ရွှေဘိုမြင်းကို ကျုပ်တို့ပိုင်တယ်မောင်လွမ်းဏီ
သရုပ်ဖော်ဂုဏ်ပြု - ပန်းချီမင်းကျော်ခိုင်
“ဇော်ဂျီက ဂေါ်ကီဆိုရင်
တင်မိုးက ဗင်ဂိုးတဲ့လား ဟား ဟား ဟား
ကြည်လင်ဆိုတာ လီနင်ကွ
င၀က်ရ” ...။
ပါးမှာကပ်တဲ့ စကားပြောခွက်တွေ
နားမှာရပ်ထားတဲ့ သတ္တုပြားတွေ
ဒီရေစီးသလို မြည်မြည်လာ
အောက်မေ့ဖွယ်အခမ်းအနားတွေ ကျယ်ကျယ်လာ
ဝမ်းနည်းမှတ်တမ်းတွေ ထူထူလာ
အမှတ်တရပစ္စည်းတွေ များများလာ
ရုပ်သံလှိုင်းမှာ အရုပ်တွေက သစ်သစ်လာ
ကဗျာတံတိုင်းတွေ ပြိုပြိုလာ
အိပ်မက်တွေက ခြောက်ခြောက်လာ
ယုံကြည်တာတွေက ယုံယုံလာ
ငန်းရိုင်းတွေက ပျံပျံသွား
ပျံတာတွေပဲ တွေ့တွေ့နေရတော့မှာလား။
အမေက
ဘဂျမ်းကို
သွားနှင့်တော့ တင်မိုးရေ ... တဲ့။
အမေ့ခေါင်းကို
ရအောင်တောင်းတာ
ကြည်လင်ဆိုတဲ့ ကြည်အောင်ကွ။
ဦးလေးလှနဲ့ အမေလမ်း
ဘဂျမ်းတို့လမ်း၊ လူထုလမ်း
စောလွင်လည်းလိုက်၊ စွမ်းရည်လိုက်
ပေါ်ဦးသက်လိုက်၊ ၀င်းဖေလိုက်
သိန်းနိုင်လည်းလိုက်၊ ဖိုးသံလိုက်
ဝင်းတင်လည်းလိုက်၊ စုစုလိုက်
အညာလည်းလိုက်၊ အကြေလိုက်
တောင်ပေါ်လည်းလိုက်၊ မြေပြန့်လိုက်
တိုက်ပွဲခေါ်လိုက်၊ မျိုးဆက်လိုက်။
ငါလိုက်ခဲ့ပြီ ဘဂျမ်းရေ ...
ဦးလေးနဲ့လည်း တွေ့တာပေါ့
အမေနဲ့လည်း တွေ့ပြီပေါ့။
ငါထားခဲ့ပြီ ဘဂျမ်းရာ
ကဗျာ၊ အမြွှာ၊ အညာ၊ တမာ
နံ့သာသေတ္တာ၊ လမင်းတရာ။
မင်းမှတ်မိလား
ညွန့်ကြူးရေးတာ
ကဗျာဆရာသေသောခါ
မသာပို့သူ .......
‘ဆရာကို’
ရွှေဘိုမြင်းကို
အင်းဝပြန်ပို့ပေးပါနော်။ ။
မောင်လွမ်းဏီ
(၂၈၊ ၃၊ ၀၉)










2 comments:
Well !!!!!!!!!! Its really good.
It's so Red, not fit for modern world
Post a Comment