Thursday, April 2, 2009

ဂျာခိုင်ရဲ့ ပေးစာ (၁-၄-၀၉)

အယ်ဒီတာခင်ဗျား ...
ကျွန်တော်က ကချင်တိုင်းရင်းသားလေး တယောက်ပါ။ ကျွန်တော်တို့ ကချင်ကလေးငယ်တွေအကြောင်း စဉ်း စားမိရင် စိတ်မကောင်းလွန်းလို့ ကျွန်တော့်ဆီကို ရောက်နေတဲ့ ဒီစာလေးကို ပို့ပေးလိုက်တာပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့ အချိန်ကစပြီး မင်းတို့တွေ အေးအေးချမ်းချမ်း ကောင်း ကောင်းမွန်မွန်နဲ့ နေရအောင်လို့ ငါတို့လုပ်နေတာလို့ ပါးစပ်က အမြဲပြောနေပေမယ့် ... ကျွန်တော်တို့ လိုင်ဇာ မှာတော့ ဥပဒေမဲ့ နေရာကြီးလိုဖြစ်နေပါပြီ။ ကျွန်တော်တို့လို ရိုးရိုးသားသား နေထိုင်သူတွေအတွက်တော့ ၀မ်း ၀အောင် မနည်းရုန်းကန်နေရပါတယ်။ လိုင်ဇာမှာ ဆေးသုံးတဲ့ သူတွေကလည်း ပိုများလာပြီး အာဏာပိုင်တွေ ကလည်း မသိချင်ယောင်ဆောင်နေကြပါတယ်။ ကျွန်တော်တို့ ကချင်ကလေးငယ်တွေက အရွယ်ရောက်လာ ပြီဆိုတာနဲ့ ဆေးသုံးတာ ဘာမှမဆန်းတဲ့ အလုပ်တခုလို့ မြင်နေကြပါတယ်။ ဒီစာလေးကိုဖတ်ပြီးရင် ကျွန်တော် တို့တွေ ဘယ်လိုဘ၀မျိုးကို ရောက်နေပြီဆိုတာ စာနာမိမှာပါ။
ပေးပို့သူ - ဂျာခိုင်

No comments: