Saturday, August 6, 2011

ကုသိုလ်ထူးသူများ

ကုသိုလ်ထူးသူများ
ဒေါက်တာလွဏ်းဆွေ

သူတို့ စားတဲ့ ထမင်း
သန့်ရှင်းစင်ကြယ်တယ်။

သူတို့ သောက်တဲ့ အရက်
သူတပါး မျက်ရည်စက်ကြီးငယ် ရောပြွမ်းမနေဘူး။

သူတို့ သုံးတဲ့ အသပြာ
စုတ်တံဖျားက သန့်သန့်စင်စင် ထွက်ကျလာ။

သူတို့ ရေးတဲ့ စုတ်ချက်
သူတို့ တွေးတဲ့ အိပ်မက်
လောကကို အလှဆင်ဖို့သက်သက်။

သူတို့ ခြယ်သတဲ့ အရောင်
သူတို့ ကယ်မတဲ့ ကလောင်
လောကကို အလင်းဆောင်။

အဲဒီလို …
လိပ်ပြာသန့်သန့် အသက်ရှင်ခွင့်ရတဲ့ ဘဝ
လူတိုင်း ရခဲလှ၊
သူတို့ … သူတို့တွေသာ …
“ကုသိုလ်ထူးတယ် … ဆိုရမယ့် ဒီလူ”
(ထိုသီချင်းစာသားအတိုင်း ...)
အပြိုင်းအရိုင်း ဖူးပွင့်ခွင့်ရခဲ့ကြ …။ ။

(ကွယ်လွန်သူ စာနယ်ဇင်းပန်းချီဆရာများ ဖြစ်ကြသည့်
ဆရာ ပန်းချီစံတိုး၊ ဆရာ ပန်းချီတင်မောင်မျင့်၊ ဆရာ ပန်းချီဝသုန်နှင့်
ဆရာ ပန်းချီမောင်မောင်သိုက် ... သို့ ဂါရ၀ပြု ရေးဖွဲ့ပါသည်။)

ဒေါက်တာလွဏ်းဆွေ
၅-၈-၂၀၁၁

1 comment:

လင်္ကာ said...

ဒေါက်တာလွဏ်းဆွေရေးတဲ့စာတွေထဲ
ဒီတပုဒ်အကြိုက်ဆုံးပဲ
good job!