ဒေါက်တာလွဏ်းဆွေ
(၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
မြန်မာနအဖစစ်အာဏာရူးတစုရဲ့ အခြေအနေကတော့ တိုင်းသူပြည်သား အားလုံးကလည်း အလိုမရှိ၊ နိုင်ငံတ ကာအသိုင်းအ၀ိုင်း အားလုံးကလည်း လက်မခံ ဆိုသလို ဖြစ်နေတဲ့အတွက် ချောင်ပိတ်မိနေတဲ့ ခွေးတကောင်ရဲ့ အနေအထားမျိုးကို ဆိုက်ရောက်နေပါပြီ။ ခွေးမှ ရိုးရိုးခွေး မဟုတ်ပါဘူး။ ခွေးရူးပါ။ ချောင်ပိတ်နေတဲ့ ခွေးရူးက ပြန် ခံကိုက်ရင် အန္တရာယ်ဖြစ်နိုင်သလို နအဖစစ်အာဏာရူးတစုကလည်း လက်နက်ကိုင်ထားတဲ့ စစ်တပ်ကို လူ လည် ကျ စိုးမိုးထားတာဖြစ်တဲ့အတွက် သူတို့အုပ်စုကို စနစ်တကျပိုင်ပိုင်နိုင်နိုင် မဖယ်ရှားနိုင်ရင် တိုင်းပြည်ဟာ အချိန်မ ရွေး အန္တရာယ်ချောက်ကမ်းပါးထဲကို ကျရောက်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။
ချောင်ပိတ်မိနေတဲ့ ခွေးရူးကို ထွက်ပေါက်ပေးလို့ မရပါဘူး။ ထွက်ပေါက်ပေးလိုက်ရင် တွေ့ရာမြင်ရာလူကို လိုက် ကိုက်နေလို့ အားလုံးအတွက် ဒုက္ခများဖို့ပဲ ရှိပါတယ်။ အဲဒီအတွက် ချောင်ပိတ်မိနေတဲ့ ခွေးရူးကို အမိအရ ဖမ်းဆီး ပြီး အပြတ်ရှင်းပစ်တဲ့ နည်းလမ်းသာ အားလုံးအတွက် အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ခွေးရူးနဲ့တူနေတဲ့ လက်ရှိ နအဖစစ်အာဏာရူးတစုကိုရော ဘယ်လိုပိုင်ပိုင်နိုင် မောင်းထုတ်ဖယ်ရှားမလဲဆိုတာ အ လေးအနက်စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ သူတို့ကို ထွက်ပေါက်ပေးလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ သူတို့ကိုယ်တိုင်က တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ သူတို့အတွက် အကောင်းဆုံးထွက်ပေါက်ကို မရွေးချယ်ဘဲ ကတုတ်ကျင်းနက်နက်တူးပြီး ခုခံဖို့ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့တာကို တွေ့ရလို့ပါပဲ။
နအဖသတင်းစာကနေ တွေ့ဆုံးဆွေးနွေးရေးနည်းလမ်းနဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးဆို တဲ့ အာဘော်မျိုးတွေ တရားဝင်ရေးသားလာတာကိုကြည့်ရင် နအဖစစ်အာဏာရူးတစုဟာ သူတို့အတွက် ထွက် ပေါက်ပေးတာကို ထွက်ပေါက်ပေးမှန်း မသိဘူးဆိုတာ သိသာထင်ရှားနေပါပြီ။ ဒီနေရာမှာ ထိပ်ပိုင်းက လူလည် ကျစိုးမိုးနေတဲ့ စစ်အာဏာရူးတစုနဲ့ မြန်မာစစ်တပ်ကို ခွဲခြားကြည့်မြင်ဖို့ လိုပါတယ်။ တကယ်တော့ အောက်ခြေ စစ်တပ်ဟာလည်း အပေါ်ကလူလည်ကျနေတဲ့ (ခွေးရူးနဲ့တူတဲ့) စစ်အာဏာရူးတစုကို မထောက်ခံဘူးဆိုတာ ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်က သိသာထင်ရှားစေပြီ ဖြစ်ပါတယ်။ အဓိက စစ်တပ်နယ်မြေတွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီနဲ့ မိတ္ထီလာမဲဆန္ဒနယ်မြေတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပြတ်အသတ်အနိုင်ရခဲ့တာကိုကြည့်ရင် သိသာပါတယ်။ အဲဒါကြောင့်မို့ စစ်အာဏာရူးတွေ ဟာ ရွေးကောက်ပွဲပြီးတာနဲ့ အောက်ခြေစစ်တပ်က သူတို့ကို ပြန်လည်ပုန်ကန်မှု မလုပ်နိုင်အောင် စိုးရိမ်တကြီး ၀ါ ဒဖြန့် စည်းရုံးနေရတာဖြစ်တယ်။ ဘယ်လိုပဲ ၀ါဒဖြန့်စည်းရုံးစည်းရုံး နောက်တကြိမ် ရွေးကောက်ပွဲထပ်လုပ်လည်း သူတို့လိုလားတဲ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်ဦးမှာကတော့ ဧကန်မုချပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်အတွင်းမှာ လည်း မပုန်ကန်မထကြွရဲသေးလို့သာနေမယ်။ တပ်တွင်းမကျေနပ်မှုကတော့ တနေ့တခြားကြီး ထွားလာနေလို့ပဲ ဖြစ်ပါတယ်။
တကယ်တော့ စစ်တပ်အတွင်းမှာလည်း ထိပ်ပိုင်းက လူလည်ကျစိုးမိုးနေတဲ့ စစ်အာဏာရူးတစုနဲ့ သူတို့ရဲ့ဆွေမျိုး အသိုင်းအ၀ိုင်း ကွက်ကွက်ကလေးလောက်သာ အခွင့်ထူးခံ စည်းစိမ်ယစ်ခွင့်ရနေတာဖြစ်ပြီး များရာစုဖြစ်တဲ့ အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေကတော့ ငတ်တလှည့်ပြတ်တလှည့်နဲ့ လုံးခြာလည်လိုက်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလည်း နယ်စပ်ဒေသတွေမှာရှိတဲ့ စစ်တပ်တွေက တပ်သားတွေဆို မိုက်ကြေးခွဲ ဆက်ကြေးကောက် ကြ၊ ဓမြတိုက်လုယက်ကြနဲ့ ၀မ်းရေးကို ကြုံသလို ဖြေရှင်းနေကြရတာဖြစ်ပါတယ်။ အဲဒီလို တပ်တွင်းမကျေနပ်မှု တွေ တဖြေးဖြေး ကြီးထွားလာနေတာကို လူလည်စစ်အာဏာရူးတစုက ရိပ်မိပေမယ့်လည်း ပြေလည်အောင် ဖြေ ရှင်းမပေးနိုင်တဲ့အဆုံး တပ်တွင်းပုန်ကန်မှုဖြစ်ရင် လက်ဦးမှုယူပြီး နိမ်နင်းနိုင်မယ့်နည်းဗျူဟာကိုသာ သူတို့ရွေး ချယ်ခဲ့ပါတော့တယ်။ အဲဒီအတွက် ကြပ်ပြေးကို ခွေးပြေးဝက်ပြေး ပြောင်းပြေးခဲ့တာပဲ ဖြစ်ပါတယ်။ အထွေထွေ မ ကျေနပ်မှုကြီးကြောင့် လူထုအုံကြွမှုနဲ့အတူ စစ်တပ်ကပါ ပုန်ကန်ထကြွလာမှာကို သူတို့အထူးစိုးရိမ်နေပြီဖြစ်တယ်။ အဲဒီလို စစ်တပ်ကပါ ပုန်ကန်ထကြွလာရင် ဘယ်စစ်တိုင်းကိုမဆို အချိန်မီနှိမ်နင်းနိုင်အောင် တိုင်းပြည်ရဲ့ အလယ် ဗဟိုချက်မနေရာကို ရွှေ့တာဖြစ်တယ်။ ကြပ်ပြေးမှာ အဆောက်အဦးတွေ စနစ်တကျပြီးစီးခြင်း မရှိသေးဘဲ ခွေး ပြေးဝက်ပြေး ပြောင်းပြေးတာကို ကြည့်ရင်လည်း လူထုအုံကြွမှုနဲ့ တပ်တွင်းပုန်ကန်မှုဟာ အချိန်မရွေး ထဖြစ်နိုင် တဲ့ အနေအထားမှာ ရောက်ရှိနေပြီဆိုတာကို သူတို့တွက်ချက်ထားတာ သိသာပါတယ်။ အုံကြွမှုတခုခုဖြစ်တာနဲ့ အစိုးရယန္တရား ရပ်ဆိုင်းသွားခြင်းမရှိအောင် ၀န်ထမ်းတွေကို လူထုနဲ့ဝေးရာဒေသကို ဓားစာခံအဖြစ် ခေါ်ဆောင် သွားခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ဆက်ဆံတဲ့ အနေအထားကိုကြည့်ရင်လည်း နအဖစစ်အာဏာရူးတစုဟာ ဦးနှောက်မရှိတဲ့ လူမိုက် လူရမ်းကားဆန်ဆန် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် သံတမန်ရေးနည်းလမ်းနဲ့ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ရာဇာလီအစ္စမေးလ်ကို ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးဘဲ ပိတ်ထားခဲ့တယ်။ နိုင်ငံတကာ အသိုင်းအ ၀ိုင်းကြားမှာ ဘယ်လောက်ပဲ မျက်နှာပျက်ရပျက်ရ ရှက်ရကောင်းမှန်း မသိတော့ဘဲ အာဏာဆက်လက်တည်မြဲ ရေးအတွက်သာ ဦးတည်လုပ်ဆောင်နေတော့တာကို တွေ့ရတယ်။ အာဆီယံဥက္ကဌနေရာကို ဖယ်ပေးရတုန်းက လည်း မြန်မာနိုင်ငံအတွက် ၂၀၀၆ခုနှစ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးတကြီး လုပ်စရာတွေ ရှိနေလို့ပါဆိုပြီး ယုတ္တိမရှိတဲ့အကြောင်းပြချက်နဲ့ ဗြောင်လိမ်ပါတယ်။ တကယ့်လက်တွေ့ အခြေအနေမှာတော့ ဒီမို ကရေစီ အသွင်ကူးပြောင်းရေးအတွက် သိသာမြင်သာတဲ့ ဆောင်ရွက်မှုတွေ ဘာတခုမှ လုပ်ဆောင်ခြင်းမရှိဘဲ ပြည်သူကိုကိုယ်စားမပြုတဲ့ အမျိုးသားညီလာခံကိုပဲ သူတို့ဆက်လက်အာဏာတည်မြဲရေးအတွက် ဇွတ်အတင်း ကျင်းပနေတာကို တွေ့ရပါတယ်။
ဒေသဆိုင်ရာ အာဆီယံအဖွဲ့အနေနဲ့လည်း နအဖစစ်အာဏာရူးတွေကို အဖွဲ့ထဲဆွဲသွင်းပြီး အပြုသဘောဆက် ဆံမိလို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ ပြင်းထန်တဲ့ဖိအားပေးမှုနဲ့ ကြုံတွေ့ရပြီး ဒုက္ခလှလှဖြစ် နေတာကို တွေ့ရပါတယ်။ အာဆီယံရဲ့အဖြစ်က ၀ဲစားသူတောင်းစားအစိုးရနဲ့ မိတ်ဆွေဖွဲ့တုန်းကဖွဲ့ပြီး ၀ဲကူးကာ မှ အောင်မယ်လေးဗျလို့ ထအော်ရတဲ့ အဖြစ်မျိုးကို ရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင် ငံရေးပြဿနာဟာ ဒေသတွင်းလုံခြုံရေးကို အန္တရာယ်ပြုလာပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်လာလို့ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူတို့အပြုသဘောဆက်ဆံခဲ့တဲ့ နအဖအုပ်စုက အာဆီယံအဖွဲ့ရဲ့ သဘောထားကိုပါ လက်မခံတော့ဘဲ မျက်ကွယ်ပြုတဲ့ လုပ်ရပ်မျိုးတွေ လုပ်လာပါတယ်။ ဖိအားနဲ့ ရင်ဆိုင်နေရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့အပေါ် ဖိအားတွေလျော့ပါးစေဖို့ စတင်ကြိုးပမ်းတဲ့အခါမှာပဲ နအဖရဲ့ အာခံမှု နဲ့ စတင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုအတွက် စစ်မှန်တဲ့ လုပ် ဆောင်မှုတွေရှိမရှိ လာရောက်စစ်ဆေးမယ့် အာဆီယံအဖွဲ့ကိုယ်စားလှယ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာမစ် အဗ္ဗဒူလာရဲ့ခရီးစဉ်ကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဆီယံအဖွဲ့ဟာ ကိုယ်မွေးတဲ့မျောက်ကို ကိုယ်မနိုင်တော့တဲ့အဖြစ်မျိုးကို ဆိုက်ရောက်နေတာဖြစ်ပါတယ်။ ဒါ ဟာ မသာအိမ်ကို ဖဲတက်ရိုက်ချင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက် ကြီးမားတဲ့သင်ခန်းစာပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဆွဲသွင်းတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုကို မြန်ဆန်ချောမွေ့အောင် ကူညီချင်တဲ့ စိတ်စေတနာကောင်း ကြောင့်မဟုတ်ဘဲ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်ပြီး ပြည်သူ့ကိုယ်စားပြုအစိုးရမဟုတ်တဲ့ စစ်အာဏာရူးတစု အုပ် ချုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို ဈေးပေါပေါနဲ့ အချောင်နှိုက်ချင်တဲ့ ရည်ရွယ်ချက်က အဓိကဖြစ်နေလို့ပါပဲ။ အဲဒီလို စေတနာမမှန်တဲ့အတွက်ကြောင့် အာဆီယံအဖွဲ့အနေနဲ့ အခုလို ၀ဲစားသူတောင်း စား အစိုးရဆီက ၀ဲကူးတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ နအဖစစ်အာဏာရူးတစုဟာ အာဏာလက်မလွှတ်ရရေးအတွက် နိုင်ငံတကာအ သိုင်းဝိုင်း၊ ပြည်သူလူထုတွေနဲ့ ဝေးသထက်ဝေးရာကို ထွက်ပြေးပြီး နောက်ဆုံးခံစစ်ကို ပြင်ဆင်နေပြီဆိုတာ အ ထက်ကတင်ပြခဲ့တဲ့ ဖြစ်ရပ်တွေကိုကြည့်ရင် သိသာထင်ရှားနေပါတယ်။ တနည်းအားဖြင့် ခွေးရူးတကောင် ကျဉ်း သထက်ကျဉ်းတဲ့ ချောင်ထဲကို တိုးဝင်ပြီး ခံကိုက်ဖို့ ကြိုးစားသလို အခြေအနေမျိုးကို စစ်အာဏာရူးတစု ဖန်တီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ချောင်ပိတ်မိနေတဲ့ ခွေးရူးကို အမိအရဖမ်းဆီးသလိုမျိုး ပြည်သူလူထု ကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်အာဏာရူးတစုကိုလည်း လူထုအုံကြွမှု၊ စစ်တပ်အုံကြွမှုတွေနဲ့အတူ ၀ိုင်းဝန်းဖမ်း ဆီးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Thursday, September 27, 2007
နအဖ (သို့မဟုတ်) ချောင်ပိတ်မိနေတဲ့ စစ်အာဏာရူးတစု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment