Wednesday, April 1, 2009

အေဒီ နှစ်ထောင့်တဆယ်

အေဒီ နှစ်ထောင့်တဆယ်
ငြိမ်းဇေဦး

အလျော်အစားကတော့
အနာဂတ်နဲ့ ၀ိဉာဉ်ပဲ ...။

ငြိမ်ပေမယ့်
လိမ်နေတဲ့ကောင်

ယုတ်ပေမယ့်
ဟုတ်နေတဲ့ကောင်

ညာပေမယ့်
သာနေတဲ့ကောင်

ထူပေမယ့်
အူနေတဲ့ကောင်

ကြံပေမယ့်
မဟန်လေတဲ့ကောင်

ပုပ်ပေမယ့်
မြုပ်မနေတဲ့ကောင်

ဟောဒီဂျင်ဝိုင်းမှာ
ကြိုက်ရာကိုထိုး
သောက်ကျိုးနည်း
ခြောက်မျိုးထဲ ...။ ။

ငြိမ်းဇေဦး

No comments: