‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၅)
ဒေါက်တာလွဏ်းဆွေ
တမနက်မှာ မိတ်ဆွေတဦးက ကျနော့်ဆီ ဖုန်းဆက်ပြီး …
“ကိုလွဏ်းဆွေ ခင်ဗျားကို တခု မေးစမ်းပါရစေ။ ခင်ဗျားတို့က ခင်ဗျားတို့ ဖြစ်စေချင်တဲ့ လမ်းကြောင်းအတိုင်း တိုက်ပွဲဝင်ပြီး အောင်မြင်မှုရမှ ဒီမိုကရေစီရပြီလို့ အသိအမှတ်ပြု လက်ခံမှာလား” ဆိုတဲ့သဘော မေးလာတယ်။
သူ့အမေးစကားကို ကြားပြီး ကျနော့်စိတ်ထဲ ပြုံးချင်ချင် ဖြစ်သွားမိတယ်။ အခုဖြစ်တည်နေတဲ့ အပြောင်းအလဲ ဆိုသဟာကြီး (ဟန်ပြ ဒီမိုကရေစီလမ်းကြောင်း) ပေါ်မှာ ကိုယ်က ခလုတ်ကန်သင်းလို ဖြစ်နေလို့များ ဒီလိုအမေးမျိုး သူ မေးလေသလားလို့ တွေးမိပြီးတော့ပေါ့။ ‘ခင်ဗျားတို့’ ဆိုတာ ကျနော်နဲ့တကွ ဘယ်သူတွေကို ရည်ညွှန်းသလဲ ဆိုတာကိုတော့ ကျနော် သူ့ကို ပြန်မမေးဖြစ်လိုက်။ ကျနော့်အနေနဲ့ အဘယ်သူ ဦးဆောင်ပြီး ဒီမိုကရေစီစနစ်ကို ပုံဖော် ပုံဖော် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ လမ်းကြောင်းဆီ တည့်တည့်မတ်မတ် သွားနေတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မကလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲလုပ်လုပ် တခြား မောင်ကကြီး၊ မောင်ခခွေးကပဲ ဦးဆောင် ဦးဆောင် လက်ခံမှာဖြစ်တယ် ဆိုတဲ့ အဖြေမျိုးကိုသာ ပြန်ဖြေလိုက်မိတယ်။ သူ့ဘက်က “သာဓုဗျာ သာဓု သာဓု” လို့ ပြောပြီး ဖုန်းချသွားတယ်။
သူ ဖုန်းချသွားပြီး ကျနော်တယောက်တည်း ဆက်တွေးနေမိတယ်။ သူ့ကို ဖြေခဲ့တဲ့အတိုင်းပါပဲ။ ကျနော့်အနေနဲ့ ဘယ်သူပဲ ဦးဆောင် ဦးဆောင်၊ ဘယ်သူပဲ ပုံဖော်ပုံဖော် လက်ရှိအခြေအနေမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီ ဦးတည်မယ့် လမ်းကြောင်းပေါ်မှာ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ အမှန်တကယ် လျှောက်လှမ်းနေရပြီလို့ ယုံကြည်မိရင် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေဘက်မှာပဲ ကိုယ်နိုင်သလောက် ပါဝင်လုပ်ဆောင်ရင်း ကိုယ်ဝါသနာပါရာ စာလေးပေလေး ဖတ်လိုက်ရေးလိုက်၊ စန္ဒရားလေးများ တီးတတ်မယ်ဆိုရင်ပေါ့လေ စန္ဒရားလေး တီးလိုက် သီချင်းလေး ညည်းလိုက်၊ ကိုယ်နှစ်ခြိုက်တဲ့ ယမကာလေး မှီဝဲလိုက် (အခုတော့ ယမကာကို လုံးဝဥဿုံ ရပ်နားထားတာ တနှစ်ကျော်ပါပြီ။ ဒေါက်တာလွဏ်းဆွေကို အရက်သမားလို့ ထင်နေသူတွေ ရှိနေသေးလို့ ကြော်ငြာဝင်မိတာ ခွင့်လွှတ်ပါ :) နဲ့ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ အသာလေး ငြိမ့်နေချင်သူပါ။
ခက်တာက အခု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အပေါင်းအပါ စစ်ခေါင်းဆောင်ဟောင်းတွေ ခင်းပေးခဲ့တဲ့ အပြောင်းအလဲဆိုတဲ့ လမ်းကြောင်းမဟာကြီးက အာဏာရှင်ဒီမိုကရေစီနစ်ဆီ ယဉ်ယဉ်လေး ဦးတည်နေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လမ်းကြောင်းမဟာကြီးကလည်း လွှတ်တော်သင်္ချိုင်းထဲမှာ ပိတ်မိပြီး ဂိတ်ဆုံးသလိုဖြစ်နေတာကြောင့် ကိုယ့်နိုင်ငံအရေး တွေးပြီး ရတက်မအေးဖြစ်ရသူ ကျနော့်အနေနဲ့ မနေနိုင်မထိုင်နိုင် ၀င်ပြော ၀င်ရေး ၀င်အကြံပေးနေမိခြင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုံးဝ လုံးဝကို ရေးချင် ပြောချင် အကြံပေးချင်စိတ်မရှိတာပါ။
ဒါပေမယ့် ‘ကာလုံ’ စစ်အုပ်စုလို အာဏာယာကူဇာဂိုဏ်းကြီးက ကြံ့ဖွံ့ရုပ်သေးအစိုးရကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးကို ယုံတယ်” ဆိုတာပဲ (ကျနော့်စိတ်ထင် ကလေးကလားဆန်ဆန်) ထပ်ခါ ထပ်ခါ ပြောပြောနေလေတော့ မြန်မာ့ဒီမိုကရေစီအနာဂတ်ရေးအတွက် စိုးရိမ်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပြီး အပြုသဘော အကြံပြုချင်တာလေးတွေ ခေါင်းထဲ တောင်တောင်အီအီ ၀င်လာတာကြောင့် “ဆဲချင်သူတွေလည်း ဆဲကြပါစေလေ” လို့ သဘောထားပြီး အလိုက်ကန်းဆိုးမသိ ဆက်ရေးနေမိခြင်းဖြစ်ပါတယ်။ ဘယ်လို စိုးရိမ်စိတ်တွေ ဖြစ်လာတာလဲဆိုတော့ …
(၁) ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးကို ယုံတယ်” ဆိုတာကို နှစ်နှစ်ကာကာ ပြောနေပေမယ့်လည်း လွန်ခဲ့တဲ့ ၂၃ နှစ်မှာ “မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံမျိုးထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန်မှ သံသယကြီးလွန်းတတ်တဲ့ ကာလုံစစ်ခေါင်းဆောင်တွေရော၊ စစ်ခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ရော ယုံကြည်မှုရှိနိုင်ပ့ါမလားဆိုတဲ့ စိုးရိမ်ချက်ပါ။ တဘက်လူတွေရဲ့ ယုံကြည်မှုမရရှိနိုင်ဘဲ ကိုယ့်ဘက်ကပဲ တဖက်သတ် စွတ်ရွတ်ပြောနေရင် ကွယ်ရာမှာ တဘက်လူတွေရဲ့ ဟားတိုက်ရယ်မောခံရသူအဖြစ်သာရှိပြီး လိုရာမရောက်မှာလည်း စိုးရပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “သမ္မတကြီးကို ယုံတယ်” လို့ မကြာမကြာ ထုတ်ထုတ်ပြောနေခြင်းက ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင် အကြံပြုခဲ့သလို ရိုးရိုးသားသား ကိုယ့်မှာရှိတဲ့ လက်တွေကို အကုန်ထုတ်ပြလိုက်တာ ဖြစ်နိုင်သလို ဦးသိန်းစိန်မှာ အာဏာအမှန်တကယ်ရှိတယ်ထင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကနေ ဦးသိန်းစိန် ထွက်ပြေးသွားမှာစိုးလို့ ချည်နှောင်ထားတဲ့သဘော ပြောနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော့်အနေနဲ့ ကလေးကလားဆန်တယ်လို့ ဆိုမိတာက မြန်မာ့ဒီမိုကရေစီရေးအတွက် ကြံ့ဖွံ့ရုပ်သေးအစိုးရဘက်ကနေ အပြောင်းအလဲကို လုပ်ပေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်နေတယ်ပဲထားဦး၊ အဲဒီအပြောင်းအလဲကို ဦးသိန်းစိန် တယောက်တည်းက စွမ်းဆောင်ပေးနိုင်တာ မဟုတ်တဲ့အတွက် ကျန်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကန့်လန့်ကာနောက်ကွယ် ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေအပေါ်မှာပါ ယုံကြည်မှုရှိတဲ့အကြောင်း အားလုံးကို ခြုံငုံမိစေမယ့် အသုံးအနှုန်းမျိုးနဲ့ ပြောဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်နိုင်တယ်လို့ မြင်မိလို့ပါ။
အဲသလိုမဟုတ်ဘဲ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ လူပုဂ္ဂိုလ်တဦးတယောက်တည်းကို အားကိုးယုံစားတဲ့ သဘောမျိုး ဆက်ပြောနေရင် အင်မတန် သဘောထားသေးသိမ်တတ်တဲ့၊ တချိန်က ဆန့်ကျင်ဘက်အမြင်ရှိခဲ့တဲ့ စစ်အုပ်စုဝင်တွေ (ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေ + လွှတ်တော်ဥက္ကဌတွေ + ကာလုံစစ်အုပ်စုဝင်တွေ) အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်မကြည်မလင်ဖြစ်ပြီး လိုရာခရီးကို မဆက်နိုင် မရောက်နိုင်အောင် ကန့်လန့်လုပ်တာမျိုး ခံရနိုင်သလို၊ “သမ္မတကြီးကို ယုံတယ်” လို့ပဲ ပြောပြောနေတဲ့အတွက် နောက်ကွယ်က တကယ်အာဏာရှိသူ စစ်ခေါင်းဆောင်ဟောင်းကြီးက မစ္ဆရိယစိတ်ထားပြီး ဦးသိန်းစိန်ဟာ အာဏာပါဝါ အပြည့်ရှိသူမဟုတ်ကြောင်း မသိမသာ ပညာပြတာကိုလည်း ခံရနိုင်တယ်လို့ တွေးမိလို့ပါ။ ကချင်စစ်ကို သမ္မတက ရပ်လို့ ပြောတာကိုတောင် မရပ်တာဟာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ “သမ္မတကြီးကို ယုံတယ်” နဲ့များ တစိတ်တဒေသ ဆက်စပ်နေသလားလို့တောင် ကျနော့်အနေနဲ့ တောင်တောင်အီအီ တွေးမိပါရဲ့။ “သိန်းစိန်ကိုချည်းပဲ ယုံမနေနဲ့၊ နောက်ကွယ်မှာ ငါ ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး” ဆိုတဲ့သဘော ဦးသန်းရွှေက ပညာပြနိုင်ခြင်းမျိုးပေါ့။
တကယ်တော့ ဒီကနေ့ မြန်မာပြည်မှာ ရုပ်သေးကြံ့ဖွံ့အစိုးရ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတာက သပ်သပ်၊ ကာလုံနဲ့ စစ်တပ် နောက်ကွယ်ကနေ ထင်ရာစိုင်းနေတာက သပ်သပ် ဆိုသလို ဖြစ်နေတာမဟုတ်လား။ ဦးသိန်းစိန်တို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက်ကြီးပဲ ကတိတွေပေးပေး၊ ဘယ်လောက်ကြီးပဲ ဖွင့်ပေးဖွင့်ပေး ကာလုံနဲ့ စစ်တပ်က လက်မခံနိုင်တဲ့ အခြေအနေဆိုရင် နောက်ကွယ်က လက်မဲကြီးတွေ ထွက်ထွက်လာတတ်စမြဲပဲ မဟုတ်လား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မပြောရင် မနေနိုင်တာကလွဲလို့ ဆိုရင်လည်း “သမ္မတကြီးကို ယုံတယ်” တခုတည်းလောက်နဲ့ မလုံလောက်ဘဲ အခြားသော ဆန့်ကျင်ဘက်အုပ်စုက ပုဂ္ဂိုလ်တွေအားလုံးအပေါ်လည်း ယုံကြည်မှုရှိတဲ့အကြောင်း ပြသတဲ့ စကားမျိုး လွှမ်းခြုံပြောဆိုသင့်တယ်လို့ အကြံပြုချင်မိပါတယ်။ ဒါမှသာ ဒေါ်အောင်ဆန်းစုကြည် သွားချင်တဲ့လမ်းကြောင်း (တဘက်က ကန့်လန့်လုပ်ချင်သူတွေ ကန့်လန့်မလုပ်တော့ဘဲ) ပိုပြီး အဆင်ပြေပြေ တိုးတက်မှုရှိရှိ လုပ်ဆောင်နိုင်မယ်လို့ မြင်မိလို့ပါ။
(၂) ဦးသန်းရွှေ အလိုကျ ဖွဲ့ထားတဲ့ ကာလုံစစ်အုပ်စုက ဦးသိန်းစိန်ကို အကြောင်းတစုံတရာကြောင့် ခွေလိုက်ရင်ဖြစ်ဖြစ်၊ ကျန်းမာရေးအခြေအနေကြောင့် သမ္မတဦးသိန်းစိန် အနားယူလိုက်ရရင်ပဲဖြစ်ဖြစ် ဦးသိန်းစိန်ပုဆိုးစကို အတင်းဆွဲလိုက်သလိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွဲစရာ အစ မရှိတော့ဘဲ ဟန်ပြလွှတ်တော်ထဲမှာ ယောင်ချာချာနဲ့ ချောင်ပိတ်ကျန်ရစ်ခဲ့လေမလား ဆိုတဲ့အချက်ကလည်း စိုးရိမ်စရာပါ။
ဘာဖြစ်လို့လဲဆိုတော့ လတ်တလော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကနေ ဦးအောင်သောင်းကို ခွေလိုက်တော့ သူနဲ့ ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ ဟပ်ကော့ကြီးတွေ ဖြစ်ကျန်ခဲ့သလိုမျိုးပေါ့။ အရင်ဆွေးနွေးထားတာ၊ လုပ်ဆောင်ထားတာတွေ ဘာမှအရာမထင်တော့ဘဲ ဦးအောင်မင်းအဖွဲ့နဲ့ အစကနေ ပြန်စနေရတော့ ကုန်ခဲ့တဲ့ အချိန်တွေ၊ ကြိုးပမ်းမှုတွေ အချည်းအနှီးဖြစ်ရတာပေါ့။ အရာအားလုံးကို ဦးသန်းရွှေနဲ့ ကာလုံက နောက်ကွယ်ကနေ ခေါင်းအေးအေးနဲ့ အကွက်ချ ကိုင်တွယ်နေတာဆိုတော့ ဦးသိန်းစိန်လည်း ကာလုံစစ်တုရင်ခုံပေါ်က အနာဂတ်မရေရာတဲ့ ဘုရင်ရုပ်တရုပ်ပေါ့။ အနားယူသွားတယ်လို့ ဆိုလေတဲ့ ဒု-သမ္မတ တင်အောင်မြင့်ဦးရဲ့ နေရာကို အစားထိုးဖို့အရေး အခြေခံဥပေဒဘောင်ကို ကျော်တဲ့အထိ (ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့အထိ) ရက်တွေကြာနေခြင်းဟာလည်း နောက်ကွယ်က ဦးသန်းရွှေကြီး သူစိတ်တိုင်းကျတဲ့သူကို ရွေးလို့မပြီးနိုင်သေးလို့ဆိုတာ ထင်ရှားနေတာပါပဲ။ အခြေခံဥပေဒက အခြေခံဥပဒေပဲ၊ ဦးသန်းရွှေ လုပ်ချင်သလို လုပ်နေတာက လုပ်နေတာပါပဲ။ အဲဒီလို အချက်အလက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကား ဖောဖောသီသီ ပြောနေခြင်းအပေါ် ကျနော့်အနေနဲ့ အန္တရာယ်များလွန်းတယ်လို့ မြင်မိခြင်းပဲဖြစ်ပါတယ်။
(၃) ဒီပဲယင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုလို အကြမ်းဖက်မှုကြီးကို နောက်ကြောင်းပြန် စုံစမ်းစစ်ဆေး အရေးယူဖို့ ထားဦး၊ လတ်တလော ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖော်ထုတ်အရေးမယူနိုင်သေးတာကို ကြည့်ရင် အဲဒီအကြမ်းဖက်သတ်ဖြတ်မှုဟာ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေနဲ့ ကာလုံစစ်အုပ်စုဝင်တွေရဲ့ လက်တံတွေ ပါနေတဲ့ နိုင်ငံတော်အဆင့် အကြမ်းဖက်သတ်ဖြတ်မှုကြီးဆိုတာ သိသာထင်ရှားနေပါတယ်။ ဖော်ထုတ်အရေးယူလိုက်ရင် မီးခိုးကြွက်လျှောက် အကုန်ပေါ်ကုန်မှာစိုးလို့ အမှုမှန်ကို ဖုံးဖိထားတာဖြစ်ပါတယ်။ အဲဒီလို တရားဥပေဒစိုးမိုးမှု ကင်းမဲ့နေတာကို ကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ လုံခြုံရေးကို ဦးသိန်းစိန်အစိုးရက အပြည့်အ၀ အကာအကွယ်ပေးနိုင်ပါ့မလား ဆိုတာကလည်း အကြီးအကျယ် သံသယဖြစ်စရာပါပဲ။ မကြာသေးခင်ကတောင် ပွင့်ဖြူက အန်အယ်လ်ဒီအဖွဲ့ဝင်တဦးကို အာဏာပိုင်လက်ကိုင်တုတ်တွေက ၀ိုင်းပြီးရိုက်သတ်တဲ့အမှု ဖြစ်ခဲ့သေးတယ်မဟုတ်လား။ တောင်ကုတ်အမှုနဲ့ ပွင့်ဖြူအမှုတွေကို ချိန်ဆကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကတော့ အထူးကို စိုးရိမ်ဖွယ်ရာ အခြေအနေပါပဲ။ ရွေးကောက်ပွဲနီးလေ ဘယ်နှလောင်းပြိုင်လူသတ်မှု ဆိုတဲ့သတင်းမျိုးတွေ မဖတ်ရပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါရဲ့။
အဲဒီတော့ သေချာတာက မြန်မာနိုင်ငံမှာ ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး အပြောင်းအလဲကို ဘယ်လောက်ပဲ အကောင်အထည်ဖော်နေဖော်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကလည်း ဘယ်လောက်ပဲ ပူးပေါင်းဆောင်ရွက်နေ ဆောင်ရွက်နေ စစ်တပ်ကို ဂုတ်ခွစီးထားတဲ့ ‘ကာလုံ’ စစ်အုပ်စုလို အာဏာယာကူဇာဂိုဏ်းကြီး ရှိနေသရွေ့တော့ တရားဥပေဒစိုးမိုးရေးကိုလည်း စိတ်ကူးယဉ်လို့ ရမှာမဟုတ်သလို ပြည်တွင်းငြိမ်းချမ်းရေးဆီလည်း ဘယ်သောအခါမှ ဦးတည်နိုင်မှာ မဟုတ်ပါဘူး။ ‘ကာလုံ’ က သူတို့စစ်အုပ်စုဝင်တွေရဲ့ အကျိုးစီးပွားကို ထိပါးတော့မယ့် အနေအထားမျိုး ရောက်လာပြီလို့ ယူဆရင် “နိုင်ငံတော်လုံခြုံရေး” ဆိုသဟာကြီးကို အကြောင်းပြပြီး အမြဲလိုလို ဟန့်တားနှောင့်ယှက် ဖမ်းဆီးနှိပ်ကွပ်တာတွေနဲ့ ကြုံရမှာမို့လို့ပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ချင်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပေဒပြင်ဆင်ရေးတို့ဆီ ဦးတည်လျှောက်လှမ်းနိုင်ဖို့ဆိုရင် “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရုံ၊ ချည်နှောင်ရုံနဲ့ ဆက်စခန်းသွားနေလို့မရဘဲ အရာအားလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်ကြိုးကိုင်စေခိုင်းနေတဲ့ ‘ကာလုံ’ စစ်အုပ်စု မရှိတော့အောင် လုပ်ဆောင်နိုင်မှသာ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အဲသလို ကာလုံစစ်အုပ်စုရဲ့ လက်တံအမဲကြီးတွေ ပျောက်ပျက်သွားဖို့နဲ့ ၂၀၀၈ အခြေခံဥပေဒကို ပြင်ဆင်နိုင်ဖို့ကို ချောင်ပိတ်မိနေတဲ့ လွှတ်တော်ထဲကနေပဲ ကြိုးစားနေမယ်ဆိုရင် အသက်အရွယ်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန်ကုန် လူပန်း ဆံဖြူ သွားကျိုးရုံသာ အဖတ်တင်ပြီး အောင်မြင်မှုရနိုင်မယ်လို့ မထင်ပါဘူး။ ပြည်သူလူထုရဲ့ လွှတ်တော်ပြင်ပ လူထုတိုက်ပွဲနဲ့ ပေါင်းစပ်လုပ်ဆောင်မှသာ အောင်မြင်မှုရနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောသင့်ဆုံးစကားကတော့ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့စကား မဟုတ်ဘဲ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး တိုက်ပွဲတိုင်းမှာ တာဝန်ကျေခဲ့တဲ့ “ပြည်သူလူထုကို ယုံတယ်” ဆိုတာပဲ ဖြစ်သင့်တယ်လို့ ယူဆမိကြောင်းပါ။
ဒေါက်တာလွဏ်းဆွေ
‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၄)
‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၃)
‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၂)
‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၁)
30 comments:
u is really stupid gye ,why u want to destroy to people and country .pls try to thought positive ok .men'
lun swe, ur parents will be shameful to have a son like you. you know you are an outsider now. You are really insulting Myanmar people who supporting DASSK.You are junior Aung Thein Lin. Do you think it is human right to have written whatever you have stupid idea in your head? Totally wrong u nuts.. it's kind of insulting the people and it is unwise to interfere between people and Leader. You look u came from irrespectable family I think. You can keep writing. One day you will find yourself and it would be too late.
ကောင်းသည်။ ဆက်ရေးပါ။မြန်မာနိုင်ငံရေးသမိုင်းမှာစစ်
တပ်ကအမြဲလိမ်နေတာပဲ။ အမြဲလိမ်ပြီးလျောက်နေရလို့
အခြောက်တွေတောင်ဆလံသတယ်။ အပျော့အမာ
တို့ဆိုပြီးယုံလိုက်လို့ကတော့ နိုင်ငံရေးမုဒိမ်းကျင့်ခံ
လိုက်ရမှာပဲ။ ကြံ့ဖွံ့အစိုးရပြောင်းလည်းနေတယ်ဆိုတာ
တော့ယုံပါတယ်။ ဘယ်လိုပြောင်းလည်းနေတာလည်းဆို
တာတော့စဉ်းစားရမှာပဲ။သို့သော်ငြားလည်းတပ်မတော် ဆိုတာ ရာဇ၀င်..အတ္တုပ္ပတိလည်း..ရှိခဲ့တာမို့..ဘာနဲ့
တူလည်းဆို ရုပ်ရှင်ကြည့်နေရသလိုပါပဲ။ ဒါရိုက်တာက
တစ်ယောက်ကိုလူဆိုးလုပ်ခိုင်း၊ အခြားတစ်ယောက်က
မင်းသားလုပ်။ အင်း.အကောင်းဆုံးကိုမျှော်လင့်ပြီးအ
စိုးဆုံးအတွက်ပြင်ထားရမှာပေါ့။ အရေးအကြီးဆုံးက
ပြည်သူတွေအလိမ်မခံရဘို့ပါပဲ။
ဒေါက်တာလွဏ်းဆွေရဲ့ အမြင်ရှုထောင့်ဟာလည်း တကယ်ရှိသင့်တဲ့ အမြင်ပါ။ ဒီလိုလည်း လူတိုင်းမစဉ်းစားကြပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့ ဦးသိန်းစိန်ကိုယုံတယ်ဆိုတာ...
ဦးသိန်းစိန် ဒေါ်စုနဲ့ တွေ့တဲ့အခါမှာပြောတဲ့စကား၊ သူတို့ရဲ့သဘောထား၊ အစီအစဉ်တွေအားလုံးဟာ ဦးသိန်းစိန်တစ်ယောက်ထဲရဲ့သဘောထား မဟုတ်ဘူးဆိုတာ ဒေါ်စုလည်း တွေးတတ်ပါတယ်။ ရှင်းရှင်းပြောရရင် ဦးသန်းရွှေက မင်းတို့ငါ့အမိန့် မရဘဲ လေမလည်နဲ့ ချောင်းမဆိုးနဲ့ ဆိုရင်တောင် လေမလည်၊ ချောင်းမဆိုးဘဲ အောင့်ထားကြမဲ့ လူတွေဆိုတာ ဒေါ်စု တွေးတတ်ပါတယ်။ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို စည်းရုံးတဲ့အသွင် ပေါင်းစပ်တဲ့အသွင် ပြောဖို့ဆိုရင် ဦးသိန်းစိန်ကိုပဲ ချည်တိုင်ထားပြောဖို့ သင့်တော်သေးတဲ့ အချိန်အခါပါ။ အခု ဦးသိန်းစိန်ကို ယုံတယ်လို့ ပြောတာကို ကလေးကလားဆန်တယ်လို့ မြင်ရင် ကာချုပ်ကိုယုံတယ်၊ ဦးသန်းရွှေကိုယုံတယ်၊ ဦးရွှေမန်းကိုယုံတယ်.. ကာလုံကို ယုံတယ်.. စသဖြင့်လုပ်လိုက်ရင် ဒေါက်တာလွဏ်းဆွေ ဘယ်လိုမြင်မလဲ။ ဒေါ်စု.. မြောင်းထဲကိုရောက်သွားပြီး ငါ့စကားနွားရ အရူးစကားတွေ လျှောက်ပြောနေတယ်လို့ ရစရာမရှိအောင်ကို ပြောခံရ အထင်လွဲခံရနိုင်ပါတယ်။ ဘယ်စကားပြောပြော အစွန်းနှစ်ဖက် မလွတ်ပါဘူး။
အခုဒေါ်စုပြောတဲ့စကားလုံးဟာလည်း ချိန်ခါသင့် ပြောတာဖြစ်တဲ့အပြင် ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်ရင်းစွဲ ရှိသွားလို့ ရိုးသားစွာ၊ ပရိယာယ်မရှိ ပြောတာလည်း ဖြစ်နိုင်ကောင်းပါတယ်။ ပညာဥာဏ် ကြီးမြတ်သူတွေရဲ့ အသက်အရွယ်တွေနဲ့ ယှဉ်ပြီး ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အမြင်နဲ့ ရင့်ကျက်မှု၊ ချိန်ဆနိုင်မှု3D view ကို ကိုယ့်ရဲ့ 2D view နဲ့ ဘယ်လောက်ပဲချိန်ဆဆ မမြင်နိုင်၊ သဘောမပေါက်နိုင်ပါဘူး။ တချို့သော ကိစ္စတွေက ကိုယ်ကိုတိုင် ကြုံတွေ့ခံစားရမှ တကယ်သိနားလည်နိုင်ပါတယ်။
တကယ်တမ်းမှာ ပရိယာယ်ေ၀၀ှစ်တွေ များနေတာက လိုရင်းမရောက်ပါဘူး။ အလုပ်လဲ တကယ်မဖြစ်တတ်ပါဘူး။ ပကတိရိုးသားမှုနဲ့ စိတ်စေတနာ မေတ္တာတရားနဲ့ ယှဉ်ပြီး အလုပ်လုပ်မှ အရာရာတိုင်းဟာ လမ်းမှန်ပေါ် တည့်မတ်သွားမှာပါ။ ဒီစိတ်ကောင်း စေတနာကောင်းတွေက လမ်းမှန်ပေါ် ဆွဲခေါ်သွားမှာပါ။ စိတ်ဓာတ်ကြီးရင့်၊ ပညာဥာဏ်ကြီးမားပြီး အများသတ္တ၀ါအပေါ် ကောင်းကျိုးလိုလားစိတ် အလွန်တရာကြီးမားသူတွေမှာ မမြင်နိုင်တဲ့ သံလိုက်ဓာတ်တွေ၊ ညှို့ဓာတ်တွေ၊ အစွမ်းအဆတွေ ကိန်းဝပ်နေတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာတော့ အဲဒီဓာတ်တွေအပြည့်ရှိနေတာ သေချာတယ်။
ဘာပဲဖြစ်စေ ဒေါက်တာလွဏ်းဆွေရဲ့ အမြင်ဟာလည်း သာမန်ကနေခွဲထွက် စဉ်းစားတဲ့ အမြင်မို့ သဘောမတူသည့်တိုင် လက်ခံပေးလို့ရပါတယ်။
သေချာတာ တစ်ခုကတော့ တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ ပြည်သူတွေနဲ့ အမှန်တကယ် ထိုက်တန်သူတွေတာ ဖြစ်ကြရတာပါ။ ကျုပ်တို့နိုင်ငံသား အများစုရဲ့ စိတ်ဓာတ်၊ ပညာ၊ စာရိတ္တ၊ ကိုယ်ကျင့်တရားတွေ အောက်တန်းကျနေသမျှ တန်ရာ.. တန်ရာပဲ ကြုံတွေ့ကြရမှာပဲ။ အကြံတုံး၊ ဥာဏ်တုံး... အတုံး သံသရာကနေ ဖေါက်ထွက်ဖို့ ကိုယ်ဆီကိုယ်ငှ ကြိုးစားကြရမှာ.. ညီညွတ်ကြရမှာပါ။
ခုလိုသတင်းတွေကိုဖက်၇တတ်အတွက် ကျေးဇူးအထူးတင်၇ှိပါတယ် ကျွန်တော့် အကောက်ကိုတိုက်၇ိုက်ပို့ပေးလို့၇ပါသလား ၇လျှင် ပေးပို့စေချင်ပါတယ် sannaing275@gmail.com
ခင်ဗျားနဲ့ကိုမိုးသီး တို့ဘဲ ရှင်ဘုရင်တွေ တက်လုပ်ကြပါတော့ဗျာ... ဘောလုံးပွဲသုံးသပ်ချက်ကတော့ ဆိုက်ကားသမားတောင် ကမ္ဘာနဲ့ချီပြီး ပြောတတ်တယ်။မြန်မာ့ရေးရာလည်း လေ့လာထားပြီးသုံးသပ်နိုင်သူတွေ အများကြီးပါ။အခု(စာကြီး) က ခင်ဗျားဆီ ဖုန်းဆက်တဲ့ လူကို ရန်တွေ့တဲ့စာကြီးဗျ။
Dislike your article and headline.You will check up your brain.
Lun Swe , I will come and shut up ur mouth!
Moe thee, Lun Swe and Zaw win are the shits brains like shrimps!
Pyi Soe (88)
He need to teach lessons to moe thee when he will come to Myanmar ! He throw the shoes to our president in US. Let we slapped moe thee face with shoes which cover with shits! Let all people in Myanmar , give him good lessons!
Pyi Soe (88 student)
Dear Dr.Lun Swe,
Another great piece of writing again.
You should better get more applauds rather than curses.
I appreciate your efforts and you don't care about those curses.
Even though you stop drinking,you deserve LUIS XIII cognac better than drunkard mg aye :)
I hope you'll write more like this. When you finish, you should combine all of these articles and publish as a book.
Dr Lwan
I agree wih u.I know alot of peoples disagree
with your articles .But this is just their presumes.U have to continue your articles till
we get real democracy cause I got felling we all
peoples in the trap.
ရန်တွေ့တဲ့စာဆိုပေမဲ့လဲ..ဒီမိုလိုလားသူတစ်ဦးရဲ့စိတ်ဆန္ဒအ ရလက်ရှိသွားနေတာတွေကပြောစရာဘဲကိုးဗျ၊ခဏစောင့် ကြည့်ပေးပါအုံး ကိုလွဏ်း၊ဆောင်းပါးကို+/- မဝေဖန်တော့ ပါဘူး။ကျွန်တော်လဲအားမရပေမဲ့။ဒေါ်စုလဲ လုပ်နည်းတွေ စဉ်းစားထားမှာပါ။ ရွေးကောက်ပွဲစနစ်ပြောင်းဘို့ဆွေးနွေးက ထဲကသမ္မတကြီး ကိုတော့နဲနဲအရိုအသေတန်သွားမိပြီးစီတ် ကုန်သွားသလိုပါဘဲ။လောဘတွေပြောရမလား။ရုပ်သေးပြော ရမလား ထင်သာမြင်သာပိုရှိလာတာဒီတစ်ခုဘဲရှိတယ်ဗျာ။
I think ,the man who looking to blame somebody has no valueable jobs.
ဒေါက်တာ့ယူဆချက်ကမှန်တယ်လို့ပဲထင်တယ်
You want all people come out for democracy? That is not the solution for democracy! If don't know the real situation about our country, president and Daw Su, don't say any how!
ဒေါက်တာလွဏ်းဆွေ.. ဒုတိယပိုင်း ဆက်ပါဦးဗျ။ စောင့်မျှော်နေပါတယ်။ သဘောတူတာရှိသလို မတူတာတွေရှိပေမယ့် တကယ်ကို ဖတ်သင့်တဲ့၊ တွေးခေါ်စရာတွေပါတဲ့ စာမို့ ဒီလိုစာတွေကို စေတနာအား မလျော့ဘဲရေးဖို့ တောင်းဆိုမျှော်လင့်ပါတယ်။
ကျေးဇူးပါ။
ဒေါက်တာလွဏ်းဆွေ က "သမတကြီးကိုယုံတယ်" ဆိုတာ ၅ခါတောင် ရှိသွားပြီးဘဲ...
ဒေါ်စုက သမ္မတကြီးကိုယုံတယ် လို့ ပြောတာနဲ့ပတ်သက်ပြီး ကိုလွဏ်းဆွေစဉ်းစားတာတွေကဘောင်ကျော်နေတယ်။ ဒေါ်စုက သမ္မတကြီးကိုယုံတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သမ္မကြီးပေးတဲ့ ကတိစကားကိုယုံတာဖြစ်ပါတယ် ဒေါ်စုနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးစကားပြောတဲ့ အစိုးရထဲမှာ (တရားဝင်)ရာထူးအကြီးဆုံးသူဘဲဖြစ်တယ်။ဦးသိန်းစိန်ဟာ လက်ရှိတရားဝင်အုပ်ချုပ်နေတဲ့ သမ္မတဖြစ်ပါတယ်
တိုင်းပြည်စီမံခန့်ခွဲအုပ်ချုပ်ရေးမှာသူ့ထက်ရာထူးကြီးသူ(တရားဝင်) ဘယ်သူမှ မရှိတော့ပါဘူး။ သူ့ကတိစကားမယုံရင် ဘယ်သူ့စကားကိုယုံရမှာလဲ ၊သမ္မတကြီးစကားကို ကာလုံကမလိုက်နာတာ။ ဦးသန်းရွှေကနောက်ကွယ်ကကြိုးကိုင်နေတာတွေကို ဖြေရှင်းပြီး ကတိတည်အောင်လုပ် ရမဲ့ကိစ္စဟာ ဦးသိန်းစိန်ကိစ္စပါ။
တဖက်မှာလဲ ခေတ်အဆက်ဆက်ကတိမတည်ခဲ့ တဲ့ စစ်တပ်ခေါင်းဆောင်တွေသမိုင်းကိုဒေါ်စုမသိပဲမရှိပါဘူး ဒါပေမဲ့ ကိုလွဏ်းဆွေပြောသလို အရင်နည်းအတိုင်း မတရားတဲ့အမိန့်အာဏာဟူသမျှဖီဆန်ကြဆိုပြီး လွှတ်တော်ပြင်ပက လူထုလှုပ်ရှားမှု့ လုပ်ပြီဆိုကြပါတော့။ အစိုးရက နေအိမ်အကျယ်ချုပ်ပြန်ဖမ်းထည့်လိုက်ရင်လူထုဘာလုပ် ကြမယ်ထင်သလဲ။ ကိုလွဏ်းဆွေဒီပြန်လာပြီး လူထုလှုပ်ရှားမှု့ ကိုဆက်ဦးဆောင်မလား၊ ကျနော့်အထင်တော့ သူ့ ကိုဒီပဲယင်း မှာလုပ်ကြံဖို့ကြိုးစားတာ တောင်မလှုပ်ရဲတဲ့ ကျနော်တို့ မြန်မာလူထုအကြောင်းကိုဒေါ်စုသိသွားပြီထင်တာပဲ။ ဒါကြောင့်မို့လို့ အခုလက်ရှိဦးသိန်းစိန်နဲ့ ပူးပေါင်းတာဟာ ဒေါ်စု စိတ်တိုင်းကျဒီမိုကရေစီမဟုတ်ပေမဲ့ ( ကျနော်တို့အတွက်လဲစိတ်တိုင်းကျမဟုတ်ပေမဲ့) ကျနော်တို့ ၊ကိုလွဏ်းဆွေတို့လို လေများနေတဲ့ လူထုအတွက် လောလောဆယ် အခြားရွေးစရာလမ်းရှိမယ်မထင်ကြောင်းပါဗျာ။
ကိုလွမ်းဆွေ ခင်ဗျားပြောသလို စစ်အစိုးရကြီးနဲ့ ဦးသန်းရွှေဆိုတာကြီးက အဲသလောက်တောင် အကွက်ချနိုင်လောက်အောင်တော်သလားဗျ.. ဒါမဟုတ်ရင် thanswephobia များဖြစ်နေသလား...
ပုံမှန်တွေးပြီးပုံမှန်ပဲရေးပါလား..
အောင်သောင်းပါနေရင်လည်းပါလို့...မပါတော့ရင်လည်းမပါအောင်လုပ်လိုက်ပြန်ပြီလို့.. ချဲထွက်ပြီးမှ အကွက်ပြန်ဖော်နေတဲ့ချဲရူးလိုပဲ..ဖွတ်ချီး နိုင်ငံရေးအမြင်
Totally agree with "santun" comment..
ဆောင်းပါးတော့ ရေးလို့ရပါတယ်။ ဒါပေမယ့် မဆဲနဲ့။ ဗမာ သိပ်ပီသနေမယ်။
ဆရာ လွဏ်းဆွေရဲ့ ဒီဆောင်းပါးကို ကျွန်တော် နှစ်ခါ ဖတ်ဖြစ်ပါတယ်။
(၁)နှင့် (၂) မှာ ဆရာပြောသွားတာတွေက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ” သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားကို ဆရာ မကြိုက်ဘူးပေါ့ဗျာ။ အဲလိုလား။ အဲဒီစကားကို ဖေါဖေါသီသီ သုံးတယ် ဆိုတာကရော ဘယ်လောက် အရေအတွက်ကို ပြောတာလဲ။ အဲဒီစကားက ဒီအတိုင်း ယုံလို့ယုံတယ် ပြောတာလို့ပဲ ကျွန်တော် ထင်ပါတယ်။ ဆရာ့လို အဓိပ္ပါယ်တွေ လိုက်ကောက်ဖို့လဲ ကျွန်တော် ဥာဏ်မမှီပါ။ ဦးသိန်းစိန်နဲ့ တခြား စစ်အုပ်စုခေါင်းဆောင်တွေ ဘာကွာလဲဆိုတာတော့ ဆရာ ကျွန်တော့်ထက်ပိုသိမှာပါ။ တခြားသူမဟုတ်ပဲ ဦးသိန်းစိန်ကိုမှ ဘာလို့ ယုံတယ်လို့ ပြောရသလဲ ဆိုတာ ဆရာ စဉ်းစားဖို့ပါ။ ပြည်သူလူထုကို ယုံတယ်ဆိုတာ အထူးအထွေပြောဖို့မလိုတော့ပါဘူး။ ယုံလို့ပဲ ရွေးကောက်ပွဲ ၀င်ထားတာပါ။ ပြည်သူလူထုကို အားကိုးတယ် ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောနေပါတယ်။ ဆရာ သုံးနှုန်းသွားတဲ့ အာဏာရှင် ဒီမိုကရေစီရဲ့ ဖွင့်ဆိုချက်လေးလဲ ဆရာ ရှင်းပြစေချင်ပါတယ်။
(၃) အန်အယ်လ်တီ ပါတီဝင်တွေ အနေနဲ့ ၂၀၁၅ မတိုင်ခင်မှာ လုပ်ကြံခံရနိုင်တယ်လို့ သတိပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သတိပေးတာထက် ခြိမ်းခြောက်တဲ့ဘက်ကို၊ အန်အယ်လ်တီနဲ့ စစ်အုပ်စုကြားမှာ သွေးခွဲတဲ့ သဘောဘက်ကို ပိုရောက်သလို ဖြစ်နေပါတယ်။ ပူးပေါင်းဆောင်ရွက်နေတာကို အားမရတာထက် အနည်းငယ် ပိုတဲ့ သဘော သက်ရောက်သွားပါတယ်။ မနာလိုတဲ့ သဘော သက်ရောက်သလို ဖြစ်သွားပါတယ်။
ဆရာ အနေနဲ့ နိုင်ငံ့ကို တကယ်ချစ်တယ်ဆိုရင် မြန်မာပြည်မှာ နိုင်ငံရေးလာလုပ်ပါ။ အပြောနဲ့မဟုတ်ပဲ ဒီမိုကရေစီအတွက် ဘာလုပ်ပေးရမလဲ ဆိုတာပဲ စဉ်းစားပါ။ ဒီမိုကရေစီလို့ ဆိုပြီး ဒီမိုကရေစီကနေ ငါ့အတွက် ဘာရမလဲ စဉ်းစားနေရင်၊ မင်းသားကြီး မလုပ်ရ ပတ်မကြီး ထိုးဖောက်မယ်ဆိုရင်၊ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်ဝါဒမှိုင်းတွေကို ဆိုရှယ်ဒီမိုကရေစီ အယောင်ဆောင်ပြီး အွန်လိုင်း စာဖတ်ပရိတ်သတ်ကို မှိုင်းတိုက်မယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ ဒီမိုကရေစီအရေးအတွက် လူတော်တစ်ယောက် ဆုံးရှုံးရမှာပါ ဆရာ။
ဘယ်မိခင်ရင်းမှ ဘီလူးနဲ့ယှဉ်ပြီး မိမိရင်သွေးကို ယှဉ်မလုပါဘူး။ ရင်သွေးကို တကယ်တမ်းလုတဲ့သူဟာလည်း ဘီလူးတွေပါပဲ။ ပြည်သူ့အကျိုးအတွက် ဆိုပြီး ဖြုတ်၊ထုတ်၊သတ် လမ်းစဉ် သုံးခဲ့တဲ့သူတွေဟာလည်း ဘီလူးတွေပါပဲ။ ဒီမိုကရေစီဆိုတဲ့သူတွေဟာလည်း ပြည်သူ့ဆန္ဒကို အရေးထားသင့်ပါတယ် ဆရာ။
ဆရာ့ဆီမှာ ကျွန်တော်ပေးထားတဲ့ ကွန်မန့်ရယ်၊ တခြားကျွန်တော် ကြိုက်တဲ့ ကွန်မန့်တစ်ချို့ရယ်၊ ဆရာနုတ်စ်ရဲ့ လိပ်စာလေးကို ကျွန်တော့် ဖေ့ဘွတ်နုတ်စ်မှာ ဖေါ်ပြထားပါတယ်။ ဆရာ့ဆီမှာ ကြိုတင်ခွင့်ပြုချက် မယူမိတာကိုလည်း ခွင့်လွှတ်ပါ ဆရာ။ ဆရာ ခွင့်မပြုရင် နောက်ယူမသုံးတော့ပါဘူး။
welcome you ,warmly welcome ,go on.
စောက်ရူးကသူ့ကိုသူဘာများထင်နေလဲမသိဘူး
တိုင်းပြည်အတွက် ဘာမှမလုပ်ပေးနိုင်ပဲ လုပ်နေတဲ့သူတွေကိုဝေဖန်နေတယ်
အဲလိုဝေဖန်တာကတော့ လူတိုင်းလုပ်တတ်တယ် မသာရဲ့
စောက်လုပ်စောက်ကိုင် မရှိ အားယားတိုင်း လျှောက်ရေးမနေနဲ့
စောက်ရူးကောင်
အဲလိုပြောလို့ငါ့ကိုစစ်တပ်ထောက်ခံတဲ့လူလို့မထင်နဲ့
ငါလဲ ဒီမိုကရေစီ လိုချင်တဲ့ပြည်သူတယောက်ပဲ
မင်းတို့လိုဒီမိုကရေစီ အကြောင်းပြပြီး လုပ်စားနေတဲ့ကောင်တွေကိုလူတွေက တော်တော်ရွံနေပြီဆိုတာသိထားလိုက်
စောက်ရှက်မရှိ လုပ်စားနေတယ်
ကိုလွဏ်းဆွေရေ မှန်ကြည့်ပြီးပြောဗျာ။ ခင်ဗျား အခုဝေဖန်နေတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာကို ခင်ဗျားသိသိကြီးနဲ့ ခြေလိုက်ထိုးနေတယ်။ ခင်ဗျားရဲ့ စိတ်ရင်းအမှန်က ဘာဖြစ်စေချင်တာလဲ။ ဆူစေချင်တာလား၊ဒေါ်စုနဲ့ အခြားခေါင်းဆောင်တွေ ကို ထောင်ထဲပြန်ဝင်ခိုင်းပြီး အပြင်ကနေ လွှတ်ပါ လို့ပြန်အော်ချင်တာလား။ ဗမာပြည်ကို ဆီးရီးယားလိုဖြစ်စေချင်တာလား၊ နေရာတကာမှာ အပျတ်သဘောဘဲမြင်နေမယ်ဆို ခင်ဗျားကြည့်နေတဲ့ မှန်ထဲက ခင်ဗျားရုပ်ကိုတောင် ခင်ဗျားအပေါ်ကောက်ကျစ်နေပြီလို့ ခင်ဗျားထင်ရလိမ့်မယ်။မယုံရင် ပြုံးပြီးမှန်ကြည့်ကြည့်လိုက်ပါ။ ခင်ဗျားပြုံးတာကို မြင်ဖူးသူတိုင်း ဒီကွန်မင့်ကို လက်ခံလိမ့်မယ်။
ဆက်ရေးပေးပါအုံးဆရာ။ကျွန်တော်တို့လို နိုင်ငံရေးကိုလေ့ လာဆဲလူငယ်တွေအတွက် နိုင်ငံရေးပါးဝစေတဲ့ဆရာ့
ဆောင်းပါးအတွက်ကျေးဇူးအထူးပါဆရာ။ကျွန်တော်တို့တွေ စစ်တပ်ကကောင်တွေလောက်နိုင်ငံရေးအပါးမဝလို့ ခံရ ပေါင်းလဲများနေပါပြီ။၂၀၀၈ ဖွဲ့ စည်းပုံအောက်ကို ခွေးတိုးပေါက်ကဝင်သွားကြတဲ့ ဘယ်သူမဆို စစ်တပ်နဲ့ အမြီးစားဖက်ခေါင်းစားဖက်တွေ ပါလို့ပြောလိုက်မယ်။ဆရာရေ ဆရာပြည်တွင်းမှာ တစိုက် မတ်မတ်လုပ်ခဲ့တာတွေကိုမသိဘဲနဲ့ပြည်တွင်းကို ပြန်လာပါလို့ပြောနေသူတွေအတွက်တော့ ၂၀၁၅ လူသတ်ပွဲ ကြီးကစောင့်နေပါလိမ့်မယ်။မယုံမရှိနဲ့ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး။မှန်အောင်ပစ်တယ်။
Ko loon Swe,
It has been long for more than 50 years for democracy,
;a lot of talking about fight for democracy happened, but we never see any changes; most of exile groups(not all) turned to donation hunter for their servival. Our people like to see changes whatever who does. At least, we want to develope like our neighboring countries( at least like Cambodia.), A lot of shouting, demonstrations happened for 50 years, but nothing change. I think our country has the most weakest opposition to government in the world because they could not make changes for mor than 50 years, Now we see some clue of changes, so please you should havre a little bit positive thing on that.
I want to get good edu : use credit crds: buy cars ,phone with cheaper price,:politically shouting human right in Myanmar.
Shwebothar
ဒေါက်တာ ၇ဲ.သုံးသပ်ချက်က ကောင်းပါတယ် ဒါပေမယ်. ပြည်သူကလိုက်မမှီ တော.အမေစုလည်း အသက်ကကြီးလာေ၇ွးစ၇ာလမ်းကမ၇ှိ U N ကနားချတော. အကောင်းဆုံးနဲ. ထိခိုက်မှု မ၇ှိတဲ.လမ်းကိုေ၇ွး၇တဲ.သဘောပါ ပြည်သူနဲ. အမေစု သွေးကွဲစေတဲ.အေ၇းအသားဆို၇င်တော. ကာလုံ ၇ဲ. လူတော.မဖြစ်ပါစေနဲ. ....
now , people do not want to revolt again for nothing. they are quite busy for daily life, and facing disaster like flooding. and tired of going out streets. so you men stop talking and take over the people duty. do something for us.
Post a Comment