Sunday, July 13, 2008
အရိပ်ခြွေသစ်ပင် (ကဗျာ)
အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ
သစ်ရိပ်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေချပေးနေတယ်
သူခြွေချတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ရက်တွေပါတယ်
ပန်းသစ်ဝေေ၀ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေပါတယ်
ဘာဖြစ်လို့များ
သူက အရိပ်တွေ ခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ
ဆိုက်ကပ်ကပ်နေမိ
ငါ့မှာ
ထထ ပျံဝဲနေမိ
ငါ့မှာ
သီချင်းထထ အော်ဟစ်ဆိုမိ
ဘာဖြစ်လို့ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါသိချင်မိ
ထူးဆန်းလှရဲ့
ဒီအရိပ်ခြွေသစ်ပင်အကြောင်း
သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါစူးစမ်း
ငါမနေနိုင်တော့ဘူး
ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီသွားကာ
သွားကိုင်တွယ်ကြည့်မိ
ငါသိလိုက်ရပြီ
သူ့တကိုယ်လုံးမှာ
ကြီးပေါင်းတက် ဒဏ်ရာတွေချည်း နိုင်းချင်း
ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ
ဒဏ်ရာရ သစ်ပင်ပဲရှိ
သြော် …
ဒါကြောင့် သူက အရိပ်တွေ ခြွေပေးနိုင်တာကိုး ။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 3:40 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
1 comment:
Saya,thank u very much in deed for posting Maung Chaw Nwe poems...
Post a Comment