- စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ click
- ဆန္ဒပြသည့် စစ်တွေ နည်းပညာတက္ကသိုလ်ကို နည်းပညာဝန်ကြီး လာရောက်စစ်ဆေး click
- (၄၈) နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ ကျင်းပ click
- 7th JULY နှစ်ပတ်လည်က တောင်းဆိုမှုတွေ click
- သမိုင်းဝင် ကျောင်းသားသမဂ္ဂ ဗုံးခွဲဖြိုချခံရခြင်း (၄၈) နှစ်ပြည့်ပြီ click
- ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့မှာ ဗကသကျောင်းသားများ စာဝေ click
- မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားမှာ ဇူလိုင် (၇) ရက် အခမ်းအနားများ ပြုလုပ် click
- ဂက်စ်ငွေက စစ်အစိုးရ နျူစီမံကိန်းအတွက် အထောက်ကူပြုဟု အစီရင်ခံစာ ပြော click
- ပြည်သူ့လွှတ်တော်ခေါ်ယူရေးကို ပြန်လည်စိစစ်ပေးရန် တောင်းဆို click
- အသွင်ပြောင်းရေး လက်မခံသူတွေ SSA တောင်ပိုင်းနှင့် ပူးပေါင်း click
- တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရ နှိပ်ကွပ်မှု ဗြိတိန် လုံခြုံရေးကောင်စီမှာ ဆွေးနွေး click
- မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများ click
- နိုင်ငံတကာ မြန်မာ့အရေးညီလာခံ ကျင်းပ click
- ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော် click
- ကိုအေးလွင်ပါတီ တရားစွဲခံရ click
- သာစည်ဘူတာမှာ ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံရ click
- ၀န်ကြီးချုပ်ဟောင်း ဦးနုက သားသမီးများ နိုင်ငံရေးမလုပ်ဖို့ မှာကြားခဲ့ click
- ပြည်သူ့ခေတ်ဂျာနယ်တွင် နိုင်ငံရေးအသားပေး ဖော်ပြမည် click
- ဖိနှိပ်အာဏာရှင်နဲ့ တော်လှန်ကျောင်းသား (မျက်မှောက်ရေးရာ) click
- မြန်မာပြည်သားများကို တင်ဆောင်လာသော ကားတစီး တိမ်းမှောက် click
- တရားမ၀င် မြန်မာ (၄၀) ခန့် တင်ဆောင်သည့်ကား တိမ်းမှောက် click
- တရားမဝင် မြန်မာအလုပ်သမား ခိုးဝင်လာသည့်ကား တိမ်းမှောက် (၉) ဦး ဒဏ်ရာရ click
- နအဖ ဗိုလ်မှူးကြီးတဦးက လယ်များကို သိမ်းယူ၍ လယ်ပိုင်ရှင်များ ဒုက္ခရောက် click
- ဘုန်းကြီးကျောင်း မီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ click
- ကလေးမြို့မှာ ကျောင်းသားများကို အဓမ္မ ကျူရှင်သင်နေ click
- ကရင်နီပြည်တွင် ၀န်ထမ်းအလုပ်လျှောက်သူများ ငွေပေးဆောင်နေရ click
- အနုပညာရှင် ဆရာဝန်များအား ဆေးကုသခွင့်လိုင်စင် ထုတ်မပေးဟုဆို click
- မြဝတီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာ click
- ရန်ကုန် လေဆိပ်ခွန် ဈေးတက် (ရုပ်သံ) click
- စီးပွားရေးသတင်း click
- ထိုးကွင်းကလေးနဲ့ ယဉ်တဲ့ ကိုဆံရှည် (ဆောင်းပါး) click
- ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ် (ခရီးသွားဆောင်းပါး) click
- စိတ်ကျရောဂါ အပိုင်း (၂) click
- ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပြီ click
- ရုရှားသူလျှို (၃) ဦး ရုံးထုတ် click
- အဂတိလိုက်သူ ရဲအရာရှိ သေဒဏ် click
- စပိန် ကမ္ဘာ့ဖလား ဖိုင်နယ်တက်ပြီ click
- စပိန်က ဂျာမန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက် click
- ဥရုဂွေးကို အနိုင်ရသွားတဲ့ နယ်သာလန်အသင်း click
- ဥရောပ ဗိုလ်လုပွဲတက်၊ အစဉ်အလာ ကျိုးပျက် click
- ကိုမင်းကိုနိုင် ပြောတဲ့ (၇) ဇူလိုင် အမှတ်တရစကား click
- (၇) ဇူလိုင် အထိမ်းအမှတ် ပြည်တွင်း၌ စာဖြန့် click
- ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်ရန် လိုအပ်ဟု ပြော click
- ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့က ပစ်သတ်ခဲ့မှု click
- ဇူလိုင် သမိုင်းပြကွက် ဓာတ်ပုံများ click
- သမဂ္ဂနေရာ သမိုင်းဝင် ပြတိုက်ထားဖို့ ကျောင်းသားဟောင်းတွေ အဆိုပြု click
- ကချင်အချင်းချင်း ရန်လိုသတ်ဖြတ်ကြဖို့ စစ်အစိုးရ အကြီးအကဲတဦးမှ သွေးထိုးခဲ့ click
- SSA မြောက်ပိုင်း တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ click
- နိုင်ငံတကာ မြန်မာ့အရေးညီလာခံ ကျင်းပ click
- ဒီမိုကရေစီ ညီလာခံတွင် စစ်အစိုးရကို ကလင်တန် ဝေဖန် click
- ခမောက်တံဆိပ် ကန့်ကွက်သူများ နှောင့်ယှက်ခံရ click
- တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့်မရှိ click
- သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဆောက်အဦ ဆောက်မိန့်ကျ click
- ဂွမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မလုပ်နိုင်သူ များပြား click
- စစ်အစိုးရ အခွန် (၂) နှစ်စာ ကြိုကောက် click
- မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ (ထွေရာလေးပါး) click
- လူမှောင်ခိုကား တိမ်းမှောက်၊ (၉) ဦး ဒဏ်ရာရ click
- စံခရဘူရီအနီး ကားမှောက်၊ မြန်မာပြည်သား (၉) ဦး ဒဏ်ရာ ပြင်းထန် click
- ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင်-မောင်တော ကားလမ်းကို ယာယီသွားလာ နိုင်အောင် ပြုလုပ် click
- မြန်မာကုန်သည်များအား ကူမင်းကျောက်မျက်ပွဲ တက်ခွင့်ပြု click
- မြ၀တီသို့ တရားမ၀င် ထိုင်းကုန်များ ပြန်လည်တင်သွင်း click
- ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်ကုန်အ၀င် ကျဆင်း click
- အလုပ်သမားများအား ပွဲစားကုမ္ပဏီ လိမ်ညာ click
- ဘတ်ရှိလည်း ဖမ်းတာပဲ (ပေးစာ) click
- ရန်ကုန် လမ်းဘေးဈေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန် click
- ဘောလုံးပွဲ ပြခွင့်မရသဖြင့် ဆိုင်ပိုင်ရှင်များ စိတ်ပျက် click
- ဂျာနယ် (၂) စောင် တပတ် အပိတ်ခံရ click
- ဧရာဝတီ “စစ်သည်တော်” စာမျက်နှာအတွက် စာမူဖိတ်ခေါ် click
- အမေရိကန်-အစ္စရေး ဆက်ဆံရေး ခိုင်မြဲမှု ခေါင်းဆောင် (၂) ဦး အတည်ပြု click
- ဘုရင်မကြီး အဲလိဇဘက် ကုလအထွေထွေညီလာခံမှာ မိန်ခွန်းပြော click
- အိန္ဒိယ လောင်စာဆီ သပိတ် (ဆောင်းပါး) click
- ဥရောပအသင်းများသာ ဗိုလ်လုကြမည့် ကမ္ဘာ့ဖလားဖြစ်၊ ဥရုဂွေးကို အနိုင်ယူပြီး ကိုရွှေလိမ္မော်တို့ ဗိုလ်လုပွဲက ကြိုစောင့် click
- နယ်သာလန်အသင်း ဖိုင်နယ်တက်ပြီ click
- လိမ္မော်ရောင်တွေ ဗိုလ်လုပွဲတက်ပြီ click
- ဂျာမနီ ရှုံးမည်ဟု ရေဘဝဲလေး နိမိတ်ဖတ် click
- စပိန်ဂိုးသမား သမိုင်းသစ်ရေးရန် စိတ်ထက်သန်နေ click
Wednesday, July 7, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၇-၂၀၁၀)
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:13 PM
0
comments
Labels: သတင်း
မြန်မာ့နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါး (၃) ပုဒ်
၁။ မောင်ချင့်ချိန် - မဲသွားမပေးရေး လှုံ့ဆော်တာထက် ရွေးကောက်ပွဲကို ပျက်အောင်ကို ဖျက်ရမှာပါ
၂။ မောင်ချင့်ချိန် - ပညာမတတ်ရင် စစ်ထဲဝင်မှာပေါ့
၃။ AMT - ငါ့ကောင်တွေရဲ့ နိုင်ငံရေးရေချိန်
Mg Chint Chain + AMT
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:16 PM
0
comments
Labels: ဆောင်းပါး
အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ဖွဲ့စည်းတည်ထောင် ခြင်း (၁၀) နှစ်ပြည့် အခမ်းအနား
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:10 AM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
Tuesday, July 6, 2010
အမြင်များပြောင်းလဲရေးနှင့် အိဒ်စ်ရောဂါပြဿနာ
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၃)အမြင်များပြောင်းလဲရေးနှင့် အိဒ်စ်ရောဂါပြဿနာ
ဒေါက်တာလွဏ်းဆွေ
ယခုအခါ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (Acquired Immune Deficiency Syndrome) ဖြစ်ပွားမှုပြဿ နာသည် တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့် ထိပ်တန်းပြဿနာတရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
၂၀၀၁ ခုနှစ် ဇွန်လ (၂၅) ရက်နေ့က ကျင်းပခဲ့သော အိဒ်စ်ရောဂါဆိုင်ရာ ကုလသမဂ္ဂ အထူးညီလာခံ ဖွင့်လှစ်ပွဲ အခမ်းအနား၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအနန်က အိဒ်စ်ရောဂါကြောင့် ယခုအချိန်အထိ ကမ္ဘာတ၀ှမ်းလုံးတွင် လူပေါင်း (၂၂) သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊ အိဒ်စ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် ယင်းရောဂါနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ကြရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြောကြားသွားပါသည်။
အိဒ်စ်ရောဂါ ဖြစ်ပွားမှုပြဿနာကို မိမိတို့အနေဖြင့် ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း၊ အိဒ်စ် ရောဂါ ကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိတည်ရှိနေမှုများကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်း ဆန်ခြင်းဖြင့်လည်းကောင်း ယင်းပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ အိဒ်စ်ရောဂါဝေဒနာ ခံစားနေရသူများအား ချိုးနှိမ်ဆက်ဆံခြင်း၊ အရှက်တကွဲ အကျိုးနည်းအောင် ပြုလုပ်ခြင်း၊ အမှားဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြင့်လည်း ယင်းပြဿနာမှာ ပြီးပြတ်မသွားနိုင်ကြောင်း … စသည်ဖြင့် စဉ်းစားဖွယ်ရာ အချက်အလက်များကို ထည့်သွင်းပြောကြားသွားပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာကို ဖြေရှင်းရာတွင် ရောင်းသူရှိ၍ ၀ယ်ယူသုံးစွဲမှုရှိနေခြင်းအပေါ် မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဖမ်းဆီးအရေးယူကာ အပြစ်ပေးခြင်းထက် စည်းရုံးသိမ်းသွင်းဖော်ထုတ်ပြီး စနစ်တကျ ဆေး ၀ါးကုသပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခဲ့သူများကို မနှစ်မြို့ဖွယ်ရာ လူများအဖြစ် မရှုမြင်စေရန် လူ့အဖွဲ့အစည်း သို့ ပညာပေးခြင်း၊ ဆေးကုသမှုခံယူပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပါဝင်လှုပ်ရှားလာစေရေးအ တွက် စနစ်တကျ ပြန်လည်ထူထောင်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ပါသည် (သို့မဟုတ်ဘဲ ချိုးနှိမ်ပစ်ပယ် ထားပါက အမှားသံသရာထဲသို့ တကျော့ပြန် ရောက်ရှိသွားစေနိုင်ပါသည်)။ ဤသို့ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ကို စနစ်တကျ ထိန်းချုပ်လျော့ပါးစေခြင်းဖြင့် အိဒ်စ်ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်းစေမည် ဖြစ်ပါသည်။
တဖန် လိင်အပျော်အပါးလိုက်စားသည့် ပြဿနာနှင့်ပတ်သက်၍လည်း ပွင့်ပွင့်လင်းလင်း တင်ပြချင်ပါသည်။ ခန္ဓာကိုယ် ဓာတ်သဘာဝဖွဲ့စည်းမှုသည် လူတဦးနှင့်တဦး မတူညီကြသည့်အလျောက် ဇီဝကမ္မတောင်းဆိုမှု (Physiological Demand) ဖြစ်သည့် လိင်စိတ်ဖြစ်ပေါ်မှု ပမာဏသည်လည်း လူတဦးနှင့်တဦး မတူညီဘဲ အ နည်းအများ ကွာခြားကြသည်သာဖြစ်သည်။ လိင်စိတ်ဖြစ်ပေါ်မှု နည်းပါးသူက လိင်အပျော်အပါးလိုက်စားမှု နည်းပါးမည်ဖြစ်ပြီး လိင်စိတ်ဖြစ်ပေါ်မှု များပြားသူက လိင်အပျော်အပါးလိုက်စားမှု ရှိနေမည်မှာ လျစ်လျူရှု၍မရ သော ပကတိ တည်ရှိနေမှုများသာ ဖြစ်ပါသည်။
ထို့ကြောင့် လိင်ဆန္ဒကြီးမားသူများ လိင်အပျော်အပါးလိုက်စားရာတွင် ကျန်းမာရေးအသိရှိအောင် ပညာပေးဖို့ သာ လိုပေသည်။ ထို့အပြင် လိင်ဆန္ဒကြီးမားသူများအနေဖြင့် မိမိဝါသနာပါရာ အလုပ်တခုခုတွင် အာရုံစူးစိုက် လုပ်ဆောင်နေခြင်းဖြင့်လည်း လိင်ဆန္ဒကို လျော့ပါးစေကာ ရောဂါကူးစက်ဖို့ အခွင့်အရေး နည်းပါးလာမည်ဟု ထင်ပါသည်။
တဖန် ပြည့်တန်ဆာလုပ်ငန်း တည်ရှိနေမှုပြဿနာသည် မည်သည့်ခေတ် မည်သည့်အခါတွင်မှ ဖမ်းဆီးအရေး ယူခြင်းနည်းလမ်းဖြင့် အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့သည်မဟုတ်။ အဆိုပါ ပြဿနာသည် ဖုံးဖိဖြေရှင်း၍မရနိုင်ဘဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှ ရမည်ဖြစ်သည့်အလျောက် ကျန်းမာရေးအသိတရား ကင်းမဲ့စွာ ပုန်းလျှိုးကွယ် လျှိုး လုပ်ကိုင်နေကြခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းထား အလွန်အမင်း မြင့်မားနေစေမည့်အစား ဘ၀ပေးအခြေ အနေအရ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုမဖြစ်ပြုနေရသည့် အမျိုးသမီးများကို ကျန်း မာရေးစစ်ဆေးကာ စနစ်တကျ ခွင့်ပြုလုပ်ကိုင်စေခြင်းက ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်း စေမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အိဒ်စ်ရောဂါတိုက်ဖျက်ရေးတွင် ငြင်းဆန်မရသော ပကတိ တည်ရှိနေမှုများဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင်အပျော်အပါးလိုက်စားခြင်း ပြဿနာများကို အမြင်ကျယ်စွာဖြင့် စနစ်တကျ ကိုင် တွယ်ဖြေရှင်းမှ ရောဂါကူးစက်မှုနှုန်ထား ကျဆင်းမည်ဖြစ်ရာ ယင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် လူ့ အဖွဲ့အစည်းအတွင်း မှီတင်းနေထိုင်သည့် လူအများစုကလည်း အမြင်များပြောင်းလဲရှုမြင်ကြဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြလိုက်ရပါသည်။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၁ ခုနှစ်)
မှတ်ချက် ။ ။ အနီရောင်ဖြင့် ပြထားသည့် စာပိုဒ်မှာ ထိုစဉ်က စာပေစိစစ်ရေးမှ ဆင်ဆာဖြတ်ခဲ့ သည်ကို အနီးစပ်ဆုံး ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။
ယှဉ်တွဲဖတ်ရှုလိုပါက - အေအိုင်ဒီအက်စ်ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:42 PM
1 comments
Labels: မြားနတ်မောင်
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၇-၂၀၁၀)
- သင်္ကြန်ဗုံးခွဲမှုနဲ့ ဖမ်းဆီးခံရသူအပေါ် လူသတ်မှု စွဲချက်တင် click
- မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂကို တိုင်ကြား click
- စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား click
- စစ်တွေနည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) ဆန္ဒပြ click
- ယာဉ်စီးခ (၂) ဆတိုး၍ စစ်တွေတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ click
- DKBA တပ်မှူးပြောစကား မယုံကြည်ကြောင်း KNU ပြော click
- နိုင်ငံရေးအကျဉ်းသား မိသားစုများကို NLD ခေါင်းဆောင်နှစ်ဦး ဆက်လက်အားပေး click
- နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အန်အယ်လ်ဒီ တွေ့ click
- NLD ခေါင်းဆောင်များ နေပြည်တော်မှာ နှောက်ယှက်ခံရ click
- အန်အယ်လ်ဒီပါတီ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ click
- နိုင်ငံရေးအကျဉ်းသားများအတွက် NLD ငွေလှူ click
- အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တချို့ကို စစ်တပ်က ဖိအားပေး ခြိမ်းခြောက် click
- မွန်ပြည်သစ်ပါတီ မြို့ပေါ်ရုံးများ ပြန်လည်ဖွင့်လှစ်လိုက်ပြီ click
- နိုင်ငံရေးပါတီထောင်ခွင့် ချမပေးမှုအပေါ် ကေအက်စ်ပီပီ ပါတီက လူထုကို ရှင်း click
- ပါတီဝင် အင်အားစာရင်း စတင် တင်ပြကြပြီ click
- ဥရောပပါလီမန်အမတ် မစ္စတာ ရောဘတ်ဂိုးဘဲလ်(စ်)နှင့် အင်တာဗျူး click
- စစ်အစိုးရ ဝါဒဖြန့်ဆောင်းပါး အတွေ့ရနည်းတော့မည် click
- ပေါ်လစီဆောင်းပါး ဖော်ပြစရာ မလိုမှုအပေါ် စာနယ်ဇင်းများက ကြိုဆို click
- ပြည်သူ့ခေတ်ဂျာနယ် မိတ်ဆက်ပွဲ ကျင်းပ click
- သမဂ္ဂအိပ်မက်ကျိန်စာ (ကဗျာ) click
- ငွေလွှဲလုပ်ငန်းအတွက် စာတိုက်ကို အသုံးပြုသူများ သိသာစွာ လျော့နည်းလာ click
- လူနေရပ်ကွက်အနီး သဘာဝဓာတ်ငွေ့ပိုက် ပေါက်နေ click
- ကြွက်များ ဘုရားကြီးမြို့အနားကို ရောက်လာနေပြီ click
- ပဲခူးဘက်မှာ စပါးပျိုးခင်းတွေကို ကြွက်တွေ ဖျက်ဆီး click
- စီးပွားရေးသတင်း click
- AFC ဗိုလ်လုပွဲများ မြန်မာပြည်တွင် ကျင်းပမည် click
- အမှုချိန်းသို့ ထက်ထက်မိုးဦး ရောက်လာခြင်း မရှိသေးပါ click
- ပြုံးအလှပိုင်ရှင် ဆိုတဲ့ ခေမီကို (အင်တာဗျူး) click
- ဖို့တ်ဝိန်းမြို့ ဓမ္မရက္ခိတကျောင်း စုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲနဲ့ နိဗ္ဗာန်ဈေးပွဲတော် (ဓာတ်ပုံ) click
- ဒုက္ခသည်များအား အကူအညီပေးသူ ဖရက်ဒ်ဂဲလ်ဘတ်အား နှုတ်ဆက်ဂုဏ်ပြုပွဲ - ဖို့တ်ဝိန်း၊ အင်ဒီယားနား ပြည်နယ် (ဓာတ်ပုံ) click
- ထိုင်းမှာ အရေးပေါ်ဥပဒေ သက်တမ်းထပ်တိုး click
- ထိုင်းနိုင်ငံမှာ အရေးပေါ် သက်တမ်းတိုး၊ မီဒီယာများ ပိတ် click
- အစ္စရေး-အမေရိကန်ဆက်ဆံရေး နွေးထွေးလာ click
- ဘုန်းတော်ကြီး ဒလိုင်းလားမား အသက် (၇၅) နှစ်ပြည့် မွေးနေ့ click
- ရှားပါး ရောင်စုံငှက်ငယ် တထောင်ကို ဒက္ကားလေဆိပ်တွင် ဖမ်းဆီး click
- နယ်သာလန် ဖိုင်နယ်တက်ပြီ click
- မြန်မာအစိုးရကို ရာဇ၀တ်မှုများအတွက် အရေးယူရန် ယိုဇိုယိုကိုတာ လှုံ့ဆော် click- သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ click
- ရှမ်း အပစ်ရပ် တပ်ဖွဲ့ဝင်တချို့ တောပြန်ခို click
- NDF ခမောက်တံဆိပ် NLD တရားဝင် ကန့်ကွက် click
- (၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့ (ဆောင်းပါး) click
- သွေးမော်ကွန်း click
- စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ click
- စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယကရုံးရှေ့တွင် ဆန္ဒပြ click
- စစ်တွေ နည်းပညာတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့မှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ချက်များ click
- ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲ ပြုလုပ် click
- အာဏာပိုင်များ တင်းကျပ်၍ ပါတီစည်းရုံးရေး အနှောင့်အယှက်ဖြစ် click
- ရွေးကောက်ပွဲရန်ပုံငွေရရှိရေး ၀စ်သောက်ဆိုင်ကယ် လိုင်စင်ကြေးများစွာယူ click
- ၂၀၁၀ အတွက် ကယန်းအမျိုးသားပါတီမှ စာပေအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးစားသော်လည်း လူငယ်များ လက် မခံ click
- မဲထည့်ပိုင်ခွင့်ရှိသူ ဌာနဆိုင်ရာ ၀န်ထမ်းများစာရင်း ကောက်ယူ click

- ကုန်ကားများ တံတားဖြတ်သန်းခွင့် စစ်တပ် တားမြစ် click
- လိုင်စင်မဲ့ကားအချို့ ပြန်လည်ပြေးဆွဲနေ click
- ရွာသစ်အပြောင်းခံရသည့် မြစ်ဆုံဒေသခံများ ဝမ်းရောဂါဖြစ်ပွားနေ click
- ဆေး (၁) ပထမနှစ်များ လယ်ဝေးသို့ ရွှေ့မည် click
- တက္ကသိုလ်စာမေးပွဲများ (၁) လစော ကျင်းပမည် click
- သီရိလင်္ကာတက္ကသိုလ် မြန်မာပြည်မှာ ဈေးကွက်ရှာ click
- ပြည်သူ့ခေတ် သတင်းဂျာနယ် စတင်ဖြန့်ချိ click
- ကမ္ဘာလှည့်ခရီးသည် နည်းလာ၍ ကြေးပတ်ကယန်းများ ဌာနေသို့ အလုပ်အကိုင်ပြန်ရှာ click
- ဈေးဆိုင်ခန်းများတွင် ကိုယ်ပိုင်မီတာ တပ်ခွင့်မပေးတော့ click
- ရန်ကုန် တိုက်ခန်းငှားခ (၂) ဆခန့် မြင့်တက် click
- စိုက်ချိန်လွန် လယ်မြေများ စပါးအထွက်နှုန်း လျော့နိုင် click
- လူငယ်များ စုစည်းမှုရှိရန် ရည်ရွယ်၍ UCF မှ အားကစားနေ့ ကျင်းပ click
- “အမဲသား ရောင်းမလား” (ဆောင်းပါး) click
- မေးခွန်းများ (၀တ္ထတို) click
- အစ္စရေးခြေလှမ်း အမေရိကန်နဲ့ အီးယူ ကြိုဆို click
- ထိုင်းကွန်းက ဂြိုလ်တု အစားထိုးရမယ် click
- အနာဂတ် ဥရောပ (ဘာသာပြန်ဆောင်းပါး) click
- မာတီနို ပါရာဂွေးနည်းပြအဖြစ်မှ နုတ်ထွက်၊ ပြင်သစ်တောင်ပံလူ ဂိုဗူး ပနသီနိုင်းကော့စ်နှင့် စာချုပ် click
- ကမ္ဘာ့ဖလား အနိုင်အရှုံးကို ထိန်းချုပ်သည့် မြန်မာ့မြွေတကောင် ဖမ်းဆီးရမိ click
- အမေ့ခံကြီးကိုပဲ အားပေးချင်မိ click
- နိုင်ငံတကာပွဲများမှ နိုင်ဂျီးရီးယား ရပ်နားမလား click
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:06 PM
0
comments
Labels: သတင်း
ကြေးစားစိတ်ဓာတ်
စာပေ၊ ဂီတ၊ ရုပ်ရှင်တည်းဟူသော အနုပညာလောကသည်လည်းကောင်း၊ အားကစားလောကသည်လည်း ကောင်း ရှေးယခင်ကာလများက အပျော်တမ်းသက်သက်မျှသာ ရေးသား၊ ဖျော်ဖြေ၊ ကစားခဲ့ကြရာမှ ယခုအခါ အသက်မွေးဝမ်းကျောင်းမှုအတွက် ၀င်ငွေအာမခံချက်ရှိသော (ပရိသတ်များ၏ အားပေးချီးမြှောက်မှုမှ ရရှိသော အခကြေးငွေကို ခံစားခွင့်ရှိသော) ကြေးစားလောကအဖြစ်သို့ ပီပီပြင်ပြင် ကူးပြောင်းရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။
ယခင်က ၀ါသနာအရ ရေးကြ၊ ဆိုကြ၊ တီးကြ၊ မှုတ်ကြ၊ သရုပ်ဆောင်ကြ၊ ကစားခဲ့ကြသော်လည်း ယခုအခါ ၀င်ငွေရရှိမည့် အလုပ်အကိုင်များအဖြစ် ရည်မှန်းပြီး ထူးချွန်အောင်မြင်အောင် ကြိုးစားအားထုတ်လာကြသည် ကို တွေ့ရပေသည်။ ဥပမာအားဖြင့် ယနေ့အချိန်အခါတွင် ဟယ်ရီပေါ်တာ စာအုပ်ရေးသားသော စာရေးဆရာမ ဂျေကေရိုလင်းသည် ကမ္ဘာကျော် သန်းကြွယ်သူဌေး ဖြစ်လာသည်။ ဂျနီဖာလိုပက်ဇ်၊ ဘရစ်တနီစပီးယားစ်၊ အီ မီနမ် … အစရှိသည့် အဆိုတော်များသည်လည်း သန်းကြွယ်သူဌေးများ ဖြစ်လာသည်။ ဂျူလီယာရောဘတ်စ် ကဲ့သို့ သော ရုပ်ရှင်မင်းသမီးသည်လည်း ဇာတ်ကားတကား ရိုက်ကူးလျှင် ဒေါ်လာ (၃၆) သန်း ရရှိကာ သန်း ကြွယ်သူဌေး ဖြစ်နေသည်။ ဒေးဗစ်ဘက်ခမ်း ကဲ့သို့သော ဘောလုံးစူပါစတားသည်လည်း အောင်မြင်ကျော် ကြားမှုများနှင့်အတူ တပတ်လုပ်ခ ပေါင်တသိန်းကျော်နှင့် ကြော်ငြာခ၀င်ငွေများ၊ ကျော်ကြားကြေးများ ရရှိကာ သန်းကြွယ်သူဌေး ဖြစ်လာသည်ကို တွေ့ရပေသည်။
တနည်းအားဖြင့် ၀ါသနာပါရာ ပညာရပ်တခုခုကို ထူးချွန်အောင်မြင်အောင် လုပ်ဆောင်လိုသူများအတွက် အစ စအရာရာ လမ်းပွင့်နေပြီဟု ပြောရပေမည်။ ထူးချွန်အောင်မြင်ဖို့ ဆိုရာတွင်မူကား ကိုယ်ဝါသနာပါရာ ပညာရပ် ၌ ပါရမီဘယ်လောက်ပါသည်ကို ကိုယ်ကိုယ်တိုင် သိဖို့လိုသည်။ တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ရဲဖို့လို သည်။ အစဉ်အမြဲ လုံ့လ၀ီရိယ စိုက်ထုတ်နေဖို့ လိုသည်။ သို့မှသာ အောင်မြင်မှု၏ အသီးအပွင့်များကို ဆွတ်ယူ စားသုံးနိုင်မည်ဖြစ်သည်။
သို့သော် အောင်မြင်မှု၏ အရသာကို ခံစား၊ စံစားရနိုင်သကဲ့သို့ စိတ်ဖိစီးမှုများနှင့်လည်း ကြုံတွေ့ရင်ဆိုင်ကြရ မည်မှာ ဓမ္မတာပင်ဖြစ်သည်။ ကိုယ့်နယ်ပယ်တွင် အတော်ဆုံး၊ အကောင်းဆုံး ဖြစ်နေအောင် ဘယ်လို ကြိုးစား အားထုတ်မည်၊ ပရိသတ်အားပေးမှု လျော့ကျမသွားအောင် ဘယ်လိုလုပ်ဆောင်မည် စသည့် စိတ်ဖိစီးမှုများကို နေ့စဉ်ရက်ဆက် ရင်ဆိုင်လာရနိုင်ပေသည်။
အထူးသဖြင့် ဘောလုံးလောကတွင် အထူးသိသာထင်ရှားလှသည်။ ချန်ပီယံဆုဖလား လေး ငါးလုံး ရယူပေး နိုင်ခဲ့သည့် ဂိုးသမားသည်လည်း တခါနှစ်ခါ အမှားအယွင်း လုပ်မိသည်နှင့် ချောင်ထိုးခံရသည်။ ဂိုးတွေ တဒိုင်း ဒိုင်းသွင်းခဲ့သည့် ရှေ့တန်းတိုက်စစ်မှူးသည်လည်း တချက်နှစ်ချက် ဘေးချော်ကန်မိသည်နှင့် နည်းပြ၏ ငြိုငြင် မှုကို ခံရသည်။ အုတ်တံတိုင်းသဖွယ် ပိတ်ဆို့ကာကွယ်ပေးခဲ့သည့် နောက်တန်းခံစစ်မှူးသည်လည်း တကြိမ်နှစ် ကြိမ် ပေါက်ထွက်သွားရုံနှင့် အရန်ခုံတန်းလျားသို့ အပို့ခံရသည်။ တကွင်းလုံး အကွက်ဖော် ကစားပေးသော အ လယ်တန်းသမားသည်လည်း ရံဖန်ရံခါ ကစားကွက်ပျက်လျှင် ပြစ်တင်ကြိမ်းမောင်းခြင်းခံရသည် (ဒေးဗစ်ဘက် ခမ်းသည်ပင် အာဆင်နယ်အသင်းကို ရှုံးခဲ့သည့်အတွက် နည်းပြ ဖာဂူဆန်၏ ဖိနပ်ပျံ ထိမှန်ပြီး မျက်ခုံးကွဲခဲ့ရဖူး ၏)။
အလားတူ အနုပညာလောကတွင်လည်း ပရိသတ်၏ အားပေးမှု လျော့ကျလာသည်နှင့် ထုတ်လုပ်သူ၏ လျစ် လျူရှုမှုကို ခံရစမြဲဖြစ်သည်။ ထို့အတွက် ကြေးစားသမားတို့သည် အမြဲတမ်း အကောင်းဆုံး အနေအထားရ အောင် ကြိုးစားနေရသည်။ အမှားအယွင်း မရှိအောင် လုပ်ဆောင်နေကြရသည်။ တနည်းအားဖြင့် ကြေးစား လောကတွင် အားနာမှုမရှိ၊ ခင်မင်မှုမရှိ၊ ထောက်ထားငဲ့ညှာမှုမရှိ၊ လက်ငင်းအကျိုးကိုသာကြည့်ပြီး လုပ်ဆောင် ကြသည်။ အကျိုးခံစားခွင့် ကြီးမားသလောက် စိတ်ဖိစီးမှုကလည်း ကြီးမားလှသည်။
အချုပ်အားဖြင့်ဆိုရလျှင် ၀ါသနာပါရာ ပညာရပ်ဖြင့် အသက်မွေးကျောင်းပြုလိုသူများသည် ထူးချွန်ထက်မြက် အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ကြေးစားစိတ်ဓာတ်မျိုး မွေးမြူဖို့တော့ လိုအပ်ပေသည်။ သို့သော် အောင် မြင်မှု၏ အရသာကို တရှိုက်မက်မက် ခံစားရင်း စိတ်ဖိစီးမှုဒဏ်မှ လွတ်မြောက်အောင် လုပ်ဆောင်တတ်ကာ လောကဓံတရားကို ခံနိုင်ရည်ရှိမှ အောင်မြင်မှုနှင့်အတူ နေပျော်သည့် ဘ၀ကို ရရှိပိုင်ဆိုင်နိုင်မည်ဟု ထင်မြင်မိ ပါသည်။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃ ခုနှစ်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:07 AM
0
comments
Labels: မြားနတ်မောင်
Monday, July 5, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၇-၂၀၁၀)
- စစ်တွေကျောင်းသားတွေ ဆန္ဒပြ click
- စစ်တွေမြို့၌ တက္ကသိုလ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ click
- မြန်မာစစ်အစိုးရ သဘာဝဓာတ်ငွေ့ ၀င်ငွေတွေနဲ့ နျူကလီယားစီမံကိန်း လုပ်နေ click
- နိုင်ငံသယံဇာတ ၀င်ငွေကို နျူကလီးယားစီမံကိန်းအတွက် အသုံးပြုနေ click
- အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့ဝင်များ SSA တောင်ပိုင်းနှင့် လာရောက်ပူးပေါင်း click
- ပြည်သူ့စစ်အသွင် မပြောင်းလို၍ အက်စ်အက်စ်အေ တပ်မဟာ (၁) ဖိအားပေးခံရ click
- ဒီမိုကရေစီ ညီလာခံမှာ ၀န်ကြီး ကလင်တန် မြန်မာကို ဝေဖန် click
- NLD ဗဟိုနှင့် တိုင်းနှင့်ပြည်နယ် ပါတီဝင်များ ခမောက်တံဆိပ်အတွက် ကန့်ကွက်စာတင် click
- အဖွဲ့ချုပ်၏ ခမောက်သုံးစွဲမှုကို နေပြည်တော်အထိ ကန့်ကွက်စာ တင် click
- နိုင်ငံရေးနဲ့ ရိုးသားမှု (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဆင်ဖြူတော်ကို ကြိုးဖြုတ်ပြီး စစ်အစိုးရ ဖြန့်ချိ click
- ဝန်ကြီးချုပ်ကိုယ်တိုင် ပါတီစည်းရုံးရေး စီစဉ်နေ click
- ဗိုလ်ချုပ်ကြီးက တရုတ်ကို ဘာပြောမလဲ click
- ကြံ့ခိုင်ရေးက မင်္ဂလာဈေး မီးသင့်သူများကို ငွေချေးပေးမည် click
- တာချီလိတ်တွင် လူငယ်များကို အဓမ္မ စစ်သင်တန်း ပေးနေ click
- ကလေးမြို့၌ ဆိုင်ကယ်လိုင်စင်ကြေး အဆမတန် ကောက်ခံနေ click
- သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စတင်များပြားလာ click
- စီးပွားရေးသတင်း click
- ၀ါကာ ၀ါကာ သီချင်း ဒီဗီဒီ ရန်ကုန်ခွေရောင်းဆိုင်များ၌ ရေပန်းအစားဆုံး ဖြစ်နေ click
- ဇာတိမာန် ခေတ်စမ်းစာဆို ဆရာဇော်ဂျီ (အသံလွှင့်ဆောင်းပါး) click
- အမေရိကန် ပိတ်ဆို့မှုအသစ်ကြောင့် အီရန်လေယာဉ်တွေ လောင်စာဆီ ဖြည့်ခွင့်မရ click
- အာဖဂန်တပ်မှူး ဗိုလ်ချုပ်ကြီး McChrystal နုတ်ထွက် click
- အမေရိကန် စီးပွားရေးနဲ့ အလုပ်လက်မဲ့ ပြဿနာ click
- နိုင်ဂျီးရီးယားအသင်း အရေးယူမှု သမ္မတ ပြန်ရုပ်သိမ်း click
- ကမ္ဘောဒီးယား ပန်းခြံတွေမှာ ဟစ်တိုင်တွေ ထားတော့မည် click
- တပြည်လုံး၌ ရုရှားရေဒါ (၇) ခု နအဖ တပ်ဆင်ပြီး click
- ဓာတ်ငွေ့ရောင်းရငွေ နျူကလီးယားစီမံကိန်းမှာ အသုံးပြု click
- သဘာဝဘေးဒဏ် ခံနေရသည့် ရခိုင်ပြည်သူများ ရွေးကောက်ပွဲကို စိတ်မ၀င်စား click
- KNU နဲ့ DKBA ငြိမ်းချမ်းရေး ဆွေးနွေး click
- ရွှေလီချိုင့်ဝှမ်း၌ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်ဖွဲ့ အခြေချဖွယ်ရှိ click
- မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး click
- ခမောက်ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ထံ NLD တိုင်ကြား click
- မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားအသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟု ပြော click
- ကြံ့ဖွံ့မှထွက် ကချင်ပါတီထောင် click
- ရွေးကောက်ပွဲသတင်းများကို ပုံနှိပ်ဖော်ပြမည့် ဂျာနယ်သစ် (၃) စောင် ဇူလိုင်တွင် ထွက်ရှိမည် click
- ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဆိုင်ကယ်ကယ်ရီခ ဈေးတက်လာ click
- ကမ္ဘာ့စီးပွားရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာ့သစ်လုပ်ငန်း ရပ်ဆိုင်း click
- နေပြည်တော်တွင် မကွေး FC ဗိုင်းရပ်စ် ပျံ့နှံ့ click
- ဆင်ဖြူဖမ်းသူများ အထူးအခွင့်အရေးပေး ချီးမြှင့်မည် click
- အင်းစိန်ထောင်အတွင်း ရဟန်းပျိုတပါး ကျန်းမာရေး ဆိုးရွားနေ click
- အင်းစိန်ထောင်အတွင်း အနှိပ်စက်ခံ မွန်ရဟန်းပျို ဆေးဝါးကုသခွင့်မရ click
- ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ click
- ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများ စာပေစိစစ်ရေးက ပယ်ချ click
- အပစ်ရပ် နိုင်ငံရေးပြဿနာများအား မျှော်တွေးကြည့်ခြင်း (ဆောင်းပါး) click
- မြန်မာတိုင်းရင်းသား အတိုက်အခံအဖွဲ့များ၏ အားနည်းချက် (ဆောင်းပါး) click
- ယိမ်းယိုင်နေတဲ့ နိုင်ငံပိုင်သတင်းစာကြီးများ (ပေးစာ) click
- အသုံးချခံ မီဒီယာ မဖြစ်စေလိုပါ (ပေးစာ) click
- သီရိမင်္ဂလာဈေးသို့ ကုန်စိမ်း အဝင်နည်း၊ ဈေးတက် click
- ပလိပ်ရောဂါ လူသို့ စတင်ကူးစက်နေ click
- အလုပ်သမားပြတ်လပ်မှု တားဆီးပေးရန် လုပ်ငန်းရှင်များ တောင်းဆို click
- သားစိုး၏ “ငွေမြင်ရင် လင်လုပ်မယ်” စီးရီးကို စိန်ပူစီ စတူဒီယိုတွင် စီစဉ်နေ click
- ရန်ကုန်ယူနိုက်တက်ပိုင်ကား သုံးစွဲမှု ဘောလုံးအဖွဲ့ချုပ် ဝေဖန်ခံရ click
- ဖားစည် (ဆောင်းပါး) click
- အိန္ဒ္ဒိယကို ဆေးကုလာချင်ရင် (ဆောင်းပါး) click
- မူခါးဝီးကျိုး (ဆောင်းပါး) click
- ဒုက္ခသည်တေးသံ (ဆောင်းပါး) click
- အာဂျင်တီးနားကို အရှက်ခွဲသည့် ဂျာမဏီနှင့် ဥရောပချန်ပီယံ စပိန်၊ ဘရာဇီးကို အထိနာစေသည့် နယ်သာ လန်နှင့် ကမ္ဘာ့ဖလားလက်ဦးချန်ပီယံ ဥရုဂွေးတို့ ဆီမီးတွင် တွေ့ကြမည် click
- “ဘုရားပေးသော လက်ပိုင်ရှင်အစစ်” ဟု ဆွာရက်ဇ် ကြွေးကြော် click
- ဥရောပ-တောင်အမေရိက အလှည့်ကျ သီအိုရီလား click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:26 PM
0
comments
Labels: သတင်း
Sunday, July 4, 2010
သေခြင်း၏ နောက်ဆက်တွဲ
သေခြင်း၏ နောက်ဆက်တွဲ
ဒေါက်တာလွဏ်းဆွေ
ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ရှိသတ္တ၀ါမှန်လျှင် တနေ့နေ့ တချိန် ချိန်တွင် အသက်ဇီဝိန် ချုပ်ငြိမ်းကြရမည်ပင်။ ထိုသက်ရှိသတ္တ၀ါများထဲတွင်မှ အသိဉာဏ်အရှိဆုံးဟု ဆိုကြလေကုန်သော ကျွန်ုပ်တို့လူသားများသည်လည်း အဘယ်သို့သော အသိဉာဏ်ပညာများဖြင့် မိမိကိုယ်ကိုယ်မိမိ ကာကွယ်သည် ဖြစ်စေ အချိန်တန်လျှင် အိမ်ပြန်ကြရမည် ဆိုသကဲ့သို့ သေရွာကို လားကြရ မည်ပင်ဖြစ်သည်။သို့သော် သေရွာသို့ လားပုံလားနည်းကား တဦးနှင့်တဦး မတူညီဘဲ ကွဲပြား ခြားနားကြလေသည်။ တချို့က လူ့ပြည်လောကအတွက် ကောင်းကျိုးချမ်း သာကို ဖြစ်စေသော စေတနာကြီးမားသည့် လုပ်ရပ်ကောင်းများကို ချန်ထား ရစ်ခဲ့ပြီး သေရွာသို့ လားကြ၏။ သာမန်လူအများစုကမူ ပွဲပြီးမီးသေဆိုသကဲ့သို့ ကြီးကြီးမားမား လုပ်ဆောင်ချက် ဘာမျှမကျန်ရစ်ခဲ့ဘဲ သေလျှင် ပြီးသွားကြသည်သာဖြစ်၏။ တချို့တချို့ကမူ ရှင်စဉ်ကာလက လူအများကို ဆိုးကျိုးဒုက္ခအမျိုးမျိုး ပေးပြီး နာမည်ဆိုးဖြင့် သေရွာသို့ လားကြကုန်၏။ ထိုသို့ သေပုံသေနည်း မတူညီကြသည့်အလျောက် သေပြီးသည့်နောက် ကျန်ရစ်ခဲ့သည့် ကိစ္စရပ်များတွင်လည်း ကျန် ရစ်ပုံ ကျန်ရစ်နည်း အမျိုးမျိုး ကွဲပြားခြားနားသွားကြသည်ပင် ဖြစ်ပါသည်။
ရောက်သည်နှင့် ကျနော်တို့ကို ဧည့်ဝတ်ကျေပွန်ကြသော ဖျာပုံမြို့ခံများ၏ ကြိုဆိုဧည့်ခံမှုများမှာ အထူးပင် အားနာစရာကောင်းလှတော့၏။ သူတို့အနေနှင့် ဤမျှ ဧည့်ဝတ်ကျေပွန်ကြသည်မှာ သူတို့မြို့သားဖြစ်သော ဆရာဇော်ဂျီ၏ မျက်နှာကြောင့်က အဓိကဖြစ်မည်ထင်ပါသည်။ သို့မဟုတ်ပါက ကျနော်တို့ကို ဤမျှအထိ ဧည့် ၀တ်ကျေစရာ အကြောင်းမရှိဟု မြင်မိပါသည်။ ဖျာပုံမြို့သူမြို့သားများအနေဖြင့် ဆရာဇော်ဂျီ၏ မျက်နှာအား ဤမျှထောက်ထားကြသည့်အကြောင်းမှာ ဆရာဇော်ဂျီသည် ဖျာပုံမြို့၏ ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီး ဖြစ်သည်သာ မက မြန်မာတမျိုးသားလုံး၏ ဂုဏ်ဆောင် အမျိုးသားစာဆိုကြီးလည်း ဖြစ်သောကြောင့်ဟု ထင်မိပါသည်။
ထို့အတွက်ကြောင့်လည်း ဆရာဇော်ဂျီ ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အထိမ်းအမှတ် တသဂါရ၀ပြုပွဲကို ကြီး ကျယ်ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်အောင် သူတို့ ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းခဲ့ကြခြင်း ဖြစ်ပေမည်။ ထို့ အတွက် မမေ့အပ်သောသူကို မမေ့တတ်သော ဖျာပုံမြို့သူမြို့သားများအား အထူးပင် ချီးကျူးဂုဏ်ပြုလိုက်ရပါ သည်။
အခမ်းအနား စီစဉ်ကျင်းပပုံမှာလည်း အလွန်ပင် ခန့်ညားလှပပြီး ဆရာဇော်ဂျီအား တက်ရောက်ဂါရ၀ပြုကြ သော ဖျာပုံမြို့သူမြို့သား ပရိသတ်များကလည်း သီရိအဏ္ဏ၀ါခန်းမတခုလုံး အပြည့်အလျှံပင်ဖြစ်သည်။ ‘သေ သောသူ ကြာလျှင်မေ့’ ဟူသော ဆိုရိုးစကား ရှိသော်ငြားလည်း ဆရာဇော်ဂျီအား မမေ့နိုင်ကြသည်မှာကား စဉ်း စားဖွယ်ရာပင် ဖြစ်ပေသည်။
သြော် ... လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။
ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅ - အမှတ် ၁၊ ဒီဇင်ဘာလ - ၁၉၃၅ ခုနှစ်)
လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
တာဝန်ခံအယ်ဒီတာ
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း
(နိုဝင်ဘာလ၊ ၂၀၀၀ ပြည့်နှစ်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:52 PM
0
comments
Labels: မြားနတ်မောင်
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၇-၂၀၁၀)
- ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှား click
- စိစစ်ရေးသစ်လက်စွမ်း မဂ္ဂဇင်းထုတ်စရာ စာမကျန် click
- ကျောင်းသားနဲ့ အစိုးရ ရန်သူလား (ဆွေးနွေးဖလှယ်) click
- မစ်ရှီဂန်မှ ပေးသောစာ (၁၂) (အသံလွှင့်ဆောင်းပါး) click
- အာရှနိုင်ငံရေး အပြောင်းအလဲနဲ့ မြန်မာ့အရေး (ဒီမိုကရေစီရေးရာ) click
- အေးသူစံရဲ့ အမေး - နာမည်ကျော်များ အဖြေနဲ့ ထက်ထက်မိုးဦးရဲ့ တုံ့ပြန်မှု နှိုင်းယှဉ်ခံရ click
- အမေရိကန် လွတ်လပ်ရေးနေ့ နိုင်ငံတ၀န်း ကျင်းပ click
- ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ် ရာထူးသစ် စတင်လက်ခံ click
- ပိုလန်ရွေးကောက်ပွဲ ယာယီသမ္မတနဲ့ စိန်ခေါ်သူ အကြိတ်အနယ် click
- ပိုလန်ရွေးကောက်ပွဲ ယာယီသမ္မတ အသာစီးရ click
- ပိုလန်ရွေးကောက်ပွဲမှာ Komorowski ပွတ်ကာသီကာ အနိုင်ရ click
- ပိုလန် ဒီမိုကရေစီ ထိပ်သီး အစည်းအဝေး click
- အာဂျင်တီးနား ရှုံးနိမ့်၊ မာရာဒိုနာ နုတ်ထွက်နိုင် click
- ကမ္ဘာ့ဖလား ဆီမီးပွဲစဉ်တွေ click
- အသျှင်ဥက္ကံသ ထောင်ဆေးရုံတင်ထားရ click
- အကျဉ်းကျနေသည့် အဖွဲ့ချုပ်ဝင်တဦး ကျန်းမာရေးမကောင်း click
- ဓားပြများကို နှိမ်နှင်းရန် အထူးရဲတပ်ဖွဲ့များကို နယ်စပ်သို့ စေလွှတ်ပြီ click
- ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးနှင့်အဖွဲ့ တရုတ်ပြည် ခရီးထွက် click
- ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူ့အဖွဲ့အစည်း အခမ်းအနားတွင် မြန်မာ့အရေး ဆွေးနွေး click
- အန်ဒီအက်ဖ်ပါတီ ခမောက်တံဆိပ်သုံးစွဲခြင်းကို ကန့်ကွက်စာတင်မည် click
- ရခိုင်ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲဟု ကုလသမဂ္ဂက ထုတ်ပြန် click
- ငါးထောင်ကျပ်တန်အား အသုံးပြုရာတွင် အခက်အခဲများ ရှိနေ click
- မော်တော်ဆိုင်ကယ် မိတ်အင် ပခုက္ကူ click
- အလှခတ် ခြင်းအသင်းပေါင်း (၁၅၀၀) ခန့် မန္တလေးခြင်းပွဲတော်တွင် အစွမ်းပြနေ click
- လူငယ်များနှင့် အန်ဂျီအိုယဉ်ကျေးမှု click
- ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်စက် တည်ဆောက် click
- ဂျာမနီ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်တော့မည်လော click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:59 PM
0
comments
Labels: သတင်း
သူရိန်လင်း ပေးတဲ့ ၀တ္ထု
ကမာပုလဲ
ဒီဝတ္ထုအကြောင်းကို မပြောခင် ကိုသီလနဲ့ သူ့ကျောင်းသား ဘော်ဒါဆောင်အကြောင်းကို နည်းနည်းမိတ်ဆက် ပေးချင်တယ်။ ဆိုပါတော့ ကိုသီလဆိုတာက သူတပါးနိုင်ငံ နယ်စပ်မြို့ကလေးတမြို့က တရားမ၀င် ကျောင်း ဆရာလေးတယောက်ဖြစ်တယ်။ အလယ်တန်းကို အင်္ဂလိပ်စာပြပေးတယ်။ သူ့ကျောင်းက ကလေးတွေက လည်း သူ့လိုပဲ ဗမာပြည်ကနေ တရားမ၀င် ရောက်လာတဲ့ အလုပ်သမားမိဘတွေရဲ့ သားသမီးလေးတွေဖြစ် တယ်။ အဲ အဲဒီလို ကိုသီလ အလယ်တန်းကို အင်္ဂလိပ်စာပြနေရင်းက ကလေးတွေ နေထိုင်တဲ့ ဘော်ဒါဆောင် ကို အုပ်ချုပ်တာဝန်ယူဖို့ တာဝန်ပေးခြင်းခံခဲ့ရတယ်ပေါ့။ ဒီလိုနဲ့ ကိုသီလဟာ ကျောင်းဆရာလည်းလုပ် အ ဆောင်မှူး အဖြစ်လည်း တာဝန်ယူခဲ့ရတယ်ပေါ့ဗျာ။
ကိုသီလရဲ့ အဆောင်မှာ ကျောင်းသားစုစုပေါင်း နှစ်ဆယ်ကျော်ရှိတယ်။ ဆယ်တန်းအောင် အဆင့်ကနေ တ တန်း၊ သူငယ်တန်းအထိပေါ့။ အားလုံးက ယောက်ကျားကလေးတွေချည်းပဲ။ လူမျိုးကလည်း စုံတယ်။ ကိုး ကွယ်တဲ့ ဘာသာကလည်း ဗုဒ္ဓ၊ ခရစ်ယာန်၊ မူဆလင် စုံတယ်။ ထူးခြားပေမယ့် မဆန်းတာက ကလေးတွေအား လုံးဟာ ဘ၀အခြေအနေ မပြည့်စုံလို့ အားလုံးဟာ အနည်းနဲ့အများ စိတ်အနာလေးတွေ ကိုယ်စီရှိနေကြတယ် ဆိုတာပါပဲ။ ကိုသီလ ကိုယ်တိုင်က ဘ၀အနာကြီးခဲ့တော့ သူကိုယ်တိုင်လည်း စိတ်အနာနဲ့ ကင်းသူ မဟုတ်နိုင် ခဲ့ဘူးလေ။
ကိုသီလနဲ့ သူ့ကလေးတွေကြားမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နှစ်ဘက်လက်ခံထားရတဲ့ အခြေ အနေတခုက ဖြစ်တည်ခိုင်မာနေခဲ့တယ်။ ကလေးတွေအတွက် ကိုသီလဟာ ဆရာတယောက်ဖြစ်သလို၊ အဖေ လည်းသူ၊ အမေလည်းသူပဲဖြစ်နေရတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသဖြင့် နေ့တဓူဝ ကလေးတွေရဲ့ ကိစ္စအ၀၀ကို ကိုသီလက အာမခံ ဖြေရှင်းပေးရတယ်။ စည်းကမ်းတကျဖြစ်ဖို့နဲ့ က လေးတွေ စိတ်ဖိစီးမှုမဖြစ်အောင် ကိုသီလခမျာ အချိန်ပြည့် တာဝန်ရှိလာတော့တယ်။
ပထမတော့ အဆောင်မှူး အတွေ့အကြုံမရှိတဲ့ ကိုသီလ အတော့်ကို ကျွတ်နေပါတော့တယ်။ ဘယ်လိုကိုင် တွယ်ရမှန်းမသိဖြစ်ရတယ်။ ငါ ဆရာ၊ ငါ အဆောင်မှူးပဲဆိုပြီး အာဏာရှင်မဆန်ရအောင် ကြိုးစားရသလို၊ က လေးတွေအလိုကို စည်းမဲ့ကမ်းမဲ့ အလိုလိုက်ရင်း မင်းမဲ့စရိုက်တွေ ပေါ်မလာ၊ ဖြစ်မလာအောင်လည်း စဉ်းစား ကြံဆ ကိုင်တွယ်ဖို့ကြိုးစားရတယ်။ ကျောင်းသားကလေးသူငယ်တွေရဲ့ အဆောင်မှူး ကိုသီလဟာ အဆောင် ကို အုပ်ချုပ်ခြင်းအနုပညာရဲ့ အချိန်နဲ့အမျှ စိန်ခေါ်ခြင်းကို ခံရတော့တယ်။ တချို့ပြဿနာတွေက မဟော်သဓာ တောင် ခြာခြာလည်သွားနိုင်တဲ့ ပြဿနာမျိုးတွေနဲ့ ကိုသီလ ရင်ဆိုင်ဖြေရှင်းနေရတယ်ပေါ့ဗျာ။
သြော် … ပြောရဦးမယ်။ အထက်မှာ ဆိုခဲ့သလို ကိုသီလတို့ရဲ့ ကျောင်းသား ဘော်ဒါဆောင်ကလေးဟာ တ ဘက်နိုင်ငံ နယ်စပ်မြို့ကလေးမှာ တရားမ၀င် ငှားရမ်းရပ်တည်နေရတာဖြစ်တယ်။ ရဲကြောက်ရ၊ ဘာကြောက်ရ နဲ့ ရင်တထိတ်ထိတ် ဗိုင်းကောင်းကျောက်ဖိနေရတဲ့ အဆောင်ကလေးဆိုလည်း မမှားဘူးပေါ့ဗျာ။ ဘေးချင်း ကပ် အိမ်တွေကလည်း သူတို့နိုင်ငံ၊ သူတို့လူမျိုးစရိုက်အရ နားအေး၊ ပါးအေး နေချင်ကြသူတွေ။ ကလေးတွေ ဆော့ရင်၊ ဆော့တဲ့အလျောက် အသံတွေ ထွက်လာတယ်။ ရယ်ရင်လည်းရယ်လို့၊ ငိုရင်လည်းငိုလို့ အသံက လေးများ နည်းနည်းထွက်မလာနဲ့ သူတို့က ရဲကို လှမ်းတိုင်တော့တာပဲ။ ကုန်ကုန်ပြောရရင် စာသင်လို့ အသံ ထွက်ရင်တောင် ရဲအတိုင်ခံရတယ်။
အဲဒီတော့ ကိုသီလနဲ့ သူ့ကလေးတွေ အချိန်နဲ့အမျှ ဘယ်လောက်ညစ်ရှာမလဲ။ စဉ်းစားသာကြည့်တော့။ ဒါပေ မယ့် ညစ်တာက ညစ်တာ၊ ဘ၀က ဘ၀ပဲ။ လက်တွေ့ဘ၀ကနေ ကိုသီလနဲ့ သူ့ကျောင်းသားတွေ ထွက်ပြေးလို့ မရဘူး။ ရင်ဆိုင်ဖြေရှင်းရမှာပဲလေ။ ဒီတော့ ဘ၀က အသိကို ပြဌာန်းတယ်ဆိုတဲ့ စကားအတိုင်း လက်တွေ့ဘ၀ ထဲကနေ ကိုသီလ နည်းလမ်းတွေ ရှာတယ်။ ရတယ်။ ဆိုလိုတာက ကိုသီလက စည်းကမ်းတွေကို သူ့ဆီက သွားတာမဟုတ်ဘဲ၊ ကလေးတွေနဲ့ အခြေအနေ အရပ်ရပ်ကို နားလည်အောင်၊ ကျေလည်အောင် ဆွေးနွေးပြီး ကလေးတွေကိုယ်တိုင်က ဒီစည်း ဒီကမ်းကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်။ ကျနော်တို့အားလုံး တက်ကြွစွာ လိုက်နာကြမယ်ဆိုပြီး စည်းကမ်းကို အတည်ပြုကြတယ်။ နောက် ကိုသီလက ဆယ်တန်းအောင် ကျောင်းသား ကြီးတွေကို သူနဲ့ထပ်တူ ကလေးတွေကို စာနာ၊ နားလည် ၀ိုင်းရံအုပ်ထိန်းပေးဖို့ စည်းရုံးတာဝန်ပေးတယ်။ ကျောင်းသားကြီးတွေကလည်း လိုလိုလားလား လက်ခံတယ်။ ကလေးတွေကို ကိုယ့်ညီရင်းနဲ့မခြား သံယော ဇဉ်ထား ဆက်ဆံထိန်ကျောင်းပေးတယ်။ ဒီတော့ ကိုသီလခမျာ မနည်း အသက်ရှုချောင်သွားတာပေါ့။ အလွန် အကျွံတွေ မဖြစ်ဖို့ဘဲ ကိုသီလက လိုက်ထိန်းပေးရတယ်။
ထားပါလေ။ ပြောချင်တဲ့ လိုရင်းအကြောင်းကို ဆက်ပါမယ်။ သူရိန်လင်းဆိုတဲ့ ကလေးက ကိုသီလကို ပေး လိုက်တဲ့ ၀တ္ထုကလေးအကြောင်း ဆက်ရအောင်ပါ။ သူရိန်လင်းဆိုတာက ကိုးနှစ်သား နှစ်တန်းကျောင်းသား ကလေးပါ။ သူတို့မှာ ညီအကိုသုံးယောက်ရှိတယ်။ အကြီးဆုံးက အောင်ပိုင်ဖြစ်ပြီး သူက ရှစ်တန်းကျောင်းသား၊ အလတ်က နန္ဒဖြစ်ပြီး သူက ငါးတန်းကျောင်းသား ဖြစ်တယ်။ သူတို့ ညီအကိုသုံးယောက်စလုံး ကိုသီလရဲ့ အ ဆောင်နေ ကျောင်းသားတွေဖြစ်ကြတယ်။ သူတို့ညီအကိုသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ သူရိန်လင်းက အအေးဆုံး၊ အတွေးဆုံး၊ အငြိမ်ဆုံး ကလေးဖြစ်နေတယ်။ ဘယ်သူနဲ့မှ ပြဿနာမတက်အောင်လည်းနေတယ်။ ညနေ လေးနာရီထိုးလို့ ကလေးတွေကို ဆော့ချိန်ပေးရင်လည်း သူက သူများကလေးတွေ ဆော့တာကို ဘေး ကနေကြည့်ပြီး သူ့ရဲ့ဆော့ချင်တဲ့ အာလျကို ဖြေဖျောက်နိုင်စွမ်းသူဖြစ်တယ်။ အဲ သူတို့ညီအကို သုံးယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေဖြစ်တာမို့ တနင်္ဂနွေနေ့ကျရင် ဘုရားကျောင်းက လာခေါ်တဲ့ ကားနဲ့ အ ပတ်စဉ် ဘုရားသွားရှိခိုးကြတယ်။ အဲဒီလို ဘုရားကျောင်းတက်တဲ့နေရာမှာ အကိုနှစ်ယောက်က ပျက်ကွက် တာရှိပြီး သူရိန်လင်း ဘုရားကျောင်းတက်ပျက်တာ မတွေ့ရလောက်အောင်ကို ရှားတယ်။
ကိုသီလက သူ့ကျောင်းသားတွေ အပြစ်၊ အမှားလုပ်မိရင် လုပ်တဲ့ကျောင်းသားကို သူ့မှာ အပြစ်ရှိမရှိ မေးတယ်။ မေးလို့ ကလေးက သူ အပြစ်လုပ်တဲ့အကြောင်း ၀န်ခံရင် အပြစ်ကို ကြေအောင် သား ဘာလုပ်မလဲ မေးတယ်။ ရေခပ်မယ်၊ အမှိုက်လှည်းမယ်ပေါ့ဗျာ။ ကလေးကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံတဲ့ အလုပ်ကို အပြစ်အ တွက် လုပ်စေတယ်။ ပေါ့ပေါ့ပါးပါး ရှိသလို၊ တာဝန်ယူစိတ်လည်းရှိ၊ လေးနက်မှုလည်း ရှိရအောင်ပေါ့လေ။ အဲဒီ နည်းနာက ကိုသီလအတွက် အတော့ကို အဆင်ပြေတယ်။ ကလေးတွေအတွက်လည်း ကောင်းတယ်ပေါ့။
တနေ့ သူရိန်လင်း အပြစ်တခုလုပ်တယ်။ ရှားရှားပါးပါး သူရိန်လင်း အပြစ်တခုလုပ်တယ်ပေါ့။ ကိုသီလရဲ့ ရှေ့ မှာကို သူရိန်လင်း အပြစ်တခု လုပ်လိုက်တာ။ ဖြစ်ပုံက ဒီလို…..
အက်နေတဲ့ ပုလင်းကလေးတလုံးကို သူရိန်လင်း ကောက်ရလာတယ်။ ဒါကို အုတ်ခင်းထားတဲ့ မြေကြမ်းပြင် ပေါ် လွှတ်ချလိုက်တယ်။ ကွဲသွားတဲ့ ပုလင်းကွဲအစတွေကို တခုချင်း အမြန်ပြန်ကောက်တယ်။ ဒါကို ကိုသီလ က ကြည့်နေတယ်။ ကိုသီလက သူရိန်လင်းကို ဖြေးဖြေးကောက်ဖို့ ပြောတယ်။ လက်ရှမယ်လို့လည်း သတိပေး တယ်။ ပုလင်းကွဲလေးတွေကို အမှိုက်ပုံးထဲ စင်အောင် ကောက်ထည့်ပြီးတဲ့နောက် ကိုသီလက သူရိန်လင်း လေးကို ခေါ်လိုက်တယ်။ ကိုသီလနဲ့ သူရိန်လင်း ပုလင်းကွဲမှုအပေါ်မှာ အကြောင်းအကျိုးနဲ့ ဒိုင်ယာလော့ခ် ကြတယ်ပေါ့ဗျာ။ သူရိန်လင်းက ၀န်ခံပါတယ်။ သူ့မှာ အပြစ်ရှိတယ်။ သူ့အပြစ်အတွက် အလုပ်အကြွေး ပြုမယ် ပေါ့။ ဘာလုပ်မလဲ သားလို့ ကိုသီလက မေးတော့ သူ ညနေဘက်မှာ အမှိုက်လှည်း ပါမယ်တဲ့။ အိုကေ … ကို သီလနဲ့ သူရိန်လင်းတို့ ဂျင်းတဲလ်မင်း အဂရီးမင့် ရသွားပြီပေါ့။
တရက်၊ နှစ်ရက်လောက် ကြာတဲ့အထိ သူရိန်လင်း အမှိုက်မလှည်းဖြစ်သေးဘူး။ အလှည့်ကျ ကျောင်းသား တွေက ရှေ့ကလှည်းသွားလို့ သူရိန်လင်းအတွက် လှည်းစရာ အမှိုက်မရှိဘူး ဖြစ်နေတယ်။ ကိုသီလလည်း သူ ရိန်လင်း အမှိုက်လှည်းရမယ့် ကိစ္စကို မေ့သွားတယ်။ ထားလိုက်ပေါ့ နော်။ ကိုသီလ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။ အဲ မထားလိုက်တာက သူရိန်လင်း …
တရက်မှာ ကိုသီလက ကလေးတွေကို ပုံမှန်ဆော့နေကျအတိုင်း ညနေလေးနာရီမှာ ဆော့ခွင့်ပေးလိုက်တယ်။ အဆောင်နဲ့ မနီးမဝေးက ဘောက်ကွင်းမှာ သွားဆော့ကြမယ်ပေါ့။ ကိုသီလ ခွင့်ပြုလိုက်တယ်။ သွားဆော့ကြ ပေါ့။ ဒါနဲ့ ကလေးတွေအားလုံး ဘောက်ကွင်းကို ချီတက်သွားကြတယ်။ ကိုသီလလည်း အဆောင်အောက်ကို ဆင်းလာခဲ့တယ်။ အဲဒီအချိန်မှာ ဘောက်ကွင်းကို လိုက်မသွားတဲ့ တယောက်တည်းသော ကျောင်းသားက လေးက အဆောင်ဝန်းထဲမှာ ကျနေတဲ့ ညောင်ရွက်ဝါ အမှိုက်ခြောက်တွေကို တံမြက်စည်းနဲ့ လှည်းနေတာကို ကိုသီလ တွေ့လိုက်ရတယ်။ ဘယ်သူရှိဦးမလဲ။ သူရိန်လင်းပေါ့ ….။
“သား သွားမဆော့ဘူးလား”
“ဟင့်အင်း သား အပြစ်အတွက် ပြီးအောင် လှည်းလိုက်ဦးမယ်၊ ပြီးမှ သွားဆော့မယ်လေ”
ဒါပါပဲ။ သူ့အပြစ်ကို တာဝန်ယူစိတ်ရှိရှိနဲ့ အလေးအနက်ထား ဆောင်ရွက်တတ်တဲ့ သူရိန်လင်း ဆိုတဲ့ ကိုးနှစ်အ ရွယ် နှစ်တန်းကျောင်းသားလေးဟာ ကိုသီလရဲ့ တရားမ၀င် ဘော်ဒါဆောင်ကလေးမှာ မိဘတွေနဲ့ ခွဲခွာနေ ထိုင်ရင်း ပညာရှာမှီးနေပါတယ်။
ကမာပုလဲ
၀၃၊ ၀၇၊ ၂၀၁၀
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:07 AM
0
comments
Labels: အက်ဆေး/၀တ္ထုတို
ဝက်လက်မြို့က အခြေခံလူတန်းစားများရဲ့ ရင်ဖွင့်သံ (ပေးစာ)
လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဥပဒေအထက်မှာ မည်သူမျှမရှိစေရလို့ ဗိုလ်ချုပ်ကြီးများ မိန့်ကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နဲ့ အနီးပတ်ဝန်းကျင် အခြေခံလူတန်းစားများရဲ့ အခက်အခဲတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ မတရားမှုများကို ဖော်ပြစေချင်လို့ ဒီစာကို ရေးလိုက်ရပါတယ်။
စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဥပဒေကို လက်တလုံးခြားလုပ်မှုများကတော့ ဥပဒေကို တတ်သိနားလည်တဲ့ ဥပဒေ၀န်ထမ်း ဦးစိုင်းနန္ဒနဲ့ တရားသူကြီး ဦးရေချမ်းတို့ ဖြစ်နေပါတယ်။ ထိုသူနှစ်ဦးမှာ ၀က်လက်မြို့ သံလမ်းကူး ဘေးဝဲယာက အများပြည်သူ သွားလာတဲ့ လမ်းပေါ် ဆိုင်တွေ ဆောက်လုပ်ပြီး လမ်း သွားလမ်းလာ ပြည်သူများ အထူးသဖြင့် ကျောင်းသားကျောင်းသူများ သွားလာတဲ့ လမ်းမပေါ်ကို ကျူးကျော် ဆောက်လုပ်ထားပါတယ်။ ကျောင်းသား/သူများနဲ့ ပြည်သူများ စက်ဘီး၊ ဆိုင်ကယ်များ၊ ခြေလျင်သွားသူများ အတွက် အန္တရာယ်ရှိနေလို့ သက်ဆိုင်ရာ လူကြီးများကို သိအောင်ပြောချင်တာပါ။
အဲဒါအပြင် ဈေးပတ်ပတ်လည်မှာ ဖြူနီကျား ဘလောက်တုံးများ ချထားခြင်း၊ လက်ဖက်ရည်ဆိုင်များ လမ်းမ ပေါ်ကို အပြိုင်အဆိုင် ကျူးကျော်ရောင်းချခြင်းများကြောင့် လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက် ရော အန္တရာယ်ပါရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ်လူကြီးများကို အသိပေးတိုင်ကြားပေမယ့် ၄င်းဆိုင်များမှာ ဘာမှ အရေးယူခံရခြင်းမရှိဘဲ အရင်းအနှီး နည်းပါးတဲ့ နေ့စဉ် ၀မ်းတစ်ထွာအတွက် ခက်ခက်ခဲခဲ ရှာဖွေစား သောက်နေရတဲ့ လမ်းဘေးအကြော်ဆိုင်လေးများ၊ မုန့်ပျားသလက်ဆိုင်၊ ကွမ်းယာဆိုင်များကိုသာ အရေးယူ ဖယ်ရှားပါတယ်။ သစ်ဝါးအကာများဖြင့် စည်းလွတ်ဝါးလွတ် ကျူးကျော်ဆောက်လုပ်ထားတဲ့ ဆိုင်များကို လျစ် လျူရှုထားတာက ဥပဒေအရ ခွဲခြားဘက်လိုက်သလို ဖြစ်နေလို့ အဓိက ကျူးကျော်သူများကို အရေးယူစေချင် ပါတယ်။
ဝက်လက်မြို့နဲ့ ပတ်ဝန်းကျင်က လယ်သမားတွေလည်း လယ်ရေမရတဲ့အတွက် ဒုက္ခရောက်နေကြရပါတယ်။ ၀က်လက်မြို့နယ်ဟာ အထက်မြန်မာပြည်ရဲ့ စပါးကျီဖြစ်တဲ့ ရွှေဘိုဒေသရဲ့ စပါးအထွက်ကောင်းတဲ့ နယ်မြေ ဒေသဖြစ်ပါတယ်။ အရင်က ကာဘိုးဆည်ရေကို အပြည့်အ၀ရရှိခဲ့လို့ စပါးအထွက်ကောင်းခဲ့ပေမယ့် သဖန်းဆိပ် ဆည် တည်ဆောက်ပြီးနောက် ရေပိုမိုလုံလောက်ရမယ့်အစား လယ်ရေမရရှိလို့ တောင်သူတွေ ဒုက္ခရောက်ကြ ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဆည်မြောင်းဦးစီးဌာနမှ လာဘ်ငွေယူကာ စည်းကမ်းမဲ့ ရေဟန့်တားခြင်းများ ကို ခွင့်ပြုနေတာတွေကြောင့်ပါ။ ၀က်လက်မြို့နယ်ရဲ့ အဓိက လယ်ရေပေးဝေတဲ့ မုဆိုးခြုံ မြောင်းမကြီးတ လျှောက် ရေပြွန်ပိုများ တပ်ဆင်ထားခြင်း၊ ရေဟန့်တားယူခြင်းများကို အောက်ပါနေရာများမှာ ဆည်မြောင်း စည်းကမ်းများနဲ့ မကိုက်ဘဲလုပ်ထားတာ အများကြီးရှိနေလို့ပါ။
အဓိကနေရာများကတော့ ...
- ဖွင့်လှိုင်းရွာ တောင်ဘက်ထိပ် အရှေ့ဘက်ခြမ်း
- ကျီးပင်ကန် လှည်းလမ်းကူးတံတား
- ကော်တုံရွာထိပ်ပြွန်ပိုများ
- သခွတ္တောနဲ့ ဖက်သန်းကြီးရွာသွား တံတားတောင်ဘက်
... စသည်ဖြင့် မြောင်းမကြီးတလျှောက် ဥပဒေနဲ့ မညီညွတ်တဲ့ ရေဟန့်တားခြင်း၊ ပြွန်ပိုများတပ်ခြင်းကို ဆည် မြောင်းဌာနမှ လာဘ်ငွေယူပြုလုပ်နေကြသဖြင့် ၀က်လက်မြို့နယ် ညောင်ပင်သာရွာ၊ လိမ်ပင်ရွာ၊ မင်းစုရွာ၊ သ ခွတ္တောရွာတောင်ပိုင်းနဲ့ ၀က်လက်မြို့ ပတ်ဝန်းကျင် လယ်ဧက တသောင်းကျော်ခန့်ရှိတဲ့ တောင်သူများ စိုက် ပျိုးရေခက်ခဲလျက် အချိန်မီ မစိုက်ပျိုးနိုင်ဘဲဖြစ်နေကြရပါတယ်။ စိုက်ပျိုးရေမဆိုထားနဲ့ ဘုရားကျောင်းကန်များ ပင် သောက်သုံးရေ ရှားပါးခြင်းများဖြစ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ စပါးစိုက်မြေများ ရေမရတဲ့အတွက် ယာ သီးနှံများ စိုက်လာရပါတယ်။ ရေကို စည်းကမ်းရှိရှိ မျှတစွာ သွယ်ယူခြင်းမရှိဘဲ ဥပဒေချိုးဖောက်ပြုလုပ်နေလို့ အောက်ပိုင်းကျတဲ့ တောင်သူလယ်သမားများစွာ ခက်ခဲဒုက္ခရောက်ရတယ်ဆိုတာ ဥပဒေအထက်မှာ မရှိဘူး ဆိုတဲ့ လူကြီးများသိအောင် တင်ပြပေးစေချင်ပါတယ်။
မြင့်ထူးအောင်
ဝက်လက်မြို့
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:18 AM
0
comments
Labels: ပေးစာ
Saturday, July 3, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၇-၂၀၁၀)
- ကမ္ဘာ့ဒီမိုကရေစီညီလာခံတက်သူကို ပြည်တွင်း NLD ကန့်ကွက် click
- ကေအဲန်ယူ အခြေခံစစ်သင်တန်း အောင်မြင်စွာ ပြီးဆုံး click
- အကျဉ်းကျ မွန် ဦးဇင်း ကျန်းမာရေးအခြေအနေဆိုး click
- အမှတ်တရ မြို့မ (အသံလွှင့်ဆောင်းပါး) click
- ကမ္ဘာ့ဖလားဗိုင်းရပ်စ် ကိုက်နေသူများ (ဆောင်းပါး) click
- နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလှုပ်ရှားမှု သတင်းမှတ်စု click
- အမေရိကန်နဲ့ပိုလန် ဒုံးပျံကာကွယ်ရေး လက်မှတ်ထိုး click
- ဂျာမနီ အကြိုဗိုလ်လုပွဲ တက်သွားပြီ click
- အာဂျင်တီးနား ရှုံးပွဲကြီးနဲ့ ထွက် click
- အာဂျင်တီးနားကို လေးဂိုးပြတ်နဲ့ နိုင်သွားတဲ့ ဂျာမဏီ click
- ဂျာမနီနဲ့စပိန်၊ နယ်သာလန်နဲ့ဥရုဂွေး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက် click
- ဆမ်းဘား ကချေသည်တွေ ငိုင်ခဲ့ရတဲ့ ပွဲသိမ်းခရာသံ click
- နည်းပြကြောင့် ဘရာဇီး ရှုံးတာလား click
- အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုခွင့်မရ click
- သဲကုန်းဆရာတော် ဦးဉာဏိသရထံ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ဂုဏ်ပြုမှတ်တမ်းလွှာ click
- ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် တွေ့ဆုံ click
- အမျိုးသားဒီမိုကရေစီအင်အားစု(အန်ဒီအက်ဖ်)က ခမောက်ပြဿနာ ဖြေရှင်း click
- ဧရာဝတီမဂ္ဂဇင်း ရုပ်/သံကဏ္ဍက တင်ဆက်တဲ့ အောင်ဇော်ရဲ့ အယ်ဒီတာ့စကား (ရုပ်သံ) click
- RFA က ဧရာဝတီစကားဝိုင်း (ဇူလိုင် ၁၊ ၂၀၁၀) click
- ခလုတ်ကန်သင်းများတဲ့ ရွေးကောက်ပွဲ click
- အသစ်ပြောင်းလဲလာသည့် စာပေစိစစ်ရေးကြောင့် သတင်းဂျာနယ်များ အခက်တွေ့ click
- အမေရိကန်၊ စနစ်တကျဘိလပ်မြေ၊ ရွေးကောက်ပွဲအောင်မြင်ရေးဂျာနယ် click
- ရနောင်းမြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ရုံးသစ် ဖွင့် click
- မလေးရှားရောက် စားသောက်ဆိုင် အလုပ်သမား မြန်မာတဦး သေဆုံး click
- သောက်ရေပြတ်လပ်မှုကြောင့် ရေတွင်း၊ ရေကန် တူးဖော်မှု လုပ်နေရဆဲ click
- သဘာဝမျှခြေ ပျက်စီးမှုကြောင့် ကြွက်များ အစုလိုက် ပြောင်းရွှေ့ click
- နိုင်ငံတကာမော်ဒယ်ပြိုင်ပွဲ မြန်မာအမျိုးသမီး (၃) ဦး ပြိုင်မည် click
- သကြားတပန်းကန်၊ ဓာတ်ဗူးတလုံးနှင့် ဖြာတချပ် (ဆောင်းပါး) click
- စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့ အတိုင်းပဲ (ဆောင်းပါး) click
- ကြောက်ခမန်းလိလိ အခွန်ထိပုံက (ပေးစာ) click
- ဘရာဇီးတို့ အိပ်မက်ပျက်၊ ဥရုဂွေးတို့ ဆီမီးတက် click
- ဆီမီးဖိုင်နယ်ပွဲရောက်ဖို့ တေ့လွဲ လွဲသွားရတဲ့ ဂါနာ click
- အရူးထင်ရပေမယ့် ထူးတဲ့ မှော်ဆရာ မာရာဒိုနာ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:15 PM
0
comments
Labels: သတင်း



















