Tuesday, May 9, 2017

ဒေါက်တာလွဏ်းဆွေ (သို့) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ (နောက်ဆုံးပိုင်း)

ရဲနွယ်မိုး (မောက္ခပညာရေးမဂ္ဂဇင်း)
မေး ။ ။ ဘယ်အချိန်က နယ်စပ်စရောက်ခဲ့သလဲ။ ဆရာ့ဘလော့ဂ်ကို ဘယ်အချိန်က စလုပ်ခဲ့သလဲ။ မဂ္ဂဇင်းအယ်ဒီတာဘ၀နဲ့ ဘလော့ဂါသ
မားဘ၀ ဘယ်လိုကွာခြားချက်ရှိတယ်လို့ ထင်သလဲ။ 

ဖြေ ။ ။ ကျနော် ၂၀၀၅ ခုနှစ် ဇူလိုင် (၁) ရက်နေ့မှာ နယ်စပ်ကို စရောက်ခဲ့ပါ တယ်။ ဘလော့ဂ်ကိုတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမတိုင်မီမှာ ABSDF ရဲဘော် ကိုဇင်မိုး (ကိုဈာန်) က ဆောက်ပေးခဲ့တာပါ။ မှတ်မှတ်ရရ ရန်ကုန်မှာ သံဃာတော်တွေ စပြီး စီတန်းလမ်းလျှောက်တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဘလော့ဂ်ကို လွှင့်တင်ဖြစ်ခဲ့ပါတယ်။ စလုပ်တုန်းကတော့ ကိုယ်ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖတ်ချင်သူတွေ တစုတစည်းတည်း ဖတ်ရရုံလောက် တင်ထားဖို့ပဲ စိတ် ကူးရှိခဲ့တာပါ။ လုပ်ရင်းလုပ်ရင်းနဲ့မှ ဘလော့ဂ်ရဲ့ အာနိသင်ကို ပိုသိလာပြီး အခုအခြေအနေထိ ရောက်လာ တာပါ။

မဂ္ဂဇင်းအယ်ဒီတာဘ၀နဲ့ ဘလော့ဂါဘ၀က တော်တော်လေး ကွာပါတယ်။ ကျနော် ပြည်တွင်းမှာ အယ်ဒီတာ လုပ်ခဲ့တာက တလတခါထုတ်တဲ့ ရသမဂ္ဂဇင်းဆိုတော့ စာမူတွေကို အေးအေးလူလူ ဖတ်၊ စိမ်ပြေနပြေ ရွေး ချယ်လို့ရတဲ့ အခွင့်အလမ်းရှိတယ်။ ဒါပေမယ့် စာပေစိစစ်ရေးဆိုတဲ့ ဧရာမ အတားအဆီးကြီးကို စိတ်ညစ်စရာ ကောင်းလောက်အောင် ကျော်ဖြတ်ရတာကြောင့် နှောင့်နှေးကြန့်ကြာတာတွေ၊ ပျက်စီးဆုံးရှုံးတာတွေ အရမ်း များပါတယ်။ စာပေစိစစ်ရေးနဲ့ ဆက်ဆံရတာက အရူးလင်လုပ်ရသလိုပါပဲ။ ဘလော့ဂ်ကျတော့ နေ့စဉ် နိုင်ငံ ရေးသတင်းလင့်ခ်တွေ ချိတ်ဆက်ပေးဖြစ်တယ်၊ နိုင်ငံရေးဆောင်းပါးတွေ၊ ဗွီဒီယိုတွေ၊ အသံဖိုင်တွေကို ဦးစား ပေးတင်ဖြစ်တယ်။ speed က အရမ်းမြန်ပြီး ဘာအတားအဆီးမှမရှိတော့ ကိုယ်အိုင်ဒီယာရှိရင်ရှိသလို စိတ် သွားတိုင်းကိုယ်ပါတယ်ပေါ့။ မဂ္ဂဇင်းတုန်းကလို စုဖွဲ့လုပ်ဆောင်တာမျိုးမဟုတ်ဘဲ တယောက်တည်း ရွေးချယ်၊ တယောက်တည်း ဆုံးဖြတ်လုပ်ဆောင်ရတာဆိုတော့ အလုပ်ပိုတွင်သလို တာဝန်ပိုကြီး၊ အန္တရာယ်လည်း ပို များတယ်လို့ မြင်ပါတယ်။

မေး ။ ။ ဆရာ့ဘလော့ဂ်က လူကြည့်အများဆုံး ဘလော့ဂ်ပါ။ တနေ့ ပျှမ်းမျှ ၀င်ကြည့်သူ ဘယ် လောက်လောက်ရှိသလဲ။ ဘာကြောင့် ဘလော့ဂ်အောင်မြင်တယ်လို့ ထင်သလဲ။ အဲဒီအတွက် နေ့စဉ် အချိန်ဘယ်လောက်ပေးရသလဲ။ 

ဖြေ ။ ။ တနေ့ပျှမ်းမျှ ၀င်ကြည့်နှုန်းက visitors ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြားလောက်ရှိမယ်ထင်ပါတယ်။ page views အနေနဲ့ဆိုရင်တော့ တနေ့ ၂၅,၀၀၀ နဲ့ ၃၀,၀၀၀ ကြားလောက် ဖတ်ရှုနေတာကို တွေ့ရပါတယ်။ ဘလော့ဂ်တခု အောင်မြင်တယ်ဆိုတာကို ဘယ်လိုစံနှုန်းနဲ့ တိုင်းတာလဲဆိုတာ ကျနော် မသိပါဘူး။ စာဖတ်သူ တွေ အဓိက လာဖတ်ကြတာကတော့ သတင်းလင့်ခ်တွေ ချိတ်ဆက်ပေးတာ ပုံမှန်နီးပါးဖြစ်လို့ရယ်၊ တခြားမီ ဒီယာသမားတွေ၊ ဘ၀တူ ဘလော့ဂါတွေ တင်လေ့တင်ထသိပ်မရှိတဲ့ (ဆူဆဲတာ၊ မုန်းတီးတာ ခံရတတ်တဲ့) ပို့စ်မျိုးတွေ တခါတရံ ကျနော့်ဘလော့ဂ်မှာ ဖတ်ရလေ့ရှိလို့ ဖြစ်မယ်ထင်တယ်။ ကျနော် သေချာတော့ မစဉ်း စားကြည့်မိပါဘူး။

ကျနော်က ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်သာတုန်း အရူးအမူး လျှောက်လုပ်နေရတာကိုပဲ ကျေနပ်နေမိ တာပါ။ နေ့စဉ် မနက်ပိုင်း (၂) နာရီဝန်းကျင်၊ ညပိုင်းဆို (၃) နာရီဝန်းကျင်လောက်တော့ အချိန်အနည်းဆုံး ပေးဖြစ်ပါတယ်။ တင်စရာ ပို့စ်များရင် များသလို အချိန်ပိုယူရတာမျိုးလည်း ရှိပါတယ်။

မေး ။ ။ ဘလော့ဂ်အတွက် အဖွဲ့အစည်းတခုခုကများ ငွေကြေးထောက်ပံ့မှု ပေးတာရှိလား။ ဘာ ရည်ရွယ်ချက်နဲ့ ဒီလို စိုက်လိုက်မတ်တတ် ဘလော့ဂ်ကို လုပ်နေတာလဲ။

ဖြေ ။ ။ ဘလော့ဂ်လုပ်ဖို့အတွက် ဘယ်အဖွဲ့အစည်းကမှ ငွေကြေးထောက်ပံ့တာ မရှိပါဘူး။ တချို့ကတော့ ကျ နော် အချိန်ပြည့်နီးပါး ဘလော့ဂ်လုပ်နေတယ်ထင်လို့လားမသိဘူး။ ကျနော် ဘယ်လိုဝင်ငွေနဲ့ နေထိုင်စား သောက်နေလဲဆိုတာကို ရင်းနှီးသူတချို့က ပွင့်ပွင့်လင်းလင်း မေးမြန်းကြတာရှိပါတယ်။ အဲလို မေးလာသူ တွေကိုတော့ “ကျနော်က အဓိက စာရေးတာရယ်၊ အယ်ဒီတာလုပ်တာရယ်၊ ဆေးစာနဲ့ ပတ်သက်ပြီး ဘာသာ ပြန်လေး နည်းနည်းပါးပါး လုပ်ပေးတာရယ်ကရတဲ့ ငွေစကြေးစလေးနဲ့ နေထိုင်စားသောက်နေပါတယ်” လို့ ပြန်ဖြေဖြစ်ပါတယ်။

ဘာဖြစ်လို့ ဘလော့ဂ်ကို စိုက်လိုက်မတ်တပ် လုပ်ဖြစ်နေတာလဲဆိုတော့ နံပါတ် (၁) အချက်က ကျနော် လုပ် ချင်တဲ့၊ ကျနော့်ဝါသနာဗီဇနဲ့ ကိုက်ညီတဲ့ အလုပ်မို့ မပျင်းမရိ လုပ်ဖြစ်နေတာလို့ ထင်ပါတယ်။ ကျနော့်အနေနဲ့ တော့ ဘလော့ဂ်လုပ်ရတာ meditation လုပ်ရသလိုပဲ ခံစားရပါတယ်။ အာရုံပျံ့လွင့်မှုနည်းတော့ စိတ်ငြိမ်း ချမ်းမှုကိုလည်း တပါတည်း ဖြစ်ပေါ်စေပါတယ်။

နံပါတ် (၂) အချက်ကတော့ နိုင်ငံတကာမှာ ရောက်ရှိပြီး အချိန်လု အလုပ်လုပ်ကိုင်နေရတဲ့ ကျနော်တို့ မြန်မာ နိုင်ငံသားတွေ အချိန်သိပ်မကုန်ဘဲ သတင်းတွေ တစုတစည်းတည်း ဖတ်ဖြစ်စေချင်တာရယ်၊ ဒီမိုကရေစီရေး သွေးအေးမသွားအောင် ကျနော့်ဘလော့ဂ်မှာ ဆုံရပ်တခုလိုမျိုး ဖြစ်စေချင်တာကြောင့် အချိန်မှန် လုပ်ချင်တဲ့ စိတ် ဖြစ်ပေါ်နေတာပါ။

နံပါတ် (၃) အချက်ကတော့ လုပ်ရင်းလုပ်ရင်း ဘလော့ဂ်ရဲ့ အာနိသင်ကို ကျနော် ပိုသဘောပေါက်လာတယ်။ ပိုသဘောပေါက်လာတဲ့အခါကျတော့ ဘလော့ဂ်ဆိုတာ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေကို ၀ိုင်းပြီးဖြိုဖျက် ရာမှာ တချို့သော ဒေါက်တိုင်တွေကို တတိတိ လှီးဖြတ်ပေးနိုင်မယ့် လွှတစင်းလို့ အလေးအနက် ယုံကြည် လာတာကြောင့်လည်း ကျနော် အားတက်သရော လုပ်ဖြစ်နေတာပါ။

မေး ။ ။ ထိုင်း-မြန်မာနယ်စပ်မှာ ဘလော့ဂါသမားတယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေရှိလား။ လုံခြုံရေးကအစပေါ့။ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေကကော ဘလော့ဂ်ကို ကြိုဆို ကြရဲ့လား။

ဖြေ ။ ။ အခုအထိတော့ ရင်ဆိုင်ရတဲ့ အခက်အခဲ ကြီးကြီးမားမား မရှိပါဘူး။ တင်တဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး ကျနော့်အပေါ် နားလည်မှုလွဲတာမျိုး၊ အဓိပ္ပါယ်ကောက်လွဲပြီး ကျွဲမြီးတိုကြသူတွေက ကျနော့်ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်တာမျိုး၊ ရိုက်မယ်နှက်မယ်လို့ ကြိမ်းဝါးတာကို တဆင့်ပြန်ကြားရတာမျိုးတွေတော့ မကြာမ ကြာ ရှိပါတယ်။ ဟိုတလောလေးကပဲ PVA အဖွဲ့ခေါင်းဆောင် မိတ်ဆွေကြီး ကိုသိန်းဆန်း ကျနော့်အပေါ် နား လည်မှုလွဲပြီး စိတ်မချမ်းမမြေ့ ဖြစ်နေတယ်ကြားလို့ လူချင်းဆုံပြီး ရှင်းပြဖြစ်ခဲ့တာမျိုး တကြိမ်ရှိခဲ့ပါတယ်။ ရှင်း ပြလိုက်တော့လည်း နားလည်မှုလွဲနေတဲ့ အကြိတ်အခဲတွေ ပြေပျောက်ပြီး အိုကေသွားတာပါပဲ။

ကျနော်က ဘယ်သူ့ကိုမှ သာစေနာစေဆိုတဲ့ စိတ်မျိုး၊ အချစ်အမုန်းထားတဲ့ စိတ်မျိုးနဲ့ လုပ်နေတာမဟုတ်ပါ ဘူး။ ကိုယ့်တိုင်းပြည် အာဏာရှင်စနစ်အောက်က အမြန်လွတ်မြောက်ချင်တဲ့ စိတ်တခုတည်းနဲ့ လိပ်ပြာသန့် သန့် လုပ်နေတာမို့ လုံခြုံရေးဆိုတဲ့ကိစ္စကို ကျနော် မစဉ်းစားမိပါဘူး။ ရင်းနှီးသူတချို့ကတော့ ကျနော့်ကို သံခ မောက် မဆောင်းသေးဘူးလားလို့ နောက်ကြတယ်။ အဲဒီလိုနောက်တဲ့သူတွေကိုတော့ “ဘာကောင်မှ မဟုတ် တဲ့ ကျနော့်ကို ဘယ်သူက လက်အညောင်းခံပြီး လာရိုက်မှာလဲ” လို့ပဲ ကျနော် ဟာသနှောဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေက ကျနော့်ဘလော့ဂ်ကို ကြိုဆိုသလား မကြိုဆိုဘူးလား ဆို တာတော့ ကျနော် မသိပါဘူး။ နားလည်းမစွင့်မိပါဘူး။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြောရရင် ကိုရဲနွယ်မိုးက ဘယ်လိုပုဂ္ဂိုလ်တွေကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမားလို့ အသိအမှတ်ပြုထားသလဲ၊ ကိုရဲနွယ်မိုး အသိ အမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်တွေရှိရင် သူတို့ကို သွားမေးကြည့်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဆရာ့စီဘောက်ကလည်း အံဩစရာနော်။ အဲဒီစီဘောက်ကိုပဲ စောင့်ဖတ်နေကြသူတွေရှိ တယ်။ စီဘောက်အတွေ့အကြုံလည်း ပြောမှ ပြည့်စုံပါမယ်။

ဖြေ ။ ။ ကျနော့်စီဘောက်က တခြားမီဒီယာတွေ၊ ဘလော်ဂါတွေဆီမှာရှိတဲ့ စီဘောက်တွေထက် အတိုင်းအ တာတခုအထိ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ ဝေဖန်ခွင့် ပေးထားလို့ စိတ်ဝင်စားမှုပိုကြတာလို့ ထင်မိပါ တယ်။ ဒါပေမယ့် လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အများစိတ်အနှောင့်အယှက်ဖြစ်စရာ အရေးအသားမျိုး တွေ၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေတာမျိုးတွေ တွေ့ရလို့ ထိန်းချုပ်ကန့်သတ်ပေးရတာတွေ ရှိပါတယ်။ နအ ဖစစ်အုပ်စုဘက်က လူတွေရော၊ ဒီမိုကရေစီအင်အားစုဘက်က လူတွေရော၊ ဘယ်ဘက်ကမှ ဟုတ်ပုံမရဘဲ အပျော်ဝင်နောက်နေကြသူတွေရော လူပေါင်းစုံ ၀င်ရေးနေကြတာကိုး။

ဒါပေမယ့် ကျနော် ယုံကြည်တာတခုက ကျနော်တို့ ဒီမိုကရေစီဘက်တော်သား စီဘောက်အသုံးချသူတွေရဲ့ ပညာရေးရေချိန်၊ ယဉ်ကျေးမှုရေချိန်၊ နိုင်ငံရေးရေချိန် ပိုမြင့်လာတာနဲ့အမျှ ကိုယ့်အချင်းချင်း တိုက်ခိုက်မှုတွေ လျော့နည်းလာမယ်။ အာဏာရှင်စနစ်ရဲ့ အားနည်းချက်တွေကို ထိထိရောက်ရောက် ထောက်ပြဝေဖန် ဆွေး နွေးရေးသားလာကြမယ်ဆိုရင် စီဘောက်မှာ နအဖစစ်အုပ်စုဘက်တော်သားတွေ ၀င်ရောက်နှောင့်ယှက်တာ၊ အပျော်ဝင်နောက်တာမျိုးတွေ နည်းသွားမယ်။ စီဘောက်ရဲ့အနေအထားက အာဏာရှင်စနစ်ကို တိုက်ဖျက် ရာမှာ ထိရောက်တဲ့ လက်နက်တခု၊ ပြည်သူ့ဟစ်တိုင်တခုလို အားကိုးရတဲ့ အဆင့်မျိုးအထိ တက်လှမ်းလာ မယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒီအဆင့်အထိရောက်ဖို့ နည်းနည်းတော့ စိတ်ရှည်သည်းခံရပါမယ်၊ အချိန် စောင့်ရမယ်လို့ ထင်ပါတယ်။

မေး ။ ။ စာတွေ ဆက်ရေးနေတာလည်း တွေ့ရတယ်။ စာအုပ်ကလေးတွေလည်း တွေ့ရတယ်။ လုပ် ပါဦး အဲဒီအကြောင်း …။

ဖြေ ။ ။ စာတွေကတော့ ရေးဖြစ်ပါတယ်။ အဓိကကတော့ ဒီမိုကရေစီတိုက်ပွဲ ပြီးမြောက်အောင်မြင်ဖို့အတွက် ကိုယ်မြင်တဲ့ အိုင်ဒီယာလေးတွေကို အကြံပြုတဲ့သဘော ရေးဖြစ်တာများပါတယ်။ တခါတခါလည်း စိတ်ကူး ပေါ်ရင်ပေါ်သလို ရသနွှယ်တဲ့ ဆောင်းပါးလေး၊ အက်ဆေးလေး၊ ကဗျာလေး၊ ဟာသလေးတွေ ရေးဖြစ်ပါ တယ်။ ရေးဖြစ်သမျှလေးတွေကို ဖတ်ချင်သူတွေ တစုတစည်းတည်း ဖတ်လို့လွယ်အောင် ပီဒီအက်ဖ်ဖိုင်လေး တွေလုပ်ပြီး ဘလော့ဂ်မှာ တင်ထားဖြစ်ပါတယ်။ ဒီလောက်ပါပဲ။

မေး ။ ။ ရှေ့ ဆရာ ဘာတွေဆက်လုပ်မလဲ။ ဘလော့ဂါသမားပဲလား။ နိုင်ငံရေးသမား လုပ်တော့မှာ လား။ 

ဖြေ ။ ။ ဘလော့ဂ်အလုပ်ကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဆက်လုပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုး စားသွားမှာပါ။ ဘလော့ဂ်လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အခွင့်သင့်တုန်း ဘလော့ဂ်ကို တည်ဆောက်ပေးခဲ့တဲ့ ကိုဇင်မိုး (ကိုဈာန်) ကို ကျေးဇူးစကား ပြောကြားလိုသလို နည်းပညာပိုင်း အကူအညီလိုတဲ့အခါ မဆိုင်းမတွ အကူအညီပေးတတ်ကြတဲ့ စောလင်းကျော် (နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်)၊ ကိုထော်ကြီး (နေ့သစ်မီ ဒီယာ) နဲ့ ကိုသန်းထွဋ် (ဒေါင်းမာန်ဟုန်ဘလော့ဂ်) တို့ကိုလည်း ကျေးဇူးစကား ပြောကြားလိုပါတယ်။ ဒါ့အပြင် မေတ္တာနဲ့ စာမူရေးသားချီးမြှင့်ကြတဲ့ စာရေးသူတွေအားလုံး၊ ဖတ်ရှုအားပေးတဲ့ စာဖတ်ပရိသတ်အားလုံးကို လည်း မမေ့မလျော့ ကျေးဇူးစကား ပြောကြားလိုပါတယ်။

နိုင်ငံရေးသမားလုပ်မှာလားဆိုတဲ့ နောက်ဆုံးမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကျနော့်မှာ နိုင်ငံရေးကို လုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့ ပိုင်းဖြတ်ထားချက်ရှိပါတယ်။ နောက်ပြီး တော်တဲ့ ထက်မြက်တဲ့ နိုင်ငံရေးသမား ကောင်းတွေကို ကျနော် အားကျတယ်၊ လေးစားတယ်။ ဘာဖြစ်လို့ အားကျတာလဲ၊ ဘာဖြစ်လို့ လေးစားတာ လဲဆိုတော့ သူတို့က သူတို့လူ့အဖွဲ့အစည်း တိုးတက်မြင့်မားဖို့အတွက် ထိရောက်တဲ့ အလုပ်တွေ အများကြီး လုပ်ပေးသွားနိုင်ခဲ့ကြတာကို တွေ့ရလို့ အားကျတာပါ။ လေးစားတာပါ။

နောက်ပြီး စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ ဆောင်းပါးတပုဒ်ထဲက စကားတခွန်းကိုလည်း ကျနော် သဘောကျမိတယ်။ “ကိုယ်က အများအတွက် လုပ်ပေးချင်တယ်ဆိုရင် အာဏာကို တရားတဲ့နည်းနဲ့ ရအောင် ယူတတ်ရမယ်။ အာဏာရှိမှ ထိထိရောက်ရောက် ပိုလုပ်ပေးနိုင်မယ်” ဆိုတဲ့ စကားလေးပါ (စကားလုံးအတိအ ကျတော့ မဟုတ်ပါဘူး)။

ဒါပေမယ့် ကျနော် ဘယ်လိုပဲ ပိုင်းဖြတ် ပိုင်းဖြတ်၊ ဘယ်သူ့ကိုပဲ အားကျ အားကျ၊ လေးစား လေးစား၊ ဘ၀ဆို တာက ဆရာဦးသုခ ဆိုခဲ့သလို “ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ” ဆိုတာ မျိုးလည်း ရှိတတ်တော့ နိုင်ငံရေးသမားလုပ်မှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ငွေရောင်ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားပါလို့ ဖြေကြားလိုက်ပါရစေလား ကိုရဲနွယ်မိုးရေ …။ ကျေးဇူးပါနော်။ ။

ကျေးဇူးပါပဲဆရာ။
(မောက္ခပညာရေးမဂ္ဂဇင်းဝက်ဘ်ဆိုက်မှ ...)

- ဒေါက်တာလွဏ်းဆွေ (သို့မဟုတ်) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ (တတိယပိုင်း) click
- ဒေါက်တာလွဏ်းဆွေ (သို့မဟုတ်) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ (ဒုတိယပိုင်း) click
- ဒေါက်တာလွဏ်းဆွေ (သို့မဟုတ်) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ (ပထမပိုင်း) click

No comments: