Saturday, December 24, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၁၂-၂၀၁၁)

- ကချင်ဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေလှူ click
- ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် သိန်း ၃၀၀ လှူ click
- မှတ်ပုံတင်ကျပြီး NLD ဖွဲ့စည်းပုံ ကြေညာမည် click
- ဖိတ်ခေါ်လို့ သွားတာမဟုတ်ဘူး၊ မှတ်ပုံတင်ဖို့ သွားရတာ (ဆောင်းပါး) click
- ပါတီမှတ်ပုံတင် ကိစ္စအပြီး လွှတ်တော်ဥက္ကဌများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ရုပ်သံသတင်း) click
- ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲအတွက် ဒု-အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ (ရုပ်သံသတင်း) click
- ကိုဇာဂနာနဲ့အဖွဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လှူဒါန်း click
- လူရွှင်တော်ဇာဂနာနှင့် အနုပညာရှင်များ နိုင်/ကျဉ်းဟောင်းများ တောင်ငူထောင်သို့ သွားရောက် ပံ့ပိုးကူညီ (အင်တာဗျူး) click
- ထောင်ထဲက နိုင်ငံရေးသမား click
- မြန်မာနဲ့ ထိုင်း အလုပ်သမားအရေး ဆွေးနွေး click
- မြန်မာပုဂ္ဂလိကဘဏ်တွေ ပြည်ပငွေလွှဲ လက်ခံမယ် click
- နည်းပညာတက္ကသိုလ်များ ဘာသာရပ်အလိုက် ပေါင်းဖို့ ညွန်ကြားချက်ထုတ် click
- နာမည်ကြီး ရခိုင်တေးရေးဆရာ ဦးထွန်းအောင်သာ ကွယ်လွန် click
- မြန်မာများ ညီညွတ်စွာ ၀ိသမလောဘသမားများကို ခုခံရန် (ဆောင်းပါး) click
- ကဏ္ဍစုံ ဖော်ပြနေတဲ့ ဆုံဆည်းရာ (ဘလော့ဂါ) click
- ကိုယ်စား … ရေးလိုက်တဲ့ ကဗျာ (ကဗျာ) click
- ခရစ္စမတ်အကြို ဆုတောင်းပွဲတွေ ကျင်းပ click
- စီးပွားရေးဆန်တဲ့ ခရစ္စမတ်ပွဲတော်များ ပုပ်ရဟန်းမင်း ဝေဖန် click
- ရုရှားအစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ထပ်မံဖြစ်ပွား click
- မော်စကိုမှာ အကြီးအကျယ် ဆန္ဒပြကြ click
- ရုရှရွေးကောက်ပွဲ ပြန်လုပ်ဖို့ ဆန္ဒပြကြ click
- အကျဉ်းသား သုံးထောင်နီးပါး ကျူးဘား လွှတ်မည် click
- ပါကစ္စတန်အပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန် ရပ်ဆိုင်း click
- နိုက်ဂျီးရီးယားတိုက်ပွဲ လူ ၅၀ ကျော် သေ click
- ဖိလစ်မင်းသားကြီး ဆေးရုံမှာ ရှိနေဆဲ click
- ယူကေမင်းသားဖိလစ် နှလုံးခွဲစိတ်မှုခံယူ click
- လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို တင်ပြလာခဲ့လျှင် သဘောတူမည် click
- မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိနေဆဲဟု ထွက်ပြေးလာသည့် တပ်သားတဦး ပြော click
- ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ နေပြည်တော်မှ ပြန်ရောက် (ရုပ်သံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဌ နေပြည်တော်တွင် တွေ့ဆုံ (ဓာတ်ပုံ) click
- ကန့်ကွက်မယ့်သူ ရှိပါသလား click
- NLD ဒီလှိုင်း အပတ်စဉ်စာစောင် ထုတ်ဝေတော့မည် click
- အထူးကိုယ်စားလှယ် ဦးအောင်မင်း PNLO ဥက္ကဌ နှင့် ဆွေးနွေး click
- ဦးအောင်မင်းနဲ့ ဒေါက်တာနိုင်အောင် တွေ့ click
- အာရှဥပဒေအဖွဲ့ မြန်မာရှေ့နေများအရေး တောင်းဆို click
- နောက်ကြောင်းမရှင်းသည့် ပဲခူးတိုင်း ကြံ့ဖွတ်အမတ်များ (လူထုအသံ) click
- ကချင်ဒုက္ခသည်များ ကူညီရေးနှင့် စာနာရေး ရန်ပုံငွေအခမ်းအနား (ဆန်ဖရန်ဘေးဧရိယာ) က ရန်ပုံငွေ ဒေါ်လာ ၁ သောင်းကျော် လှူဒါန်း click
- မွန်အမျိုးသားနေ့ကို ၀န်ကြီးချုပ် ဦးအုန်းမြင့် ကြိုဆို click
- နှစ်ပါတီ ပေါင်းစည်းမှု ညှိနှိုင်းရေးကော်မတီ မွန်ဒီမို ဖွဲ့စည်း click
- Art of Freedom Film Festival (ဇန်န၀ါရီ ၄ ရက်) ပြိုင်ပွဲချိန် နီးလာသည်နှင့်အမျှ အင်တာနက်ပေါ်တွင် မြန်မာပြည်အရေး ရုပ်ရှင်ကားတိုများ ခေတ်စားလာ click
- ထိုင်းရှိ မြန်မာအလုပ်သမား ယာယီလက်မှတ် ကိုင်ရေး click
- အမျိုးသမီးတွေ ပြည်ပထွက် အလုပ်လုပ်နိုင်ပြီ click
- ၂၀၁၂ ကို မျှော်ကြည့်ခြင်း (ဆောင်းပါး) click
- နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် – ၂ (ဆောင်းပါး) click
- လူငယ်ဂျာနယ်လစ်တွေ ခြေမကျွံစေချင်လို့ (ဆောင်းပါး) click
- တမ်းတမ်းတတ အလွမ်းများ (အသံလွှင့်ဆောင်းပါး) click
- ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် အပိုင်း (၃) (ဆောင်းပါး) click
- လွမ်းစိမ့် သို့မဟုတ် သမိုင်းရေချိန် ... (ဆောင်းပါး) click
- မေတ္တာကို လက်တွေ့ပြသခြင်း သို့မဟုတ် လေဘာဒေးနေ့ (ဆောင်းပါး) click
- နွေတည - အပိုင်း (၇) (၀တ္ထုရှည်) click
- ရွဲ့စောင်းနေတဲ့ ဆောင်း (ကဗျာ) click
- ကတ္တီပါတော်လှန်ရေးခေါင်းဆောင်ရဲ့ နောက်ဆုံးခရီး click
- ဆီးရီးယား အသေခံဗုံးခွဲမှု အတိုက်အခံက အစိုးရကို အပြစ်တင် click
- အီရတ် ဗုံးဖောက်ခွဲမှု အစိုးရ ပါဝင်ပတ်သက်လို့ ဒု-သမ္မတ ပြော click
- ပြင်သစ်က တူရကီနဲ့ မူဆလင်တွေကို သွေးခွဲနေ click
- အခွန်ဖြတ်တောက်မယ့်ကိစ္စ နှစ်လ ထပ်ဆိုင်း click
- စမ်းသပ်စစ်ဆေး မခံနိုင်သော တရုတ်ပြည် တက္ကသိုလ်ပညာရေး click

“မြန်မာပြည်မှာ အဟောင်းတွေ သိပ်ပေါတယ်၊ အသစ်နဲ့ လဲမယ်” (ကာတွန်းမောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

သို့/ ဦးသိန်းစိန် (တိုင်ကြားစာ)

Letter to u Thein Sein

အပြည့်အစုံသို့...

ထားဝယ်မြို့ မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကြောင့် မြို့နေပြည်သူများ ဒုက္ခရောက်နေကြရ (ပေးစာ)

ထားဝယ်မြို့တွင် တိုင်းနှင့်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်မြေစားရင်းဦးစီးမှူး ဦးအေးညီး၊ လက်ထောက်မြို့နယ်မှူး ဦးခင်မောင်အေးနှင့် အပေါင်းအပါ ရပ်ကွက်အုပ်ချုပ်ရေမှူး အဖွဲ့ဝင်အချို့တို့၏ အကျင့်ပျက် ခြစားမှုများကြောင့် ထားဝယ်မြို့နယ်မှ ပြည်သူအတော်များများ အတိဒုက္ခ ရောက်နေကြပြီး တရားမမှုများစွာ ဖြစ်နေကြောင်း သိရှိရပါသည်။ အထက်ပါ ၀န်ထမ်းမျာ၏ အကျင့်ပျက် လာဘ်စားမှုများကို သိနေသော်လည်း ထိုသူများကို ဖြုတ်လိုက်ရင် မြေစာရင်းကိစ္စများကို လုပ်ဆောင်ရန် အဆက်ပြတ်သွားမှာ စိုးသောကြောင့်ဟူသော အကြာင်းပြချက်ဖြင့် အလုပ်ဆက်ခန့်ထားပြီး ထိုသူများကြောင့် ပြည်သူများ တရားမမှုများ ပိုမို ရင်ဆိုင်လာရမှာကို၊ အတိဒုက္ခ ကြုံတွေလာရမည်ကိုတော့ မစဉ်းစားသည်မှာ အတော်ပင် ဆိုးဝါးလှပေသည်။

ထားဝယ်မြို့နယ် မြေစာရင်းဌာနမှ တံဆိပ်များအား ရုံးအပြင်နေရာတွင် အသုံးပြုပြီး
ရယကနှင့်ပေါင်းကာ ငွေယူ၍ စာချုပ်ပြုလုပ်ပေးနေသည့် ခင်မောင်အေးအား တွေ့ရပုံ
(မည်သို့ပင်တိုင်တိုင် ယခုအချိန်အထိ မပြုတ်သေးပါ)
ထားဝယ်မြို့ မြေစာရင်းဌာနတွင် ပါဝါ စာတစောင် လွှဲလိုလျှင် သက်ဆိုင်ရာဝန်ထမ်းကို ကျပ် ၂ သောင်း ပေးရကြောင်း၊ အိမ်ဂရန်များကိုလည်း ပိုက်ဆံပေးပါက ရက်ပိုင်အတွင်း ရအောင် ပြုလုပ်ပေးကြောင်း သိရှိပါသည်။ အိမ်ရာမြေ အရောင်းအ၀ယ်ကိစ္စတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေမှူးနှင့် မြေစာရင်းဌာနမှ အကျင့်ပျက်ဝန်ထမ်းများ ပူးပေါင်းပြီး ၀န်ထမ်းများ လိုက်နာသင့်သော ကိုယ်ကျင့် သိက္ခာများကိုပင် မထောက်ထားနိုင်ကြတော့ဘဲ ထားဝယ်မြို့တွင် ရဲဝံ့စွာ လုပ်ကိုင်နေကြပါသည်။

ထားဝယ်မြေစာရင်းဌာနမှ လာဘ်စားထားသော ၀န်ထမ်းများ ၀င်ငွေဘယ်လောင်တောင်ကောင်းသည် ဆိုသော် သူတို့ကို တိုင်ကြားစာများ ပို့ထားလျှင် သူတို့ကို အထက်မှ အရေးယူဆောင်ရွက်ခြင်း မခံရအောင် သက်ဆိုင်ရာဌာနကို ပြန်လည်လာဘ်ထိုးကာ အမှုများ ပပျောက်စေအောင် ဆောင်ရွက်ထားနိုင်သည့်အထိ အတင့်ရဲနေကြပါသည်။

မြေစာရင်းဦးစီးဌာနမှ အကျင့်ပျက်ခြစားမှုကြောင့် အတိဒုက္ခ ရောက်ကြရသော မြို့နေပြည်သူအချို့မှ နိုင်ငံတော်သမ္မတကြီး၏ အကျင့်ပျက်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူမည်ဟူသော မိန့်ဆိုချက်ကို ယုံကြည်သောကြောင့် သက်ဆိုင်ရာ နေပြည်တော်ရှိ ၀န်ကြီးရုံးများနှင့် သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားစာများ ပေးပို့သော်လည်း အကြောင်းမထူးကြောင်း ကြားသိရပါသည်။
ထားဝယ်မြို့နယ် ခုံဝင်းဒပ်ရပ်ကွက် ရယကအဖွဲ့ဝင်နှစ်ဦးနှင့်အတူ ရုံးတံဆိပ်တုံးများကို ပြင်ပတွင် အသုံးပြုကာ စာချုပ်ပြုလုပ်ပေးနေပုံ
ထားဝယ်မြို့နယ် မြေစာရင်းဦးစီးဌာနမှ တိုင်းနှင့်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကို၊
မြို့နယ်မြေစားရင်းဦးစီးမှူး ဦးအေးညီး၊ လက်ထောက်မြို့နယ်မှူး ဦးခင်မောင်အေးနှင့် အပေါင်းအပါ ရပ်ကွက်အုပ်ချုပ်ရေမှူး အဖွဲ့ဝင်အချို့တို့၏ မတရား အကျင့်ပျက်ခြစားမှုများဖြင့် မြေစာရင်းမှတ်ပုံတင်အမှတ်
၉၆ /၂၀၀၉ မှ ၃၄/၂၀၁၀ သို့ လွှဲပြောင်းခြင်းခံရသူတဦးဖြစ်သော ဦးနေမျိုးသည် ထားဝယ်မြို့ မြေစာရင်းဦးစီးဌာနအရှေ့တွင် ၆-၁၂-၂၀၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မြေစာရင်း မှတ်ပုံတင်အမှတ် ၉၆ /၂၀၀၉ မှ ၃၄/၂၀၁၀ သို့ တရားဥပဒေနှင့် မညီဘဲ လွှဲပြောင်းပြုလုပ်ပေးခြင်းကို လုံးဝမကျေနပ်ပါကြောင်း ရေးသားထားသော ဆိုင်းဘုတ်ကိုကိုင်ကာ တဦးတည်း ဆန္ဒပြခဲ့ကြောင်း နံနက် ၁၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရပါသည်။ ဆန္ဒပြသူ ဦးနေမျိုးအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရှိရပါသည်။ အဆိုပါ ဆန္ဒပြမှုကြောင့် ထားဝယ်မြို့ မြေစာရင်းဌာနတွင် အရောင်းအ၀ယ်မှတ်ပုံတင်ခြင်း၊ ပါဝါလွှဲခြင်း၊ မြေပုံရေးဆွဲစေခြင်းတို့အတွက် ပေးဆောင်နေရသော လာဘ်ကြေးငွေများသည် ယခင်ကထက် လျှော့နည်းသွားသည်ဟု ကိုယ်တိုင် လုပ်ကိုင်နေကြသူများထံမှ သိရှိရပါသည်။

အထက်ပါအကြောင်းအရင်းများကြောင့် မြန်မာသတင်းဆိုဒ်များမှတဆင့် ထားဝယ်မြို့ မြေစာရင်းဌာနမှ ဘယ်လိုပင် အထက်သို့ တိုင်ကြားသော်လည်း မပြုတ်သော အကျင့်ပျက်ဝန်ထမ်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သော အထက်လူကြီးများ သိရှိပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူနိုင်ရန် တင်ပြအပ်ပါသည်။

ထားဝယ်မြို့မှ မြေစာရင်းဌာန အကျင့်ပျက်ဝန်ထမ်းများကြောင့် ဒုက္ခရောက်နေသူတဦး

အပြည့်အစုံသို့...

သရုပ်ဖော်ပန်းချီဆရာ မောင်မောင်သိုက် အမှတ်တရ Memorial 2011 ပန်းချီပြပွဲ

အပြည့်အစုံသို့...

Friday, December 23, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၂-၂၀၁၁)

- NLD ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်သွင်း click
- အန်အယ်လ်ဒီ တရားဝင် မှတ်ပုံတင် click
- NLD မှတ်ပုံတင် လျှောက်လွှာတင် (ရုပ်သံ) click
- လွှတ်တော်ဥက္ကဌတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်တွင် တွေ့ (ဓာတ်ပုံသတင်း) click
- မီဒီယာဥပဒေအတွက် လွှတ်တော်ကော်မတီ မီဒီယာသမားတွေနဲ့ ဆွေးနွေး click
- အစိုးရတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရပ်နား၊ ကချင်ဒုက္ခသည်အချို့ အိမ်ပြန် click
- PNLO ဥက္ကဌ ဦးခွန်ဥက္ကာနဲ့ အစိုးရကိုယ်စားလှယ် တွေ့ဆုံ click
- ပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ မစဉ်းစားသေး click
- ထောင်တွင်း ကျန်းမာရေး နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ဝေဖန် click
- နိုင်ငံရေးအကျဉ်းသားစာရင်း AAPP ထုတ်ပြန် click
- နိုင်/ကျဉ်း စာရင်းကွဲလွဲမှုအပေါ် လွတ်လပ်တဲ့ စစ်ဆေးခွင့်ရဖို့ အေအေပီပီ တောင်းဆို click
- အမျိုးသမီးရေးရာ တနှစ်တာ click
- ချက်သမ္မတဟောင်း နောက်ဆုံးခရီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဂါရ၀ပြု click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကင်ဂျုံအီ ဘယ်သူက ပိုတော်သလဲ (ဆောင်းပါး) click
- ဖန်တီးအိမ် NGO မတည်သူ မြန်မာအမျိုးသမီး ကိုယ်စားလှယ်နဲ့ ဆက်သွယ်မေးမြန်းချက် click
- မူးယစ်ဆေးနဲ့ မြန်မာ့နိုင်ငံရေး (သတင်းသုံးသပ်ချက်) click
- အရေးတော်ပုံများ … လူများ၊ အဖြစ်အပျက်များ (၆) (ဆောင်းပါး) click
- ဆုံးရှုံးခဲ့သော ညများစွာနှင့် အိပ်မက်ဆိုးမှ နိုးထသော် – အပိုင်း (၁) (ဆောင်းပါး) click
- ဥရောပ မဲဇာ (ကဗျာ) click
- ဆီးရီးယားနိုင်ငံ မြို့တော်မှာ ဗုံးပေါက်ကွဲ click
- ဆီရီးယား အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော်သေဆုံး click
- အာဏာသိမ်းမယ့် သတင်း မမှန်ဟု ပါကစ္စတန် စစ်ခေါင်းဆောင် ငြင်းဆို click
- ချက်သမ္မတဟောင်း ဈာပန ကမ္ဘာ့ခေါင်းဆောင်တွေ တက် click
- ကင်မ်ဂျုံအီလ်အတွက် တောင်ကိုရီးယား ကြေညာချက် မြောက်ပိုင်း မကျေနပ် click
- တရုတ်နိုင်ငံရေးလှုပ်ရှားသူကို ထောင်ချတဲ့အပေါ် Amnesty ရှုတ်ချ click
- ဒီဇင်ဘာလ ၂၃ ရက် တမိနစ် သတင်းဗွီဒီယို click
- ခရစ်စမတ်လက်ဆောင် Jingle Bells click
- ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ click
- ကြိုတင်မဲကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်မည် click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရောက်ရှိ၊ ဗိုလ်ချုပ်ဟောင်းတို့နှင့် တွေ့ဆုံမည် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ NLD ပါတီ မှတ်ပုံတင်ရန် နေပြည်တော်သို့ ထွက်ခွာ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ဒုတိယခရီး (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ခရီးစဉ် (သတင်းဓာတ်ပုံ) click
- တကယ့်ငြိမ်းချမ်းရေးကို လိုလားတဲ့ပုံပေါ်တယ် (နိုင်ဟံသာနှင့် မေးမြန်းချက်) click
- တဖက်နဲ့တဖက် စောင့်စည်းနိုင်ရင် အောင်မြင်မယ် (မေးမြန်းခန်း) click
- သံလွင်အရှေ့ခြမ်းရှိ သျှမ်းတပ်များ ထိုင်းနယ်စပ်သို့ တပ်ရုပ်ခိုင်း click
- အဖွားအရွယ် အမျိုးသမီးကြီးကို အစိုးရစစ်သား ၃ ဦးက မုဒိမ်းကျင့်ရန် ကြံစည်ဟု ဆို click
- အပစ်ရပ် နှစ် ၂၀ ကျော် မိုင်းလား၌ အခြေခံပညာအဆင့်ပင် အောင်မြင်သည့်သူ မရှိ click
- သေနတ်သံတွေနဲ့ ခရစ္စမတ် (ရုပ်သံ) click
- လှည်းတန်းလမ်းဆုံ ဗုံး အဓိက တရားခံ ဆုငွေထုတ် click
- တသက်တကျွန်း ကျနေတဲ့ ကိုသက်နွယ် click
- ထောင်ဒဏ်တသက်ကျခံနေရတဲ့ နိုင်/ကျဉ်း ကိုသက်နွယ်(ခ)ငြိမ်းလူ၏ ကျန်းမာရေး စိုးရိမ်ရ (အင်တာဗျူး) click
- လွတ်လပ်ရေးနေ့တွင် စီတန်းသွားလာခွင့်မရ click
- ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင်နှင့် ဦးအောင်မင်း တွေ့ဆုံ click
- ၀န်ကြီးနဲ့ တွေ့ခဲ့တဲ့ ပြည်ပရောက် ခေါင်းဆောင်တဦး ကြေညာချက် click
- အဲ့ဒီအခန်းဖြတ် အလှူ့ရှင်၊ ပျော်ပျော်ကြီး ဆိုကြတီးကြမယ် click
“ပြည်သူ့ဆန္ဒ ... ပြည်သူ့သဘာထား ...” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ပါးစပ်ဘုရား လက်ကားယားနှင့် ကျွန်ပ်တို့၏ ... (ဆောင်းပါး) click
- သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၁) (ဆောင်းပါး) click
- စိတ်အလျဉ်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်းအနုပညာ (၁၈) (ဆောင်းပါး) click
- ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၈) (ဆောင်းပါး) click
- ကောင်မလေး ... ကောင်းကောင်းနေ၊ အကျယ်ကြီး မငိုနဲ့ (ကာတွန်း) click
- အင်းစိန် မီးရထား ဌာနပိုင်နယ်မြေပေါ်က ဆိုင်ခန်းတွေ ဖျက်သိမ်းခံနေရ (ရုပ်သံသတင်း) click
- ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား click
- ၅ ကြိမ်မြောက် ကုန်သွယ်ဆွေးနွေးပွဲတွင် မြန်မာမှ အိမ်ဆောက်ပစ္စည်းများ ၀ယ်ယူလိုကြောင်း ထုတ်ဖော် click
- ပြည်ပထွက် အလုပ်လုပ်သူများအတွက် ကောင်းသတင်း click
- ပြည်ပရောက် မြန်မာများ အခွန်ကင်းလွတ်ခွင့်ရပြီ click
- ပြည်ပနေ နိုင်ငံသားများ ၀င်ငွေခွန် ကင်းလွတ်ပြီ click
- ကားဈေးကွက်လှုပ်၍ ဒေါ်လာဈေးတက် click
- ငွေကစားမှုကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက် မြင့်တက် click
- ၀၉-၉၉ ဆယ်လူလာ၏ အနာဂတ် click
- ဆခဟ ကွယ်လွန်ခြင်း ရက်တရာပြည့် ဆွမ်းသွတ်ပွဲနှင့် အရိုးပြာများ နယ်စပ်၌ ဂူသွင်း click
- ရာဘရောင်းသူ မြန်မာ ၃ ဦး ဘန်ကောက်တွင် မိ click
- မြန်မာအမျိုးသမီးတဦးထံ ဘိန်းဖြူ ၁၀ ဟောင် ဖမ်းဆီး click
- ၀ိုင်နှင့် ဘီယာ ပုလင်း ၄,၀၀၀ ဖမ်းမိ click
- မိတ်အင်ချိုင်းနားကား click
- အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကားမောင်းပွဲ ကျင်းပမည် click
- ကင်ဂျုံအန်းနဲ့ မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးများ (ကာတွန်း) click
- လီဗာပူးလ်ရဲ့ ၂၀၁၁ အတက်အကျများ click

အပြည့်အစုံသို့...

နိုင်ငံရေးပိုင်သူ ရှားပါး

နိုင်ငံရေးပိုင်သူ ရှားပါး
မောင်သာနိုး

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။ လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူ
အင်မတန် ခေါင်းပါးတာကို တွေ့ကြရတယ်။ ဥပမာ - ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါတယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။ အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။

ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။

တခါ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းဖြစ်တော့ နိုင်ငံရေးဆရာ တော်တော်များများက ကုလားဆန့်ကျင်ရေးသမားတွေပါ။ ကုလားတွေကို ချဖို့ ဗမာဆင်းရဲသားတွေကို မြှောက်ထိုးပင့်ကော် လုပ်ခဲ့ကြတာကလား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ “ကုလားအရေးလောက်ကိုဖြင့် ဓားသွေးလောက်တယ် ဆရာ မထင်လို့မို့” စသဖြင့် ကဗျာဖွဲ့ကာ အဓိကရုဏ်းရပ်ဖို့ မေတ္တာရပ်ခံ ကြိုးပမ်းခဲ့တယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမားအများက နယ်ချဲ့သမားနဲ့ စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာပဲ။ လွတ်လပ်ရေး ကြေညာပြီးတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ့်လို့ သုံးသပ်တယ်။ ကွန်မြူနစ်ဂီတပညာရှင်က “နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ” လို့ တေးဟစ်တယ်။

နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့က လေသံပြောင်းကုန်မှ (သူတို့ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။ ဒီလိုနဲ့ ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံမှာ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ထိပ်တန်းက ရှိနေခဲ့တယ်။ ကိုယ့်ပြည်တွင်းမှာ မရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတကောင်လို ထိတ်လန့်ခြောက်ခြား နေသမို့ ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့သလို ဖြစ်ကုန်တော့တယ်။ သူတို့ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ ... စသဖြင့် စသဖြင့် ...။

၁၉၆၂ မှာ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပလို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့မရ၊ အုံကြွလာတဲ့ ပြည်သူကို မဖိနိုင်တော့တဲ့အခါ နောက်ဆုံးပိတ်နည်းလမ်းအဖြစ် နယ်ချဲ့က စစ်တပ်ကို သုံးတာ ဖြစ်တယ်လို့ အတွေးခေါင် ဝေဖန်သေးတာကလား။ ဦးနေ၀င်းတို့ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့အုပ်စုနဲ့လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယအုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။ နယ်ချဲ့တစ္ဆေကြီးက ပူးတုန်း။ သူတို့နဲ့ ပြောင်းပြန်၊ လက်ဝဲနိုင်ငံရေး ဆရာကြီးတချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊
တိုင်းပြည်ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ်ချကြတော့တာကလား။ တချို့ခေါင်းဆောင်ကြီးတွေကဆိုရင် ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော်တော့တာ။

ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့ ကျနော်ဟာ အသက်သုံးဆယ် မပြည့်သေးပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ရေဒီယိုက ဖတ်ပြတာကို နားထောင်နေမိရာက ဘေးက သူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ” လို့ မှတ်ချက်ချမိတယ်။ အဲသလို ချာတိတ်ကျနော်က သုံးသပ်မိချိန် ကျနော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျနော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျနော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။

သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါပဲ။ “ကျနော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှာသင့်ပြီ၊ ငါတို့ပါတီမှ ငါတို့ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ကျနော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေအားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ်သဘောတရားကို ဘုံသဘော ရေးဆွဲထားတာပဲ။ ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီညွတ်ညွတ် ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ်” တဲ့။

အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့ ပီကျင်း ဘာတွေကွဲလွဲနေကြတယ်ဆိုတာကို နကန်းတလုံး သိနားလည်ပုံမရှိ။ “လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ပဲလို့ အောက့်မေ့တဲ့ နိုင်ငံရေးမူလတန်းမအောင်သူတွေသာ ဖြစ်တော့တယ်။ သတ္တ၀ါအနန္တကို မေတ္တာထားရမယ် ဆိုကာမျှနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါပဲ ဆိုတဲ့ပုံစံမျိုး။ ဒါနဲ့များ ဒီလူတွေ တောထဲဝင်လိုဝင်၊ မြို့ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ်တော်လှန်ရေး လုပ်လိုက်ကြသေးတယ်။ မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။

တောထဲရောက်နေသူကြီးတဦးက ဦးနေ၀င်း လက်ယပ်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ပေါ်ရောက်တော့ သူ့အလုပ်က မနက်တိုင်း ဗကပပျက်၊ အလံနီပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟိုဆိုင်က နို့ဆီ၊ အဲဒီ့ဆိုင်က နို့မှုန့် ရသမျှထုတ်ပြီး မှောင်ခိုကုန်သည်ဆီသွင်းတဲ့အလုပ်ပါပဲ။ အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေးသမားကြီး။

ခွေးကတက်ကပဲ စောင့်ပါရစေဆိုတဲ့ မြို့ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့တပည့် သားမြေးတွေ ပေးစာကမ်းစာနဲ့ပဲ အသက်ဆက်နေခဲ့ရတယ်။ သူ့တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်းကိုက်ခွင့်ရတဲ့ နေရာလေးတွေမှာ ထားပေးပါတယ်။ အဲ ကိုယ့်လူတို့က သူတို့ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။ တခါက ပျဉ်းမနား လယ်ဝေးမှာ
ကျနော်တို့ စာပေဟောပြောပွဲ လုပ်နေစဉ် ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်းချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်။

နောက် ဦးနေ၀င်းတို့ အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။ အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။ ဒါ ကျနော် လက်လှမ်းမီတဲ့ ထိပ်တန်းမှသည် အောက်ခြေနားအထိ နိုင်ငံ့ခေါင်းဆောင်ဆိုသူတချို့ နိုင်ငံရေးအသိပညာ နုံနဲ့ပုံနဲ့ နိုင်ငံချစ်စိတ်ကင်းမဲ့ပုံ သာဓကအချို့ဖြစ်တယ်။

နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။ အဲသလို အစွမ်းအစမရှိဘဲ စားသာမယ်ထင်တိုင်း သာကူးလုပ်နေလို့ကတော့ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေးဖွတ်ကျား၊ မဆလထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့ မဆလဖြစ်ရသူများ မဆိုင်)။

မောင်သာနိုး
(NEWS WATCH သတင်းဂျာနယ်၊ အတွဲ ၇၊ အမှတ် ၂၆ မှ ကူးယူဖော်ပြပါတယ်။)
ပေးပို့ - အောင်မျိုးထွန်း

အပြည့်အစုံသို့...

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ဇာဂနာ့အမြင် (ရုပ်သံ)


အပြည့်အစုံသို့...

Thursday, December 22, 2011

အနှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ လမ်းမပေါ်မှာ ပြန်လည်ဟောပြောခွင့်ရခဲ့ပြီလို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ ပြောကြား (ရုပ်သံ)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၂-၂၀၁၁)

- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ဒု-အကြိမ် ရောက် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံနိုင် click
- လွတ်လပ်ခွင့်ဆိုတာ လူတိုင်းအတွက် အတူတူ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည် click
- သမဂ္ဂစိတ်ဓာတ်နဲ့ အလုပ်တာဝန်တွေ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ မျှော်ကြပြန် click
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော click
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်လို့ ၀န်ကြီး ပြော click
- မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး click
- အစိုးရနှင့် မွန်ပြည်သစ်ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်းရေး တွေ့ဆုံ click
- ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်နှင့် မွန်ပြည်သစ် ပထမအကြိမ် တွေ့ဆုံ click
- တပြည်လုံး အပစ်ရပ်ရေး နိုင်ငံရေးအကျဉ်းသား လွှတ်ရေး မွန်ပြည်သစ် တင်ပြ click
- ဒုတိယအကြိမ်မြောက် ပါတီညီလာခံ ကျင်းပလျက်ရှိ click
- ODA မပေးခင် လူ့အခွင့်အရေး ဆွေးနွေးဖို့ တိုက်တွန်း click
- လူ့အခွင့်အရေး ရှေ့နေနှစ်ဦး လိုင်စင် သုံးနှစ် ပိတ်ခံရ click
- လိုင်စင်သိမ်းခံထားရတဲ့ ရှေ့နေတွေအရေး ပြန်စဉ်းစားဖို့ ALRC တိုက်တွန်း click
- ရှေ့နေ ၃၂ ဦးရဲ့ လိုင်စင်အရေး အာရှရှေ့နေအဖွဲ့ ပန်ကြားလွှာတင် click
- ထားဝယ်စီမံကိန်း ၂၁ ရွာ ရွှေ့ပြောင်းပေးရမည် click
- စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးထဲ မြန်မာမပါတော့ click
- ရန်ကုန် ဗုံးပေါက်ကွဲမှု (ရုပ်သံ) click
- ဒီကေဘီအေ ၁၇ နှစ်ခရီး (ရုပ်သံ) click
- လှေကလေးများကို မြင်ကြည့်ခြင်း (ဆောင်းပါး) click
- ကြည့်လဲလုပ်ကြ ..ကွိကနဲ ဒုက္ခ (ကာတွန်း) click
- ပြည်ပနေ မြန်မာတွေ အခွန်လွတ်တော့မည် click
- အခွန်မပေးရတော့ဘူးတဲ့ ဗျို့ … click
- မဲဆောက်စက်မှုဇုန်နှင့် မြန်မာလုပ်အား (ရုပ်သံ) click
- မဲဆောက်၊ မြဝတီ၊ မယ်ဆိုင်နဲ့ ဘုရားသုံးဆူဘက် တောက်တဲ့ အဝယ်လိုက် click
- ဧရာဝတီလင်းပိုင် click
- ပထ၀ီထဲမှာ ဖိုးထက်ကို ထားရစ်ခဲ့ click
- စာကြည့်တိုက် (ကဗျာ) click
- အမေရိကန်က အယ်လ်ကိုင်းဒါးခေါင်းဆောင် ဖမ်းမိရေး ဒေါ်လာ ၁၀ သန်း ဆုငွေထုတ် click
- ဘဂ္ဂဒက်မြို့ ဗုံးကွဲမှု လူ ၇၀ ခန့် သေဆုံး click
- လူထု စိုးရိမ်အောင် ၀န်ကြီးချုပ် ဖန်တီးနေ click
- အာရပ်အဖွဲ့ချုပ် အကဲခတ်အဖွဲ့ ဆီးရီးယားကို ရောက် click
- ဆီးရီးယားမှာ သေဆုံးသူ ၅,၀၀၀ ကျော်ပြီလို့ ခန့်မှန်း click
- ဟားမတ်စ်အဖွဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့နဲ့ ပေါင်းပြီ click
- နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရုရှားသမ္မတ အဆိုပြု click
- ကင်ဂျုံအွန်းကို မြောက်ကိုရီးယား ခေါင်းဆောင်သစ်အဖြစ် ကြေညာ click
- တရုတ်ဓာတ်အားပေးစက်ရုံ ကန့်ကွက်ဆန္ဒပြမှု တင်းမာဆဲ click
- ဒီဇင်ဘာလ ၂၂ ရက် တမိနစ် သတင်းဗွီဒီယို click
- ဖေ့စ်ဘွတ်ကို ပညာရေးအတွက် သုံးမလား၊ ကောင်မလေးတွေအကြောင်း ဖွဖို့ သုံးမလား click
- နိုင်ငံရေးအကျဉ်းသား​ နှစ်သုတ် ခွဲလွှတ်မည်ဟု သတင်းထွက်ပေါ် click
- နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည် click
- အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ထုတ်ဖော်ပြော click
- ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​ရွှေမန်း​ ​တွေ့ဖွယ်ရှိ click
- ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရန် နေပြည်တော် သွားမည် click
- ဒုက္ခသည်များအား ရန်သူဟု နမ့်ခမ်းမြို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြော click
- မွန်ပြည်သစ်နှင့် အစိုးရငြိမ်းအဖွဲ့ ပထမဆုံး ဆွေးနွေး click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး click
- မွန်ပြည်သစ်ပါတီနှင့် နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကိုယ်စားလှယ်အဆင့် ပဏာမ တွေ့ဆုံဆွေးနွေး click
- ပြည်ထောင်စုအဆင့် ငြိမ်းအဖွဲ့ click
- UNFC က ဖက်ဒရယ်အာမီကို အကောင်အထည်ဖော်မည် (အင်တာဗျူး) click
- လှည်းတန်းဗုံး သတင်းစာဖော်ပြချက် click
- မဟနရဲ့ ထူးခြားတဲ့စာ click
- အမေရိကန်-မြန်မာ-တရုတ် ဆက်ဆံရေးများ (ဆောင်းပါး) click
- မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း ၁) (ဆောင်းပါး) click
- ဒါဘာဆိုတာ ဒါပါပဲ (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၁၃ (အောက်မေ့ဖွယ်) click
- ကျန်းမာရေးနှင့် လုံခြုံရေး (ဆောင်းပါး) click
- ကင်ချုံအီး အသုဘ ကမဋ္ဌာန်း (ဆောင်းပါး) click
- ကျနော်ကြီးရင် ဘာမဖြစ်ချင်နှင့် ပတ်သက်သည်များ (ဆောင်းပါး) click
“အစိုးရကတော့ တိုးနေပြီ ... ကျနော်တို့ရော ...” (ကာတွန်း ဟာဂျူလီ-ကသာ၏ ဖေ့စ်ဘွတ်ခ်မှ ...)
- မြန်မာ့ ကုန်းတွင်းရေနံတူးဖော်ခွင့် ထိုင်းနိုင်ငံ ရရှိ click
- မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံး ဖွင့်နိုင်ရေး အလုပ်သမား ဒု-၀န်ကြီး ထိုင်းရောက် click
- ဘုရားသုံးဆူဒေသ ရာဘာဈေး ပြန်လည်ဦးမော့လာ click
- ဗေဒါဆယ်ယူသည်ကို ငါးခိုးဖမ်းသည်ဟု အင်းလေးလံဆွဲသူများက ဒေသခံများကို မတရားဖမ်းဆီး တရားစွဲဆို (ရုပ်သံသတင်း) click
- သရုပ်ဖော်ပန်းချီဆရာ မောင်မောင်သိုက်၏ အမှတ်တရ ပန်းချီပြပွဲ (ရုပ်သံသတင်း) click
- ပြောင်းလဲသင့်သည့် မြန်မာ့ဓလေ့နှင့် လိုအပ်နေသော Role Model (ဆောင်းပါး) click
- ဘာလဲ ဘယ်လဲ (ကာတွန်း) click
- နယ်စပ်ဘုရားကျောင်းက စစ်သားတွေ ဆုတ်ခွာတော့မယ် click
- ကင်ဂျုံအီးလ် ငရဲပြည်ရောက်နေ click
- ဗားကလက်ဟာဗဲလ် (သို့မဟုတ်) အမှန်တရားနှင့် နေထိုင်ခြင်း၏ အင်အား (ဆောင်းပါး) click
- မှန်းချက်နဲ့ နှမ်းထွက် click
- အင်္ဂလန် ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှု ပြဿနာ ဖြစ်ပြန် click
- ပွဲကျပ်ကာလ အစနဲ့ မန်ယူရဲ့ ဂိုးပြတ်အနိုင် click

အပြည့်အစုံသို့...

အချက် ၄ ချက်

အချက် ၄ ချက်
အောင်မျိုးထွန်း

၁။ စိုးထွန်းနဲ့ ထွန်းမြင့်အောင် အပေါင်းအပါ ၁၀ ယောက်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောလိုက်တာ ... ‘သင်း’ နေတာပဲ။

“ပြည်သူလူထုတွေအနေနဲ့ ရွေးကောက်ပွဲတရပ် လုပ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Election Law တွေပေါ့နော်။ ဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ နောက်တခုက ကိုယ့်ဆန္ဒကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့ သတ္တိတွေ ရှိဖို့လိုတယ်။ အဲဒါတွေအတွက်ကို Voter Education တွေ ဘယ်လိုပေးမယ်၊ သင်တန်းတွေ ဘယ်လိုပေးမယ်ဆိုတဲ့ အကြောင်းတွေကိုလည်း အသေးစိတ် ပြောနိုင်ကြတယ်”... တဲ့။

ဒီ ... ဗို့တာအယ်ဂျူဂေးရှင်း ဆိုတာကြီးကို ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင် ၆ လလောက်ကတည်းက ကျနော် ကြားဖူးတဲ့အပြင် ဗီစီဒီအခွေတွေ ဘာတွေနဲ့ကို ကြည့်ဖူးပါတယ်။ မြန်မာအီးဂရက်အဖွဲ့ရဲ့ ၀ါဒဖြန့်ချက်တွေလို့ ဆိုသော်ရ၏ (ယခု ... အစိုးရအဖွဲ့ထက် လက်စောင်းထက်နေ)။

၂။ ၁ ခြောက်လုံးပွဲမှာ အလဲဗင်း Dr သန်းထွဋ်အောင်ကလည်း ...
သည်ဗွိုင့်စ်ဂျာနယ်ရဲ့ အဆိုအရလည်း ...
အခု ... NLD ခေါင်းဆောင် ဒေါ်စုကလည်း ...
“နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်လာမှာပါ” တဲ့။
အလိုလေး... တယ် ညီကြတာပဲ။

၃။ စိုးထွန်းနဲ့ ထွန်းမြင့်အောင်တို့ကို ထောက်လှမ်းရေးအဖွဲ့ရဲ့ အလိုရှိ ၀ရမ်းပြေးစာရင်းကနေ ဘယ်အချိန်တုန်းက ပယ်ဖျက်လိုက်တာလဲ။ သက်ဆိုင်ရာရော၊ ကာယကံရှင်တွေရော နည်းနည်းရှင်းကြဦး။

၎။ ၈၈ မျိုးဆက်ကျောင်းသားများဆိုတာ ထောင်ထဲက ရဲဘော်တွေကိုပဲ ခေါ်ဝေါ်သင့်တယ်။ သူတို့ ထွက်လာတာကို စောင့်ပါ။ ကိုယ့်အယူအဆ ကိုယ်ပြောပါ။ ၈၈ အားလုံးရဲ့အသံဆိုပြီး ရောမကြိတ်ချင်ကြနဲ့။ အခါး မုန်းလှပါတယ်ဆိုပြီး ရေခဲသေတ္တာထဲ ဖွင့်ကြည့်၊ ကြောင်လျှာသီးနဲ့ တမာရွက်တွေချည်း တွေ့ရသလို ... နိုင်ငံရေး။ တနေ့ ကျဆုံးမယ်။ မုချ...။

အောင်မျိုးထွန်း
၂၁- ၁၂-၂၀၁၁

အပြည့်အစုံသို့...

အဖေပျောက်ရှာတဲ့ သား

နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား ...

၁၉၈၈ ခုနှစ်က လသားအရွယ် သားငယ်လေးကို ထားပြီး စစ်တပ်ကို ပြန်တိုက်ဖို့ တောခိုထွက်ခွာသွားခဲ့သူ ကိုစိုးသိန်း ခေါ် ကိုထင်ကျော်ကို (တကြိမ်တခါမျှ မမြင်ဖူးသေးတဲ့) အခု ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ သားက လိုက်ရှာလျက်ရှိနေပါတယ်။

မောင်ထွန်းမင်းထက် ဆိုတဲ့ အဲဒီကလေးဟာ မိခင်ကို အဖေနဲ့ပတ်သက်လို့ မေးမြန်းခဲ့တဲ့ အကြိမ်တိုင်း မိခင်က “နင့်အဖေ သေပြီ ငါ့ကို နင့်အဖေအကြောင်း ဘာမှလာမမေးနဲ့” လို့ပဲ ပြောဆိုခဲ့တာကြောင့် သူ့အဖေနဲ့ ပတ်သက်ပြီး ဘာမှ များများစားစား ပြောပြနိုင်တာ မရှိဘူးလို့ ပြောပါတယ်။ အဖေလုပ်သူရဲ့ မိဘတွေ (သူ့အဖိုး၊ အဖွားတွေ) ရဲ့ နာမည်တွေကိုတောင် မသိဘူးလို့ ပြောပြပါတယ်။

အဒေါ်ဖြစ်သူ ပြောပြထားလို့ သိရတာက သူ့အဖေဟာ ပဲခူးမြို့ မှော်ကန် ၂၃ လမ်း နေအိမ်ကနေ ထွက်ခွာသွားတာ ဖြစ်တယ်။ အဲဒီအချိန်က သူ့အမေအမည်က မသန်းသန်းဆွေ ဖြစ်တယ် (အခုတော့ မသန်းနုလို့ ခေါ်ကြတယ်)။ သူ့အမေရဲ့အမေ သူ့အဖွားအမည်က ဒေါ်ရီဖြစ်တယ်။ သူ့အဖေ ကိုစိုးသိန်း ခေါ် ကိုထင်ကျော်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အဲဒီလောက်ပြောပြရင် သိနိုင်ပါတယ်လို့ မောင်ထွန်းမင်းထက်က ပြောပြပါတယ်။

ကိုယ့်အဖေကိုကိုယ်၂၃ နှစ်လုံးလုံး သက်ရှိထင်ရှား ရှိ မရှိ မသိရဘဲ မျက်နှာပုံပန်းသဏ္ဍာန် ဘယ်လိုဆိုတာ မသိရဘဲ ကြီးပြင်းလာခဲ့ရတယ်။ အခု ထိုက်သင့်တဲ့အရွယ် ရောက်လာပြီဖြစ်လို့ အဖေ့ကို လိုက်ရှာမယ်ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာခဲ့တယ်။ ဘဝရပ်တည်မှုအတွက် စက်ရုံတရုံမှာ အလုပ်ဝင်လုပ်ရင်း နီးစပ်ရာ ခင်မင်သူတွေကနေတဆင့် မေးမြန်းရှာဖွေနေပါတယ်။

ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ ကိုစိုးသိန်း ခေါ် ကိုထင်ကျော် (၈၈ တောခို) နဲ့ပတ်သက်ပြီး သက်ရှိထင်ရှားရှိ မရှိ သိသူများ၊ မည့်သည့်နေရာဒေသတွင် ရှိနေနိုင်သည်ကို သိသူများ၊ မောင်ထွန်းမင်းထက် ၀၈၀၅၅၆၆၃၉၈, ၀၈၄၆၉၂၂၂၀၈ သို့ ဆက်သွယ်ပြောကြားပေးကြပါရန် အကူအညီတောင်း ပန်ကြားအပ်ပါတယ်။

အပြည့်အစုံသို့...

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုတွေမှာ ဦးသိန်းစိန်အစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတယ်လို့ ပလောင်ကျောင်းသားနဲ့လူငယ်အဖွဲ့က ပြော (ရုပ်သံ)


အပြည့်အစုံသို့...

၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးတို့ NLD ရုံးချုပ်တွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးမှာ ...

(၁) ကိုထွန်းမြင့်အောင်
(၂) ကိုစိုးထွန်း
(၃) ကိုကိုကြီး(စမ်းချောင်း)
(၄) ကိုမြတ်သူ
(၅) ကိုချစ်ကိုလင်း
(၆) ကိုဇော်ထက်ကိုကို
(၇) ကိုရဲဝင်း
(၈) မမီမီလွင်
(၉) မနုနုအောင်
(၁၀) မစမ်းစမ်းမော် တို့ဖြစ်ကြပါသည်။

ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်အား ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၀န်းရံကူညီမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရပ်တည်နေမှုအနေအထားကို နားလည်သဘောပေါက်ပါကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ၈၈ ကျောင်းသားများနှင့် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကွဲပြားပုံကို တိတိကျကျ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၈၈ ကို ဖြတ်သန်းလာခဲ့သည့် ကျောင်းသားအားလုံး ၈၈ ကျောင်းသားဟူ၍ ခေါ်ဆိုနိုင်ပါကြောင်း၊ သို့သော် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုမြအေးတို့ ပြန်လည်လွတ်မြောက်လာပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့်အဖွဲ့မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့ထဲတွင် ၈၈ ကျောင်းသားများ၊ ၉၆/၉၈ကျောင်းသားများနှင့် ယခုနောက်ပိုင်း ၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများပါ ပူးပေါင်းပါဝင်ကြောင်း၊ ၂၀၀၅ မှစတင်၍ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအဝင် ယနေ့အထိ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းများလည်း အခိုင်အမာရှိခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များတွင် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လက်တွဲကာ ကြိုးစားရုန်းကန်ခဲ့ကြသော ကျောင်းသားများသည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်များဖြစ်ကြောင်း၊ ၈၈ ကျောင်းသားနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် မည်သို့ကွာခြားပုံ၊ သုံးစွဲသည့် တံဆိပ်အမှတ်အသားများ၊ လုပ်ငန်းတာဝန်ကို အတူတကွ တာဝန်ခွဲဝေလုပ်ကိုင်ပုံ စသည့်အကြောင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် နှစ်ကာလများဆီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကြိုးပမ်းအားထုတ်ခဲ့သည့် တရားဟောပွဲများ၊ Campaign များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် အစဉ်တစိုက် ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံခဲ့ပြီး နောင်လည်း ဆက်လက် ဝန်းရံသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ပြန်လည်ပြောကြားခဲ့သည်များမှာ ...

(၁) ပါတီမှတ်ပုံတင်ပြီးသည့်အခါ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက် ရွေးကောက်ပွဲပညာပေးဆိုင်ရာ သင်တန်းတွေ လိုအပ်ကြောင်း၊

(၂) ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် နည်းဥပဒေများကို နားလည်သိရှိရန် လိုအပ်ကြောင်း၊

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိရန် လိုအပ်ကြောင်း၊

(၄) အခြေခံဥပဒေထဲမှ မည်သည့်အချက်ကို အဘယ်ကြောင့် ပြောင်းလဲပြဌာန်းစေချင်သည်ကို လူအများသိရှိအောင် ပြည်သူလူထုကြားထဲထိရောက်အောင် အသိပေးရန် လိုအပ်ကြောင်း၊

(၅) NLD ပါတီအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်သွားသည့်အခါတွင်လည်း အခြားနိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးအနေဖြင့် ဆက်လက်တည်ရှိနေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအင်အားစုများအနေဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်သည်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊

(၆) နိုင်ငံရေးအကျဉ်းသားများလည်း မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း (မှတ်ချက်။ ။ မည်သည့်အချိန်တွင် ပြန်လည်လွတ်မြောက်လာမည်ဆိုသည်ကို “အန်တီ့အနေဖြင့် ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု ပြန်ဖြေကြားခဲ့ပါသည်။)

(၇) လွှတ်တော်တွင်းဝင်ရောက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာရေးအတွက် အထောက်အကူပြုနိုင်သလို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာခြင်းက လွှတ်တော်တွင်း နိုင်ငံရေးတိုးတက်မှု (ဒီမိုကရေစီ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု)ကို အပြန်အလှန်အားဖြင့် အထောက်အကူပြုနိုင်ကြောင်း၊

(၈) ရွှေည၀ါဆရာတော်ကြီးကိစ္စနှင့်ပတ်သက်၍လည်း NLD နှင့် အန်တီ့အနေဖြင့် အလေးထား ဆောင်ရွက်နေကြောင်း စသည်များကို ပြောကြားခဲ့ပါသည်။

၈၈ မျိုးဆက်ကျောင်းသားဦး

အပြည့်အစုံသို့...

Wednesday, December 21, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၁၂-၂၀၁၁)

- မြန်မာရုပ်ရှင်ဆင်ဆာအဖွဲ့ကို တိုက်ရိုက်ဝေဖန်တဲ့ ဇာတ်လမ်းတခု အင်တာနက်မှာ ပျံ့နှံ့ click
- ‘အဲ့ဒီအခန်းဖြတ်’ က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော click
- ထိုင်းဝန်ကြီးချုပ်ရဲ့ ဗမာပြည်ခရီးစဉ် နောက်ကွယ်က ထပ်စင် click
- သက်ဆင် မြန်မာနိုင်ငံခရီး ယင်းလပ်နဲ့ မပတ်သက် click
- သက်ဆင်ခရီးစဉ်နဲ့ မပတ်သက်ကြောင်း ယင့်လပ် ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဆောင်ရွက်မှုတွေကို ထိုင်းဝန်ကြီးချုပ် ထောက်ခံ click
- NLD ပါတီ သောကြာနေ့ မှတ်ပုံတင်မည် click
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ကျောင်းသားတွေ တွေ့ဆုံ click
- ၈၈ မျိုးဆက်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- လွှတ်တော်ပြင်ပ ဆွေးနွေးရေးလည်း လမ်းဖွင့်ထား click
- မန္တလေးတိုင်းဒေသကြီးတွင် ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်းအနား ကျင်းပ click
- ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားများအပေါ် မတရား နှိပ်စက် (ရုပ်သံ) click
- KNU နှင့် အစိုးရ ထပ်မံဆွေးနွေး click
- မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကေအန်ယူခေါင်းဆောင်တို့ တွေ့ဆုံ click
- KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမည် click
- ကေအန်ယူနဲ့ အစိုးရ ဆွေးနွေးဖို့ ရက်သတ်မှတ် click
- ၂၀၁၂ ဇန်န၀ါရီလတွင် အစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု ကေအဲန်ယူ ပြောဆို click
- အပစ်ရပ် ဆွေးနွေးပွဲ KNU အကောင်းမြင် မျှော်လင့် click
- ကရင်များ စည်းလုံးရန် ဗိုလ်ချုပ် စောလားပွယ် ပြော click
- မွန်ပြည်သစ်နှင့် အစိုးရ ထပ်မံ ဆွေးနွေးမည် click
- အစိုးရတပ်မများ ကချင်ပြည်နယ် ထပ်ပို့ click
- ကချင်မှာ လူမှုအဖွဲ့တွေ ခွင့်ပြုဖို့ HRW ပြော click
- ကချင်စစ်​ပြေး​ဒုက္ခသည်များ​ကို ​ရေရှည်ကူညီရန် လူ့အခွင့်အရေးအဖွဲ့ ​တောင်း​ဆို click
- မြန်မာဒုက္ခသည် ရခိုင်နှင့် ချင်းများကို ဘင်္ဂလာဒေခ်ျ့မှ ပြန်ပို့မည် click
- ချင်းအမျိုးသားနေ့ ချင်းဝန်ကြီးချုပ် လက်မခံ click
- ALP ဗဟိုကော်မီတီဝင် ခိုင်နီလင်း ကွယ်လွန် click
- စရဖက ခေါ်ယူနှိပ်စက်ခံရသည့် မောရ၀တီရွာသား ဆေးကုခွင့် ပိတ်ပင်ခံရ click
- ရန်ကုန် ဗုံးကွဲ၊ တဦးသေ click
- ရန်ကုန် လှည်းတန်းမှာ ဗုံးပေါက်ကွဲ၊ တဦး သေဆုံး click
- ရန်ကုန်မြို့ ကမာရွတ်လှည်းတန်း ဗုံးကွဲ၊ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ click
- လှည်းတန်း အများသုံး အိမ်သာ၌ ဗုံးပေါက်ကွဲမှု (ဓာတ်ပုံသတင်း) click
- ပြည်တွင်းအပြောင်းအလဲနဲ့ ဗဟုအဖွဲ့ရဲ့ အမြင်သုံးသပ်ချက်များ click
- အရေးတော်ပုံကြီး … လူများ၊ အဖြစ်အပျက်များ … (၅) (ဆောင်းပါး) click
- ဗိုလ်ချုပ်ရုပ်ရှင် (အနုပညာမိုးကောင်းကင်) click
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို တဦးတည်း ကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည် လာမည် click
- ဗွီစီဒီ အရောင်းဆိုင်များအား နမ့်ခမ်းမြို့ဆိုင်ရာ အာဏာပိုင်များ ဖမ်းဆီး click
- စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး click
- သစ်တောဦးစီးဌာန ဝန်ထမ်းတဦး၏ လာဘ်စားမှု click
- ပျော်ပွဲစားထွက်သော ကျောင်းသားတစု ယာဉ်မှောက်မှုဖြစ်၍ တဦး သေဆုံး၊ တဦး ဒဏ်ရာရ click
- ကိုယ်က အဖြူဆို၊ သူက အမည်း ဖြစ်နေတဲ့ အမေရိကန် နိုင်ငံရေးရှုခင်း ပြီးတော့ ဂျီကြီး လေးလုံး click
- အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ်နဲ့ ကာကွယ်ရေး click
- ၂၀၁၁ ကို လက်ပြနှုတ်ဆက်လိုက်တဲ့ ကဗျာ (ကဗျာ) click
- ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လုနီးပြီ click
- ဆီးရီးယားကို ကန် အပြင်းအထန် ပြစ်တင်ဝေဖန် click
- အီရတ် ဒု-သမ္မတကို ဖမ်းမိန့်ထုတ် click
- တရားစွဲခံရတဲ့ အီရတ် ဒု-သမ္မတ ဟာရှိမီ ကဒ်ဒေသမှာ ခိုလှုံ click
- တရုတ်ဆန္ဒပြသူတွေ တောင်းဆိုချက် ပြည်နယ်အစိုးရ လိုက်လျော click
- ဆန္ဒပြသူတွေကို တရုတ်အာဏာပိုင်တွေ လိုက်လျော click
- ဥရောပဗဟိုဘဏ်က EU နိုင်ငံတွေကို ယူရိုဘီလီယံ ၆၃၈ သန်း ချေး click
- ဖိလစ်ပိုင် ရေလွှမ်းမိုးမှု သေဆုံးသူ ၁,၀၀၀ ကျော်ပြီ click
- ဘတ်ဂျက် ခွဲဝေချပေးတာ နှေးလို့ ဘတ်ဂျက်ဌာနကို အပြင်းအထန် ဝေဖန် click
- ဗိုလ်ချုပ်ကြီး ဖရာယုသ်ကျန်းအိုချား၊ ဘုရင်ကို အကြည်ညိုပျက်စေမှု (lese majeste’) ဥပဒေအပေါ် ရပ်ခံ click
- ဒီဇင်ဘာလ ၂၁ ရက် တမိနစ် သတင်းဗွီဒီယို click
- ရန်ကုန် လှည်းတန်းမှာ ဗုံးပေါက် click
- လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု သေကြေဒဏ်ရာရမှုရှိ click
- လှည်းတန်းမီးပွိုင့်အနီး ဗုံးပေါက် လူတဦး သေ click
- လှည်း​တန်း​ ဗုံး​ကွဲ၊ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​ click
- လှည်း​တန်း​ ဗုံး​ကွဲ၊ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​ (ဓာတ်ပုံ) click
- တဦးသေဆုံးတဲ့ လှည်းတန်းဗုံး (ဓာတ်ပုံ) click
- အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေး အကြိုညှိ click
- ကေအန်ယူနှင့်​ အစိုး​ရ ဇန်နဝါရီ ၁၂ ရက်​နေ့ အပစ်ရပ်​ရေး​ ​ဆွေး​နွေးမည် click
- KNU နယ်မြေ ဓာတ်သတ္တုတူးဖော်ရန် ကုမ္ပဏီများ မျက်စိကျ click
- ချင်းအမျိုးသားသွေးစည်းမှု အားသစ်တရပ် ပေါ်လာပြီဟု စီအဲန်အက်ဖ် ခေါင်းဆောင်သစ် ပြော click
- အီတာလျံ-ထိုင်း ကုမ္ပဏီကားများ ပြန်ပေးဆွဲခံရ click
- မဲ​ခေါင်ထိပ်သီး​ အစည်း​အ​ဝေး​တွင် သ​ဘောတူညီချက် ၃ ခု လက်မှတ်ရေးထိုး​ click
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်းအနား ကျင်းပ click
- ၈၈ မျိုးဆက်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (အင်တာဗျူး) click
- ရွေး​ကောက်ပွဲဝင်​ရေး​နဲ့ ပါတီနိုင်ငံ​ရေး​ကို ဆန့်ကျင်တာ မဟုတ်ဘူး (မေးမြန်းခန်း)​ click
- ဘုရားဖူးပြီး အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ click
- မြန်မာ့ဓာတ်ငွေ့ ထိုင်း ထပ်ဝယ်မည် click
- ရှော့ဖြစ်သွားတဲ့ ဇာဂနာ click
- အန်တီက အန်တီ၊ ဇာဂနာက ဇာဂနာ (ရုပ်သံ) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- တခေတ်စာ အလွဲများ (ထွေရာလေးပါး) click
- သတင်းတိုထွာ တွေးစရာ click
- မီတာခတက်ကြောင်း အစိုးရ ကြေညာ click
- ကျောင်းသားများစုံညီပွဲတော်ကို မတက်မနေရဟု ကျိုက်ဒုံ ပညာရေးမှူး ညွှန်ကြားချက်ထုတ် click
- မွန်အမျိုးသမီးအဖွဲ့သစ် click
- ဆန္ဒပြပွဲကြောင့် လန်ဒန်ပွဲစဉ်များ ရက်ရွှေ့ဖွယ်ရှိ click
- ဟာဗဲလ်အတွက် အမှတ်တရ (ဓာတ်ပုံ) click
- အသားအရောင် ခွဲခြားမှုကြောင့် ဆွာရက်ဇ်ကို ၈ ပွဲပယ် click
- ကိုတရုတ်ကြီးတို့ကတော့ ကြံကြံဖန်ဖန် click

အပြည့်အစုံသို့...