Thursday, November 8, 2007

စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန်အတွက် ပြည်သူများအား တပ်လှန့်သတိပေးခြင်း

အောင်မြင့်

မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများခင်ဗျား …

ကုလ ကိုယ်စားလှယ် ဂန်ဘာရီ အနေဖြင့် ယနေ့အထိ သန်းရွှေကို တွေ့ခွင့်မရသေးပါ။ ယင်းမှာ မိမိတို့ ကြိုတင် တွက်ဆထားသလိုပါပဲ။ ယခုအခါ သန်းရွှေတို့ အုပ်စု၏ ကမ္ဘာကို လိမ်ညာ ကြိုးပမ်းချက်များ ဘူးပေါ်သလို ပေါ်ရန် နီးစပ်လာပါပြီ။

ဂန်ဘာရီက သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲတွင် သူပါဝင်၍ သုံးပွင့်ဆိုင် ဆွေးနွေးရန် ကမ်းလှမ်းသော်လည်း စစ်အစိုးရက ပယ်ချခဲ့ပေသည်။ ပယ်ချပေမပေါ့။ သူတို့အတွက် ပြောချင်တိုင်း ပြောနိုင်ရန် သက်သေ မရှိစေချင်သည်က အကြောင်းရင်းတည်း။ သက်သေရှိလျှင် လိမ်ရခက်သည် မဟုတ်လော။

ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်း တဖြေးဖြေး မှေးမှိန် လာနေပါပြီ။ အဖြူအမည်း သဲကွဲစွာသိရပြီးလျှင် ငြိမ်းချမ်းစွာ ဆွေးနွေးရေး လမ်းစဉ်ကို စွန့်လွှတ်ရန် မှတပါး အခြားမရှိပြီ။
မြန်မာပြည်ကြီး သန်းရွှေကျွန်ဘ၀မှ လွတ်မြောက်ရန် ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။

မိမိ၏ ကိုယ်ပိုင် သုံးသပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁) ပြည်တွင်းက ကျွန်စနစ် ဆန့်ကျင်ရေး အုပ်စုများ ဆက်လက်၍ လျှို့ဝှက်စွာ တိုက်ပွဲဝင်ကြပါ။ မိမိတို့၏ ကျရောက်လာမည့် အန္တရယ်များအား သတိထား တိမ်းရှောင်ရန် အတွဲလိုက်သော်၎င်း တစ်ဦးချင်းသော်၎င်း ဆက်လက်၍ ဆန့်ကျင် လှုပ်ရှားကြပါ။
၂) ပြည်တွင်းမှ သံဃာတော်များ လမ်းပေါ်တွင် ဆန္ဒပြမှုများ ယာယီ ရပ်တန့်ကြပါ။ စစ်မှုထမ်းများ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် လူဆိုးဂိုဏ်းဝင်များအပေါ် သပိတ်မှောက် ကံဆောင်မှုကို ဆက်လက် တိုးမြှင့်ကြပါ။
၃ ) NLD ပါတီသည် ယခု စက္ကူကျားရုပ်သဖွယ် ဖြစ်နေသော်လည်း တရားဝင် ပါတီတစ်ရပ် အုပ်စုအနေဖြင့် ဆက်လက် ရပ်တည်ရန် လိုအပ်ပါသည်။ သို့သော် ပြည်သူတွေ စိတ်ပျက်စရာ ကြေညာချက် ထုတ်ပြန်မှု များကိုတော့ ချင့်ချင့်ချိန်ချိန် ထုတ်ပြန်ရန် လိုအပ်ပါသည်။
၎ )နယ်စပ်ရှိ လက်နက်ကိုင် တပ်ဖွဲ့ များဖြစ်သော ကရင်၊ ကယား၊ ကချင်၊ ရှမ်း နှင့် ABSDF တို့ ပေါင်းစည်းပြီး လက်နက်ကိုင် တပ်ဦးဖွဲ့ စည်းရန် လိုအပ်လာပါပြီ။ အဓိက ဦးတည်ချက်မှာ မြန်မာနိုင်ငံနှင့် နိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး ဦးတည်သင့်ပါပြီ။
၅) ပြည်တွင်းရှိ နယ်စပ်ဒေသ အချို့ တွင် လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့များ စတင် ဖွဲ့စည်းသင့်ပါပြီ။ ယင်းတို့မှ ကြံဖွတ်၊ စွမ်းအားရှင်စသည့် လူဆိုးဂိုဏ်းများအား စတင် ဆုံးမသုတ်သင်ရန် အချိန်တန်ပါပြီ။ ယင်းနောက် ဗျူဟာမြောက်သည့် မြို့တမြို့နှစ်မြို့ စသည်ဖြင့် ထိုးစစ်ဆင် သိမ်းပိုက်၍ ခြေကုပ်စခန်း စတင် ယူရန် အချိန်တန်ပါပြီ။
၆) ပြည်တွင်းရှိ အကန့်အသတ်ဖြင့် လှုပ်ရှားရသူများ အနေဖြင့် ဒီမိုကရေစီ အင်အားစုများအား ထောက်လှမ်းရေး သတင်းထောက်ပံ့ခြင်း၊ ငွေပေးထောက်ပံ့ခြင်းနှင့် လက်နက်များ ရနိုင်ရန် နည်းလမ်းရှာခြင်းဖြင့် ကူညီကြပါရန် တိုက်တွန်းလိုပါသည်။
၇) ပြည်ပအင်အားစုများက အဓိက ငွေကြေး ထောက်ပံ့ကြရန် လိုပါသည်။ ပြည်တွင်း အင်အားစု များကို လိုအပ်သည့် ငွေကြေးနှင့် အဓိက လက်နက်များ ထောက်ပံ့ကြရန် စီစဉ်ကြပါ။
ဂ) ပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များက နိုင်ငံတကာ ဆက်သွယ်ရေး လမ်းကြောင်းများတွင် ပါဝင်လှုပ်ရှားကြရန် လိုအပ်ပါသည်။
၉) ပြည်ပ အဝေးရောက် အစိုးရအဖွဲ့အနေနဲ့ ယခုထက် ပိုလက်တွေ့ကျကျ ပါဝင်ပူးပေါင်း လှုပ်ရှား၍ အဖြေတစ်ရပ် ထွက်လာရန် ပြသင့်ပါပြီ။
၁၀) တပ်မတော် အတွင်းရှိ ပြည်သူတွေကို စာနာနားလည်သော အချို့ သော တပ်မတော်သားများ သာသနာကို စောင့်ရှောက်လိုသော သူများက စစ်ခေါင်းဆောင်တွေကို အခွင့်သာသည်နှင့် လုပ်ကြံရန် ကြိုးစားကြပါ။ ယင်းသည် သွေးထွက်သံယိုမှု အနည်းဆုံး ဖြစ်ပါလိမ့်မည်။
၁၁) ပြည်သူ တစ်ရပ်လုံးတို့သည် မိမိတို့ ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင် ကြရပါလိမ့်မည်။ ရရာလက်နက်များ စွဲကိုင်ရန် အာဏာရှင် စစ်အုပ်စုကို မကြာမီ တိုက်ပွဲဝင်နိုင်ရန် ဓားသွေး လှံဆေး ပြုကြရန် ကြိုတင်ပြင်ဆင် ထားကြစေလိုပါသည်။
အားလုံး ရရာလက်နက်ဖြင့် စတင် တော်လှန်ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

အောင်မြင့်

1 comment:

HAN said...

I,M REALLY AGREE WITH YOU KO AUNG MYINT .WE HAVE NO CHOICE,SO PLS EVERYONE DO SOMETHING FOR BURMA BEFORE "IF WORST COME TO WORST".(HAN)