Sunday, September 8, 2013

တောင်ပြူတင်း

တောင်ပြူတင်း
မောင်လွမ်းဏီ

နော်အုန်းလှလား
ဒေါ်အုန်းလှလို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ်ဖြတ်ဦးမှာ ...။

လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်
ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ် ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။

ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။

နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာဖြစ်ပါတယ်။ ။

မောင်လွမ်းဏီ
၅-၉-၂၀၁၃

3 comments:

S.Maung Chain said...

Active and sensitive poem.
She said (Dassk is walking on her way but we are walking on our way.).
Which point they w'll meet together?????????.

genius said...

ဒေါ်နော်အုံးလှကိုဖမ်းထားတာကတော. နိုင်ငံ.သိက္ခာ ၊
လွှတ်တော်သိက္ခာ ကျဖို.ဘဲရှိပါတယ် ။

Unknown said...

ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ၊ အမမှန်းမသိ အထက်ဖား အောက်ဖိ၊ အာဏာရူုးဖို့လောက်ပဲ သိတဲ့ ဒီလိုလူတွေမှာ စဉ်းစားဥာဏ်၊ ဆင်ခြင်တုံတရားဆိုတာ အဝေးကြီးမှာပါ။ သိက္ခာဆိုတာ ဘာမှန်းတောင်မသိတဲ့ အရူးတွေ။
မြန်မာအချင်းချင်း ဖိနှိပ်၊ ညှင်းစဲ၊ ဗိုလ်ကျရတာကို ခံတွင်းတွေ့နေတဲ့ ဖက်ဆစ်စရိုက် အာဏာရူးတွေ မသေခင်မှာကို ခွေးဖြစ်လိမ့်မယ်...