Monday, February 11, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင်လူငယ်များ ကြိုဆို

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင်လူငယ်များ ကြိုဆို
ဖနိဒါ ၊ တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့က ကချင်ရိုးရာဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက်လာသူများအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

“ကျနော်တို့ ကချင်ရိုးရားယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်းချမ်းရေးရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိစိတ်ဓာတ်ရှိရှိ၊ နိုင်ငံသားတယောက်တာဝန်အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြိုဆိုခြင်းဖြစ်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ကချင်ပြည်နယ် မဝင်ရောက်မီ ရန်ကုန်၊ မန္တလေးမြို့မှ ကချင်လူမျိုးများက ဝမ်းသာအားရ ကြိုဆိုခြင်းဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

ကချင်ရိုးရာဝတ်စုံနှင့် ယဉ်ကျေးမှုစလေ့ထုံးစံအတိုင်း ကချင်တိုင်းရင်းသားလူမျိုးများက ဝတ်စုံအပြည့်နှင့် ကြိုဆိုခဲ့သည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သောအဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

၎င်းက “သူတို့ပြည်နယ်ကို ငြိမ်းချမ်းရေးအတွက် လာရောက်တဲ့အတွက် ကျနော်တို့ကို မင်္ဂလာရှိအောင် ဒီခရီးလမ်းကြောင်းမှာ ဖြောင့်ဖြောင့်ဖြိုးဖြိုး ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ကချင်ပြည်နယ်က လူတွေက ခရီးဦးကြိုပြုတယ်။ ဆုတောင်းပေးကြတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေးရရှိသွားသည့်တိုင်း ငြိမ်းချမ်းရေးအလံအား စိုက်ထူနိုင်သည်အထိ ချီတက်လမ်းလျှောက်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

ကိုဝင်းချိုက “အစိုးရနဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ရနေ၊ လမ်းခရီးတလျှောက် ပြည်သူတွေ ကျုနော်တို့လိုပဲ၊ ငြိမ်းချမ်းရေးကို မြတ်နိုးလာအောင်၊ ဒီစစ်ပွဲတွေဟာ ကျနော်တို့နဲ့ သက်ဆိုင်တယ်ဆိုတာ ပြည်သူတွေအားလုံး သဘောဆောင်အောင် အဲဒီအတွက် လမ်းလျှောက်တာဖြစ်တဲ့အတွက် လိုင်ဇာကို ရောက်အောင် သွားပါ့မယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ရန်ကုန်မြို့မှ ထွက်ခွာလာသော လူတချို့မှာ မောပန်းခြင်း၊ ခြေထောက် ပေါက်ပြဲနေခြင်းများ ဖြစ်သဖြင့် နှစ်ရက်ခန့်ကြာ မန္တလေးမြို့တွင် ရပ်နားပြီးနောက် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေးလိုလားသော လူငယ်များအဖွဲ့က ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။

19 comments:

Anonymous said...

လူလစ် ရင် ဆိုင် ကယ်စီးတယ် ကားစီးတယ်
မြို့ တွေထဲ ဝင် ရင် တော့ လမ်းလျှောက်ပြတယ် ။
ဓာတ်ပုံတွေ သက်သေ တွေအများကြီးပဲ။
မရှက်ကြဘူးလားးးး
သူရဲကောင်းသိပ်ဖြစ်ချင်နေကြတယ် နာမည်သိပ်ကြီးချင် ကြတယ်။
ဒီလိုလူပိန်းကြိုက်လုပ် ရပ်လေးတွေလောက်နဲ့ ပြည်သူအများစု
က အထင် မကြီးတော့ဘူးဆိုတာမှတ်ထား
တခြားအကျိုးရှိတဲ့နည်းလမ်းတွေအများကြီးပါကွာ

Anonymous said...

ငြိမ်းချမ်းရေးအတွက်ဆိုပြီးလမ်းလျှောက်တဲ့သူတွေ
၂ဖွဲ့ ကွဲကြသတဲ့။ ရှက်တတ် ရင် သေဖို့ကောင်းပြီဟ။။
ကိုယ်တိုင် က လူစုလေး၂ ယောက်တပိုင်းကို မညီညွတ်
မငြိမ်းချမ်းပဲနဲ့ကွာ
အစကထဲကရည် ရွယ်ချက် စေတနာ မမှန်တော့ဒီလိုပဲ
ဖြစ်လာမှာပဲ
အလှူငွေ အ ဝေမတဲ့လို့တဲ့...အဖွဲ့သား အချင်းချင်း
မတဲ့လို့တဲ့...အစထဲက အ ဝေတဲ့အောင် ညှိထားကြ
ရောပေါ့..မင်းတို့လိုလူတွေသာ လုပ်ပိုင် ခွင့်များ ရလိုက်
လို့က တော့ကွာ..အကုန်ဒုက္ခရောက်ပြီပဲ

Unknown said...

ဘဘကြီး ဆိုတဲ့လူ ကိုယ်တိုင် ပဲလျှောက်ကြည့်ဦး အဓိက ရည်မှန်းချက်က ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ ပါဝင် လာဖို့ ဆိုတာ နားမလည်ဘူးလား

♫♪ နေရောင်♪♫ said...

အစဟုတ်မလိုလိုနဲ့  အဖျားရှူးသွားတတ်တာ
ဒို့ မြန်မာသောက်ကျင့် 
တဟုန်းဟုန်းတောက်လောင်ပြီး
ခဏလေးပြာကျသွားတဲ့ 
ကောက်ရိုးမီးသောက်ကျင့် 

very truth said...


ဘဘကြီးဆိုတဲ့ လူဟာ တကယ်တန်းတော့ ကိုချင်းစာစိတ် ဖျက်လိုဖျက်စီးလုပ်လိုစိတ် အလွန်ကြီးပြီး ဘေးထိုင်လို့ သူတပါးကို မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေကို ထိုင်ပြောအသေရေဖျက်နေတဲ့ စစ်သား ဘုတ်စော နွားတကောင်ပဲဖြစ်ပါလိမ့်မယ်။

ayoenyartel said...

political stant?and they will not surely pass beyond shwebo? who dare to belt

Anonymous said...

အေးးးးဘာမှအလွယ်တကူအထင် ကြီးဖို့မလိုဘူး
စော်ကားဖို့လဲမလိုဘူးးးဒီကောင် တွေအကျင့်စရိုက်
လုပ် ရပ် တွေ ဒီလောက်ပေါ်လွင်နေတာ တောင် အားပေးချင် ဆက်အားပေးပေါ့လေ
ဒီလိုအ ပေါ်ယံ ကြည့်ပြီး ယုံတတ်တဲ့ လူပိန်းတွေ ရှိလို့လဲဒီကောင်တွေလုပ်စားဖို့ဂွင် ရှာတာပေါ့
အသံကောင်းဟစ်ပြတိုင်းယုံကြမလား???
တကယ် ရည် ရွယ်ချက်စေတနာမှန်ကန် ရင် ထောက်ခံဖို့
အသင့်ပဲ

chai said...

ml ပြောတာမှန်တယ် ဘဘကြီးဆိုတဲ့နွားကဘယ်ချီတိုင် ကလွတ်လာလဲမသိဘူနော် ဝေးဝေးနေကြ ကိုက်ခံထိလိမ့်မယ်

Anonymous said...

သတင်းတွေကိုသေချာလေ့လာပြီးမှဝေဖန်တာ သုံးသပ်တာကောင်းတယ် ပါးစပ်က အော်ပြတိုင်းသာ ယုံနေရ ရင် ကိုယ့်အဆင့်ကိုယ်သိ

Anonymous said...

အေးပေါ့လေ နွားလောက်မှအသိဥာဏ်မရှိတဲ့ တိရစ္ဆာန် ဆိုတော့ ခွင့်လွှတ် ရမှာပေါ့

Anonymous said...

right!political stunt.the don't walk for peace.

Unknown said...

Walking of peace is not for fame. It's for public motivational movement and noticeable action for all human being of the world. If we want peace really, we have to understand what for their loung journey walking.

Unknown said...

whatever ..appreciate it..who is dare to sacrify like them. their energy..time..sweat...tear...tired legs..with beautiful hearts show action...we like them..if we all goood myanmar citizens participate like them in one aim...,We Burma country has peace long time ago. But..our eyes were closed by military and again dressed change militry again..... tq to those who are wrting history by walking...

မောင်ပြောချင် said...

ငြိမ်းချမ်းရေးဟာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတာကို လူတိုင်းကသိတယ်။လူတိုင်းလည်းပါဝင်ကြတာပါပဲ။အနည်းဆုံးကိုယ့်ပတ်ဝန်းကျင်မှာမငြိမ်းမချမ်းဖြစ်စေမယ့်လုပ်ဆောင်ချက်တွေမလုပ်ဘူးဆိုရင်ငြိမ်းချမ်းရေးအတွက်တာဝန်တစ်ခုယူထားကြတာပဲ။အဲဒါကို ငြိမ်းချမ်းရေးကလူတိုင်းနဲ့ဆိုင်တယ်ဆိုတာကိုသိစေချင် အောင် လုပ်ပေးတယ်ဆိုတဲ့စကားနဲ့ လူထုတစ်ရပ်လုံးကိုမစော်ကားပါနဲ့။
ခုငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ရာမှာ ပွင့်လင်းမြင်သာမှုရှိပါသလား။ခုကျွန်တော်တို့လျှောက်လာတာကတော့ ဒီလောက်ရောက်နေပြီ။ကျွန်တော်ကခုထက်ထိရန်ကုန်ကလျှောက်လာတာ ဘာယာဉ်အထောက်အကူမှမယူဘဲနဲ့လျှောက်လာတာပါ။
ဆက်ပြီးလမ်းလျှောက်ပါဦးမယ်လို့ပြောနိုင်တဲ့လူဘယ်နှစ် ယောက်ရှိလဲ။ဒီနေရာမှာ ပွင့်လင်းမြင်သာမှုလေးတွေ့ချင်လို့မေးတာပါ။
ဒီလိုမှမဟုတ်ရင်လည်းခေါင်းစဉ်လေးပဲပြောင်းပေးပါ။
ငြိမ်းချမ်းရေအတွက်လမ်းလျှောက်လိုအပ်ရင် ကား၊ ဆိုင်ကယ်စီးပြီး လိုင်ဇာထိရောက်အောင်သွားမယ်ဆိုတဲ့ခေါင်းစဉ်လေးပါ။
ဒီလိုဆိုရင် လမ်းလျှောက်ကြသူတွေနဲ့ပတ်သက်ပြီးcommentပေးကြသူတွေကြားမှာ ငြိမ်းချမ်းရေးတကယ်ရသွားပြီပေါ့။အချင်းချင်းစကားမများရတော့ဘဲနဲ့ငြိမ်းချမ်းရေး peace ရပြီပေါ့။

haymar said...

Hi Sacrificed people,

We could not walk together However, Our spirit will be walking together
for out country peaceful.

Buddha blessing us!

win said...

မှန်တယ်ကွာ

Uncle Chan's အမလ said...


ငြိမ်းချမ်းရေးလိုချင်လို့ အေးချမ်းချင်လို့ လုပ်တာကို ဝေဖန်လေကန်လို့ အပြစ်ဆိုနေသူများအားလုံးကတော့ဖြစ် ငြိမ်းချမ်းရေးကိုမလိုလားသော ဖျက်လိုဖျက်စီးလုပ်လိုသော တိုက်ခိုက်ဖျက်စီးခြင်းသဘောကိုသာ သိပြီး တည်ငြိမ်အေးချမ်းခြင်း သဘောကို နကန်းတလုံးနားမလည်သော စစ်ကျွံ စစ်ခွေး များတာ ဖြစ်လတံ။ ကျေနပ်မှုရှိကျရဲ့လား မကျေနပ်ရင်လဲ ဆက်ပြီး ဝေဖန်လေကန်လို့ လေဖြတ်သေကာ ငရဲသို့ သွားကျပေတော့...

Ko Min said...

ကချင်လူမျိုးများနှင့် KIA တို့ သိထားသင့်သည့် သတင်းတစ်ပုဒ် ကို ကူးယူဖော်ပြပေးလိုက်သည်......



"အပစ်ရပ်ပြီးနောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်ဆောက်မှု များပြားလာ
Submitted by admin on Tuesday, 12 February 2013--
ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)

ဆောက်လုပ်နေဆဲဖြစ်သည့် လှိုင်းဘွဲမြို့နယ်မှ လမ်းလွဲတနေရာ
ကရင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြပြီးနောက် ပိုင်း ပြည်နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်ဆောက်မှုကို ပိုမိုလုပ်ဆောင် လာ ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်ကို ကေအိုင်စီမှ ယမန်နေ့က ဆက် သွယ်မေးမြန်းရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ(PSO) စောခေါင်ဖါထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာရှိနေတဲ့ ၀ဘိုးတော – ကမမောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ဆောက်လုပ်နေပါတယ်။”ဟု ပြောသည်။

လှိုင်းဘွဲ – ပိုင်ကျုံ တံတားများကို ဂျပန်နိုင်ငံက ကူညီလှူဒါန်းပြီး ဘားအံ – လှိုင်းဘွဲ တံတားများကို ပြည်နယ်ဘက်ဂျက်ငွေဖြင့် လည်းကောင်း၊ ၀ါးဘိုးတော – ကမာ့မောင်း တံတားများကိုမူ နေပြည်တော်ဘက်ဂျက်ဖြင့် သုံးစွဲကာ တံတားများကို နွေမကုန်ခင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ ဆောက်လုပ်ရာတွင် ပြည်နယ်ဆောက်လုပ်ရေးအဖွဲ့၏ လက်အောက်ခံဖြစ်သော တံတားအထူးအဖွဲ့(၁၆)မှ ဆောက်လုပ် ခြင်းဖြစ်ပြီး တံတားများမှာ ကွန်ကရစ်တံတားငယ်များသာ ဖြစ်သော်လည်း တန်ချိန် (၈၀)ခန့် တင်ဆောင်သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ တံတားများကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလကတည်းက လှိုင်းဘွဲ – ပိုင်ကျုံ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဘားအံ-လှိုင်းဘွဲ တံတားများကိုမူ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင် ဆောက်လုပ်နေခြင်းဖြစ်ရာ သွားလာရေး လွယ်ကူမှုများ ရှိလာ နိုင်သည်ဟု ဒေသခံလူထုက ပြောဆိုနေကြသည်။

လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုရွာသားတစ်ဦးက “အခုတလော ကျနော်တို့ လှိုင်းဘွဲမြို့နယ်မှာ လမ်းတံတားများ ဆောက်လုပ်နေပါ တယ်။ ကျနော်တို့ ခရီးသွားလာတဲ့အခါ တံတားဆောက်တဲ့နေရာမှာ လမ်းလွဲလမ်းရှိပါတယ်။ အဲဒီလမ်းလွဲလမ်းတို့ လမ်းသစ် ဖေါက်လုပ်ထားတဲ့ နေရာတို့မှာတော့ ဖုံတွေထတာတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်ခဏပေါ့နော်။ ဒီဟာတွေပြီးရင် သွားရေးလာ ရေး အများကြီး အဆင်ပြေလာမယ်လေ။”ဟု ဆိုသည်။

ယခုဆောက်လုပ်သည့် လမ်းတံတားများ၏ ကုန်ကျစရိတ် ဘတ်ဂျက်ငွေများကိုမူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ အတိအ ကျ ပြောဆိုခြင်း မရှိသော်လည်း ၎င်းလမ်း၊ တံတားများကြောင့် သွားလာရေး ပိုမို လွယ်ကူအဆင်ပြေလာမည်ဟု ဒေသခံပြည်သူ များက ပြောဆိုနေကြသည်။"

Ko Min said...

မျက်နှာဖြူအရာရှိ -
အောင်ဆန်း မင်းလိုချင်တာကိုငါတို့ မပေးရင် မင်းဘာလုပ်မလဲ

(ရုတ်တရက်ထပြီး မျက်နှာဖြူအရာရှိ အိတ်ကပ်ထဲက ဘောပင်ကို ဆတ်ကနဲ ဆောင့်ဆွဲလိုက်တာ အိပ်ကပ်တောင်ပြဲသွားတယ်)

ဗိုလ်ချုပ် -
မပေးရင် ဟောသလိုလုယူမယ် လုလိုက်တော့ ကျုပ်လက်လည်းနာတယ် ခင်ဗျား အိပ်ကပ်လဲပြဲတယ်

*** လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုပါသည် ***
ACM Re-post Time: 2013 Feb 10 1:35
News from: Royal Hero Media