Saturday, June 29, 2013

စစ်အာဏာရှင်တို့ရဲ့ ဒုတိယမ္ပိ ငရဲလမ်းစဉ်

စစ်အာဏာရှင်တို့ရဲ့ ဒုတိယမ္ပိ ငရဲလမ်းစဉ်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လူတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ သူတို့ဘဝမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့် မရခဲ့ကြဘူး။ ရွေးချယ်ခွင့်ရတဲ့အချိန်မှာလည်း မရွေးချယ်ရဲကြဘူး။ ဒါ့ကြောင့် ၉၉ % သော လူတွေအတွက် ဘာသာတရား ဆိုတာဟာ သူတို့ဘဝမှာ ပြဌာန်းပေးခံလိုက်ရတဲ့အရာ ဖြစ်လာတယ်။

လူတယောက်မှာ မွေးလာကတည်းက အပြဌာန်းခံလိုက်ရတဲ့ အချက်တော်တော်များများ ရှိတယ်။ မွေးလာတဲ့ ကလေးတယောက်ဟာ သူ ဘာလူမျိုးဖြစ်ချင်တယ်ဆိုတာ ရွေးချယ်ခွင့်မရှိဘူး။ သူ့မှာ အသားအရေ ဘာရောင်၊ ဆံပင်ဘာရောင်၊ မျက်လုံးဘာရောင်ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိဘူး။ ယောက်ျားဖြစ်ချင်သလား၊ မိန်းမဖြစ်ချင်သလား ဆိုတာလည်း သူ့မှာ ရွေးပိုင်ခွင့် မရှိဘူး။ အဖေ ဘယ်သူ အမေဘယ်သူ ဆိုတာလည်း သူ့မှာ ရွေးချယ်ခွင့် မရဘူး။ သူ ဘယ်နိုင်ငံသား ဖြစ်ချင်တယ်ဆိုတာလည်း ရွေးချယ်ခွင့် မရဘူး။ ဒီနေ့ခေတ်ကြီးမှာဆိုရင် ဆင်းရဲသား၊ သူဌေးဆိုတာကိုလည်း ရွေးချယ်ခွင့် မရဘူး။ လူတယောက်ဟာ မွေးလာကတည်းက ဆင်းရဲသားအဖြစ် ဒါမှမဟုတ် သူဌေးအဖြစ် မွေးလာပြီးသား ဖြစ်နေတယ်။ ဒါတွေအားလုံးဟာ လူတယောက်ဘဝမှာ မွေးရာပါ အပြဌာန်းခံလိုက်ရတဲ့ အရာတွေလို့ ခေါ် တယ်။ လူ့ရဲ့ မူလသဘာဝ ဖြစ်တဲ့ လွတ်လပ်ခြင်းဆိုတဲ့ မွေးရာပါ ပိုင်ဆိုင်ပစ္စည်းနဲ့ အတူတူ ပါလာတဲ့ မွေးရာပါ နှောင်ကြိုးတွေလည်း ဖြစ်တယ်။ အဲသလို အပြဌာန်းခံရတဲ့ နှောင်ကြိုးတွေထဲမှာ စောစောက ပြောသလို ဘာသာရေးဟာလည်း တခုအပါအဝင်ပဲ။ လူတွေရဲ့ ၉၉ % ဟာ လူမှန်းသိတတ်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့ အရွယ်ရောက်လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်တာနဲ့ တပြိုင်နက်တည်းမှာ သူတို့မှာ ကိုးကွယ်စရာ ဘာသာတခု အလိုလို ရှိနေပြီးသား ဖြစ်နေတာကို တွေ့ကြရတယ်။ ဒါဟာ ၉၉% သော လူတွေ ကြုံတွေ့ရင်ဆိုင်ကြရတဲ့ အဖြစ်အပျက်ပဲ။

လူတယောက်ကို အဲသလို မွေးကတည်းက ပါလာတဲ့ အပြဌာန်းခံ အချက်တွေကြောင့် ခွဲခြားဆက်ဆံမယ်၊ အရေးယူ အပြစ်ပေးမယ်ဆိုရင် အဲဒီအရေးယူ အပြစ်ပေးမှု၊ ခွဲခြား ဆက်ဆံမှုဟာ ဘယ်နည်းနဲ့မှ တရားမျှတတဲ့ လုပ်ရပ် ဖြစ်နိုင်မှာ မဟုတ်ဘူး။

လူတယောက်ဟာ မွေးကတည်းက မိန်းမအဖြစ်နဲ့ မွေးလာတယ်။ မိန်းမအဖြစ်နဲ့ မွေးလာလို့ သူ့ကို ခွဲခြားဆက်ဆံမယ်။ သူ့ကို အခွင့်အရေးတခုခု ဆုံးရှုံးစေမယ်ဆိုရင် တရားတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုမှ တရားတယ်လို့ ဆိုနိုင်စရာ မရှိဘူး။ ဒီလိုပဲ လူတယောက်ကို မွေးရာပါ မည်းလာတဲ့ အသားကြောင့် တခြားလူတွေထက် အနှိမ်ခံရမယ်၊ အခွင့်အရေး တန်းတူမရဘဲ ခွဲခြားဆက်ဆံခံရမယ်ဆိုရင် တရားပါ့မလား။ ဒါလည်း မတရားဘူး။ အလားတူပဲ လူတယောက်ဟာ မိခင့်ရိုးရာ၊ ဖခင့်အစဉ်အလာကို လိုက်ပြီး မိရိုးဖလာလိုက်ပြီးယူလာတဲ့ ဘာသာတရားကြောင့် အပြစ်တင် အရေးယူခံရရင် တရားမျှတတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။

“တကယ်တော့ ဒါတွေအားလုံးဟာ အစိုးရရဲ့ လက်ချက်တွေချည်းပါပဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရက အဓိက လက်သည်ပါ။ အစိုးရလက်ချက်ဖြစ်ကြောင်း အစိုးရအကြံသာဖြစ်ကြောင်းကို အရင်ဆောင်းပါးတွေထဲမှာ အကြိမ်ကြိမ်အခါခါ ထောက်ပြသုံးသပ်ပြခဲ့ပြီးပြီမို့ ဒီဆောင်းပါးမှာ အကျယ်မပြောတော့ပါဘူး။ အစိုးရဟာ သူ အာဏာတည်မြဲဖို့၊ အတိုက်အခံဒီမိုကရေစီသမားတွေကို သွေးခွဲဖို့၊ ဒီမိုကရေစီသမားတွေနဲ့ ဗုဒ္ဓဘာသာအကြားမှာ သပ်လျှိုဖို့၊ သူတို့ စစ်အာဏာရှင်အင်အားစုတွေကို ဗုဒ္ဓဘာသာတွေ ထောက်ခံလာဖို့အတွက် ငရဲ မကြောက် ၊ သံသရာ မကြောက်ဘဲ မှောက်မှောက်မှားမှား ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။”

ခုတော့ မြန်မာပြည်မှာ မွတ်စလင်တချို့ဟာ ဘာမှ အပြစ်မရှိရှာဘဲ မွတ်စလင်ဖြစ်ခြင်းသက်သက်ကြောင့် အသတ်ဖြတ်ခံခဲ့ကြရတယ်။ အနည်းဆုံး မိတ္ထိလာမြို့မှာ သေဆုံးခဲ့ကြရတဲ့ မွတ်စလင်အများစုဟာတော့ဖြင့်ရင် ဘာမှ အပြစ်မရှိဘဲ သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ တိတိကျကျ ဆိုနိုင်တယ်။ တောင်ကုတ်မှာ အသတ်ခံခဲ့ရတဲ့ အစ္စလာမ်ဘာသာရေးဆရာ ဆယ်ယောက်ဟာလည်း အပြစ်မရှိဘဲ အသတ်ခံခဲ့ရသူတွေလို့ ဆိုနိုင်တယ်။ တချို့က ပြောကြလိမ့်မယ်။ မသီတာထွေးကို မွတ်စလင်တွေက သတ်လို့ အဲဒီ မွတ်စလင်တွေကို သတ်ခဲ့ကြတာ၊ ဒါ့ကြောင့် အဲဒီ မွတ်စလင် ၁၀ ယောက်သေတာဟာ တရားတယ်လို့ ...။ မိတ္ထီလာမှာ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရလို့ မွတ်စလင် ၄၃ ယောက်အသတ်ခံရတာလည်း တရားတယ်လို့ ...။ အဲဒီလို ပြောဆိုချက် ယူဆချက်တွေဟာ တရားမျှတရဲ့လား အာဃာတတရားတွေကို ဘေးဖယ်ထားပြီး လွတ်လွတ်လပ်လပ် မျှမျှတတ စဉ်းစားကြဖို့ သင့်ပါပြီ။ မသီတာထွေးကို သတ်တဲ့သူဟာ လူသတ်သမားဖြစ်တယ်။ အဲဒီလူသတ်သမားက မသီတာထွေးကို သတ်တဲ့ အတွက်ကြောင့် သူနဲ့ အရောင်အသွေးတူ၊ လူမျိုးတူ၊ ဘာသာတူတဲ့ လူတွေကို လိုက်သတ်တာဟာ တရားတယ်လို့ မဆိုနိုင်ဘူး။ ဘုန်းကြီး ဦးသောဘိတကို သတ်တဲ့လူဟာ လူသတ်သမား ဖြစ်တယ်။ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရတဲ့အတွက် သူနဲ့ ဘာသာတူတဲ့ လူ၊ အသွေးအရောင်တူတဲ့ လူတွေကို လိုက်သတ်တာဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။ ဒါဟာ သဘာဝမကျတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အာဃာတ အခြေခံတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အမုန်းအခြေခံတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ လူလူချင်းအကြားမှာ အားလုံးလူတွေပါလား ဆိုတဲ့ အသိစိတ်ပျောက်ကွယ်ပြီး လူလူချင်းကို ခွဲခြားဆက်ဆံမှု ၊ ဂိုဏ်းခွဲမှု ၊ သင်းခွဲမှု ဖြစ်တယ်။ ဂိုဏ်းခွဲ သင်းခွဲရာမှာလည်း အမုန်းစိတ် အခြေခံပြီး ဂိုဏ်းခွဲတဲ့ ခွဲခြားမှု ဖြစ်တယ်။ ခင်ဗျားကို ခွေးတကောင်က ကိုက်မယ်ဆိုပါတော့။ ဒါကို အာဃာတထားပြီး မြင်မြင်သမျှ ခွေးတွေကို လိုက်သတ်ရင် ခင်ဗျားရဲ့ စိတ်အနေအထားဟာ ပုံမှန်လို့ ဆိုနိုင်ပါ့မလား။ လူကို မဆိုထားနဲ့၊ ခွေးကိုတောင် ဒီလို ယေဘုယျပြုရင် မတရားပါဘူး။

တကယ်ဆိုတော့ ကျွန်တော်တို့ အားလုံးဟာ လူတွေသာဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးဟာ ဒီလောကကြီးထဲမှာ ဧည့်သည်ပမာ ခေတ္တခဏ အလည်ရောက်လာကြသူတွေ ဖြစ်တယ်။ ဘယ်လောက်အသက်ရှည်ရှည် ဒီနေ့ခေတ်မှာ လူတယောက်ဟာ နှစ်ပေါင်း ၂၀၀ နေရဖို့ မျှော်လင့်ချက် မရှိဘူး။ အများစုဟာ နှစ်ပေါင်း ၇၀၊ ၈၀ ကြာရင် ဒီလောကထဲက ပြန်ထွက်ခွာသွားကြရမယ့်သူတွေချည်းပဲ။ ဒီလောကကို ရောက်လာကြတဲ့ ကျွန်တော်တို့အားလုံးဟာ ဘဝကို မြတ်နိုးကြတယ်။ အသက်ရှင်ချင်ကြတယ်။ ခံစားတတ်ကြတယ်။ နာကျင်မှာ အသတ်ခံရမှာကို ကြောက်တတ်ကြတယ်။ ဒီလို သဘာဝရှိတဲ့ လူသားချင်းအတူတူ သူလည်းလူ ငါလည်းလူပါလားလို့ သဘောမထားဘဲ၊ သူတို့က မွတ်စလင်တအုပ်စု၊ ငါတို့က ဗုဒ္ဓဘာသာတအုပ်စု၊ သူ့အုပ်စုက လူတွေက ငါ့အုပ်စုကို ဘယ်လို မတရားလုပ်တယ်။ သူ့အုပ်စုက ငါ့အုပ်စုကို ဘယ်လို ကျူးကျော်တယ်။ သူ့အုပ်စုက လူတွေကို ဘယ်လို ထိန်းချုပ်ရမယ်၊ ဘယ်လို တုတ်နှောင်ကန့်သတ်ရမယ်၊ ဆိုတဲ့ အတွေးအခေါ်အားလုံးဟာ ငါတကောကော ကောတဲ့ ဝါဒမဟုတ်ရင် ဘာဝါဒလို့ ခေါ်ဆိုကြမလဲ။ ဘာသာဆိုတာ တခုနဲ့ တခု ကွာကြတာချည်းပဲ။ ဘာသာဝင်တိုင်းကလည်း ကိုယ့်ဘာသာ ကိုယ်မှ အမှန်လို့ ထင်ကြတာချည်းပဲ။ ဒီကွဲပြားမှုဟာ သဘာဝတရားဖြစ်တယ်။ ဒီကွဲပြားမှုဟာ သဘာဝတရား ဖြစ်သလို ဒီလူတွေအားလုံးဟာ လူတွေချည်းပဲ ဆိုတဲ့ တူညီမှုလည်း ရှိကြတယ်။ အဲဒီတူညီမှုဟာလည်း သဘာဝတရားပဲ ဆိုတာကို သဘောပေါက်ကြဖို့ လိုတယ်။ ကိုယ်နဲ့ မတူရင် ရန်သူလို့ သဘောထားတဲ့ အယူအဆဟာ အလွန်သေးသိမ်တဲ့ အယူဝါဒဖြစ်တယ်။ ငါ့လူမျိုးမှ တကယ့်လူ၊ ငါ့ဘာသာမှ တကယ့်ဘာသာ ဆိုတဲ့ အယူဟာ အတ္တဝါဒဖြစ်တယ်။ အနတ္တဝါဒနဲ့ ဆန့်ကျင်ပါတယ်။ ဒီ့ထက် ပိုပြီး ပြင်းပြင်းထန်ထန် ပြောရရင် ငါ့လူမျိုးမှ တကယ့်လူ၊ ငါလူမျိုးကို ချစ်ရမယ် ဆိုတဲ့ ဝါဒဟာ နာဇီဝါဒ ၊ ဖက်ဆစ်ဝါဒဖြစ်တယ်။ ကိုယ်နဲ့ မတူတဲ့လူကို ကန့်သတ်ရမယ်၊ ထိန်းချုပ်ရမယ်လို့ ယူတဲ့ အယူအဆဟာ ရန်ကိုမွေးတဲ့ အယူအဆဖြစ်တယ်။ ဒေါသကို ဖြစ်စေတဲ့ အယူဖြစ်တယ်။ ဒီအယူဟာ ဓားတွေ လှံတွေထက် အန္တရာယ်ရှိတဲ့ အယူအဆဖြစ်တယ်။ အဲဒီအယူအဆကြောင့် လူ့အသက်များစွာ သေကြေဆုံးရှုံးစေနိုင်တယ်။ သေလည်း သေခဲ့ပြီးဖြစ်တယ်။

ကိုယ်လည်းလူ၊ သူလည်းလူ လူလူချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုတယ်။ သူ့မှာလည်း ငါ့လို အသွေးနဲ့ အသားနဲ့ပါလားလို့ စာနာနားလည်တတ်ဖို့ လိုတယ်။ ဒီလိုမဟုတ်ဘဲ လူတဖက်သားကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒသဘောတရားဟာ သူတော်ကောင်းတရား မဟုတ်ဘူး။ မွတ်စလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မဟုတ်ဘူး၊ အားလုံးကို မေတ္တာတရား ထားအပ်တာချည်းပါပဲ။

ခုနေ မြတ်စွာဘုရားရှင်သာရှိရင် မွတ်စလင်တွေကို ဘယ်လို သဘောထားမယ်လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ယူဆကြပါသလဲ။ ကျွန်တော်ကတော့ ဘုရားရှင်သာရှိရင် ဘုရားရှင်ဟာ မွတ်စလင်တွေကိုလည်း ရင်ဝယ်သားသဖွယ် သဘောထားလိမ့်မယ်လို့ ထင်မိတယ်။ ဒါဟာ ဘုရားရဲ့လမ်းစဉ်ပဲ။ ဘုရားရှင်ဟာ ဒီလမ်းစဉ်အတိုင်း တသမတ်တည်း ကျင့်သုံးပေလိမ့်မယ်။ ဒါဟာ သူတော်ကောင်းလမ်းစဉ်ပဲ။ သူတော်ကောင်း မှန်သမျှ ဒီလမ်းစဉ်ကို ကျင့်သုံးကြလိမ့်မယ်။ လူတဖက်သားကို စေတနာထားတာ ကောင်းစားစေချင်တာ မုဒိတာပွားတာဟာ သူတော်ကောင်းလမ်းစဉ် မဟုတ်ဘူးလား။ ဒီလမ်းစဉ်နဲ့ ဆန့်ကျင်ဖက်ကို ပြောရရင် လူတဖက်သားကို ပျက်စီးစေချင်တာဟာ သူယုတ်မာလမ်းစဉ်ပဲ။ ဒီနေရာမှာ လူတဖက်သားဆိုတာဟာ မိမိမဟုတ်တဲ့ တခြားလူအားလုံးကို ဆိုလိုတာဖြစ်တယ်။ မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် လူဟာလူပဲ။ အဲဒီလူအားလုံးကို ဆိုလိုတယ်။ ဗုဒ္ဓဘာသာကို ပျက်စီးစေချင်တဲ့လူမှ သူယုတ်မာ၊ တခြားဘာသာဝင်တွေကို ပျက်စီးစေချင်တဲ့သူတွေတော့ သူယုတ်မာအဖြစ်က လွတ်စေလို့ ဘုရားရှင်က သဘောပိုက်တော်မူလိမ့်မယ် မထင်ဘူး။ သူ့သာသနာကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားဘာသာဝင်တွေ အသတ်ဖြတ်ခံနေရတာကို ဘုရားရှင်သိရင် ဝမ်းမြောက်တော်မူလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။

အခု ဆရာတော်ဦးဝီရသူ ဘယ်လိုလူလဲဆိုတာ ရဟန်းရှင်လူ ပြည်သူတွေ သေသေချာချာ ချင့်ချိန်စဉ်းစားကြဖို့ သင့်ပါပြီ။ ဂိုဏ်းဂဏ အမြင်တွေ ခွာ၊ သူ့လူ ငါ့လူဆိုတဲ့ အစွဲတွေ ခွာပြီး ဦးဝီရသူ ဘယ်လိုလူဆိုတာ စဉ်းစားကြည့်ကြပါ။ သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလားဆိုတာ အားလုံး ထင်ထင်ရှားရှား တွေးခေါ်နိုင်ကြပါလိမ့်မယ်။

ဦးဝီရသူ မန္တလေးမှာ ဟောတဲ့ တရားဗီဒီယိုခွေတခွေကို ထောက်ပြပါရစေ။ မန္တလေးမှာ ၂၀၀၃ ခုနှစ်တုန်းက ဟောခဲ့တဲ့ အခွေလို့ ဗီဒီယိုကလစ် တင်ပေးတဲ့ ဒီမိုဖက်တီးက ရေးထားတဲ့ ကလစ်ကလေးပါ။ အဲဒီအထဲမှာ ဘာပြောထားသလဲဆိုတော့ မန္တလေးမှာ ကုလားတွေ စားစရာမရှိအောင် တပည့်တော် လုပ်ပြမယ်တဲ့။ စားစရာတင် မဟုတ်ဘူး၊ မန္တလေးမှာ ကုလားတွေ နေစရာမရှိအောင်လည်း တပည့်တော် လုပ်ပြမယ်တဲ့။ ကုလားတွေဟာ ငါတို့ရန်သူဆိုတဲ့ အမုန်းစိတ် ဂိုဏ်းဂဏစိတ်ကလေးကို ခွာပြီး ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ ဒါ သူတော်ကောင်းတရားလား၊ ဒါ သူတော်ကောင်းစကားလား ဆိုတာ ...။ သူတပါးကို ပျက်စီးအောင် လုပ်ပြမယ်လို့ ကြိမ်းဝါးတဲ့သူ ကြံစည်တဲ့သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလား၊ ခင်ဗျားတို့ အစွဲတွေ ခွာပြီး အလေးအနက် စဉ်းစားကြည့်ကြပါ။ သူပြောနေတဲ့သူဟာ တချို့လူတွေ ရန်သူလို့ သတ်မှတ်ထားကြတဲ့ ကုလားမဟုတ်ဘဲ ခင်ဗျားတို့ မိသားစုသာဖြစ်မယ်ဆိုရင် ခင်ဗျားတို့ ဦးဝီရသူကို ဘယ်လိုထင်ကြမလဲ။ သူတော်ကောင်းလို့ မှတ်ယူနိုင်ကြပါ့မလား။ ဒီကုလားတွေ စီးပွားပျက်ဖို့ ဒီကုလားတွေဆီမှာ ဈေးမဝယ်ဖို့ ဦးဝီရသူဟာ တွင်တွင်ကျယ်ကျယ် ဝါဒဖြန့် ပြောဆိုပါတယ်။ ကုလား မကောင်းတာ၊ ကုလား မုဒိန်းကျင့်တာတွေကို စုစည်းပြီး ပြသပါတယ်။ အဲသလိုပြပြီး ကုလားမှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ တို့ရန်သူဆိုတဲ့ စိတ်ဓာတ်ပွားများလာအောင် မွေးမြူပေးနေပါတယ်။ ယေဘုယျ ပြုပေးနေပါတယ်။ ဒီလိုဟောပြောမှု တွေကြောင့် အသိဥာဏ်နည်း မိုက်မဲတဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲမှာ အမုန်းတရား ကိန်းဝပ်သွားပါ တယ်။ အဲဒီအမုန်းတရားကြောင့် တုတ်၊ ဓားလက်နက်ကိုင်ပြီး လူသတ်ပါတယ်။ ဦးဝီရသူဟောတဲ့တရားဟာ တုတ်၊ ဓားလက်နက်ထက် အန္တရာယ်ပိုကြီးပါတယ်။ ဦးဝီရသူ ကျူးလွန်တဲ့ အပြစ်ဟာ တုတ်၊ ဓားကိုင်သူထက် အပြစ်ပိုကြီးပါတယ်။ မိတ္ထီလာမှာ လူ ၄၃ ယောက်ကို သတ်တဲ့ အဓိက တရားခံဟာ ဦးဝီရသူပါပဲ။ ဦးဝီရသူကို ကျွန်တော့်အနေနဲ့ သံဃာအဖြစ် မသတ်မှတ်တာ ကြာပါပြီ။ ဦးဝီရသူလို လူယုတ်မာကို လူသတ်သမားပြောလို့ ကျွန်တော်ငရဲ မကျနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အခုလို ပြတ်ပြတ်သားသား ပြောနေတာပါ။ ယုံကြည်မှု အပြည့်ရှိလို့ ဒီစကားကို ဆိုတာပါ။ ကိုယ့်စရဏတရားကိုယ် ကိုယ်ယုံကြည်ပါတယ်။ ကိုယ့်မေတ္တာတရားကိုယ် ကိုယ်ယုံကြည်ပါတယ်။ လူသားအားလုံးအပေါ်မှာထားတဲ့ ကျွန်တော့်မေတ္တာ၊ ကျွန်တော့်စေတနာကို ရိုးရိုးသားသားပဲ ကျွန်တော် ယုံကြည်ပါတယ်။ ဦးဝီရသူလိုလူမျိုးထက် ကျွန်တော့်ကိုယ်ကျင့်တရားက ပိုပြီး မြတ်တယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ မသီတာထွေးကို မွတ်စလင်က မုဒိန်းကျင့်တော့ ဒါ မွတ်စလင်တွေက မုဒိန်းကျင့်တာပဲ မွတ်စလင်တွေဟာ မုဒိန်းကောင်တွေပဲကွလို့ ယေဘုယျပြုပြီး မွတ်စလင်တွေကို သတ်တာကို လက်ခုပ်တီးကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ ဦးသောဘိတကို မွတ်စလင်တချို့က သတ်တော့ ဒါ မွတ်စလင်တွေသတ်တာပဲ မွတ်စလင်အားလုံး အတူတူပဲ၊ မွတ်စလင်တွေကို လက်စားချေရမယ်လို့ သဘောထားပြီး ကလေးလူကြီးမရှောင် မွတ်စလင် ၄၃ ယောက် (ဒါ အစိုးရစာရင်းပါ၊ ဒီ့ထက်ပိုများမှာ သေချာပါတယ်။) ကို လက်စားချေ သတ်ဖြတ်ပါတယ်။ မွတ်စလင်တွေကို ဒီလို ယေဘုယျပြု သတ်ဖြတ်ခဲ့ပေမယ့် ဦးဝီရသူကို ဗုဒ္ဓဘာသာအကြမ်းဖက်မှုရဲ့ မျက်နှာလို့ တိုင်းမ်မဂ္ဂဇင်းက ဆိုတော့ ဗုဒ္ဓဘာသာအားလုံးကို ယေဘုယျပြုပြောဆိုရမလားဆိုပြီး ဆရာတော်ကြီးတချို့ပါမကျန် ဆတ်ဆတ်ခါ နာကျင်ကြပါတယ်။ ဆရာတော်ကြီးများလည်း ဆင်ခြင်တော်မူကြပါဘုရား၊ တကယ်တော့ ဗုဒ္ဓဘာသာတခုလုံးကို အကြမ်းဖက်ဝါဒလို့ တိုင်းမ်မဂ္ဂဇင်းက ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဝီရသူဟာ ဗုဒ္ဓဘာသာအကြမ်းဖက်မှုရဲ့ မျက်နှာလို့ ဆိုတာပါ။ နောက်ဆုံး ဗုဒ္ဓဘာသာကို ဆိုခဲ့ရင်တောင်မှ ဦးဝီရသူလို သူတပါး ပျက်စီးကြောင်း ပြောတဲ့သူကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရတယ်ဆိုတာ နှလုံးသွင်းပြီး နောင်ဒီလို မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ပါပြီဘုရား။

ဘာသာရေး၊ လူမျိုးရေး အမုန်းမီးဆိုတာ ပွားရလွယ်ပေမယ့် ငြှိမ်းသတ်ရ ခက်တတ်ပါတယ်။ ဘာသာရေး လူမျိုးရေး အမုန်းမီးသာ ကြီးထွားလာပြီဆိုရင် တိုင်းပြည်လည်း သိက္ခာကျ၊ ဘာသာလည်း သိက္ခာကျရုံသာမက၊ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကြီးတွေ ပေါ်ထွက်တတ်ပါတယ်။ အခုချိန်ထိ ဗမာပြည်မှာရှိတဲ့ မွတ်စလင်တွေထဲမှာ အကြမ်းဖက်သူ၊ အသေခံဗုံးခွဲသူဆိုတဲ့ အစွန်းရောက်သမိုင်း မရှိဘူးသေးပါဘူး။

ဒါပေမယ့် အကြမ်းဖက်မှုဆိုတာ စစ်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်အဖြစ် ပေါ်ထွက်လာတတ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဆိုတာကတော့ စစ်ရဲ့အဆက်ပါ။ စစ်ကို စစ်ချင်း၊ အင်အားကို အင်အားချင်း မယှဉ်သာတဲ့ အချိန်မှာ နိုင်ငံရေးပြဿနာက မပြေလည်သေးရင် ထွက်ပေါ်လာတတ်တဲ့ စစ်ပွဲကြီးရဲ့ အဆက်ဖြစ်ပါတယ်။ ချောင်ပိတ်အရိုက်ခံရတဲ့သူတွေဟာ စစ်ကို စစ်ချင်း၊ အင်အားကို အင်အားချင်း မဖြေရှင်းနိုင်တဲ့အခါ အသေခံပြီး အကြမ်းဖက်ကြတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မွတ်စလင်တွေကို ချောင်ပိတ်ရိုက်ရင် တနေ့မှာ သူတို့ဟာ ဒီနည်းကို သုံးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ့်အန္တရာယ်ကိုယ် မြင်ကြပါ။ ကိုယ့်သားသမီးမြေးမြစ်ကို ချစ်ခင်ကြပါ။ သူများကို သတ်ချင်ဖြတ်ချင်တာချည်း တွေးရင် မှားပါလိမ့်မယ်။ ကိုယ်ကချည်း သတ်ခွင့်ရလိမ့်မယ်လို့ မထင်ကြပါနဲ့။ ဝဋ်ဆိုတာ လည်တတ်ပါတယ်။ ဘယ်သူမှ တဖက်သတ် ရာသက်ပန် အနိုင်ရရိုး မရှိပါ။ ဒီတိုင်းပြည်မှာ မရှိခဲ့ဖူးတဲ့ အကြမ်းဖက်မှုတွေသာ အစပျိုး ပေါ်ပေါက်လာခဲ့ရင် နောင်လာနောက်သား မျိုးဆက်ပေါင်းများစွာအထိ ဒုက္ခပင်လယ်ဝေကြပါလိမ့်မယ်။ အဲဒီအခြေ၊ အဲဒီအဆင့်ထိရောက်လာရင်၊ ဗုဒ္ဓဘာသာရော၊ မွတ်စလင်ရော ဘာသာနှစ်ခုစလုံး အကြီးအကျယ် ဒုက္ခရောက်ကြပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ အမြော်အမြင်ရှိရှိ ချင့်ချိန်သုံးသပ်ကြဖို့ အချိန်တန်ပါပြီ။ မဲကိုမျှော်ပြီး ခေါင်းရှောင်နေတာတွေကိုလည်း ရပ်တန်းက ရပ်ပြီး သတ္တိရှိရှိ တာဝန်ယူကြဖို့လည်း သင့်ပါပြီ။

တကယ်တော့ ဒါတွေအားလုံးဟာ အစိုးရရဲ့ လက်ချက်တွေချည်းပါပဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရက အဓိက လက်သည်ပါ။ အစိုးရလက်ချက်ဖြစ်ကြောင်း အစိုးရအကြံသာဖြစ်ကြောင်းကို အရင်ဆောင်းပါးတွေထဲမှာ အကြိမ်ကြိမ်အခါခါ ထောက်ပြသုံးသပ်ပြခဲ့ပြီးပြီမို့ ဒီဆောင်းပါးမှာ အကျယ်မပြောတော့ပါဘူး။ အစိုးရဟာ သူ အာဏာတည်မြဲဖို့၊ အတိုက်အခံဒီမိုကရေစီ သမားတွေကို သွေးခွဲဖို့၊ ဒီမိုကရေစီသမားတွေနဲ့ ဗုဒ္ဓဘာသာအကြားမှာ သပ်လျှိုဖို့၊ သူတို့ စစ်အာဏာရှင်အင်အားစုတွေကို ဗုဒ္ဓဘာသာတွေ ထောက်ခံလာဖို့အတွက် ငရဲ မကြောက် ၊ သံသရာ မကြောက်ဘဲ မှောက်မှောက်မှားမှား ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။

သူတို့သာ ငရဲ မကြောက်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အများအပြားကိုလည်း ငရဲကျအောင် အပြစ်ကျူးလွန်အောင် မြှောက်ပေးဆွပေးနေပါတယ်။ ဒါတွေအားလုံးကို သူတို့အာဏာရရေး တခုတည်းအတွက် ဆောင်ရွက်နေတာပါ။ သူတို့ အာဏာရရေးအတွက် ငရဲလည်း မကြောက် ၊ သံသရာလည်း မကြောက်၊ လူ့အသက် လူ့အသွေး များစွာကို စတေးရမှာကိုလည်း မကြောက်ဘဲ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ ပြုမူနေတာသာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ အာဏာတခုတည်းကို မက်မော၊ မောဟတွေဖုံး၊ အသိဥာဏ် အမိုက်မှောင်ကြီးကျပြီး ငရဲလမ်းစဉ်ကို လိုက်တာဟာ တကယ်တော့ ဒါပထမအကြိမ် မဟုတ်ပါဘူး။ ပထမအကြိမ်က သံဃာတွေကို သတ်ဖြတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ပါ။ အခုတကြိမ်က ဒုတိယမ္ပိ ငရဲလမ်းစဉ်ပါ။

ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး မေတ္တာတရား လက်ကိုင်ထားပြီး ငရဲကို ရှောင်ရှားကြပါစို့။ မွတ်စလင်တွေကို ရင်ဝယ်သားသဖွယ် မေတ္တာပွားများကြပါစို့။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဒီမိုကရေစီသမားအားလုံး စည်းလုံးညီညွတ်ကြပါစို့။

လူအချင်းချင်း သတ်ဖြတ်ခြင်း၊ ကင်းရှင်းကြပါစေ ...

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၂၈၊ ဇွန်၊ ၂၀၁၃

23 comments:

မောင်လူအေး said...

It is really very good article and open my brain which i did not know. Thank you very much

Unknown said...

ကိုဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)က မွတ်စလင်ဘက်လိုက်ပီးရေးလှချည်းလား။ မွတ်စလင်ကုလားက ဗမာအမျိုးသမီးကိုရရင် မကြိုက်လဲယူမယ်၊မွတ်စလင်ဘာသာထဲသွင်းမယ်။ ဒါဘာသဘောလဲ။ မသီတာထွေးကို မွတ်စလင်က မုဒိန်းကျင့်တော့ ဒါ မွတ်စလင်တွေက ရခိုင်ကို မုဒိန်းကျင့်တာပဲ၊ ဦးသောဘိတကို မွတ်စလင်တချို့က သတ်တော့ ဒါ မွတ်စလင်တွေသတ်တာပဲ ဆိုတာ မှန်သင့်သလောက်မှန်တာဘဲ။ မွတ်စလင်ကုလားက မွတ်စလင်ကုလားမကို မုဒိန်းကျင့်တာမကြားဘူးပါ။ ဗမာပြည်မှာနေပြီး၊ဗမာဘုန်းကြီးကို သတ်တာတော့မလွန်ဘူးလား မွတ်စလင်တို့ရယ်။ ကိုဇော်ဝင်း မောင်းတော၊ဘူးသီးတောင်ကို သွားလေ့လာပါဦး။ အဲဒီမှာ မွတ်စလင်ကုလားက 90%ကျော်ရှိတယ်။အများစုက ဗမာလိုမပြောတတ်ဘူး။ ဘိနပ်မပါဘူး။ရောဂါဗလပွနဲ့၊ဆင်းလဲဆင်းရဲတယ်၊ကလေးကလဲများလိုက်တာ၊ အဲဒါဘင်္ဂလာဒက် ကခိုးဝင်လာတဲ့သူတွေ၊ ဗမာပြည်အတွက် တကယ့်အမှိုက်တွေ။ သူတို့အတွက်လုပ်နေတဲ့ NGOs၊
UN agencies တွေရဲ့စေတနာဟာမရိုးသားဘူး။ အဲဒီ မွတ်စလင်တွေက လူဦးရေပွားနှုံးနဲ့ရခိုင်ပြည်နယ်ကို သီမ်းဖို့ကြံစည်နေတာ ရောဘာပြောမလဲ။ ဦးဝိရသူဘာဘဲဖြစ်နေပါစေ၊ သူ့ပုံကိုမျက်နှာဖုံးတင်ပြီး ဗုဒ္ဓဘာသာအကြမ်းဖက်သမားရဲ့မျက်နှာလို့ဖေါ်ပြတာတော့ စော်ကါးလွန်းအားကြီးတယ်။ ဒါကို တိုင်းမ်မဂ္ဂဇင်းက ရေးတာဟုတ်မှန်သယောင်ပြောတဲ့ဗမာတွေက ဗမာဎြည်မှာမွေး၊ ဗမာဎြည်မှာကြီးတဲ့သူတွေမှဟုတ်ပါလေစ?? ဒီစစ်အစိုးရကိုမကြိုက်ပေမဲ့ တိုင်းမ်မဂ္ဂဇင်းကိုကန့်ကွက်ပိတ်ပင်တာ၊ ရခိုင်မှာ ကလေး နှစ်ယောက် ပေါ်လစီထုတ်တာကို လုံးဝထောက်ခံတယ်။ ဗုဒ္ဓဘာသာဝင် နဲ့မွတ်စလင်တွေ နဲ့လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အေးချမ်းချစ်ကြည်စွာ နေထိုင်ကြဖို့ဆိုရင် သူတို့ဘက်ကလဲ အရိပ်နေနေ အခက်ချိုးချိုးမလုပ်ဖို့၊မကေါက်ကျစ်ဖို့လိုတယ်။ ကိုဇော်ဝင်းရေးတဲ့ အစိုးရနဲ့ပါတ်သက်တဲ့ဆောင်းပါးတွေကိုသဘောကြပေမဲ့၊ မွတ်စလင်နဲ့ပါတ်သက်တဲ့ဆောင်းပါးတွေ ကို သဘောမတူပါ။ မွတ်စလင်အဖွဲ့အစည်းများမှ ထောက်ကြေးယူထားကြသလားသံသယဝင်စရာဖြစ်နေပါတယ်။

Unknown said...

၈၈ ကျောင်းသားဟောင်း ဆိုတဲ့စကားလုံးနဲ့ ရူး ပြီး ရှောက်ရေး
မ နေပါနဲ့  မြန်မာနိုင် ငံသမိုင်း ကိုသေချာလေ့လာပါ မည်သူ့ ဘက်မှ လိုက်နေစရာ မလိုပါဘူး မင်းအသက်ကဘယ်လောက် ရှိလို့ ဘယ်မှာမွေး ဘယ်မှာကြီး
တိုင်းပြည်အတွက် မင်းနဲ့ မင်းပတ်ဝန်းကျင် က လေးအတွက်ဘာတွေလူ နဲ့ တူအောင် စွမ်းဆောင် ပေးခဲ့ ဘူး
ပြီလဲ စာရေးရင် အမျိုးသားအကျိုးစီးပွါးကြည့် ရေးစေချင် ပါတယ်

Unknown said...

သတ္တ၀ါအားလုံးကို မေတ္တာထားသင့်တယ်၊ ထားရမယ်။ ဒါပေမယ့် မြွေပွေးကို ဘယ်လောက်ပဲ မေတ္တာထားထား ရင်ဝယ်သားလို ကြင်နာပိုက်ထွေးလို့ မရနိုင်တာကို ဥာဏ်နဲ့ပိုင်းခြား နားလည်တတ်ရမယ်။
ဒီဆောင်းပါးက..
ဘုန်းကြီးတွေအပေါ် အမုန်းတရားများလွန်းနေတယ်။

Unknown said...

ကိုဇော်ဝင်းရေးတဲ့ အစိုးရနဲ့ပါတ်သက်တဲ့ဆောင်းပါးတွေကိုသဘောကြပေမဲ့၊ မွတ်စလင်နဲ့ပါတ်သက်တဲ့ဆောင်းပါးတွေ ကို သဘောမတူပါ။
(quote from Min Kyaw)

Unknown said...

်။ မသီတာထွေးကို မွတ်စလင်တွေက သတ်လို့ အဲဒီ မွတ်စလင်တွေကို သတ်ခဲ့ကြတာ၊ ဒါ့ကြောင့် အဲဒီ မွတ်စလင် ၁၀ ယောက်သေတာဟာ တရားတယ်လို့ ...။ မိတ္ထီလာမှာ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရလို့ မွတ်စလင် ၄၃ ယောက်အသတ်ခံရတာလည်း တရားတယ်လို့ ...။ အဲဒီလို ပြောဆိုချက် ယူဆချက်တွေဟာ တရားမျှတရဲ့လား အာဃာတတရားတွေကို ဘေးဖယ်ထားပြီး လွတ်လွတ်လပ်လပ် မျှမျှတတ စဉ်းစားကြဖို့ သင့်ပါပြီ။ မသီတာထွေးကို သတ်တဲ့သူဟာ လူသတ်သမားဖြစ်တယ်။ အဲဒီလူသတ်သမားက မသီတာထွေးကို သတ်တဲ့ အတွက်ကြောင့် သူနဲ့ အရောင်အသွေးတူ၊ လူမျိုးတူ၊ ဘာသာတူတဲ့ လူတွေကို လိုက်သတ်တာဟာ တရားတယ်လို့ မဆိုနိုင်ဘူး။ ဘုန်းကြီး ဦးသောဘိတကို သတ်တဲ့လူဟာ လူသတ်သမား ဖြစ်တယ်။ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရတဲ့အတွက် သူနဲ့ ဘာသာတူတဲ့ လူ၊ အသွေးအရောင်တူတဲ့ လူတွေကို လိုက်သတ်တာဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။ ဒါဟာ သဘာဝမကျတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အာဃာတ အခြေခံတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အမုန်းအခြေခံတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ လူလူချင်းအကြားမှာ အားလုံးလူတွေပါလား ဆိုတဲ့ အသိစိတ်ပျောက်ကွယ်ပြီး လူလူချင်းကို ခွဲခြားဆက်ဆံမှု ၊ ဂိုဏ်းခွဲမှု ၊ သင်းခွဲမှု ဖြစ်တယ်။ ဂိုဏ်းခွဲ သင်းခွဲရာမှာလည်း အမုန်းစိတ် အခြေခံပြီး ဂိုဏ်းခွဲတဲ့ ခွဲခြားမှု ဖြစ်တယ်။ ခင်ဗျားကို ခွေးတကောင်က ကိုက်မယ်ဆိုပါတော့။ ဒါကို အာဃာတထားပြီး မြင်မြင်သမျှ ခွေးတွေကို လိုက်သတ်ရင် ခင်ဗျားရဲ့ စိတ်အနေအထားဟာ ပုံမှန်လို့ ဆိုနိုင်ပါ့မလား။ လူကို မဆိုထားနဲ့၊ ခွေးကိုတောင် ဒီလို ယေဘုယျပြုရင် မတရားပါဘူး။
လို့ သူတော်ယောင် အပြနဲ့ မူချထားပါက ဇော်ဝင်း ဆိုရင်တော်ရောပေါ့ ဘာကြောင်းများ(၈၈ ကျောင်းသားဟောင်း) ဆိုတာကြီးကို တံဆိပ်ကပ်ထားရတာလဲ...?
နေဝင်းကစ ဘယ်အာဏာရှင်မှ ပြည်သူကို သတ်ခဲ့တာမဟုတ် ပြည်သူကိုသတ်တာ ပြည်သူသတ်ကောင်သာ ဖြစ်တယ်လို့ နည်းနည်းလေး တွေးမိပါရဲ့လား... ? စစ်တပ်က သတ်တာမဟုတ် ... စံနစ်သတ်တာမဟုတ် လူသတ်ကောင်က သတ်တာသာ ဖြစ်တယ်၊
ဘယ်သူ့ဘယ်သူမှတော်လှန်စရာမလိုတော့ ... ဆိုတာအထိ အဓိပ္ပါယ်ရောက်နိုင်တယ်ဆိုတာ တွေးမိပါရဲ့လား ...?
ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ တရားတပုဒ်ထဲကစကား အရဆိုပါက...
လောကအမြင်စကားပြောရင် သမ္မုတိသစ္စာကို ကြည့်ပြီး ပြောပါ၊ ပရမတ္ထအမြင်နဲ့ မပြောပါနဲ့ ...
ပရမတ္ထအမြင်နဲ့ ရောပြောရင် ...
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကြီးက ပြောနေတာကို၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး တွေက နားထောင်နေကြတယ်၊ ဆိုတာလို ...
ဟိုရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး နဲ့ ဟိုရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ပေါင်းစစပ်မိလို့ ... ဒီရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဖြစ်လာရတာ ... အဲဒီတော့ အားလုံးအတူတူပဲ။

Unknown said...

Min Kyawပြောသွားတာတွေကိုထောက်ခံအားပေးနေပါတယ်ထပ်ပြီတော့ဝေဖန်ပေးလိုက်ပါဦး

kyawthusukyi said...

အသိ တွေးစရာ ဆင်ခြင်စရာ ကို တွေ့လိုက်ရ တဲ့ ဆောင်းပါးတပုဒ်လို့ ထင်မိတယ်

Unknown said...

တရားမျှတ တာကိုကြိုက်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့တိုင်းပြည်အရေးယှဉ်လာရင်၊ တိုင်းပြည်အရေးကိုဦးစားပေးရမယ်။

Unknown said...

အမျိုး ဘာသာ သာသနာကို မကာကွယ်ရင် နောင်တချိန်မှာ ဗမာပြည်ဟာ အင်ဒိုနီးရှား အန္နိယ အာဖဂန် တို့လိုဖြစ် သွားမှာပေါ့ ဒီမနက်ကဘဲ ဟုမ္မလင်းက ရွာကြီး တစ်ခုမှာ ရွာက အချောဆုံး ကောင်မလေး တစ်ယောက်ကို ဇစ်မြစ် မသိတဲ့ မွတ်တစ်ကောင် ဗုဒ္ဓဘာသာပါ ဆိုပြီး ညာပြီး လာတောင်းတာ ကျုပ်ရဲ့ ဦးဇင်း နဲ့ ရွာက လူတွေ ကာကွယ်လိုက် ရသေးတယ် ပန်းဘဲတန်း ရဲစခန်းမှာ ခြေတော်တင် ခံလိုက်ရတဲ့ Case တွေ အများကြီးဘဲ လူမသိတဲ့ ပိုက်ဆံနဲ့ ရှင်းလိုက်တာတွေ ပိုများမှာပေါ့ ဒီလိုနဲ့ဘဲ အတွင်းလှိုက်ပြီး ပါသွားတဲ့ ဟာတွေ အများကြီ ကြားရတယ်

Unknown said...

Ko Moe Kyaw ကိုနဲနဲမေးပါရစေ
ဟုမ္မလင်းကရွာကြီးနာမည်နဲ့အချောဆုံးကောင်မလေးနာမည်တွေကိုသိရရင်လုံလောက်ပါပြီ။ပန်းဘဲတန်းရဲစခန်းကိုလည်းမေးမြန်းလိုက်ပါမယ်။

အသျှင်ရေ၀တ said...

ဆရာတော်ဝီရသူကို လူယုတ်မာတဲ့။ သူ့ကိုယ်သူကျတော့ ရိုးသားဖြောင့်မတ်တယ်တဲ့။ နောက်ကကလောင်နာမည် တပ်ထားလိုက်တာက "ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း" တဲ့။ တစ်ခုမေးကြည့်ချင်တာက...မင်း၈၈ ကျောင်းသားလို့ နာမည်ခံနေကြတဲ့ကောင်တွေ....၈၈မှစလို့ဒီနေ့အချိန်ထိ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ မင်းတို့တွေဘာတာဝန်တွေယူ ခဲ့သလဲ၊ ဘာတာဝန်တွေထမ်းဆောင်နေကြလဲ။ ပြည်သူတွေ အတွက်ရောက် မင်းတို့လုပ်ရပ်တွေက တကယ်အကျိုးပြုခဲ့ ရဲ့လား။ ငါထင်တာကတော့ မင်းတို့လို မျောက်ပြဆန်တောင်း နေတဲ့ကောင်တွေကြောင်း တိုင်းပြည်နဲ့လူမျိုး၊ ဘာသာကို တစ်နေ့တစ်ခြား ဘာသာခြား၊ လူမျိုးခြားတွေကို စိမ့်ဝင်လာနေပြီ။ ဒီဟာတွေကို မင်းတို့တွေဘာဖြစ်လို့ မမြင်နိုင်ရတာလဲ။ အကြောင်းအကျိုးမညီညာတဲ့ကောက်ချတွေနဲ့ ကိုယ်ပြောချင်တာကို လျှောက်ပြောမနေနဲ့။ မင်းအမေ တွေ၊ မင်းညီမတွေ ကုလားဆီမှာ မယားငယ်ဖြစ်တဲ့အချိန်ျမှာ ဒီအကြောင်းတွေကို မင်းနားလည်မှာလား။ ဒါဆိုရင် မင်းတို့ဟောင်နေတဲ့အမျိုး သားရေးဆိုတာ ခွေးချီးစားနေတာပဲဖြစ်မယ်။
ဇော်ဝင်း ၈၈ အမည်ခံနိုင်ငံရေးလုပ်စား

ko gyi said...

ကိုဇော်ဝင်းခင်ဗျား အလွန်ကောင်းတဲ့articleပါ။လက်ရှိဖြစ်စဉ်နဲ့ဖြစ်လာနိုင်ချေတွေကိုမီးမောင်းထိုးပြထားတာတွေကိုလူငယ်တွေကြားကျယ်ကျယ်ပြန့်ပြန့်ရောက်သွားစေချင်ပါတယ်။အမျိုးသားရေးမှိုင်းတွေဝေနေတဲ့အခုလိုအခါမျိုးမှာအမှန်နဲ့အမှားကိုရဲရဲရင့်ရင့်ယုါံကြည်တဲ့အတိုင်းရေးပြတက်တဲ့ကိုဇော်ဝင်းကို
လူချင်းမသိသော်လည်းလေးစားလျက်

Hurricane Sandy said...

ဘာသာတရား တခုကိုယုံကြည်လို.ကိုးကွယ်သူ အပေါင်း
ဟာ အဲဒီဘာသာရဲ.အဆုံးအမ ၊ အယူဝါဒတွေကို လိုက်နာ
ကျင်.ကြံဖို.လိုအပ်သလို အဲဒီဘာသာ (အခြား အခြားသော
တွေရဲ.ပယောဂကြောင်.) မပျောက်ကွယ်သွားအောင်ကာ
ကွယ်ဖို.လည်းတာဝန်ရှိပါတယ် ။
ဘာသာတရား တခုကို လိုက်နာကျင်.ကြံ တာနဲ.ကာကွယ်စောင်.ရှောက် တာ ၂ခုမှာ တခါတရံ ၀ိရောဓိ ဖြစ်တာမျိုးရှိပါတယ် ။
ဆရာတော်တွေ မှာလည်း အမျိုးဘာသာသာသနာကို
ကာကွယ်စောင်.ရှောက်လိုစိတ်နဲ. အာပတ်အသင်.ခံပြီး
လုပ်နေကြရတာပြည်သူအများစုကသိကြပါတယ်။
.. ဗုဒ္ဓဘာသာ ကိုးကွယ်သူအားလုံးနီးနီးဟာ မြန်မာပြည်
မှာ အစ္စလမ်ဘာသာက နည်းပေါင်းစုံသုံးပြီး ကြီးထွား
အောင်လုပ်ဆောင်နေတာ မနှစ်သက်ကြသလို
... လူသားတွေ အချင်းချင်းသတ်ဖြတ်မှုတွေဖြစ်နေတာကိုလည်း
မနှစ်မြို.ကြတာအသေအချာပါ ။
အစ္စလမ်ဘာသာက နည်းပေါင်းစုံသုံးပြီး မြန်မာပြည်
အပါအ၀င် ကမ္ဘာကိုပါ လွှမ်းမိုးဖို.ကြိုးစားနေတယ်
ဆိုတာလောက်မှ မယုံကြည်ရင် ၊ လက်မခံရင်
ကိုဇော်ဝင်း ... ရေ ၊
ခင်ဗျားတော.ဆေးစားမှားနေပြီ ။
.. ဆရာတော် အရှင်ဝီရသူကို လူယုတ်မာလို. ခေါ်ဝေါ်
ရေးသား လိုက်တာကလည်း
.. ခင်ဗျားရဲ. မှတ်ကျောက် ပါဘဲ ။


Unknown said...

ကောလဟာဌ မဟုတ်ပါဘူး အမှန်အကန်ပါ အဲဒီဘက်မှာ ယဉ်ကျေးမူ သင်တန်း ဖွင့်နေတုန်း ဖြစ်သွားလို့ ကာကွယ်လိုက် နိုင်တာပါ

Unknown said...

ဖတ်ဘူးပါတယ် သူ့ ဆောင်ပါးတွေ စောက်ပေါကြီးပါကွာ ၈၈ကျောင်းသား ဆိုလိုက်တာ ကျန်သူတွေပါထိခိုက်တယ်

ywarthar said...

အဗ္ဗဒူလာ ဇော်ဝင်း သို့
၈၈ နာမည်ခံပြီး ပြည်သူအတွက် ဘာများလုပ်ဆောင်ပြီးပြီလဲ။
အကျအနကောက် ဆောင်းပါးလေးတွေ လောက်နဲ့ ၈၈ နာမည်ခံ နေတာ နားကြားပြင်းကပ်တယ်။
ခုလည်း အမည်ခံဗုဒ္ဓဘာသာ လောက်နဲ့ ကိုယ့်သီလကို ယုံတယ်လေးဘာလေးနဲ့။
မင်းလည်း အမေ နှမကို မွတ်တွေကိုပေးပြီး ဒီကောင်တွေကို အဖေ ခေါ် ။ ယောက်ဖ တော် မယ်
ဆိုရင်တော့ ၈၈ အမည်ခံတာထက် မြိုးမြိုးမြက်မြက်လေး ရနိုင်ပါတယ်။ ဒါပေမယ့် မင်းနာမည် ကိုတော့
အဗ္ဗဒူလာ ဇော်ဝင်း လို့ပြောင်းဖို့လိုလိမ့်မယ်။ ၈၈ တပ်တာထက် မင်းအတွက် ပိုကောင်းမှာပါ။

Unknown said...

ဇော်ဝင်း မင်းရေးတဲ့ဆောင်းပါးတွေကိုနောင်ဘယ်တော့
မှမဖတ်မိအောင်နေမှဖြစ်မယ် မဟုတ်ရင်မင်းအရမ်းသဘောကျနေတယ့်ဘာသာကိုပြောင်းမိမှာဆိုးလို့မင်းအပြောကောင်းလို့မင်းအာဘော်မိသွားရင်အားလုံးမျိုပြုတ်ကုန်တော့မှာပဲကွာ

zaw myint said...

၈၈ကျောင်းသားဟောင်းဆိုတာတော့ထားပါ။ ဒီလိုမျိုးဝေဖန်ရလောက်အောင်မင်းမှာဘယ်လောက် အတွေ့အကြုံ ဗဟုသုတ ဥာဏ်အမျှော်အမြင် ပညာအရည်အချင်း ရှိနေလို့လဲ မအေလိုးရဲ့။ တခြားအလုပ်နဲ့ရှာစားပါ။ ဒီအလုပ်က မင်းနဲ့မဖြစ်ဘူးခွေးသားရဲ့။

Nalanda Travels & Tours said...

ကျွန်တော်တို့လည်း ၈၈ ကျောင်းသားဟောင်းတွေပါပဲဗျာ ကိုယ့်အမျိုး ဘာသာ သာသနာ အတွက်တော့ ဒီ့ထက်ပိုပြီး သတိရှိဖို့လိုပြီထင်ပါတယ် နောက်ကို ၈၈ နာမည်မသုံးပါနဲ့ဗျာ သိက္ခာကျတယ်

Unknown said...

၈၈ ကျောင်းသားဟောင်းဆိုပြီး ရိုက်စားလုပ်လို့ရတဲ့ခေတ်က ကုန်သွားပြီး ကုလားယောက်ဖရေ..။ တခြားနည်းလမ်းနဲ့ သံရုံးရှေ့သွားသွားအော်ပြီး ထောက်ပံ့ကြေးလေးတွေ သွားတောင်းစားပါ။ ဒီလိုအမေကျော် ဒွေးဒေါ်လွမ်းတဲံ့ ဆောင်းပါးမဟုတ်တယုတ်တွေ ရေးပြီး အမျိုးသားရေး သစ်စာ မဖောက်ပါနဲ့။ ၈၈ ကျောင်းသားဆိုတာ မျိုးချစ်စိတ်ရှိတဲ့သူတွေလို့ ထင်ထားခဲ့တာ... မင်းကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး အပုပ်တွေ ပေါ်ကုန်ပါပြီ။

nainglin said...

အမျိုးဘာသာသာသနာကိုထိရင်မချိအောင်နာတက်သောcommentsရေးသူမြန်မာလူမျိုးစစ်စစ်ကြီးများကိုကျေးဇူးတင်ပါသည်။

nainglin said...

ဟိန္နူဘာသာဝင်တွေမီးနင်းပွဲလည်ဗုဒ္ဓဘာသာတွေဝင်နွဲလိုက်တာပဲ။ခရစ္စမတ်တို့ဟက်ပီးနယူရီးယာဆိုလဲလိုက်ပျော်လိုက်တာပဲ။တံခါးပိတ်ပြီးဝတ်ပြုတာတို့လည်ပင်းလှီးတာတို့ကြတော့ကျွန်တော်တို့လဲလိုက်မလုပ်နိုင်ဘူးခွင့်လွှတ်ဗျာကိုဇော်ဝင်း။အန်တီစုလက်သုံးစကားနဲ့ပြောရရင်တော့ပွင့်လင်းမြင်သာကြပါပေါ့ဗျာ။