့ သက်တမ်းရှိဖို့  သံရုံးမှာ အခွန်ကို သက်တမ်းတိုးတဲ့ အချိန်အထိ ဆောင်ရတယ်။ မြန်မာပြည် ခဏ ပြန်ဖို့  တောင် အခွန်ဆောင်ပြီးမှ ပြန်ရတယ်။ ဒီလူတွေဟာ နိုင်ငံ နဲ့ လူမျိုးအပေါ် သစ္စာရှိပြီး တာဝန် ကျေသူတွေ ဖြစ်တယ်။ သူတို့ တစ်တွေ ဘာမှထူးထူးခြားခြား အခွင့်အရေး မရပါ။

တိုင်းပြည်ကို ဆန့်ကျင်နေတဲ့ သူတွေကို အစိုးရက လွတ်ငြိမ်းခြမ်းသာခွင့် ပေးတာပေးပါ။ ဒါက နိုင်ငံရေး။ ဒါပေမဲ့ ဒီလူတွေလဲ ပြည်တော်မပြန်ခင် နိုင်ငံ နဲ့ လူမျိုးအပေါ် တာဝန် ကျေအောင် အများနည်းတူ အခွန်တော့ ဆောင်သင့်တယ်။ ဘယ်နိုင်ငံရေးသမား မှ အခွန်လွတ်တယ်လို့  မကြားဖူးပါ။ အခွန်ရှောင်လို့  ပြုတ်တဲ့ ထောင်ကျတဲ့ နိုင်ငံရေး သမားဘဲ တွေ့ ဖူးပါတယ်။ သူတို့ တွေကို အခွင့်ထူးပေးစရာ မလိုပါ။ တန်းတူဘဲပေါ့။

မျိုးအောင် said...

@Saw
အခွန်ငွေပေးတိုင်း တိုင်းပြည်အပေါ်သစ္စာရှိတယ်လို့ မပြောနိုင်ပါဘူး။ တိုင်းပြည်ကို ချစ်လို့ အခွန်ပေးတဲ့သူ တစ်ယောက်မှ မရှိပါဘူးဗျာ။ အခွန်ငွေကို ဆန္ဒရှိမှ ပေးကြပါလို့ ဥပဒေထုတ်ကြည့်လေ. . . ဘယ်သူမှ အခွန်ပေးကြမှာမဟုတ်ပါဘူး။

နိုင်ငံရေးဆိုတာ အခြေအနေအရ လုပ်သင့်တာ လုပ်ရမှာပဲ။ ငါတို့ အခွန်ငွေပေးရင် သူတို့လဲပေးရမှာပဲဆိုပြီး တွက်ကပ်လို့ မရဘူး။ အားလုံးတန်းတူဖြစ်ရမယ်ဆိုတာ စကားအဖြစ်ပဲ ပြောကြတာပါ။ နေရာတိုင်း. . တိုင်းပြည်တိုင်းမှာ . . အခွင့်ထူးခံဆိုတာ ရှိနေတယ်။ (မတရားသဖြင့် အခွင့်ထူးမခံဖို့ပဲ အရေးကြီးပါတယ်) စဉ်းစားကြည့်လေ။ ဒေါ်စုကျန်းမာရေး မကောင်းရင် သာမန်ပြည်သူတွေနဲ့ တန်းတူထားပြီး လမ်းဘေးက ဆေးခန်းမှ သွားပြလို့မဖြစ်ဘူး။ သာမန်လူထုက လျှပ်စစ်ပုံမှန်မရလို့ ဦးသန်းရွှေလဲ မီးအမှောင်ထဲမှာနေရမယ်ဆိုတာ လက်တွေ့မကျဘူးဗျ။

ခင်ဗျားက နိုင်ငံရေးသမားတွေ အခွန်ဆောင်ရတယ်ဆိုတာ ဘယ်နိုင်ငံကို ရည်ညွှန်းလဲ မသိဘူး။ ကျုပ်နေတဲ့ ဒီမိုနိုင်ငံကြီးမှာတော့ လွှတ်တော်အမတ်တွေဟာ အခွန်မဆောင်ရပါဘူး။ သူ့တို့ကလေးအတွက် ကစားစရာသွားဝယ်ရင်တောင် အခွန်ပေးစရာမလိုဘူးဗျ။ အခွန်ပေးထားတဲ့ငွေတွေအားလုံးကို နှစ်ကုန်ရင် အစိုးရက ပြန်အမ်းပါတယ်။ အခွင့်အရေးမျိုးစုံ သာမန်ပြည်သူတွေထက်လဲ ရကြပါတယ်။ အနောက်ဖက်နိုင်ငံတွေလဲ ပါးစပ်နဲ့ပဲ တန်းတူအခွင့်အရေးလို့ပြောတာပါ. . .လက်တွေ့မှာ သာမန်ပြည်သူတွေထက် ပိုပြီး အခွင့်အရေးယူကြပါတယ်။

Thihathura said...

Dr. Lwun Swe, you are right, absolutely right, but people, those who support to DASSK, they will absolutely against.
သူမ ဘာဘဲလုပ်လု ထောက်ခံကြတယ်။ ကောင်းတာဘဲဖြစ်ဖြစ် ဆိုးတာဘဲဖြစ်ပေါ့ နောက်ဆုံး ခင်ဗျားက ဒေါ်အာင်ဆန်းစုကြည် အီး မျွှေးတယ်လို့ပြောရင်တောင်မှ ခင်ဗျားကို ထောက်ခံကြလိမ့်မယ်။ ဒါပေမဲ့ သူမအီး ပုတ်တယ်ဆိုရင် ခင်ဗျားကို လုံးဝ လုံးဝူကန့်ကွက်ကျမှာဘဲ။ ဆက်သာရေးပါ။ အမှန်ကိုရေးတာ ဘယ်ကောင်မှ .ငြင်းလို့ မရပါဘူး။
KEEP GOING ON