Friday, November 18, 2011

ပျင်းကြောဆွဲ စိတ်ကြီးဝင်နေသူ ကျွန်ုပ်နှင့် ဘာမဟုတ် ညာမဟုတ် စာတပုဒ်

ဒေါက်တာလွဏ်းဆွေ

ကျန်ခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် “တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာစေဖို့၊ ပိုပြီးအဓိပ္ပာယ်ရှိလာစေ ဖို့” ဟူသည့် ခေါင်းစီးနှင့် မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အကြံပြုဆောင်းပါးတပုဒ်ကို တွေးချင်ရာတွေး ရေးချင် ရာရေးထုတ်ကာ ဖတ်ချင်သူတွေ ဖတ်ကြပြီး ဆဲချင်သူတွေ ဆဲကြပေရော့ဟူသော စေတနာ မေတ္တာဗရပွနှင့် ဘလော့ဂ်ပေါ်တွင် တင်ဆက်ခဲ့ပြီးနောက် အကျွန်ုပ် ဒေါက်တာလွဏ်းဆွေသည် ကလောင်တိုကို ဘေးချကာ ဂယောင်လိုလို ဆွေးလျလျအထာနှင့် တေးအလှကဗျာတချို့ကို နားဆင်ခံစားလိုက်၊ မည်သို့မျှ တားဆီး၍ မရ နိုင်တော့လျှင် ရေအိမ်ထဲ ၀င်ပြေးပြီး အားပါးတရ သီကြွေးလိုက်၊ သူတပါး ရေးချင်ရာ ရေးသားထားသည်များ ကို အင်တာနက်ကွန်ရက်ကြီးထဲတွင် မွှေနှောက်ရှာဖွေကာ ဖတ်ချင်စိတ်ပေါ်လာသည့် စာတိုပေစဆိုလျှင် ကောက်မြည်းကြည့်လိုက် အစပ်အဟပ်တည့်လျှင် ဆက်ဖတ်ကြည့်လိုက်၊ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းနှင့် သူမသာ ကိုယ်အသုဘအလား ၀င်ငွေသောက်သောက်လဲရနေသည့် ဘလော့ဂ်အလုပ်ကြီးကို အရှိန်မပျက် ပုံမှန်လေးလုပ်လိုက်၊ အမေရိကန်မှ နာမည်ကြီး လက်ဝှေ့ပွဲသွင်းသူ ကန်ထရိုက်တာကြီး ဒွန်ကင်း အထာနှင့် တုတ်ကြီး(တာဝတိံသာ) တည်းဟူသော အောက်လိုင်းဘယ်သန် လက်ဝှေ့ကျော်ကလေးကို ပွဲသွင်း လိုက်၊ ထိုးချက်ပြင်းသဖြင့် အမေရိကန်သံရုံးအရာရှိတွေကပင် ဘာသာပြန်ခေါ်လာကာ စွပ်ထားသည့် လက် အိတ်ကို စိတ်ဝင်တစားချွတ်ကြည့်ရသည်ဟု လူပြောများနေသော အက်စစ်အမည်ရ မေ့လောက်မှတခါ ဆက် သွယ်လာတတ်သည့် ပေါ်တော်မူလက်ဝှေ့ကျော်ကို စင်ပေါ်သို့ တင်လိုက်၊ ဘယ်လိုထိုးထိုး အားပေးမှာပဲဟူ သည့် မျက်ကန်းလက်ဝှေ့ပရိသတ်များ မဟုတ်ဘဲ ချင့်ချင့်ချိန်ချိန် ပညာသားပါပါလေးထိုးမှ ကြည့်လိုသည်ဆို သည့် ပရိသတ်များအတွက် မောင်ချင့်ချိန်ဆိုသည့် အကျော်အမော်ကလေးကို ပ၀ါမကူ ရေမရှူကြေး ထိုးခိုင်း လိုက်၊ ဧည့်သည်တော်လက်ဝှေ့ကျော် ၀တုတ် ဆိုသည်ကို အခြားစင်မြင့်ပေါ်မှ အလိုက်ကန်းဆိုးမသိ အတင်း အဓမ္မ ဆွဲခေါ်လာပြီး မိမိ၏ စင်မြင့်ပေါ်တွင် လက်ဝှေ့ယိမ်းပြခိုင်းလိုက်၊ ဖိလစ်ပိုင်မှ လက်ဝှေ့ကျော် မန်နီပက် ကွီအိုအလား ခပ်သွက်သွက် ထိုးတတ်ဆုတ်တတ်သည့် အောင်မျိုးထွန်း တည်းဟူသော စမ်းချောင်းတ၀ိုက် ကြားပွဲများတွင် ကျင်လည်ကျက်စားပုံရသည့် လက်ဝှေ့အကျော်အမော်ကလေးကို ပွဲထုတ်လိုက်၊ အခြားခြား သော ဧည့်သည်တော် လက်ဝှေ့ကျော်ကြီးများဖြစ်ကြသည့် ဂါမဏိ၊ ဦးအေးဆောင်၊ ထွန်းအောင်ကျော်၊ စိန်သံ လုံး၊ ကိုအောင်မှိုင်း၊ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)၊ ကိုမိုးကောင်းတို့၏ အံ့မခန်း ထိုးသတ်ချက်များကို ပါးစပ်အဟောင်းသား ငေးမောကြည့်ရှုလိုက်နှင့် ဇိမ်ပြေနပြေ အပျင်းထူနေခဲ့ပါလေ၏။

ထိုသို့ မိမိကိုယ်တိုင် အဘယ်ကလို စာတိုပေစမျိုးကိုမှ ဆက်လက်ရေးထုတ်ခြင်းအမှု မပြုလုပ်ဘဲ အပျင်းထူ နေရခြင်းအကြောင်း ဘလော့ပရိသတ်ကြီးအား ကြေညာမောင်းခတ် ၀င့်ကြွားရမည်ဆိုလျှင် မကြာသေးမီ လ ပိုင်းအတွင်းက အင်တာနက်စာမျက်နှာပေါ်တွင် မေတ္တာရပ်ခံသံတချို့ ပျံ့လွင့်ခဲ့ခြင်းနှင့် အင်ဒါရိုက်လီး သက် ဆိုင်သည်ဟု ပြောရမလိုဖြစ်နေပေ၏။ ၀က်ဘ်ဆိုက်တခုတွင် ကျွန်းပြန် သတင်းစာဆရာကြီးတဦးက ကြံ့ဖွတ် သမ္မတဦးသိန်းစိန်နှင့် ပူးပေါင်းဆောင်ရွက်သမှုပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ အချိန် ပေးကြစေရန်အလို့ငှာ “ခဏကြီးမဟုတ် ခဏလေးပါ” ဟူ၍လည်းကောင်း၊ အနားသား ကျွန်းပြန်ကြီးတဦးက လည်း “ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ” ဟူ၍လည်းကောင်း မေတ္တာရပ်ခံသည့် ဆောင်းပါးများကို ဖတ်ရှုရသည့်အခါ ၆ နှစ်သားအရွယ် လူမမယ်ပေါက်စက သွေးလွန်တုပ်ကွေးနှင့် တခါ၊ ၃၂ နှစ်သားအရွယ် လူပျိုမသိုးတသိုးအချိန်က ငှက်ဖျားပိုး ဦးနှောက်ထဲဝင်၍ တခါ၊ သေရွာသို့ ရှေ့ကျွမ်းနှစ်ခါပြန်ကျခဲ့ဖူးသော် လည်း စွမ်းဝူခုန်းအလား နောက်ကျွမ်းပြန်ပစ်ကာ အနှီလူ့ပြည်သို့ ပြန်ရောက်လာနိုင်ခဲ့သည့် အကျွန်ုပ် ဒေါက် တာလွဏ်းဆွေက ထိုထိုသော ကျွန်းပြန်ဆရာကြီးနှစ်ဦး၏ မေတ္တာရပ်ခံမှုများသည် မိမိအား သွယ်ဝိုက်ပြော ကြားနေခြင်းပေပဲဟု တထစ်ချမှတ်ယူပြီးသကာလ စိတ်ကြီးဝင် သွေးနားထင်ရောက်ကာ ကျွန်းပြန်ဆရာကြီး များကိုလည်း လေးစားအားနာမိသည့်အလျောက် ကလောင်တိုကို ဘေးပစ်ချကာ ဂယောင်လိုလို အတွေးလှစ် ဟရင်း အခြားခြားသော လက်ဝှေ့ကျော်များကို မြှောက်ပင့်သွေးထိုး စင်ပေါ်တက်စေကာ အထက်တွင်ဆိုခဲ့ သည့်အတိုင်း ငပျင်းမူနှင့် အပျင်းထူနေခဲ့ခြင်းဖြစ်ပါလေ၏။

ပစ္စက္ခ မြန်မာ့နိုင်ငံရေးအခြေအနေကလည်း “မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ” “အကောင်းဆုံး ကို မျှော်လင့်၊ အဆိုးဆုံးကိုလည်း ပြင်ဆင်ထားကြ” စသည့် ရဲရဲတောက် အမှာစကားများ မြွက်ကြားခဲ့ဖူးလေ သော၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း သူမ၏နေအိမ်မှအပြန်တွင် ဘူးသီးကြီးလက်ဆောင်ပေးကာ အတိတ် စိမ်းပေးခဲ့ဖူးလေသော (မကြာမကြာလည်း အတိတ်စိမ်းပေးသလို နိုင်ငံရေးတရားများ မြွက်ကြားလေ့ရှိသော) ကျွန်ုပ်တို့၏ ဒီမိုကရေစီဒရိုင်ဗာကြီး ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံးအခေါက် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် သူမ၏ လက်ထဲ၌ ၂၃ နှစ်ကြာ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားဆဲဖြစ်သည့် ဒီမို ကရေစီတိုက်ပွဲဝင်စတီယာတိုင်ကြီးကို ဘာမပြောညာမပြောနှင့် ဆတ်ကနဲ ယူတန်း (U Turn) ကွေ့ချလိုက် သည်တွင် တော်လှန်ရေးကားနောက်ခန်း၌ တွဲလွဲခိုကာ စီးနင်းလိုက်ပါလာသော အကျွန်ုပ် ဒေါက်တာလွဏ်း ဆွေနှင့် ကျွန်ုပ်နည်းတူ ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော အင်အားစုများမှာ သူမ၏ ယူတန်းအကွေ့တွင် အူ ထမ်းပွေ့၍ အရေးပေါ်ဌာနသို့ မပြေးရစေရေးအတွက် ကိုင်မိကိုင်ရာ ဆွဲမိဆွဲရာများကို အလျင်အမြန် အပြန်အ လှန်ဖမ်းဆွဲကြ၊ သံစုံမြည်တွန်အော်ဟစ်ကြပြီးသကာလ ငိုက်မြည်းနေသော မျက်လုံးအစုံကို အတင်းပွတ်သပ် ဆွဲဖြဲလျက် လတ်တလော နိုင်ငံရေးဝင်္ကပါအတွင်း မျက်စိလည်လမ်းမမှားရလေအောင် အခြေအနေအရပ်ရပ် ကို ပြူးပြဲကာ ကြည့်ရှုနေရသည့် အခါသမယမျိုး ဖြစ်နေပေ၏။

ထိုသို့သော အခြေအနေအချိန်အခါတွင် အထက်ပါအတိုင်း အပျင်းထူနေမိသော ကျွန်ုပ်က အားအားနေ အင် တာနက်ကွန်ရက်ကို မွှေနှောက်ပျင်းကြောဆွဲရင်း သူတပါးရေးသည့် စာတိုပေစများကို တစိမ့်စိမ့်ဖတ်ရှုကာ ဇိမ်ယူနေမိလေ၏။ တရက်သားတွင် သင်္ချာဦးသာ၊ သရုပ်ဆောင် သက်သက်ဦးသာ၊ ကီးဘုတ်ဆရာ ဥက္ကာဦး သာတို့နှင့် ဆွေမျိုးတော်စပ်လေမည်လားဟု ထင်ရလောက်သည့် မြင်းရည်တက်ဦးသာ ဟူသော ကလောင် ရှင်တဦးက နိုင်ငံရေးဆောင်းပါးတပုဒ် နေ့သစ်အင်တာနက်ဘုတ်အုပ်ပေါ်တွင် ရေးထုတ်တင်ဆက်သည်ကို အကျွန်ုပ် ဖတ်ရှုရလေ၏။ လျှာလိပ်ခွာလိပ်လောက်အောင်ပင် အခေါ်ရခက်လွန်းလှသည့် အဆိုပါကလောင်ရှင် မြင်းရည်တက်ဦးသာက သူ၏ “သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်” ဟူသော ဆောင်းပါးထဲတွင် အောက်ဖော် ပြပါကဲ့သို့သော (ဆရာကြီး ဦးဝင်းတင် ပြောသလို ဖောက်ထွက်တွေးသည်လားဟု ယူဆစရာရှိသည့်) နိုင်ငံ ရေးထင်မြင်ချက်တခုကို ရေးပြထားလေ၏။

“အခုလည်း ဇော်ဇော် ဖိတ်တဲ့ ဘောလုံးပွဲ သွားကြည့်တယ်ဆိုပြီး မီဒီယာတွေမှာ ကျွက်ကျွက်ညံအောင် ဝေဖန် (ဆဲ) ကြပြန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်က တကယ့်အပြောင်းအလဲဖြစ်ဖို့ဆိုတာ ဗိုလ်သန်းရွှေ သဘောတူမှ ရမယ်ဆိုတာ ကောင်းကောင်းသိလို့ ဗိုလ်သန်းရွှေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဇော်ဇော်နဲ့ ဗိုလ်သန်းရွှေမြေး နေရွှေ သွေးအောင် (ဖိုးလပြည့်) တို့ဆီကတဆင့် ဗိုလ်သန်းရွှေဆီကို Good Will Message ပို့နေတာလို့ မယူဆကြ ဘူးလား” … ဟူ၏။

မြင်းရည်တက်ဦးသာ၏ အဆိုပါ နိုင်ငံရေးထင်မြင်ယူဆချက်ကို ဖတ်ရှုပြီးသည့်နောက် ကျွန်ုပ်၏ ဦးခေါင်းထဲ၌ ဖျတ်ကနဲ ဉာဏ်အလင်းတချက်ပွင့်သွားပြီး ကျွန်ုပ်အနေနှင့် ခေတ်ပျက်သူဌေးကလေး မောင်ဇော်ဇော်နှင့်ရော၊ မြန်မာပြည်သူလူထု၏ အော့ကြောလန်ချဉ်ဖတ်ကလေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်ကလေးနှင့်ပါ ခင် မင်သမှုရှိအောင် မနေခဲ့ မထိုင်ခဲ့ ပေါင်းမစားမိခဲ့ခြင်းအပေါ် အကြီးအကျယ် မှားယွင်းလေပြီးလားဟု နောင်တ ရသလိုမျိုး ဖြစ်သွားမိလေ၏။ ထိုသို့ ဗြုန်းကနဲဝမ်းသာ ဗျာကနဲဝမ်းနည်သလိုလို ခံစားရပြီးနောက် မြင်းရည် တက်ဦးသာ အကြံပြုသည့် မျောက်လောင်းကလေး ဖိုးလပြည့် စိတ်ကောင်းဝင်ပြီး မြန်မာပြည်သူတွေကို ဒီမို ကရေစီပေးချင်အောင် သူ့အဘိုးဖြစ်သူ ဗိုလ်သန်းရွှေအား တိုက်တွန်းစေရေးအလို့ငှာ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ခေတ်ပျက်သူဌေးလေး မောင်ဇော်ဇော်နှင့် နှစ်နာရီနီးပါးကြာအောင် ဘောလုံးပွဲကြည့် အချိန်ဖြုန်းပြီး ရွှေလမ်းငွေလမ်းဖောက်သည့်နည်းကို မသုံးဘဲ မိမိနှင့် မစိုစလောက်ကလေး ရင်းနှီးသည့် ဖိုးလပြည့်၏ ဘော် ဒါဘော်ကျွတ်ဖြစ်ပုံရသော အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နှင့် ကာရာအိုကေ ၀မ်းဆက်ရှင်လောက်ဆို၍ ရွှံ့လမ်း ဗွက်လမ်းဖောက်မည့်နည်းကို သုံးရန်အတွက် သမ္မတဦးသိန်းစိန်က လေဖိတ်စာ ကမ်းလှမ်းသည်နှင့် ရှေ့ဆုံးမှ အလျင်အမြန် ကြွချီကာ အလင်းဝင် (လျှပ်စစ်မီး ထိန်ထိန်လင်းပြီဟု ကြားရလေသော ရန်ကုန်မြို့သို့အ၀င်) ပြလေသော ၉၀ အမတ်မင်း ပီတာလင်းပင်ကဲ့သို့ ပြန်တော်ပြန်ခရီးကို အခါမလင့်မီ ခပ်သွက်သွက်ကလေး လှမ်းလျှင် ကောင်းလေမည်လားဟု (ဖတ်ခဲ့ဖူးသည့် စာရေးဆရာကိုတာ၏ ဘုတ်အုပ်ထဲက နည်းနာအတိုင်း) ဖြန့်ထွက်ကာ တွေးတောနေမိလေတော့၏။

သို့သော် ကျွန်ုပ်ဒေါက်တာလွဏ်းဆွေမှာ ၉၀ အမတ်မင်း ပီတာလင်းပင်ကဲ့သို့ ပြည်တော်ပြန်ရန် လေယာဉ် လက်မှတ်ခ မဆိုထားနှင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ အကျိုးအကြောင်း စနည်းနာရန် ဖုန်းခမျှပင် မတတ် နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေရကား ပြည်တော်ပြန်ပြီး နေရွှေသွေးအောင်နှင့် ရွှံ့လမ်းဗွက်လမ်း ဖောက်ရန် အစီအစဉ်ကို အားမတန် မာန်လျှော့လိုက်ရလေ၏။ မည်သို့ပင် ကံမကောင်းအကြောင်းမလှစေကာ မူ မိမိအား အခိုက်အတန့်မျှ တွေသွားမိစေသည့် (နေရွှေသွေးအောင်ကလေး သဘောမနောခွေ့ပြီးသကာလ သူ့အဘိုးကို တိုက်တွန်းသဖြင့် ဗိုလ်သန်းရွှေကြီး စိတ်ကောင်းဝင် အမြင်မှန်ရကာ ဒီမိုကရေစီပေးရန် သဘော တူမည်ဟူသော) ထူးထူးခြားခြား နိုင်ငံရေးအတွေးအခေါ်ကို ပေးတတ်လေသူ မြင်းရည်တက်ဦးသာ၏ ထင် မြင်ယူဆချက် အပိုင်းအစကလေးကို စွန့်မပစ်ရက်သည့်အဆုံး နောင်ကြုံကြိုက်လျှင် အမိမြန်မာပြည် ဒီမိုက ရေစီအပြည့်အ၀ရရှိစေရေးအတွက် အသုံးချကြည့်ချည်သေးအံ့ဟု စိတ်ကူးရကာ ရေအိမ်သို့ဝင်လျှင် (ဒိုနာများ ပြည်တွင်းသို့ အလျှိုလျှို ၀င်ကုန်သည့်အတွက် နယ်စပ်၌ ခွင်ပျောက်ကာ ဗိုက်မှောက်ရမလိုဖြစ်နေသည့် အ တိုက်အခံတဦးပီပီ တစ်ရှူးပေပါပင် ၀ယ်မသုံးနိုင်တော့သည့်အဆုံး) နောက်ပိတ်ဆုံးမှနေ၍ တရွက်ချင်း ဖြဲသုံး စပြုနေရသည့် ဒိုင်ယာရီဘုတ်အုပ်၏ ရှေ့ဆုံးစာမျက်ထက်၌ ပြီးခဲ့သည့် သင်္ကြန်တွင် ညီမငေးတဦး ဆံကေ သာထက်မှ ပြုတ်ကျကျန်ရစ်စဉ် ကောက်ယူထားခဲ့သော ပိတောက်ပန်းခြောက်ကလေးနှင့်အတူ အသေအချာ တွဲညှပ်ကာ မပျောက်မပျက်အောင် သိမ်းဆည်းထားလိုက်လေတော့၏။

37 comments:

poe kyaw said...

ဆရာရေ ကျနော်ဦးဆုံးရေးတာဘဲ ခုထိတော့ ဘယ်သူမှမဆဲကြသေးဘူး ဘယ်တော့ ဘယ်ကောင် စဆဲမလဲမသိဘူး။ဆဲတာဘဲတတ်ကြတယ် စိတ်ပျက်တယ်

လင်္ကာ said...

ဒီလိုစကားလုံးတွေဖောင်းပွတိုင်း
သရော်စာဖြစ်တာမဟုတ်ဘူးငါ့လူရဲ့ 
စာလုံးတွေ အတင်းကြီးပြွတ်သိပ်မထည့်ပါနဲ့ 
လို့ အကြံပေးပါရစေ

waiyanheain said...

You are just showing your real image, U Lwan Swe. This time is so clear about you, who is really afraid of the PEACE IN MYANMAR.

May be you were writing this article when you had drank. Whatever you are making the poison. But now Myanmar people know ,these are just the poison. So your poison will not be effect to our nation. But because of your bad soul, you will get back the effect of your poison.

thida mon said...

သရော်စာနဲ့ တော့မတူဘူး၊ စာလုံးတွေတစ်အားများနေတော့ ဖတ်ရတာေ၀၀ါးသလိုဖြစ်နေတယ်၊ ဘာနဲ့ တူသလဲဆိုတော့ ပေါတောတော ယောင်ချာချာ လူတစ်ယောက် တွေ့ ကရာတွေရေးချသလိုဘဲ

Set Htun said...

Saya Lwan, Not bad, Please read more about Jack Kwun Changone (Mg Tha Cho)'s satires.
We are looking for your improvement.

Thu said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေပျက်သွားပြီး ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရပြီး နောက်ပိုင်းမှာ မြန်မာပြည်အခြေအနေကို ကျနော်တို့ဘယ်လို ပြောင်းအောင် လုပ်နိုင်မလဲလို့ BBC မြန်မာပိုင်းအစီအစဉ်က ကျနော့်ကို မေးမြန်းခဲ့ ပါတယ်။ တပ်မတော်က အပြောင်းအလဲကို ဦးဆောင်ရမယ်လို့ ကျနော် ဖြေကြားခဲ့ပါတယ်။ အဲဒါကြောင့် ကျနော့်သဘောထားကို ရှင်းရှင်းလင်းလင်းမေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တဦး ကျနော့်ထံ စေလွှတ်ခဲ့ပါတယ်။

တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတာ စစ်ခေါင်းဆောင်တွေဖြစ်တယ်။
ဒါကြောင့် အပြောင်းအလဲကို သူတို့ အကောင်အထည် ဖော်ရမှာဖြစ်တယ်လို့ ကျနော်က အဲဒီကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကို ရှင်းပြဖို့နဲ့ အသွင်းကူးပြောင်းရေးအတွက် အကူအညီပေးဖို့ မြန်မာပြည်ကို ပြန်မလားလို့ သူက ကျနော့်ကို မေးပါသေးတယ်။ ကျနော်က ပြန်မယ်လို့ သဘောတူခဲ့ပေမယ့် ဘာအစီအစဉ်မှ ဖြစ်မလာခဲ့ပါဘူး။ စစ်ခေါင်းဆောင်ထိပ်ပိုင်းက နောက်ဆုံးမီးစိမ်းလည်း မပြခဲ့ပါဘူး။
ဒါကြောင့် ဒီတကြိမ် ကျနော်ပြန်ခွင့်ရတာဟာ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီဆိုတာကို အသေအချာ ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၁)
http://burma.irrawaddy.org/archives/2399

Thu said...

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သံသယအများကြီးရှိခဲ့တဲ့အပြင် အစိုးရအသစ်အပေါ်မှာလည်း ဒီနှစ် ဇူလိုင်လကုန်အထိ သံသယတွေ အများကြီးရှိခဲ့ပါတယ်။
ကျနော်လည်း သံသယရှိသူတွေထဲမှာ ပါတာမို့ သမ္မတဦးသိန်းစိန် မတ်လ သမ္မတ ကျမ်း သစ္စာကျိန်ဆိုပွဲ မိန့်ခွန်းကို ကြားရတဲ့အခါမှာ အံအားသင့်ခဲ့ပါတယ်။ EBO က အဲ့ဒီမိန့်ခွန်းအပေါ် စိစစ်လေ့လာချက် တခုတောာင် ထုတ်ဝေ ခဲ့ပါသေးတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ ကိစ္စအားလုံးကို ရပ်ဆိုင်းထားသလိုဖြစ်နေခဲ့ပါတယ်။
နောက်တော့ ရုတ်တရက် ဆိုသလိုပဲ သြဂုတ်လမှာ အရာအားလုံး ရှေ့ကိုစတင်ရွေ့လျားလာခဲ့တာကို တွေ့ရပါတယ်။
ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၁)
http://burma.irrawaddy.org/archives/2399

spacegalsg said...

ဦးလွဏ်းဆွေ တယောက် တော. ရူးသွားပီနဲ.တူတယ် xD

Unknown said...

ကိုလွဏ်ဆွေ
ကိုလွဏ်ဆွေရော၊မြင်ရည်တက်ဦးသာရော ကိုယ့်အမြင်ကိုတင်ပြကြတာမှန်ပါတယ်။
မှားတာက---ကိုလွဏ်ဆွေရဲ့-----------
ဆောင်းပါးကိုဆုံးအောင်ဖတ်မိတဲ့ကျနော်တို့ပါ။

saynota said...

ပျင်းကြောဆွဲ စိတ်ကြီးဝင်နေသူ ?

တကယ်လဲ စိတ်ကြီးဝင်နေပါပြီ .. ရေးတာတွေက တောင်စဉ်ရေမရ ဖြစ် နေတယ်.. စကားလုံးတွေ များများသုံးပြီး .. ဖတ်မိတဲ.ငါ. အမှားပါ ...

mgwaimintun said...

တကယ်ပဲ ရူးသွာပီးလား။

kyawkyaw said...

By putting this type of articles ,do you think you can be famous,...no way..

win said...

ဆောင်းပါးတော့ မဖတ်ပါ။ comment တွေကိုသာ ဖတ်သွားကြောင်းပါ မှိုတက်နေသော ကိုလွမ်းဆွေရေ

ချမ်းငြိမ်း said...

ကွန်မန့် ပေးတဲ့သူတွေက စာပါအကြောင်းအရာကို ဆွေးနွေးတာမတွေ့ရပါဘူး။ဆက်ရေးပါ ကိုလွမ်းဆွေ အမှန်တရားရှိနေရင်ပြည်စုံပါတယ်။

Unknown said...

အော် ခများကအောက်တန်းစားတွေကို စင်တင်ပေးတယ်လား သူတို့ကခများကို ဒက်ဒီကြီးခေါ်သလား ပါပါကြီးခေါ်သလား မားမားစံလွဏ်းဆွေဖြစ်နေဦးမယ်နော်
မြင်းရည်စောက်ပေါကြီးရော ခများပါ တယောက်တယောက်နင်းပြီး ဘ၀င်ချီးပန်းနေပေမယ့် ပြည်တွင်းကကျုပ်တို့ပြည်သူတွေအတွက် အာဖရိကက တောခွေးတွေ ဗမာပြည်ဖက်လှည့်အူသလိုပဲ ကြားလဲမကြား ဂရုလဲမစိုက်ပေါင်ဗျာ

Nai Candima said...

ဒီလိုစာမျိုး ဒီလိုအတွေးအခေါ်မျိုးကို မြန်မာနိုင်ငံသား လူများစုကသာ နှစ်ခြိုက်လက်ခံကြမယ်ဆိုရင်တော့
မြန်မာပြည်အတွက် ကံမကောင်းခြင်းပါပဲ၊ ဒါပေမယ့် အဲဒီလိုတော့ ဖြစ်မယ်မထင်ပါ။

bwanyunt said...

Lun Swe - Your articles is not funny. It shows that you're lost. Are you feeling crazy now? You want to be in MP in mew Burma. You may join Mandalay Thein Zaw's group, he ungently needs MP for coming season.
Look! Burmese are naturally very stubborm to admit own mistake. You too are also very reluctant to admit the fruitless campaign & go back U-turn. Nothing to be shy or worry to be used by Thein Sein. As DASSK mentioned, she does not mind anything as long as what she did was for the sake of poor people & that's it.

my world said...

ဒီလိုစာမျိုး ဒီလိုအတွေးအခေါ်မျိုးကို မြန်မာနိုင်ငံသား လူများစုကသာ နှစ်ခြိုက်လက်ခံကြမယ်ဆိုရင်တော့
မြန်မာပြည်အတွက် ကံကောင်းခြင်းပါပဆက်ရေးပါ ကိုလွမ်းဆွေ အမှန်တရားရှိနေရင်ပြည်စုံပါတယ်။

Aung said...

သရော်စာကလဲ ဆရာမင်းဒင် ရေးဟန်ကို ပုံတူကူးချထားသလားအောက်မေ့ရတယ် :P

Unknown said...

မင်းဒင်လေကြွားလား သူပြောသလောက်သာ သူအကောင်ဆိုရင်... ခင်ညွှန့်အသိုင်းအ၀ိုင်းကလူတွေက သူ့စာကိုဟာသဓါတ်လိုမှ ထုတ်ထုတ်ဖတ်တာ။ ကျုပ်လဲ သူ့ဘုရားမှတ်နေတာ အရီးလာမတော်နဲ့ အဟင့်ဆိုမှ ဘူးသီးခြောက်ကြီးမှန်းသိတယ် လွဏ်းဆွေနဲ့ သူမသာနင်အသုဘတွေ လိုက်တယ် ပုံတူကူးကြ မျိုးပွားကြ တောင်းစားကြ ပြန်တော့မလာနဲ့ဗျို့ ဆန်ကုန်မြေလေး လေဘေးလိုကြွားချက် ပြေးနိုင်မှလွတ်မယ်

Kyaw Swar 2011 said...

Mg lwun Swe is just a fool with jealousy & envy to Daw Aung San Suu Kyi.
He is a chinese guy and doesn't understand about what is Icon. In his narrow mind, he think he'll become famous to attack to our leader Daw Aung San Suu kyi. One day, he will disappear like a rubbish. I hope so.

Positive View said...

Lun Swe,

Min ko min bar htin nay lal?

Min ko may mal......

Dote tine pyi kaung sar tar myin chin tar lar?

Min ka pal power lo chin tar lar?

Min kyay zu shin ko pyit mhar yin... dote kha hla hla twate tat tal,,,,

Ngar tha di pay tar.....Min tha di thar htar nay top.

Kyaw Swar 2011 said...

I feel shameful for him. Even a lady
can do so much hard work for the sake of our majority of people in Myanmar. What can he do for our people in burma? I think he'd better shut up his mouth. day after day, his real image appear.

Myawadi said...

မြန်မာပြည် ရဲ့ အစိုးရအဖွဲ့ ထဲမှာ ဆင်းရဲတွင်းနက် နေတဲ့ ပြည်သူတွေ အတွက် တကဲ့စိတ်စေတနာကောင်း ရှိတဲ့ အရည်အချင်းရှိသူများ နေရာ ရလာရင် ဘာမှ မလုပ်ဘဲ ဟန်ပြ ထိုင်စား နေရာယူထားသူ တွေ ဘေးဖယ်ရပါမယ်။
အဲဒီ အခါမှာ အဝေးကနေ ကိုယ်ကျိုးအတွက် နိုင်ငံနဲ့လုပ်စားသူတွေပါ နေရာပျောက်ပါမယ်။
အဲဒီလို ကိုယ်ကျိုးရှာ လူမျိုး မဟုတ်ဘူးဆိုရင်တော့ သိပ်စိုးရိမ် မနေပါနဲ့။
ငရဲက လွတ်ဖို့ လမ်းစ မြင်နေရတဲ့ ကျွန်မတို့ ပြည်သူလူထု အတွက် သာ ဝမ်းသာပေးပါ ဆောင်းပါးရှင် ရယ်။

Anonymous said...

ဆရာကြီးလင့်ရေ.... ထိုင်နေကောင်းသား ထမလျှောက်ပါနဲ့ပြောတာ ထလျှောက်ပြန်ပြီ။ ကိုယ့် အထုပ် ကိုယ်ဖြေပြန်ပြီ။ မပြောတော့ပါဘူး။ ပြောရင် ကော်မန့်ဖျက်ဖျက်အုံးမယ်။
ခင်ဗျားကို ထပ်မေးမယ်။ ခင်ဗျားက ဘလော့ဂါလား၊
သတင်းမုဆိုးလား၊ကဗျာဆရာလား၊ကာတွန်းဆရာလား၊စာရေးဆရာလား၊ဆရာဝန်လား၊နိုင်ငံရေးသမားလား။ ကျနော်တော့ ခင်ဗျားဘာမှန်းကို မသိတာ။ သူများလိုက်တဲ့ သတင်းကို လိုက်လင့်တယ်။ ပြီးတော့ ကိုယ်တိုင်ရေးတာမဟုတ်တဲ့ ဆောင်းပါးတွေကို ခင်ဗျားတာဝန်ယူရတာမဟုတ်တော့ လျှောက်တင်ပေးတယ်။ခင်ဗျားပြောသလို ဒွန်ကင်လုပ် ပွဲသွင်းပေးတယ်။ အဲတော့ နောက်ဆုံးတစ်ခွန်းပဲ ပြောတော့မယ်။ ဆရာဝန်ဘွဲ့ကို အားနာပါအုံးဗျာ။ ကိုယ်ပိုင် Creation ပါတဲ့ ခင်ဗျားရဲ့လက်ရာကို ချပြလားဗျာ။ ဒီလောက်ပဲဗျာ။ အခုဟာကတော့ အတည်မရေးတတ် သရော်စာမရေးတတ်နဲ့ အရက်မူးရာကထပြီး ပေါက်ကရ ထရေးထားတယ်ထင်တယ်။ တော်တော်ကလေးကလားဆန်တဲ့ လင့်သမားပဲ။ ဒီကော်မန့်ကိုကြောက်ရင် ဖျက်လို့ရတယ်။

pan pan said...

ရွေးကောက်ပွဲ ဝင်ဘို့ ကျမအစောကြီးကတည်းက တိုက်တွန်းနေတာပါ...နိုင်ငံရေးပါတီဆိုတာ နီုင်ငံရေး ကို နိုင်တဲ့အခြေအနေကနေ လုပ်ရမှာပေါ့...သိပ်ပျော် သိပ်အားရပါတယ် ..ဒေါ်စု အိုမင်း မစွမ်းမဖြစ်ခင် ပြည်သူအတွက် တတ်နိုင်သလောက် ...သေချာစဉ်းစားပြီး ပက်ပက်စက်စက် ...ကျေးဇူးမသိ..တန်ဘိုးမသိ ..စော်ကားနေတဲ့ကြားက နေ့မနား ညမနား လုပ်နေတာမို့ ...အရမ်းကျေးဇူးတင်တယ်...ကိုယ်တွေက သေလူတွေ နောင်လာနောက်သားတွေအတွက် ပီတိဖြစ်နေပါတယ် ...ကောင်းကျိုးဆောင်သူ မည်သူ့ကို မဆို ချီးကျူး ကျေးဇူးတင်ကြောင်းပါ ရှင်

Kyaw Swar 2011 said...

I agree with byanyunt & myawadi's comments. Surprisingly, we can see people like
Mg Lwun Swe in real world. Last time, I read books n can see villain & wicked characters in stories.
Like Myawadi's said, if we can consider honestly and simply, we need to appreciate if a person (whether the person is famous or not famous) can put effort to help those people who r in trouble. (whatever religons, whatever political views he or she attached). These days, some people read & learn never ending philosophies and can't see reality. These people r how to say intellectually narrow minded. At the end, the natural law will make decision.(Natural law knows who has purity,who is clean, who has honesty, who can really help for those people at weaker side)

burma said...

ခင်ဗျားက ဒေါက်တာနော်.။ ပေါတောတောတွေလျှောက်ရေးမနေနဲ့..ကျနော်က ခင်ဗျား ဘလော့ကို အမြဲအားပေးနေတာ...ဒီနေ့ကစပြီးနဲနဲစိတ်ပျက်သွားပြီ..အမြင်မှန်တာတွေ...အမှန်မြင်တာတွေ ရေးပြီး...လူတွေအားထားရတဲ့ ဘလော့ဂါလုပ်ပါ..ဦးလွမ်းဆွေးရေရရရရရရရ........

charlie said...

ဗျို့ကိုကံကောင်းကြီး၊ခင်ဗျားပျင်းကျောဆွဲနေတယ်ဆိုတာတော့မယုံဖူး
ဗျိုး၊ခင်ဗျားလောက်စနေ၊တနင်္ဂနွေ၊မရှောင်အလုပ်
လုပ်တဲ့လင့်ဆရာကျုပ်မတွေ့ဖူးသေးဖူး။
ခင်ဗျားရေးတာကလဲဗျာတကယ့်ထိပ်သီးသတင်း
ကြီးကိုချန်ထားခဲ့တာကိုးဗျ၊မေ့သွားလို့တော့မဟုတ်
လောက်ပါဖူးနော်။ခင်ဗျားတို့ပရောဂလားပရောဂျက်လား
ဆရာကြီးဟန်ယောင်လွှေး၊သမီးလေးလက်ဆွဲပြီး
ပြည်တော်ပြန်ခွင်ချက်တဲ့ခရီးလေဗျာ၊ကိုဇာဂနာရဲ့
သူတောင်းစားညီလာခံဇတ်လမ်းထဲကလိုပေါ့၊ဒီမှာ
တောင်းစားလို့မကောင်းတော့ဂျပန်သွားတောင်း
ရမယ်၊အစမ်းသဘောအနေနဲ့ငါနဲ့ငါ့သားအရင်သွား
မယ်ဆိုတဲ့ဇတ်လမ်းလေဗျာ၊အေးဗျာကိုယ်ချင်းတော့စာ
ပါတယ်ခွက်ပျောက်မဲ့ကိန်းနဲ့ကြုံတော့လဲသွေးရူးသွေး
တန်းတွေထွက်လာတော့တာပေါ့၊ခင်ဗျားလဲမြန်မြန်ပြန်
ပြီးခွင်ချက်သင့်နေပြီ၊နောက်ကျရင်တော့သိတဲ့အတိုင်း
ပေါ့နော၊ကျုပ်တို့ကတော့ပလေးစရာဒီကတ်တကတ်
ပဲရှိတော့ဒီကတ်ကိုပဲပုံအောလောင်းလိုက်တယ်၊ရှုံးသွား
သည့်တိုင်အောင်အများအတွက်သူလောင်းပေးတာ
လို့ယုံကြည်တဲ့အတွက်ရှုံးပျော်တယ်ဗျာ။
ကိုကံကောင်းရေနာမည်လိုပဲအမြဲတန်းကံကောင်း
နိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်၊အများအတွက်
အနစ်နာခံပြီးစေတနာတွေနဲ့လုပ်နေတဲ့သူတွေကတော့
အရှုံးအနိုင်ကိုမမှုသလို၊ရှုံးရင်လဲနိုင်နေမယ်ဆိုတာ၊ခင်
ဗျားသိတဲ့အချိန်မှာအချိန်နှောင်းနေလိမ့်မယ်လို့သတိ
ပေးရင်း။

htet tay za said...

ဗီဇာပိတ်ပင်ခံထားရသည့်ဖိုးလပြည့်အား ရန်ကုန်မြို့ပြင်သစ်သံရုံးက ဗီဇာထုတ်ပေးသည်ဆိုသောအချက်မှာ မထူးဆန်းပါဟု အနောက်တိုင်းသံရုံးတခုတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည်သားတဦးက မိုးမခကို ပြောသည်။

ဖိုးလပြည့်၏ နိုင်ငံကူးလက်မှတ်တွင် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲရန်ပင်မလိုဘဲ နာမည်ရင်းဖြင့် ဗီဇာ လျှောက်နိုင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့် စစ်အရာရှိကြီးတချို့ကို ဥရောပသို့ ရောက်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြသည်။

အနောက်နိုင်ငံများအနက် ဗြိတိန်နိုင်ငံ နှင့် အမေရိကန်တို့ကသာ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒကို တိတိကျကျ ကျင့်သုံးဟန်ရှိကြောင်း သူက ပြောပြသည်။

Kyaw Zaw Lin said...

ဒေါက်တာလွဏ်းဆွေရေ...ဖတ်လို့ အရမ်းတယ်ဗျာ Comments တွေက။ဟီးဟီး။

Kyaw Zaw Lin said...

ဒေါက်တာလွဏ်းဆွေရေ...ဖတ်လို့ အရမ်းကောင်းတယ်ဗျာ Comments တွေက။ဟီးဟီး။ခုနကပြောချင်စောနဲ့ တင်လိုက်တဲ့ Comment မှာ"ကောင်း"ဆိုတာကျန်ခဲ့လို့ ထပ်တင်လိုက်ရတာစောတီးဗျာ။

MyintKhineUSA said...

Dr. L Swe,
Although your Blogger is very good ,your
literature and idea are not true but,too exaggerated.Please fix it because your are still young enough to do many...

hjk said...

ဆရာက ဆဲအောင်ရေး တပည့်က ဆဲစေချင်ပုံရတယ် သူတိုက အဆဲခံချင်လို့ရေးပြီး ဆဲတော့လဲ စိတ်ပျက်သတဲ့ လူတွေကလဲ အရေးလုပ်ပြီး မဆဲကြပါဘူး လူကြည့်အောင် ဖင်လန်ပြ နေတဲ့သူတွေပဲ

S B 2011 said...

ဆရာခင်ဗျား ဘယ်သူတွေ ဘာပြောပြော ရေးစရာရှိတာ ဆက်ရေးပါခင်ဗျာ။ တုတ်ကြီးဆိုတာ ညစ်ညစ်ပတ်ပတ် အောက်အောက်ထစ်ထစ်တွေ ပြောရတာနဲ့ ကိုယ့်ဘာသာဟုတ်လှပြီထင်နေတဲ့ အားနည်းချက် အက်စစ်ဆိုတာ သီအိုရီအထောက်အပံ့နည်းပြီး ချဉ်းကပ်ပုံပညာသား မရှိမှု စသဖြင့် ရှိကြပါတယ်။ ဆရာရေးထားတာ ဖတ်လို့ကောင်းပါတယ်။ မင်းဒင်နဲ့နှိုင်းပြောကြသူတွေ ကျွန်တော် တစ်ခုမေးချင်ပါတယ် မင်းသိင်္ခကို အတစ်လိုက်ခိုးချပြီး ဘယ်သူမှအသိအမှတ်မပြုတဲ့ စိတ်ကူးယဉ်မှုတွေနဲ့ ကိုယ့်ဟာကိုယ် ဘာကြီးလိုလို ထင်ရအောင် ရေးနေတဲ့လူ ကျွန်တော်တို့ မြန်မာပြည်သားတွေ ဘာကြိုက်နေပါသလဲလို့။
အခု ဆရာရေးထားတာ အဆင့်အတန်းရှိတယ် ရီလဲရီရတယ် မထိရောက်ဘူးပြောတဲ့လူတွေ ထိရောက်အောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ပဲ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ASTRON SHIPPING LTD. said...

First of all, my comment would be that a person being a Doctor does not mean he/she is wiser than average people and/or stands out above average people.

To continue my comment, this website has recently turned more of Communist (by writers like "Acid") idealist. Yet, strangely enough, this blog also issues certain very SELFISH articles of the Capalists like the Subject Article wrote by the Owner of the Blog, Dr. Lun Swe.

It seems to me that Dr. Lun Swe is having FEAR that he will be losing what he is receiving now, including his Visa Status as a REFUGEE like many other Burmese Refugees in various countries.
Real Refugees in Thai/Burma border would welcome such Decision by NLD to participate in the Parliament
Yet, those bigshots of so-called Refugees in various countries world-wide are so Scared to see Burma becoming a Peaceful Country due to their FEAR that they will be sent back to burma by respective governments where they are right now living and RECEIVING Certain BENEFITS. This includes the Son of U Tin Oo who is now living in Japan and making a living as Head of NLD (Japan).

Remember what and how Goberchav (I am not sure of spelling) did to bring down ex. Communist Party of Soviet Russia. "Get in........ Get Power........ & Establish what you want from Iside!!!!"

Kind regards,
Lynn

ASTRON SHIPPING LTD. said...

....... with correction to certain typos in previous comment.

First of all, my comment would be that a person being a Doctor does not mean he/she is wiser than average people and/or stands out above average people.

To continue my comment, this website has recently turned more of Communist (by writers like "Acid") idealist. Yet, strangely enough, this blog also issues certain very SELFISH articles of the Capitalists like the Subject Article wrote by the Owner of the Blog, Dr. Lun Swe.

It seems to me that Dr. Lun Swe is having FEAR that he will be losing what he is receiving now, including his Visa Status as a REFUGEE (supposedly) like many other Burmese Refugees in various countries.
Real Refugees in Thai/Burma border would welcome such Decision by NLD to participate in the Parliament as such participation would bring them PEACE & Prosperity.

Yet, those bigshots of so-called Refugees in various countries world-wide are so Scared to see Burma becoming a Peaceful Country due to their FEAR that they will be sent back to burma by respective governments where they are right now living and RECEIVING Certain BENEFITS. This includes the Son of U Tin Oo who is now living in Japan and making a living as Head of NLD (Japan).

Remember what and how Goberchav (I am not sure of spelling) did to bring down ex. Communist Party of Soviet Russia. "Get in........ Get Power........ & Establish what you want from Iside!!!!"

Kind regards,
Lynn