Saturday, July 10, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၇-၂၀၁၀)

- ခိုက်ရန်ဖြစ်ပွားမှုကြောင့် အုန်းဖျန်ဒုက္ခသည်တဦး သေဆုံး၊ တဦး ဒဏ်ရာရ click
- ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား click
- မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ click
- လိုင်စင်မဲ့ကားများ သိန်းရာနှင့်ချီ အခွန်ဆောင်လျှင် လိုင်စင်ထုတ်ပေးမည် click
- မိုးနည်း၍ စပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရ click
- KSPP ပါတီထောင်ခွင့်ရရေး ကြန့်ကြာနေ click
- ခမောက်ကိစ္စ ကန့်ကွက်ခံရတဲ့ NDF မှတ်ပုံတင်ကျပြီ click
- အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှတ်ပုံတင်ခွင့်ရရှိ click
- ရွေးကောက်ပွဲနဲ့ အစိုးရသစ် click
- “သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်” (အင်တာဗျူး) click
- ဧရာဝတီ e-ဂျာနယ် အတွဲ (၂) အမှတ် (၁၃) ကို ဖတ်ရှုနိုင်ပါပြီ click
- အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင်မထူတဲ့ တောအုပ် - ဘရိုက်စ် ကင်ညန် (ခရီးသွားဆောင်းပါး) click
- ဂါဇာအတွက် ကူညီရေးသင်္ဘောကို သံတမန်နည်းအရ အစ္စရေး တားမြစ် click
- ကမ္ဘာ့ဖလား ချန်ပီယံအသစ် ဘယ်သူဖြစ်မလဲ click
- စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာ ဘာကြောင့်ကျော်ကြား၊ လူကြိုက်များလဲ click
- ၂၀၁၀ ရွေးကောက်ပွဲ မပါဝင်ကြရန် ရွှေလီမြစ်ဝှမ်းဒေသ၌ လျှို့ဝှက်စာဖြန့်ဝေ click
- ရွေးကောက်ပွဲ အသိအမှတ်မပြုရန် မလေးအမတ်များ အဆိုတင်သွင်းမည် click
- စစ်သားက အလုပ်သမားအဖွဲ့ဝင်ကို နုတ်ထွက်ခိုင်း click
- ကချင်ပြည်နယ် ဟိုပင်မြို့အနီး စစ်တပ်လက်နက်တိုက် ပေါက်ကွဲ click
- ကလေးစစ်သား မောင်ဝေယံမိုးကို ပြန်လည်ရရှိရန် မိဘများ ကြိုးစား click
- ကြံ့ခိုင်ရေးပါတီဝင်လျှင် အတိုးနည်းနည်းနှင့် ချေးငွေရ click
- အန်ဒီအက်ဖ်ကို ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြု click
- မိုးနည်း၍ စပါးစိုက်နောက်ကျ click
- ရာသီဥတုကြောင့် မိုးစပါး အထွက်လျော့နိုင် click
- ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ပန်းချီပြပွဲ ကျင်းပ click
- ဝါဒဖြန့်ရုပ်ရှင် ဝေဖန်မှုများပြား click
- မြန်မာပြည် ရုပ်ရှင်မင်းသမီးတွေ သရုပ်ဆောင်ကြေး ဘယ်လောက်ရကြသလဲ click
- မြန်မာသင်္ကြန် - ရင်စလီယာက ဇူလိုင်သင်္ကြန်နဲ့ မြန်မာမိသားစုများ (ဆောင်းပါး) click
- နည်းနည်းလေးတော့ လွဲနေတယ် (သရော်စာ) click
- အကြီးဆုံး စပိုင် လဲလှယ်မှုကြီး click
- တတိယလုပွဲ ဂိုးပြတ်မှာလား click
- အကောင်းဆုံး ဘောလုံးသမားဆု (ဘာသာပြန်ဆောင်းပါး) click

အပြည့်အစုံသို့...

သံလွင်တံတားဂိတ်ကြေးများ မြင့်တက်နေခြင်း (ပေးစာ)

Min Yan Naing

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ဂိတ်ကြေးများ အ ဆမတန် မြင့်တက်နေသည်ဟု သိရှိရပါသည်။ ယခင်က ရဲနှင့် စစ်တပ် (၂) ဖွဲ့တည်းရှိရာမှ ယခုအခါတွင် အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖွင့်လိုက်သဖြင့် ကားကြီး/ကားငယ်နှင့် မှန်လုံယာဉ်များ၏ ဂိတ်ကြေးများ မြင့်တတ်သွားရခြင်း ဖြစ်ကြောင်း၊ အဖွဲ့စုံတွင် စစစ၊ အကောက်ခွန်၊ လ၀က၊ SB၊ မူးယစ်၊ တပ်ထိန်း၊ BE တပ် စသည်တို့ဖြစ်ကြပါ တယ်။

သံလွင်တံတားမှာ မှောင်ခိုပစည်းများ ယခင်ကလို လွတ်လပ်စွာ မသွားရတော့သဖြင့် သွားချင်သည့် ကားများမှ အရင်ဆုံး တံတားတာဝန်ကျ ဗိုလ်ကြီး/ဗိုလ်လေးများနှင့် အရင်ဆုံး ညှိနှိုင်းကြရပါတယ်။ နောက် စစစ၊ အ ကောက်ခွန် စသည်ဖြင့် အဆင့်ဆင့် ညှိနှိုင်းပြီးမှသာ ဖြတ်သန်းလို့ရတော့ကြောင်းနှင့် ကြိုတင်ညှိထားခြင်းမရှိ သော ကားများမှာ ချက်ချင်းဖမ်းဆီးခြင်းခံရကြောင်း သိရှိရပါသည်။ ၄င်းတို့နှင့် အဆင်ပြေသည့် ကားများအား တံတားသို့ လာရမည့်အချိန်ကို ပေးလိုက်ကြောင်းနှင့် လူကြီးတယောက်ယောက် တံတားသို့ ရောက်နေပါက ကားအား ထွက်မလာရန် လာရောက်ပြောကြားပေးပါတယ်။

မှန်လုံတစီးကို အရင်က (၁) သောင်း၊ (၁) သောင်းခွဲလောက်သာ ကုန်ကျသော်လည်း အခုအခါ (၁) သိန်း၊ (၁) သိန်းခွဲခန့် ကုန်ကျနေပါတယ်။ ကန့်သတ်ကုန်တွေ ဖမ်းဆီးလိုက်တဲ့အတွက် ကရင်ပြည်နယ်က ဂိတ်ဆင်း ရတဲ့ ၀န်ထမ်းတွေ အရမ်းအဆင်ပြေနေကြကြောင်း၊ ဒါပေမယ့် တံတားကအပြန် လူကြီးတွေကို ပေးရတဲ့ ကြေးတွေ လည်းများကြောင်း တံတားတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

ကုန်သည်တဦးကလည်း “အဖွဲ့စုံဆိုတော့ အားလုံးကို လိုက်ညှိရတယ်လေ။ ဂိတ်ကြေးအပြင် အရက်မှာတဲ့လူ၊ အင်္ကျီမှာတဲ့လူ၊ ဟိုဟာမှာ ဒီဟာမှာတွေလလည်း ၀ယ်ပေးရသေးတယ်၊ အရက်ကလည်း ဈေးပေါတာ ၀ယ်ပေး လို့မရဘူး၊ အဲဒါတွေပါ ပေါင်းလိုက်ရင် ကုန်ကျစရိတ်က မနည်းဘူးလေ။ လူကြီးနဲ့ နီးစပ်တဲ့ ၀န်ထမ်းများ ဂိတ် ဆင်းရင် ပိုလုပ်ပေးရတယ်လေ။ နောက်ပြီး ပြည်နယ် ဒ/န၊ ခရိုင်ဒ/န တွေကိုလည်း အခုဆို ပိုပေးနေရသေး တယ်။ သူတို့ကလည်း မြို့ထဲမှာ လျှောက်ကြည့်နေကြတယ်လေ” လို့ ရှင်းပြပါတယ်။

အခုလို ကုန်ကျစရိတ်များတဲ့အတွက် ကုန်ဈေးနှုန်းတွေ ကြီးမြင့်သွားပြီး နောက်ဆုံးတော့ သာမာန်ပြည်သူတွေ သာ ခါးစည်းခံနေရကြောင်း သိရှိရပါတယ်။

Min Yan Naing

အပြည့်အစုံသို့...

ပြောင်းလဲချင်စိတ်သာ ပဓာနပါ

မောင်ဂဒိုး

စကြာဝဠာကြီးအတွင်းမှာ အရာခပ်သိမ်း ဖြစ်ပျက်ပြာင်းလဲနေကြတာပါ။ လူ့လောကနဲ့ လူမှုဘဝတွေဟာလည်း တည်မြဲတယ်ရယ်လို့မရှိ၊ အစစ ဖြစ်ပျက်ရွေ့လျော ချုပ်ငြိမ်းပျောက်ကွယ်နေကြပါတယ်။ အတည်မကျတဲ့ လောကသဘာဝပါ။ တရွေ့ရွေ့ဖြစ်စဉ်ဆိုတော့ ပြောင်းလဲတယ်လို့ မမြင်နိုင်ဘူး။ တည်မြဲနေတယ်လို့ ထင်ကြ တယ်။ ပျက်နေတာမြင်နေလျက်နဲ့ပဲ ရက်တွေကြာတယ်လို့ထင်တယ်။ မျက်စေ့တမှိတ် ခေါင်းတညိတ်အတွင်း မှာ မလိုချင် မမြင်ချင်တာအားလုံး ဘုံးဘုံးလဲကွယ်ပျောက်စေချင်ကြတယ်။ ပုထုဇဉ်များရဲ့သဘာဝပါပဲ။

ဖြစ်စေချင်တာအားလုံး ဖြစ်မလာရသေးတာကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု လျော့နည်းနေသေးလို့ ဖြစ် ရင်ဖြစ်၊ ဒါမှမဟုတ် အချိန်မကျသေးလို့။ အစွမ်းကုန် ကြိုးစားအားထုတ်ပြီးရင်တောင် အခြေအနေပြောင်းလဲဖို့ အတွက် ရင့်မှည့်တဲ့အချိန်အခါကို စောင့်ရပါတယ်။ ဘေးပယောဂဆိုတာ အနည်းအကျဉ်းပဲဆိုင်ပါလိမ့်မယ်။ လူ့ အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ့ကိစ္စဆိုရင်လည်း လူအများစု ကိုယ်စီတာဝန်ကျေပြွန်မှုရှိဖို့ လိုအပ်ပါတယ်။ “လူ မှုတော်လှန်ရေးတခု ဆင်နွှဲအောင်မြင်တယ်ဆိုတာ လူ့အဖွဲ့အစည်းတခုလုံး ပူးပေါင်းပါဝင်ကြလို့” လို့ သမိုင်းမှာ ဆိုပါတယ်။

ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းက “တော်လှန်ရေးအောင်မြင်ဖို့ အခြေခံက တော့ လူထုကြီးရဲ့နိုးကြားထကြွမှု၊ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲ ဆိုတဲ့အပေါ်မှာတည်ပါတယ်” လို့ပြောခဲ့ပါတယ်။ ဒါ့ကြောင့် အရည်အချင်းရှိရုံမက တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ဘဝနဲ့ အသက်ကိုတောင် ပေးအပ်ထားကြ တဲ့ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင်တွေ ရှိနေပါလျက်နဲ့ ရည်မှန်းချက်ပန်းတိုင် မရောက်ရသေးတာ ဟာ ပြည်သူလူထုအတွင်းမှာ လိုအပ်ချက်တွေ ရှိနေသေးလို့ ဒါမှမဟုတ် အချိန်မကျသေးလို့ ဆိုတဲ့သဘောပါ ပဲ။

တဦးတယောက် တသင်းတဖွဲ့ အားနည်းညံ့ဖျင်းလို့၊ ခေါင်းဆောင်လုပ်တဲ့သူ တာဝန်မကျေပြွန်လို့ ... စသဖြင့် တော့ ယူဆလို့ရမယ်မထင်ပါဘူး။ အတိတ်မှာ အန်အယ်လ်ဒီခေါင်းဆောင်အချို့ရဲ့ အားနည်းချက်၊ ချို့ယွင်း ချက်တွေ ရှိခဲ့ပေမယ့် အဲဒါဟာ ပြည်သူလူထုလက်ထဲကို အာဏာမရောက်ရသေးတာရဲ့ အဓိကတရားခံလက် ညှိုးထိုးစရာတော့ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့အခါတိုင်း၊ အခြေအနေက တောင်းဆိုတဲ့အခါ တိုင်း၊ မတရားတဲ့ အုပ်ချုပ်မှုကို တော်လှန်ဆန့်ကျင်ခဲ့ကြတာတွေကိုထောက်ရှုရင်တော့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များနဲ့ ကျောင်းသားပြည်သူ၊ သံဃာတော်များပါမကျန် အားလုံးတာဝန်ကျေပြွန်ကြတယ်လို့ ယေ ဘုယျအားဖြင့် ဆိုရပါမယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒပေးသူ ၈၀ % ကျော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးထောက်ခံခဲ့ကြတာမို့ ပြည်သူတွေ နိုင်ငံရေးအသိ နိုးကြားတက်ကြွမှုမှာလည်း နောက်တန်းမကျဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အနှစ် (၂၀) ကျော်ကြာတဲ့တိုင် ပြည်သူတွေလက်ထဲ အာ ဏာရောက်မလာနိုင်သေးတော့ ပုထုဇဉ်သဘာဝ အကြောင်းပြစရာ လက်သည်တရားခံ ရှာချင်လာကြတယ်။ တကယ်တော့ အရွေးကောက်ခံထားရတဲ့ အစိုးရရှိပါလျက်နဲ့ အာဏာလွှဲမပေးတဲ့ အဆင့်မရှိ အောက်တန်းကျ လှပြီး ညစ်ပတ်စုတ်ပဲ့တဲ့ နအဖမှတပါး ဘယ်သူ့ကိုမှ လက်ညှိုးထိုး အပစ်ဆိုဖို့မရှိပါ။

ဒါကြောင့် တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ အမြင်အယူအဆ လုပ်နည်းလုပ်ဟန် နည်းဗျူဟာ ဘယ်လိုပင် ကွာခြားနိုင် ပေမယ့် အခြေခံအကြောင်းတရား မဟာဗျူဟာအနေနဲ့ကတော့ “အရည်အချင်းမရှိ၊ လူချင်းမတူတဲ့ အစိုးရ” ဖြစ်တဲ့ နအဖကို တွန်းလှန်ဖြိုဖျက်ဖို့သာလျှင်ဖြစ်တယ်။ နအဖလုပ်သမျှ ပြည်သူအကျိုးပါတာမဟုတ်လို့ နအဖ ရဲ့ မတရားတဲ့ ဥပဒေ၊ မတရားတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတရပ်လုံးက အမြဲဆန့်ကျင်နေဖို့ လိုပါတယ်။ ဒါဟာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတိုင်းရဲ့အနိမ့်ဆုံးတာဝန်ပါ။ ဒီတာဝန်ကို လက်တွေ့ထမ်းရွက်ရမယ့်အချိန် မကြာခင်ရောက်လို့လာတော့မှာဖြစ်ပါတယ်။

နအဖလုပ်ရပ် မှန်လိမ့်နိုးနိုး ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်တာ၊ စောင့်ကြည့်ဖို့လိုပါတယ် စသဖြင့် ပြောတာတွေ ဟာ ငုံးကလေးများ အမြီးပေါက်နိုးနိုးနဲ့ စောင့်ကြည့်နေရသလိုမျိုးမို့ အချိန်ဖြုန်းတီးမှုသက်သက်ပဲဖြစ်ပါတယ်။ အမှားအမှန် ဝေခွဲမရသူတွေ၊ အခွင့်အရေးမျှော်သူတွေ၊ ပြည်သူလူထုအရေး သစ္စာဖောက်သူတွေရဲ့ အလုပ် သာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနဲ့ မှန်ကန်တဲ့ ခေါင်းဆောင်များအဖို့ကတော့ ပြည်သူ လူထုထဲဝင်ရောက်ပြီး ထိထိရောက်ရောက် ပညာပေး စည်းရုံးလှုပ်ရှားရမယ့် အချိန်ပါ။ ဒီမိုကရေစီအရေးမှာ ပြည်သူတွေဘက်ကလည်း အမှန်တကယ် တာဝန်ကျေပြွန်ပါတယ် ဆိုတာကိုတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ သာ မှတ်ကျောက်တင်ရမှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အစိုးရကို ပြည်သူလူထုက မကြောက်မရွံ့ ဘယ်လောက်အထိ ဆန့်ကျင် အာခံနိုင်မလဲ ဆိုတာကိုပြဖို့ စိန်ခေါ်တဲ့ပွဲလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တပြည်လုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကြောင်း ပြသနိုင်တဲ့ အခွင့်အရေးမို့ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဥပဒေ ဘောင်အတွင်းက မိမိရဲ့ရပိုင်ခွင့်ဖြစ်တဲ့ မဲမပေးပဲနေခြင်းအားဖြင့် နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ ကြောင်း ဖော်ပြဖို့လိုအပ်ပါတယ်။ သေနတ်ပြောင်းဝကို ရင်ဆိုင်စရာမလိုဘဲ၊ တရားဥပဒေကို ဆန့်ကျင်စရာမလို ဘဲ မိမိရဲ့မလိုလားမှုကို ဥပဒေဘောင်အတွင်းက အေးအေးဆေးဆေး ပြသနိုင်တဲ့ အခွင့်အရေးပါ။

လက်ဝယ်ရောက်လာတဲ့ ဒီတာဝန်ကိုကျေပြွန်မှသာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို တကယ်လိုချင် ကြောင်း၊ ထိုက်တန်ကြောင်း၊ ပြည်သူတွေဘက်က လိုအပ်ချက်မရှိကြောင်း ပြသရာရောက်မှာပါ။ ဒီလိုမှမ ဟုတ်ဘဲ ပါးစပ်က ဟောင်ဖွာဟောင်ဖွာ ပြောရုံနဲ့တော့ နအဖက အိပ်ရေးပျက်တယ်လို့ပဲ သဘောထားမှာ၊ အ ရေးလုပ်မှာမဟုတ်ပါဘူး။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကိုတောင် ဂရုမစိုက်ဘူးဆိုတာ နေအိမ်အကျယ်ချုပ်ကျ ခံနေရသူတွေ၊ နှစ်ရှည်ထောင်ကျခံနေရသူတွေက သက်သေခံနေပါတယ်။

နအဖဟာ အာဏာကို ရာသက်ပန်ဆုတ်ကိုင်ထားနိုင်ဖို့အတွက် စီမံကိန်းချဆောင်ရွက်နေတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းလို့ရတဲ့ ဒေါ်လာငွေတွေကို နိုင်ငံခြားမှာ ခိုးဖွက်ထားတယ်။ အာဏာကို ချုပ်ကိုင် ထားတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများနဲ့ အစိုးရရုံးများကို ပျဉ်းမနားကြပ်ပြေးကို ရွှေ့ပြီး နေပြည်တော်ရယ်လို့ မြို့သစ်တည် အခန့်သားနေတယ်။ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံနဲ့ လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကပိုင် လုပ်သလိုလိုနဲ့ သူတို့နဲ့ အလွမ်းသင့်ရာ ခေတ်ပျက်သူဌေးတွေနဲ့ ဝိသမလောဘသား ဘိန်းဘုရင်တွေဆီ ထိုး အပ်တယ်။ အကုန်ကျများလှတဲ့ မြေအောက်လိုဏ်ခေါင်းများကို ပြည်သူအကျိုးမပါဘဲ သူတို့ပုန်းခိုရှောင်ရှားဖို့ အတွက် ဖောက်လုပ်ထားတယ်။ ငွေကုန်ကြေးကျသာမက အန္တရာယ်ပါများလှတဲ့ နျူကလီးယားလက်နက်စီမံ ကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်။

ဒီတော့ သဘောမတူဆန့်ကျင်ကြောင်း လမ်းထွက်ဆန္ဒပြ အော်နေရုံနဲ့တော့ နအဖက အာဏာလွှဲအပ်ပြီး ဆင်း ပေးလိမ့်မယ်မဟုတ်ဘူး။ နေရာတိုင်းမှာ တတ်နိုင်သမျှ ပြည်သူလူထုက အာခံဆန့်ကျင်နေမှ သူတို့လုပ်ရပ်ကို ဟန့်တား နှောင့်ယှက်ရာ၊ သူတို့ယန္တရားကို ဖြိုဖျက်ရာ၊ သူတို့ကို ဖိအားပေးရာရောက်မှာပါ။ အဆိပ်မရှိရေမြွေ လို တုံ့ပြန်တတ်တဲ့ အကျင့်မရှိဘဲ၊ ယုံကြည်ချက်မရှိ ကိုယ်ကျိုးလိုတဲ့အခါတိုင်းလည်း လက်နောက်ပစ် ခေါင်းငုံ့ ပြီး ကပ်ပါးရပ်ပါး လုပ်တတ်တဲ့ ပြည်သူတွေများနေလို့ကတော့ ဒီမိုကရေစီအရေးဟာ ရွှေပြည်တော်မျှော်တိုင်း ဝေး ဖြစ်နေလိမ့်မယ်။ ဒီပြည်သူတွေ သတ္တိရှိရှိ ဆန့်ကျင်အာခံနိုင်ဖို့ကိုတော့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ များနဲ့ နိုင်ငံရေးပါတီ၊ အဓိက NLD ပါတီတို့က ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုံ့ဆော်ပညာပေးရမှာဖြစ်ပါတယ်။
တကယ်တော့ ပြည်သူကိုကိုယ်စားပြုတဲ့ ပြည်သူ့ပါတီတရပ်ဟာ ပြည်သူထဲမှာရှိနေရမှာပါ။

ဒါမှ မိမိရဲ့ရပ်တည်ချက်ကို ပြည်သူလူထုထံ အမြဲတမ်းချပြပြီး ပြည်သူလူထုရဲ့လိုအပ်ချက်ကိုလည်း နားစွင့် ဖြည့်ဆည်းပေးနေနိုင်တာမို့၊ ပြည်သူလူထုရဲ့အသည်းနှလုံးကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိမှာပါ။ မိမိခေါ်ဆောင်ရာ နောက်ကို ပြည်သူလူထု ထပ်ချပ်မကွာ လိုက်ပါလာနှိုင်မှာပါ။ ဒါမှ ပြည်သူ့အာဏာပိုင်စိုးတဲ့ ပြည်သူ့အစိုးရဖြစ် လာမှာပါ။ အခုအချိန်ဟာ NLD အဖို့ “တိုင်းချုပ်ထားတဲ့ ကမ္ဗလာ မိုးရွာတာနဲ့ အတော်ပဲ” ဆိုသလို နအဖရဲ့ ကျေးဇူးတော်ကြောင့် လူထုကြားကို အလိုလိုရောက်သွားပါပြီ။

နိုင်ငံရေးပါတီထောင်ပြီး စည်းရုံးရတာကမှ တကူးတက ဆန်နေသေးတယ်။ လူထုလိုအပ်ချက်တွေ ဖြည့်ဆည်း ပေးရင်း၊ လူထုအသံ နားထောင်ရင်းနဲ့ လုထုကို စည်းရုံးပညာပေး၊ နိုင်ငံရေးအသိမြှင့်တင်ပေး စတဲ့အလုပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရမှာဖြစ်တယ်။ ဒါတွေဟာ အခြေခံအကျဆုံးနဲ့ အလုပ်သင့်ဆုံး နိုင်ငံရေး အလုပ်ပဲဖြစ်တယ်။ ပြည်သူလူထု နိုင်ငံရေးအသိမြင့်မားမှသာ ကိုယ်စီတာဝန်ယူမှုကြီးမားပြီး နအဖကို မြန်မြန် ဖြိုလှဲနိုင်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို မြန်မြန်ရောက်မှာ၊ ရရှိပြီးသား ဒီမိုကရေစီတည်တန့်ခိုင်မြဲမှာဖြစ်ပါတယ်။

ယုတ်မာပက်စက်တဲ့ နအဖကို တော်လှန်ဆန့်ကျင်ရာမှာ ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး တရားပါတယ်။ လူစု လူဝေး အုံနဲ့ကျင်းနဲ့ လမ်းပေါ်ထွက်ဆန္ဒပြ တိုက်ပွဲဖော်တဲ့နည်းနဲ့လည်း ဆန့်ကျင်နိုင်ပါတယ်။ ဒါပေမယ့် နအဖ က ရက်စက်ယုတ်မာလွန်းတော့ ထက်မြက်ပြီး စွန့်လွှတ်စွန့်စားတဲ့ ခေါင်းဆောင်တွေ ဆုံးရှုံးရတာ၊ နေအိမ်အ ကျယ်ချုပ်ကျခံရာကနေ၊ နှစ်ရှည်ထောင်ဒဏ်ကျခံရာကနေ၊ ပြန်လွတ်မြောက်အောင်တောင် ဘယ်သူမှလုပ်မ ပေးနိုင်သေးတာကြောင့်မို့၊ ဒီနည်းကိုချည်း ထပ်ခါကျင့်သုံးဖို့ဆိုတာ လက်တွန့်စရာဖြစ်လာပါတယ်။

တကယ်တော့လည်း အာဇာနည် လူနည်းစုလေးရဲ့အားကိုချည်း အသုံးချအားကိုးမနေသင့်ဘဲ လူထုအားကို တွင်တွင်ကျယ်ကျယ် အသုံးချနိုင်အောင် ကြိုးစားအားထုတ်တာ၊ နအဖကို လူထုက လုပ်ငန်းခွင်တိုင်းမှာ ကျယ် ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုမျိုးပြုလုပ်အောင် စည်းရုံးလှုပ်ရှားတာ ... စတာတွေကသာ အထိရောက်ဆုံးနဲ့ အမှန် ကန်ဆုံးပါ။

လူထုအားကို ထိရောက်အောင် အသုံးချနိုင်မှု နည်းသေးလို့သာ၊ တနည်းအားဖြင့် ပြည်သူလူထု ကိုယ်စီတာဝန် ယူမှု နည်းနေသေးလို့သာ အာဇာနည်ပုဂ္ဂိုလ်များရဲ့ ပေးဆပ်ရမှုဟာလည်း များနေတာလို့ ယူဆမိပါတယ်။ လူ တိုင်းလူတိုင်းဟာ မဟုတ်တာမမှန်တာကို မလုပ်ကိုင်ရုံသာမက အားပေးထောက်ခံမှုလည်းမရှိဘူးဆိုရင် မ ဟုတ်တာတွေနဲ့သာ လုံးထွေးရစ်ပတ်နေတဲ့ နအဖ ဘယ်လိုလုပ်ပြီးတည်မြဲနိုင်မလဲ။ အာဇာနည်ပုဂ္ဂိုလ်ဆိုတာ လူအများအတွက် အနစ်နာခံဆောင်ရွက်ဖို့ ဖြစ်ထွန်းလာရတာပါလို့ ဆိုချင်ရင်ဆိုနိုင်ပေမယ့် ကိုယ့်သွေးသား ဆိုတဲ့အနေမျိုးနဲ့ စဉ်းစားကြည့်မယ်ဆိုရင် စာနာစိတ်တွေပေါ်လာပြီး သူတို့ထမ်းရွက်တဲ့ တာဝန်တွေကို မျှဝေ ယူချင်စိတ်တွေ ဖြစ်ပေါ်လာမှာ အမှန်ပါပဲ။

ဒါကြောင့် အန်အယ်လ်ဒီပါတီအနေနဲ့ ပြည်သူလူထုအတွင်းမှာ စာနာစိတ်နဲ့အတူ အမှန်တရားကို မြတ်နိုးစိတ်၊ နိင်ငံအကျိုးသယ်ပိုးလိုစိတ် ... စတာတွေ ဖြစ်ထွန်းလာအောင် ပညာပေးစည်းရုံးလှုံ့ဆော်ဖို့ အလွန်လိုအပ်ပါ တယ်။ လူထုကိစ္စတွေဆောင်ရွက်ရင်းနဲ့ လူထုကြားထဲရောက်သွားရတာဟာ “ချိန်ခါအသင့် ပန်းနှယ်ပွင့်” ဆို သလို အချိန်ကိုက်ဖြစ်ပေါ်လာတာပါ။ သဘာဝတရားကိုက ရှောင်လွှဲလို့မရတဲ့နည်းနဲ့ ပို့ပေးလိုက်တာမို့ သမိုင်း ပေးတာဝန်လို့ သဘောထားပြီး လက်လွှတ်မခံဘဲ ထိထိရောက်ရောက် ဆောင်ရွက်သင့်လှပါတယ်။

ဖြစ်ထွန်းလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ်ဆိုရင် ပြည်သူလူထုဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နိုင်လာကြပါလိမ့်မယ်။ မတရားမှု၊ အကျင့်ပျက်ချစားမှုတွေ ပြွမ်းတည်းနေတဲ့ နအဖ ဒေါက်တိုင် ဝန်ထမ်းဘဝကကို စွန့်လွှတ်နိုင်လာကြပါလိမ့်မယ်။ စစ်မှုထမ်းများထဲက သေနတ်ပြောင်းဝကို စစ် ဗိုလ်ချုပ်ကြီးများဘက်ကိုလှည့်မယ့် သူရဲကောင်းစစ်သည်များ ပေါ်ထွန်းလာပါလိမ့်မယ်။ နအဖကို ရပ်တည်လို့ ရအောင် ပံ့ပိုးဝန်းရံနေတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ခေတ်ပျက်သူဌေး ဝိသမလောဘသား များကို ရွံရှာဆန့်ကျင်လာကြပါလိမ့်မယ်။ နအဖ ကမကထပြု ဆောင်ရွက်တာမှန်သမျှ ဘောလုံးပွဲအစ ရာသီ အလိုက်ကျင်းပတဲ့ ပွဲလမ်းသဘင်အလယ်၊ ကတ္တရာခင်း လမ်းပြင်တာအဆုံး အားလုံး ကျီးနှင့်ဖုတ်ဖုတ် ဆိုသလို ဖြစ်လာပါလိမ့်မယ်။

ပြည်သူက အအုပ်ချုပ်မခံသမျှ ဘယ်အစိုးရမှ မတည်မြဲနိုင်ပါဘူး။ လမ်းပေါ်ထွက်ဖို့မလိုပါဘူး။ တဦးချင်းဆီ မိမိ အခွင့်အရေးရှိသလောက် မတရားတဲ့ ဥပဒေအမိန့်ဟူသမျှ အာခံဆန့်ကျင်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြည်သူကြားမှာ နအဖကို အမှန်တကယ် ဆန့်ကျင်ပြောင်းလဲပစ်လိုတဲ့ စိတ်မျိုး ဖြစ်ပေါ် လာအောင် ထိထိရောက်ရောက် မျိုးစေ့ချပေးဖို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်။

မောင်ဂဒိုး

အပြည့်အစုံသို့...

အနုပညာနှင့် အကဲဖြတ်ခြင်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၆)
အနုပညာနှင့် အကဲဖြတ်ခြင်း
ဒေါက်တာလွဏ်းဆွေ

အနုပညာလက်ရာမွန်များကို စိတ်ကူးဖန်တီးရာတွင် စက်ရုံထုတ်ပစ္စည်များကဲ့သို့ ဗုံးပေါလအော ထုတ်လုပ်ရန် မလွယ်ကူမှန်း အနုပညာကို အမြတ်တနိုး လေ့လာလိုက်စားသူတိုင်း နားလည်သဘောပေါက်ကြသည်သာဖြစ် ၏။ ဝေါဟာရတခု၊ ၀ါကျတကြောင်း၊ စာတပိုဒ်မှသည် စာတပုဒ်၊ ရုပ်ရှင်တကားဖြစ်လာသည်အထိ စာပေလည်း စာပေအလျောက်၊ ဂီတလည်း ဂီတအလျောက်၊ ရုပ်ရှင်လည်း ရုပ်ရှင်အလျောက် အားထုတ်နှစ်မြှုပ်ရမှု အတိမ် အနက်အမျိုးမျိုး ရှိကြမည်ဖြစ်၏။

ဖန်တီးသူ အနုပညာရှင်တို့သည် သူတို့၏ စိတ်အာရုံတွင် (အခြေအနေ၊ အချိန်အခါ၊ နေရာဒေသအလိုက်) ဖြစ် တည်နေသော ခံစားမှုများအပေါ် မူတည်၍ စိတ်ကူးဖန်တီးကြသည်ဖြစ်ရာ လူအမျိုးမျိုး စိတ်အထွေထွေ ဆို သည့်အတိုင်း ဖန်တီးသူ တဦးတည်းမှ ထွက်ပေါ်လာသော အနုပညာလက်ရာများသည်လည်းကောင်း၊ ဖန်တီး သူအသီးသီးမှ ထွက်ပေါ်လာသော အနုပညာလက်ရာများသည်လည်းကောင်း (စက်ရုံထွက် ပစ္စည်းများကဲ့သို့ ပုံစံတူမဖြစ်နိုင်ဘဲ) အမျိုးမျိုး ကွဲပြားခြားနားနေကြမည်သာဖြစ်၏။

ထိုပုံစံတူမဟုတ်သော အနုပညာလက်ရာများကို ခံစားကြသည့်သူများကလည်း မိမိတို့ အခံ (ပညာအရည်အ ချင်း၊ ဘ၀အတွေ့အကြုံ၊ လေ့လာမှုအား) ရှိသလောက် စိတ်ကြိုက်ခံစားကြသည်သာဖြစ်သည်။ ခံစားပုံ၊ ခံစား နည်းချင်း မတူညီနိုင်သည့်အလျောက် တဦးနှင့်တဦး အကြိုက်ချင်းလည်း တူညီနိုင်ကြမည်မဟုတ်ပေ။

ထိုသို့ အမျိုးမျိုးအဖုံဖုံ ကွဲပြားစွာ ခံစားရနိုင်သည့်အတွက် မိမိတဦးတည်း၏ ခံစားရမှု၊ မရမှုအပေါ်တွင် အနုပ ညာလက်ရာများကို ‘ကောင်း၊ သင့်၊ ညံ့’ ဟု အလွယ်တကူ အကဲမဖြတ်ဘဲ ကြိုက်၏၊ မကြိုက်၏ဟု အကျိုးအ ကြောင်းနှင့်တကွ ပြောဆိုအကဲဖြတ်ခြင်းက ဖန်တီးသူအနုပညာရှင်တို့၏ ကြိုးစားအားထုတ်မှုအပေါ် ကိုယ်ချင်း စာရာရောက်သလို ပို၍လည်း သဘာဝကျသည်ဟု ထင်မိပေသည်။

အထူးသဖြင့် အများပိုင် စာမျက်နှာများပေါ်တွင် ဝေဖန် အကဲဖြတ် ရေးသားနေကြသူများက ပို၍ ချိန်ချိန်ဆဆ ပြောဆိုရေးသားသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် စိတ်သည် ဆန်းကြယ်ထွေပြားသည့်အလျောက် စိတ် အလှပစ္စည်းများဖြစ်သည့် အနုပညာလက်ရာများသည်လည်း ခံစားသူအပေါ်တွင် မူတည်၍ အရောင်အမျိုးမျိုး လဲ့နေသည်ဖြစ်ရကား ထောင့်တခုတည်းမှ အလွယ်တကူ အကဲဖြတ်၍ မပြည့်စုံနိုင်ဟု ထင်မြင်မိသောကြောင့် ဖြစ်ပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၁ ခုနှစ်)

အပြည့်အစုံသို့...

Friday, July 9, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၉-၇-၂၀၁၀)

- စစ်အစိုးရကို စုံစမ်းစစ်ဆေးသင့်ပြီဟု ကုလအထူးကိုယ်စားလှယ်ဟောင်း ရေးသား click
- ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည် click
- ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို သွားမည် click
- ပြင်းထန်စွာ နှိပ်စက်ခံရသည့် အယ်ဒီတာက သက်ဆိုင်ရာ တိုင်ကြား click
- ကြွက်များ နေပြည်တော်မှ အုပ်လိုက် ပြောင်းရွှေ့နေ click
- နေပြည်တော်တပ်များ ပလိပ်ရောဂါ ကူးစက် click
- ပုလိပ်ရောဂါအန္တရာယ် ဘယ်လောက်အထိ စိုးရိမ်စရာရှိပါသလဲ click
- ဝန်ကြီး ဦးသောင်း သတ်မှတ်ပေးသည့် ကားခ ကျောင်းသားများ တတ်နိုင်မည်မဟုတ် click
- တက္ကသိုလ်ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်ရခြင်းဖြစ် click
- သေဆုံးသူများအတွက် နစ်နာကြေးကို တာဝန်ရှိသူများ ဖြတ်စား click
- သာစည်ဘူတာမှာ စုဆောင်းခံရတဲ့ ကလေးစစ်သား ပြန်လွတ်မြောက် click
- မြန်မာ့စစ်တပ်တွင်း ကလေးစစ်သားများ ရှိနေ (ရုပ်သံ) click
- ရောင်းစားခံရ မြန်မာတိုင်းရင်းသူများ click
- နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ သွားရောက် တွေ့ဆုံ (ဓာတ်ပုံမှတ်တမ်း) click
- မဲပေးနိုင်မည့် လူဦးရေစာရင်း ရန်ကုန်တိုင်းမှာ စတင်ပြုစု click
- ကျောင်းဆရာ၊ ဆရာများ မဲပေးသူစာရင်း ပြုစုရ click
- မြန်မာရွေးကောက်ပွဲ အီတလီ မျက်ခြေမပြတ် စောင့်ကြည့်နေ click
- ဆင်ဆာဘုတ် အကြီးအကဲသစ်က စည်းကမ်းသစ်များ တိုး (ရုပ်သံ) click
- ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၊ လူအသေအပျောက်ရှိ click
- ရခိုင်ရေဘေးအတွက် မူဆလင်စီးပွားရေးသမားများ သိန်းရာချီ၍ အကူအညီပေး click
- ထိုင်း-မြန်မာ နယ်စပ်ကူးတံတား ရုတ်တရက် ပိတ် click
- ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေးတံတားကို မြန်မာဘက်က (၈) နာရီကျော်ကြာ ပိတ် click
- မြန်မာနိုင်ငံမှာ လာလုပ်ကြဖို့ ပြည်တွင်း NGO တိုက်တွန်း click
- ဘတ်စကားစီး မိန်းကလေးတွေအတွက် အန္တရာယ် click
- ရခိုင်ဘုရား ပြုပြင်မှု စည်းကမ်းတိုး (ရုပ်သံ) click
- အချိန်နှင့် ချိန်စက်၍ ရသည့်မေတ္တာ (သို့မဟုတ်) သားပြန်လာရင် ပေးလိုက်ပါ (စာအုပ်စင်) click
- စာအုပ်စင်- ကဗျာပေါင်းချုပ် (ဒဂုန်တာရာ) (ရုပ်သံ) click
- အမေရိကန်နဲ့ ရုရှား သူလျှို (၁၄) ဦး ဗီယင်နာမြို့မှာ ဖလှယ် click
- တောင်ကိုးရီးယား စစ်သင်္ဘောနစ်မြုပ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ click
- တောင်ကိုရီးယားစစ်သင်္ဘော နှစ်မြှုပ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ click
- သန့်စင်တဲ့ စွမ်းအင် တိုးမြှင့်ထုတ်ရေး သမ္မတ အိုဘားမား တိုက်တွန်း click
- လူ့ခန္ဓာကိုယ် ပဋိပစ္စည်းကနေ အေ့ဒ်စ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ အလားအလာရှိ click
- ရေဘဝဲဟောကိန်း စပိန်နိုင်မည် click
- ခလရ (၃၈၉) ခဲယမ်းတိုက်ပေါက်ကွဲ click
- မုံရွာတွင် ဘုန်းတော်ကြီးကျောင်းများ လုံခြုံရေး ချထား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပင်စင်စားသမားများ အဓိဌာန်ဝင် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှုရေးအသွင်ဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းများ click
- ကလေးစစ်သား လွှတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး click
- မြန်မာ့ရွေးကောက်ပွဲ ရှုတ်ချရန် မလေးအစိုးရကို တိုက်တွန်းမည် click
- နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့် ဘာမှမရှိ click
- ရွေးကောက်ပွဲ ဥပဒေကြောင့် ပါတီများ ပူးပေါင်းရန်ပြင် click
- ငါးပါတီ မဟာမိတ်ဖွဲ့၍ ရွေးကောက်ပွဲ နိုင်ရန်ပြင် click
- ကြံ့ဖွံ့နှင့် တစညကို အဓိကထား ပြိုင်မည်ဟု ဦးသုဝေ ပြော click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ ပေးဝေနေ click
- ဦးတေဇသား လျှောက်ထားချက် ဥရောပ သမဂ္ဂ ပယ်ချ click
- တပ်ရင်းမှူး စိတ်ကောက်၍ ဘုရားသုံးဆူဂိတ် ပိတ် click
- ဗီယက်နမ် ဘဏ်ခွဲ ဖွင့်ခွင့်မရ click
- တရုတ်မဟာဗျူဟာနဲ့ မြန်မာ (သုံးသပ်ချက်ဆောင်းပါး) click
- ရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်ရမယ့် ကိစ္စ (ဆောင်းပါး) click
- အကျဉ်းတံခါး ဘယ်အခါ ပွင့်ပါမယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) click
- ဒုက္ခများကြားက ရုန်းထွက်နိုင်ပါစေသား (အယ်ဒီတာ့အာဘော်) click
- လေဆန်မှာ မြားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက် (ဆောင်းပါး) click
- သောကြာစကားဝိုင်း (ဇူလိုင် ၉၊ ၂၀၁၀) click
- အလုပ်သမားချည်းပဲ ဥပဒေလိုက်နာရမယ်ဆိုရင် တရားမျှတမှု မရှိဘူး (တွေ့ဆုံမေးမြန်းခန်း) click

ကာတွန်း ဟန်လေး (ခေတ်ပြိုင်ဝက်ဘ်ဆိုက်)
- မြဝတီ-မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတား ပိတ် click
- ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ click
- ပြောင်းရွှေ့သူ များပြားသောကြောင့် တာချီလိတ်မြေကွက်ဈေး အဆမတန် ထိုးတက် click
- မူးယစ်ဆေးသယ်သူ မြန်မာတစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းမိ click
- လမ်းဘေးဈေးသည်များ ဈေးရောင်းခွင့် ကန့်သတ် click
- ကုန်ဈေးနှုန်းများတက်လာ၍ အိမ်ထောင်ရှင်အမျိုးသမီးများ အခက်အခဲကြုံနေရ click
- ပုဂံစင်တာ တည်ဆောက်ရေးမှ ရုံးဝန်ထမ်းများ မူလရုံး၌ ပြန်လည်တာဝန်ထမ်းခွင့်ရ click
- ကွန်တိန်နာစခန်းအတွက် လယ်သမားများ ဖယ်ပေးရ click
- ရေဘ၀ဲ ခန့်မှန်းချက် ပြောင်းပြန်ယူ ဘောလုံးလောင်း click
- ကရင်နီဒုက္ခသည်များလည်း ကမ္ဘာ့ဖလားပွဲကို စိတ်ဝင်စား click
- အာဆီယံ ရော့ခ်ပြိုင်ပွဲ မြန်မာ ဆန်ခါတင် ဒုတိယအဆင့် အရွေးခံရ click
- မယ်လစခန်းတွင် တုပ်ကွေးဖြစ်ပွားသူ (၅၀၀) ကျော်ပြီ click
- လူနာများအား ဂရုမစိုက်သည့် နမ့်ခမ်းဆေးရုံ ခြောက်ကပ် click
- ရာသီမရွေး သွေးလွန်တုပ်ကွေးရောဂါ (ဆောင်းပါး) click
- နယ်စည်းမခြား ဘဝများ (ဆောင်းပါး) click
- မတက်ချင်လည်း တက်ရသော သင်တန်း (ပေးစာ) click
- တပတ်အတွင်း စီးပွားရေးသတင်း click
- ဘေးမကင်းတဲ့ နို့မှုန့် တရုတ် ဆက်လက်ဖမ်းဆီး click
- မက်ဆီ အကောင်းဆုံး ဖြစ်နေဆဲပါဟု ပူယိုးလ် ပြော click
- နယ်သာလန် ဗိုလ်စွဲမည်ဟု စင်္ကာပူ ကြက်တူရွေး ဟောကိန်းထုတ် click
“ဒါ ရွေးစရာလား” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

အပြည့်အစုံသို့...

ရဲမှာလည်း အသည်းနှလုံးနဲ့ပါ (ပေးစာ)

ကျနော်တို့ ရဲတွေရဲ့ အခက်အခဲနဲ့ ပြည်သူတွေအပေါ်ထားတဲ့ စေတနာလေးကို ပြည်သူတွေသိအောင်လို့ အင် တာနက်ကနေ တင်ပြလိုက်ပါတယ်။

ကျနော်တို့ ရဲတွေတင်မကပါဘူး၊ တတိုင်းပြည်လုံးမှာရှိတဲ့ ၀န်ထမ်းတွေဟာ အထက်က အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ရင် တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းလို့ ခံယူတာဟာ အစိုးရ၀န်ထမ်းဖြစ်ရင် မခံ ယူလို့မရလို့ပါခင်ဗျာ။

ဒါပေမယ့် ကျနော်တို့ ရဲဝန်ထမ်းဘ၀တွေကတော့ ကံကိုဆိုးပါတယ်လို့ ပြောရမလားပဲခင်ဗျာ။ ပြည်သူကို ဖမ်း မယ်၊ ဖော်မယ်၊ သိမ်းမယ်ဆိုရင် ရဲအလုပ်ပါပဲ။ အထက်က လာတဲ့ တချို့အမိန့်တွေဟာ တကယ်အကောင်အ ထည်ဖော်လို့မရပါဘူး။ ဥပမာ ... ပျံကျဈေးသည်တွေကို ဖျက်ခိုင်းခြင်း၊ ကျူးကျော်ရပ်ကွက်တွေကို ဖျက်ခိုင်း ခြင်း၊ အထက်ကပြောတဲ့ တရားမ၀င် ပစ္စည်းမျိုးစုံကို ဖမ်းခိုင်းခြင်း၊ လာတဲ့အခါမှာလည်း တရားဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူပါ၊ အမိန့်အတိုင်း တိကျစွာ ဖော်ဆောင်ပါ ... စတဲ့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ လာတာပါ ခင်ဗျာ။

အဲဒီအမိန့်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ဆောင်ရင်တော့ ပြည်သူနဲ့ ရဲ ထရိုက်ကြဖို့ပဲ ရှိပါတော့တယ်။ ဟိုးအရင်အချိန်တုန်းက ဒီအမိန့်တွေကို ဖော်ဆောင်ရာမှာ အခက်အခဲ မရှိလှပေမယ့် အခုနောက်ပိုင်း ကျနော် တို့ရှေ့မှာတင် တိုင်းပြည်ငတ်မွတ်လာခြင်း၊ သူတောင်းစား များလာခြင်း၊ ဒီအလုပ်ကိုမှမလုပ်ရင် လုပ်စရာအ လုပ်မရှိတော့ခြင်း၊ အဓိကကတော့ အစိုးရကို အသည်းထဲရင်ထဲကနေ မုန်းတီးလာခြင်းများကြောင့် အမိန့်တွေ ကို ဖော်ဆောင်တဲ့နေရာမှာ နှစ်ဦးနှစ်ဘက် အဆင်ပြေစေမယ့် နည်းမျိုးတွေနဲ့ လုပ်လာရပါတယ်။

ဒါကြောင့် လောင်းကစား၊ ချဲ၊ အရက်ဆိုင်တွေ၊ မှောင်ခိုလုပ်ငန်းတွေကို မင်းတို့ အမြတ်ရမယ်ဆိုရင် ဖွင့်၊ လုပ်၊ ငါ တို့ကိုလည်း ပေး၊ စီမံချက်တို့၊ စစ်ဆေးရေးတို့ လာမယ်ဆိုရင် ပိတ်ထားဖို့၊ သိမ်းထားဖို့ ကြိုပြောတယ်။ ဖမ်းမိရင် သူတို့ မိသားစုဘ၀ ပျက်စီးမှာဖြစ်သလို ကျနော်တို့မိသားစုလည်း စားပေါက်ပိတ်သွားမှာ ဖြစ်ပါတယ်။ ရဲလစာနဲ့ ရပ်တည်ရမယ်ဆိုရင်ဖြင့် မတွေးပင်မတွေးရဲ။ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဆန်ဖိုး၊ ကျောင်းဖိုးကိုပင် မမီရေးချမမီ။ ဒါကြောင့် သူတို့လည်း အဆင်ပြေ၊ ကျနော်တို့ ရဲမိသားစုတွေလည်း အဆင်ပြေမယ့်လမ်းကို လျှောက်ရတာပဲ။ မနေတတ် မထိုင်တတ်လို့ အဆင်မပြေတာလေးတွေ ရှိတာကလွဲရင် တခြားပြဿနာမရှိ။

အဲဒီမှာ ပြဿနာတခုက စတက်လာတယ်။ နိုင်ငံရေးသမားများနဲ့ ပြည်ပမီဒီယာတွေနဲ့ အဆက်အသွယ်ရှိသူ တွေက တိုင်လာကြတယ်။ အင်တာနက်များကို စာပို့ပြီး တိုင်လာကြတယ်။ အဲလိုတိုင်လာရင်းနဲ့ လူ (၂) မျိုး ကွဲ လာခဲ့ပါတယ်။ တချို့လူတွေက လောင်းကစားတွေ၊ မှောင်ခိုမှုတွေ နည်းသွားအောင် အကောင်းမြင်နဲ့ ပေးစာ သဘောမျိုး ပေးကြလေတယ်။ တချို့ကျတော့ ဒီလိုမဟုတ် အစိုးရဘက်ကနေ အရေးမယူတောင် ဒီအရာရှိ နာ မည်ပျက်သွားစေဖို့၊ သူများ စားကွက် (ဂွင်) ကို လောဘမသတ်နိုင်ဘဲ ထပ်ယူချင်လို့၊ ချောက်တွန်းပြီး အထက် အရာရှိရှေ့မှာ နာမည်ယူဖို့၊ ရာထူးချင်း ပြိုင်ဆိုင်ပြီး ရတဲ့စားကွက်ကို မနာလိုလို့ .. အဲဒီလို မကောင်းတဲ့ အချက် တချက်ချက်နဲ့ တိုင်ကြလေတယ်။ ဒီလို အင်တာနက်ကနေ ပေးစာကို ဖော်ပြရာမှာ အဆိုးကော အကောင်း ကော ဒွန်တွဲဖြစ်ပေါ်စေပါတယ်။

ရပ်ကွက်တရပ်ကွက်မှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ သဘောမျိုး ထိန်းသိမ်းထားတဲ့ ၀န်ထမ်း ကောင်းတွေ အပြောင်းအလွဲ လုပ်ခံရသလို ပြည်သူများလည်း ယခင်ကလို လွတ်လွတ်လပ်လပ် လုပ်လို့မရ တော့ပါ။ ဒီ့ထက်ပိုဆိုးတာက နောက်ဝင်လာတဲ့ ၀န်ထမ်းက ဒီရပ်ကွက်ကို ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ကြမ်းချင်လည်းကြမ်းနိုင်တယ်။ နအဖ စာအုပ်ကြီးအတိုင်း လုပ်ချင်လည်း လုပ်မယ် ဒါမှမဟုတ် ပိုပြီး စားချင်လည်း စားနိုင်တယ်။

မည်သို့ပင်ဆိုစေ နောက်ဆုံးတော့ သည်ဘူတာပဲ ဆိုက်တယ်လို့ ပြောရမလိုပင်။ သားသမီးမကောင်း မိဘ ခေါင်း၊ ပြည်သူမကောင်း အစိုးရခေါင်း ဆိုတဲ့အတိုင်း အထက်က ပြည်သူကို လုပ်ချုင်တိုင်းလုပ်ပြီး ထင်တိုင်းကြဲ နေတာကို အောက်က ၀န်ထမ်းက ဘယ်လောက်ပဲ လုပ်ပေးချင်ကာမူ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့မ ရသလိုပဲ ဘယ်လိုမှ လုပ်ပေးလို့ရမည်မဟုတ်ပါ။

အဲဒါကြောင့် မြန်မာပြည်သူပြည်သားတွေ ဒီကနေ့ခေတ် မြန်မာပြည်မှာ စီးပွားရေး လုပ်ဆောင်မယ်ဆိုပါက သ ဘောထားပျော့ပျောင်းပြီး ပေးရကမ်းရလွယ်ကူတဲ့ အရာထမ်းတွေနဲ့ ဆက်ဆံရပါက မဖောက်မပြန် ဆက်ဆံရင် ဖြင့် အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်းကို အင်တာနက်က ကျနော်ရဲ့ နည်းပါးလှတဲ့ အတွေ့အကြုံလေးနဲ့ ရဲဘ၀ရဲ့ အခက်အခဲများနဲ့ ရဲမှာလည်း အသည်းနှလုံးရှိကြောင်းကို ပြောပြခွင့်ရတဲ့အတွက်ကြောင့် အထူးပဲ ၀မ်းသာလှပါ တယ်ခင်ဗျား။

ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ...
ရဲဝန်ထမ်းတဦး

စကားချပ် ။ ။ ကျနော့်ရဲ့ ရာထူးအဆင့်အတန်းကို တိကျစွာ ဖော်မပြနိုင်တာကို အလွန်ပဲတောင်းပန်အပ်ပါ တယ်။ ယခုအချိန်မှာ အငြိမ်းစားယူပြီးဖြစ်တဲ့အတွက် မိသားစုရဲ့ လုံခြုံရေးရှိတာကြောင့် ဖတ်ရှုရတဲ့ ပြည်သူ တွေ နားလည်ပေးပါလို့ ...။

အပြည့်အစုံသို့...

အရည်အချင်းရှိသူတို့၏ ခေတ်

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၅)
အရည်အချင်းရှိသူတို့၏ ခေတ်
ဒေါက်တာလွဏ်းဆွေ

မတ်လ (၂၄) ရက်၊ တနင်္ဂနွေနေ့ ညနေက ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရှိ ကိုဒတ်ရုပ်ရှင်ရုံကြီး၌ ကျင်းပသော အ မေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်သည့် (၇၄) ကြိမ်မြောက် အော်စကာဆုနှင်းသဘင်ကို တီဗွီဖန်သားပြင်ပေါ် တွင် ကျနော် တိုက်ရိုက်ကြည့်ရှုခွင့်မကြုံခဲ့ဘဲ ထိုအပတ်ထုတ် ဂျာနယ်များတွင်မှ မှတ်တမ်းဓာတ်ပုံ စုံစုံလင်လင် ဖြင့် ပြည့်ပြည့်စုံစုံ ဖတ်ရှုခဲ့ရပါသည်။

အော်စကာဆုပေးပွဲသမိုင်းတွင် လူမည်းသရုပ်ဆောင်တို့ မကြုံစဖူး ထူးကဲစွာ အောင်ပွဲခံခဲ့သည့် ၀မ်းမြောက် ဖွယ် အထိမ်းအမှတ်ပွဲကြီးလည်းဖြစ်ခဲ့သည်။ လူမည်းမင်းသားကြီး ဆစ်ဒနီပွိုင်တီးယေးက ဘ၀တသက်တာအ တွက် ဂုဏ်ထူးဆောင် အော်စကာဆုကိုလည်းကောင်း၊ လူမည်းမင်းသား ဒင်ဇယ်ဝါရှင်တန်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုလည်းကောင်း၊ လူမည်းမင်းသမီး ဟယ်လီဘာရီက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိကြပြီးဖြစ်ပေမည်။

မင်းသားကြီး ဆစ်ဒနီပွိုင်တီးယေးနှင့် မင်းသား ဒင်ဇယ်ဝါရှင်တန်တို့၏ သရုပ်ဆောင်မှု အတတ်ပညာကောင်း ခြင်းကို ကျနော့်အနေနှင့် ကြိမ်ဖန်များစွာ ကြည့်ရှုခဲ့ဖူးသော်လည်း မင်းသမီး ဟယ်လီဘာရီ၏ သရုပ်ဆောင်မှု အတတ်ပညာနှင့်မူ အနည်းငယ် စိမ်းနေခဲ့ပါသည်။ ဓာတ်ပုံကို သေချာစွာ ကြည့်ရှုမိသည့်အခါမှ ကျနော်ကြည့်ရှု ခဲ့ဖူးသော ရုပ်ရှင်ဇာတ်ကားတကားတွင် သူမ၏ သရုပ်ဆောင်မှု အနုပညာကို စွဲလမ်းနှစ်ခြိုက်ခဲ့ရသည့် လူမည်း မင်းသမီးလေး ဖြစ်နေသည်ကို ပြန်လည်မှတ်မိသွားတော့သည်။

ကျနော် ကြည့်ရှုခဲ့ဖူးသော ထိုဇာတ်ကားမှာ မင်းသား ကတ်ရပ်ဆဲလ်နှင့် မင်းသား စတီဗင်ဆီးဂဲလ်တို့ အပြိုင်ပါ ၀င်ကြပြီး ဒါရိုက်တာ စတူးဝပ်ဘိုင်းရပ်ဒ် ရိုက်ကူးသော Executive Decision ဆိုသည့် ဇာတ်ကားပင်ဖြစ်သည်။ ထိုဇာတ်ကားတွင် မင်းသမီး ဟယ်လီဘာရီက အပိုင်စီးခံရသည့် လေယာဉ်ပေါ်မှ ရဲဝံ့စွန့်စားသော ချစ်စဖွယ် လေယာဉ်မယ်ကလေးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်ကားတွင် သူမ ပါဝင်ခွင့်ရသည့် အခန်း နည်းပါးသော်လည်း ကြည့်ရှုခွင့်ရသလောက် အခန်းနည်းနည်းနှင့်ပင် သရုပ်ဆောင်ကောင်းတို့၏ အ ရည်အချင်းရှိမှန်း ကျနော် မှတ်မှတ်ရရ ရှိခဲ့သူဖြစ်သည်။

ယခုဆုရရှိသော Monster's Ball ရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးသော်လည်း ကျနော့်စိတ်ထဲတွင် သရုပ် ဆောင်ကောင်းတို့၏ အရည်အချင်းရှိမှန်း မှတ်မှတ်ရရရှိခဲ့သော သူမ ဆုရရှိသည့်အတွက် အထူးပင် ၀မ်း မြောက်မိပါသည်။ အထူးသဖြင့် လူမည်းသရုပ်ဆောင်များထဲမှ ဆုရရှိခဲ့ခြင်းဖြစ်၍လည်း ပို၍ပင် ၀မ်းမြောက်ရ ပေသည်။

ဆုပေးပွဲအခမ်းအနားတွင် သူမက “နာမည်မရှိ၊ ဂုဏ်မရှိတဲ့ လူမည်းအမျိုးသမီးတွေ အားလုံးအတွက်လည်း ဂုဏ်ရှိတဲ့အချိန်ပေါ့။ သူတို့တွေအားလုံးအတွက် ပိတ်ထားတဲ့ တံခါးကြီး ပွင့်သွားပြီလို့ ကျမ ယုံကြည်ပါတယ်” ဟု မျက်ရည်လည်ရွဲဖြင့် ပြောကြားခဲ့ကြောင်းလည်း ၀မ်းနည်းဝမ်းသာ ဖတ်ရှုခဲ့ရပါသည်။

*****

လူဖြူ လူမည်း အသားအရောင်ခွဲခြားမှု သမိုင်းတလျှောက်တွင် လူမည်းများသည် ခေတ်အဆက်ဆက် အနှိမ်ခံ၊ အဖိနှိပ်ခံများ ဖြစ်ခဲ့ရလေသည်။ ထိုကဲ့သို့ ကြမ်းတမ်းသောဘ၀များမှ ကြိုးစားရုန်းကန်ရင်း ပညာခေတ်သို့ ရောက်ရှိနေသည့် ယနေ့အချိန်အခါတွင် အရည်အချင်းရှိသော လူမည်းများကို လူဖြူများက အသိအမှတ်မပြု၍ မရတော့ဘဲ အမြင်ကျယ်စွာဖြင့် နေရာပေးလာကြရပေတော့သည်။

လူမည်းအာကာသယာဉ်မှူး၊ လူမည်းဆေးသိပ္ပံပညာရှင်၊ လူမည်းစာရေးဆရာ၊ လူမည်းအဆိုတော်၊ လူမည်းရုပ် ရှင်သရုပ်ဆောင် … စသည် စသည်ဖြင့် နယ်ပယ်အသီးသီးတွင် အရည်အချင်းရှိသူ လူမည်းများကို အသိအ မှတ်ပြုလာကြရတော့သည်။ လူမျိုးကြီးဝါဒအစွဲရှိသော အီတလီ၊ ဂျာမဏီနိုင်ငံတို့၏ နိုင်ငံလက်ရွေးစင် ဘော လုံးအသင်းများတွင်ပင် အရည်အချင်းရှိသော လူမည်းဘောလုံးသမားများကို ပစ်ပယ်မထားနိုင်တော့ဘဲ နိုင်ငံ လက်ရွေးစင်အဖြစ် အသိအမှတ်ပြု ရွေးချယ်လာကြသည်ကို တွေ့လာရပေသည်။

ဆိုရလျှင် ယနေ့ခေတ်သည် ပညာခေတ်သို့ ရောက်ရှိနေပြီး ယခင်ကာလများကထက် ပိုမိုအမြင်ကျယ်လာကြ ပြီဖြစ်သည့်အလျောက် အရည်အချင်းရှိသူ မည်သူမဆို ထိုက်တန်သည့်နေရာ၊ ထိုက်တန်သည့် ဆုလာဘ်များ ကို ရရှိလာကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။ အသားရောင်ခွဲခြားမှုပြဿနာနှင့် ရင်ဆိုင်ရုန်းကန်ခဲ့ကြရသော လူမည်းများမှမဟုတ်၊ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ကိုယ်ကျွမ်းကျင်ရာ ပညာရပ် တွင် အရည်အချင်းပြည့်မီသူဖြစ်ပါက ထင်ပေါ်လျှင် စင်တော်ကောက်ခံရမည့် အခွင့်အလမ်းများ အပြည့်အ၀ ရှိ လာနေပြီဖြစ်သည်။

သို့ဖြစ်၍ လူတိုင်းလူတိုင်းသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်တွင် မိမိတို့ကိုယ်တိုင် အရည်အ ချင်းပြည့်မီအောင် ကြိုးစားကြဖို့သာလိုပေသည်။ အရည်အချင်း ပြည့်မီခြင်း၊ မမီခြင်းဆိုသည်မှာလည်း သင် တန်းဆင်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များ တထပ်ကြီး ထုတ်ပြနိုင်ရုံနှင့် ပြည့်စုံလုံလောက်သည်မဟုတ်ပေ။ မိ မိကိုယ်တိုင် အရည်အချင်း ပြည့်မပြည့်ဆိုသည်ကို မိမိကိုယ်တိုင်ပင် အသိဆုံးဖြစ်ပါသည်။ ထို့ကြောင့် ကိုယ့် စိတ်ကိုယ် မလှည့်စားဘဲ မိမိအသက်မွေးဝမ်းကျောင်းမှုပြုရာ ပညာရပ်၌ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိ သော အရည်အချင်းပြည့်မီသူဖြစ်အောင် အပတ်တကုတ် ကြိုးစားသူတိုင်း ပညာခေတ်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်မည်ဟု ထင်မြင်မိပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၂ ခုနှစ်)

အပြည့်အစုံသို့...

Thursday, July 8, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၇-၂၀၁၀)

- မြန်မာစစ်တပ် လက်နက်တိုက်ပေါက်ကွဲ click
- အရပ်သားများအား မြန်မာစစ်အစိုးရ တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗြိတိန် ပြောကြား click
- နအဖက တိုင်းရင်းသားများအပေါ် ဖိနှိပ်နေဆဲဟု ဗြိတိန် ပြော click
- လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း တိုတယ်ရေနံကုမ္ပဏီက ပြော click
- DKBA တကယ်ရိုးသားလျှင် KNU ကြိုဆိုမည် click
- တပ်မ (၉၉) က ဦးနှောက်ဖွံ့ဖြိုးမှု မူမမှန်သည့် ကလေးကို စစ်တပ်ထဲ သွတ်သွင်း click
- ကိုဖြိုးဝေအောင် အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေ click
- နိုင်ငံရေးပါတီနှစ်ခုကို စည်ပင်သာယာဥပဒေများနှင့် တရားစွဲဆိုထား click
- သိပ္ပံနှင့်နည်းပညာဝန်ကြီးက တက္ကသိုလ်ကျောင်းသားများ၏ တောင်းဆိုချက်များအား လိုက်လျောပေး click
- တရုတ်ပြည် ရောင်းစားခံရသူက ILO တိုင်မယ် click
- အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ILO ကူမယ် click
- ဥပေဒနှင့်အညီ အသွင်းပြောင်းခြင်းဟု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြောဆို click
- ဗိုလ်ချုပ်သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလား (တိုက်ရိုက်လေလှိုင်း) click
- RFA က ဧရာဝတီစကားဝိုင်း (ဇူလိုင် ၈၊ ၂၀၁၀) click
- အဓမ္မစေခိုင်းမှု အရပ်ဘက်မှာ လျော့ပါးနိုင် click
- ၀မ်းအန်ဟက် ပီပီစီ ရော့ကက် (ဆောင်းပါး) click

“ဆင်ဖြူတော်နှင့် ဗိုလ်ချုပ်များ” (ကာတွန်း ဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်)
- နေပြည်တော်၌ ကြွက်သေတချို့ ပလိပ်ရောဂါပိုး တွေ့ရှိ click
- ပြည်ထောင်စုဒီမိုကရေစီပါတီ နယက ဦးရွှေအုံး ကျန်းမာရေး ဆိုးဝါး click
- ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမားများကို မြန်မာပြည် ပြန်ပို့ click
- အလှူရှင်များနှင့် မိုးရွာသွန်းမှုများကြောင့် သောက်သုံးရေများ ရရှိ click
- မိုးဦးကျချိန်တွင် နာဂစ်ဒဏ်သင့်ဒေသက လယ်သမားများ အခြေအနေ click
- စီးပွားရေးသတင်းများ click
- နယူးယောက်မှ မြန်မာပြည်သားများ သင်္ကြန်ပွဲပြုလုပ်ရန် ပြင်ဆင်နေ click
- ကိုလံဘိုမြို့ ကုလရုံးပိတ်၊ ဌာနေကိုယ်စားလှယ် ပြန်ခေါ် click
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကျူးဘားအစိုးရ သဘောတူ click
- အမေရိကန်နဲ့ ရုရှား ဖမ်းထားတဲ့ သူလျှိုတွေ ဖလှယ်ရေး စတင် click
- အယ်လ်ကိုင်းဒါး မသင်္ကာသူ (၃) ဦး ဖမ်းမိ click
- ရုရှားနဲ့ အမေရိကန် ဖမ်းထားတဲ့ သူလျှိုတွေ လဲလှယ် click
- နေစွမ်းအင်သုံး လေယာဉ်ခေတ် နီးလာပြီလား click
- ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ဖို့ ဥပဒေမရှိ click
- နေပြည်တော်ကြွက်မှာ ပလိပ်ရောဂါတွေ့ click
- နေပြည်တော်တွင် ကြွက်သေ (၆) ကောင် တွေ့ပြီးနောက် ပုလိပ်ရောဂါ တပ်လှန့် click
- စစ်တွေ ဆန္ဒပြကျောင်းသားများ ကျောင်းပြန်မတက်သေး click
- စစ်တွေကျောင်းသားများ ကားခပြဿနာ ဝန်ကြီး ဖြေရှင်း click
- တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆိုမှုအပြီး နောက်ဆက်တွဲ စုံစမ်းရသမျှ သတင်းများ click
- ကျောင်းသားသမဂ္ဂ တောင်းဆိုစာများ ရန်ကုန်တွင် ဖြန့်ဝေ click
- ရေဒါစခန်း (၇) ခု နအဖ တပ်ဆင် click
- ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် သျှမ်းပြည်(မြောက်ပိုင်း)သို့ ရောက်ရှိ click
- စစ်အစိုးရမှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူနေ click
- ပါတီရန်ပုံငွေ ဈေးထဲကောက် စည်ပင်က တရားစွဲရန်ပြင် click
- ကိုအေးလွင် ပါတီကို အလှူခံမှုနှင့် တရားစွဲရန် ပြင်ဆင် click
- လူထုစည်းရုံးရေး ခရီးစဉ်များ အာဏာပိုင်တို့ စောင့်ကြပ် click
- ရခိုင်ပြည်နယ်တွင် (၁ဝ) ပါတီ လှုပ်ရှား click
- ကြံ့ဖွံ့အသင်းနှင့် ပါတီပိုင်ဆိုင်မှု စာရင်းခွဲ click
- အရေအတွက်ထက် အရည်အသွေး ပိုအရေးကြီးဟု ကျားဖြူပါတီပြော click
- ကေပီပီ၏ စည်းရုံးရေးခရီးစဉ် ကယားပြည်နယ်လူထု လက်မခံ click
- ဂျာမဏီပေးသည့် မြန်မာ့ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ရေးနည်းဗျူဟာ (အယ်ဒီတာ့အာဘော်) click
- တောင်ကိုရီးယားက (၄၈) နှစ်မြောက် (၇) ရက်ဇူလိုင် အထိမ်းအမှတ် ဆန္ဒပြပွဲ (ဓာတ်ပုံမှတ်တမ်း) click
- ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့ (ဆောင်းပါး) click
- လီကွမ်ယု၏ စင်္ကာပူ (စာအုပ်စင်) click
- သုံးဆယ်ဆရာတော်ကို ဖူးမြှော်သူများဖြင့် စည်ကား click
- မြန်မာနှင့်ဆက်စပ်မည့် ရထားလမ်း ကုဋေထောင်ချီ အကုန်ကျခံ တည်ဆောက်မည် click
- ရန်ကုန်-ကြပ်ပြေး လမ်းမကြီးကို ဖြတ်ပြေးတဲ့ ကြွက်တပ်မကြီး ကျေးရွာတွေဆီ ရောက်နေ click
- မြ၀တီတွင် တုတ်ကွေးရောဂါဖြစ်ပွား ပညာပေးလှုပ်ရှားမှု လုပ်နေ click
- ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ click
- တရားမ၀င် ၀င်ရောက်လာသူ မြန်မာ (၈) ဦး အဖမ်းခံရ click
- စာရွက်စာတမ်း အတုကိုင်ဆောင်မှုဖြင့် မြန်မာများ တရားစွဲခံရ click
- မြန်မာအလုပ်သမား (၈) သောင်းကျော်သာ ယာယီပတ်စပို့စ် ရရှိသေး click
- သီးစားခ ဆက်တောင်းခံမှုကြောင့် အာဏာပိုင်နှင့် တောင်သူတို့ကြား တင်းမာ click
- နှစ်ရှည်ပင်များ ပြန်လည်စိုက်ပျိုးနေသော်လည်း သစ်ထုတ်လုပ်မှု မလျော့ click
- ဂိတ်ခွန် အဆမတန်တောင်းခံ၍ စက်လှေပြေးဆွဲမှု နည်းပါးလာ click
- ဇူလိုင်လမှာ ခိုးကူးခွေ မဖမ်းရဟု ဆို click
- ဗဂျီအောင်စိုး အနုပညာလက်ရာများ ပြသ click
- ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ ပြော click
- မိဘမဲ့ကလေးများ ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲ (တိုကျို၊ ဂျပန်) (ဓာတ်ပုံမှတ်တမ်း) click
- သံသယဖြစ်ခံရသူတွေက ဗုံးလုပ်တာကို ၀န်ခံ click
- ဂျာမဏီကို အနိုင်ယူပြီး ဥရောပချန်ပီယံ စပိန် ဗိုလ်လုပွဲတက်၊ ကမ္ဘာ့ဖလားတွင် ဗိုလ်မစွဲဖူးသည့် နှစ်သင်း ဗိုလ် လုကြမည် click
- ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိသွားတဲ့ စပိန်အသင်း click
- ကမ္ဘာ့ချန်ပီယံ ဖြစ်ရမည်ဟု စပိန်နည်းပြ ကြုံးဝါး click
- ဂျာမနီ ပရိသတ် ရေဘ၀ဲလေးကို ဒေါသထွက် click

အပြည့်အစုံသို့...

အယ်ဒီတာကြေးစားကြီးများနဲ့ စားပြီးနားမလည် အယ်ဒီတာများ သိစေဖို့ ပေးတဲ့ စာ (ရွာ့အပြင်က စပ်စု)

ဒေါက်တာလွဏ်းဆွေရဲ့ မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား အပိုင်း (၂) ‘ကြေးစားစိတ်ဓာတ်’ ဆိုတဲ့ အယ်ဒီတာ့အာဘော်ကို ဖတ်ကြည့်မိပြီး ရေးချင်စိတ်နည်းနည်းပေါ်တာနဲ့ ဒီစာကို ရေးဖြစ်သွားတာပါ။ စာပေ လောက၊ အားကစားလောက၊ အနုပညာလောကမှာ အောင်မြင်လာပြီး အခကြေးငွေ ခံစားခွင့်ရှိလာတဲ့ နာမည် ကျော်ကြေးစားတွေရဲ့ဘ၀ကို ဖော်ပြထားပြီး တခဏတာ မှားယွင်းမှုတွေကြောင့် လျစ်လျူရှုမှုခံရတာတွေ ရေး ထားတာကို ဒေါက်တာလွဏ်းဆွေရဲ့အာဘော်မှာ တွေ့ရပါတယ်။

ဒီနေရာမှာ ကျနော့်ဘ၀နဲ့ ယှဉ်ပြီး အနည်းအကျဉ်း ပြောချင်ပါတယ်။ ကျနော်ဟာ ၂၀၀၇ စက်တင်ဘာတော် လှန်ရေးမတိုင်ခင် ပြည်သူ့သတင်းထောက် (အခကြေးငွေ ရတယ်ဆိုတာ မသိခဲ့၊ သိခဲ့လည်း မမျှော်လင့်ခဲ့တဲ့ သတင်းပွဲစား) လုပ်ခဲ့ပါတယ်။ စက်တင်ဘာ သံဃာအရေးအခင်းဖြစ်တော့ ကိုယ့်ဒေသက အဖြစ်မှန်တွေကို ပြည်ပမီဒီယာတွေကတဆင့် ပြည်သူသိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ဂုဏ်ထူးဆောင် ၀ ရမ်းပြေးဖိုးသိန်းဘွဲ့ကို ချီးမြှင့်ခံရပြီးသကာလ ကိုယ်ပိုင်တယ်လီဖုန်းလည်း အသိမ်းခံရပြီး သားတကွဲ မယားတ ကွဲ ဖြစ်ခဲ့ရပါတယ်။

ဝါသနာဆိုတာ စွန့်ဖို့ခက်သား၊ ငယ်ငယ် လူမှန်းသိတတ်စကတည်းက သူငယ်ချင်းတွေအိမ်မှာ အိမ်လည်သွား ရင် သူတို့အိမ်မှာ ဘာရှိတယ်၊ ဘာဖြစ်နေတယ်၊ ဘာတွေပြောနေကြတယ်ဆိုတာ ကစားနေရင်းကို အာရုံက ထားတတ်တဲ့အကျင့်၊ စပ်စုတဲ့အကျင့်ကြောင့် ရပ်ကွက်ထဲ ဘာဖြစ်နေတယ်ဆိုတာကို သိနေတတ်တယ်။ လူ ကြီးတွေက ပြောတယ်။ မင်းမို့ ပေါက်ပေါက်ရှာရှာ သိတတ်တယ်တဲ့။ ကျနော် သတင်းထောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တဲ့ ငယ်ဘ၀ပါ။ ပြောရင် လမ်းလွဲကုန်တော့မယ်။ ထားလိုက်ပါတော့။

ကျနော် ၂၀၀၇ စက်တင်ဘာလဆန်းပိုင်းကတည်းက သံဃာအရေးခင်းဖြစ်တော့ ပြည်တွင်းမှာ ပတ်ပြေးနေရ ပြီး ရသမျှ အဆက်သွယ်နဲ့ သတင်းတွေ ပြည်ပမီဒီယာကို ပေးနိုင်ခဲ့တယ်။ လကုန်လောက်မှာတော့ ပြည်ပကို ရောက်ခဲ့တယ်။ ပြည်ပရောက်ပြီး ဒေါက်တာလွဏ်းဆွေပြောတဲ့ ကြေးစားသတင်းထောက်တယောက် ဖြစ်လာ တယ်ပေါ့ဗျာ။

ဒီမှာ ဆက်ပြောချင်တာကတော့ ဒေါက်တာလွဏ်းဆွေ အာဘော်ထဲမှာ အာဆင်နယ်ကို ရှုံးလို့ ဖာဂူဆန်ရဲ့ ဖိ နပ်ပျံစာမိတဲ့ ဒေးဗစ်ဘက်ခမ်း၊ ပရိတ်သတ် အားပေးမှုကျလာလို့ ထုတ်ဝေသူရဲ့ မျက်နှာသာပေးမှုမခံရတဲ့ အ နုပညာသမားတွေကို ဥပမာပေး ခိုင်းနှိုင်းထားပါတယ်။ ကျနော်က အောင်မြင်တဲ့ ကြေးစားသတင်းထောက် တ ယောက်ဖြစ်အောင် ကိုယ့်သတင်းတွေ အမှားမရှိအောင် လူထုအကျိုးပြုသတင်းထောက်ဖြစ်အောင် ကြိုးစား နေတုန်း ပရိသတ်ရဲ့ အားကိုးမှုရကာရှိသေး၊ ဗြုန်းဆို အလုပ်ဖြုတ်ခံရတဲ့သူပါ။

ဒေါက်တာလွဏ်းဆွေပြောတဲ့ ရှုံးနိမ့်ခဲ့လို့ ပရိသတ်အားပေးမှုကျလို့ ကျနော် အလုပ်ဖြုတ်ခံခဲ့ရတာ မဟုတ်ဘူး။ ကိုယ်ကြိုးစားတင်ပြချင်ခဲ့တဲ့ လူထုဘ၀အခြေအနေသတင်းတွေ၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ... စတဲ့ သ တင်းတွေကို ကြေးစားအယ်ဒီတာတွေက အကြောင်းပြချက် ခိုင်လုံအောင်မပေးဘဲ ချောင်ထိုးခံခဲ့ရတာတွေကို လျှာရှည်တတ်ပြီး မခံချင်စိတ်ကြီးတဲ့ ကျနော်က ဘာလို့လဲ၊ ဘာကြောင့်လဲ ... စတဲ့ ဘ (၆) လုံးနဲ့ မေးလို့တဲ့။

ကျနော် သိလိုက်ရပါပြီ။ ပြည်ပကနေ အော်နေသူတွေဟာ မြန်မာပြည်က နအဖနဲ့ စာပေစိစစ်ရေးကိုတော့ ဝေ ဖန်အပြစ်ရှာ ရေးနေကြပေမယ့် သူတို့ကို ဝေဖန်လာပြီ၊ သူတို့ကို ထိလာပြီဆိုရင် မခံချင်ကြဘူးဆိုတာ သိလိုက် ရပါပြီ။ အမှန်တရားနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေပါတယ် ဆိုသူတွေက မှန်တာပြောရင် ရွာပြင်ထုတ် တယ်တော့်လို့ အော်ငိုလိုက်ရမလား၊ မြန်မာပြည်ကို ဒီမိုကရေစီ ယူပေးမယ်လို့ အော်နေသူတွေဆီမှာ ကျနော် တို့ ပြောချင်တာတွေ၊ ပြောပိုင်ခွင့်တွေ မရှိဘူးလား။

မီဒီယာကို ဆက်သွယ်ပြောမိလို့ ကျနော့်လို ပြည်ပြေးဖြစ်သူ ဘယ်နှယောက်ရှိမလဲ။ နိုင်ငံရေးအကျဉ်းသား နှစ် ထောင်ကျော်ထဲက ထောင်ကျသူတွေဟာ ငါတို့မီဒီယာနဲ့ ချိတ်ဆက်လို့ ထောင်ကျတယ်၊ ငါတို့ကြောင့် ထောင် ကျတာ ဘယ်နှယောက်ရှိနေပြီလဲ ဆိုတာကို ဘယ်မီဒီယာက ထုတ်ပြောရဲလဲ။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ သ တင်းထောက်ရဲ့ မိသားစုတွေ အတွင်းမှာ ဖမ်းခံရတာ ဖိနှိပ်ခံနေရတာ ဘယ်မီဒီယာကမှ အော်မပေးဘူး။ အော် ရင် ပိုနာသွားမှာစိုးလို့ တိတ်တိတ်နေ လူမသိစေနဲ့တဲ့။ ကျန်တဲ့ နိုင်ငံရေးလောကကလူတွေဖြစ်ကြည့် မလုပ်ပါနဲ့ ဦးလို့ တောင်းပန်ထားတာတောင် သူ့ထက်ငါ ဦးအောင် လက်သံပြောင်ပြလိုက်ကြတာ၊ တကယ့် အာဂသတ္တိ တွေ။

ကိုယ့်မီဒီယာသမားအချင်းချင်း ပြန်သတ်နေတာ၊ ဒါ ပြည်သူကို အကျိုးပြုမယ့် မီဒီယာလား။ စတုတ္ထမဏ္ဍိုင်နဲ့ တိုင်းပြည်ကို တည့်မတ်အောင် လုပ်မယ့်သူတွေလား။ အတွင်းမှာ သတင်းပေးရသူက ခက်ခက်ခဲခဲ ရှာပေးပြီး နာမည်မပေါ်ဘဲ ထောင်ကျနေသူတွေ ဒုနဲ့ဒေးပါ။ အပြင်မှာရှိတဲ့ အဲဒီလို ထောင်နှုတ်ခမ်းလျှောက်ပြီး သတင်း ပေးသူတွေကြောင့် အောင်မြင်နေတဲ့ဌာနတွေ သိကြမှာပါ။ မီဒီယာကြောင့် နအဖ တွန့်သွားတာတွေရှိသလို မီ ဒီယာက ဖော်ကောင်လုပ်လို့ ထောက်လှမ်းရေးမလိုတဲ့ အမှုတွေလည်း အများကြီးပါ။

ကျနော် ပြောချင်တာကတော့ဗျာ၊ ဒီမိုကရေစီနိုင်ငံကြီးမှာ ရောက်နေတဲ့ အယ်ဒီတာကြေးစားကြီးတွေအတွက် ရော မီဒီယာဆိုတာ ဘက်မျှရမယ်ဆိုတဲ့ စာပြီးနားမလည် အယ်ဒီတာတွေအတွက်ကိုပါ ကျနော်တို့လို သတင်း ထောက် အစုတ်ပလုတ်တွေက ပြည်သူတွေနဲ့ လက်ပွန်းတတီး ထိတွေ့အောင် အမြဲကြိုးစားပြီး ရင်တွင်းခံစား ချက်တွေကို နှိုက်လို့ရသလောက် ကလော်ထုတ်ပြီး တော်လှန်ရေးအတွက်၊ သတင်းဌာနအတွက် လုပ်ပေးနေ တာပါ။ ဒါကို စစ်တပ်ဘက်က တုန့်ပြန်ချက်မရလို့၊ ဌာနဆိုင်ရာက သိချင်လာမေးပါပြောတဲ့ အသံလောက်နဲ့ မ လုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သတင်းတွေကို ချောင်ထိုးခံရတာ ပြည်သူအတွက် အရမ်းနစ်နာ ပါတယ်။ ဒါတွေကို ဒီလိုမဖြစ်သင့်ဘူးလို့ပြောတဲ့ သတင်းထောက်ကို အလုပ်ဖြုတ်လိုက်တာဟာလည်း မှန်ကန် တဲ့ အယ်ဒီတာတွေလားလို့ မလောက်လေးမလောက်စား ကျနော်က မ၀ံ့မရဲနဲ့ မေးပါရစေ။

နောက်ဆုံး ကျနော်ပြောချင်တာကတော့ ဒီမိုကရေစီနိုင်ငံကြီးတွေက မီဒီယာပေတံနဲ့ တိုင်းပြီး သတင်းတိုင်း ဘက်မျှအောင် အဲဒီအယ်ဒီတာတွေကိုယ်တိုင် လုပ်ခဲ့ကြသလား။ ကျနော်တို့ဟာ ဒီမိုကရေစီကို မှုန်မှုန်တောင် မမြင်ရသေးတဲ့နိုင်ငံက အာဏာရှင်တွေကို တော်လှန်နေတာပါ။ နိဂုံးချုပ်အားဖြင့်ပြောရရင် ကျနော် ကြေးစားမီ ဒီယာသမား လုံးလုံးမဟုတ်ပါ။ စစ်တိုက်နေတဲ့ သတင်းသမားတယောက်ပါ။

စစ်တိုက်သလို သတင်းတွေ ရေးနေမည်။

အမှန်တရားများ အမြန်ပေါ်ထွန်းပါစေ ...
ရွာ့အပြင်က စပ်စု

အပြည့်အစုံသို့...

လူနှင့် မီဒီယာ

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၄)
လူနှင့် မီဒီယာ
ဒေါက်တာလွဏ်းဆွေ

ယနေ့အချိန်အခါတွင် လူထုနှင့် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်း (Mass Media) များက တနေ့တခြား ဖွံ့ထွားလာနေသည်။ စာနယ်ဇင်းပေါင်းစုံ၊ ရုပ်မြင်သံကြားလိုင်းပေါင်းစုံ၊ အသံလွှင့်ဌာနမျိုးစုံ၊ အင်တာနက်စာ မျက်နှာမျိုးစုံ … စသည်ဖြင့် ဖတ်စရာ မှတ်စရာ ကြည့်ရှုနားဆင်စရာများက အမျိုးမျိုးအဖုံဖုံ စုံလင်စွာ ဖြစ်တည် လာနေသည်။

ထိုသို့ မီဒီယာမျိုးစုံ တည်ရှိလာနေသည့်အထဲမှ နိုင်ငံရေးတလိုင်တည်း ဇောင်းပေးတင်ဆက်နေသော မီဒီယာ က အမျိုးမျိုး၊ စီးပွားရေးတလိုင်းတည်း ဇောင်းပေးတင်ဆက်နေသည့် မီဒီယာက အဖုံဖုံ၊ အားကစားတမျိုး တည်း ဇောင်းပေးတင်ဆက်နေသော မီဒီယာက အစားစား၊ မှုခင်း၊ ဂမ္ဘီရ၊ နည်းပညာ ... စသည်ဖြင့် တမျိုး တည်း၊ တလိုင်းတည်းမှာပင် မီဒီယာအမယ်က စုံလင်လွန်းလှပေသည်။

ဥပမာအားဖြင့် အားကစားဝါသနာပါသူ ပရိသတ်တယောက်အဖို့ ထွက်သမျှ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံ ကြားလိုင်းပေါင်းစုံမှ အားကစားသတင်း အကုန်လုံးကို ဖတ်ချင်၊ ကြည့်ချင်၊ သိချင်နေလျှင် တရက်တာတွင်ရှိ သည့် (၂၄) နာရီနှင့်ပင် လုံလောက်မည်မထင်။ ထို့အတူ နိုင်ငံရေး၊ စီးပွားရေးကို စိတ်ဝင်စားသူများအနေဖြင့် လည်း အလုံးစုံကို သိမီအောင် ဖတ်မှတ် ကြည်ရှုဖို့ အချိန်လုံလောက်မှု ရှိမည်မထင်။

တနည်းဆိုရသော် မျက်မှောက်ခေတ် လူသားများအနေနှင့် ဖတ်မှတ် ကြည့်ရှုနားဆင်စရာ မီဒီယာတွေက တ နေ့တခြား တိုးပွားလာပြီး ကိုယ်ပိုင်အချိန်က ပိုပိုရှားပါးလာသည့် ပြဿနာနှင့် ရင်ဆိုင်လာရခြင်းပင်ဖြစ်သည်။ ရှိသမျှ မီဒီယာပေါင်းစုံကို တနေကုန်ထိုင်၍ ဖတ်မှတ် ကြည့်ရှုနားဆင်နေလျှင် အသက်မွေးဝမ်းကျောင်းမှုအ တွက် အလုပ်လုပ်ရမည့် အချိန်ပင် ရှိတော့မည်မဟုတ်ပေ။

ထို့အတွက် အားလုံးကို လောဘတကြီး သိမီဖို့ မဖြစ်နိုင်တော့ဘဲ မိမိနှင့် သက်ဆိုင်သည့်၊ မိမိနှင့် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အကြောင်းအရာများကိုသာ ရွေးချယ် ဖတ်မှတ် ကြည့်ရှု နားဆင်မှ အကျိုးများမည့် အနေအထားသို့ ရောက်ရှိလာသည်ကို သတိမူဖို့ လိုအပ်ပေသည်။

ဥပမာအားဖြင့် အားကစားလိုင်းကို ဇောင်းပေးတင်ဆက်နေသော ဂျာနယ်အမျိုးမျိုးရှိရာ တစောင်နှင့်တစောင် သတင်းထပ်ခြင်း၊ တင်ပြပုံကွဲသော အကြောင်းအရာတူများ ပါရှိခြင်းများ ရှိပါသည်။ ထိုသို့ ရှိနေသည့်အပြင် ရှိ သမျှ အားကစားဂျာနယ်ပေါင်းစုံကို ဖတ်ရှုရန်အတွက်လည်း အချိန်မရှိဖြစ်ရကား သတင်းအစုံဆုံးနှင့် တင်ပြပုံ အကောင်းဆုံး အားကစားဂျာနယ်ကိုသာ ရွေးချယ်ဖတ်ရှုပါက အချိန်ရော ငွေပါ အကုန်သက်သာပြီး ထိရောက် မှုအရှိဆုံးဖြစ်မည်ဟု ထင်မိပါသည်။

ပရိသတ်ဘက်မှ ထိုသို့ ရွေးချယ်လာနိုင်သည့်အလျောက် မီဒီယာများဘက်မှလည်း မိမိတို့မီဒီယာအား ပရိ သတ်အများစု ရွေးချယ်စေရန် ပို၍ လုံ့လ၀ီရိယစိုက်ထုတ် တင်ဆက်ကြရမည့် အနေအထားသို့ ဆိုက်ရောက် လာသည်ကို သတိပြုမိဖို့ လိုပေသည်။ မီဒီယာများအနေနှင့် အားထုတ်မှု နည်းနည်းလျော့လျှင် နည်းနည်းကျ ဆင်းမည်ဖြစ်ပြီး များများလျော့လျှင် များများဆုံးရှုံးမှုရှိလာမည်မှာ မုချပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ယနေ့အချိန်အခါတွင် လူ၊ အလုပ်၊ ၀ါသနာ၊ အချိန်နှင့် ၀င်ငွေကို အချိုးကျကျ ပေါင်း စပ်နေထိုင်နိုင်ပါမှ တဦးချင်းစီ၏ တိုးတက်မှုနှုန်းထား မြင့်မားလာနိုင်မည် ဖြစ်သကဲ့သို့ မီဒီယာများအနေနှင့် လည်း စဉ်ဆက်မပြတ် ပို၍ပို၍ အားထုတ်တင်ဆက်နိုင်မှသာလျှင် ရေရှည်ရပ်တည်နိုင်မည့် အနေအထားကို ရရှိပိုင်ဆိုင်နိုင်မည်ဟု ထင်မြင်မိကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၂ ခုနှစ်)

အပြည့်အစုံသို့...

Wednesday, July 7, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၇-၂၀၁၀)

- စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ click
- ဆန္ဒပြသည့် စစ်တွေ နည်းပညာတက္ကသိုလ်ကို နည်းပညာဝန်ကြီး လာရောက်စစ်ဆေး click
- (၄၈) နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ ကျင်းပ click
- 7th JULY နှစ်ပတ်လည်က တောင်းဆိုမှုတွေ click
- သမိုင်းဝင် ကျောင်းသားသမဂ္ဂ ဗုံးခွဲဖြိုချခံရခြင်း (၄၈) နှစ်ပြည့်ပြီ click
- ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့မှာ ဗကသကျောင်းသားများ စာဝေ click
- မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားမှာ ဇူလိုင် (၇) ရက် အခမ်းအနားများ ပြုလုပ် click
- ဂက်စ်ငွေက စစ်အစိုးရ နျူစီမံကိန်းအတွက် အထောက်ကူပြုဟု အစီရင်ခံစာ ပြော click
- ပြည်သူ့လွှတ်တော်ခေါ်ယူရေးကို ပြန်လည်စိစစ်ပေးရန် တောင်းဆို click
- အသွင်ပြောင်းရေး လက်မခံသူတွေ SSA တောင်ပိုင်းနှင့် ပူးပေါင်း click
- တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရ နှိပ်ကွပ်မှု ဗြိတိန် လုံခြုံရေးကောင်စီမှာ ဆွေးနွေး click
- မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများ click
- နိုင်ငံတကာ မြန်မာ့အရေးညီလာခံ ကျင်းပ click
- ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော် click
- ကိုအေးလွင်ပါတီ တရားစွဲခံရ click
- သာစည်ဘူတာမှာ ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံရ click
- ၀န်ကြီးချုပ်ဟောင်း ဦးနုက သားသမီးများ နိုင်ငံရေးမလုပ်ဖို့ မှာကြားခဲ့ click
- ပြည်သူ့ခေတ်ဂျာနယ်တွင် နိုင်ငံရေးအသားပေး ဖော်ပြမည် click
- ဖိနှိပ်အာဏာရှင်နဲ့ တော်လှန်ကျောင်းသား (မျက်မှောက်ရေးရာ) click
- မြန်မာပြည်သားများကို တင်ဆောင်လာသော ကားတစီး တိမ်းမှောက် click
- တရားမ၀င် မြန်မာ (၄၀) ခန့် တင်ဆောင်သည့်ကား တိမ်းမှောက် click
- တရားမဝင် မြန်မာအလုပ်သမား ခိုးဝင်လာသည့်ကား တိမ်းမှောက် (၉) ဦး ဒဏ်ရာရ click
- နအဖ ဗိုလ်မှူးကြီးတဦးက လယ်များကို သိမ်းယူ၍ လယ်ပိုင်ရှင်များ ဒုက္ခရောက် click
- ဘုန်းကြီးကျောင်း မီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ click
- ကလေးမြို့မှာ ကျောင်းသားများကို အဓမ္မ ကျူရှင်သင်နေ click
- ကရင်နီပြည်တွင် ၀န်ထမ်းအလုပ်လျှောက်သူများ ငွေပေးဆောင်နေရ click
- အနုပညာရှင် ဆရာဝန်များအား ဆေးကုသခွင့်လိုင်စင် ထုတ်မပေးဟုဆို click
- မြဝတီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာ click
- ရန်ကုန် လေဆိပ်ခွန် ဈေးတက် (ရုပ်သံ) click
- စီးပွားရေးသတင်း click
- ထိုးကွင်းကလေးနဲ့ ယဉ်တဲ့ ကိုဆံရှည် (ဆောင်းပါး) click
- ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ် (ခရီးသွားဆောင်းပါး) click
- စိတ်ကျရောဂါ အပိုင်း (၂) click
- ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပြီ click
- ရုရှားသူလျှို (၃) ဦး ရုံးထုတ် click
- အဂတိလိုက်သူ ရဲအရာရှိ သေဒဏ် click
- စပိန် ကမ္ဘာ့ဖလား ဖိုင်နယ်တက်ပြီ click
- စပိန်က ဂျာမန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက် click
- ဥရုဂွေးကို အနိုင်ရသွားတဲ့ နယ်သာလန်အသင်း click
- ဥရောပ ဗိုလ်လုပွဲတက်၊ အစဉ်အလာ ကျိုးပျက် click
- ကိုမင်းကိုနိုင် ပြောတဲ့ (၇) ဇူလိုင် အမှတ်တရစကား click
- (၇) ဇူလိုင် အထိမ်းအမှတ် ပြည်တွင်း၌ စာဖြန့် click
- ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်ရန် လိုအပ်ဟု ပြော click
- ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့က ပစ်သတ်ခဲ့မှု click
- ဇူလိုင် သမိုင်းပြကွက် ဓာတ်ပုံများ click
- သမဂ္ဂနေရာ သမိုင်းဝင် ပြတိုက်ထားဖို့ ကျောင်းသားဟောင်းတွေ အဆိုပြု click
- ကချင်အချင်းချင်း ရန်လိုသတ်ဖြတ်ကြဖို့ စစ်အစိုးရ အကြီးအကဲတဦးမှ သွေးထိုးခဲ့ click
- SSA မြောက်ပိုင်း တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ click
- နိုင်ငံတကာ မြန်မာ့အရေးညီလာခံ ကျင်းပ click
- ဒီမိုကရေစီ ညီလာခံတွင် စစ်အစိုးရကို ကလင်တန် ဝေဖန် click
- ခမောက်တံဆိပ် ကန့်ကွက်သူများ နှောင့်ယှက်ခံရ click
- တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့်မရှိ click
- သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဆောက်အဦ ဆောက်မိန့်ကျ click
- ဂွမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မလုပ်နိုင်သူ များပြား click
- စစ်အစိုးရ အခွန် (၂) နှစ်စာ ကြိုကောက် click
- မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ (ထွေရာလေးပါး) click
- လူမှောင်ခိုကား တိမ်းမှောက်၊ (၉) ဦး ဒဏ်ရာရ click
- စံခရဘူရီအနီး ကားမှောက်၊ မြန်မာပြည်သား (၉) ဦး ဒဏ်ရာ ပြင်းထန် click
- ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင်-မောင်တော ကားလမ်းကို ယာယီသွားလာ နိုင်အောင် ပြုလုပ် click
- မြန်မာကုန်သည်များအား ကူမင်းကျောက်မျက်ပွဲ တက်ခွင့်ပြု click
- မြ၀တီသို့ တရားမ၀င် ထိုင်းကုန်များ ပြန်လည်တင်သွင်း click
- ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်ကုန်အ၀င် ကျဆင်း click
- အလုပ်သမားများအား ပွဲစားကုမ္ပဏီ လိမ်ညာ click
- ဘတ်ရှိလည်း ဖမ်းတာပဲ (ပေးစာ) click
- ရန်ကုန် လမ်းဘေးဈေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန် click
- ဘောလုံးပွဲ ပြခွင့်မရသဖြင့် ဆိုင်ပိုင်ရှင်များ စိတ်ပျက် click
- ဂျာနယ် (၂) စောင် တပတ် အပိတ်ခံရ click
- ဧရာဝတီ “စစ်သည်တော်” စာမျက်နှာအတွက် စာမူဖိတ်ခေါ် click
- အမေရိကန်-အစ္စရေး ဆက်ဆံရေး ခိုင်မြဲမှု ခေါင်းဆောင် (၂) ဦး အတည်ပြု click
- ဘုရင်မကြီး အဲလိဇဘက် ကုလအထွေထွေညီလာခံမှာ မိန်ခွန်းပြော click
- အိန္ဒိယ လောင်စာဆီ သပိတ် (ဆောင်းပါး) click
- ဥရောပအသင်းများသာ ဗိုလ်လုကြမည့် ကမ္ဘာ့ဖလားဖြစ်၊ ဥရုဂွေးကို အနိုင်ယူပြီး ကိုရွှေလိမ္မော်တို့ ဗိုလ်လုပွဲက ကြိုစောင့် click
- နယ်သာလန်အသင်း ဖိုင်နယ်တက်ပြီ click
- လိမ္မော်ရောင်တွေ ဗိုလ်လုပွဲတက်ပြီ click
- ဂျာမနီ ရှုံးမည်ဟု ရေဘဝဲလေး နိမိတ်ဖတ် click
- စပိန်ဂိုးသမား သမိုင်းသစ်ရေးရန် စိတ်ထက်သန်နေ click

အပြည့်အစုံသို့...