Thursday, May 8, 2008

အကြံပြုပေးစာ (၃)စောင် (၈-၅-၀၈)

CRPP, NLD, NCGUB ,NLD(LA) , MPU, နိုင်ငံတကာရှိ အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများ မြန်မာနိုင်ငံ သားများ ပူးပေါင်းကာ UN , US NAVY နှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကှို နအဖမှ ခွင့်ပြုသည်ဖြစ်စေ မပြု သည်ဖြစ်စေ ၀င်ရောက်ကူညီရန် တောင်းဆိုသင့်ပါပြီ။ နအဖသည် တရားဝင်အစိုးရ မဟုတ်ပါ။ လက်နက်ကိုင် အကြမ်းဖက် အာဏာသိမ်းပိုက်ထားသော လက်နက်ကိုင် အကြမ်းဖက်သမားများ သာ ဖြစ်သည်။ နအဖကခွင့်ပေးမှ လုပ်ရမည် ဆိုသည်မှာ နအဖအား အသိအမှတ်ပြုရာ ရောက်သည်။

နိုင်ငံသားတိုင်း လုပ်ကိုင်ခွင့်ရှိသည်။ ပြည်သူက ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ် အမတ်များသာ တရားဝင် လုပ်ကိုင်ခွင့် ရှိသောသူများ ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များ ခေါင်းဆောင်များ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ တိုင်းသူပြည်သားများ၏ ဒုက္ခကို နအဖကိုပုံချပြီး လက်ပိုက်ကြည့်မနေ သင့်ပါ။ လုပ်သင့်လုပ်ထိုက်သော အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော် တောင်းဆိုအပ်ပါသည်။

နိုင်ဦီး
-------------------------------------------------------------------
Dear Sa Ya Lun Swe ...,

We have got tonnes of evidences that Junta cannot handle and they don't take real responsibility for the Nagis serious problem. And they never did. And by our pictures, videos, blogs, international communities know damn well and believe whatever Burmese people says and warn them. By the last protest, Burma is still in their mind..And it is so far very visible how selfish and still cruelly greedy they are.

The bodies are still in the river. Soldiers are putting the genereal's names on the packings. The Navy is waiting at the GULF. And I believe that they are not stupid. All sort of AID are awaiting with their own staffs. And the JUNTA says WAIT!!!. """THEIR WRONG SIGNAL."""

We can't miss that chance, we should take it as a chance and go shout out LOUD infront of WHITE HOUSE, BK MOON (UN),CROWN IN LONDON, SINGAPORE,, to start over again right now.. I'm sure they are not dump,, they will be waiting that as a chance.. Let's announce to rise up again ,, every one look your blog,, LET'S MAKE OUR VOICES AGAIN,, IT'S STILL WARM AND AT THE SAME TIME,, HOLLYWOOD 30 days mission is ongoing,,

Everything is still warm,, and people are angry and get fed up so much.. For our people,, I want to try it again to start all aover from outside.. To push again as the best chance together!!..

Regards,
Mya Moe Swe
BC, Canada
----------------------------------------------------------------
ဒေါက်တာလွဏ်းဆွေ ...

ဒီအချိန်မှာ ဒီလောက် အပြင်က လာပြီး ကူပါမယ်လုပ်နေတာကို လက်မခံတဲ့ကောင်တွေ၊ ပြီးတော့ ဒီလောက် ဒုက္ခရောက်နေတာကို လစ်လျူရှူပြီးတော့ မေ (၁၀)မှာ ဆက်လုပ်သွားမယ် ဆိုတာကို လေဘေးမခံရတဲ့ မြို့တွေ၊ အထက်မြန်မာပြည်က မြို့တွေက ဒီအချိန်မှာ ၀ိုင်းပြီး သပိတ်မှောက်လိုက်နိုင်ရင် ကောင်းမယ်။ အဲဒါဆို ဒီကောင်တွေ ပြာဆင်းသွားနိုင်တယ်။ တပ်တွင်း စုံစမ်းမေးမြန်းလို့ ရသလောက် တော်တော် ပေါက်ကွဲနေကြတယ်တဲ့။ စိတ်ဓာတ်တွေ ပျက်ပြားနေကြတဲ့ လူတွေများတယ်။ အရင် ပခုက္ကူကိစ္စလိုပဲ၊ ပေါက်ကွဲဖို့ အစလေးပဲ လိုတော့တာ။

အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ကလည်း ကြေညာချက်နဲ့ တိုက်တွန်းတာတွေ လုပ်သင့်တယ် ထင်တယ်။ လေဘေးမခံရတဲ့ မြို့ တွေပေါ့။ မန္တလေး၊ မကွေး၊ ရခိုင်၊ ကချင် … စသဖြင့်ပေါ့။
မိန်းပွိုင့်ကတော့ဗျာ …

၁။ ဒီလောက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ရောဂါမပျံ့ပွားစေဖို့၊ သေဆုံးအလောင်းတွေ စနစ်တကျ မြှုပ်နှံဖို့ နိုင်ငံတကာကနေ နည်းပညာ၊ လူအား၊ ငွေအားတွေ တောင်းခံပြီး ကုလနဲ့ အမေရိကန်က လာရောက် ကူညီကယ်ဆယ်ရေးကို အမြန်ဆုံးလက်ခံဖို့ တောင်းဆိုသင့်တယ်။
၂၊။ ဒီလောက် ဘေးဒုက္ခဆိုကြီးကို လစ်လျူရှုပြီး ဆန္ဒခံယူပွဲကို မလုပ်သင့်ကြောင်း၊ ဆန္ဒခံယူပွဲ မေ (၁၀)ရက်ကို ရွှေ့ဆိုင်းဖို့လည်း တောင်းဆိုသင့်တယ်။

အဲဒီရက်မှာ လုပ်သွားမယ်ဆိုရင် … ပြည်သူလူထုကို စာနာမှု ကင်းမဲ့တဲ့ ဒီစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်သွားကြဖို့လိုတယ်။

စဉ်းစားကြပါ အစ်ကိုတို့ရာ …
တော်တော်ရွံနေကြပြီ။ ၀န်ထမ်းတွေရော … တပ်တွင်းက ကောင်တွေကပါ … တော်တော်ရွံနေကြပြီ။
မုန်တိုင်းဘေးခံရတဲ့ ပြည်သူတွေကိုတော့ သနားပါတယ်။ မခံရတဲ့ ပြည်နယ်/တိုင်းတွေကနေ … စဖိုက်ရမယ်။
ကျနော့်ရဲ့ စဉ်းစားချက်ကို တင်ပြတာပါ။

မောင်ငြိမ်းချမ်း

No comments: