နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား ...
၁၉၈၈ ခုနှစ်က လသားအရွယ် သားငယ်လေးကို ထားပြီး စစ်တပ်ကို ပြန်တိုက်ဖို့ တောခိုထွက်ခွာသွားခဲ့သူ ကိုစိုးသိန်း ခေါ် ကိုထင်ကျော်ကို (တကြိမ်တခါမျှ မမြင်ဖူးသေးတဲ့) အခု ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ သားက လိုက်ရှာလျက်ရှိနေပါတယ်။
မောင်ထွန်းမင်းထက် ဆိုတဲ့ အဲဒီကလေးဟာ မိခင်ကို အဖေနဲ့ပတ်သက်လို့ မေးမြန်းခဲ့တဲ့ အကြိမ်တိုင်း မိခင်က “နင့်အဖေ သေပြီ ငါ့ကို နင့်အဖေအကြောင်း ဘာမှလာမမေးနဲ့” လို့ပဲ ပြောဆိုခဲ့တာကြောင့် သူ့အဖေနဲ့ ပတ်သက်ပြီး ဘာမှ များများစားစား ပြောပြနိုင်တာ မရှိဘူးလို့ ပြောပါတယ်။ အဖေလုပ်သူရဲ့ မိဘတွေ (သူ့အဖိုး၊ အဖွားတွေ) ရဲ့ နာမည်တွေကိုတောင် မသိဘူးလို့ ပြောပြပါတယ်။
အဒေါ်ဖြစ်သူ ပြောပြထားလို့ သိရတာက သူ့အဖေဟာ ပဲခူးမြို့ မှော်ကန် ၂၃ လမ်း နေအိမ်ကနေ ထွက်ခွာသွားတာ ဖြစ်တယ်။ အဲဒီအချိန်က သူ့အမေအမည်က မသန်းသန်းဆွေ ဖြစ်တယ် (အခုတော့ မသန်းနုလို့ ခေါ်ကြတယ်)။ သူ့အမေရဲ့အမေ သူ့အဖွားအမည်က ဒေါ်ရီဖြစ်တယ်။ သူ့အဖေ ကိုစိုးသိန်း ခေါ် ကိုထင်ကျော်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အဲဒီလောက်ပြောပြရင် သိနိုင်ပါတယ်လို့ မောင်ထွန်းမင်းထက်က ပြောပြပါတယ်။
ကိုယ့်အဖေကိုကိုယ်၂၃ နှစ်လုံးလုံး သက်ရှိထင်ရှား ရှိ မရှိ မသိရဘဲ မျက်နှာပုံပန်းသဏ္ဍာန် ဘယ်လိုဆိုတာ မသိရဘဲ ကြီးပြင်းလာခဲ့ရတယ်။ အခု ထိုက်သင့်တဲ့အရွယ် ရောက်လာပြီဖြစ်လို့ အဖေ့ကို လိုက်ရှာမယ်ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာခဲ့တယ်။ ဘဝရပ်တည်မှုအတွက် စက်ရုံတရုံမှာ အလုပ်ဝင်လုပ်ရင်း နီးစပ်ရာ ခင်မင်သူတွေကနေတဆင့် မေးမြန်းရှာဖွေနေပါတယ်။
ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ ကိုစိုးသိန်း ခေါ် ကိုထင်ကျော် (၈၈ တောခို) နဲ့ပတ်သက်ပြီး သက်ရှိထင်ရှားရှိ မရှိ သိသူများ၊ မည့်သည့်နေရာဒေသတွင် ရှိနေနိုင်သည်ကို သိသူများ၊ မောင်ထွန်းမင်းထက် ၀၈၀၅၅၆၆၃၉၈, ၀၈၄၆၉၂၂၂၀၈ သို့ ဆက်သွယ်ပြောကြားပေးကြပါရန် အကူအညီတောင်း ပန်ကြားအပ်ပါတယ်။
1 comment:
hello my son!
respect ur brothers and sisters! if u already know one thing , i will be so cheer full with this one only?my son ! our leader don't want to talk about the thing that already got it, we still have so many to do! if u r so happy with one apple then u can't get no more! this apple is normal step! no need to cheer for them so much even if u got it! my son pls clever! Aww, that why you is you!
Post a Comment