Saturday, May 31, 2014

အလုပ်နဲ့ စိတ်ဓာတ် စံလွဲနေတဲ့ ရှက်ဖွယ်အမှု

လူဆိုတဲ့အမျိုးက တတ်နိုင်ရင် ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေချင်ကြသူက အများစုမို့ အဲသလို စားချင်၊ ၀တ်ချင်၊ နေချင်ကြတဲ့ သာမန်လူအများစုကြီးကို အပြစ်မြင်စရာအကြောင်း မရှိပါဘူး။

ဒါပေမယ့် ဒုက္ခရောက်နေတဲ့သူတွေ၊ ဆင်းရဲချို့တဲ့နိမ့်ပါးသူတွေကို ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြသူတွေအနေနဲ့တော့ သာမန်လူအများစုထက် ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေချင်တဲ့စိတ်တွေ လျှော့ချဖို့၊ မျိုသိပ်နိုင်ဖို့ လိုမယ်လို့ ထင်တာပဲ။

မဟုတ်လို့ အပြစ်မြင်ခံရရင် အပြစ်မြင်သူတွေရဲ့ အပြစ်မဟုတ်ဘဲ ကာယကံရှင်တွေရဲ့ အလုပ်နဲ့ စိတ်ဓာတ် စံလွဲနေတဲ့ ရှက်ဖွယ်အမှုပဲဖြစ်လိမ့်မယ်လို့ မြင်မိပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
၃၁-၅-၂၀၁၄

No comments: