Monday, June 15, 2009

ရှေ့နေရုံး တိုက်ခန်းများအား စီးပွားရေးလုပ်ငန်းရှင် ဦးထူးရီနှင့် အာဏာပိုင်များ ပူးပေါင်း၍ ခြိမ်းခြောက်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၈၃)၊ ပန်းဆိုးတန်းလမ်း အဆောက်အဦသည် အမှုလိုက်ရှေ့နေ အများအပြား ရုံးစိုက်ရာ အဆောက်အဦ ဖြစ်ပါသည်။ ယခုအခါ စီးပွားရေးလုပ်ငန်းရှင် ဦးထူးရီနှင့် အာဏာပိုင် များ ပူးပေါင်း၍ မည်သည့် အကြောင်းပြချက်မျှမပါ ပူးတွဲပါစာဖြင့် ပိုင်ဆိုင်ခွင့် စစ်ဆေးရန်အတွက် ယင်းအ ဆောက်အဦတွင် နေသူများ၊ အမှုလိုက်ရှေ့နေများအား အကြောင်းကြားခဲ့ပါသည်။

ယင်းအဆောက်အဦအား အဆောက်အဦ ပြန်လည်တည်ဆောက်ရန်အတွက်ဟု ဆိုသော်လည်း မည်သည့်အ ခြေခံပိုင်ဆိုင်ခွင့် အခွင့်အရေးများ ပေးမပေးကိုမူ လက်တွေ့ကျကျ မသိရကြောင်း ယင်းတိုက်ခန်းများတွင် နှစ် ပေါင်းများစွာ နေသူတဦးမှ ပြောကြားသည်။

ယင်းတိုက်ခန်းများတွင် နှစ်ပေါင်းများစွာ နေသူများနှင့် အမှုလိုက်ရှေ့နေများ၏ အသိုက်အမြုံ တည်ငြိမ်ရေး၊ အ သက်မွေးမှု ဘေးအန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှု စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေကြရသည်။ အမှု လိုက်ရှေ့နေ အများအပြားသည် စစ်အစိုးရနှင့် အာဏာပိုင်များ၏ ခြိမ်းခြောက်ဖမ်းဆီး ဖိနှိပ်မှု ဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေကြရသည်။

No comments: