


အပြည့်အစုံသို့...
ပြန်ခေါက်ထားပါ...
Friday, October 26, 2007
ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးရဲ့ ၄၂နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့ မစုစုနွေးတို့ လူအိုရုံမှာ ကျင်းပပြုလုပ်
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:06 AM
0
comments
Labels: ဓါတ်ပုံ
Thursday, October 25, 2007
စစ်အစိုးရ အရာရှိနှင့် တွေဆုံရန် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ထွက်ခွာ
အေအက်ဖ်ပီ (၂၅-၁၀-၀၇)
အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံများနှင့် အလုပ်လုပ်ရန် စစ်အုပ်စုက ခန့်အပ်ထားခဲ့သည့် ဆက်သွယ်ရေး အရာရှိဟု ယုံကြည်ရသော ထိပ်တန်းအရာရှိတဦးနှင့် တွေ့ဆုံရန် ကြာသပတေးနေ့တွင် နေအိမ်မှ ထွက်ခွာသွားကြောင်း အရာရှိတဦးက ပြောကြားသည်။
“နေ့ခင်း ၂နာရီလောက်မှာ နေအိမ်ကနေ သူမ ထွက်ခွာသွားပါတယ်။ အစိုးရ ဧည့်ဂေဟာမှာ အလုပ်သမားဝန်းကြီးနဲ့ တွေ့ဖို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်”ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ခန့်အပ်ထားခဲ့သည့် ဦးအောင်ကြည်ကို ရည်ညွှန်းပြီး အဆိုပါ အရာရှိက ပြောကြားသည်။
လွန်ခဲ့သည့် ၁၈နှစ်အတွင်း အကျယ်ချုပ်နှင့် ၁၂နှစ်ကျော်ကြာ အထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂ရက်နေ့တွင် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင့် တပ်မတော် ဧည့်ဂေဟာ၌ တွေ့ဆုံရန် အင်းလျားကန်ဘေးရှိ နေအိမ်မှ နောက်ဆုံးထွက်ခွာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် စစ်အုပ်စုက အဆိုပြုသည့် အရာရှိတဦးကို မစ္စတာ ဂမ်ဘာရီက ထောက်ခံကြိုဆိုပြီးနောက် သူမနှင့် ဆက်သွယ်ရန် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦး အောင်ကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည့်နေ့ ဖြစ်လိမ့်မည်။
ပင်တီးစ်တော် (ဟာသ)
ပေးပို့သူ- မင်းအောင်
စက်တင်ဘာ (၂၇)ရက်က ငွေကြာယံကျောင်းတိုက်မှာ နအဖစစ်ခွေးတသိုက် လူမဆန် စွာ ရက်စက် ရမ်းကားပုံကို ကြည့်ရှုလိုပါလျှင် ...
http://www.irrawaddy.org/protests/video/ngwekyaryan.php" ကို click ၍ ကြည့်ပါ။
ထိုင်းရှိ မြန်မာ့ဒီမိုရုံးများ ရှာဖွေခံရဖွယ်ရှိ
သတင်း- မဇ္ဈိမ (၂၅-၁၀-၀၇)
ထိုင်းနိုင်ငံရှိ မြန်မာ အတိုက်အခံ ရုံးများကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက စီမံချက် တရပ်အနေဖြင့် လိုက်လံ ရှာဖွေမည်ဟု ခိုင်လုံသော သတင်း ရပ်ကွက်များ အရ သိရသည်။
သီတင်းပတ် နှစ်ပတ်အတွင်း လိပ်စာနှင့်တကွ ရရှိထားသော ရုံးများကို ဝင်ရောက် ရှာဖွေမှာ ဖြစ်ကြောင်းနှင့် “နိုင်ငံအဝှမ်း” တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။
အောက်တိုဘာ လကုန်ပိုင်းနှင့် စက်တင်ဘာလက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သံဃာနှင့် လူထုဆန္ဒပြမှုများ ဖြစ်အောင် ထိုင်းအခြေစိုက် မြန်မာ့ ဒီမိုကရေစီ လိုလားသူများက လုပ်ဆောင်သည်ဆိုကာ မြန်မာအစိုးရက ထိုင်းအာဏာပိုင်များသို့ ကန့်ကွက် တိုင်ကြားခဲ့ရာမှ ရှာဖွေ စစ်ဆေးမှုလုပ်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ပြောကြသည်။
ထိုကဲ့သို့ သတင်းထွက်နေချိန်တွင် မြန်မာစစ်အစိုးရက ဆန္ဒပြမှုများကို ဦးဆောင်သော သံဃာတော်များသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖောက်ခွဲရေးနှင့် နိုင်ငံရေး သင်တန်းများ တက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုလိုက်သည်။
သာသနာရေး ဝန်ကြီး ဗိုလ်မှုးချုပ် သူရမြင့်မောင်က နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများအား လျှောက်ထားရာတွင် “သံဃာတု သံဃာယောင်များက” ဆူပူဆန္ဒပြမှု ဖြစ်အောင် ဖန်တီးခဲ့ပြီး “ဦးဆောင် သံဃာ ၁၅ ပါးစလုံးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်ခဲ့ဖူးသူများ ဖြစ်ပြီး အချို့မှာ အဲဒီမှာ ဖွင့်လှစ်တဲ့ ဆူပူရေးနှင့် ဖောက်ခွဲရေး သင်တန်းများ” တက်ရောက်ပြီးသူများ ဖြစ်သည်ဟု ပြောဆိုထားသည်ကို ယနေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
နအဖစစ်အစိုးရက အတိုက်အခံ အဖွဲ့အစည်း တော်တော်များများကို ဖောက်ခွဲရေး လုပ်သည်ဟု စွပ်စွဲလေ့ ရှိသည်။
ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ရာထူးတိုး
သတင်း- ခေတ်ပြိုင် (၂၅-၁၀-၀၇)
မကြာသေးခင်ကကွယ်လွန်သွားသည့် နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ နေရာတွင် ခေတ္တ ၀န်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်ကို တရားဝင်ခန့်အပ်လိုက်ကြောင်း နအဖစစ်အစိုးရက ထုတ်ပြန်ကြေညာသည်။
ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့်ထိုအမိန့်ကြေညာချက်ကို နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက ထုတ်ပြန်ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ခန့်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ပါရှိခြင်းမရှိချေ။
ပြီးခဲ့သည့်မေလ ဗိုလ်ချုပ်ကြီးစိုးဝင်း စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူနေစဉ် ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ခေတ္တ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည်
ယခုလ (၁၂) ရက်၌ ကွယ်လွန် သွားပြီဖြစ်သည့်အတွက် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာခြင်းဖြစ်သည်။
ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးတက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ် (၉) ကျောင်းဆင်းဖြစ်ပြီး ရွှေတြိဂံတိုင်းမှူး၊ စစ်ရေးချုပ်၊ အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁)
နှင့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခု စစ်အစိုးရအာဏာသိမ်းပြီးနောက်ဖြစ်လာသည့် (၅) ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်သည်။
ဒု- ဗိုလ်ချုပ်ကြီး သိန်းစိန်နေရာ၌ နအဖအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး
ကို အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရတို့ အကြား ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည့် အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးအောင်ကြည်ကို ၀န်ကြီးအဖြစ် ရာထူးတိုး ပေးလိုက်ကြောင်းလည်း စစ်အစိုးရက ကြေညာ ထားသည်။
ထို့အပြင် ကာကွယ်ရေး၊ အမှတ် (၂) စက်မှု၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး
ဌာနများအတွက် ဒု-၀န်ကြီးများအဖြစ် ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်ကျော်စွာခိုင်နှင့် ဗိုလ်ချုပ် သိန်းထွန်းတို့ကို ယမန်နေ့က ခန့်အပ်လိုက်သည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:24 PM
0
comments
Labels: သတင်း
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
ကိုဇာဂနာနဲ့ ကိုကျော်သူတို့ရေ ….ခင်ဗျားတို့ အဖမ်းခံနေရတဲ့ အချိန်မှာ ကျနော်က အခုအချိန်အထိ ရှောင်တိမ်း လွတ်မြောက်နေခဲ့တယ်။ အပြစ်မရှိ တဲ့ ခင်ဗျားတို့ကို နအဖစစ်အုပ်စုက ကြာကြာ ဖမ်းထားရဲမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့နှစ်ယောက် မကြာခင်မှာ ပြန် လွတ်မှာပဲ။ အဲဒီအချိန်မှာ ခင်ဗျားတို့အနားမှာ ကျနော် ရှိမနေနိုင်တော့ဘူး။ ဒါပေမယ့် မပြီးသေးတဲ့ တိုက်ပွဲအ တွက် ကျနော့်ရဲ့ အကြံဥာဏ်တွေကိုတော့ ခင်ဗျားတို့ လိုအပ်မယ်ထင်လို့ ကျနော် (နည်းပေါင်းစုံနဲ့ ကြိုးစားပြီး) ပေးနေမှာပါပဲ။
ခင်ဗျားတို့နှစ်ယောက် ပြန်လွတ်လာရင် လေ့လာဖတ်ရှုပြီး တိုက်ပွဲကို ရှေ့ဆက်နိုင်ဖို့အတွက် ကျနော် ပုန်းအောင်း ပြေးလွှားရင်း ရေးထားတဲ့ စာတမ်းကို ပို့ပေးလိုက်ပါတယ်။ စာတမ်းက ကျနော် အင်္ဂလိပ်လို ရေးထားတဲ့ စာတမ်းပါ (ကူညီ ပို့ဆောင်ပေးမယ့် သူတွေက မူရင်း အင်္ဂလိပ်လိုပါ ဖော်ပြပေးမယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့)။
အထူးသဖြင့် ကိုကျော်သူကို ပြောချင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ မကြောက်ပါနဲ့။ ကြောက်နေရင် တပန်းရှုံးတယ်။ မရွှေဇီးကွက် အနားမှာ ရှိတယ်။ ဒါ ကိုကျော်သူရဲ့ သစ္စာအရှိဆုံး ရဲဘော်ပဲ။ စစ်အစိုးရ ပြုတ်ကျတဲ့အထိ ဆက် လက် တိုက်ပွဲဝင်ပါ။ ကျနော်တို့ ရဲသုံးဖော် တိုက်ပွဲမဆုံးမချင်း လက်တွဲမဖြုတ်စတမ်း။
ဟောဒီမှာ ကျနော့်ရဲ့ အကြံပေး စာတမ်း …။
မြန်မာ့ရွှေဝါရောင် တော်လှန်ရေး ရှင်ပြန်ထမြောက်ခြင်း
ကျနော်တို့ လူထုဒီမိုကရေစီ မဟာမိတ်များအားလုံး ကျနော်တို့ရဲ့ “ရွှေဝါရောင် သွေးစည်းညီညွတ်မှု (saffron solidarity)၊ အ၀ါရောင်သွေး တော်လှန်ရေး (Yellow Blood Revolution)” ရှင်ပြန်ထမြောက်ဖို့ အားသွန်ကြိုးပမ်း ကြပါစို့။
ကျနော်တို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှု တိုက်ပွဲစဉ်ကို အောက်ပါ နည်းလမ်းသုံးသွယ်နဲ့ ဆက်လက် သယ်ဆောင် သွားရမယ်။ နည်းလမ်းတွေကတော့ …
(၁) စစ်ရေးနည်း
(၂) သံတမန်ရေးနည်း
(၃) တန်ပြန် ၀ါဒဖြန့်ချိရေးနည်း တွေပါပဲ။
(၁) စစ်ရေးနည်း
ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ စိတ်ရင်းဟာ စစ်တပ်နဲ့ ဆန္ဒပြသူတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ချင်တာပါ။
ကျနော်တို့ဟာ တပ်မတော်သားတွေအပေါ်မှာ နားလည်ပေးရမယ်။ စစ်သားတွေကို ကျနော်တို့ စည်းရုံးသိမ်းသွင်း ကြရမယ်။ စစ်သားတွေကို သံဃာတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေကို ကယ်တင်ဖို့ ကျနော်တို့ တိုက်တွန်းကြ ရမယ်။
ကျနော်တို့ နားလည်သဘောပေါက်ထားဖို့ အရေးကြီးတဲ့ အချက်ကတော့ နောင်ဖြစ်ပေါ်လာမယ့် “တတိယနဲ့ နောက်ဆုံး”တော်လှန်ရေးကို စစ်သားတွေ ဦးဆောင်လိမ့်မယ်ဆိုတဲ့ အချက်ပဲ။ အဲဒီလို ဦးဆောင်မယ့် တပ်မ တော်သားတွေဟာ ဒီမိုကရေစီရေးအတွက် တော်လှန်တဲ့ အင်အားစုတွေ မကြာခင် ဖြစ်လာမယ် ဆိုတာပါပဲ။
ကျနော်တို့ တိုက်ပွဲသမိုင်းမှာ ဒါဟာ Soldiers-led စစ်သားတွေ ဦးဆောင်တဲ့ ၂၀၀၇ (သို့) ၂၀၀၈ … တတိယနဲ့ နောက်ဆုံး တော်လှန်ရေးပဲ။ အရင် တော်လှန်ရေး နှစ်ရပ်ကတော့ Students-led ကျောင်းသားတွေ ဦးဆောင်တဲ့ ၁၉၈၈ အရေးအခင်းနဲ့ သံဃာတွေ ဦးဆောင်တဲ့ အခု Sanghas-led ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံတို့ပါ။
ကျနော်တို့ဟာ “သားသုံးသား” ပေါင်းစည်းရေးကို အားကိုး မျှော်လင့်ကြရမယ်။ ကျောင်းသား (ဗကသနဲ့ ၈၈မျိုး ဆက်)၊ စစ်သား (တပ်မတော်သား)၊ ဘုရားသား (သံဃာ) အဲဒီ “သားသုံးသား” ပေါင်းစည်းအောင် ကြိုးပမ်းရင်း မ ကြာခင်မှာ “တပ်တွင်းပုန်ကန်မှုကြီး”တခု မလွဲမသွေ ပေါ်ပေါက်လာမှာကိုလည်း ကျနော်တို့ ယုံကြည် မျှော်လင့် ထားရမယ်။
ဒါ ပထမဆုံး စစ်ရေးနည်းပါ။
(၂) သံတမန်ရေးနည်း
ဒီနည်းကတော့ တရုတ်အစိုးရ၊ ရုရှားအစိုးရနဲ့ အိန္ဒိယအစိုးရတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။
ဒီအစိုးရသုံးရပ်ဟာ လက်ငင်း မြန်မာ့ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး တိုက်ပွဲအပေါ်မှာ ရေငုံနှုတ်ပိတ် နေကြတယ်။ ဒါဟာ နအဖစစ်အုပ်စုကို ထောက်ခံနေတဲ့ သဘောပဲ။
ဒါပေမယ့် ဒီအစိုးရတွေနဲ့ သူတို့ပြည်သူတွေဟာ မြန်မာနိုင်ငံအပေါ် သဘောထားရာမှာ မတူကွဲပြားတာကိုတော့ သတိပြုရမယ်။
ဒီအစိုးရတွေဟာ နအဖကို အစဉ်အမြဲ ကျောထောက်နောက်ခံ မြှောက်ပေးနေသူတွေပဲ။ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒီအစိုးရတွေက ကျားကန်ပေးထားတယ်။
ကျနော်တို့ဟာ သံခင်းတမန်ခင်းနည်းနဲ့ သူတို့ပြည်သူတွေက သူတို့အစိုးရတွေကို မြန်မာစစ်အစိုးရအပေါ် ထောက်ပံပေးနေတာကို ရှုတ်ချပြီး ချက်ချင်းပဲ ဒီအကူအညီတွေ ရပ်ဆိုင်းပစ်စေဖို့ တွန်းအားပေး လုပ်ဆောင်သွား ကြရလိမ့်မယ်။
(၃) တန်ပြန် ၀ါဒဖြန့်ချိရေးနည်း
ဒီနည်းမှာတော့ ကျနော်တို့ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ Psych-war ကို Psych-war နည်းနဲ့ပဲ တန်ပြန်တိုက် ခိုက်ကြရမယ်။
စစ်အစိုးရ လော်စပီကာ သတင်းစာတွေရဲ့ အတင်းအဖျင်း ၀ါဒဖြန့် အရေးအသားတွေကို ကျနော်တို့ ဝေဖန်ပစ်ရ မယ်။ အစိုးရပေါ်လစီကို ထင်ဟပ်တဲ့ မီဒီယာနဲ့ စစ်အုပ်စုလိုလားတဲ့ စာပေအနုပညာတွေကို ကျနော်တို့ တုန့်ပြန် ပစ်ရမယ်။ ရန်သူရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကို ကျနော်တို့ ထိုးနှက်ပစ်ရမယ်။ မြောင်းထဲရောက်သွားအောင် မောင်း ထုတ်ပစ်ရမယ်။ နောက်ဆုံးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး လှုပ်ရှားမှုဟာ အကျပ်အတည်းဆိုက်ပြီး ပြိုကွဲသွားစေ ရမယ်။
နောက်ပြီးတော့ ကျနော်တို့ ရင်ဆိုင်ရမယ့် အရေးအကြီးဆုံး အချက်တခုကတော့ မြို့နယ်အလိုက် ကြံ့ဖွတ်အမှု ဆောင်တွေ၊ စွမ်းအားရှင် ခေါင်းဆောင်တွေရဲ့ နာမည်နဲ့ ကိုယ်ရေးအကျဉ်းတွေကို အတိအကျ အသေးစိတ် ရေး သား မှတ်တမ်းတင်ထားဖို့ပါပဲ။ (နောင်တချိန် တော်လှန်ရေး အောင်ပွဲဆင်တဲ့အခါမှာ တရားမျှတမှုအတွက် သူတို့ ကို တရားခုံရုံး တင်တဲ့အခါ လူမှားပြီး သတ်မိတာမျိုး၊ စီရင်ချက်ချတာမျိုး မဖြစ်စေရအောင်လို့ပါ။)
ဒီနည်းဟာ စစ်အစိုးရ ပြုတ်ကျဖို့ တန်ပြန်တိုက်ခိုက်တဲ့ တော်လှန်သော အနုပညာပဲ။ စစ်အစိုးရကို ကိစ္စတုံး အလုံးစုံ ပျက်သုဉ်းသွားစေမယ့် တန်ပြန် အနုပညာပဲ။
ဒါပါပဲ။ မြစ်ဧရာပေါ်မှာ လွတ်လပ်မှုဟာ အပြင်းအထန် စီးဆင်းလာပါစေတော့ …။
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(၁၁-၁၀-၀၇)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:24 AM
0
comments
Labels: ပေးစာ
Wednesday, October 24, 2007
သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုပြုလုပ်
သတင်း- ခေတ်ပြိုင် (၂၄-၁၀-၀၇)
ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေး
ဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။
ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်း
အ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ
က ပြောကြားသည်။
၎င်းက “စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေး
တွေပေးဖို့ သြစတြေးလျက မြန်မာစစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများ
နှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ပိတ်ဆို့ အရေးယူမှု၌ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့အား ထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျ ဗဟိုဘဏ်၏ ခွင့်ပြုချက်
မပေးဘဲ တားမြစ်ထားခြင်း ပါဝင်သည်။
ယခုအရေးယူမှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှု မဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က နအဖ စစ်အာဏာပိုင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားတွင် ဆွမ်းကပ်လှူရာ၌ ပါဝင်ခဲ့သဖြင့် နောက်တရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ နိုင်ငံကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ တဦးဖြစ်သူ ဇာဂနာ ခေါ် ကိုသူရ ကို ဆက်သွယ် မေးမြန်းထားပါသည်။ဖြေ။ အဆုပ်ပွနေတယ်။ တမံသလင်းပေါ် အိပ်ရတော့ အဆုပ်ပွရောင် ရောဂါ ရလာတယ်။ ဆေးရုံတက်ဖို့ ပြော ပေမယ့် ကျနော့်ဟာ ကျနော် ဆေးသောက်ပြီးတော့ ကုတော့မယ် ဆိုပြီးတော့ ဆေးရုံကနေ ကိုယ့်ဟာကိုယ် ဆင်းလာတယ်။
မေး။ အင်းစိန်ထောင်က စစ်ခွေး တိုက်ထဲမှာ ထားတယ်လို့ သိရတယ်။ ဘယ်လို နေရာမျိုးလဲ၊ ပြီးတော့ ဘယ်လိုနေခဲ့ရလဲ။ ဘယ်နှစ်ရက်လောက် နေခဲ့ရလဲ။
ဖြေ။ ပထမဆုံး ကျနော့်ကို ဖမ်းပြီး ခေါ်သွားတာက အင်းစိန် သီးသန့်ထောင် ခေါ်သွားပြီးတော့ အဲဒီနေ့ည တညလုံး ထားပြီးတော့၊ မနက်လည်းကျရော အောင်သပြေ စစ်ကြောရေး စခန်းကို ခေါ်သွားတယ်။ အောင်သပြေ စစ်ကြောရေးမှာ ၃ ညနဲ့  ၄ ရက်ထားတယ်။ ပြီးတော့ အင်းစိန်ထောင်က စစ်ခွေး အချုပ်ခန်းကို ပို့လိုက်တယ်။
မေး။ စစ်ခွေး အချုပ်ခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်လောက် အကျယ်အဝန်း ရှိလဲ။
ဖြေ။ စစ်ခွေး အချုပ်ခန်း ဆိုတာကတော့ဗျာ၊ တိုတိုပြောရင်ဗျာ ထောင်ထဲမှာ အပြစ်ဒဏ် ကျနေတဲ့ သူတွေ ရှိတယ်။ အပြစ်ဒဏ် ကျနေတဲ့ လူတွေထဲမှာ ထပ်ပြီးတော့ ထောင်ထဲမှာ အမှုလုပ်တဲ့သူတွေ၊ အချင်းချင်း ပြန်ရိုက်တဲ့ သူတွေ၊ သတ်တဲ့သူတွေ၊ ဆေးသွင်းတဲ့ သူတွေ၊ ယောက်ျားလေး အချင်းချင်း အနိုင်ကျင့်တဲ့သူတွေ၊ အဲလို လူမျိုးတွေရဲ့ ခြေထောက်ကို သံခြေကျင်း ခတ်ပြီးတော့ အဲဒီကို ပို့ရတာ။ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီးတော့ တိုက်ထဲ ပိတ်ထားလိုက်တာပေါ့ဗျာ။ အပြင်လည်း ဘာမှ မမြင်ရတော့ဘူး။ မျက်နှာတခုစာ အပေါက်ပဲ ရှိတယ်။ လေဝင်ပေါက်ဆိုလို့ အဲဒီ အပေါက်ပဲ ရှိတယ်။ အကျယ်ဝန်းက ၈ ပေ၊ ၁ဝ ပေ ရှိတယ်။ အထဲမှာ လှောင်ပြီးတော့ အေးလည်း တအားအေးတယ်။ တမံသလင်းပေါ်မှာ သစ်သားပြား တခုပဲ ထားတယ်။
နောက်ပြီးတော့ ပထမ ၂ ရက်လောက် လုံးဝ ရေမချိုးရဘူး။ စစ်ခွေးတိုက် ခေါ်တာကလည်း အဲဒီ လုံခြုံရေးအတွက် အင်းခွေး အကောင် ၃ဝ လောက် အစောင့် ချထားတယ်။ အဲဒီထဲမှာ အစားသောက်ကလည်း အတော် စုတ်ပြတ်တယ်။ နေရေးထိုင်ရေး ကလည်း တအား စုတ်ပြတ်တယ်။ လေပေါက်ကလည်း မရှိဘူး။ တမံသလင်းပေါ်၊ သစ်သားပြားပေါ် အိပ်ရတော့ အဆုပ်က အအေးပတ်ပြီးတော့၊ နောက် ကန်တော့ ကန်တော့ အီအီးပါတော့လည်း ကျနော့်ကို ထမင်း သံပုဂံပြားတခု ပေးထားတယ်။ အီအီး တခါပါ၊ ရှူရှူးတခါ ပေါက်ဆို သံပုဂံပြား ပြည့်သွားရောဗျာ။ ဆက် ပါလို့ မရတော့ဘူး။ အဲဒီမှာ ၇ ညနဲ့ ၈ ရက်လောက် နေခဲ့ရတယ်။ နောက်တနေ့တော့ ၅ ဆောင် သီးသန့် အဆောင်ကို ပို့လိုက်တယ်။ အဲဒီမှာ မဆိုးပါဘူး။ အဲဒီမှာတော့ တထွာလောက်ရှိတဲ့ ကွပ်ပစ်တခု ရှိတယ်။ အဲဒီမှာ အိပ်ရတယ်။ ၂ ပေခွဲလောက်ရှိတဲ့ ရေချိုးကန်လေး တခု လုပ်ထားတယ်။
မေး။ တခြားသူတွေနဲ့ရော အတူထားတာ ရှိလား။
ဖြေ။ ကျနော် တယောက်ထဲဗျ။ တကယ့်ကို တယောက်ထဲဗျ။ ဘေးလူ တယောက်မှ မရှိဘူး။ ဘာမှမရှိဘူး။ တယောက်ထဲရယ်။ အလုံပိတ်ထားတယ်။
မေး။ နှိပ်စက် ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ အဲဒီမှာ ညှင်းပမ်းလို့ကတော့ သေဖို့ပဲ ရှိတော့တယ်။ အဲဒီမှာ ထားတာကိုက တော်တော်ဆိုးနေပြီ။ နေမမြင်၊ လမမြင်နဲ့ နေရတာဗျ။
မေး။ ထောင်ထဲမှာ ခေါ်ယူ စစ်ဆေး မေးမြန်းတာ ရှိလား။ ဘာတွေမေးလဲ။
ဖြေ။ ရှိတယ်။ အဲဒီထဲမှာ ညလုံးပေါက်၊ ညလုံးပေါက် ခေါ်စစ်တယ်။ ကျနော့်ဆီမှာ သူတို့ မသိတဲ့ဟာတွေ ရှိတယ်ဆိုပြီးတော့ ညလုံးပေါက်ကို မေးတယ်။ ပထမဆုံးနေ့ကဆိုရင် ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညလုံးပေါက်ပဲ။ နေ့တိုင်းတော့ မဟုတ်ဘူး။ နောက်ရက်တွေကတော့ ခဏပဲ။ တကယ်စစ်တာက တညပဲ၊ ကျန်တာတွေက အလကား သက်သက်ပဲ။ အိပ်တော့မယ် ဆိုရင် လာခေါ်တယ်၊ အိပ်မရရုံ လောက်ပဲလေ။ အိပ်တော့မယ်ဆိုရင် လာခေါ်တော့တာပဲ။ တခါတလေကျရင် အိပ်နေရင်း ခုံတွေ လာရွှေ့သေးတယ်။ ဘာလုပ်တာမှန်း မသိဘူး။
မေး။ ဘာတွေ အဓိကထား မေးလဲ။
ဖြေ။ ဘာမှကို မမေးတာ။ သူတို့မေးတာ ဘာမှ မသိရလို့။ သူတို့ မေးတာကတော့ သိတယ် မဟုတ်လား။ ဘယ်သူတွေ ပါလဲ၊ ဘယ်ဝါတွေ ပါလဲ။ ကျနော် ပါတာတော့ ကျနော်သိတယ်။ ကျန်တဲ့ လူတွေကို ဂရုကိုမစိုက်လို့ ကျနော် မသိဘူးပေါ့။ ကျနော်နဲ့ ပတ်သက်လို့၊ ကျနော်တို့ အနုပညာနဲ့ ပတ်သက်လို့ ဘယ်သူမှ မလာဘူးလို့ ပြောလိုက်တယ်။ အဲဒါတွေ ကျနော် မသိရလို့ပေါ့နော်။
မေး။ လာဖမ်းတဲ့ ပုံစံလေးကို ပြောပြပါအုံး။
ဖြေ။ ညပိုင်း ၁၂ နာရီ ၂ဝ လောက်မှာ။ လာတုန်းကတော့ သိပ်ရီရတယ်။ “သန်းခေါင်စာရင်း စစ်မယ်” ဆိုပြီးတော့ ပြောတာ။ ကျနော်က “စစ်မနေပါနဲ့ဗျာ။ ခင်ဗျားတို့ လာဖမ်းတာ မဟုတ်လား” ဆိုပြီးတော့ အဝတ်တထည်နဲ့ ဆေးတော့ ယူလာရတယ်။ ကျနော်လည်း ညနေကတည်းက ကိုမောင် (ကျော်သူ) နဲ့ ကိုအောင်ဝေးတို့ ပုန်းမယ့်နေရာ သွားရှာပေးနေတာ။ ကျနော့်အတွက် ဘာမှ မစဉ်းစားနိုင်ဘူး။ အဲဒီတော့ Curfew မတိုင်ခင် ည ၉ နာရီအမီ အိမ်ပြန်လာရသေးတယ်။ လာခေါ်တာက စုစုပေါင်း ၈ ယောက်။ အနောက်ပိုင်း ခရိုင်က ရဲမှူး ဦးစိုးသိန်း၊ ရဲအုပ်က ၃ ယောက်၊ ရိုးရိုး ဒုရဲအုပ်ကတော့ တယောက်။ နောက် စမ်းချောင်းမြို့နယ်က ရဲစခန်းက စခန်းမှူး တယောက်၊ ရဝတ ၂ ယောက်လောက် ပါတယ်။ ဖမ်းဝရမ်း မပါဘူး။
မေး။ အိမ်တွင်းကို ရှာတာဖွေတာ ရှိသေးလား။
ဖြေ။ နှံ့နေအောင်ကို ရှာတာဗျာ။ အခန်းတွင်းကို ရှုပ်ပွနေတာပဲ။ ကွန်ပြူတာတွေ သိမ်းတာ မရှိပါဘူး။ ကျနော့် မိုဘိုင်းတော့ သိမ်းလိုက်တယ်။ သူတို့ ပြန်လာပေးမယ်လို့ ပြောတယ်။
မေး။ ပြန်ထွက်လာတော့ရော လက်မှတ်တွေ၊ ဝန်ခံချက်တွေ ထိုးခဲ့ရသေးလား။
ဖြေ။ အဲဒီဟာက တော်တော် ထူးဆန်းတယ်ဗျ။ ကျနော့်ကို လွှတ်မယ်လို့ မပြောဘူး။ ကျနော့်ကို ထောင်ကနေပြီးတော့ အိမ်ကို ပြန်ရမယ်လို့ မပြောဘူး။ ထောင်ပြောင်းရမယ်လို့ ပြောထားတယ်။ နယ်ထောင် ပြောင်းရမယ် ပြောတယ်။ နယ်ထောင် ပြောင်းရမယ် ဆိုတော့လည်း ပြောင်းပေါ့။ ရောက်ဖူးသည် ရှိအောင်ပေါ့။ ပြီးလည်းပြီးတော့ နယ်ထောင် မဟုတ်ဘဲနဲ့ အပေါက်ဝလည်း ရောက်တော့ အိမ်ပြန်ရမယ်ဆိုပြီးတော့ အိမ်အရောက် ကားနဲ့ ပြန်ပို့တယ်။ အားလုံးပေါင်း ၅ ယောက်။ ရဲမှုးတွေချည်းပဲ။ ကျနော်တောင် ထောင်ပစ္စည်းတွေတောင် ပါလာသေးတယ်။ ကျနော် ပြန်ပေးရအုံးမယ်။ ထောင်အင်္ကျီတွေတောင် ပါလာတယ်။ တခြား ဘာမှမပြောဘူး ခင်ဗျ။ ပြောလို့လည်း ရမှာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။
မေး။ ထောင်က ထွက်ပြီးတော့ရော အနီးကပ် စောင့်ကြည့်တာတွေ ရှိလား။
ဖြေ။ ရှိတာပေါ့။ ကျနော်တို့ ဆီမှာ ၃ မျိုးရှိတယ်။ ထုံးစံအတိုင်း ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ ရဲတွေပေါ့ဗျာ။ ရဲဆိုတာကလည်း ရဲနဲ့ ရဝတ တွေပေါ့ဗျာ။ အိမ်ရှေ့ တည့်တည့်မှာတော့ မရှိဘူး။ ကျနော်တို့ အိမ်နားမှာ စားသောက်ဆိုင်တို့၊ လ္ဘက်ရည်ဆိုင်တို့ ရှိတယ်။ အဲဒါတွေကိုလည်း ရဝတ တွေက ကျနော့်ကို ကြိုတင် လာပြောထားတာတွေ ရှိတယ်။ သူတို့ကိုလည်း ကျနော် ကြည့်မနေပါဘူး။ နေပါစေ။ သူတို့ ညောင်းတာပေါ့၊ ရပ်နေရတာ။ ကျနော်ကတော့ အပြင်ကို သွားတာပဲဗျ။ လွတ်လွတ်လပ်လပ် ပေါ့ဗျာ။
မေး။ လှုပ်ရှားမှုပိုင်းမှာ ခေါင်းဆောင်ခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်း သံယာတွေကို အခုလို ဖမ်းဆီးနေတဲ့ အချိန်မှာ လှုပ်ရှားမှုဟာ ရပ်တန့်သွားပြီ၊ ရပ်တန့်သွားမယ်လို့ ပြောနိုင်သလား။
ဖြေ။ ကျနော် လေ့လာ မိသလောက်တော့ ဒီလှုပ်ရှားမှုတွေက ခဏတော့ လောလောဆယ် အခြေအနေအရ ရပ်သွားတယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ လောလောဆယ် အခြေအနေအရ ခေတ္တခဏ ငုပ်သွားတယ်လို့ ပြောနိုင်မယ်။ ခဏလေးပဲ ငုပ်သွားတာပါ။ ဒါဟာ ရပ်သွားမှာ မဟုတ်သလို၊ အားလုံး စိတ်ထဲမှာလည်း ရှိနေတယ်။ ပြီးမသွားပါဘူး။ ကျနော်တို့ စိတ်ထဲမှာတင် မကပါဘူး၊ ပြည်သူလူထုတွေ စိတ်ထဲမှာလည်း မပြီးသေးပါဘူး။ သူတို့စိတ်ထဲမှာလည်း အုံ့ပုန်းနဲ့ အနာကြီးတခုလို ဖြစ်ကျန်ရစ် နေသေးပါတယ်။
မေး။ အခုလို တအုံနွေးနွေးနဲ့ အနာကြီးတခုလို ပြည်သူလူထု ရင်မှာ ကျန်ရစ်တော့ ဘယ်လို အထောက်အကူပြုလဲ။
ဖြေ။ အခုလို ဖြစ်နေတာက ကျနော်တို့ တိုင်းပြည်အတွက် တဖက်က ပြန်ပြောရင်တော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ဒါ ကောင်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သားသမီးတွေ ၁၉ နှစ်အရွယ်တွေ။ ၈၈ ခုနှစ် အကြောင်းပြောရင် သူတို့ကို လိမ်ပြောတယ် ထင်တယ်။ မယုံချင်သလိုလို ဖြစ်နေရင်လည်း ဖြစ်မှာပေါ့နော်။ အခုတော့ သူတို့ လက်တွေ့ မြင်သွားကြပြီ၊ ကြုံသွားကြပြီ။ ကျနော်တို့ မဟုတ်တာ၊ လိမ်ပြောတာ မဟုတ်ကြောင်း သိသွားကြပြီ။ အဲဒီ တခုတော့ ကျနော် တော်တော် သဘောကျတယ်။
မေး။ ဂမ်ဘာရီ ရောက်လာပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နအဖ အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လာတယ်။ ဆန္ဒ ဖော်ထုတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်နေတယ်။ Curfew တွေ ပြန်ရုပ်ပြီ၊ ၅ ယောက်ထက် ပိုမစုရ ရုပ်လိုက်ပြီ။ ပုံမှန်အတိုင်း ဖြစ်သွားပြီလို့ ပြောလို့ရလား။
ဖြေ။ မရှိသေးဘူး။ ပုံမှန် မဖြစ်နိုင်သေးပါဘူး။ လူတိုင်း စိတ်ထဲမှာ ဒါပဲရှိတယ်။ ပျောက်နိုင်အုံးမှာ မဟုတ်ဘူး။ အခုလည်းပဲ ပြောနေကြတုန်းပဲဗျ။ ဒါတွေက ရုပ်ပြသက်သက် လုပ်နေတာ၊ အရင်တုန်းကလည်းပဲ ထုံးတမ်းစဉ်လာအတိုင်း လုပ်နေတာပဲ။ အမှန်တော့ ပဲများပြီးတော့ ဆက်လုပ်နေတာပါ။ သိပ်ပြီးတော့ ဘာမှ မဖြစ်ပါဘူး။ ဒါကတော့ ရိုးလည်းရိုးနေပါပြီ။ ဒီလိုပဲ လုပ်မှာပဲလေ။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ။ လောလောဆယ်ကတော့ သူတို့ လုပ်နေတဲ့ဟာတွေ၊ ချီတက်နေတဲ့ ဟာတွေ၊ အခုလည်း လုပ်၊ မကြာခင် လုပ်အုံးမှာ ကြားရအုံးမှာပါ။ ဒါရိုက်တာ မီးပွားတို့ကို ခေါ်ပြီးတော့ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) က သူတို့ရွာမှာ မြင်းခြံ၊ ခရိုင်ဘက်မှာ ပွဲတွေ လုပ်ကြအုံးမှာ။ သူတို့ မြို့နယ် တခုလုံးက ဒီလှုပ်ရှားမှုတွေမှာ မပါဘူးပေါ့ဗျာ။ နောက်တခုက သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သားအတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး။ အားလုံးက သိနေတာပဲဗျာ။
မေး။ လူထုရဲ့ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေသေးတယ် ဆိုရင်၊ နောက်ထပ် လှုပ်ရှားမှု အခြေအနေရော ရှိနိုင်သေးလား။
ဖြေ။ လမ်းပေါ်ထွက်တဲ့ နည်းလမ်း တခုထဲ မဟုတ်ဘဲ၊ တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် နောက်ပုံသဏ္ဍာန် တမျိုးနဲ့ ပြန်ပေါ်လာအုံးမှာပါ။ အများ ပြည်သူတွေရော၊ ကျနော်တို့ရော လိုလားတဲ့ ကိစ္စတခု ဆိုရင်တော့ ပြန်ပေါ်လာစရာ မရှိဘူးလေ။ အားလုံး မလိုလားတဲ့ ပြဿနာတခုကို သူတို့ မွေးလိုက်တယ်ဆိုရင် ပြန်ပေါ်လာအုံးမှာပါ။ ကျနော်ကတော့ သိပ်ပြီးတော့ မစိုးရိမ်ဘူး။ ဒီကိစ္စကတော့ မပြီးသွားသေးဘူး။ အားလုံးရဲ့ စိတ်ထဲမှာ မဖြောက်နိုင်သေးဘူး။ ပြီးခဲ့တဲ့ အတွင်းက လူတွေ အများကြီး၊ အသက်တွေ အများကြီး၊ အသေခံ ဘဝတွေ အများကြီး။ အပျက်ခံပြီးတော့ ပေါ်ချင်တော့ ပေါ်တော့မယ် ထင်တယ်။ သို့သော် နောက်တမျိုး ပေါ်လာပါလိမ့်မယ်။ နောက်တမျိုးကတော့ ဘယ်လိုမျိုး ဖြစ်လာမလဲ ဆိုတာကတော့ ကျနော် ပြောဖို့အတွက် စောပါသေးတယ်။ သို့သော် ပေါ်ဖို့ ရာခိုင်နှုန်းအရ ပြောရင် သေချာသလောက် ရှိတယ်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:18 PM
1 comments
Labels: အင်တာဗျူး
အမေရိကန်အစိုးရက သပိတ်မှောက်လိုက်တဲ့ နအဖစစ်အစိုးရနဲ့ အပေါင်းအပါများ
သတင်း- မိုးမခ (၂၃-၁၀-၀၇)
အောက်တိုဘာလ ၁၉ ရက်နေ့၌ စီးပွားရေးပိတ်ဆို့မှုအတွက် အမေရိကန်သမ္မတ ဂျော့ဘုရှ် ထပ်မံ ဖြည့်စွက်လိုက်သည့် မြန်မာစစ်အစိုးရ အမည်စာရင်း
၁။ အောင်သိန်းလင်း (မွေးနေ့ - ၁၉၅၂)၊ ဗိုလ်မှူးချုပ်၊ ရန်ကုန်မြို့တော်ဝန်
၂။ စောလွင် (မွေးနေ့ - ၁၉၃၉)၊ ဗိုလ်ချုပ်၊ အမှတ် ၂ စက်မှုဝန်ကြီး
၃။ ဇော်မင်း (မွေးနေ့ - ဇန်န၀ါရီ ၁၀၊ ၁၉၄၉)၊ ဗိုလ်မှူးကြီး၊ အမှတ် ၁ လျှပ်စစ်စွမ်းအင်ဝန်ကြီး
၎။ ဒေါက်တာ ကျော်မြင့် (ခ) ကျော်မြင့် (မွေးနေ့ - ၁၉၄၀)၊ ကျန်းမာရေးဝန်ကြီး
၅။ ဒေါက်တာ ချမ်းငြိမ်း (ခ) ချမ်းငြိမ်း (မွေးနေ့ - ၁၉၄၄)၊ ပညာရေးဝန်ကြီး
၆။ စိုးသာ (မွေးနေ့ - ၁၉၄၅)၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် စီးပွားရေးဝန်ကြီး
၇။ ဦးသောင်း (မွေးနေ့ - ဇူလိုင် ၆၊ ၁၉၃၇)၊ အလုပ်သမားဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး
၈။ တင်နိုင်သိန်း (မွေးနေ့ - ၁၉၅၅)၊ ဗိုလ်မှူးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး
၉။ လှထွန်း (မွေးနေ့ - ဇူလိုင် ၁၁၊ ၁၉၅၁)၊ ဗိုလ်ချုပ်၊ ဘဏ္ဍာရေးနှင့် အကောက်ခွန်ဝန်ကြီး
၁၀။ စောထွန်း (မွေးနေ့ - မေ ၈၊ ၁၉၃၅)၊ ဗိုလ်ချုပ်၊ ဆောက်လုပ်ရေးဝန်ကြီး
၁၁။ သိန်းဇော် (မွေးနေ့ - အောက်တိုဘာ ၂၀၊ ၁၉၅၁)၊ ဗိုလ်မှူးချုပ်၊ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီး
စစ်အစိုးရအား ထောက်ပံ့ ကူညီသူ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ စာရင်း
၁။ ဦးဌေးမြင့် (ခ) ဌေးမြင့် (မွေးနေ့ - ဖေဖော်ဝါရီ ၆၊ ၁၉၅၅)၊ ယုဇန ကုမ္ပဏီ လီမိတက်
၂။ ဒေါက်တာ ခင်ရွှေ (ခ) ခင်ရွှေ (မွေးနေ့ - ဇန်န၀ါရီ ၂၁၊ ၁၉၅၂)၊ ဇေကမ္တာ ကုမ္ပဏီ လီမိတက်
၃။ ပြေဖြိုးတေဇ (မွေးနေ့ - ဇန်န၀ါရီ ၂၉၊ ၁၉၈ရ)။ တေဇ၏ သား။ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore
၎။ ဦးတေဇ (ခ) တေဇ (မွေးနေ့ - ဇူလိုင် ၁၈၊ ၁၉၆၇)/ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore၊ မန်နေဂျင်း ဒါရိုက်တာ - အဲယားပုဂံ၊ ထူးထရိတ်ဒင်း၊ ပါဗို ထရိတ်ဒင်း လီမိတက်
၅။ ဒေါ်သီတာဇော် (ခ) သီတာဇော် (မွေးနေ့ - ဖေဖော်ဝါရီ ၂၄၊ ၁၉၆၂)၊ တေဇ၏ ဇနီး။ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore
၆။ အဲယားပုဂံ ဟိုးလ်ဒင်း လီမိတက် (ခ) အဲယားပုဂံ
၇။ အဲယားပုဂံ လီမိတက်
၈။ ထူး ထရိတ်ဒင်း ကုမ္ပဏီလီမိတက် (ခ) ထူးထရိတ်ဒင်း ဂရုပ်လီမိတက်
၉။ ထူး သစ်လုပ်ငန်းနှင့် ထူး ပရိဘောဂ လုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ
၁၀။ ပါဗို ထရိတ်ဒင်း လီမိတက်
၁၁။ ယုဇန ကုမ္ပဏီ လီမိတက်
၁၂။ ဇေကမ္တာ ကုမ္ပဏီ လီမိတက်
မှတ်ချက်။ ။ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြထားပါသည်။
http://www.treasury.gov/offices/enforcement/ofac/actions/20071019.shtml
http://www.treasury.gov/offices/enforcement/ofac/actions/20071019a.shtml
လူရွှင်တော် ဇာဂနာ ဦးဆောင်သည့် အနုပညာရှင်များ စမ်းချောင်း ဗားဂရာကျောင်း တိုက်မှ သံဃာတော်များအား နေ့ဆွမ်းကပ်လှူ
သတင်း-ဒီဗွီဘီ
Gmial Account များအတွက် သတိပေးချက်
စက်မှုဇုန်များ အလုပ်သမား သမဂ္ဂ၏ ကြေညာချက်
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:20 PM
0
comments
Labels: သတင်း
စွန့်လွှတ်သူတို့ မှတ်တမ်းဓာတ်ပုံ (၂၄-၁၀-၀၇)
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:59 AM
0
comments
Labels: ဓါတ်ပုံ
Tuesday, October 23, 2007
လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ပါမောက္ခ ပီညဲရိုး မြန်မာနိုင်ငံသို့ လာခွင့်ရ
သတင်း-ခေတ်ပြိုင် (၂၃-၁၀-၀၇)
မြန်မာနိုင်ငံ၌ လတ်တလော ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး အခြေနေများကို လေ့လာ အကဲဖြတ်ရန်အတွက် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးအား မြန်မာနိုင်ငံသို့ လာခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ယခု လ (၂) ရက်နေ့၌ မေတ္တာရပ်ခံပြီးနောက် ယခုကဲ့သို့ လာရောက်ခွင့်ရရှိခြင်း ဖြစ်သည်။
မစ္စတာပီညဲရိုးကို လာရောက်ခွင့်ပြုကြောင်း သဘောတူသည့် စာကို နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပြီးခဲ့သည့် သောကြာနေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ
(၁၇)ရက်၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ လာရောက်ရန် ဦးဥာဏ်ဝင်းက အကြံပြုထား သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ်က ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်၌ ပြောသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေစုံစမ်း၍ ကုလသမဂ္ဂ ၌ အစီရင်ခံရသူ မစ္စတာ ပီညဲရိုးသည် ၂၀၀၃ ခု နိုဝင်ဘာလက မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ သည်။ ထိုခရီးစဉ်အပြီး နအဖစစ်အစိုးရက ထပ်မံဝင်ခွင့် မပေးတော့ဘဲ ထားခဲ့သည်။
နအဖစစ်အစိုးရက မစ္စတာပီညဲရိုးအား မြန်မာနိုင်ငံ ၀င်ခွင့်ပေးလိုက်ခြင်းအပေါ် သံသယဖြင့် ကြိုဆိုကြောင်း လူ့အ ခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
၎င်းက “အခုလိုမျိုး အချိန်မှ ခွင့်ပြုလိုက်တာဟာ သူတို့ဘက်မှာ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ သဲလွန်စတွေကို ဖျက်ဆီးပြီးတဲ့ အနေအထားမျိုး ရောက်မှ ခွင့်ပြုတာလား၊ ဒါမှမဟုတ်ရင် သူ့ကိုပို့နိုင်တဲ့ သတင်း တွေ မရရှိနိုင်အောင် အကုန်လုံးကို လက်စဖျောက်ပြီးမှ ခွင့်ပြုတာလားဆိုတာ သံသယရှိစရာ ဖြစ်တယ်။ အခု အ ချိန်နောက်ကျ သွားတဲ့အတွက် ပီညဲရိုးရဲ့အဖြစ်မှန် စုံစမ်းဖို့လုပ်ငန်းဟာ အဟန့်အတားတွေ ဖြစ်နိုင်တယ်။ အခက် အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားခဲ့သည့် နေရာများသို့ သွားရောက်ပြီး ကိုယ်တွေ့ကြုံသူများနှင့် လွတ်လပ်စွာ တွေ့ဆုံ၍ သဲလွန်စရှာခြင်း၊ အင်းစိန်ထောင်နှင့် စစ်ကြောရေးစခန်းများရှိ အဖမ်းအဆီး ခံနေရသူများနှင့် တွေ့ဆုံ ခြင်းတို့ ပြုလုပ်နိုင်ပါက မစ္စတာပီညဲရိုး၏ ခရီးစဉ် အကျိုးရှိမည်ဖြစ်ပြီး နအဖပို့ဆောင်သည့် နေရာများသို့ သွား ရောက်ပြီး ပြောသမျှ နားထောင်၍ ပြန်သွားမည်ဆိုပါက ထူးခြားမှုရှိမည် မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံရေးအမြတ် ထုတ်မှုသက်သက်သာဖြစ်သွားမည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြဿနာ အဖြေရှာရန်အတွက် မြန်မာ့အိမ်နီးချင်း နိုင်ငံများဆီ ခ ရီးလှည့်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟမ် ဂမ်ဘာရီသည်လည်း ရှေ့လ၌ မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိသည်။
ဇာဂနာပြက်လုံး ရေပန်းစား
သတင်း- ခေတ်ပြိုင် (၂၃-၁၀-၀၇)
ဖမ်းဆီးထိန်းသိမ်းခံနေရာမှ လွတ်မြောက်လာပြီးသည့်နောက် ပြင်ပရေဒီယိုများနှင့် အင်တာဗျူးလုပ်စဉ် ပြောကြား ခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာ၏ ပြက်လုံးတခု လူထုအတွင်း ပျံ့နှံ့နေကြောင်း ရန်ကုန် မြို့ခံများထံမှ သိရသည်။
အဆိုပါ အင်တာဗျူးတွင် ဇာဂနာက မြန်မာလူမျိုး ဗုဒ္ဓဘာသာများ အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးချိန်အထိ ဗုဒ္ဓံသ ရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိဆိုပြီး ရွတ်ဆို ပူဇော်ကြရကြောင်း၊ စစ်အစိုးရ၏ ပြုမူပုံများအ ရ ယခုအခါ နောက်ဆုံး စာပိုဒ်ဖြစ်သည့် သံဃံ သရဏံ ဂစ္ဆာမိကို သံဃံသရဏံ ဂန်းစာမိဟူ၍ ပြောင်းလဲ ရွတ်ဆိုရ မလို ဖြစ်နေကြောင်း ရဟန်း သံဃာများအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြက်လုံးထုတ်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါ ပြက်လုံးသည် ရန်ကုန်မြို့ပေါ်ရှိ တက္ကစီ ဒရိုင်ဘာများ၊ လက်ဖက်ရည်ဆိုင်များ စသည့် နေရာများတွင်သာ မက အစိုးရရုံးများအတွင်း၌လည်း ပျံ့နှံ့ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန် ရွှေဘုံသာလမ်းမှ ရွှေပွဲစားတဦးက "ကျွန်တော်တို့ ပွဲစားတန်းမှာ တယောက်နဲ့ တယောက် လက်တို့ပြီး ဇာဂနာရဲ့ ပြက်လုံး ကြားပြီးပြီလား၊ ဘာလဲလို့မေးရင် သံဃံသရဏံ ဂန်းစာမိလေကွာဆိုပြီး ပြောနေကြတယ်။ ဒီ ကတဆင့် စက်တင်ဘာ အရေးအခင်းတုန်းက အကြောင်းတွေ၊ စစ်အစိုးရ ရက်စက်ပုံတွေကို ပြန်ပြောကြရင်း လူ တွေက စစ်တပ်ကို ရွံမုန်းနေကြတာပဲ" ဟု ပြောသည်။
သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲများ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန် စက်တင်ဘာ (၂၅)ရက်ညတွင် အာဏာပိုင်များက သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာကို ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြလှုပ်ရှားမှုကာလအတွင်း သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသူ ရုပ်ရှင်၊ ဗီဒီယို၊ တေးဂီတနှင့် မော်ဒယ်လောကမှ ထင်ရှားသည့် အနုပညာရှင်များကို သံဃာတော်များ၏ လှုပ်ရှားမှုကို ထောက်ခံလာအောင် လှုံ့ဆော်သူအဖြစ် စစ်အစိုးရက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဂနာသည် အောင်သပြေ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင် စစ်ခွေးတိုက်၊ အင်းစိန်ထောင် (၅)ဆောင် စသ ဖြင့် (၄)နေရာခန့်၌ ချုပ်နှောင်ခံခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ (၁၇)ရက် ညက ပြန်လည် လွတ်မြောက်ခဲ့သည်။
ပြန်လည် လွတ်မြောက်လာပြီးပြီးချင်း ပြင်ပရေဒီယို၊ ၀က်ဘ်ဆိုက်၊ သတင်းစာများနှင့် အင်တာဗျူးစဉ် ဖြစ်ပျက်ခဲ့ သမျှကို ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ ပြောဆိုခဲ့သူ ဖြစ်သည့်အတွက် မြန်မာပြည်သူများအကြား အထူးရေပန်း စားနေသူတယောက် ဖြစ်သည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:26 PM
2
comments
Labels: သတင်း
To a Myanmar Soldier Brother
Aung Way (from a bomb-shelter)
Oh! my soldier brother,
If you were a good soldier,
A soldier is not a soldier ―
in your mind,
in your soul,
in your heart.
If you were a patriotic soldier,
A soldier may be ―
a student,
a sangha,
a people.
If you were a democratic soldier,
A soldier means ―
not a slave,
not a butcher,
not a traitor.
Including you ―
We, the freedom fighters
Including you ―
We, the democracy lovers
Including you ―
We, the peace makers
Let's join hands to build a government ―
of the people,
for the people,
by the people.
Oh! my soldier brother(s)
Urgently, you find your way to ―
save the people,
love the people,
protect the people.
Aung Way
(son of a veteran)
(5-10-07)
ညီမောင် စစ်သည်သို့ …
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
ညီမောင် စစ်သည်ရေ …
တကယ်လို့ မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် ―
မင်း စိတ်ထဲမှာ
မင်း ရင်ထဲမှာ
မင်း နှလုံးသားထဲမှာ
စစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ်တော့ဘူး။
တကယ်လို့ ညီလေးဟာ မျိုးချစ်ရဲဘော်တဦး ဖြစ်မယ်ဆိုရင် ―
စစ်သားတယောက်ဟာ
ကျောင်းသားတယောက်
ဒါမှမဟုတ် သံဃာတပါး
ဒါမှမဟုတ် ပြည်သူတဦးလည်း ဖြစ်နိုင်တာပဲ။
တကယ်လို့ ငါ့ညီဟာ ဒီမိုကရေစီဘက်သား စစ်သည်တော်တပါး ဖြစ်မယ်ဆိုရင် ―
စစ်သားတယောက်ရဲ့ အဓိပ္ပါယ်မှာ မင်းဟာ
ကျွန်တယောက် မဟုတ်သလို
သားသတ်သမားလည်း မဟုတ်ဘူး
ထို့အတူ သစ္စာဖောက်လည်း မဟုတ်ဘူးပေါ့။
မင်း အပါအ၀င်
တို့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေ
မင်း အပါအ၀င်
တို့ ဒီမိုကရေစီ မြတ်နိုးသူတွေ
မင်း အပါအ၀င်
တို့ ငြိမ်းချမ်းရေး ကြိုးပမ်းသူတွေ
တို့အားလုံး လက်ချင်းချိတ်ပြီး အစိုးရတရပ် ―
ပြည်သူ့အတွက် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့
အဲဒီလို ပြည်သူ့အစိုးရတရပ်
တို့ တည်ဆောက်ကြရအောင်။
ကဲ … ညီမောင် စစ်သည်အပေါင်းတို့
အချိန်မဆိုင်းဘဲ နည်းလမ်းရှာကြံပြီး
ပြည်သူတွေကို ကယ်တင်ကြလော့ ―
ပြည်သူတွေကို ချစ်ကြလော့ ―
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြပါလော့ ― ။ ။
အောင်ဝေး
(စစ်သားဟောင်းကြီး တဦးရဲ့ သား)
(၅-၁၀-၀၇)
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:01 PM
0
comments
Labels: ကဗျာ
တွယ်ရာမဲ့ ဘ၀များ (၆)
ဒေါက်တာလွဏ်းဆွေ
(အသံ) လုပ်ခကတော့ သုံးနှစ်လေးနှစ်ရှိသွားပြီ သိပ်အဆင်မပြေတော့ဘူး။ တလ ငါးသောင်း ရအောင်တောင် အ သည်းအသန် လုပ်ရတယ်။ အရင်တုန်းကတော့ အဆင်ပြေတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က တော်တော်လေး အ ဆင်ပြေတယ်။ တလကို တသိန်း၊ ခုနှစ်သောင်း၊ ရှစ်သောင်း၊ တသိန်းခွဲ အဲလိုအထိ ရခဲ့ဖူးတယ်။ အခု အဆင် မ ပြေတာဆို သုံးနှစ် လေးနှစ် လောက်တော့ ရှိသွားပြီ။
သောတရှင်များ အခုကြားခဲ့ရတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွေးစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးရဲ့ ပြောပြချက် ဖြစ်ပါတယ်၊၊ မဲဆောက်မှာ လုပ်ရတဲ့ အလုပ်တွေ အ ဆင်မပြေတော့တဲ့အကြောင်း သူ့ကိုယ်တွေ့ကို ပြောပြနေတာပါ၊၊
သူဟာ မွန်ပြည်နယ် ကျိုက်ထိုဒေသကဖြစ်ပြီး မဲဆောက်မှာ အလုပ်လာလုပ်တာ ၇နှစ်ရှိပါပြီ၊၊ ကျိုက်ထိုမှာ နေ တုန်းက မိသားစုစီးပွားရေး အဆင်မပြေတဲ့အတွက် လေးတန်းအထိပဲ ပညာသင်ကြားခဲ့ရပါတယ်၊၊ နောက်တော့ ကျောင်းကထွက်ပြီး ဈေးရောင်းတဲ့အလုပ်နဲ့ လက်မှုပညာအလုပ်တွေကို ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရပါတယ်။ ဒါ ပေမယ့်လည်း ဘယ်လိုမှ အဆင်မပြေတော့လို့ အသက်(၂၇)နှစ်အရွယ်မှာ မိသားစုကိုခွဲခွာပြီး အိမ်နီးနားချင်း မိတ်ဆွေနဲ့ မဲဆောက်ကို လိုက်လာခဲ့ပါတယ်လို့ သူက ပြောပြပါတယ်၊၊
မဲဆောက်ကို ရောက်ခါစ ၂၀၀၀ခုနှစ်တုန်းက သူဟာ သိုးမွှေးစက်ရုံတရုံမှာ ထမင်းချက်အလုပ်ကို စလုပ်ခဲ့ရပါ တယ်၊၊ ၃ လလောက်ကြာမှ စက်ဆွဲအလုပ်ကို လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက တနေ့လုပ်ခ ဘတ်၅၀ရ ပါတယ်၊၊ တလကို မြန်မာငွေ တသောင်း၊ တသောင်းခွဲလောက်ရတဲ့အတွက် အဲဒီအချိန်တုန်းက ငွေလဲနှုန်းနဲ့ဆိုရင် မြန်မာ ပြည်မှာထက် အများကြီး အဆင်ပြေတယ်လို့ ဆိုပါတယ်။
(အသံ) တောရွာ ဆိုတော့ပေါ့နော်။ သမီးတယောက်တည်း လုပ်အားခရှိတယ်လေ။ ခြံတခြံ ၀ယ်ထားတယ်။ အခု အိမ်ကလေးပေါ့၊ မိသားစု အနေတော်လေးပေါ့၊ အိမ်တအိမ် ဆောက်ထားတယ်။ အိမ်မှာလည်း နည်းနည်း အ ဆင်ပြေလာတယ်ပေါ့။ ဒီကို မလာခင်တုန်းကတော့ ခြံတခြံပဲ ရှိတယ်။ ခြံက နည်းနည်းတော့ ဈေးနည်းတာပေါ့။ စီး ပွားက တအားကျသွားပြီလေ၊ တအားကျသွားတော့ ခြံတခြံပဲ ရှိတော့တယ်။
သောတရှင်များခင်ဗျာ …
ဒီသိုးမွေးစက်ရုံ အလုပ်သမလေးလိုပဲ စီးပွားရေး မပြေလည်တဲ့အတွက် မြန်မာနိုင်ငံသား အများအပြားဟာ ကိုယ့် ရပ်ရွာကို စွန့်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို နေ့တဓူဝ ၀င်လာမစဲ တသဲသဲ ဖြစ်နေပါတယ်၊၊ ထိုင်းနိုင်ငံထဲကို ၀င် ရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ မြန်မာပြည် အရှေ့ပိုင်း ဒေသတွေဖြစ် တဲ့ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်၊ တနင်္သာရီ ဒေသတွေက လူတွေ အများစုဖြစ်ပြီး ရန်ကုန်နဲ့ အခြားအတွင်းပိုင်း ဒေ သက လူတွေအပြင် ဝေးလံသီခေါင်တဲ့ ရခိုင်လို ဒေသမျိုးက လူတွေပါ လာရောက် အလုပ်လုပ်ကြတာ တွေ့ရပါ တယ်။ မြန်မာပြည် အရှေ့ပိုင်းဒေသက ရွာတွေအများစုမှာဆိုရင် အရွယ်ရောက်သူ အကုန်လုံးနီးပါး ထိုင်းနိုင်ငံ ဘက်ကို သွားရောက် အလုပ်လုပ်ကိုင် နေကြတဲ့အတွက် ရွာတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ သာ ကျန်တော့တယ်လို့ ပြောပြကြပါတယ်၊၊
ထူးခြားတာကတော့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ အမျိုးသမီးတွေက အများစုဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အလုပ်ခွင်မှာ ပိုပြီး အနှိမ်ခံ ရတာတွေ မတရား အခိုင်းခံရတာတွေ ရှိနေပါတယ်၊၊ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ခွင်ဘ၀နဲ့ ပတ်သက်ပြီး သိုးမွေးစက်ရုံအလုပ်သမလေးက သူ့ရဲ့ အတွေ့အကြုံကို ဒီလို ပြောပြပါတယ်၊၊
(အသံ) အရင်တုန်းကတော့ ရှိခဲ့တယ်။ ဒါဇင်ဈေးကလည်း တအားနည်းတယ်။ အိုတီကြေးကလည်း မပေးဘူး။ ၁၁ နာရီထိုးအထိ ခိုင်းတယ်။ တခါတလေကျရင် ၁၁နာရီ ၁၁နာရီ ၇ရက်တပတ်လုံး ခိုင်းတယ်။ အလုပ်နားချိန် သိပ်မရှိဘူးပေါ့နော်။ အရမ်းပင်ပန်းတယ်။ ဟင်းကလည်း မချက်စားနိုင်လို့ရှိရင် ၀ယ်စားရတာ ဒုက္ခရောက်တယ် လေ။ အလုပ်ရှင်ဘက်က လိုက်လျောတာ နည်းပါတယ်။ အခုဆို ဒါဇင်ဈေးက တအားနည်းလာတော့ စိတ်ညစ် တာလည်း ပါတာပေါ့။ နောက် ပတ်ဝန်းကျင် မသန့်ရှင်းတာတွေရော၊ အိမ်သာ မသန့်ရှင်းတာတွေရော၊ ထမင်း မ ကောင်းတာတွေရော အဲဒါတွေက အမျိုးမျိုး စိတ်ညစ်ရတယ်။ အခုလက်ရှိလုပ်တဲ့ ရုံမှာတော့ နည်းနည်း အဆင် ပြေပါတယ်။
နည်းနည်း အဆင်ပြေပါတယ်ဆိုတဲ့ လက်ရှိ သိုးမွေးစက်ရုံမှာလည်း မြန်မာအလုပ်သမားတွေဟာ အချိန်ပြည့် အ လုပ်လုပ်နေကြရတာပါ၊၊ အလုပ်က အချိန်ပြည့် လုပ်နေရတဲ့အတွက် အားလပ်ချိန်ရယ်လို့ မရှိကြပါဘူး၊၊ အလုပ် ခွင်ကနေ နားရတဲ့အချိန်မှာ နေထိုင်စားသောက်ရတာကလည်း ကျပ်ကျပ်တည်းတည်းပါပဲလို့ သူက ပြောပြပါ တယ်၊၊
(အသံ) ဒီကိုရောက်တဲ့ လူတွေကတော့ မြန်မာပြည်သား အချင်းချင်းဆိုတော့ ကိုယ့်မောင်နှမတွေလို နေကြတာ ပေါ့နော်။ ဒီလိုပဲ ပျော်ပျော်ပါးပါး နေလိုက်စားလိုက်ပေါ့။ အားလပ်ချိန်မှာ ကျတော့လည်း အားလပ်ချိန်ရယ်လို့ လည်း သိပ်မရှိပါဘူး။ အလုပ်က အမြဲတမ်း အချိန်ပြည့်လို လုပ်နေရတော့။ အားလပ်လို့ရှိရင် အ၀တ်လျှော်တယ်၊ ဒီ ဟင်းတွေ ဘာတွေ ချက်စားတာနဲ့ ဘာနဲ့ အားတယ်လို့ကို မရှိဘူး။ တီဗွီကြည့်တာ မရှိဘူး၊ ညဘက်ကျရင် ၉နာ ရီကျော်မှ အလုပ်ကလွှတ်တော့ တီဗီကြည့်ချိန်လည်း သိပ်မရှိဘူး၊ ဟင်းချက်ရတာနဲ့ ဘာနဲ့။ နေရေးထိုင်ရေးတဲ့ ဆီမှာတော့ ကုတင်ကတော့ နှစ်လုံးတွဲ နှစ်လုံးတွဲ အပေါ်နှစ်လုံး အောက်နှစ်လုံး ထားတယ်။ အခန်းလည်း နည်း နည်းတော့ သန့်ပါတယ်။ အဆောင်တဆောင်မှာ ကုတင် လေးတန်း လေးတန်းထားတယ်။ ဟောကြီးထဲမှာမှ အိပ် စင်လေးတွေပေါ့၊ နှစ်ခန်းတွဲ နှစ်ခန်းတွဲ လေးလုံးတတွဲ အဲဒီလိုမျိုး ထားတယ်။ အပေါ်နှစ်ယောက် အောက်နှစ် ယောက်၊ လမ်းလေး နည်းနည်းခြားတယ်။ နှစ်ယောက်အိပ်စာပေါ့။ ရေချိုးတာကတော့ ယောင်္ကျားလေး ကန်တော့ ထားတာပေါ့။ မိန်းကလေးက လူဦးရေများတော့ ဒီလိုပဲ ချိုးကြတာပဲ။ နေတာကတော့ တဆောင်စီပဲ။
သောတရှင်များခင်ဗျာ …
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့အတွက် အလုပ်သမားတိုင်းဟာ အလုပ်သမား လက်မှတ်တွေ လုပ်ကြ ရပါတယ်။ အလုပ်သမား လက်မှတ်မရှိရင် အပြင်ထွက်တဲ့အခါ ပုလိပ်နဲ့တွေ့ရင် ဖမ်းဆီးတာကို ခံရပါတယ်။ ဒါပေ မယ့် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ် ရှိသူတွေမှ အလုပ်သမားလက်မှတ် လုပ်ခွင့်ရတာပါ။ သူအနေနဲ့ ၂၀၀၄ခု နှစ်က လုပ်ထားတဲ့ နေထိုင်ခွင့်လက်မှတ်ရှိလို့ အလုပ်သမားလက်မှတ်ကိုပါ ဘတ် ၃၈၀၀အကုန်ခံပြီး လုပ်ထား တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားလက်မှတ် လုပ်တုန်းက စက်ရုံပိုင်ရှင်က တ၀က်စိုက်ထားတဲ့ အ တွက် ငွေမကြေသေးလို့ဆိုပြီး အလုပ်သမားလက်မှတ် အစစ်ကို စက်ရုံပိုင်ရှင်က သိမ်းထားပါတယ်။ အလုပ်သမား လက်မှတ်အတွက် လစဉ် လုပ်ခထဲကဖြတ်ပြီး သူတို့ကို မိတ္တူပဲ ပေးထားတယ်လို့ ဆိုပါတယ်။ အဲသလို အလုပ်သ မား လက်မှတ်လုပ်ထားပြီး လက်မှတ်အစစ်ကို ကိုင်ခွင့်မရတဲ့အတွက် ပုလိပ်ဖမ်းတာ နှစ်ခါခံရပုံကို သူက အခုလို ပြောပြပါတယ်။
(အသံ) ပထမတခါက ဘယ်လို အဖမ်းခံရတာလည်းဆိုတော့ ညဘက်ကြီး ပြေးတာက တခါ။ ည နှစ်ချက်ထိုးကြီး ပြေးရတယ်လေ။ ကားနဲ့ သူတို့ အကြိုအပို့ လုပ်ပေးတယ်။ အကြိုအပို့ လုပ်ပေးတော့ ကားနဲ့ပို့တဲ့အချိန်မှာ လမ်း မှာ မိသွားတာလေ။ လမ်းမှာမိသွားတော့ ပုလိပ်ရုံးမှာ တညအိပ်ရတယ်။ တညအိပ်ပြီးတော့ သူတို့ ထမင်းတော့ ကျွေးတာပေါ့။ နောက်နေ့ကျတော့ လက်ဗွေတွေဘာတွေ နှိပ်ပြီးတော့ မြ၀တီကို အသွန်ခံရတယ်။ နောက်တခါကျ တော့ စက်ရုံထဲမှာ တရုံလုံး မိသွားတာလေ။ တရုံလုံး မိသွားတော့ နေခင်းဘက်ကြီးပေါ့ နှစ်နာရီ ထိုးလောက်ပေါ့၊ နေခင်းကြီး နှစ်နာရီ ထိုးလောက်ကြီး မိသွားတော့ တနေ့နဲ့တညနဲ့ အိပ်ပြီးတော့ နောက်နေ့ တချက်ထိုးလောက် အသွန်ခံရတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွှေးစက်ရုံမှာ လာရောက်အလုပ်လုပ် ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦးရဲ့ ဘ၀ အတွေ့အကြုံများ ဖြစ်ပါတယ်၊၊ သူဟာ မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုမှ စားသောက်နေထိုင်လို့ အဆင်မပြေတဲ့ အတွက် ကိုယ့်မိသားစု ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံ ကိုယ့်အသိုင်းအ၀ိုင်းကို စွန့်ခွာပြီး သူတပါးနိုင်ငံမှာ ခက်ခဲကြမ်း တမ်းစွာ အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦး ဖြစ်ပါတယ်ခင်ဗျာ၊၊
(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေ နားဆင်နိုင်ပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:06 PM
0
comments
Labels: အသံ
Monday, October 22, 2007
စစ်အစိုးရ ထောက်ခံဆန္ဒပြပွဲ အာဏာပိုင်များက ဖိအားပေး စီစဉ်ခြင်းဖြစ်
သတင်း-ဗွီအိုအေ
-1.jpg)
-2.jpg)
ဆန္ဒမှန် ထုတ်ဖော်ပြသသည့် ဇနီးမောင်နှံ ပြန်လည် လွတ်မြောက်လာ
သတင်း- ခေတ်ပြိုင် (၂၂-၁၀-၀၇)
သံဃာတော်များဘက်မှ ရပ်တည်ကာ မိမိဆန္ဒကို ထုတ်ဖော်ပြသမိသဖြင့် ဖမ်းဆီးခံနေရသည့် ပဲခူးတိုင်း ပေါင်း တည်မြို့မှ မူလတန်းပြ ဆရာဟောင်း ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့ ဇနီးမောင်နှံကို အာဏာပိုင်များက အာမ ခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား လွှတ်ပေးရန် ပေါင်းတည်မြို့မှ သြဇာတိက္ကမရှိသည့် ဘုန်းတော်ကြီး (၃)ပါးက အာဏာပိုင်များ ကို သွားရောက် မိန့်ကြားခဲ့သည့်အတွက် ပြီးခဲ့သည် စနေနေ့ နံနက်၌ ပေါင်းတည်ထောင်မှ ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတို့၏ ဆွေမျိုးနီးစပ်တဦးက ပြောသည်။
၎င်းက “သံဃာတော်တွေဘက်ကနေ ဆန္ဒဖော်ထုတ်ပေးတဲ့ သူတို့လင်မယားကို ဖမ်းထားတာ ကန့်ကွက်ပါတယ် ဆိုပြီး ဆရာတော်တွေက အာဏာပိုင်တွေကို သွားပြောတဲ့အတွက် သူတို့ကို အာမခံနဲ့ အိမ်ကိုပြန်ပို့လိုက်တယ်၊ အိမ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့အဖေက လိုက်သွားပြီး အာမခံ လိုက်ရတယ်” ဟု ပြောသည်။
ဦးမောင်မောင်ဦးတို့ ဇနီးမောင်နှံက ယခုလ (၁၆) ရက်၊ ပေါင်းတည်မြို့၌ ပြုလုပ်သည့် စစ်အစိုးရ ထောက်ခံပွဲ တက်သူတို့အား “တကယ်ပဲ ရဟန်းသံဃာနဲ့ ပြည်သူကို သတ်နေတဲ့ အစိုးရကို ထောက်ခံသလား” ဟု နေအိမ်မှ လှမ်း၍ မေးခွန်းထုတ်ခြင်းနှင့် “ရဟန်းရှင်လူ ပြည်သူများအား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေသူများအား ရှုတ်ချ ကြ” ဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ ရေး၍ ချိတ်ဆွဲခြင်း ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
၎င်းတို့အား ပြန်လွှတ်လိုက်သော်လည်း ပုဒ်မ ၅၀၅ (ခ)အရ နိုင်ငံတော်အစိုးရကို ထိခိုက်စေသည့် ပြစ်မှု၊ ပုဒ်မ (၁၅၃)အရ ရန်စသည့် ပြစ်မှုတို့ဖြင့် တရားစွဲဆိုထားခြင်းကိုမူ အာဏာပိုင်များက ပြန်မရုပ်သိမ်းသေးဘဲ လာမည့် (၃၀)ရက်၌ အမှုရင်ဆိုင်ရန်ရှိကြောင်း သိရသည်။
“အမကတော့ ဖြစ်တဲ့အဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်တဲ့အမှုကို ဥပဒေအတိုင်း သူရင်ဆိုင်သွားမယ်တဲ့။ သူလုပ်ခဲ့တဲ့အမှုကို မှန်တယ်လို့ သူအခုလည်း ယုံကြည်တယ်ပေါ့နော်၊ နောင်တမရဘူးလို့ ပြောပါတယ်” ဟု ဒေါ် နီနီမာ၏ ပြောကြားချက်ကို ၎င်း၏ဆွေမျိုးဖြစ်သူက ပြန်လည်ရှင်းပြသည်။
အသက် (၄၀)ကျော်အရွယ်ရှိ ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့သည် ပေါင်းတည်မြို့၌ မူလတန်းပြဆရာများ အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဆန်စပါး အရောင်းအ၀ယ် လုပ်ငန်းလုပ်ကိုင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကားတစီးနှင့် ခေါ်ဆောင်သွားဟု သတင်းထွက်နေ
သတင်း-ဒီဗွီဘီ


ဆွေးနွေးပွဲများလုပ်ရန် ကေအိုင်အို တိုက်တွန်း



Posted by
ဒေါက်တာလွဏ်းဆွေ
at
4:50 PM
0
comments
Labels: သတင်း
ကျီးနှင့် ခင်ပုပ်မောင်သာရ
ချုပ်နေ့ကျူးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု
ကျီးကဲ့သို့လျှင် မတွေးချင်။
ခင်ပုပ်လည်း ငှက်
ညဥ့်လည်း နက်
ထွက်၍ တိုက်ခိုက်သည်တကား။ ။
(‘ကျဉ်တုတ်ခံဝံ့ မခံဝံ့’ ၀တ္တုမှ …)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:11 PM
0
comments
Labels: ကဗျာ
ကုလ အတွင်းရေးမှူးချုပ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေး နွေးမှုအပေါ် သုံးသပ်ချက်
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:53 PM
0
comments
Labels: သတင်း















