Friday, November 18, 2011

ပြည်သူ့ရင်ခွင် ရွေးစေချင်

ကိုမိုးကောင်း

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ အတိုက်အခံအင်အားစုများအတွင်းမှာ သဘောထားကွဲပြားမှု အကြီး အကျယ်ဖြစ်ပေါ်နေပါတယ်။ ဒီတခါ သဘောထားကွဲပြားမှုဟာ ၁၉၈၈ နောက်ပိုင်းမှာ အကြီးဆုံး သဘောထား ကွဲမှုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ သဘောထားကွဲမှုထက် ပိုကြီးမားတဲ့ ကွဲပြားမှုဖြစ်ဖို့ အလားအလာ ဖြစ်နေပါတယ်။ စစ်အုပ်စုက လိုင်းတခုချလိုက်တိုင်း အတိုက်အခံအင်အားစုများဘက်မှာ ထိုသို့ဖြစ်နေကျဖြစ် ပေမယ့် ဒီတခါ ကွဲပြားမှုဖြစ်ခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ဖြစ်စဉ်တခု ဖြစ်ပါလိမ့် မယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံရေး၊ အန်အယ်လ်ဒီကို ဝိုင်းရံရေးဆိုတဲ့ မူကို တ လျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ နိုင်ငံရေးအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီတို့ ကိုယ်တိုင် သဘောထားကွဲပြားမှု ဖြစ်လာနိုင်တာကြောင့်ပါပဲ။

ကွဲပြားမှုရဲ့အခြေခံ

NLD အနေနဲ့ ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကိစ္စမှာ ဘယ်လိုအခြေအနေမျိုးမှ ပြုလုပ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲကြတာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြုပြင်ဘဲ ရွေးကောက် ပွဲဥပဒေကိုသာ ပြင်ပေးတဲ့ အချက်အပေါ်မှာပဲ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်ချေရှိသည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူက သဘောထားပေးလာပြီး အချို့သော အတိုက်အခံအင်အားစုများကပါ ထောက်ခံလာတဲ့အပေါ်မှာ ကျန်အတိုက်အခံနိုင်ငံရေးအင်အားစုများက ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေ စီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေကို မပြုပြင်ဘဲ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန်မသင့်ဟူ၍ မှတ်ချက် ပေးလာသောကြောင့်ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုများအနေဖြင့်လည်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲ ဝင်ခြင်းကို ဆန့်ကျင်ကန့်ကွက်နေခြင်းမဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးကိုသာ တောင်းဆိုခြင်းဖြစ်ပါ တယ်။

“၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ယခုအခါ အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ အရှိကိုအရှိအတိုင်း လက်ခံရမယ်လို့ ပြောလာပါတယ်။ ဘာကိုဆိုလိုချင်ပါသလဲ။ စစ်အုပ်စုကို ငါတို့ မနိုင်တော့ဘူး။ သူတို့က အစစသာနေပြီလို့ ပြောချင်တာလား။ ဘယ်သူလက်ခံ လက်မခံ စစ်အုပ်စုက ဦးသိန်းစိန်အစိုးရအနေနဲ့ အာဏာကို ချုပ်ကိုင်ထားပြီလို့ ပြောချင်တာလား။ ဒီလိုသာ အရှိကိုအရှိအတိုင်း လက်ခံရကြေးဆိုရင် ဦးနေဝင်းရဲ့မဆလအစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပေါ်လာစရာမရှိဘူး။ ဒါဆိုရင် အန်အယ်လ်ဒီဆိုတာလည်း ပေါ်လာစရာမရှိပါဘူး။”

အားလုံးပြုပြင်ပေးစရာမလို

၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးဆိုတာလည်း အားလုံးပြုပြင်စရာ မလိုပါ။ အတိုက်အခံအင်အားစုများ တောင်း ဆိုထားသည်က ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်များကို ပြုပြင်ပေးရန်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်ဟာ ၂၀ ခန့် ရှိသော်လည်း အရေးကြီးပြုပြင်ပေးရမယ့် အ ချက်ဟာ ချကြည့်လိုက်ရင် ၇ ချက် ၈ ချက်ခန့်သာရှိပါမယ်။ ထိုအရေးကြီးတဲ့အချက်တွေ မပြုပြင်ပေးဘဲ ကျန် အချက် ၂၀၀ လောက်ကို ပြုပြင်ပေးလည်း ထူးခြားမည်မဟုတ်ပါ။ ထို ၇ ချက် ၈ ချက်လုံးကို မပြုပြင်ပေးနိုင်ပါ ကလည်း အဓိကကျတဲ့ ၃ ချက်လောက်ကို ပြင်ပေးရုံနဲ့ အားလုံး ကျေနပ်လက်ခံနိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။

အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ခေါင်းစဉ်အောက်က ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နဲ့ (ခ) ကို ပြု ပြင်ပေးရန်ဖြစ်ပါတယ်။ အဲဒီမှာ ပြဌာန်းထားတဲ့ (ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံပြီးနောက်) ဆိုတာမှာ ရာခိုင်နှုန်းလျှော့ ချပေးဖို့ ဖြစ်ပါတယ်။ သို့မှသာ လွှတ်တော်အတွင်းကနေ အခြေခံဥပဒေပြင်ရေးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လွှတ်တော်တွင်းကနေ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ နိုင်ငံရေးဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။

အခန်း (၅)၊ အုပ်ချုပ်ရေး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း ခေါင်းစဉ်အောက်က ပုဒ် မ ၂၀၁ ကို ပြုပြင်ပေးရန်ဖြစ်ပါတယ် (ကာ∕လုံ ကောင်စီ ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ ဦးနဲ့ အသာစီးယူ ထားတာကို လျှော့ပေးဖို့ ဖြစ်ပါတယ်)။ သို့မှသာ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်နဲ့ တဆိတ်ရှိ စစ်တပ်က (အခြေခံဥပ ဒေအရ) အာဏာသိမ်းခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အခန်း (၁)၊ နိုင်ငံတော်အခြေခံမူများခေါင်းစဉ်အောက်က ပုဒ်မ (၂၀)၊ ပုဒ်မခွဲ (ဃ) နဲ့ အခန်း (၇)၊ တပ်မတော် ခေါင်းစဉ်အောက်က ပုဒ်မ (၃၄၀) ကို ဖျက်သိမ်းပစ်ရန် (သို့) ပြုပြင်ပေးရန် ဖြစ်ပါတယ်။ ထိုပုဒ်မ ၂ ခုဟာ အ တူတူဖြစ်တဲ့အတွက် ပေါင်းရေးရခြင်းဖြစ်ပါတယ်။

ပုဒ်မ (၂၀)၊ ပုဒ်မခွဲ (ဃ) ။ ။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတရပ်လုံးပါ ဝင်ရေးအတွက် စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ပုဒ်မ (၃၄၀) ။ ။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ် မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည်။

ပေါ်တာဆွဲခြင်းနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းတွေကို တရားဝင် ပြုလုပ်နိုင်ဖို့ ပြဌာန်းထားတာဖြစ်ပါတယ်။ လို အပ်လာရင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို ထိုအခြေခံဥပဒေများ အသုံးချပြီး ချေမှုန်းလာနိုင်ပါတယ်။ ထိုပုဒ်မ ၂ ခုကို ဖျက်သိမ်း (သို့) ပြုပြင်ပေးခြင်းဟာ ပြည်သူလူထုနဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို လူ့အ ခွင့်အရေးချိုးဖောက်မှု ခံရမယ့်အန္တရာယ်က ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ ထိုအချက်တွေ ပြုပြင်ပြောင်းလဲ ခဲ့မှသာ လွှတ်တော်တွင်းနိုင်ငံရေးဟာ အဓိပ္ပါယ်ရှိမှာပါ။

အလျော့အတင်း

တွေ့ဆုံဆွေးနွေးရေးလုပ်တယ်ဆိုတာဟာ နှစ်ဘက်အပေးအယူ အလျော့အတင်း လုပ်ရတာပဲဖြစ်ပါတယ်။ တ ကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတာ အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍန် နှစ်ဘက်စလုံးဟာ လျှော့ချလာပြီး ဆုံချက်တခုမှာ ဆုံတွေ့ကြပြီး အဖြေရလာတာမျိုးပါ။ တဘက်က အားကြီးပြီး တဘက်က အားလျော့နေတဲ့ အ ခြေအနေမျိုးမှာဖြစ်ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပေးအယူ မျှမျှတတဖြစ်လာဖို့ဆိုတာကတော့ မလွယ် ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အားကောင်းတဲ့ဘက်က တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာတဲ့အခါ အားလျော့တဲ့ ဘက်က ဘာလုပ်သင့်သလဲဆိုတဲ့ ရွေးချယ်မှုဟာ ကိုယ့်အင်အားစုများ အကွဲကွဲအပြားပြားမဖြစ်ဖို့ အတတ်နိုင် ဆုံးရွေးချယ်နိုင်မှ အကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ အပေးအယူ အလျော့အတင်း လုပ်ရတယ်ဆိုတာကို အားလုံးနားလည်ထားပေမယ့် ဘာပေးလို့ ဘာရသလဲဆိုတာကလည်း အဓိကကျတဲ့အ ကြောင်းအရာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ကိုယ်စားပြုသူဟာ ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် ဆို တာထက် အများအကျိုးအတွက်မို့ ပိုအရေးကြီးပါတယ်။

မူမူချင်း

နိုင်ငံရေးအကျဉ်းများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲ ခြင်းဖြင့် လက်ရှိအစိုးရအနေနဲ့ တကယ်ပြုပြင်ပြောင်းလဲလိုတယ်ဆိုတာကို လက်တွေ့ပြသနိုင်တယ်လို့အတိုက် အခံများဘက်က ခံယူထားပါတယ်။ အာဏာ၊ စစ်တပ်နဲ့ တိုင်းပြည်ရဲ့သယံဇာတအဝဝကို အပြည့်အဝချုပ်ကိုင် ထားနိုင်တဲ့ စစ်အုပ်စုအနေနဲ့ ထိုသို့လုပ်ပေးလိုက်ရုံနဲ့ အခြေအနေပျက်ယွင်းသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသဘောမျိုး အပေးအယူလုပ်နေပါတယ်။ ဒါဟာ လူကို မူနဲ့ အလဲအလှယ်လုပ်ဖို့ ကြံစည်တာပဲဖြစ်ပါတယ်။ နိုင်ငံရေးသဘောအရတော့ မူကိုမူနဲ့သာ အပေးအယူလုပ်ရမှာ ဖြစ်ပါတယ်။ ထောင်ကျနေသူ ဘယ်သူမဆို လွတ်ချင်တာ သဘာဝပါပဲ။ ဒါပေမယ့် ယုံကြည်ချက်ကြောင့် အ ကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများကတော့ ယုံကြည်ချက်နဲ့ လွတ်လပ်မှုကို လဲမှာမဟုတ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ဒါဟာ သူတို့ကျင့်တဲ့ ကိုယ်ကျင့်တရား၊ သူတို့ရဲ့ဂုဏ်သိက္ခာ ဖြစ်နေလို့ပါပဲ။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်နဲ့တော့ တိုင်းပြည်ကို တသက်စစ်ကျွန်ပြုမယ့် ၂၀၀၈ အ ခြေခံဥပဒေကို တရားဝင် အသိအမှတ်ပြုလက်ခံတာမျိုး မဖြစ်စေသင့်ပါဘူး။ ထိုကဲ့သို့လုပ်ခြင်းဟာ မူကိုမူနဲ့ အ ပေးအယူလုပ်တာမဟုတ်ဘဲ လူနဲ့မူကို အပေးအယူလုပ်တာပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးအကျဉ်းသားများ မှာလည်း ၂၀၀၈ အခြေခံဥပဒေဆိုတာကို မကြည့်ဘဲ လွှတ်တော်တွင်းနိုင်ငံရေးနည်းကိုသာ ယုံကြည်သူများရှိ ပါတယ်။ ထို့အတူ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ တိုင်းပြည်အတွက် ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့ ယုံ ကြည်သူများလည်း ရှိပါတယ်။ ထိုသူများဆန္ဒကိုလည်း အလေးထားသင့်တယ်လို့ ထင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဘဝလွတ်လပ်မှုတခုတည်းအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတာ မဟုတ်ပါဘူး။ မိမိရဲ့လွတ်လပ်မှု၊ ဘဝတိုးတက်မှုတွေကို ယုံကြည်ချက်အတွက် စတေးခဲ့ကြသူတွေပါ။ သူတို့ဟာ မူမူချင်းသာ အပေးအယူလုပ် တဲ့နိုင်ငံရေးကိုပဲ ယုံကြည်သူများဖြစ်ပါလိမ့်မယ်။

တထစ်ပြီးတထစ်

၁၉၈၈ ကနေကြည့်ရင် အစဦးဆုံး ကြားဖြတ်အစိုးရဖြစ်မြောက်ရေးကနေ ရွေးကောက်ပွဲဖြတ်သန်းရေး၊ လွှတ် တော်ခေါ်ယူရေး၊ ၉၀ ရလဒ် အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေး စသည်နဲ့ တထစ်ပြီးတထစ် လျှော့လာလိုက်တာ ဘာမှမကျန်တော့ပါဘူး။ ခုတော့ နောက်ဆုံးတထစ် ရောက်နေပါပြီ။ လျှော့ပြီးရင် ပြန်တက်နိုင်ပါတော့မလားဆိုတာ စိုးရိမ်စရာပါပဲ။ နောက်တထစ်ဟာ ချောက်ပဲရှိ ပါတော့တယ်။

သားတရားစီရင်ခန်း

တချို့ကတော့ မဟောသဓသုခမိန်ရဲ့ သားတရားစီရင်ခန်းနဲ့ ဥပမာပေးကြပါတယ်။ အမေအရင်းက ကိုယ့် သားလေးခံစားရတဲ့ ဝေဒနာကြောင့် အတင်းမဆွဲတော့ဘဲ အလျှော့ပေးလိုက်တာပါ။ ဇာတ်တော်မှာတော့ မ ဟောသဓရှိနေတော့ အမေအရင်းဟာ သားလေးကို မဆုံးရှုံးဘဲ ပြန်ရခဲ့ပါတယ်။ ဒီဇာတ်တော်ကို ဖြန့်ကျက် စဉ်းစားကြည့်ရင် တကယ်လို့ မဟောသဓသာမရှိခဲ့ရင် သားလေး ဘာဖြစ်မှာလဲ။ နောက် တဘက်ကဆွဲနေတဲ့ သူဟာ ဘီလူးမဖြစ်မှန်း အမေရင်းက အစကတည်းက သိနေရင်ကော သားလေးအစားခံရမှာ သေချာသိနေ တဲ့အတွက် လွှတ်ပေးပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။

အနုတ်လက္ခဏာ

စစ်အုပ်စုဟာ သူတို့ရဲ့ လက်ရှိဟန်ပြအစိုးရနဲ့ လွှတ်တော်ကို နိုင်ငံတကာက အပြည့်အဝ လက်ခံအသိအမှတ် ပြုရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို အမြစ်ပြတ် ချေမှုန်းနိင်ရေးအတွက် ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချရန် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သူတို့လိုချင်တဲ့ အတိုင်းအတာကိုရောက်ပါက ထိုနေရာမှာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲဖြုတ်ချန်ထားခဲ့မှာဖြစ်ပါတယ်။ သူတို့အားရအောင် ဒီမိုကရေစီအင်အား စုများအား အပြင်းအထန် အတိုက်အခံလုပ်ဝေဖန်ခဲ့သော အေးလွင်တို့အုပ်စုကိုလည်း ထိုသို့အသုံးချခဲ့ပြီး ချန် ထားခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့လူထုယုံကြည်ကိုးစားခံရမှုနဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍဟာ ကြီး မားလှသည်မှန်သော်လည်း လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်မလာပါက အယောင်ပြလုပ်ငန်း စဉ်များတွင် မျောပါနေသည်ဟူသော အမြင်ဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုများအကြား ကွာဟမှုဖြစ်လာနိုင်ပြီး ညီညွတ်ရေးထိ ခိုက်လာနိုင်သလို ဒေါ်အောင်ဆန်းစုကြည်အား ဝိုင်းရံမှုဟာလည်း လျော့ကျလာနိုင်ပါတယ်။ ဆယ်ရေးတရေး ကိုးရေးတစ်ရာ ထိုကဲ့သို့သာဖြစ်ခဲ့ပါက ဒီမိုကရေစီအင်အားစုများဘက်မှာ အနုတ်လက္ခဏာပြပြီး စစ်အုပ်စုအ တွက်တော့ အမြတ်ထွက်မှာ ကျိန်းသေပဲဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစုများအနေဖြင့်လည်း ဆယ်စုနှစ်များ နှင့်ချီ၍ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများ၊ သင်ခန်းစာများအရ နိုင်ငံရဲ့ကံကြမ္မာအဝဝကို မည်သို့သော ပုဂ္ဂိုလ်ဦးတယောက်၊ အဖွဲ့အစည်းတစုတဖွဲ့တည်းကိုမှ ပုံအပ်ထားနိုင်မည်မဟုတ်ပါ။

ထပ်မံစော်ကားခံရတဲ့ ပြည်သူ့ဆန္ဒ

၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီကို ထောက် ခံရုံသက်သက်၊ သတင်းစာထဲမှာ ဖော်ပြခံရရုံသက်သက် မဲပေးခဲ့ကြတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးမှာ မဲမကွဲဖို့ လိုအပ်တယ်ဆိုတာ သိတဲ့ပြည်သူတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အသိစိတ် ဓာတ်ရှိရှိ လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ တတိုင်းပြည်လုံးဆိုင်ရာ ပြည်သူ့နိုင်ငံရေးလှုပ် ရှားမှုကြီးကို ဂရုမစိုက် မျက်ကွယ်ပြုခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ပါတယ်လို့ လက်တွေ့မပါ လေလုံးသက်သက်နဲ့ လွှတ်တော်ထဲမှာ ကြေညာတာဟာ ဒီလောက်လေး ပြောပေး လိုက်ရင်ပဲ ကျေနပ်နှစ်သိမ့်သွားကြမယ့် ငတုံးငအတွေပါဆိုတဲ့ အထင်သေးအမြင်သေး ထပ်မံစော်ကားမှုပဲဖြစ် ပါတယ်။

ဒီရလဒ်ကို စစ်အာဏာရှင်တွေ လက်ခံလာရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့၊ အကျဉ်းကျခဲ့ ရတဲ့၊ ဘဝပျက်ခဲ့ရတဲ့၊ မိသားစုပြိုကွဲခဲ့ရတဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အ ဖွဲ့အစည်းပဲဖြစ်ဖြစ် လွယ်လွယ်လေးတော့ သဘောမထားသင့်ပါဘူး။ (၉၀ ရလဒ်ကို မဖြစ်မနေ အကောင်အ ထည်ဖော်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ဂုဏ်သိက္ခာမဲ့စွာ တဘက် သတ်လုပ်ဆောင်မှုကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တာကို ရိုးသားစွာ ဝန်ခံဖို့ပါပဲ။)

အရှိအရှိအတိုင်း

၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ ယခုအခါ အန်အယ်လ်ဒီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ အရှိကို အရှိအတိုင်း လက်ခံရမယ်လို့ ပြောလာပါတယ်။ ဘာကိုဆိုလိုချင်ပါသလဲ။ စစ်အုပ်စုကို ငါတို့မနိုင်တော့ဘူး။ သူတို့က အစစသာနေပြီလို့ ပြောချင်တာလား။ ဘယ်သူလက်ခံ လက်မခံ စစ်အုပ်စုက ဦးသိန်းစိန်အစိုးရအနေ နဲ့ အာဏာကို ချုပ်ကိုင်ထားပြီလို့ ပြောချင်တာလား။ ဒီလိုသာ အရှိကိုအရှိအတိုင်း လက်ခံရကြေးဆိုရင် ဦးနေ ဝင်းရဲ့မဆလအစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပေါ်လာစရာမရှိဘူး။ ဒါဆိုရင် အန်အယ်လ်ဒီဆိုတာလည်း ပေါ်လာစရာမရှိပါဘူး။ တိုင်းပြည်ကို စစ်ကျွန်ပြုမယ့် ၂၀၀၈ ဥပဒေဟာလည်း တ ကယ့်အရှိတရားပဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်းမဲလိမ်ပြီး မတရားတက်လာတဲ့ အစိုးရဆိုတာလည်း အရှိတရားပဲဖြစ်တယ်။ ခုချိန်ထိ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးနဲ့ ဖိနှိပ်နေတာလည်း အရှိတရားပဲဖြစ်တယ်။ ထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ခုချိန်ထိ ချုပ်နှောင်ထားတာလည်း အရှိတရားပဲဖြစ်တယ်။ ဒါတွေကိုလည်း အရှိအရှိအတိုင်း လက်ခံပြီး ဘာလုပ်သင့်သလဲလို့ ဆုံးဖြတ်ချက်ချရမှာ ဟာလည်း တကယ့်တာဝန်တရပ်ဖြစ်ပါတယ်။

၁၈၊ နိုဝင်ဘာ

၂၀၁၁ ခုနှစ်ရဲ့ လာမယ့် နိုဝင်ဘာ ၁၈ မှာ အန်အယ်လ်ဒီဟာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၈ နိုဝင်ဘာဟာ ဘယ်လိုအဓိပ္ပါယ် သတ်မှတ်ချက်မျိုးနဲ့ ကျန်ခဲ့မယ်ဆိုတာကို အတိုက်အခံများဘက်ကကော၊ စစ်အုပ်စုဘက်ကပါ သိချင်ဇောနဲ့ စောင့်နေကြပါတယ်။ မေးခွန်းကတော့ အန်အယ်လ်ဒီ ဘာလဲ၊ ဘယ်လဲ။

ရင်ထဲက ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဆိုတဲ့ အမည်ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အဆက် ဆက် ကြောက်ရွံ့ခဲ့ရတဲ့၊ မနှစ်မြို့ခဲ့ရတဲ့ အမည်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင် စီ တက်လာကတည်းက ဗကသဟာ မြေအောက်အဖွဲ့အစည်းဖြစ်ခဲ့တာပါ။ ၁၉၈၈၊ သြဂုတ် ၂၈ မှာ ဗကသဟာ ထင်ထင်ရှားရှား ပြန်ပေါ်လာခဲ့ပါတယ်။ ၂၀၀၇ မှာ မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းခဲ့ကြတယ်။ စစ်အာ ဏာရှင်တွေအနေနဲ့ ဘယ်လောက်ပဲ နှိပ်ကွပ်နှိပ်ကွပ်၊ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ခုချိန်ထိ ပျောက်ပျက်မသွား ခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ ဗကသဟာ အာဏာရှင်တွေ အသိအမှတ်ပြုရေးထက် ပြည်သူတွေရင်ထဲက အသိ အမှတ်ပြုရေးကိုသာ ဦးထိပ်ထားခဲ့လို့ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကြိုကာလ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အတိုက်အခံအင်အားစုများနဲ့ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ အန်အယ်လ်ဒီရဲ့ ပြတ်သားတဲ့ နိုင်ငံရေး လမ်းကြောင်းလို့လည်း ကိုးစားခဲ့ကြပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုများက ထောက်ခံရပ်တည်ခဲ့ ကြလို့လည်း စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို အပြီးတိုင် ပယ်ဖျက်လိုသော်လည်း မပယ်ဖျက်နိုင်ဖြစ်ခဲ့ရတာ ပါ။ အန်အယ်လ်ဒီဟာ မှတ်ပုံမတင်သော်လည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရပ်တည်နိုင်ခဲ့ပါတယ်။

ပါတီမှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေ စီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေကို မပြုပြင်နိုင်ဘဲလက်ခံခြင်းဟာ တိုင်းပြည်အပေါ် စစ်ကျွန်ပြုမယ့် စစ်အုပ် စုရဲ့သဘောထားနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။

စစ်အုပ်စုကအသိအမှတ်ပြုမှ ရပ်တည်ရတဲ့ အန်အယ်လ်ဒီဆိုတာထက် ပြည်သူတွေရင်ထဲက အန်အယ်လ်ဒီ သာ ဖြစ်စေလိုပါတယ်။

ကိုမိုးကောင်း
၁၆၊ နိုဝင်ဘာ၊ ၂၀၁၁
(ကိုမျိုးမြင့်ဖေ့စ်ဘွတ်ခ်မှ ...)

12 comments:

International Youth Fellowship said...

I think it is good to see Burmese work together in peace. NLD also Burmese, and government also Burmese. So, there is nothing to be against for. Or else, Burmese Government would never get on the chair of ASEAN without the help of DASSK. I am Kachin but have to understand for Burman business. Everyone want peace. I am happy for Burmese, finally get to peace and no more political prisoners. Finally, ASSK also can compete in election again. But...

Nga Sanay said...

တောထဲမှာ လက်နက်ကိုင်စဉ်ကရော၊ ကျောင်းသားအဖွဲ.အစည်းထဲမှာရော၊ အတူလက်တွဲ လုပ်ကိုင်ခဲ့တဲ့ ရဲဘော်တချို.ဟာ စစ်အာဏာရှင်ကို မနိုင်နိုင်တော့ဘူးဆိုတဲ့ မသိစိတ်ထဲမှာ အရှုံးတရားကို လက်ခံမှန်းမသိ လက်ခံသွားခဲ့ဋ္ဌကတယ်။
လုပ်နေလို.လည်း မထူးတော့ပါဘူး၊ ဘာမှဖြစ်မလာတော့ဘူးလို. ပြောလာခဲ့ဋ္ဌကတယ်။ ဒိထက်ဆိုးတာက စစ်အာဏာရှင်နဲ. ပေါင်းပြီး ကိုယ်ကျိုးရှာ ချမ်းသာအောင် စီးပွားရေး အတူတူလုပ်မယ်ဆိုတဲ့အထိ မရှက်မဋ္ဌေကာက် ပြောရဲလာခဲ့ဋ္ဌကတယ်။

ကိုမိုးကောင်းရေးသလိုဘဲ စစ်အုပ်စုကို ငါတို.မနိုင်တော့ဘူးဆိုတဲ့သူတွေ ရှိမှန်းမသိရှိလာဋ္ဌကတယ်။

ကျနော်တော့ အဲဒီလို မခံယူနိုင်ဘူး။
ကျနော်တို. နိုင်ကိုနိုင်မယ်။ မလုပ်နိုင်စရာ ဘာမှမရှိဘူး။ မလုပ်နိုင်သေးတာဘဲ ရှိတယ်။ နည်းလမ်းတွေ၊ နုည်းဗျူဟာတွေ အများဋ္ဌကီးရှိသေးတယ်။
ကဘာ့ရေစီးဋ္ဌေကာင်းကို ဋ္ဌကည့်ရင် အာဏာရှင်တွေ ပြုတ်ကျရုံသာမက အရင်းရှင်တွေပါ မျက်ခုံးလှုပ်နေတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာဘဲ ရှိတယ်။ လုပ်မဲ့သူတွေ လိုတယ်။ လုပ်ရဲသလို စွန်.လွှတ်ရဲတဲ့ လူငယ်တွေ အများဋ္ဌကီးလိုတယ်။ ခေါင်းကောင်းတဲ့ လူငယ်ခေါင်းဆောင်တွေကို မွေးရမယ်။
ချွတ်ချုံကျနေတဲ့ နိုင်ငံရေးလုပ်စားသူတွေ၊ ကိုယ်သာဆိုးတွေကို ဖယ်လိုက်ရင် လိုချင်တဲ့ တိုက်ပွဲပုံစံကို ဖေါ်လို.ရလာမယ်။

စစ်အာဏာရှင်ဟာ ခံစစ်ဘက်ကို ရောက်နေပါပြီ။ တချက်မှားတာနဲ့ မျိုးကန်းသွားနိုင်တယ်။ သူ.ကိုကာကွယ်နေတဲ့ လက်နက်ကိုင်တပ်အချို. ဘက်ပြောင်းလိုက်တာနဲ. ကဒါဖီနောက်သို.ဆိုတဲ့ အမြန်ယဉ်ပေါ် တက်ပြီးသား ဖြစ်သွားမယ်။
ဆီးရီးယား ဋ္ဌကံမာငင်နေပြီ။ မြန်မာပြည်နဲ့ မအပ်စပ်ဘူးဆိုပြီး မထင်ပါနဲ.။ အာရပ်လှိုင်းရော၊ အရင်းရှင်ကဘာက Occupy Wall Street တွေ အရှိန်တက်ဆဲပါ။ ဒါတွေကို ဟာသလုပ်ပြီး အပြောင်တွေရေးနေတဲ့ သူတွေကို တွေ.နေရတယ်။ မသိတာလား။ နားမလည်တာလား။ မျက်စိစုံမှိတ် ညင်းနေတာလား။ အရှုံးသမားဘ၀ကို ခံယူသွားပြီလား။

ဒီမိုကရေစီအင်အားစုတွေဆက်မာပါ။ NLD မှတ်ပုံတင်သွားလည်း ဆက်မာဋ္ဌကရမယ်။ တိုင်းရင်းသားတွေ တောင့်ထားပါ။ မဝေးတော့မဲ့ အချိန်တွင်းမှာ ဋ္ဌကံ့ဖွတ်အစိုးရဟာ နိုင်ငံတကာ အလယ်မှာ ဘီလူးခေါင်းပေါ်တော့မယ်။ အကျအဆုံးများပြီး စိတ်ဓါတ်ကျနေတဲ့ တပ်မတော်သားတွေ ရှိနေပြီ။ ဘုန်းဘုန်းတို.လည်း မနေနိုင်တော့ဘူး။

အမှန်တရားဟာ ဘယ်တော့မှ မရှုံးဘူး။ ဒါပေမဲ့ အလကားတော့ မရဘူး။

ငစနေ

saw kt oo said...

ငစနေရူးနေလား လူမျိုးစွဲတိုင်းရင်းသားသူပုန်
တွေကိုအားကိုးနေတာလား

panchit said...

ကျနော့်အနေနဲ့ကိုငစနေပြောတာကိုထောက်ခံတယ်။လောကမှာမဖြစ်နိုင်တာမရှိပါဘူး၊မဖြစ်သေးတာပဲရှိတယ်ဆိုတာမှန်တယ်၊ဒီအတိုင်းငုတ်တုတ်ကြီးထိုင်နေမဲ့အစားအခြေခံကောင်းတွေပေါ်ထွက်လာတဲ့အနေအထားနဲ့လက်ရှိဖြစ်နေတဲ့ကမ္ဘာ့နိုင်ငံရေးပြောင်းလဲမှု့တွေရဲ့ရေးစီးအတိုင်းတိုက်ပွဲကိုဖေါ်ဆောင်တာကအကောင်းဆုံးနိုင်ငံရေးတိုက်ပွဲတစ်ခုပဲ။လက်နက်ကိုင်ပြီးတိုက်မှတိုက်ပွဲမဟုတ်ဘူး။ဒါမှအနှစ်သာရရှိတဲ့နိုင်ငံရေးတိုက်ပွဲ၊ဒေါ်အောင်ဆန်းစုကြည်ဟာဘယ်သောအခါမှပြည်သူကိုသစ္စာမမဲ့ဘူး၊ဘယ်သောအခါမှတိုင်းရင်းသားတွေကိုသစ္စာမဖေါက်ဘူးဆိုတာသိရင်သူလုပ်နေတာတွေကိုမကောင်းပါဘူးလို့ဘာမှကိုပြောစရာမလိုပါဘူး၊ဖြစ်သင့်တာကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်ကိုဝိုင်းရံပေးတာကအကောင်းဆုံးပဲ။

International Youth Fellowship said...

saw kt oo: For your information please look a bit to this video clip interview. http://youtu.be/aFAd-aCUhUo

Kyi said...

>Ta Tut
NLD အားလုံးလဲ ဗမာမဟုတ်ကြပါ။ လက်ရှိအစိုးရ (So called Thein Sein's Adiminstration ) အားလုံးလဲဗမာမဟုတ်ကြပါ။
ခုပြောနေကြတာဟာလဲ ဗမာအရေး၊လူမျိုးရေးမဟုတ်ကြပါ။
ဒီမိုကရေစီအရေး။ လက်ရှိမြန်မာပြည်မြေပုံပေါ်တွင်နေထိုင် ကြသူများအားလုံး၊ ဆက်လက်နေထိုင်လိုကြသူများအားလုံး ရဲ့အရေးကိုပြောနေကြတာသာဖြစ်ပါ တယ်။
စစ်အစိုးဟာ ဗမာအစိုးရမဟုတ်ပါ။
စစ်အစိုးရဟာ စစ်အစိုးရသာလျင်ဖြစ်ပါတယ်။
ဒါကို ရှင်းရှင်းလင်းလင်း၊ ကွဲကွဲပြားပြား သိမြင်ကြရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဖက်ဒရယ်မူစစ်စစ်လို့ကြွေးကြော်နေကြသူများပေါ့။
စာကြွင်း၊ စောကေသီဦးအမည်ခံစစ်အစိုးရဘက်တော်သားတွေဝင်နှောက်တာလောက် ခေါင်းထောင်ကြည့်စရာမလိုဘူးလို့ သိကြမယ်ထင်ပါတယ်။

Set Htun said...

Breaking News
ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်း၊ ကယား (ပူးပေါင်း) တို့၏ ဗဟိုဦးစီးအဖွဲ့ဝင် ၁၃ ဖွဲ့မှ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8648-nld-.html

burma said...

သိပ်တော်သိပ်တတ်နေကြရင်ဒေါ်အောင်ဆန်းစုကြည်နဲ့နေရာချင်းသာလဲလိုက်ကြပါတော့...နိုဘယ်ဆုကြီး ကျနော့်ပေးပါတော့လို့ပြောလိုက်...နိုင်ငံခြားမှာနေပြီး သိပ်လေပစ်မနေကြနဲ့...ပြည်သူတွေကိုကြည်ဦးလေ..သူများပေးစာ ကမ်းစာ တွေစာြးုပီးနေတဲ့သူတွေအများကြီးဖြစ်နေပြီး..ခင်ဗျားတို့ဘာလုပ်ပေးနိုင်မလဲ...ငတ်နေ ချို့တဲ့နေတဲ့သူတွေကို..တိုင်းရင်သားဘ၀တွေ စစ်ပြေးဘ၀တွေကို...ချင်ဗျားတို့ဘာလုပ်ပေးမှာလဲ..လျှောက်အော်မနေနဲ့ ၉၀ ရလဒ်တွေကို...ခုချိန်မှာပြည်သူတွေအတွက်စဉ်စားပေးပါ...ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာ အဆိုးလားအကောင်းလား ချင်ဗျားသိနိုင်မယ်ဆိုရင် သိပ်စကားမများပါနဲ့ဗျာ..အကောင်းဆုံးဖြစ်အောင် ကူညီကြပါ.....

Nga Sanay said...

Comment ရှင် burma သို.။

ဒေါ်စုကို လေးစားပါသည်း။သို.သော် သူမသည် တန်ခိုးရှင် မဟုတ်ပါ။ ကျနော်တို. ခင်ဗျားတို.ကဲ့သို. သာမန်လူသားတဦးဖြစ်ပါသည်။ လုပ်ရပ်တွေထဲမှာ အမှန်တွေရှိသလို၊ အမှားတွေလည်းရှိနိုင်ပါသည်။ မှန်သည် မှားသည်များကို အချိန်အခါ ခေတ်အခါလိုက် ပေတံနဲ.နှိုင်းဋ္ဌကည့်ပြီး မှန်ခဲ့သည် မှားခဲ့သည်ဟု ဝေဖန်သူများက သုံးသပ်ပါလိမ့်မည်။

ဒီမိုကရေစီနိုင်ငံတော် အဆင့်သို. ရောက်လာပါက ဒေါ်စုကို ယှဉ်ရွေးမဲ့ ခေါင်းဆောင်သစ်တွေ ပေါ်လာပါလိမ့်မည်။ သို.မဟုတ်ပါက မြောက်ကိုးရီးယားက ကင်အီစွန်းတို.လို၊ ယခင် ယူဂိုစလားဗီးယားက မာရှယ်တီးတိုးတို.လို ရာသက်ပန် မသေမချင်း ခေါင်းဆောင်မျိုးဖြစ်သွားမှာပေါ့။ တိုင်းပြည်ကယ်တင်ရှင် အင်ဒိုနီးရှားက ဆုကာနိုတောင် ပြုတ်ထွက်သွားဘူးသေးတာဘဲ။ ဒီမိုကရေစီဆိုတာ အင်မတန်ကျယ်ဝန်းသလို ပြည်သူကလည်း သူ.ထက်သူတော်တဲ့ လူကို ရွေးချုယ်ဋ္ဌကတာဘဲ။ အတက်အကျ သိပ်မြန်ပါတယ်။

လူ.ဘ၀ရဲ့ အတက်အကျနဲ. အချိန်အခါကို ဒေါ်စု ကောင်းကောင်းနားလည်ပါသည်။ ဒေါ်စုကဲ့သို. ပြည်ပအနောက်နိုင်ငံတွေမှာ ပညာတွေသင် တိုင်းပြည်အတွက် လေ့လာနေသူတွေ အများဋ္ဌကီးရှိပါသည်။ ထိုအထဲမှာ ဒေါ်စု ၈၈၈၈ အရေးတော်ပုံ မတိုင်ခင်က မလုပ်ခဲ့ဘူးတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲ နွှဲခဲ့သူတွေ ပါကောင်းပါနိင်ပါသည်။ အခွင့်အရေး ရခဲ့လျှင် ထိုသူများ မြန်မာပြည် ပြန်ရောက်လာဋ္ဌကပါမည်။

ပြည်ပရောက်နေသူတိုင်း ပေးစာကမ်းစာ စားနေသူမဟုတ်ပါ။ ကိုယ်လုပ်စာကိုယ်စားပြီး တတိယနိုင်ငံတွေကို ရောက်လာတဲ့ NLD တွေအပါအ၀င် တိုင်းရင်းသားတွေကိုပါ ကူညီနေတဲ့ လုပ်ငန်းတွေမှာ လုပ်နေတဲူသူ အများဋ္ဌကီး ရှိပါတယ်။ အဝေးကပြည်သူကို ကိုယ့်လုပ်စာနဲ. ကူနေသူတွေ အဖို. ထိထိရောက်ရောက် မကူနိုင်ပေမဲ့ ပြည်ပရောက်သူတွေကိုတော့ အတိုင်းအတာ တခုထိ ထိရောက်မှုရှိအောင် ကူနိုင်တယ်ဆိုရင် မမှားပါဘူး။

ကွာခြားချက်တွေရှိပါသည်။ ပြည်ပကို ရောက်လာခါစ ပြည်တွင်းကလူတွေနဲ. ပြည်ပမှာ အနေဋ္ဌကာတဲူသူတွေ သဘောထားခြင်းမတူပါ။ ၁ နှစ် ၂ နှစ်ဋ္ဌကာလာတော့မှ နားလည်မှုရလာတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ပြည်တွင်းက လူတွေနဲ. ပြည်ပမှာ အနေဋ္ဌကာတဲ့ သူတွေဋ္ဌကားမှာ ညှိဘို.က အတော် အချိန်ဋ္ဌကာပါလိမ့်မယ်။ မတူညီတဲ့ အတွေ.အဋ္ဌကုံတွေ။ အမြင်တွေဟာ တခြားစီပါ။ ပြည်ပရောက်ပြီး မြန်မာစာကို မေ့သွားချင်ဟန်ဆောင်တဲ့ လူတန်းစားကို ပြောနေချင်း မဟုတ်ပါ။

တိုင်းချစ်ပြည်ချစ်စိတ်နဲ. ပြည်ပမှာလေ့လာသင်ဋ္ဌကား ကူညီနေပြီး၊ အမိနိုင်ငံအတွက် အုပ်တချပ် သဲတပွင့် ပါဝင်မဲ့ သူတွေကို ပြောနေတာပါ။

အချုပ်ပြောရရင် ပြည်သူတွေက ဒီလမ်းဋ္ဌေကာင်းကိုမှ ရွေးတယ်ဆိုရင် ကျနော်တို. အနေနဲ. ပြောစရာမရှိပါ။ အဝေးကပေမဲ့ ကဘာ့မြန်မာ့ အရေးကို လေ့လာလှုပ်ရှားနေသူများ အနေဖြင့် သက်ပြင်းချရုံသာ ရှိပါတယ်။
ရှေ.ခရီးဆက်စရာတွေ အများဋ္ဌကီးရှိပါသေးတယ်။

အဝေးက
ငစနေ

International Youth Fellowship said...

Do you want to say that NLD and Government is not Burmese? Then who are they represent lol. I just hope Burman build a strong country like before in history. So that Kachin may also can live in peace. That's what I thought.

Kyaw Zin said...

အခွင့်ကြုံသည်ဖြစ်စေ၊မကြုံသည်ဖြစ်စေ ဗမာမုန်းတီးရေးတော့ ၀င်ပြောလိုက်အုံးမှလို့ သဘောထားရှိသူတွေ အတော်များသားပါလား။
ပြောသမျှထဲမှာ လူမျိုးရေးမပါဘူးလို့ငြင်းချင်လဲငြင်းပါ။
ုငြင်းချင်လို့ငြင်းတာပဲ၊ဘာဖြစ်လဲ။
အမုန်းကို အမုန်းနဲ့ခြေဖျက်ဖို့ကြိုးစားတဲ့အခါ ဘာရပါသလဲ။
ဒီလိုပြောတော့မင်းတို့က..ငါတို့ကို ဘယ်လိုလုပ်ခဲ့တာ..
ငါတို့က ဘယ်တော့မှ...
ဆိုပြီးထိုးလာမဲ့လက်ညှိုးတွေ ခုထဲကမြင်ပါတယ်။
ကျွန်တော် မခံစားခဲ့ရလို့ပေါ့ပေါ့လေးပြောတာမဟုတ်ကြောင်း၊ မုန်းတီးမှုမျက်မှန်စိမ်းကိုချွတ်နိုင်သူမှန်သမျှသိကြမှာပါ။
ကျွန်တော် ဗမာပါ။
ကျွန်တော့်မှာ အရင်ကရော၊ခုထိရောတိုင်းရင်းသားပေါင်းစုံ သူငယ်ချင်း၊မိတ်ဆွေ၊လုပ်ဖေါ်ကိုင်ဖက်၊ဆရာသမား၊တပည့်၊ဆွေမျိုး။ အများကြီးရှိပါတယ်။ သူတို့ကို ငါ့ရန်သူတွေလို့တခါမှမမြင်ခဲ့ဘူး။သူတို့က ကျွန်တော့်ကိုရန်သူလိုသဘောထားမယ်လို့လဲတခါမှမတွေးခဲ့ဘူး။ သူတို့တွေကလဲကျွန်တော်နဲ့တသဘောထဲပဲလို့ယုံတယ်။
ခင်ဗျားတို့ကကော..

taw thar gyi said...

နိုင်ကိုနိုင်ရမယ်လို့..ပြောနေတဲ့..သူက..ဘယ်ကနေပြောနေတာပါလဲ..ပြည်တွင်းထဲကဆိုရင်..စဉ်းစားပေးပါမယ်..ပြည်ကနေပြီ..သတ္တိပြနေပြီ..ပြည်တွင်းက..နေတကယ်လုပ်နေတဲ့..သူတွေကို..ဘာလုပ်လိုက်ပါလား..ညာလုပ်လိုက်ပါလားနဲ့...ပြည်တွင်းထဲကလူတွေက..အရူးတွေမဟုတ်ဘူး..