Sunday, August 7, 2011

ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ
မြတ်နိုး

ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အပြုသဘောဆိုရင် ပြည်တွင်း စစ်ဟာ မုချဖယ်ရှားပစ်ရမယ့် အဖျက်သဘောဖြစ်တယ်။ အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့ရ သလဲ။ ဘာကြောင့် ရာစုနှစ်တ၀က်ကျော် ရှည်ကြာနေရသလဲ။ အပြုသဘောငြိမ်းချမ်းရေးကို အုပ်စိုးသူအ ဆက်ဆက်က ဘာကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဘယ်သူတွေကသာ အမှန်တကယ် တည်ဆောက်နိုင် မလဲ။ ဘယ်လိုနည်းနဲ့ တည်ဆောက်နိုင်မလဲ။ တိုင်းပြည်အကျိုးအတွက် ဒီမေးခွန်းတွေကို တတ်စွမ်းသမျှ ကြိုး စားဖြေကြည့်ချင်တယ်။

ပြည်တွင်းစစ်ရဲ့အတွင်းသဘောထဲမှာ ဒီမိုကရေစီရေးပြဿနာ၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာဆိုတဲ့ အရင်းခံပြဿနာကြီး (၂) ရပ် ကိန်းအောင်းနေတာ တွေ့ရတယ်။ အဲဒီမူဆိုင်ရာ အရင်းခံပြဿနာကြီး (၂) ရပ်ဟာ ပင်မအကြောင်းတရားဖြစ်ပြီး ပြည်တွင်းစစ်ဟာ နောက်ဆက်တွဲ အကျိုးတ ရားဖြစ်တယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ အာဏာရလာတဲ့ ဖဆပလ ပါလီမန်ဒီမိုကရေစီအစိုးရဟာ (ဒီမိုကရေစီအ စိုးရဖြစ်တဲ့တိုင်) ပြည်သူတွေ့ရဲ အခြေခံဒီမိုကရေစီရပိုင်ခွင့်၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ရှိရေး ... ဆိုတဲ့ အခြေခံမူ (၂) ရပ်ကို အပြည့်အ၀ အာမခံဖို့ ပျက်ကွက်ခဲ့တယ်။ အဲဒီအခြေခံမူဆိုင်ရာ ပြဿနာကြီး (၂) ရပ်ကို ဥပဒေတွင်းမှာ ငြိမ်းချမ်းစွာ ဖြေရှင်းခွင့်မရတဲ့အခါ ဥပဒေနည်းအရ လက်နက်နဲ့ အ ကြမ်းဖက်ဖြေရှင်းရေးဆီသို့ ကူးပြောင်းသွားရတာဖြစ်တယ်။ ဒါဟာ အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းရဲ့ လိုရင်းအဖြေပဲ။

ပြည်တွင်းစစ် ဘာကြောင့် ရှည်ကြာနေရသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာ ကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဖဆပလအစိုးရဟာ ပြည်တွင်းစစ် ဖြစ်လာပြီးနောက် ပြည်တွင်းစစ် ရပ်စဲ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို ကျင့်သုံးရမယ့်အ စား အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ တလျှောက်လုံး ကိုင်စွဲခဲ့တယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။ ဖဆ ပလအတွင်းနဲ့ တပ်မတော်အတွင်းက လက်ျာအစွန်းရောက် ဂိုဏ်းသားတွေက ကွန်မြူနစ်ပါတီကို ဥပဒေတွင်း မှာ တည်ရှိခွင့် မပေးလိုတာ၊ လူမျိုးတိုင်း တန်းတူသွေးစည်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု မတည် ဆောက်ချင်တာတို့ကြောင့်ဖြစ်တယ်။

လက်တွေ့မှာ ပြည်တွင်းစစ်ကို အပြုတ်မတိုက်နိုင်ဘဲ ရေရှည်လာတဲ့အခါ စစ်တပ်ရဲ့အခန်းဝင်မှု၊ စစ်တပ်ကို အ မိန့်ပေးနိုင်တဲ့ စစ်ခေါင်းဆောင်တွေရဲ့အခန်းဝင်မှုဟာ တနေ့တခြား ကြီးမားလာတယ်။ နိုင်ငံရေးရဲ့အခန်းဝင်မှု၊ နိုင်ငံရေးခေါင်းဆောင်များရဲ့အရေးပါမှုဟာ တနေ့တခြား မှေးမှိန်လာတယ်။ နိုင်ငံရေးအရ ရှေ့ဆောင်မှုကို စစ် တပ်က လိုက်နာရမယ့်အစား စစ်တပ်ရဲ့အကျပ်ကိုင်မှုကို နိုင်ငံရေးအာဏာရ အစိုးရက ငုံ့ခံရတဲ့ အခြေအနေ ဖြစ်လာတယ်။

စစ်တပ်အတွင်းမှာ စစ်အုပ်စု ဖြစ်တည်လာပြီး အရပ်သားအစိုးရထံက အာဏာကို လုယူတဲ့အထိ ဖြစ်လာခဲ့ တယ်။ (ပထစအစိုးရထံမှ ဗိုလ်နေ၀င်းစစ်အစိုးရက အာဏာသိမ်းခြင်း)။ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန် ကြီးဌာနအောက်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ တပ်မတော်ဟာလည်း စစ်အုပ်စုရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရတယ်။ နိုင်ငံတော်နဲ့ ပြည်သူများအပေါ် သစ္စာစောင့်သိဖို့ တာဝန်ရှိတဲ့ တပ်မတော် ဟာ စစ်အုပ်စု လက်တဆုပ်စာရဲ့ ဘက်စုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရတဲ့ စစ်အုပ်စုပိုင် တပ်ဘ၀ သို့ ကျရောက်ခဲ့ရတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ဟာ စစ်အုပ်စုနံပါတ် (၁) ရဲ့ ဥပဒေကဲ့သို့ အာဏာတည်တယ်ဆိုတဲ့ နှုတ်မိန့်တွေနဲ့ အစားထိုးခံလိုက်ရတယ်။

အာဏာလုတက်လာတဲ့ စစ်အစိုးဟာ ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူကိုသာ ဆက်လက်ကျင့်သုံးလာတယ်။ တဆင့်တိုးနက်ရှိုင်းလာတဲ့ ပြည်တွင်းစစ်က “စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ” ဆိုတာတွေကို တည် တံ့ခိုင်မြဲအောင် အကြောင်းအချက်တွေ ဖန်တီးပေးတယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ အပြန်အ လှန်အကျိုးပြုနေတဲ့ ခွဲလို့မရတဲ့ အနိဋ္ဌာရုံရဲ့ ဘက်နှစ်ဘက်ဖြစ်တယ်။ တခုမရှိရင် အခြားတခု မရှိနိုင်ဘူး။ ပြည် တွင်းစစ် ရှိနေသမျှ စစ်အာဏာရှင်စနစ် သဏ္ဍန်မျိုးစုံနဲ့ တည်ရှိနေမှာဖြစ်သလို စစ်အာဏာရှင်စနစ် တည်မြဲနေ သမျှ ကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးလည်း ရနိုင်မှာမဟုတ်ဘူး။

ဒီအချက်ကနေ သိနိုင်တာက စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ပြဒါးတလမ်း သံတလမ်း ဆို တာပဲဖြစ်တယ်။ အတူယှဉ်တွဲ တည်ရှိနိုင်တာမျိုးမဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်နေမှ စစ်အာ ဏာရှင်စနစ် တည်မြဲနေနိုင်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်မယ့် ပြည်တွင်းငြိမ်းချမ်းရေးကို စစ်အုပ်စုအဆက်ဆက်က ငြင်းပယ်ခဲ့တာပဲဖြစ်တယ်၊ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် အပြုတ်တိုက်ရေး လမ်းစဉ်ကို တလျှောက်လုံး ကျင့်သုံးနေကြတာပဲဖြစ်တယ်။

ဒီလိုဆိုရင် ၁၉၆၃ ခုနှစ်က ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ ၁၉၈၉ ခုက စခဲ့တဲ့ န၀တစစ်အစိုးရရဲ့ “အပစ်အခတ်ရပ်စဲ၊ ဥပဒေဘောင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်” ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းချက်တွေ မဟုတ်ဘူးလားလို့ မေးစရာရှိတယ်။ တခွန်းတည်း ဖြေရရင် မဟုတ်ဘူး။ အဲဒါတွေဟာ တော်လှန်ရေးအင်အားစုတွေကို လက်နက်ချ အညံ့ခံလာအောင် အပြုတ် တိုက်ရေးမူကို အခြားနည်းနဲ့ ဆက်လက်ကျင့်သုံးတာပဲဖြစ်တယ်။

ဒါကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်နေတာဟာ စစ်ပွဲကို အရင်းအနှီးပြုပြီး နေ့ချင်းညချင်း ဇောတိကတွေ ဖြစ်လာတဲ့ စစ်အုပ်စုမင်းဆက် တည်မြဲနေလို့ပဲဖြစ်တယ်။ စစ်အုပ်စုမှန်သမျှဟာ စစ်အာဏာရှင်စနစ်ကို ဖယ် ရှားပစ်မယ့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်တော့မှ (ဘယ်တော့မှ) လုပ်မှာမဟုတ် ဘူး။ သူတို့ရဲ့ ဘက်စုံအကျိုးစီးပွားနဲ့ တထပ်တည်းကျတဲ့ ပြည်တွင်းစစ်သက်ဆိုးရှည်ရေး-အပြုတ်တိုက်ရေး လမ်းစဉ်ကိုသာ ဆက်လက်ကိုင်စွဲသွားမှာဖြစ်တယ်။

စစ်အုပ်စုအဆက်ဆက် ကိုင်ဆွဲထားတဲ့ ပြည်တွင်းစစ် အပြုတ်တိုက်ရေးလမ်းစဉ်ရဲ့ တကယ့်အဓိပ္ပာယ်ဟာ လည်း ဒီမိုကရေစီဆန့်ကျင်ရေး၊ လူမျိုးတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဆန့်ကျင်ရေးပဲဖြစ် တယ်၊ စစ်အာဏာရှင်စနစ် တည်မြဲရေး၊ လူမျိုးကြီးဝါဒ ကျင့်သုံးပြီး တပြည်ထောင်စနစ် ကျင့်သုံးရေးသာဖြစ် တယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအရ မသမာတဲ့ နည်းပေါင်းစုံသုံးပြီး အာဏာရလာတဲ့ သိန်းစိန် အစိုးရဟာလည်း ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကို လုပ်မှာမဟုတ်ဘူး။ သိန်းစိန်အစိုးရဟာ စစ်အုပ်စုက ကြိုးကိုင်ထားတဲ့ အရပ်ဝတ် ရုပ်သေးအစိုးရသာဖြစ်တယ်။ လက်တွေ့အရ သိန်းစိန်အစိုးရတက်လာပြီး မကြာမီမှာပဲ အပစ်ရပ်ငြိမ်းအဖွဲ့ (KIA, SSA, DKBA) တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ UWSA, NMSP လို အဖွဲ့တွေနဲ့လည်း တင်းမာမှုတွေ ဖြစ်နေတယ်။ သိန်းစိန်အရပ် ၀တ်ရုပ်သေးအစိုးရဟာ ယခင်စစ်အစိုးရများနည်းတူ တဘက်က စစ်ရေးအရ တိုက်ပြီး ဖိအားပေး၊ တခြားတ ဘက်က လက်နက်ချငြိမ်းချမ်းရေးကို ကမ်းလှမ်းဆိုတဲ့ နည်းပရိယာယ်ကိုသာ ကျင့်သုံးမှာဖြစ်တယ်။

ဘာကြောင့် ဒီလိုယတိပြတ်ပြောရသလဲဆိုရင် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ရေးရဲ့ တကယ့်အဓိပ္ပာယ်နဲ့ လက်တွေ့လုပ်ငန်းတာဝန်ဟာ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဖြစ်နေလို့ ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေရာကျမယ့် ပြည်တွင်းစစ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် ရေးကို စစ်အုပ်စုရဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရက လုပ်မှာမဟုတ်လို့ ပြောရခြင်းဖြစ်တယ်။

ဒီလိုဆိုရင် စစ်မှန်တဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဘယ်သူ တွေက လုပ်ကြရမလဲ။ ဘယ်လိုလုပ်ကြမလဲ။

အဖြေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပဲ။ ပြည်တွင်းစစ်ကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတဲ့၊ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ လူမျိုးတိုင်း တန်းတူသွေးစည်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို တောင့်တတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို စည်းရုံးပြီး ၀ဲ/ယာနိုင်ငံရေးအင်အားစုမှန်သမျှက စုပေါင်းခေါင်းဆောင် အကောင်အထည်ဖော် ကြရမှာပဲဖြစ်တယ်။ ပြည်တွင်းစစ်ကို မတိုက်လိုတဲ့ ကြည်း-ရေ-လေတပ်မတော်တွင်းရှိ အရာရှိအရာခံ၊ အကြပ် တပ်သားတွေပါမကျန် စည်းရုံးရမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမား လွှင့်ထူပြီး ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းရ မယ်။

သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရရဲ့ စစ်ရေးထိုးစစ်တွေကို ခုခံဆန့်ကျင်နေတဲ့ ငြိမ်းအဖွဲ့တွေရဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဟန်ချက်ညီ အပြန်အလှန် ပေါင်းစပ်နိုင် အောင် စီမံရမယ်။

လူမျိုးစုငြိမ်းအဖွဲ့တွေရဲ့ ဒေသန္တရလက္ခဏာ (တစိတ်တပိုင်း လက္ခဏာ) ဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲကို ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ (လက်နက်ကိုင်တိုက်ပွဲနဲ့ အခြားတိုက်ပွဲသဏ္ဍာန်ပေါင်းစပ်ခြင်း) အပြန်အလှန် ပေါင်းစပ်ခြင်းဖြင့် တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီးအဖြစ် ပြောင်းပစ်ရမယ်။ ဒီ နည်းနဲ့ တပ်မတော်တွင်းက ပြည်တွင်းစစ် ဆန့်ကျင်တဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး လိုလားတဲ့ တပ်မှူးကြီးငယ်၊ အ ကြပ်၊ တပ်သားတွေ ပြည်သူလူထုနဲ့အတူ ရပ်တည်လာနိုင်အောင် အခြေအနေတွေ ဖန်တီးရမယ်။

ဒီနည်းနဲ့ စစ်အုပ်စုရဲ့ အမိန့်ပေးဌာနဟောင်းအောက်က တပ်မတော် ရုန်းထွက်နိုင်ရေး၊ ပြည်သူ့ဘက်က ရပ် တည်တဲ့ တပ်မတော်အမိန့်ပေးဌာနသစ်တခု ပေါ်ထွန်းလာနိုင်ရေးအတွက် အချက်အလက်တွေ ဖန်တီးပေးရ မယ်။

ဒီနည်းနဲ့ စစ်အုပ်စုနဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရကို အထီးကျန်ဖြစ်စေရမယ်။ ဒီနည်းနဲ့ တပြည်လုံးလက္ခ ဏာဆောင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူထုတိုက်ပွဲကြီးကတဆင့် ပါတီစုံဒီမိုကရေစီစ နစ် အကောင်အထည်ဖော်ရေး၊ လူမျိုးတိုင်း တန်းတူရေးနဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိရေး ... ဆိုတဲ့ အခြေခံပြဿ နာကြီး (၂) ရပ်ကို အဆင့်ရှိစွာ ဖြေရှင်းအောင်မြင်နိုင်စရာရှိတယ်လို့ ယုံကြည်မိတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမား လွှင့်ထူကြ။
ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ လူမျိုးစုများရဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ကြ။

မြတ်နိုး
၂၃.၇.၀၁၁

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၈-၂၀၁၁)

- အမေရိကန် လွှတ်တော်အမတ်တွေ ရှစ်လေးလုံးအထိမ်းအမှတ် သ၀ဏ်လွှာပေးပို့ click
- ၂၃ နှစ်ပြည့် ရှစ်လေးလုံးအရေးအခင်း click
- ၂၃ နှစ်တာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု မှတ်တမ်းရုပ်ရှင် click
- ၈၈၈၈ လူထုအုံကြွမှုနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ click
- ရှစ်လေးလုံးနဲ့ အနုပညာရှင်များရဲ့ အခန်းကဏ္ဍ click
- ၂၃ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီး ထွက်မည် click
- ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် လုံခြုံရေး အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မည် click
- ကိုမင်းကိုနိုင်သီချင်း ဖြန့်ဝေ click
- မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေးအင်အားစု ဒုတိယအကြိမ် စည်းဝေး click
- မြစ်ကြီးနား-တနိုင်း လမ်းမကြီးမှာ ညမထွက်ရ အမိန့်ထုတ်ပြန် click
- မြန်မာစစ်တပ် ဓာတုလက်နက် သုံးစွဲနေမှု ရှိမရှိ (ဒီမိုကရေစီရေးရာ) click
- ပင်လယ်ဓားပြလက်ထဲက မြန်မာသင်္ဘောသား ၁၄ ဦး ကယ်ဆယ်ရမိ click
- ထိုင်းကို ပို့မယ့် မြန်မာ့သစ်ခွဲသားများ ဖမ်းမိ click
- Yangon Airway လေကြောင်းလိုင်းကို ပိုင်ရှင်ဟောင်း ပြန်လည်ပြေးဆွဲမည် click
- လုပ်ခတိုးတောင်းလို့ အလုပ်ထုတ်ခံရ click
- ပင်စင်စားများ လစာသစ် မရသေး click
- တင်သွင်းခွင့်ပိတ်လိုက်သည့် အန္တရာယ်ရှိ အဆီကျဆေးများ ရောင်းချနေဆဲ click
- ဆီးရီးယားတပ်တွေ နောက်ထပ် မြို့နှစ်မြို့ကို ၀င်စီး click
- ဆီးရီးယားစစ်တပ် စီးနင်းနှိပ်ကွပ်မှု (၅၃) ဦး သေဆုံး click
- ဆီးရီးယားက ဆော်ဒီသံတမန်တွေ ပြန်ရုပ်သိမ်းပြီ click
- လန်ဒန်မြို့ တော်တန်ဟမ်မြို့နယ်မှာ အဓိကရုဏ်းဖြစ် click
- လန်ဒန် Tottenham ရပ်ကွက် အဓိကရုဏ်း ရဲတချို့ ဒဏ်ရာရ click
- ယူရိုသုံးနိုင်ငံတွေ အရေးပေါ် ဆွေးနွေးမယ် click
- ဥရောပ ဗဟိုဘဏ် အီတလီနဲ့ စပိန်ကို ကယ်မယ် click
- တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆူဒန် သွား click
- အများအကျိုးအတွက်ဆိုရင် မည်သူ၊ မည်သည့်အဖွဲ့နှင့်မဆို တွေ့ဆုံမည် click
- The Lady ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ၏ ပြောစကားများ click
- ပြန်လာပြီ ပန်ထွာဧကရီ click
- မျှော်​စင်​ကျွန်း​က​ ​ရန်​ပုံ​ငွေ​ဖျော်​ဖြေ​ပွဲ​တွင်​ ကို​ဇေ​ယျာ​သော်​ကို​ ​သီ​ချင်း​သီ​ဆို​ခွင့်​​ ပိတ် click
- ထောင်ထမင်း ထောင်ဟင်း click
- ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူ ရခိုင်စာရေးဆရာ စာအုပ် လူများ ၀ယ်မဖတ် click
- ဆန်ဖရန်ဘေးဧရိယာမြန်မာတို့ ၈၈ (၂၃) နှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီး click
- ဘ၀ရဲ့ ရှစ်လေးလုံး (ဆောင်းပါး) click
- ၈၈ သို့ ဦးလှည့်ခြင်း (ဆောင်းပါး) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၈) (ဆောင်းပါး) click
- SGI အထည်ချုပ်စက်ရုံဝန်ထမ်းများ လုပ်ခလ​စာတိုးပေးရေး ဆန္ဒပြ click
- ​ကော့​​သောင်းမြို့က​ ရ​တ​နာ​ကျွန်းဟိုတယ် အလုပ်သမားများကို ထိုင်း​​အလုပ်ရှင်က​ နှင်ထုတ် click
- ပိန်ဆေးကြောင့် စိတ်ရောဂါ ရနိုင် click
- မနက်ဖန် နေ့လည်မှာ ခွန်ယင်လပ်ကို နန်းတော်က အတည်ပြုပေးမယ် click
- နယူးယောက်တွင် ကျင်းပတဲ့ စီအဲန်အဲန် အိုင်ရီပို့ ငါးနှစ်မြောက်မွေးနေ့ (ဓာတ်ပုံ) click

အပြည့်အစုံသို့...

မြန်မာပတ်စ်ပို့ ကိုင်ဆောင်သူများ မျက်နှာငယ်ရပြီး အထင်အမြင်သေးခြင်းခံနေ ကြရ (ရုပ်သံ)


အပြည့်အစုံသို့...

မောင်မောင်သိုက်ကို ကျနော် သိတယ်

မောင်မောင်သိုက်ကို ကျနော် သိတယ်
မောင်ငြိမ်းအေး

“သိရင် ... စိတ်ဆင်းရဲရတတ်တယ်” တဲ့
သိပ်မှန်တာပဲ။

၅.၈.၂၀၁၁ ည
www.drlunswe.blogspot.com ကို click လိုက်တော့
ရုတ်တရက် အပေါ်သွေး ၁၈၀
အောက်သွေး ၁၂၀ ဖြစ်ခဲ့။

ပန်းချီမောင်မောင်သိုက် (၆၆) နှစ်ဆိုတဲ့ သတင်းဟာ
မော်ဒန်ကဗျာမဟုတ်ဘူး
ယူကျုံးမရမှုတွေ သယ်ဆောင်လာတဲ့ မိုးတိမ်။

ကိုသိုက်
ခင်ဗျား ဗျာ ခင်ဗျား
ဒီလိုလုပ်ဖို့တော့ မကောင်းပါဘူးဗျာ
အရူးတယောက် ရူးနောက်သွားသလို တဖွဖွ ရွတ်
ကျနော့်စိတ်တွေ ကိုယ်ထဲက ကျွတ်တယ်။

ကိုသိုက်က ပန်းချီဆရာပါ
ပန်းချီဆွဲတာပေါ့
ပန်းချီဆရာအားလုံး ပန်းချီဆွဲပေမယ့်
ဆွဲတဲ့ပန်းချီဆရာတိုင်း ကြယ်ပွင့်မဖြစ်
ကိုသိုက်က ဖြစ်တယ် ... လင်းတယ် ... တောက်ပတယ်
“မောင်မောင်သိုက်” ... တဲ့
ဘယ်လောက်မိုက်သလဲ။

ကိုသိုက် ရေးတဲ့ မိန်းကလေးပုံတွေကို မြင်တိုင်း
ကျွန်တော် ရေသိပ်ငတ်တယ်
(မိတ်ဆွေ ... ဖိုမကိစ္စတွေ မပါဘူးနော်)
မိန်းကလေးပုံ ရေးရတာ
ပန်းချီမှာ အခက်ဆုံးမဟုတ်လား
ခါး..တင်..ရင်..မျက်နှာ..ပခုံး
အပြုံး..အပြေ..အတင်း..အရင်း
ဆယ်စုနှစ်သုံးခုကျော်အတွင်း
ဝတ္ထုစာအုပ်တွေရဲ့ မျက်နှာဖုံးမှာ ထင်းတယ်
မဂ္ဂဇင်းသရုပ်ဖော်ပုံတွေတိုင်းမှာ ဝင်းတယ်။

ကိုသိုက်ကြောင့်
မိန်းမတွေကို (တဏှာရာဂ) မပါဘဲ
ရဲရဲကြည့်တတ်လာတယ်
သဲသဲကွဲကွဲ မြင်တတ်လာတယ်
မိန်းမတွေကို သန့်သန့်ရှင်းရှင်း ချစ်တတ်သွားတာ
မင်္ဂလာပဲဗျာ
ကျေးဇူးတင်ပါတယ်။

ကိုသိုက်ရဲ့အခန်းကလေးက
အလင်းရောင်ငတ်ရှာပေါ့
ဆေးမျိုးစုံရနံ့တွေကလည်း
တသင်းသင်းဟောင်လို့
မဂ္ဂဇင်းအတွက် သရုပ်ဖော်ပုံသွားယူတဲ့ ကျနော့်ကို
ကောလိပ်ဂျင်နေဝင်းလို မျက်မှန်ပေါ်က ကျော်ကြည့်
ရှောင်ကွန်နရီလို ပခုံးတွန့်ပြပြီး
“ကိုယ့်ညီ ... ကြည့်ထိုင်ကွာ” တဲ့
အားနာတတ်တဲ့ ပန်းချီတချပ်ပါပဲလေ။

Digital နည်းပညာတွေ
နာဇီစစ်တပ်လို ဖြစ်လာပေမယ့်
လက်ကိုပဲ အားရတယ်ဗျာ
စက်မှာက အသည်းနှလုံးမရှိ
လက်က ခံစားချက်ကို သိသတဲ့
လက်ကို ချစ်တဲ့ မောင်မောင်သိုက်
လက်ကို ပိုက်ပြီး ... သွားပြီ။ ။

(ကိုသိုက် ... ကောင်းကင်ဘုံရောက်ပါစေ)

မောင်ငြိမ်းအေး

အပြည့်အစုံသို့...

Saturday, August 6, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၈-၂၀၁၁)

- တောင်ဒဂုံစက်မှုဇုံ အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုဖြစ် click
- တောင်ဒဂုံမြို့သစ် အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ click
- အစိုးရ ရိက္ခာယာဉ်တန်းကို ရှမ်းပြည်မြောက်ပိုင်းတပ်က ချုံခိုတိုက် click
- KIA ပစ်ခတ်မှု အရပ်သား အပါအ၀င် (၇) ဦး သေဆုံး click
- မင်းဘူး နားရေးအသင်း ရန်ပုံငွေ သိန်း (၅၀) ကို မကွေးတိုင်း ၀န်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်က ကိုယ်ကျိုးသုံး စွဲ click
- ဆွေးနွေးမှု ဆက်လုပ်ရန် ၈၈ မျိုးဆက် တိုက်တွန်း click
- (၂၃) နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားများ ကျင်းပ click
- ထောင်ထဲမှာ ရေးစပ်တဲ့ ရှစ်လေးလုံးသီချင်း ဖြန့်ချိဖို့ရှိ click
- ၈၈ နှစ်ပတ်လည် ဆုတောင်း click
- အခြေခံဥပဒေပါ အခွင့်အရေးအတွက် ပါတီထောင် click
- ဒလမြို့နယ်က ကျောင်းကို NLD ပါတီ စာအုပ်များ လှူဒါန်း click
- မေးလို့ ဖြေပြီ click
- ပန်းချီမောင်မောင်သိုက် click
- အာဆီယံကို ဂုဏ်ပြုတဲ့ ကာတွန်းဟန်လေး click
- ဈေးကွက်ငွေလဲနှုန်း သတ်မှတ်ရေး (သတင်းသုံးသပ်ချက်) click
- မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၃) click
- ယောဂီဆန်းသုံးယောက်နှင့် ဘုရားပေးသော အငိုက်ပျောက်ဆေး (ဆောင်းပါး) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၇) (ဆောင်းပါး) click
- အာဖဂန်မှာ လေယာဉ်ပျက်ကျမှု ကန်စစ်သားတွေ သေဆုံး click
- အာဖဂန်မှာ ရဟတ်ယာဉ်ပျက် အမေရိကန်စစ်သည် (၃၀) ကျော် သေဆုံး click
- အမေရိကန်ငွေကြေးသိက္ခာ ပထမဆုံးအကြိမ် အဆင့်လျော့ click
- တရုတ် ရှင်ဝှာသတင်းဌာနက အမေရိကန်ကို ဝေဖန် click
- အမေရိကန် အကြွေးပြဿနာအပေါ် တရုတ်က အပြင်းအထန် ဝေဖန် click
- နိုင်ငံရေးသမားတွေ လက်တွဲဖို့ အိမ်ဖြူ ပြော click
- အမေရိကန် ဥပဒေစိုးမိုးရေးဆိုင်ရာ ၀က်ဘ်ဆိုက်များထဲ Hacker များ ခိုးဝင် click
- လစ်ဗျားမှာ တိုက်ပွဲတွေ အရှိန်တက် click
- လူမှုရေးစရိတ်အတွက် အစ္စရေးမှာ ဆန္ဒပြ click
- တရုတ်နိုင်ငံ အရှေ့ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မယ် click
- ရှစ်လေးလုံးနေ့ Black Campaign ရခိုင်ပြည်နယ်အ၀န်း ပြုလုပ်မည် click
- ကားမိုင်းအနီး KIA တိုက်ခိုက်မှုတွင် မြန်မာစစ်ဗိုလ် (၁) ဦးကျ၊ (၃) ဦး ဒဏ်ရာရ click
- တွေ့ဆုံဆွေးနွေးဖြေရှင်းရေး လက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ UNFC စာပြန်ကြား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောဆို click
- NDF ပါတီဝင် (၄၅) ဦး နှုတ်ထွက်စာ တင်သွင်း click
- ရခိုင်စာပေဟောပြောပွဲ ရန်ကုန်တွင် ကျင်းပမည် click
- ရာဟုလာ ... ပြီးတော့ မောင်မောင်သိုက် click
- ခွေးတူ နွားတူ လူဋီကာ (ဆောင်းပါး) click
- ကျောပေါက်ကြီး (ဆောင်းပါး) click
- ဘဝ ၈၈ ဂါရဝ (ကဗျာ) click
- ၈.၈.၈၈ ရှစ်လေးလုံး click
- ထားပါတော့ … ကျဆုံးလေပြီးသော ရာဇဝင်ထဲမှာသာ ထားလိုက်ပါတော့ … (ကဗျာ) click

အပြည့်အစုံသို့...

ကုသိုလ်ထူးသူများ

ကုသိုလ်ထူးသူများ
ဒေါက်တာလွဏ်းဆွေ

သူတို့ စားတဲ့ ထမင်း
သန့်ရှင်းစင်ကြယ်တယ်။

သူတို့ သောက်တဲ့ အရက်
သူတပါး မျက်ရည်စက်ကြီးငယ် ရောပြွမ်းမနေဘူး။

သူတို့ သုံးတဲ့ အသပြာ
စုတ်တံဖျားက သန့်သန့်စင်စင် ထွက်ကျလာ။

သူတို့ ရေးတဲ့ စုတ်ချက်
သူတို့ တွေးတဲ့ အိပ်မက်
လောကကို အလှဆင်ဖို့သက်သက်။

သူတို့ ခြယ်သတဲ့ အရောင်
သူတို့ ကယ်မတဲ့ ကလောင်
လောကကို အလင်းဆောင်။

အဲဒီလို …
လိပ်ပြာသန့်သန့် အသက်ရှင်ခွင့်ရတဲ့ ဘဝ
လူတိုင်း ရခဲလှ၊
သူတို့ … သူတို့တွေသာ …
“ကုသိုလ်ထူးတယ် … ဆိုရမယ့် ဒီလူ”
(ထိုသီချင်းစာသားအတိုင်း ...)
အပြိုင်းအရိုင်း ဖူးပွင့်ခွင့်ရခဲ့ကြ …။ ။

(ကွယ်လွန်သူ စာနယ်ဇင်းပန်းချီဆရာများ ဖြစ်ကြသည့်
ဆရာ ပန်းချီစံတိုး၊ ဆရာ ပန်းချီတင်မောင်မျင့်၊ ဆရာ ပန်းချီဝသုန်နှင့်
ဆရာ ပန်းချီမောင်မောင်သိုက် ... သို့ ဂါရ၀ပြု ရေးဖွဲ့ပါသည်။)

ဒေါက်တာလွဏ်းဆွေ
၅-၈-၂၀၁၁

အပြည့်အစုံသို့...

ကွယ်လွန်သူ ဆရာ ပန်းချီမောင်မောင်သိုက် သရုပ်ဖော်ပုံ ရေးဆွဲပေးခဲ့သည့် စာ ရေးဆရာမ စုသဲမွန် (ထိုစဉ်က ကလောင်သစ်) ၏ “ပြန်လည်ဖာထေးရမယ့် အ သည်းဆန်ကာပေါက်များ” ၀တ္ထုတို

su thae mon

အပြည့်အစုံသို့...

ကွယ်လွန်သူ ဆရာ ပန်းချီမောင်မောင်သိုက် အလွမ်းပြေ မြားနတ်မောင်ဝတ္ထု သ ရုပ်ဖော်ပုံအချို့

(ကဗျာဆရာ ငြိမ်းဝေ မေတ္တာလက်ဆောင်ပေးသည့် မြားနတ်မောင်မဂ္ဂဇင်းဟောင်းတချို့မှ ကူးယူဖော်ပြပါသည်။)

အပြည့်အစုံသို့...

Friday, August 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၈-၂၀၁၁)

- NLD နဲ့ မိမိ တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- UNFC တိုင်းရင်းသားများကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကြေညာ click
- တိုင်းရင်းသားလက်နက်ကိုင်များ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက် လက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးသဘောထား တိုင်းရင်းသား (၁၂) ဖွဲ့ ထောက်ခံ click
- KIO က အစိုးရကို မေးခွန်းများထုတ်ခဲ့ click
- ဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ချေမှုန်းမည် click
- အနောက်ပိုင်းတိုင်း တိုင်းမှူးသစ် မောင်တောမြို့သို့ ရောက်ရှိ click
- တစညနဲ့ ကျားဖြူပါတီ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး click
- သမ္မတ ဦးသိန်းစိန်ကို ယခုလို ကျနော် ပြောချင်ပါသည် (ဆောင်းပါး) click
- သမ္မတကြီးရဲ့ စီမံကိန်း (၂) (သရော်စာ) click
- မစ်ရှီဂန်က ပေးတဲ့စာ (၈၀) (အသံလွှင့်ဆောင်းပါး) click
- သံဃာနဲ့ ၈၈ မျိုးဆက်က နှစ်ပတ်လည်မှာ တိုက်တွန်း click
- ဆန်ဖရန်ဘေးဧရိယာ မြန်မာတို့၏ ရှစ်လေးလုံး (၂၃) နှစ် အခမ်းအနား လက်ကမ်းစာစောင် ဖြန့်မည် click
- မမေ့အပ်တဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် (ကဗျာ) click
- အနှစ်နှစ်ဆယ် (ကဗျာ) click
- ရှစ်လေးလုံး အထိမ်းအမှတ်ကဗျာ click
- မယ်ရာမိုအိမ်ခြေ (၄၀၀) ကျော်အထိ ထပ်မံရေမြုပ်၊ သွားရောက်ကူညီရန် ခက်ခဲနေ click
- မလေးရှား မြန်မာသံရုံးက အလုပ်သမား အေဂျင်စီတွေကို ရှင်းပြ click
- မွတ်ဆလင်မလေးကို ကြာကူလီရိုက်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ click
- ပန်းချီ မောင်မောင်သိုက် ကွယ်လွန် click
- ပန်းချီ မောင်မောင်သိုက် ကွယ်လွန် click
- စာနယ်ဇင်းပန်းချီဆရာ မောင်မောင်သိုက် ကွယ်လွန် click
- မီးတွင်း မိခင်သေဆုံးမှုနှုန်း လျော့အောင် ဘယ်လိုကာကွယ်သင့်လဲ click
- ဈေးကွက် ငွေလဲနှုန်း သတ်မှတ်ရေး (သတင်းသုံးသပ်ချက်) click
- ပွဲပျက်ရတဲ့ ဘောလုံးပရိသတ်ကို ဘယ်လိုထိန်းမလဲ (ဆွေးနွေးဖလှယ်) click
- ထိုင်းနိုင်ငံကို အမျိုးသမီး ဦးဆောင်ပြီ click
- ထိုင်းလွှတ်တော်က ၀န်ကြီးချုပ်သစ် ရွေးချယ် click
- ဥရောပက ဘဏ္ဍာရေး အကျပ်အတည်း click
- ကမ္ဘာတ၀န်း အစုရှယ်ယာဈေး ဆက်လက်ကျဆင်း click
- အာရှ စတော့ဈေးတွေ ထိုးကျ click
- ဒုက္ခသည်အတွက်ရိက္ခာ အစိုးရတပ် ခိုးလို့ ရုန်းရင်းဆန်ခတ်ဖြစ် click
- အိန္ဒိယ-တရုတ်နယ်စပ် ကားလမ်း၊ ရထားလမ်း အပြိုင်ဖောက် click
- ဂျူပီတာဂြိုလ်ကို လေ့လာဖို့ ဂျူနိုအာကာသယာဉ် လွှတ်တင် click
- အသွင်ပြောင်းလာတဲ့ အာကာသသိပ္ပံ သုတေသန အစီအစဉ် click
- Facebook မှာ စာရေးတော့မလို့လား၊ သတိထား၊ မေမေ ကြည့်နေတယ် click
- ဆဲလစ်ဘရစ်တီ ယဉ်ကျေးမှုကြောင့် လူငယ်များ မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော click
- ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး click
- တိုင်းရင်းသားတပ်ပေါင်းစု “ပြည်သူ့ခေါင်းဆောင်” ကို ထောက်ခံ click
- တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကျောင်းသားများ တိုက်တွန်း click
- အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန် ၈၈ မျိုးဆက်ကျောင်းသားများ လိုလား click
- ၈၈ မျိုးဆက်ကျောင်းသားများ၏ ထုတ်ပြန်ကြေညာချက် click
- အပစ်ရပ်ရန် သမ္မတ ဦးသိန်းစိန်ထံ ကျားဖြူပါတီ စာတင် click
- မြစ်ကြီးနားမြို့က ထောင်ချီရှိသည့် စစ်ပြေးဒုက္ခသည်များကို အစိုးရ လျစ်လျူရှုထား click
- နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် (၁၀၀) ကျော် ရိက္ခာထောက်ပံ့ပေးသူ မရှိသေး click
“ကိုယ်ဘာလုပ်ရရင်ကောင်းမှာလဲ” (ကာတွန်းဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ဧရာဝတီမြစ်ကာကွယ်ရေး ၀ိုင်းဝန်းပါဝင်ကြဖို့ လူ့အခွင့်ရေးအဖွဲ့ တိုက်တွန်း click
- မဟာမဲခေါင်ဒေသ ဗီဇာတခုတည်းစနစ် စတင်ကျင့်သုံးနိုင်တော့မည်ဟုဆို click
- နေပြည်တော် မြေအောက်ရထားလမ်း ရုရှ ဦးစားပေး စီစဉ်နေ click
- ရလလဖ ဥက္ကဌဟောင်း စောတာခဲလယ်၏ ဈာပန တောင်ကြီးတွင် ပြုလုပ်မည် click
- အာဆီယံအမတ်များ အစည်းအဝေး မြန်မာအမတ်များ တက်မည် click
- NDF ပါတီတွင် အစုလိုက် အပြုံလိုက် နုတ်ထွက်မှုဖြစ် click
- ကြံ့ဖွံ့ပါတီဝင်အချို့ကို ဆုချီးမြှင့်ဟု ဦးဌေးဦး ပြော click
- အံ့ရော ... click
- အကောင်းဘက်က မြင်ပါတယ် (အင်တာဗျူး) click
- ထိုင်း​အစိုး​ရအဖွဲ့သစ်နဲ့ မြန်မာ့ဆက်ဆံ​ရေး​ ဘယ်လိုရှိလာနိုင်မလဲ (မေးမြန်းခန်း) click
- ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နှင့် တကျော့ပြန် (ဆောင်းပါး) click
- ရှစ်လေးလုံး အချိုးအကွေ့နှင့် မပြီးသေးသော ဇာတ်လမ်း (အောက်မေ့ဖွယ်) click
- အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဒေါက်တာဦးမြင့်၏ ဟောပြောချက် (၂) click
“ဆင်းရဲမွဲတေမှု လျှော့ချရေး” (ကာတွန်း နေမျိုးအေး)
- ဘားအံမြို့ ရေမကျသေး၊ ဒုက္ခသည်များ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ click
- ဒုက္ခသည်စခန်း ရေကြီး click
- ကရင်ဒုက္ခသည်စခန်း (၂) ခု ရေဘေးသင့် click
- မှိုင်းလုံးကြီးချောင်း ရေကြီးမှု ဒုက္ခသည်စခန်းနှစ်ခု အဆောက်အဦအချို့ ပျက်စီး click
- ရွှေလီရေအားလျှပ်စစ်မီး သုံးရန် မီတာပုံကြေး (၈) သောင်း ကောက် click
- ကုန်းတွင်းရေနံလုပ်ကွက်အတွက် ပြည်တွင်းကုမ္ပဏီများအား ဖိတ်ခေါ် click
- သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် click
- မြန်မာ (၅) ဦး ရနောင်းရေပြင်တွင် အဖမ်းခံရ click
- စစ်တကောင်းတောင်တန်းနယ်တွင် ဗုဒ္ဓဘာသာ အမျိုးသမီးငယ်တဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရ click
- တာမွေမြို့နယ် သတိပဌာန်လမ်းနေ ဒေါ်ရိုဇာ ခံစားရတဲ့ မတရားမှု click
- ပန်းချီမောင်မောင်သိုက် ကွယ်လွန် click
- သရုပ်​ဖော် ပန်း​ချီဆရာ ​မောင်​မောင်သိုက် ကွယ်လွန် click
- ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန် click
- ဆရာဝန်၊ လူနာနဲ့ ဟောလစ်ပုလင်း click
- တပတ်အတွင်း စီးပွားရေးသတင်း click
- ဘဝလမ်းခရီးက ‬မလွမ်ခေါလ်ဝုန် (ရုပ်သံ) click
- မျိုးစောင့်တရား (ဆောင်းပါး) click
- မသိန်းရှင်ဆီ ပို့ပေးပါ (၆) (၀တ္ထုရှည်) click
“တောဘုရင်” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)
- ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ရွေးချယ် click
- ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ရွေးလိုက်ကြပြီ click
- ထိုင်းနိုင်ငံ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ဖြစ်ပြီ click
- ထိုင်း​အာဏာရပါတီ လစာတိုး​ရေး​မူဝါဒကို အ​ကောင်အထည်​ဖော်မည် click
- စုံစမ်းရေးကော်မတီကို ထောက်ခံဖို့ ၀န်ကြီးချုပ် တောင်းဆို click
- မာရသွန် Google+ click

အပြည့်အစုံသို့...

နယူးဒေလီက မြန်မာပန်းချီဆရာ စစ်ငြိမ်းအေး (ရုပ်သံ)

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ကျနော့်အမြင်

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ကျနော့်အမြင်
ဦးအေးဆောင်

ဇူလိုင်လ (၂၈) ရက် နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်အပါအ၀င် KIO, KNU, NMSP, SSA သို့ ပေးသည့် အိတ်ဖွင့်ပေးစာသည် “တိုင်းရင်းသားအားလုံး အကျိုးစီးပွားကို ရှေးရှု၍ ...” ဟု ဆိုထားသော်လည်း တိုင်းရင်းသားများ စုဖွဲ့ထားသည့် NDF,UNFC တို့ကို မျက်ကွယ်ပြုလိုက်သလို၊ လက်နက်ကိုင်အဖွဲ့နှင့် လက် နက်မကိုင်သည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုကြီးများဖြစ်ကြသည့် NCUB, DAB နှင့် လက်တွေ့ တိုက်ပွဲဝင်နေသော KNPP, DKBA အဖွဲ့တို့ကိုပါ အသိအမှတ်မပြုရာ ကျနေသည်။ တပ်ပေါင်းစုကို ခွဲဖျက်ခြင်း သည် စစ်အာဏာရှင်တို့ တလျှောက်လုံး ကျင့်သုံးခဲ့သည့် ပရိယာယ်ပင်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် ထိုထောင်ချောက်ကို သတိမူမိစေချင်ပါသည်။

ယနေ့ဖြစ်ပေါ်နေသော ပဋိပက္ခသည် စစ်အာဏာရှင် ဗိုလ်ချုပ်တစုနှင့် သူ့လက်ပါးစေ လက်ဝေခံများက တ ဘက်၊ စစ်သား၊ တိုင်ရင်သား၊ လယ်သမား၊ အလုပ်သမား၊ အမှုထမ်းအရာထမ်း၊ လက်လုပ်လက်စားများ ပါဝင် သည့် ဧရာမ ပြည်သူလူထုကြီး တဘက် ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်သည်။ စစ်အာဏာရှင်တို့က ဖိနှိပ်သူဖြစ် ပြီး ဧရာမလူထုကြီးက အဖိနှိပ်ခံဖြစ်နေရသည်။ စစ်အာဏာရှင်တို့ ရှိနေသမျှ ငြိမ်းချမ်းရေးသည်လည်းကောင်း၊ ဒီမိုကရေစီသည်လည်းကောင်း ရှင်သန်နိုင်မည်မဟုတ်သလို ပြည်သူတွေဘ၀ မည်သို့မျှ လုံခြုံမှုနှင့် သာယာဝ ပြောမှု ရှိနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့သည် အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်ပါ သည်။ ဤသည်မှာ စိတ်စေတနာအရမဟုတ် အကျိုးစီးပွားကြောင့် ဖြစ်နေရခြင်းဖြစ်ပါသည်။ ခြင်သည် လူကို ကိုက်မှသာ အသက်ရှင်နိုင်သည့် ပုံမျိုးဖြစ်သည်။ ခြင်ကို ရိုက်သတ်မလား အကိုက်ခံမလားသာ ရှိသည်။ သွေး တ၀က်ပဲ စုပ်ပါဟု ခြင်ကို ပြောလို့ရမည်မဟုတ်ပါ၊ သူတို့က လူ့သွေးနှင့် အသက်ရှင်နေသည့် သတ္တ၀ါ ဖြစ်နေ လို့ပါ။

ဒီတော့ ကျနော်တို့က ဘက်ရွေးရမည်သာဖြစ်ပါသည်။ မတရားဖိနှိပ်သူနှင့် တရာသဖြင့် တော်လှန်သူ အဖိနှိပ် ခံတို့ကို တန်းတူထား သတ်မှတ်ခြင်းသည် တရားမျှတသည်ဟု မဆိုနိုင်ပါ။ တိုင်းပြည်အေးချမ်းသာယာရေးအ တွက် တကယ်ဖြေရှင်းလိုသော စေတနာအမှန် ရှိပါက တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်ရပ်ခြင်း၊ နိုင်ငံရေးအကျဉ်းးသားအားလုံး လွှတ်ပေးခြင်း၊ ပါတီပေါင်းစုံပါဝင်သော ကွန်ဖရင့်ခေါ်ယူနိုင်ရေးအတွက် လွတ် ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ပေးခြင်း၊ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းခြင်း၊ ပါ တီပေါင်းစုံ ပါဝင်သော လွတ်လပ်ပွင့်လင်းသည့် ကွန်ဖရင့်မှ တိုင်းပြည်၏အနာဂတ်ကို အများသဘောနှင့် ပုံ ဖော်ခြင်းတို့ကို လုပ်ရပါလိမ့်မည်။ သို့မှသာ တကယ့်ဆွေနွေးအဖြေရှာခြင်း ဖြစ်ပါလိမ့်မည်။

ဤသို့သော အချက်အလက်များ မရှိဘဲ အာမခံချက်မရှိသည့် အခြေအနေအောက်တွင် စစ်မှန်သော အေးချမ်း သာယာသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန်မှာ စိတ်ကူးယဉ်ရာကျပြီး စစ်အာဏာရှင်တို့၏ လှည့်စားမှုသံသရာတွင် မျိုးဆက်တဆက်ပြီးတဆက် ခံကြရပါလိမ့်မည်။ ပြည်တွင်းစစ်မီးတောက်သည် အကြီးနှင့်အငယ်သာ ကွာမည်၊ စစ်အာဏာရှင်တို့ ကြီးစိုးနေသရွေ့ တော်လှန်စစ်ကား ရှိမြဲရှိနေမည်သာ ဖြစ်တော့သည်။

မတရားမှုကို တွန်းလှန်ခြင်းသည် လူသားတွေရဲ့သဘာဝ ဖြစ်ပါသည်။
တော်လှန်စစ်ကို ဆင်နွှဲခြင်းဖြင့် မတရားမှုကို တွန်းလှန်ကြ။

ဦးအေးဆောင်
၅၊ ၈၊ ၂၀၁၁

မှတ်ချက် ။ ။ ဒီစာကို အချိန်မီ ရေးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုမှ ထုတ်လိုက်ရပါတယ်။

အပြည့်အစုံသို့...

နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် (ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်)

Nightingale Health Journal (July-2011)

အပြည့်အစုံသို့...

မြားနတ်မောင်မဂ္ဂဇင်းကာတွန်း (အောက်တိုဘာလ၊ ၂၀၀၀ ပြည့်နှစ်)

အပြည့်အစုံသို့...

Thursday, August 4, 2011

သည်ဖိုးချမ်းအန်းသည်ဆီး ပြောပြတဲ့မြို့

သည်ဖိုးချမ်းအန်းသည်ဆီး ပြောပြတဲ့မြို့
မားဆိုး

သူများတွေ တ‘မြို့’တည်း ‘မြို့’ နေကြလို့ ကျုပ်လည်း လိုက်‘မြို့’လိုက်တဲ့ ငါ့ရဲ့‘မြို့’ပေါ့
အဲ့သည့်မြို့ပေါ့ ...
ခေါင်းမြီးခြုံ ကုလားမတွေ လင်ကောင်ဖမ်းနေတဲ့မြို့
တံလျှပ်ဖိတ်ဖိတ်ထနေတဲ့ သဲပြင်တွေပေါ် မုတ်ဆိတ်ဖားဖားကြီးတွေ လမ်းသလားတဲ့မြို့
လိုအပ်ရင် နေမင်းကြီးကို ရပ်တန့်ထားနိုင်လောက်အောင် ချမ်းသာ
ကာဗွန်မဲ့ နည်းပညာနဲ့ အအေးဓာတ်ကို ပေးဦးမယ့်မြို့တဲ့။

လန်ချားသမားတောင် ကဗျာရွတ်တယ်လို့
ဇော် မပြောခဲ့သလို
ဘယ်သူကမှလည်း အားအားယားယား ကာရန်မစပ်ချင်တဲ့မြို့ခင်ဗျ။

“ဒီလ အိုတီ နည်းတယ်
ရုံးချုပ်က ပြောတယ်
အိုင်အက်စ်အို ၀င်မယ်
အားဂျန့်၊ အားဂျန့်၊ ယားလာ ဟာဘီးဘီ
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
ရန်ကုန်ဒေါ်လာဈေး”။

စကားလုံးတွေ လက်ပျင်းကျ ထိုင်းမှိုင်းနေတဲ့မြို့ပေါ့။

ခင်ဗျားအတွက်တော့ သေချာတယ်
ဝိကန့်ညနေတွေဆို လူဖြစ်ရကျိုးမနပ်ပါ့လားလို့ ငိုချင်းချမယ့်မြို့
ဒီကောင်တွေ သခင်စိုးနဲ့ တွေ့ခဲ့သင့်တာလို့ မချင့်မရဲ ညည်းတွားမယ့်မြို့။

ရေနံတွင်း ဖင်ခုထိုင်ရင်း “ဒေးဗစ်ဘုရင်ဟိုတယ်က ကုလားအုပ်ခြေထောက်စွပ်ပြုပ်” မှတဲ့လေ
ဂေါ်ဖီထုပ်ဟင်းရည်တခွက်နဲ့ ပါရီမြို့ကြီးမလဲနိုင်သလိုပေါ့
ရွှေလင်ပန်းနဲ့ အချင်းဆေး၊ အရှင်မွေးတော့ နေ့ချင်းကြီးတဲ့မြို့ဗျ။

ပင်လယ်က ပြောတယ် “သင်၊ ကျွန်ုပ်ကို ထားရစ်ခဲ့နိုင်ပါတယ်”
ကျောက်ဆောင်တွေက မေးတယ် “မင်းက ဘက်ဒိုးအင်ကချေသည်လား”
အာရေးဗျဓားကောက်ကြီးက အီစွပ်ပုံပြင်တပုဒ် ပြောပြတယ် “တခါကဖြစ်ပါသည် မြတ်ခိုင်”
မာရီလင်မန်ဆန်က “Gun God Government” တဲ့
ရိုင်းတယ်လို့တော့ မထင်နဲ့၊ သူ ခေါင်းခါပြလိုက်ပြီ။

ပျင်းပျင်းရှိတိုင်း သွားငေးရတဲ့ အရောင်းပြခန်းတွေ ရှိတယ်
ဘရန်းဒတ်စတန်းဘက် လစ်မစ်တက်အက်ဒီရှင်း ဆိုတာတွေ ရှိတယ်
ဂျီအမ်စီ၊ ချက်ပလက်၊ ခရိုက်စလာနောက်မြီးမှာ ၂၀၂၂ စတစ်ကာကိုယ်စီနဲ့
ဘွ ဆိုတာကို တိမ်ပြာပြာလေသာသာ ကူးခပ်နေတဲ့မြို့။

မိတ်ဆွေကြီး မင်္ဂလာမောင်မောင်ဇေယျရေ ...
ခင်ဗျားလည်း ဒီမြို့မှာရှိနေကြောင်း
ကျုပ်မမေ့ပါဘူးဗျ။

လေနီကြမ်း သဲမုန်တိုင်း
ညညဆို ... ပုဆိုးခါးတောင်းကျိုက်
ဗမာပြည်ဘက် မိုက်ကြည့် ကြည့်ပြီး
ခပ်ရိုင်းရိုင်းဆဲနေတဲ့ ကျုပ်လိုကောင်တွေရဲ့မြို့။

အေတီအမ်က ပိုက်ဆံထုတ်ဖို့တောင်
ကားပေါ်က မဆင်းချင်တဲ့ ဘူဇွာကောင်တွေရဲ့မြို့
သွေးကြီးမွေးကြီးနဲ့ အထီးလား၊ အမလား ခွဲရခက်သေး။

အလုပ်သမားရပ်ကွက်တွေ မှိုလိုပေါက်ရင်း
အရက်ဖြူမြတ်နိုးသူ၊ ဗီယက်ကောင်း၊ စီရီလန်ကာ
ဒီတနေရာလေးကို တွယ်တာလွန်းလို့တဲ့လေ
ဘီအီး ၁၀ ဖိုးနဲ့ မနက်ဖန်ကို မေ့ထားတတ်ကြသေး။

ဆီဈေး၊ ဆန်ဈေးက ၅ နှစ်အတွင်း ၂ ဆတက်လာသလို
ဒီကောင်မတွေလည်း ဗိုက်တလုံးတော့ အဖတ်တင်တယ် ပြောတာပဲ။

ဒေါ်လာ ၂၀၀ ရှိရင် လက်ဘနွန်မတယောက်နဲ့ တနာရီ အိပ်နိုင်တဲ့မြို့
တမားဂူးပြောင်းတွေ ထောင်းထောင်းထတဲ့အောက် လက်သီးလက်မောင်းတန်း
ဟောင်ဖွာဟောင်ဖွာနဲ့ အငြင်းသန်တဲ့မြို့။

အာရပ်ကမ္ဘာမှာ ပွက်ပွက်ညံတုန်း
(ဒေါက်တာလွဏ်းက လှိုင်းစီးခိုင်းလိုက်သေးတယ်လေ၊ မှတ်မိတယ်ဟုတ်)
မြူနီစပါယ်ရွေးကောက်ပွဲလုပ်ပေးလိုက်တဲ့မြို့
လှေလှော်ရွက်တိုက်နိုင်တယ်
ပိုက်ဆံပေးရင် နံပါတ်လေးလည်းရတဲ့မြို့။

ဖြူဖြူနွဲ့နွဲ့ အိညဲ့ညဲ့တော့ မလုပ်နဲ့ဗျ
ပထန်လက်စာမိမယ်
ယောင်္ကျားအချင်းချင်းတောင် ကားပေါ်ဆွဲတင်ဖို့ ၂၄ နာရီချောင်းခံနေတဲ့မြို့ပါဆို။

နေက အရမ်းပူလာတယ်
စိတ်တွေလည်း ဆူလာတယ်
လူကလည်း ဘူလာတယ်။

လက်ညိုးတချက်ကွေးဖို့ ဆယ်နှစ်မလိုပါဘူးဗျ
ခါးကြားက ဗျောက်ထုတ်၊ ဒီကောင့်မျက်ခွက် တည့်တည့်ချိန်ပြီး
ကျည်ခြောက်တောင့်လုံး သွန်ချပစ်လိုက်တယ်၊ သေစမ်းကွာ။

ပြောချင်တာက
‘မားဆိုး’ ဆိုတဲ့ငနဲ
ဟောသည်မြို့မှာ နေတယ်။

ရုတ်ရုတ်တော့ လုပ်နဲ့
ခြောက်လုံးပူး ဖြုတ်ချလိုက်မယ်
တိတ်ကဲဘရာ။     ။

မားဆိုး
၂၊ ၀၈၊ ၂၀၁၁

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၈-၂၀၁၁)

- ချီလီ တက္ကသိုလ်ကျောင်းသားများ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြပြီ click
- ပြည်တွင်းစစ်မှာ ဗုံးကြဲတဲ့ ဗိုလ်ချုပ် စစ်ရာဇ၀တ်မှု စွဲဆိုခံရ click
- ဆီးရီးယား နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ click
- ဆီးရီးယား ပါတီစုံဥပေဒကို အတိုက်အခံတွေ ပယ်ချ click
- တူရကီ ကာချုပ်ကို သမ္မတက ပထမဆုံး ခန့်အပ် click
- IMF အကြီးအကဲသစ်ကို စုံစမ်းစစ်ဆေးတော့မယ် click
- IMF အကြီးအကဲသစ် အာဏာအလွဲသုံးမှု ပြင်သစ် စစ်ဆေး click
- ယူရိုဇုန် ဂယက်ကြောင့် ကမ္ဘာတလွှား စတော့ဈေးကျသွား click
- အယ်ရှာဘတ်အဖွဲ့ လမ်းဖွင့်ပေးဖို့ မစ္စက်ကလင်တန် ပန်ကြား click
- တရုတ်က အစားအစာ ထုတ်လုပ်ရေး စက်ရုံတွေ အပိတ်ခံရ click
- ၀ယ်ကြဦးမလား၊ ဟောဒီက အာရှသတို့သမီး၊ အွန်လိုင်းက မှာလိုက်နော်၊ ပူပူနွေးနွေး click
- လူ (၇) ဦး သေဆုံးမှု တိုက်ခိုက်ခံရခြင်းဖြစ်ဟု အစိုးရသတင်းစာ ပြော click
- မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်ရေး စုံစမ်းမည် click
- အမေရိကန်ရဲ့ မြန်မာအထူးကိုယ်စားလှယ် အတည်ပြု click
- မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် အမေရိကန်လွှတ်တော်က အတည်ပြု click
- မြန်မာဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် အထက်လွှတ်တော် အတည်ပြု click
- မြန်မာ့အရေး ပိုပြီးဆောင်ရွက်ပေးပို့ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု CRPP ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ click
- အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ကြရန် တိုင်းရင်းသားညီနောင် (၅) ပါတီ တောင်း ဆို click
- နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ ပြည်ပရောက်အဖွဲ့တွေကို ဖိတ်ဖို့ပြင် click
- မြန်မာ့ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို click
- ရှစ်လေးလုံးအထိမ်းအမှတ် သံရုံးတွေကို ဖိတ်ကြား click
- ရှစ်လေးလုံး (၂၃) နှစ်ပြည့် အခမ်းအနား ပြည်သူအားလုံး ပါဝင်ရန် တိုက်တွန်း click
- အဆိုတော် ဇေယျာသော် ရန်ပုံငွေပွဲ ဆိုခွင့်မရ click
- ဗေဒါသင်တန်းကျောင်း အစ္စရေး သံအမတ်ကြီး ကြည့်ရှု click
- အမေရိကန် အောက်လွှတ်တော်မှာ မြန်မာကလေးစစ်သားဟောင်း ထွက်ဆို click
- စစ်ရေယာဉ်များ၏ တရားမ၀င် အခွန်အကောက်ကြောင့် လူထု ဒုက္ခရောက် click
- KIA နယ်မြေ သစ်ကွင်းမှ အလုပ်သမားများ နေရပ်သို့ ပြန်လာကြ click
- မစ်ရှီဂန်က ပေးတဲ့စာ (၇၉) (အသံလွှင့်ဆောင်းပါး) click
- ယပက်လက် မှန်လျှင် ကကို ပြင်၊ က ဆိုရန်ခက် ယကို ဖျက် (ဆောင်းပါး) click
- ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် တဦးချင်း အခွင့်အရေး (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၂) (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၁) (ဆောင်းပါး) click
- ဖားအံမြို့ပေါ် ဒုတိယအကြိမ် ရေကြီး၊ ယခုနှစ်အတွင်း အဆိုးဆုံးဖြစ် click
- ရေကြီး မြောက်ဦး လယ်ပြန်စိုက်ရန် မျိုးစပါး အခက်ကြုံ click
- မြို့ (၃) မြို့တွင် ငွေစက္ကူအတုဖြင့် ဖမ်းမိသူများကို ဘားအံတွင် ရုံးတင်စစ်ဆေးနေ click
- မြန်မာ့ကြေးနီလုပ်ငန်းမှ ကနေဒါကုမ္ပဏီ ဒေါ်လာ (၁၀၃) သန်းရရှိ click
- ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ click
- နယ်စပ်ပိတ်သော်လည်း ဘီယာ ဆက်လက် စီးဆင်း click
- နေပြည်တော်တွင် မြေအောက်ရထားလမ်း ဖောက်မည်ဟုဆို click
- မလေးရှားမှာ မြန်မာအလုပ်သမားတွေ မှတ်ပုံတင်နေကြ click
- ပင်စင်လစာတိုး အကျိုးခံစားခွင့်ရဖို့ ကြိုးစားနေကြရတဲ့ သက်ကြီးရွယ်အိုများ click
- SSC က အမှုအားလုံး ရုပ်သိမ်းမည် click
- ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူ ဖူးမြော်နိုင်ပြီ click
- မော်ဒန် ဆိုးပေ (သရော်စာ) click
- စိတ်အလျင်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်းအနုပညာ (၁၃) (ဆောင်းပါး) click
- KIO နှင့် အစိုးရ တွေ့ဆုံမှု နည်းပရိယာယ်တခုသာဖြစ်ဟု UNFC ပြော click
- ကချင်နှင့် ဆွေးနွေးပွဲကို အခွင့်ကောင်းယူ၍ အစိုးရက တပ်အင်အားဖြည့်နေ click
- KIA တိုက်ခိုက်မှုအတွင်း လူ (၇) ဦး သေဆုံး၊ (၁) ဦး ဒဏ်ရာရ click
- ရွာအနီး တိုက်ပွဲဖြစ်ပါက မီးရှို့မည်ဟု အစိုးရတပ် ခြိမ်းခြောက် click
- တောင်ယာလုပ်နေသည့် ရွာသားနှစ်ဦးကို အစိုးရစစ်တပ်က ပစ်သတ် click
- ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား click
- ဆန္ဒပြ စစ်​တွေ​ကျောင်း​သား​များ​နှင့်​ ပြည်နယ်အစိုး​ရ တာဝန်ရှိသူများ​ ​ဆွေး​နွေး click
- စစ်တွေ ကျောင်းသားများ ဆန္ဒပြ (ဓာတ်ပုံ) click
- ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် လုပ်ငန်းရှင်များထံက ကျပ်သိန်းထောင်ချီ ကောက် click
- အကျင့်ပျက်ခြစားမှု လျော့ပါးရေးအတွက် အချိန်ယူရမည် click
- အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဒေါက်တာဦးမြင့်၏ ဟောပြောချက် (၁) click
- ဒဲရက်မစ်ချယ်ကို အတည်ပြုခန့်အပ်ပြီ click
- အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို မြန်မာသို့ ဖိတ် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ၈၈ ခေါင်းဆောင်များ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးအိတ်ဖွင့်ပေးစာ ဇိုမီးသွေးစည်းညီညွတ်ရေးအဖွဲ့ ထောက်ခံ click
- ဒုက္ခသည်တို့ကို ကူရန် ပါတီများ တောင်းဆို click
- တိုင်းရင်းသားညီနောင် ငါးပါတီက ကြေညာချက်ထုတ် click
- ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းရေး တိုင်းရင်းသားပါတီများ တောင်းဆို click
- ငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်ဖို့ အစိုးရကို တိုင်းရင်သားပါတီများ တောင်းဆို (မေးမြန်းခန်း) click
- ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းရင်းသားပါတီများရဲ့ ရပိုင်လုပ်ပိုင်ခွင့်များ (သတင်းသုံးသပ်ချက်) click
- ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲ ဇေယျာသော် သီချင်းမဆိုရ click
- ဘိုးဘွားရန်ပုံငွေ စင်တင်ပွဲတွင် ဇေယျာသော် သီဆိုခွင့်မရ click
- မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့ရောင်းချနေမှု ပိတ်ပင်ပေးရန် ကုလသမဂ္ဂကို စာပို့ click
- မြန်မာကလေးစစ်သားအရေး ဖိအားပေးရန် အမေရိကန်ကို တိုက်တွန်း click
- အိမ်ထောင်ရေးအရှုပ်တော်ပုံ ဘိန်းမှုစွက်ရာက ကြံ့ဖွံ့ဝန်ကြီး နှုတ်ထွက် click
- ပအိုးဝ်နီ ခေါင်းဆောင်ဟောင်း တာခဲလယ် တောင်ကြီးမြို့၌ ကွယ်လွန် click
- မွန်နိုင်ငံရေးသမားဟောင်း နိုင်သန်းတင် ကွယ်လွန် click
- ထူးထူးဟန် တပည့် (၂) ယောက် ရသွားပြီ click
- ဆွီဒင် အလုပ်သမားသမဂ္ဂ မြန်မာ့အရေး ထောက်ခံ click
- မြန်မာ့ကျန်းမာရေးကဏ္ဍ အိန္ဒိယ ကူညီမည် click
- RFA က ဧရာဝတီ စကားဝိုင်း (သြဂုတ် ၄၊ ၂၀၁၁) click
- စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲ (အင်တာဗျူး) click
- မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့် (အယ်ဒီတာ့အာဘော်) click
- ဧရာဝတီကို ကာကွယ်ကြစို့ (ဆောင်းပါး) click
- ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရလဒ် (ဗွီအိုအေ သက်ကြီးစကား အစီအစဉ်) click
- ဂျောင်းမာနီ (ကျောင်းသားတပ်မတော် ၇၀၁ တပ်ရင်း၊ ကချင်ပြည်နယ်) (ဆောင်းပါး) click
- သြဂတ်စ်သီချင်း (ကဗျာ) click
- သုံးသိန်းတန် ဗျာပါဒ (ကဗျာ) click
“အမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်တဲ့လား ဟိတ် !!!!” (ကာတွန်းမောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)
- ဘားအံတွင် အိမ် ရာနှင့်ချီ ရေမြုပ် click
- သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်ရေ တက်မှုကြောင့် မြို့အချို့ ရေလွှမ်း click
- ဒုံသမိမြစ်ရေ တက်လာနေသဖြင့် မွန်နှင့် ကရင်ပြည်နယ်မှ ဒေသခံများ စိုးရိမ်နေ click
- ချောင်းရေ မြင့်တက်လာမှုကြောင့် မယ်ရာမိုဒုက္ခသည်နေအိမ် (၃၀၀) ကျော် ရေနစ်မြုပ်သွား click
- ဘုရားသုံးဆူ လှေလမ်းတွင် ပဲချိပ်လှေတိုက်မိ ရေနစ်မြုပ်၊ တဦး သေ၊ တဦး ပျောက်ဆုံး click
- မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့် ပါမစ်သစ် ပြုလုပ်နေ click
- ကား (၅,၀၀၀) အောက်လမ်းမှ ကြံ့ဖွံ့ သွင်းခွင့်ရ click
- (၅,၀၀၀) ကျပ်တန်အတု ဖြန့်ဖြူးမှုဖြင့် လူ (၆) ဦး ဂိုဏ်းကို စစ်ဆေး click
- ဆရာတော် ဘဒ္ဒန္တဣန္ဒက နေရာအစား ဆရာတော် ဘဒ္ဒန္တကုမာရအား ရွေးချယ် click
- ၀န်ကြီးနှင့် တိုက်ရိုက် ခွင့်ပြုမိန့်ရခဲ့သည့် ဟောပြောပွဲ click
- ဒီးမော့ဆို အထကကျောင်း တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဟုဆို click
- မြန်မာစာအဘိဓာန် ပြီးဖို့ နှစ် (၅၀) လိုသေး click
- အမှောင်ထဲမှာ စမ်းတဝါး (ရသသတင်း) click
- အလုပ်ကြမ်းနဲ့ ထောင်တသက် (ရုပ်သံ) click
- ဆီးရီးယားအစိုးရကို လုံခြုံရေးကောင်စီ ရှုတ်ချ click
- သြဂုတ် (၁၅) ရက်မှာ မူဘာရက်အမှု ဆက်စစ်မယ် click
- ဥရောပ ယူရိုငွေကြေးပြဿနာ မထိန်းနိုင် click
- အာဖရိက ဦးချိုဒေသ အငတ်ဘေး နယ်မြေသစ်များသို့ ပျံ့နှံ့ click
- အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ လက်ထောက် (၂) ယောက် စာရင်းကို နန်းတော်က အတည်ပြုထုတ်ပြန် click
- အောက်လွှတ်တော်က သောကြာနေ့မှာ ၀န်ကြီးချုပ်သစ်ကို ရွေးချယ်မယ် click
- သန့်ရှင်းတဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ ထပ်စင် တောင်းဆို click
- အိမ်ရှေ့မင်းသား ပိုင်ဆိုင်မှုတွေကို သုံးမှာမဟုတ်လို့ အစိုးရ ပြော click
- စည်းကမ်းဖောက်ပြီး ကားရပ်လျှင် ဤသို့ အရေးယူမည် click
- အာရုံစိုက်နည်းမှုနဲ့ ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ click
- မျှမျှတတ ကုစားပေးရဦးမည့် ပညာရေး (ဆောင်းပါး) click

အပြည့်အစုံသို့...