တောင်းတာတော့တောင်း၊ တောင်းသလောက် ရချင်မှတော့ရမယ် ဆိုတဲ့သဘော NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို အနက်ဖွင့်ရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ ပေးရမယ့်သူတွေ၊ ပေးနိုင်သလောက် ပေးသင့်သလောက်ကို သူတို့ ဆုံးဖြတ်ပြီး ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးထွက်နေတယ်။
တိုင်းပြည်ပြသနာကို အဖြေရှာဖို့ ဦးစီးဦးဆောင်ပြုနေတဲ့ NRPC ဥက္ကဌက စပြီး စဉ်းစားပုံလွဲနေတယ်လို့ ပြောရတော့မှာပဲ။
တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို အဖြေရှာရာမှာ တိုင်းရင်းသားတွေက တောင်းရမယ့်သူတွေ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကလည်း ပေးရမယ့်သူတွေ၊ ပေးခွင့်ရှိသူတွေ မဟုတ်ပါဘူး။
ဘယ်လိုဘယ်ပုံ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှ အတူတကွ စုပေါင်းနေထိုင်ကြရင် အဆင်ပြေမလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေကိုသာ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေး အဖြေရှာကြရမှာဖြစ်ပါတယ်။
ဘယ်သူကမှ ဘယ်သူ့ကို ပေးစရာ မလိုသလို၊ ဘယ်သူကမှလည်း ဘယ်သူ့ဆီက တောင်းနေရမယ့်ကိစ္စ မဟုတ်ပါဘူး။
စဉ်းစားပုံလွဲနေတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ တပ်/ချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပဲဖြစ်ဖြစ် နေရာထိုင်ခင်း ယူပုံက အစ လွဲနေတော့တယ်။
တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တပ်/ချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဖြစ်စေ ထိပ်ဆုံးမှာ တယောက်တည်း မိန့်မိန့်ကြီးတွေ နေရာယူဖို့မသင့်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကို တန်းတူရည်တူ လေးစားသမှုနဲ့ ဆွေးနွေးတယ်ဆိုတဲ့သဘော ၀ိုင်းဖွဲ့ပြီးဖြစ်စေ၊ မျက်နှာချင်းဆိုင်အနေအထားနဲ့ဖြစ်စေ နေရာယူပြီး ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၀၈း၃၆ နာရီ
၇ မတ် ၂၀၁၇
Tuesday, March 7, 2017
စဉ်းစားပုံက စပြီး လွဲနေလေတော့ ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment