Monday, July 14, 2008
ရန်သူမဲ့သော နေ့ရက်များ (ကဗျာ)
မနက် မျက်နှာသစ်ဖို့ပြင်တိုင်း
သွားတိုက်တံပေါ်မှာ လွဲချော်မှုကို တွေ့ရ
မွှေးရနံ့တွေ ကြေကွဲ
ရာသီဥတုက ခြေပြတ်လက်ပြတ် အနေအထား
အရက်ဆိုင်မှာတောင် လူပါးသတဲ့
‘နွား’ ဆေးလိပ်တစ်လိပ်နဲ့ ခုခံထားရင်
ခံသာမယ် ထင်တယ်။
သွေ့ခြောက်ခြောက် သစ်ရိပ်စိမ်း … တဲ့
ဒါဟာ ပျက်ချော်မှုတစ်ခုပါ
မွတ်မွတ်သိပ်သိပ် ငြင်းဆန်ရဲ့
မြောက်မြားစွာ လမ်ချော်ပြီးခဲ့ပါပြီ။
တနင်္ဂနွေများ
အဖန်တလဲလဲ တနင်္ဂနွေများ
နာတာရှည် တနင်္ဂနွေများ
စေးနှဲသူသာ အစီးအနင်းများ
ညည်းညူသံများ
ရွှင်လန်းဝမ်းမြောက်ကြပါစေ။
ဒီလိုနဲ့
ကွန်းခို လွမ်းခဲ့
ကာလရေကြည်တစ်စက်မှာ
အသက်ရှူသံတွေ အငွေ့ပျံ
အသက်ခွက်ထဲ ဘ၀ကို ရေခံကြည့်သောအခါ
အသက်ရှင်ခွင့်ကလွဲပြီး
အားလုံး ဖိတ်စင်ကွဲရှခဲ့ပေပြီ။
ညီမလေး မမမြင့်ရေ …
* တို့နှလုံးသားတွေနဲ့သာ ထုဆစ်ခဲ့ကြတာပေါ့ကွယ်
(တို့နှလုံးသားတွေနဲ့သာ တို့ခေတ်ကို ထုဆစ်ခဲ့ကြတာပေါ့ကွယ်)
သေချာလွန်းတာက
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှုံးလွန်းလှတယ်ကွယ်။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 4:10 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment