Thursday, May 8, 2008

မောင်ငြိမ်းချမ်းရဲ့ အကြံပြုချက်

ဒီအချိန်မှာ ဒီလောက် အပြင်က လာပြီး ကူပါမယ်လုပ်နေတာကို လက်မခံတဲ့ကောင်တွေ၊ ပြီးတော့ ဒီလောက် ဒုက္ခရောက်နေတာကို လစ်လျူရှူပြီးတော့ မေ (၁၀)မှာ ဆက်လုပ်သွားမယ် ဆိုတာကို လေဘေးမခံရတဲ့ မြို့တွေ၊ အထက်မြန်မာပြည်က မြို့တွေက ဒီအချိန်မှာ ၀ိုင်းပြီး သပိတ်မှောက်လိုက်နိုင်ရင် ကောင်းမယ်။ အဲဒါဆို ဒီကောင်တွေ ပြာဆင်းသွားနိုင်တယ်။ တပ်တွင်း စုံစမ်းမေးမြန်းလို့ ရသလောက် တော်တော် ပေါက်ကွဲနေကြတယ်တဲ့။ စိတ်ဓာတ်တွေ ပျက်ပြားနေကြတဲ့ လူတွေများတယ်။ အရင် ပခုက္ကူကိစ္စလိုပဲ၊ ပေါက်ကွဲဖို့ အစလေးပဲ လိုတော့တာ။

အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ကလည်း ကြေညာချက်နဲ့ တိုက်တွန်းတာတွေ လုပ်သင့်တယ် ထင်တယ်။ လေဘေးမခံရတဲ့ မြို့ တွေပေါ့။ မန္တလေး၊ မကွေး၊ ရခိုင်၊ ကချင် … စသဖြင့်ပေါ့။
မိန်းပွိုင့်ကတော့ဗျာ …

၁။ ဒီလောက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ရောဂါမပျံ့ပွားစေဖို့၊ သေဆုံးအလောင်းတွေ စနစ်တကျ မြှုပ်နှံဖို့ နိုင်ငံတကာကနေ နည်းပညာ၊ လူအား၊ ငွေအားတွေ တောင်းခံပြီး ကုလနဲ့ အမေရိကန်က လာရောက် ကူညီကယ်ဆယ်ရေးကို အမြန်ဆုံးလက်ခံဖို့ တောင်းဆိုသင့်တယ်။
၂၊။ ဒီလောက် ဘေးဒုက္ခဆိုကြီးကို လစ်လျူရှုပြီး ဆန္ဒခံယူပွဲကို မလုပ်သင့်ကြောင်း၊ ဆန္ဒခံယူပွဲ မေ (၁၀)ရက်ကို ရွှေ့ဆိုင်းဖို့လည်း တောင်းဆိုသင့်တယ်။

အဲဒီရက်မှာ လုပ်သွားမယ်ဆိုရင် … ပြည်သူလူထုကို စာနာမှု ကင်းမဲ့တဲ့ ဒီစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်သွားကြဖို့လိုတယ်။

စဉ်းစားကြပါ အစ်ကိုတို့ရာ …
တော်တော်ရွံနေကြပြီ။ ၀န်ထမ်းတွေရော … တပ်တွင်းက ကောင်တွေကပါ … တော်တော်ရွံနေကြပြီ။
မုန်တိုင်းဘေးခံရတဲ့ ပြည်သူတွေကိုတော့ သနားပါတယ်။ မခံရတဲ့ ပြည်နယ်/တိုင်းတွေကနေ … စဖိုက်ရမယ်။
ကျနော့်ရဲ့ စဉ်းစားချက်ကို တင်ပြတာပါ။

မောင်ငြိမ်းချမ်း

No comments: