Saturday, December 24, 2011

ထားဝယ်မြို့ မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကြောင့် မြို့နေပြည်သူများ ဒုက္ခရောက်နေကြရ (ပေးစာ)

ထားဝယ်မြို့တွင် တိုင်းနှင့်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်မြေစားရင်းဦးစီးမှူး ဦးအေးညီး၊ လက်ထောက်မြို့နယ်မှူး ဦးခင်မောင်အေးနှင့် အပေါင်းအပါ ရပ်ကွက်အုပ်ချုပ်ရေမှူး အဖွဲ့ဝင်အချို့တို့၏ အကျင့်ပျက် ခြစားမှုများကြောင့် ထားဝယ်မြို့နယ်မှ ပြည်သူအတော်များများ အတိဒုက္ခ ရောက်နေကြပြီး တရားမမှုများစွာ ဖြစ်နေကြောင်း သိရှိရပါသည်။ အထက်ပါ ၀န်ထမ်းမျာ၏ အကျင့်ပျက် လာဘ်စားမှုများကို သိနေသော်လည်း ထိုသူများကို ဖြုတ်လိုက်ရင် မြေစာရင်းကိစ္စများကို လုပ်ဆောင်ရန် အဆက်ပြတ်သွားမှာ စိုးသောကြောင့်ဟူသော အကြာင်းပြချက်ဖြင့် အလုပ်ဆက်ခန့်ထားပြီး ထိုသူများကြောင့် ပြည်သူများ တရားမမှုများ ပိုမို ရင်ဆိုင်လာရမှာကို၊ အတိဒုက္ခ ကြုံတွေလာရမည်ကိုတော့ မစဉ်းစားသည်မှာ အတော်ပင် ဆိုးဝါးလှပေသည်။

ထားဝယ်မြို့နယ် မြေစာရင်းဌာနမှ တံဆိပ်များအား ရုံးအပြင်နေရာတွင် အသုံးပြုပြီး
ရယကနှင့်ပေါင်းကာ ငွေယူ၍ စာချုပ်ပြုလုပ်ပေးနေသည့် ခင်မောင်အေးအား တွေ့ရပုံ
(မည်သို့ပင်တိုင်တိုင် ယခုအချိန်အထိ မပြုတ်သေးပါ)
ထားဝယ်မြို့ မြေစာရင်းဌာနတွင် ပါဝါ စာတစောင် လွှဲလိုလျှင် သက်ဆိုင်ရာဝန်ထမ်းကို ကျပ် ၂ သောင်း ပေးရကြောင်း၊ အိမ်ဂရန်များကိုလည်း ပိုက်ဆံပေးပါက ရက်ပိုင်အတွင်း ရအောင် ပြုလုပ်ပေးကြောင်း သိရှိပါသည်။ အိမ်ရာမြေ အရောင်းအ၀ယ်ကိစ္စတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေမှူးနှင့် မြေစာရင်းဌာနမှ အကျင့်ပျက်ဝန်ထမ်းများ ပူးပေါင်းပြီး ၀န်ထမ်းများ လိုက်နာသင့်သော ကိုယ်ကျင့် သိက္ခာများကိုပင် မထောက်ထားနိုင်ကြတော့ဘဲ ထားဝယ်မြို့တွင် ရဲဝံ့စွာ လုပ်ကိုင်နေကြပါသည်။

ထားဝယ်မြေစာရင်းဌာနမှ လာဘ်စားထားသော ၀န်ထမ်းများ ၀င်ငွေဘယ်လောင်တောင်ကောင်းသည် ဆိုသော် သူတို့ကို တိုင်ကြားစာများ ပို့ထားလျှင် သူတို့ကို အထက်မှ အရေးယူဆောင်ရွက်ခြင်း မခံရအောင် သက်ဆိုင်ရာဌာနကို ပြန်လည်လာဘ်ထိုးကာ အမှုများ ပပျောက်စေအောင် ဆောင်ရွက်ထားနိုင်သည့်အထိ အတင့်ရဲနေကြပါသည်။

မြေစာရင်းဦးစီးဌာနမှ အကျင့်ပျက်ခြစားမှုကြောင့် အတိဒုက္ခ ရောက်ကြရသော မြို့နေပြည်သူအချို့မှ နိုင်ငံတော်သမ္မတကြီး၏ အကျင့်ပျက်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူမည်ဟူသော မိန့်ဆိုချက်ကို ယုံကြည်သောကြောင့် သက်ဆိုင်ရာ နေပြည်တော်ရှိ ၀န်ကြီးရုံးများနှင့် သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားစာများ ပေးပို့သော်လည်း အကြောင်းမထူးကြောင်း ကြားသိရပါသည်။
ထားဝယ်မြို့နယ် ခုံဝင်းဒပ်ရပ်ကွက် ရယကအဖွဲ့ဝင်နှစ်ဦးနှင့်အတူ ရုံးတံဆိပ်တုံးများကို ပြင်ပတွင် အသုံးပြုကာ စာချုပ်ပြုလုပ်ပေးနေပုံ
ထားဝယ်မြို့နယ် မြေစာရင်းဦးစီးဌာနမှ တိုင်းနှင့်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကို၊
မြို့နယ်မြေစားရင်းဦးစီးမှူး ဦးအေးညီး၊ လက်ထောက်မြို့နယ်မှူး ဦးခင်မောင်အေးနှင့် အပေါင်းအပါ ရပ်ကွက်အုပ်ချုပ်ရေမှူး အဖွဲ့ဝင်အချို့တို့၏ မတရား အကျင့်ပျက်ခြစားမှုများဖြင့် မြေစာရင်းမှတ်ပုံတင်အမှတ်
၉၆ /၂၀၀၉ မှ ၃၄/၂၀၁၀ သို့ လွှဲပြောင်းခြင်းခံရသူတဦးဖြစ်သော ဦးနေမျိုးသည် ထားဝယ်မြို့ မြေစာရင်းဦးစီးဌာနအရှေ့တွင် ၆-၁၂-၂၀၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မြေစာရင်း မှတ်ပုံတင်အမှတ် ၉၆ /၂၀၀၉ မှ ၃၄/၂၀၁၀ သို့ တရားဥပဒေနှင့် မညီဘဲ လွှဲပြောင်းပြုလုပ်ပေးခြင်းကို လုံးဝမကျေနပ်ပါကြောင်း ရေးသားထားသော ဆိုင်းဘုတ်ကိုကိုင်ကာ တဦးတည်း ဆန္ဒပြခဲ့ကြောင်း နံနက် ၁၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရပါသည်။ ဆန္ဒပြသူ ဦးနေမျိုးအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရှိရပါသည်။ အဆိုပါ ဆန္ဒပြမှုကြောင့် ထားဝယ်မြို့ မြေစာရင်းဌာနတွင် အရောင်းအ၀ယ်မှတ်ပုံတင်ခြင်း၊ ပါဝါလွှဲခြင်း၊ မြေပုံရေးဆွဲစေခြင်းတို့အတွက် ပေးဆောင်နေရသော လာဘ်ကြေးငွေများသည် ယခင်ကထက် လျှော့နည်းသွားသည်ဟု ကိုယ်တိုင် လုပ်ကိုင်နေကြသူများထံမှ သိရှိရပါသည်။

အထက်ပါအကြောင်းအရင်းများကြောင့် မြန်မာသတင်းဆိုဒ်များမှတဆင့် ထားဝယ်မြို့ မြေစာရင်းဌာနမှ ဘယ်လိုပင် အထက်သို့ တိုင်ကြားသော်လည်း မပြုတ်သော အကျင့်ပျက်ဝန်ထမ်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သော အထက်လူကြီးများ သိရှိပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူနိုင်ရန် တင်ပြအပ်ပါသည်။

ထားဝယ်မြို့မှ မြေစာရင်းဌာန အကျင့်ပျက်ဝန်ထမ်းများကြောင့် ဒုက္ခရောက်နေသူတဦး

4 comments:

Icecream said...

၎င်းပေးစာတွင်ပါရှိသောကိုနေမျိုး (ပေးစာကိုရေးသူ)သည်၎င်း၏အိမ်တွင်းပြသနာ များကိုပြေလည်အောင်မဖြေရှင်းဘဲ မမှန်ကန်သောလိမ်လည်မှုများပြုလုပ်ပြီး တိုင်ကြားနေသောသူတစ်ဦးဖြစ်ကြောင်း ထိုသူသည်စိတ်ဖောက်ပြန်ရူးသွပ်ပြီး အကျင့်ပျက်ပြားနေသူတစ်ဦးဖြစ်ကြောင်း ၄င်း၏အိမ်အနီးပတ်ဝန်းကျင်မှပြောကြားချက်များ အရသိရှိရပါသည်။

Icecream said...

ကိုနေမျိုးရေ.....
သူတပါးထိခိုက်နစ်နာအောင်လုပ်နိုင်ပြီး သင်နိုင်ပြီဟုမထင်ပါနှင့်......၀ဋ်သည်လည်စမြဲ
ဖြစ်ပြီးထိုဝဋ်ကြွေးကို လှလှကြီး သင်ပြန်ဆပ်ရပေတော့မည်...ဆိုသည့်စကားကို
စိတ်တွင်အမြဲမှတ်သားထားသင့်ပါသည်။

ဦးမှန်ကန် said...

ဒေါက်တာလွဏ်းဆွေ ခင်ဗျား.....
၎င်းရေးပို့တင်ပြထားသောပေးစာထဲတွင်
စာလေးတစ်ကြောင်းကိုဖတ်မိပြီး အတော်ပင်ရယ်စရာကောင်းကြောင်း တွေ့ရပါ
သည်။......
(မည်သို့ပင်တိုင်တိုင်ယခုအချိန်ထိမပြုတ်သေးပါ)
ဆိုသည့်စကားပေါ့.......
မှန်ကန်လို့သာမပြုတ်တာပေါ့...မမှန်ကန်တဲ့
ဝန်ကြီးချုပ်ဟောင်းဦးခင်ဇော် လိုမျိုးဆိုရင်တော့ပြုတ်တာကြာပြီပေါ့......

စေတနာသူ said...

စေတနာလေးနဲ့သတင်းပေးလိုက်ပါတယ် ကိုနေမျိုး...
ကိုနေမျိုးရဲ့လိမ်လည်လုပ်ကြံအသရေဖျက်မှုကို ခိုင်လုံတဲ့အထောက်ထားများနဲ့တရားစွဲဆိုမယ်လို့ ကြားသိရပါတယ်..ကိုနေမျိုးရေကပ်စရာရှိတာကိုကပ်ဖားစရာရှိကိုမြန်မြန်ကပ်ဖားထားပါလို့..ကပ်ဖားကြီးရေ....