Tuesday, October 23, 2007

တွယ်ရာမဲ့ ဘ၀များ (၆)

ဒေါက်တာလွဏ်းဆွေ

(အသံ) လုပ်ခကတော့ သုံးနှစ်လေးနှစ်ရှိသွားပြီ သိပ်အဆင်မပြေတော့ဘူး။ တလ ငါးသောင်း ရအောင်တောင် အ သည်းအသန် လုပ်ရတယ်။ အရင်တုန်းကတော့ အဆင်ပြေတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က တော်တော်လေး အ ဆင်ပြေတယ်။ တလကို တသိန်း၊ ခုနှစ်သောင်း၊ ရှစ်သောင်း၊ တသိန်းခွဲ အဲလိုအထိ ရခဲ့ဖူးတယ်။ အခု အဆင် မ ပြေတာဆို သုံးနှစ် လေးနှစ် လောက်တော့ ရှိသွားပြီ။

သောတရှင်များ အခုကြားခဲ့ရတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွေးစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးရဲ့ ပြောပြချက် ဖြစ်ပါတယ်၊၊ မဲဆောက်မှာ လုပ်ရတဲ့ အလုပ်တွေ အ ဆင်မပြေတော့တဲ့အကြောင်း သူ့ကိုယ်တွေ့ကို ပြောပြနေတာပါ၊၊

သူဟာ မွန်ပြည်နယ် ကျိုက်ထိုဒေသကဖြစ်ပြီး မဲဆောက်မှာ အလုပ်လာလုပ်တာ ၇နှစ်ရှိပါပြီ၊၊ ကျိုက်ထိုမှာ နေ တုန်းက မိသားစုစီးပွားရေး အဆင်မပြေတဲ့အတွက် လေးတန်းအထိပဲ ပညာသင်ကြားခဲ့ရပါတယ်၊၊ နောက်တော့ ကျောင်းကထွက်ပြီး ဈေးရောင်းတဲ့အလုပ်နဲ့ လက်မှုပညာအလုပ်တွေကို ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရပါတယ်။ ဒါ ပေမယ့်လည်း ဘယ်လိုမှ အဆင်မပြေတော့လို့ အသက်(၂၇)နှစ်အရွယ်မှာ မိသားစုကိုခွဲခွာပြီး အိမ်နီးနားချင်း မိတ်ဆွေနဲ့ မဲဆောက်ကို လိုက်လာခဲ့ပါတယ်လို့ သူက ပြောပြပါတယ်၊၊

မဲဆောက်ကို ရောက်ခါစ ၂၀၀၀ခုနှစ်တုန်းက သူဟာ သိုးမွှေးစက်ရုံတရုံမှာ ထမင်းချက်အလုပ်ကို စလုပ်ခဲ့ရပါ တယ်၊၊ ၃ လလောက်ကြာမှ စက်ဆွဲအလုပ်ကို လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက တနေ့လုပ်ခ ဘတ်၅၀ရ ပါတယ်၊၊ တလကို မြန်မာငွေ တသောင်း၊ တသောင်းခွဲလောက်ရတဲ့အတွက် အဲဒီအချိန်တုန်းက ငွေလဲနှုန်းနဲ့ဆိုရင် မြန်မာ ပြည်မှာထက် အများကြီး အဆင်ပြေတယ်လို့ ဆိုပါတယ်။

(အသံ) တောရွာ ဆိုတော့ပေါ့နော်။ သမီးတယောက်တည်း လုပ်အားခရှိတယ်လေ။ ခြံတခြံ ၀ယ်ထားတယ်။ အခု အိမ်ကလေးပေါ့၊ မိသားစု အနေတော်လေးပေါ့၊ အိမ်တအိမ် ဆောက်ထားတယ်။ အိမ်မှာလည်း နည်းနည်း အ ဆင်ပြေလာတယ်ပေါ့။ ဒီကို မလာခင်တုန်းကတော့ ခြံတခြံပဲ ရှိတယ်။ ခြံက နည်းနည်းတော့ ဈေးနည်းတာပေါ့။ စီး ပွားက တအားကျသွားပြီလေ၊ တအားကျသွားတော့ ခြံတခြံပဲ ရှိတော့တယ်။

သောတရှင်များခင်ဗျာ …
ဒီသိုးမွေးစက်ရုံ အလုပ်သမလေးလိုပဲ စီးပွားရေး မပြေလည်တဲ့အတွက် မြန်မာနိုင်ငံသား အများအပြားဟာ ကိုယ့် ရပ်ရွာကို စွန့်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို နေ့တဓူဝ ၀င်လာမစဲ တသဲသဲ ဖြစ်နေပါတယ်၊၊ ထိုင်းနိုင်ငံထဲကို ၀င် ရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ မြန်မာပြည် အရှေ့ပိုင်း ဒေသတွေဖြစ် တဲ့ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်၊ တနင်္သာရီ ဒေသတွေက လူတွေ အများစုဖြစ်ပြီး ရန်ကုန်နဲ့ အခြားအတွင်းပိုင်း ဒေ သက လူတွေအပြင် ဝေးလံသီခေါင်တဲ့ ရခိုင်လို ဒေသမျိုးက လူတွေပါ လာရောက် အလုပ်လုပ်ကြတာ တွေ့ရပါ တယ်။ မြန်မာပြည် အရှေ့ပိုင်းဒေသက ရွာတွေအများစုမှာဆိုရင် အရွယ်ရောက်သူ အကုန်လုံးနီးပါး ထိုင်းနိုင်ငံ ဘက်ကို သွားရောက် အလုပ်လုပ်ကိုင် နေကြတဲ့အတွက် ရွာတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ သာ ကျန်တော့တယ်လို့ ပြောပြကြပါတယ်၊၊

ထူးခြားတာကတော့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ အမျိုးသမီးတွေက အများစုဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အလုပ်ခွင်မှာ ပိုပြီး အနှိမ်ခံ ရတာတွေ မတရား အခိုင်းခံရတာတွေ ရှိနေပါတယ်၊၊ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ခွင်ဘ၀နဲ့ ပတ်သက်ပြီး သိုးမွေးစက်ရုံအလုပ်သမလေးက သူ့ရဲ့ အတွေ့အကြုံကို ဒီလို ပြောပြပါတယ်၊၊

(အသံ) အရင်တုန်းကတော့ ရှိခဲ့တယ်။ ဒါဇင်ဈေးကလည်း တအားနည်းတယ်။ အိုတီကြေးကလည်း မပေးဘူး။ ၁၁ နာရီထိုးအထိ ခိုင်းတယ်။ တခါတလေကျရင် ၁၁နာရီ ၁၁နာရီ ၇ရက်တပတ်လုံး ခိုင်းတယ်။ အလုပ်နားချိန် သိပ်မရှိဘူးပေါ့နော်။ အရမ်းပင်ပန်းတယ်။ ဟင်းကလည်း မချက်စားနိုင်လို့ရှိရင် ၀ယ်စားရတာ ဒုက္ခရောက်တယ် လေ။ အလုပ်ရှင်ဘက်က လိုက်လျောတာ နည်းပါတယ်။ အခုဆို ဒါဇင်ဈေးက တအားနည်းလာတော့ စိတ်ညစ် တာလည်း ပါတာပေါ့။ နောက် ပတ်ဝန်းကျင် မသန့်ရှင်းတာတွေရော၊ အိမ်သာ မသန့်ရှင်းတာတွေရော၊ ထမင်း မ ကောင်းတာတွေရော အဲဒါတွေက အမျိုးမျိုး စိတ်ညစ်ရတယ်။ အခုလက်ရှိလုပ်တဲ့ ရုံမှာတော့ နည်းနည်း အဆင် ပြေပါတယ်။

နည်းနည်း အဆင်ပြေပါတယ်ဆိုတဲ့ လက်ရှိ သိုးမွေးစက်ရုံမှာလည်း မြန်မာအလုပ်သမားတွေဟာ အချိန်ပြည့် အ လုပ်လုပ်နေကြရတာပါ၊၊ အလုပ်က အချိန်ပြည့် လုပ်နေရတဲ့အတွက် အားလပ်ချိန်ရယ်လို့ မရှိကြပါဘူး၊၊ အလုပ် ခွင်ကနေ နားရတဲ့အချိန်မှာ နေထိုင်စားသောက်ရတာကလည်း ကျပ်ကျပ်တည်းတည်းပါပဲလို့ သူက ပြောပြပါ တယ်၊၊

(အသံ) ဒီကိုရောက်တဲ့ လူတွေကတော့ မြန်မာပြည်သား အချင်းချင်းဆိုတော့ ကိုယ့်မောင်နှမတွေလို နေကြတာ ပေါ့နော်။ ဒီလိုပဲ ပျော်ပျော်ပါးပါး နေလိုက်စားလိုက်ပေါ့။ အားလပ်ချိန်မှာ ကျတော့လည်း အားလပ်ချိန်ရယ်လို့ လည်း သိပ်မရှိပါဘူး။ အလုပ်က အမြဲတမ်း အချိန်ပြည့်လို လုပ်နေရတော့။ အားလပ်လို့ရှိရင် အ၀တ်လျှော်တယ်၊ ဒီ ဟင်းတွေ ဘာတွေ ချက်စားတာနဲ့ ဘာနဲ့ အားတယ်လို့ကို မရှိဘူး။ တီဗွီကြည့်တာ မရှိဘူး၊ ညဘက်ကျရင် ၉နာ ရီကျော်မှ အလုပ်ကလွှတ်တော့ တီဗီကြည့်ချိန်လည်း သိပ်မရှိဘူး၊ ဟင်းချက်ရတာနဲ့ ဘာနဲ့။ နေရေးထိုင်ရေးတဲ့ ဆီမှာတော့ ကုတင်ကတော့ နှစ်လုံးတွဲ နှစ်လုံးတွဲ အပေါ်နှစ်လုံး အောက်နှစ်လုံး ထားတယ်။ အခန်းလည်း နည်း နည်းတော့ သန့်ပါတယ်။ အဆောင်တဆောင်မှာ ကုတင် လေးတန်း လေးတန်းထားတယ်။ ဟောကြီးထဲမှာမှ အိပ် စင်လေးတွေပေါ့၊ နှစ်ခန်းတွဲ နှစ်ခန်းတွဲ လေးလုံးတတွဲ အဲဒီလိုမျိုး ထားတယ်။ အပေါ်နှစ်ယောက် အောက်နှစ် ယောက်၊ လမ်းလေး နည်းနည်းခြားတယ်။ နှစ်ယောက်အိပ်စာပေါ့။ ရေချိုးတာကတော့ ယောင်္ကျားလေး ကန်တော့ ထားတာပေါ့။ မိန်းကလေးက လူဦးရေများတော့ ဒီလိုပဲ ချိုးကြတာပဲ။ နေတာကတော့ တဆောင်စီပဲ။

သောတရှင်များခင်ဗျာ …
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့အတွက် အလုပ်သမားတိုင်းဟာ အလုပ်သမား လက်မှတ်တွေ လုပ်ကြ ရပါတယ်။ အလုပ်သမား လက်မှတ်မရှိရင် အပြင်ထွက်တဲ့အခါ ပုလိပ်နဲ့တွေ့ရင် ဖမ်းဆီးတာကို ခံရပါတယ်။ ဒါပေ မယ့် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ် ရှိသူတွေမှ အလုပ်သမားလက်မှတ် လုပ်ခွင့်ရတာပါ။ သူအနေနဲ့ ၂၀၀၄ခု နှစ်က လုပ်ထားတဲ့ နေထိုင်ခွင့်လက်မှတ်ရှိလို့ အလုပ်သမားလက်မှတ်ကိုပါ ဘတ် ၃၈၀၀အကုန်ခံပြီး လုပ်ထား တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားလက်မှတ် လုပ်တုန်းက စက်ရုံပိုင်ရှင်က တ၀က်စိုက်ထားတဲ့ အ တွက် ငွေမကြေသေးလို့ဆိုပြီး အလုပ်သမားလက်မှတ် အစစ်ကို စက်ရုံပိုင်ရှင်က သိမ်းထားပါတယ်။ အလုပ်သမား လက်မှတ်အတွက် လစဉ် လုပ်ခထဲကဖြတ်ပြီး သူတို့ကို မိတ္တူပဲ ပေးထားတယ်လို့ ဆိုပါတယ်။ အဲသလို အလုပ်သ မား လက်မှတ်လုပ်ထားပြီး လက်မှတ်အစစ်ကို ကိုင်ခွင့်မရတဲ့အတွက် ပုလိပ်ဖမ်းတာ နှစ်ခါခံရပုံကို သူက အခုလို ပြောပြပါတယ်။
(အသံ) ပထမတခါက ဘယ်လို အဖမ်းခံရတာလည်းဆိုတော့ ညဘက်ကြီး ပြေးတာက တခါ။ ည နှစ်ချက်ထိုးကြီး ပြေးရတယ်လေ။ ကားနဲ့ သူတို့ အကြိုအပို့ လုပ်ပေးတယ်။ အကြိုအပို့ လုပ်ပေးတော့ ကားနဲ့ပို့တဲ့အချိန်မှာ လမ်း မှာ မိသွားတာလေ။ လမ်းမှာမိသွားတော့ ပုလိပ်ရုံးမှာ တညအိပ်ရတယ်။ တညအိပ်ပြီးတော့ သူတို့ ထမင်းတော့ ကျွေးတာပေါ့။ နောက်နေ့ကျတော့ လက်ဗွေတွေဘာတွေ နှိပ်ပြီးတော့ မြ၀တီကို အသွန်ခံရတယ်။ နောက်တခါကျ တော့ စက်ရုံထဲမှာ တရုံလုံး မိသွားတာလေ။ တရုံလုံး မိသွားတော့ နေခင်းဘက်ကြီးပေါ့ နှစ်နာရီ ထိုးလောက်ပေါ့၊ နေခင်းကြီး နှစ်နာရီ ထိုးလောက်ကြီး မိသွားတော့ တနေ့နဲ့တညနဲ့ အိပ်ပြီးတော့ နောက်နေ့ တချက်ထိုးလောက် အသွန်ခံရတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွှေးစက်ရုံမှာ လာရောက်အလုပ်လုပ် ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦးရဲ့ ဘ၀ အတွေ့အကြုံများ ဖြစ်ပါတယ်၊၊ သူဟာ မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုမှ စားသောက်နေထိုင်လို့ အဆင်မပြေတဲ့ အတွက် ကိုယ့်မိသားစု ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံ ကိုယ့်အသိုင်းအ၀ိုင်းကို စွန့်ခွာပြီး သူတပါးနိုင်ငံမှာ ခက်ခဲကြမ်း တမ်းစွာ အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦး ဖြစ်ပါတယ်ခင်ဗျာ၊၊

(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေ နားဆင်နိုင်ပါသည်)

No comments: