Monday, June 15, 2009

Virus Warning!!!

ပေးပို့ - အောင်မျိုးသိန်း
လတ်တလော မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် Funny Virus သည် ဝင်းဒိုး အစိတ်အပိုင်းများကို ဖျက်ဆီးနိုင်သည်အထိ အဖျက် စွမ်းအား အလွန်ကောင်းကြောင်း ကွန်ပျူတာပညာရှင်များက ပြော သည်။ ၎င်း Virus မှာ မေလလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန်ခေတ်စားနေပြီဖြစ် ကြောင်း ကြားသိရသည်။

Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တ ပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်းများ ပျက်စီးသွားမည် ဖြစ်ကြောင်း ရန်ကုန် ICT Park တွင် အလုပ်လုပ်သည့် ကွန်ပျူတာပညာရှင်တဦးကဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့် အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။

ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခုပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကို ဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေးတယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေး ထားကြောင်း၊ ဖြေလိုက်သည်နှင့် တပြိုင်နက် စက်ပိတ်သွားကြောင်း ၎င်းက ရှင်းပြသည်။

“Win32.Autorun.fzk ဆိုပြီး နာမည်ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့ သွားပြီ။ အများဆုံးထိတာ အင်တာနက်ကဖေးတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။ ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပ ညာရှင်များ ပူးပေါင်းဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။ “kaspersky လို့ ခေါ်တဲ့ Virus သတ်တဲ့ ဆော့ဖ်ဝဲတခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန်အကန် ဝယ်ပြီး သတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ် နိုင်တာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။

အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာများကို ယူဆောင်လာ ကာ အသုံးပြုတတ်သောကြောင့် ၎င်းပြင်ပကွန်ပျူတာများမှတဆင့် ဆိုင်များသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးဆိုင်တဆိုင်မှ သိရသည်။ ထို့ပြင် KMD ကွန်ပျူတာစင် တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကို သတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုး ပေါ်ပေါက်ခဲ့ဖူးသည်။ ၎င်း Virus ကြောင့် အင်တာနက်ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူ တာများ ပြဿနာတက်ခဲ့ရသည်။

No comments: