Wednesday, September 26, 2007

နွံတောနှစ်တောထဲ စုန်းစုန်းမြုပ်တော့မည့်နအဖ

မီဒီယာမောင်

နွံ၏သဘာဝသည် လှုပ်လေမြုပ်လေဆိုသည့် သဘောရှိ၏။ မြန်မာပြည်သူပြည်သားများကို ရက်ရက်စက်စက် ဖိ နှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စုသည် နွံတောနှစ်တောတွင် နစ်မြုပ်ပြီး ဒုက္ခတွေ့လျက်ရှိ၏။ ထိုနွံတောနှစ် တောမှာ ပြည်သူလူထု၏ အမုန်းနွံတောနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အယုံအကြည်ကင်းမဲ့မှု နွံတောတို့ဖြစ် ၏။ နအဖစစ်အုပ်စုသည် ထိုနွံတောနှစ်တောထဲမှ ရုန်းထွက်နိုင်ရန် သူတို့တွင်ရှိသမျှ ဥာဏ်နီဥာဏ်နက်မျိုးစုံနှင့် အ စွမ်းကုန်ကြိုး ပမ်းလျက်ရှိချေ၏။ သို့သော် လှုပ်လေမြုပ်လေ ဖြစ်နေ၏။ ရှင်းလေရှုပ်လေ ဖြစ်နေ၏။ ဦးနင်းပဲ့ ထောင် ပဲ့နင်းဦးထောင် ဖြစ်နေ၏။ တနည်းအားဖြင့် ဖိနှိပ်ရက်စက်ခဲ့ခြင်းနှင့် လိမ်လည်လှည့်ဖျားခဲ့ခြင်း ဒဏ်တွေ ကို စုပြုံခံနေရသည့်သဘောပင် ဖြစ်၏။ (၁၈-၇-၀၆)နေ့က ပြုလုပ်သည့် (SSA-S)မှ မိန်းစင်နှင့်အဖွဲ့ လက်နက် ချသည့် သတင်းစာရှင်းလင်းပွဲဆိုလျှင် အလွန်အမင်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကိုတွေ့ရ၏။ တိုက်ရိုက်သ တင်းစာရှင်းလင်းပွဲဟုဆိုငြား ဗိုလ်ကျော်ဆန်း ပါးစပ်ပေါက်လှုပ်သည်ကတခြား တယ်လီဗေးရှင်းမှ ထွက်ပေါ်လာ သည့်အသံကတခြား ကပေါက်ချိကပေါက်ချာ ဖြစ်နေ၏။ ယုတ္တိရှိရှိ လိမ်ညာနိုင်စွမ်းပင်မရှိ ဖြစ်နေတော့၏။ သ တင်းထုတ်ပြန်ရေးနှင့် ပတ်သက်၍ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဆိုသူ၏ နှုတ်ထွက်စကား တွေကိုပင် ဆင်ဆာဖြတ်နေသည်မှာ ထင်ရှားပေါ်လွင်နေပြီဖြစ်၏။ ထိုသို့ နအဖ၀ါဒဖြန့်ချိရေးယန္တရား ကစဥ့်က လျားဖြစ်နေရခြင်း၏ အကြောင်းတရားများကို စေ့ငုကြည့်ရာ အောက်ပါအချက်တို့ကို အထင်းသားတွေ့ရ၏။

(၁) ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းပြီး လက်နက်အားကိုးနှင့် အာဏာကိုရယူခဲ့ခြင်း (သို့) ပြည် သူလူထုက စစ်တပ်ကို အလွန်အမင်းမုန်းတီးနေခြင်း

နအဖစစ်အုပ်စုသည် ၁၉၈၈ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် အာဏာသိမ်းခဲ့ချိန်မှစ၍ အပြစ်မဲ့ပြည်သူများ ကို ရက်စက်စွာ သတ်ဖြတ်နှိမ်နင်းခဲ့ခြင်း၊ (၁၇)ကျော်ကာလ တလျှောက်လုံးတွင်လည်း ပြည်သူလူထုကို ဆက် လက် ဖိနှိပ်အုပ်ချုပ်နေခြင်းတို့ကြောင့် ပြည်သူလူထုနှင့် စစ်တပ်အကြား အမုန်းတရား၊ အာဃာတများ အလွန်တ ရာကြီးမားခဲ့၏။ ‘စစ်’ဆိုသည့်စကားကိုပင် မကြားချင်လောက်အောင် လူထုက စစ်တပ်ကို ရွံမုန်းသွားခဲ့၏။ ထိုသို့ ဖြစ်နေချိန်တွင် နအဖစစ်အုပ်စုက ရှိရှိသမျှသတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားအားလုံးကို မောင်ပိုင်စီးပြီး ထိုမီဒီ ယာများမှနေ၍ ‘တပ်မတော်ဖြိုခွဲသူတို့ရန်သူ’၊ ‘တပ်မတော်သာအမိ တပ်မတော်သာအဖ’၊ ‘ဘေးပြောတာကိုမယုံနဲ့ သွေးပြောတာကိုယုံ’၊ ‘ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်’ဟု မျက်စိရောနားပါ နောက်လောက်အောင် ၀ါဒဖြန့် ချိနေခြင်း၊ ဒို့တာဝန်အရေးသုံးပါး၊ စစ်သည်တေး၊ စစ်ချီတေးများကို တရစပ် ထုတ်လွှင့်နေခြင်းသည် ပြည်သူလူထု ကို ပို၍အမျက်ဒေါသ ထွက်စေခဲ့၏။ ထို့အတွက် ပြည်သူလူထုက သူတို့ထုတ်ဝေသည့် သတင်းစာများကို ရေအိမ် သုံးစက္ကူအဖြစ် အသုံးပြုကြ၏။ စစ်သီတေး စစ်ချီတေးများ၊ ၀ါဒဖြန့်ချိရေး ကြွေးကြော်သံများ၊ သီချင်းများ လာနေ ချိန်တွင် ရေဒီယို၊ တယ်လီဗေးများကို နားဆင်ကြည့်ရှုခင်းမရှိဘဲ ပိတ်ထားကြ၏။ ထိုထိုသော နည်းလမ်းများဖြင့် န အဖအုပ်စိုးမှု ကာလတလျှောက်လုံး တိတ်တဆိတ် ဆန္ဒပြခဲ့ကြ၏။

(၂) လက်တွေ့တွင် ဖြစ်ပျက်နေသည်များနှင့် မီဒီယာတွင် ဖော်ပြသည်များ ကွာဟမှု ကြီးမားလွန်းခြင်း (သို့) သ တင်းအမှောင်ချမှန်း၊ လိမ်လည်လှည့်ဖျားနေမှန်းကို ပြည်သူလူထုက သိမြင်ခြင်း

မည်သည့်သတင်းကို ဖော်ပြသည်ဖြစ်စေ နအဖမီဒီယာများ၏ ရေးသားထုတ်လွှင့်မှုများသည် အဖြစ်မှန်နှင့် ကွဲလွဲ နေသည်က အများစုဖြစ်နေသည့်အတွက် ပြည်သူလူထုက အယုံအကြည်မရှိကြခြင်းဖြစ်၏။ ဥပမာ-ရုပ်မြင်သံ ကြားတွင်ပြသသည့် ကျန်းမာရေးဝန်ကြီး ဆေးရုံကို လှည့်လည်ကြည့်ရှု စစ်ဆေးသည့်သတင်းတွင် အစစအရာရာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးနေသည်ကို တွေ့မြင်ကြရသော်လည်း တကယ်လက်တွေ့ ဆေးရုံတက် သည့်အခါတွင် ဂွမ်းအစ အရက်ပျံအဆုံး အားလုံးကို အပြင်ဆေးဆိုင်များတွင် ၀ယ်ယူပြီး ကုသနေရခြင်း။ နအဖ စစ်ခေါင်းဆောင်များ လှည့်လည်စစ်ဆေးစဉ်တွင် သင်ထောက်ကူပစ္စည်း အပြည့်အစုံဖြင့် အပျံစား ပညာသင်ယူ နေကြပုံကို သားသားနားနား ရိုက်ကူး ထုတ်လွှင့်ပြသသော်လည်း လက်တွေ့တွင် တပြည်လုံးရှိ စာသင်ကျောင်း များ၌ သင်ထောက်ကူပစ္စည်းဟူ၍ မယ်မယ်ရရမရှိဘဲ ဖြစ်သလို ပညာသင်ကြားနေရခြင်း။ နအဖစစ်ခေါင်းဆောင် များ လာရောက်နှမ်းဖြူးသည့်အခိုက် အခွန်လွတ်ဈေးများတွင် ကုန်ပစ္စည်းများကို ဈေးသက်သက်သာသာနှင့် ရောင်းချပေးနေသည်ဟု မီဒီယာများတွင် ဖော်ပြသော်လည်း စစ်ခေါင်းဆောင်များ နှမ်းဖြူးပြီးပြန်သွားသည်နှင့် အ ပြင်ပေါက်ဈေးအတိုင်း ရောင်းချနေကြသည်ကိုသာ တွေ့ရခြင်း။ မီဒီယာများတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင် ငံတော်သစ်ကြီးဆီသို့ ချီတက်နေပါပြီဟု ကြွေးကြော် ၀ါဒဖြန့်နေသော်လည်း လက်တွေ့တွင်မူ ပြည်သူလူထု များ ရာစုကြီးမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စ သည့် ကဏ္ဍအသီးသီးတွင် အဖက်ဖက်မှ ချွတ်ခြုံကျနေသည်ကို ပြည်သူလူထုက ကိုယ်တွေ့ခံစားနေရခြင်း။ မီဒီ ယာများတွင် စစ်ခေါင်းဆောင်များက လာဘ်ပေးလာဘ်ယူမှုများကို ပြင်းထန်စွာအရေးယူမည်ဟု အသံကောင်း ဟစ်နေသော်လည်း တကယ့်လက်တွေ့တွင် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လာဘ်ငွေအ များဆုံးပေးနေရခြင်း … စသည့် အပြောတခြား လက်တွေ့တခြား ဖြစ်ရပ်များသည် နအဖ၀ါဒဖြန့်ချိရေးလုပ် ဆောင်မှုမအောင်မြင်ရခြင်း၏ အကြောင်းအရင်းတရပ်ဖြစ်၏။

(၃) ၁၉၉၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်မပေးဘဲ မျက်နှာပြောင်တိုက် ကာ ဆက်လက်အုပ်ချုပ်နေခြင်း (သို့) စစ်အုပ်စု၏ ကတိမတည်မှု၊ အာဏာမက်မောမှုကို လူထုကသိရှိခြင်း

ဤအချက်ကြောင့် နအဖ၏ ၀ါဒဖြန့်ချိရေးလုပ်ဆောင်မှုများကို ပြည်သူလူထုက အယုံအကြည်လုံးဝကင်းမဲ့ သွား ၏။ ကမ္ဘာ့အလယ်တွင် သူတို့ကိုယ်တိုင် ကျင်းပပြုလုပ်ပေးခဲ့သည့် ရွေးကောက်ပွဲကတိကို သူတို့ကိုယ်တိုင် ချိုး ဖျက်ကာ အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးခြင်းသည် နအဖအပေါ် ပြည်သူ လူထု အယုံအကြည်ကင်းမဲ့ခြင်း၏ အဓိကအချက်ဖြစ်၏။ ထို့အတွက် သူတို့ဘယ်လိုပင် ၀ါဒဖြန့်ဖြန့်၊ ဘယ် လောက်ပင် ၀ါဒဖြန့်ဖြန့် ပြည်သူလူထုက နားမယောင်တော့ဘဲ အမြဲတစေ ဆန့်ကျင်နေကြခြင်းဖြစ်၏။ တနည်း အားဖြင့် နအဖစစ်ခေါင်းဆောင်များကို ပြည်သူလူထုက လူလိမ်များအဖြစ် အပြီးအပိုင် မှတ်ယူခဲ့ကြခြင်းဖြစ်၏။

(၄) လူထုကကြည်ညိုလေးစားသည့် အတိုက်အခံခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များကို အသေရေပျက်အောင် အောက်တန်းကျသည့် အရေးအသားများဖြင့် ပုတ်ခတ်စွပ်စွဲရေးသားခြင်း (သို့) ပြည်သူ့ချဉ်ဖတ် အော့ကြောလန် များ၏ အခြေအမြစ်မရှိ ဖော်လံဖား အရေးအသားများကိုသာ အားကိုးဝါဒဖြန့်ချိနေရခြင်း

နအဖစစ်အုပ်စုသည် လူထုကကြည်ညိုလေးစားသည့် အတိုက်အခံခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များကို ဂုဏ် ရှိန်ညှိုးနွမ်းအောင် အောက်တန်းကျသည့် အရေးအသားများ၊ ဇာတ်လမ်းဇာတ်ကွက်များဖြင့် သူတို့ပိုင်မီဒီယာများ မှ ရေးသားထုတ်လွှင့်ခြင်းသည်လည်း ၀ါဒဖြန့်ချိရေး မအောင်မြင်ရခြင်း၏ အကြောင်းအရင်းတရပ်ဖြစ်၏။ ထိုသို့ စော်ကားမော်ကား ပြုလုပ်သည့်အတွက် (သူတို့မျှော်လင့်သလို အဆိုပါပုဂ္ဂိုလ်များ ဂုဏ်သိက္ခာညှိုးနွမ်းခြင်းမရှိဘဲ) စစ်အုပ်စုသာ ပြည်သူလူထု၏အမုန်းတရားကို တိုး၍ခံယူခဲ့ရလေ၏။ ထိုသို့အောက်တန်းကျသည့် အရေးအသား များ၊ ကာတွန်းရုပ်ပြောင်များ၊ ဇာတ်လမ်းဇာတ်ကွက်များဖြင့် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ကြိမ်ဖန်များစွာ ထိုးနှက်တိုက်ခိုက်ခဲ့၏။ မြန်မာ့ရုပ်မြင်သံကြားမှနေ၍လည်း ဝေမှိုင်းညိုဆိုသူက ဒေါ်ဂွက်ထော်၊ ဖိုးဖြူ၊ ဦးစံမတူ၊ ဦးပလာတာတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတရားပွဲကျင်းပပုံကို သရော် လှောင်ပြောင်သည့်သဘော ရိုက်ကူးထုတ်လွှင့်ခဲ့၏။ ထို့အတွက် ဒေါ်ဂွက်ထောက်၏ အိမ်သည် ရပ်ကွက်လူထု၏ ခဲနှင့်ပေါက်ခြင်းကိုခံခဲ့ရ၏။ ရိုက်ကူးခဲ့သည့် ဝေမှိုင်းညိုလည်း သူတရားသူစီရင်ပြီး နအဖမပြုတ်ခင်မှာပင် လူလိမ် အဖြစ်နှင့် ထွက်ပြေးပုန်းအောင်းနေရ၏။ ထိုသို့နအဖစစ်အုပ်စုအတွက် ၀ါဒဖြန့်ချိရေးဆောင်းပါးများ ရေးသားမှု၊ ၀ါဒဖြန့်ချိရေးဇာတ်လမ်းများတွင် ပါဝင်မှု၊ ၀ါဒဖြန့်ချိရေးသီချင်းများကို သီဆိုမှုကြောင့် ပြည်သူလူထု၏ အမုန်းပွားမှု ကို ခံယူခဲ့ရသည့် စာပေအနုပညာရှင်များလည်း အမြောက်အမြားရှိခဲ့၏။ ထင်ရှားသည့်သူများမှာ ဒေါက်တာမတင် ၀င်း(ပညာရေးတက္ကသိုလ်)၊ ကေတုနီလာ၊ ချစ်နိုင်(စိတ်ပညာ)၊ တက္ကသိုလ်မြတ်သူ၊ ဒေါက်တာမြမြ၀င်း၊ ကဗျာဆ ရာ မောင်ပန်းမွှေး၊ ညွန့်ဝင်း၊ စင်ရော်မောင်မောင်၊ အကော်ဒီယံအုန်းကျော်၊ ဟင်္သာတမြင့်ငွေ၊ မြတ်ခိုင်တို့ဖြစ်၏။

အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နည်းတူ အယ်ဒီတာဦးဝင်းခက်၊ စာရေးဆရာအောင်ဗလ၊ ဒါ ရိုက်တာဝင်းဖေ၊ အဆိုတော်မာမာအေး၊ ကဗျာဆရာတင်မိုး၊ ကဗျာဆရာမောင်စွမ်းရည်၊ စာရေးဆရာ အယ်ဒီတာ ဒေါက်တာတင်မောင်သန်း၊ စာရေးဆရာမောင်သာရ စသည့်ပုဂ္ဂိုလ်များကိုလည်း အောက်တန်းကျသည့် အရေးအ သားများဖြင့် သတင်းစာများတွင် ထိုးနှက်တိုက်ခိုက်ရေးသားခဲ့၏။ ယခုနောက်ဆုံးတွင် နတ်နေကိုင်းပါမချန်တော့ ဘဲ အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့် မန္တလေးမြို့မှ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာနှင့် အောင်ပန်းမြို့နေ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာတို့ကိုပါ သရော်မော်ကား အရေးအသားများ၊ ပစ်စာ များဖြင့် တိုက်ခိုက်လာသည်ကို တွေ့ရှိရ၏။ လူထုက ကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များကို ထိုသို့သော အောက် တန်းကျသည့် နည်းလမ်းများဖြင့် အပုပ်ချထိုးနှက်တိုက်ခိုက်ခြင်းသည် တနည်းအားဖြင့် လူထုကို စော်ကားခြင်းပင် ဖြစ်ပေ၏။ ထို့အတွက်ကြောင့် သူတို့၏ ၀ါဒဖြန့်ချိမှုမအောင်မြင်ဘဲ ဆန့်ကျင်ဘက်ရလဒ်အဖြစ် နဖစစ်အုပ်စုသာ လူထု၏ အကြည်အညိုပျက်ခြင်းကို ပို၍ပို၍ ခံနေရလေ၏။ ထို့အပြင် အများက အော့ကြောလန်နေသည့် လူယုတ် မာချဉ်ဖတ်များကို ၀ါဒဖြန့်ချိရေးယန္တရားတွင် အသုံးပြုနေရခြင်းသည်လည်း နအဖအတွက် ကျရှုံးမှုတခုဖြစ်၏။ ဥပ မာအားဖြင့်ပြောရလျှင် ကေတုနီလာလိုလူမျိုးသည် သူနေထိုင်ခဲ့ရာ မြို့လူထု၏ အော့ကြောလန်ချဉ်ဖတ်ဖြစ်ပြီး မြတ်ခိုင်လိုလူစားသည် စာပေလောကသားတို့၏ အော့ကြောလန်ချဉ်ဖတ် ဖြစ်နေခြင်းတို့ကြောင့် ဖြစ်၏။ တနည်း အားဖြင့် ထိုပုဂ္ဂိုလ်မျိုးတွေအား အခွင့်အရေးသမား၊ အလိုတော်ရိများအဖြစ် လူထုက သိမြင်နေကြခြင်းကြောင့် ဖြစ်၏။

နအဖအနေနှင့် ထိုသို့သော အားနည်းချက်အလီလီကို သိမြင်၍ အမှန်ပြင်ချင်သည် ဆိုငြားအံ့။ အမှားပေါင်း သောင်းခြောက်ထောင်၊ အမှုပေါင်းသိန်းသန်းမက ရှုပ်ထွေးပွေလီထားပြီး ဖြစ်သည့်အတွက် အချိန်က နှောင်းနေ ပေပြီ။ ကုရာနတ္ထိဆေးမရှိသည့် အေအိုင်ဒီအက်စ်ဝေဒနာသည်ကဲ့သို့ ထွက်ပေါက်မရှိသည့် စစ်အုပ်စု ဖြစ်နေပေပြီ။ ထို့အတွက် အေအိုင်ဒီအက်စ်ဝေဒနာသည်က သေခြင်းတရားကို စောင့်စားနေရသလို နအဖစစ်အုပ်စုသည် လည်း ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒဏ်ခတ်သည့် နွံတောနှစ်တောထဲတွင် စုန်းစုန်းမြုပ် မည့် အချိန်ကိုသာ စောင့်မျှော်ပါလေတော့ဟု တန်ရာတန်ရာစကား နောက်ဆုံးပြောကြားလိုက်ရပါ၏။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

No comments: